• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ကြယ်စင်ကြွေသွားသည့်တိုင်

by ဧရာဝတီ
4 March 2021
in ဆောင်းပါး
A A
ဆန္ဒပြ စာတန်းတခု ဘေးတွင် အကာအကွယ် ယူနေသည့် အိန်ဂျယ် / Facebook

ဆန္ဒပြ စာတန်းတခု ဘေးတွင် အကာအကွယ် ယူနေသည့် အိန်ဂျယ် / Facebook

182.7k
VIEWS
Share on FacebookShare on Twitter

မတ်လ ၃ ရက်နေ့ မန္တလေးမြို့ ၈၄ လမ်းနှင့် လမ်း၃၀ ကြား အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်ရေး ဆန္ဒပြသူများထဲ အသက် ၁၉ နှစ်အရွယ် အကသမားနှင့် တိုက်ကွမ်ဒို ချန်ပီယံတဦး ဖြစ်သည့် အိန်ဂျယ်က “အားလုံး အဆင်ပြေသွားမှပါ (Everything will be OK)” ဟု ရေးထားသည့် အနက်ရောင် တီရှပ်ကို ဝတ်လာခဲ့သည်။

သို့သော်လည်း အဆင်ပြေချင်မှ ပြေလိမ့်မည် ဆိုသည်ကို သူသိထားခဲ့ပြီး သူ၏ သွေး အမျိုးအစားနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် သူသေဆုံးချိန်တွင် သူ့ခန္ဓာကိုယ်ကို လှူဒါန်းရန် မေတ္တာရပ်ခံချက် တခုကို လက်မှာ ချိတ်လာခဲ့သည်။

RelatedPosts

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

20 May 2025
1k
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
117
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
283

ကြယ်စင် ဟုလည်း သိကြသော အိန်ဂျယ်သည် ဖေဖော်ဝါရီ ၁ ရက်နေ့၌ စစ်အာဏာသိမ်းမှုဖြင့် ပယ်ချခံခဲ့ရသည့် ပြီးခဲ့သည့်နှစ်က ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် မဲပေးခွင့်ရခဲ့ပြီး ယခုအခါ အစမ်းသပ်ခံ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း မန္တလေးမြို့၏ လမ်းမများပေါ် ခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

မတ်လ ၃ ရက်နေ့ အာဏာသိမ်း စစ်ကောင်စီအား ဆန့်ကျင်ရေး ဆန္ဒပြပွဲကြားက အိန်ဂျယ်/ Facebook

ဆန္ဒပြပွဲမှ သူ၏ ဓာတ်ပုံများနှင့် တီရှပ်ပေါ်မှ စကားလုံးများက ဆိုရှယ်မီဒီယာတွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ထို တနေ့တည်းတွင် မြန်မာပြည်တဝှမ်း အနည်းဆုံးလူ ၁၈ ဦး သေဆုံးစေခဲ့သော လက်နက်ကိုင်တပ်ဖွဲ့များကို အံတုနေသည့် ပုံများကို ဆိုရှယ်မီဒီယာ အသုံးပြုသူများက တင်ခဲ့ကြသည်။

ဆန္ဒပြပွဲများတွင် သူနှင့်အတူရှိခဲ့သော သူ့သူငယ်ချင်း မြတ်သူက မျက်ရည်ယိုဗုံး ထိမှန်သော ဆန္ဒပြသူများ သူတို့၏ မျက်လုံးများကို ဆေးကြောသန့်စင်နိုင်ရန် ရေပိုက်ကို ကန်ဖွင့်လိုက်သော၊ မျက်ရည်ယို ဗုံးတလုံးကို ရဲများဖက်သို့ ပြန်လည် ပစ်ပေါက်ခဲ့သော သတ္တိရှိသည့် အိန်ဂျယ် အကြောင်းကို ပြန်ပြောပြသည်။

