အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီ သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် တနသာင်္ရီတိုင်းတွင် အာဏာသိမ်း စစ်တပ် ကို ရသည့်နည်းဖြင့် တော်လှန်ရန် လူငယ်များက စုဖွဲ့ ပြင်ဆင်မှုများ ပြုလုပ်လျက် ရှိသည်။
တနသာင်္ရီတိုင်းတွင် စစ်ကောင်စီကို တော်လှန်မည့် လက်နက်ကိုင် အင်အားစု ၄ ခု ရှိသည်။
၎င်းတို့မှာ ထားဝယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF/ထားဝယ်)၊ ထားဝယ် ကာကွယ်ရေးတပ် (DDT)၊ တနသာင်္ရီ ပြည် သူ့ ကာကွယ်ရေးတပ် (TDF)နှင့် တနသာင်္ရီ လူမျိုးပေါင်းစုံ ကွန်ကရက် (TNC)တို့ ဖြစ်သည်။
သို့သော် တနသာင်္ရီတိုင်းတွင် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းဟူ၍ ခရိုင် ၃ ခုရှိရာ ထားဝယ်ဒေသတွင်သာ စစ်ကောင်စီ တပ်များကို အာခံရန် လက်နက်ကိုင် တော်လှန်မှုများ ရှိသည်။
လက်ရှိအချိန် ထားဝယ်ဒေသတွင် လက်နက်အင်အား မပြည့်စုံသေးသဖြင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များ ရှိသည့် နေရာတချို့ကို လက်လုပ်မိုင်းများဖြင့် သွားရောက် တိုက်ခိုက်ခြင်း၊ ချုံခိုတိုက်ခိုက်ပြီး ပစ်ပြေး ပြေးရခြင်းတို့သာ ပြုလုပ်နိုင် သေးသည်။
“ကျနော်တို့ အချင်းချင်းကြားမှာ ချိတ်ဆက်မှုတွေ ရှိပါတယ်။ အခု ကျနော်တို့ လုပ်နိုင်တာက လက်လုပ်မိုင်းနဲ့ ချောင်းပစ်၊ ခြုံခိုတိုက်တာလောက်ပေါ့။ ကျနော်တို့ နိုင်သလောက်တော့ လုပ်နေတယ်။ လက်နက်ချင်း ရင်ဆိုင်နိုင်တဲ့ အနေအထား တော့ မရှိသေးဘူး။ ရှိထားရင်တော့ အကောင်းဆုံး ဖြစ်အောင် လုပ်သွားမယ်”ဟု ထားဝယ် ကာကွယ်ရေးတပ် (DDT)အဖွဲ့ မှ ဦးဆောင်သူ တဦးဖြစ်သူ ကိုဂျိမ်း(စ်)ဘွန်းက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အစောဆုံး ဆန္ဒထွက်ပြသည့် ထားဝယ်မြို့ ရှိ ဖေဖော်ဝါရီလ ၃ ရက်နေ့ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွင် ထားဝယ်မြို့ ၊ ကြက်စာပြင်ဇာတိ ကိုဂျိမ်း(စ်)ဘွန်းတယောက် ပါဝင်ခဲ့သည်။
ထားဝယ်ဒေသသည် စစ်တပ် အာဏာသိမ်းပြီး ၄ လအကြာ ယနေ့အထိ လမ်းပေါ်ထွက် ဆန္ဒပြခြင်းကို ရအောင် ပြုလုပ် လျက်ရှိပြီး မြို့ ပေါ်တွင် မလုပ်နိုင်သည့်အခါ ကျေးလက်ဒေသများတွင် နေ့စဉ် ဆန္ဒထွက်ပြလျက် ရှိသေးသည်။
ပျောက်ကြား သပိတ်များ ပြုလုပ်လျက် ယနေ့အထိ ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာများတွင် နေ့စဉ် စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒပြပွဲများ ပြုလုပ်နေဆဲ ဖြစ်သည်။
“စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းတယ်။ ၃ ရက်နေ့မှာ ကျနော်တို့ လမ်းပေါ်ထွက် ဆန္ဒပြတယ်။ နိုင်သ လောက်လေး လုပ်ပြီးတော့ စနေတယ်။ ၆ ရက်နေ့ နောက်ပိုင်းမှာတော့ ဆန္ဒပြပွဲတွေက တခြားမြို့ တွေလိုပဲ ကျယ်ပြန့်လာ တာပေါ့”ဟု ကိုဂျိမ်း(မ်)ဘွန်းက ဆက်ပြောပြသည်။
ထားဝယ်မြို့တွင် ဖေဖော်ဝါရီ ၂၂ ရက်နေ့သို့ ရောက်လာသည့်အခါ စစ်ကောင်စီလက်နက်ကိုင်တပ်များက ရာဘာကျည်များ မိုးပေါ်ထောင်ပစ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် လူထုထဲသို့ ရာဘာကျည်များ ပစ်ထည့်လာသည်။ ဖေဖော်ဝါရီ ၂၈ ရက် နေ့တွင်မူ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် ထားဝယ်ဒေသခံ ၄ ဦး သေဆုံးခဲ့ရသည်။
ထိုအခါ ဆန္ဒပြသူလူငယ်များသည် ယခင်လို ပေါ်ပေါ်ထင်ထင် ဆန္ဒထွက်မပြရဲကြတော့ဘဲ တချို့ လူငယ်များမှာလည်း မည် သည့်လက်နက်မျှ မပါဘဲ ပစ်သတ်ခံနေရသည်ကို လက်မခံနိုင်တော့ဘဲ တခုခုလုပ်မှ ရတော့မည်ဟု စတင် တွေးခေါ် လာ ကြသည်။
ရန်ကုန်မြို့ မှ စစ်ရေးနှင့် တိုင်းရင်းသားအရေး စောင့်ကြည့်နေသူတဦးက“ထားဝယ်ဒေသကတော့ နည်းနည်းထူးခြားတယ်။ ကျန်တဲ့ စစ်ကိုင်း၊ မုံရွာ၊ တမူး ပေါ့နော်။ နောက်ချင်းနဲ့ ရှမ်းပြည်နယ်ကိုပဲ ကြည့်ကြည့်။ သူတို့ အကြမ်းဖက်ခံရတဲ့အခါ ရှိတာ နဲ့ ပြန်ခံကြနေကြတာ။ ထားဝယ်က လူငယ်တွေကတော့ တိုက်ပွဲတွေ ပြန်တိုက်တာမျိုး မလုပ်ဘဲ သူတို့တွေ အကုန် တော ထဲကို ဝင်သွားကြတယ်”ဟု ပြောသည်။
ထို့ကြောင့် ထားဝယ်ဒေသခံများသည် စစ်အာဏာရှင်ကို တော်လှန်ရန် လက်နက်ကိုင်သည့်နည်းကို အပြီး ရွေးချယ်လိုက် ပုံရကြောင်း ၎င်းက သုံးသပ်သည်။
ကိုဂျိမ်း(စ်)ဘွန်းကမူ နေပြည်တော်တွင် မမြသွဲ့ သွဲ့ ခိုင် သေနတ်ဖြင့် ပစ်ခံရသည့် သတင်းကြောင့် လက်နက်ကိုင် တော်လှန်ရေး လုပ်ရန် ပိုသေချာစေခဲ့သည်ဟု ပြောပြသည်။
“နေပြည်တော်မှာ မမြသွဲ့ သွဲ့ ခိုင်ကို စစ်တပ်က ပစ်သတ်လိုက်တာကို ကြားသိရတဲ့အချိန်မှာ စိတ်ထဲမှ ဘယ်လိုမှ နေလို့ မရတော့ဘူး။ မခံစားနိုင်ဘူး ဖြစ်သွားတယ်။ အဲဒါကြောင့် ဒီအဖွဲ့ကို ဦးစီးပြီးတော့ လုပ်နေတာ။ လူငယ်တွေကို ဒီမှာ စုစည်း ထားတယ်။ အခုဆိုရင် အင်အားစုတခုအနေနဲ့ စုစည်းထားနိုင်ပြီ”ဟု ၎င်းက ပြောသည်။
လုံခြုံရေး အခြေအနေအရ ၎င်းအင်အားစုများ တည်ရှိသည့်နေရာကို အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ထိုင်း-မြန်မာ နယ်စပ် KNU ထိန်းချုပ်ဒေသများတွင် ၎င်းတို့ အင်အားစုများ ရှိကြောင်း သိရှိရသည်။
ထားဝယ် ဒေသခံများသည် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပစ်ခတ်မှုများ ခံခဲ့ရပြီးနောက် မတ်လထဲတွင် ဆန္ဒဆက်ပြကြသော် လည်း ယခင်ကလို အင်အားစုတရပ်အနေဖြင့် မစုစည်းနိုင်တော့ကြောင်း၊ ဆန္ဒပြရင်း အဖမ်းခံရသူများလည်း များပြားလာ သည့်အခါ လက်နက်ကိုင်နည်းလမ်းဘက်ကို ရွေးချယ်ကြခြင်း ဖြစ်သည်ဟု ထားဝယ်ဒေသခံတဦး ဖြစ်သူ ကိုအန်ကူးက ပြောသည်။
“လူငယ်တွေမှာ လက်နက် အပြည့်အစုံ မရှိသေးကေ ရရာလက်နက်နဲ့ပဲ တော်လှန်နေရတယ်။ စစ်အာဏာရှင် ပြုတ်ကျ ဖို့အတွက် လက်နက်ကိုင် တော်လှန်မှ ရတော့မယ်ဆိုတဲ့ အသိစိတ်ဓာတ် အားလုံးမှာ ဝင်နေပါပြီ”ဟု လူငယ် အင်အားစု များနှင့် ချိတ်ဆက်မှုရှိသူ ကိုအန်ကူးက ပြောသည်။
လက်ရှိတွင် ထားဝယ်ဒေသရှိ လက်နက်ကိုင် တော်လှန်ရေ အင်အားစုများသည် အမျိုးသား ညီညွှတ်ရေး အစိုးရ (NUG) နှင့် ချိတ်ဆက်ထားပြီး အကူအညီများ ရရှိရန် တင်ပြထားသည်ဟု ဆိုကြသည်။
တနသာင်္ရီတိုင်းသည် ယခင်ကတည်းက ဒီမိုကရေစီရေး အားကောင်းခဲ့သည့် ဒေသတခု ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ဆက်စပ်ခြင်း၊ ပင်လယ်ရေကြောင်း ထွက်ပေါက်ရှိခြင်းနှင့် ရှည်လျားသည့် ကမ်းရိုးတန်းလည်း တည်ရှိသဖြင့် သဘာဝ သယံဇာတများနှင့် ရေနက်ဆိပ်ကမ်းကြီးများဖြင့် ဖွံ့ ဖြိုးရန် တာဆူနေသည့် ဒေသတခု ဖြစ်သည်။
ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ပြီးသည့်အခါ ဒေသခံများသည် မျှော်လင့်ချက် ကိုယ်စီနှင့် အနာဂတ်များကို ရှေ့ဆက်ရန် စိတ်ပိုင်းဖြတ်ထားခဲ့ကြသည်။ သို့သော် စစ်တပ်က အာဏာသိမ်းလိုက်သည့်အခါ နိုင်ငံရေး မတည်ငြိမ်မှုများစွာနှင့် ယခု အချိန်တွင် ည ၇ နာရီထိုးလျှင် ထားဝယ်မြို့ပေါ်တွင် လူသူ မရှိတော့ပေ။
တဖက်တွင် NUG က တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပထမ အပတ်စဉ် စစ်သင်တန်းတခုကို မေလကုန်ပိုင်းတွင် ပြုလုပ်ခဲ့ ရာ စစ်ကောင်စီတပ်များသည် ထားဝယ်မြို့ ရှိ လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးမှုများ ပြုလုပ်ခြင်း၊ မြို့တွင်း၌ အသွား အလာ ကန့်သတ်မှုများ ပြုလုပ်ခြင်းများကို သိသိသာသာ တိုးမြင့်လာသည်။
မေလ ၂၉ ရက်နေ့တွင် ထားဝယ်မြို့ Mickey စားသောက်ဆိုင်တွင် ဆိုင်ထိုင်နေသည့် လူငယ် ၁၀ ဦးခန့်ကို စစ်ကောင်စီ လက်နက်ကိုင်တပ်များက ဝင်ရောက် ဖမ်းဆီးခဲ့ပြီး မေလ ၃၀ ရက်နေ့မှ စတင်ကာ ထားဝယ်မြို့ ကြက်စာပြင် ရပ်ကွက်တွင် လမ်းပိတ်ဆို့မှုများ စတင်ပြုလုပ်သည်။
ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်သည် ဒီမိုကရေစီအရေး လိုလားသူများ နေထိုင်ရာ အဓိက ရပ်ကွက်တခု ဖြစ်ပြီး ယခင် ကလည်း လက်နက်များ ဖမ်းမိခြင်း၊ လူငယ်များ အဖမ်းခံရခြင်းများ ရှိကြောင်း ထားဝယ်ဒေသခံများက ပြောပြသည်။
ထို့ပြင် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ကြက်စာပြင်ရပ်ကွက် တောင်ပိုင်းရှိ ဒလန်ဟု လူများနေသူတဦး၏ နေအိမ်ကို လူငယ် အများစု ပါဝင်သည့် အဖွဲ့ဝင်တခုက လက်လုပ်ဗုံးဖြင့် ဝင်ရောက် ပစ်ခတ်ကြသည်။
ဓလက်လုပ်ဗုံးနဲ့ ဝင်ပစ်တယ်။ ဒလန်လို့ ပြောတဲ့လူလည်း ထိသွားတယ်။ အဲဒီမှာ စစ်ကားတွေလည်း ရောက်လာတယ်။ အ ရေးပေါ်ကားလည်း လာတယ်။ အဲဒီမှာ စစ်ကားကို ဗုံးနဲ့ လှမ်းပစ်တော့ ဗုံးက စစ်ကားကို မထိပဲနဲ့ ဘေးမှာပဲ ပေါက်ကွဲသွား တယ်။ အဲဒီမှာပဲ နှစ်ဖက် အပြန်အလှန် ပစ်ကြတယ်။ မြို့ပေါ်မှာ တိုက်ပွဲဖြစ်တာ”ဟု ထားဝယ်ဒေသခံတဦးက ပြောပြသည်။
ဒလန်ကို ဝင်ရောက် ရှင်းလင်းခြင်းနှင့် ယင်းတိုက်ပွဲသည် ထားဝယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF/ထားဝယ်)၏ လက် ချက် ဖြစ်ကြောင်း ၎င်းတို့အဖွဲ့ ၏ ကြေညာချက်အရ သိရသည်။
ထားဝယ်မြို့တွင် တိုက်ပွဲကြီးကြီးမားမားဟူ၍ ယခု တချိန်သာ ဖြစ်ပွားခဲ့ဖူးပြီး ကျန်တိုက်ခိုက်မှုများမှာ ရဲအစောင့် ရှိသည့် နေ ရာများ၊ တပ်အစောင့်ရှိသည့် နေရာများသို့ လက်လုပ်ဗုံးဖြင့် သွားရောက် ပစ်ခတ်သည့် ဖြစ်စဉ်မျိုးသာ ၁၀ ကြိမ်ခန့် ရှိခဲ့ ကြောင်း သိရသည်။
ထားဝယ်မြို့တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များ လက်ချက်ဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၁၄ ဦး ရှိသည်။
ထားဝယ်ဒေသတွင် စစ်ကောင်စီ လက်နက်ကိုင် အင်အားမှာလည်း မနည်းဘဲ ခြေလျင် ခြေမြန် တပ်ရင်း ၁၅ ခု၊ ဆေးတပ်၊ ထောက်ပို့တပ် စသည့် လက်ရုံးတပ်များလည်း ရှိကြောင်း၊ မြို့ တွင်း လုံခြုံရေးဟုဆိုကာ ရေတပ်လည်း ရောက်ရှိနေကြောင်း ထားဝယ်ဒေသခံ လူငယ်များထံမှ သိရသည်။
“ကြည်း၊ ရေ၊ လေ အားလုံး ရှိတယ်။ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်လည်း ရှိတယ်။ တပ်ရင်းတပ်ဖွဲ့တွေလည်း ထား ဝယ်မှာ အများဆုံး ရှိတယ်”ဟု ဒေသခံ လူငယ်တချို့က ပြောသည်။
You may also like these stories:
ကချင် PDF အဖွဲ့အနေဖြင့် KIO/KIA လက်အောက်၌သာ လှုပ်ရှားရမည်ဟုဆို
မြဝတီတွင် အာဏာသိမ်းတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်
ကယားရှိ PDF များကို စုစည်းထားသည့် KNDF က စစ်ကောင်စီကို တိုက်မည်