“ရဲတွေက စပစ်တဲ့အခါ သူက ကျနော့်ကို ‘ထိုင်နေ ထိုင်နေ၊ နင့်ကို ကျည်ဆံမှန်မယ်၊ နင်က စင်ပေါ်ရောက်နေသလိုပဲ’ လို့ လှမ်းပြောတယ်” ဟု အသက် ၂၃ နှစ် အရွယ် မြတ်သူက ပြန်ပြောပြသည်။ “သူက တခြားသူတွေကို ရဲဘော်ရဲဘက်လို ဂရုစိုက်တယ်။”

ရဲများ၏ ပစ်ခတ်မှုကြားက ပြေးလွှားနေသူ အိန်ဂျယ်/ Facebook

စစ်အာဏာသိမ်းမှုကို ရှုတ်ချရန်နှင့် ထိန်းသိမ်းခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုရန် မြန်မာနိုင်ငံ၏ ဒုတိယမြို့တွင် ငြိမ်းချမ်းစွာ စုရုံးခဲ့ကြသည့် ရာနှင့်ချီသူများထဲ သူနှင့် အိန်ဂျယ်တို့ ပါဝင်ခဲ့ကြောင်း မြတ်သူက ပြောသည်။

ရဲတပ်ဖွဲ့က မပစ်ခတ်မီ “ ငါတို့ ထွက်မပြေးဘူး” ၊ “ သွေးမစွန်းစေရဘူး” ဟု အိန်ဂျယ်၏ အော်သံကို ဗီဒီယိုတွင် ကြားနိုင်သည်။

ရဲများက သူတို့ကို မျက်ရည်ယိုဗုံးများဖြင့် ပထမဆုံး ပစ်ခတ်ခဲ့ကြောင်း မြတ်သူက ပြောသည်။ ထို့နောက် ကျည်ဆံများ ရောက်လာသည်။ သူ မသေဆုံးမီ ရိုက်ထားသော ပုံများတွင် အိန်ဂျယ်က ဆန္ဒပြ စာတန်းတခု ဘေးတွင် အကာအကွယ် ယူသည့် အနေဖြင့် လျောင်းနေပြီး ခေါင်းကို အနည်းငယ် မော့ထားသည်။

လူတိုင်း တကွဲတပြားစီ ဖြစ်သွားခဲ့သည်ဟု မြတ်သူက ဆက်ပြောသည်။ နောက်ပိုင်း မိန်းကလေး တဦး ကျဆုံးသွားကြောင်း သတင်းကို သူ ရရှိခဲ့သည်။

ခေါင်းကို ကျည်ထိသွားသော အိန်ဂျယ်အလောင်း/ ဧရာဝတီ

“အဲဒါ သူဆိုတာ ကျနော် မသိခဲ့ဘူး”ဟု မြတ်သူက ဆိုသည်။ သို့သော်လည်း မကြာခင်မှာပင် ဖေ့စ်ဘွတ်ခ်ပေါ် နောက်ထပ် သေသွားသူ တယောက်နှင့် ယှဉ်၍ အိန်ဂျယ် လဲလျောင်းနေသော ဓာတ်ပုံများ Facebook တွင် တက်လာခဲ့သည်။

ဗုဒ္ဓဟူးနေ့၏ သွေးထွက်သံယိုမှုများက လူသန်းပေါင်းများစွာကို မြန်မာနိုင်ငံ၏ လမ်းများပေါ် ရောက်ရှိစေခဲ့သော ဆန္ဒပြပွဲများအတွင်း သေဆုံးသူ အရေအတွက်ကို ၂ ဆကျော် မြင့်တက်သွားစေခဲ့သည်။

မြတ်သူက အိန်ဂျယ်ကို တိုက်ကွမ်ဒို သင်တန်း တခုတွင် သိကျွမ်းခဲ့သည်။ အိန်ဂျယ်က ကိုယ်ခံပညာ ကျွမ်းကျင်သူတဦး ဖြစ်သလို မန္တလေးရှိ DA-Star Dance Club မှာလည်း ကသည်။ Facebook ပေါ်တွင် သူ၏ နောက်ဆုံးလှုပ်ရှားမှု ဗီဒီယိုများ တင်လေ့ရှိသည်။

နိုဝင်ဘာ ၈ ရက်နေ့တွင် ပထမဆုံးအကြိမ် မဲပေးခြင်းကို ဂုဏ်ယူကြောင်းကိုလည်း အိန်ဂျယ် ဝေမျှခဲ့သည်။ သူမဲပေးပြီးကြောင်း ပြသရန် ခရမ်းရောင် မင်စွန်းထင်းနေသည့် လက်ချောင်းကို နမ်းနေသည့်ပုံ တင်ခဲ့သည်။

မတ်လ ၄ ရက် အိန်ဂျယ်၏ ဈာပန/ ဧရာဝတီ

“အသည်းကြားက လာတဲ့ ငါ့ရဲ့ ပထမဆုံး မဲ” ဟု သူက အနီရောင် အသည်းပုံ ၆ ခုနှင့် အတူ ရေးသားခဲ့သည်။ “နိုင်ငံအတွက် တာဝန်ကို ထမ်းဆောင်ခဲ့ပြီ” ဟုလည်း ရေးသည်။

စစ်တပ်က သူ့ မဲကို ပယ်ဖျက်ရန် အာဏာသိမ်းယူခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ပါတီ၏ အောင်မြင်မှုသည် လိမ်လည်မှုအဖြစ် စွပ်စွဲခဲ့သည်။ ၎င်း စွပ်စွဲချက်များကို ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သည်။

အာဏာသိမ်းသည့်နေ့တွင် အိန်ဂျယ်က အင်တာနက် ဖြတ်တောက်ခံ ထားရချိန် ဘာတွေဖြစ်နေသည်ကို သူမသိတော့ကြောင်း Facebook ပေါ်တွင် ဟာသလုပ်ခဲ့သည်။

နောက်ပိုင်းရက်များတွင် လမ်းပေါ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနီရောင်အလံကို ဝှေ့ယမ်းရင်း သူ၏ ရပ်တည်ချက်ကို သူက ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။ သူတင်ခဲ့သည့် ပုံများထဲမှ တခုတွင် သူ၏ ဖခင်က သူ့လက်ကောက်ဝတ်တွင် အနီရောင် ဖဲကြိုးတခု ချည်ပေးနေသည်ကို တွေ့ရသည်။

ဆန္ဒပြပွဲများက ပို၍ အန္တရာယ်များလာပြီး အာဏာသိမ်းစစ်ကောင်စီက ရဲတပ်ဖွဲ့နှင့် အတူ ချေမှုန်းရေး ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသော တိုက်ခိုက်ရေးတပ်များကို တာဝန်ပေးလာသည့်တိုင် သူက ဆန္ဒပြပွဲများတွင် ဆက်ပါနေသေးသည်။

အိန်ဂျယ်၏ ဈာပနကို လိုက်ပါပို့ဆောင်ကြသူများ/ ဧရာဝတီ

အိန်ဂျယ်ကဲ့သို့ပင် အခြားသော ဆန္ဒပြသူ တဒါဇင်ကျော်သည်လည်း ခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းကြောင့် လက်နက်ကိုင်တပ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့သည်ဟု လူ့အခွင့်အရေးအဖွဲ့များကြား သံသယများ ဖြစ်ပေါ်စေခဲ့သည်။ ဘေးမှ ကြည့်နေသူတယောက် ဖြစ်သည့် နောက်ထပ် အမျိုးသမီးတဦးမှာလည်း မန္တလေးမြို့တွင် ဖေဖော်ဝါရီလ ၂၈ ရက် နေ့က ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။

သူ အသက်ကို စွန့်စားနေခြင်းဖြစ်ကြောင်း အိန်ဂျယ် သိခဲ့ပါသည်။

အိန်ဂျယ်၏ သူငယ်ချင်းတဦး ဖြစ်သည့် ကျော်ဇင်ဟိန်းက သူ့ထံသို့ အိန်ဂျယ် နောက်ဆုံးပို့ခဲ့သည့် မက်ဆေ့ချ်၏ မိတ္တူကို လူမှုမီဒီယာတွင် ဝေမျှခဲ့သည်။ အဆိုပါ မက်ဆေ့ချ်တွင် “ဒါက ငါ နောက်ဆုံးပြောတာ ဖြစ်နိုင်ပါတယ်။ နင့်ကို အရမ်းချစ်တယ်။ မမေ့ပါနဲ့”ဟု တွေ့ရသည်။

Facebook တွင် သူ၏ ဆေးဘက်ဆိုင်ရာ အသေးစိတ် အချက်အလက်များနှင့် အကယ်၍ သူ သေဆုံးခဲ့ပါက သူ၏ ခန္ဓာကိုယ်ကို လှူဒါန်းရန် တောင်းဆိုခြင်းများ အိန်ဂျယ် တင်ခဲ့သည်။ ဝမ်းနည်းပူဆွေးမှုနှင့် ဆုတောင်း စကားများက မတ်လ ၃ ရက် နေ့တွင် ထိုစာမျက်နှာကို ဖုံးလွှမ်းသွားခဲ့သည်။

“သူက ပျော်တတ်တဲ့ မိန်းကလေးပါ။ သူ့မိသားစုကို ချစ်တယ်။ သူ့အဖေကလည်း သူ့ကို အရမ်းချစ်တယ်” ဟု ယခုအခါ ပုန်းအောင်းနေရသည့် မြတ်သူက ပြောသည်။ “ကျနော်တို့က စစ်ဖြစ်နေတာ မဟုတ်ပါဘူး။ ပြည်သူတွေအပေါ် ကျည်ဆံအစစ်တွေ သုံးစရာ အကြောင်း မရှိပါဘူး။ တကယ်လို့ သူတို့က လူတွေဆိုရင် သူတို့ ဒီလိုလုပ်မှာ မဟုတ်ဘူး။”

(Reuters သတင်းဌာန၏ ‘Everything will be OK’: slain Myanmar teen’s T-shirt slogan spurs defiance ကို ဧရာဝတီက ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

မုံရွာပစ်ခတ်မှု၌ သေဆုံးသူ ကဗျာဆရာ ကေဇဝင်း အပါအဝင် ၄ ဦးကို ယနေ့သဂြိုဟ်

စစ်သားနှင့်ရဲ ရိုက်နှက်၍ ရန်ကုန် နာရေးကူညီမှု အသင်းသားများ ဒဏ်ရာရ

မြောက်ဥက္ကလာတွင် ရဲနှင့် စစ်တပ် ပစ်ခတ်မှုကြောင့် ၁၅ ဦး သေ

မြိတ်တွင် စစ်တပ်နှင့် ရဲက ကိုယ်ဝန်ဆောင် အမျိုးသမီးကို ရိုက်နှက်

Your Thoughts …
Tags: ကြယ်စင်မန္တလေးမြို့အာဏာသိမ်း စစ်ကောင်စီအိန်ဂျယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
51.3k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

မန္တလေး၌ စစ်မှုထမ်းရန်အကျုံးဝင်သူများ မြို့က မထွက်ခွာဖို့ ဖိအားပေး

မန္တလေး၌ စစ်မှုထမ်းရန်အကျုံးဝင်သူများ မြို့က မထွက်ခွာဖို့ ဖိအားပေး

by ဧရာဝတီ
14 May 2024
11.4k

မေလဆန်းပိုင်းမှ စတင်ကာ စစ်တပ်က ရပ်ကွက်များအတွင်းသို့ ဝင်ရောက်ကာ တအိမ်တက်တအိမ်ဆင်း အိမ်ထောင်စုစာရင်းစစ်ဆေးခြင်းများပြုလုပ်ပြီးနောက် ထိုကဲ့သို့ ဖိအားပေးမှုများပြုလုပ်ခဲ့ခြင်းဟု သိရသည်။

မန္တလေး Golden Gate ပုဂ္ဂလိကကျောင်းအား ချိပ်ပိတ် ပိုင်ရှင်နှင့်ဆရာများကို ဖမ်းဆီး

မန္တလေး Golden Gate ပုဂ္ဂလိကကျောင်းအား ချိပ်ပိတ် ပိုင်ရှင်နှင့်ဆရာများကို ဖမ်းဆီး

by ဧရာဝတီ
17 August 2023
5.6k

ဇူလိုင်လ တတိယပတ်အတွင်းက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ မန္တလေးမြို့ရှိ ကိုယ်ပိုင်ကျောင်းများတွင် CDM ပညာရေးဝန်ထမ်းများအား ခန့်ထားခြင်းရှိမရှိ စစ်ဆေးရန်နှင့် NUG လက်အောက်ခံ တရားမဝင်ကျောင်းများ ဖွင့်လှစ် သင်ကြားနေမှုကို အရေးယူပေးရန် လှုံ့ဆော်ရေးသားခဲ့ကြသည်။

တံတားဦးလေတပ် ရှော့တိုက်ဒုံးပစ်ခံရမှု ပျက်စီးမှု ရှိဟုဆို

တံတားဦးလေတပ် ရှော့တိုက်ဒုံးပစ်ခံရမှု ပျက်စီးမှု ရှိဟုဆို

by ဧရာဝတီ
20 April 2024
4.2k

မန္တလေးမြို့ အနောက်တောင်ဘက် ၂၃ မိုင်အကွာတွင်ရှိသော တံတားဦးလေတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။

အသံတိတ်သပိတ်ပါဝင်မှုဖြင့် မန္တလေးကျောက်ဝိုင်းမှ ဆိုင်ခန်း ၁၀၀ ကျော် ပိတ်ခံရ

အသံတိတ်သပိတ်ပါဝင်မှုဖြင့် မန္တလေးကျောက်ဝိုင်းမှ ဆိုင်ခန်း ၁၀၀ ကျော် ပိတ်ခံရ

by ဧရာဝတီ
3 February 2024
4k

စစ်တပ်အာဏာသိမ်း ၃ နှစ်ပြည့်အဖြစ် ပြုလုပ်ခဲ့သည့် အသံတိတ်သပိတ်၌ ဆိုင်မဖွင့်ဘဲ ပါဝင်သည်ဟုဆိုကာ စစ်ကောင်စီက မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းအတွင်းရှိ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကို ၆ လ ပိတ်သိမ်းရန် ယမန်နေ့ နေ့လယ်ပိုင်း၌ စာများကပ်သွားကြောင်း ကျောက်ဝိုင်းလုပ်ငန်းရှင်များထံမှ...

မန္တလေးတွင် လူသေဆုံးစေသည့် အုပ်စုဖွဲ့လုယက်မှု များလာနေ

မန္တလေးတွင် လူသေဆုံးစေသည့် အုပ်စုဖွဲ့လုယက်မှု များလာနေ

by ဧရာဝတီ
25 February 2024
2.9k

မန္တလေးမြို့တွင် မြို့လယ်ခေါင်နှင့် လူစည်ကားရာနေရာများပါမကျန် နေ့ခင်းပိုင်းအချိန်များ၌ပင် အသက်သေဆုံးမှု ဖြစ်ပေါ်စေသည်အထိ အုပ်စုဖွဲ့လုယက်မှုများ များပြားလာနေကြောင်း မန္တလေးမြို့ခံများထံမှ သိရသည်။

Next Post
ပြည်သူတွေကို ကယ်ရင်း အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် ပရဟိတသမားများ (ရုပ်/သံ)

ပြည်သူတွေကို ကယ်ရင်း အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် ပရဟိတသမားများ (ရုပ်/သံ)

UMFCCI မှ လုပ်ငန်းရှင်များ  / UMFCCI

စစ်ကောင်စီနှင့် ဆွေးနွေးရန် ပြည်တွင်း ပြည်ပ စီးပွားရေးအဖွဲ့အစည်းများ ငြင်းပယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate