• English
Tuesday, September 26, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

    စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

    ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

    ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

    တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

    တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

    စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

    စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

    ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

    ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

    NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

    NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်  သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home ဆောင်းပါး

          စစ်ကောင်စီကြောင့် ကိုယ်အင်္ဂါ ချို့ယွင်းခဲ့ရသည့် ကိုလျှံဖြိုးအောင် ဒီတကြိမ် လွတ်မြောက်မှု၌ မပါခဲ့ပြန်

          by ဧရာဝတီ
          4 July 2021
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          အသက် ၂၂ နှစ်အရွယ် နည်းပညာကျောင်းသား ကိုလျှံဖြိုးအောင် / CJ

          အသက် ၂၂ နှစ်အရွယ် နည်းပညာကျောင်းသား ကိုလျှံဖြိုးအောင် / CJ

          104.7k
          VIEWS
          Share on FacebookShare on Twitter

          “ခံစားရတဲ့ ခံစားချက်က တော်တော်တော့ ဆိုးတယ်။ ကျနော်တို့က မျှော်လင့်တကြီးနဲ့ အခြား မလွတ်သေးတဲ့ မိဘတွေနဲ့ အတူ ညတော်တော် နောက်ကျတဲ့အထိ စောင့်နေတာ”

          မနက် ၉ နာရီကတည်းကနေ လျှံဖြိုးအောင် လွတ်မြောက်ဖို့ စောင့်နေပေမယ့် ပါမလာခဲ့တဲ့ ခံစားချက်ကို ကိုလျှံဖြိုးအောင်ရဲ့ အစ်ကို ကိုပြည့်ဖြိုးဟိန်းက ရင်ဖွင့်ပါတယ်။

          RelatedPosts

          စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

          စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

          25 September 2023
          324
          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          25 September 2023
          11.1k
          စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်  သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

          စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင် သို့မဟုတ် ခြံစည်းရိုးထင်းခွေသူ

          24 September 2023
          4.8k

          ဆိုးရွားလှတဲ့ ကျန်းမာရေး အခြေအနေ၊ ကိုယ်လက်အင်္ဂါ ထိခိုက်မှုတွေကြောင့် သူ့ညီကို ဒီတခေါက်မှာ အများနဲ့အတူ လွှတ် ပေးလိမ့်မယ်လို့ တထစ်ချ မျှော်လင့်ထားပေမယ့် မပါလာခဲ့ဘူးလို့ သူက ဆိုပါတယ်။

          ဇွန်လ ၃၀ ရက်က အကျဉ်းသားတွေ ထောင်နဲ့ချီပြီး လွှတ်မယ်လို့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ကိုလျှံဖြိုးအောင် ရဲ့ အစ်ကိုနဲ့ မိဘတွေဟာ မကွေး အကျဉ်းထောင်ရှေ့မှာ နံနက် ၉ နာရီလောက်ကတည်းက အများသူငါလို သွားရောက် စောင့်ဆိုင်းနေခဲ့တာပါ။

          မကွေးနည်းပညာ တက္ကသိုလ်၊ မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်၊ ဒုတိယနှစ် ကျောင်းသားတဦး ဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ် ကိုလျှံဖြိုးအောင်ဟာ မကွေးမြို့ပေါ်မှာ မတ် ၂၇ ရက်က ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်ကောင်စီက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ကိုယ်အင်္ဂါ ချို့ယွင်းခဲ့တာပါ။

          အဲဒီဖြစ်စဉ် အပြီးမှာ သူဟာ မျက်လုံးတဖက်ကို လုံးဝ ဆုံးရှုံးခဲ့ရသလို ညာဘက်လက်ပြတ်ခဲ့ပါတယ်။ ဒါတင် မကသေးဘဲ ခြေထောက် ၂ ဖက်ကလည်း လမ်းကောင်းကောင်း မလျှောက်နိုင်တော့တာကြောင့် တပ်မတော်ဆေးရုံမှာ အကျယ်ချုပ်နဲ့ ဆေးကုသခံယူခဲ့ရပါတယ်။

          သူဟာ ပြည်တည်နေတဲ့ မျက်လုံးကို ခွဲစိတ်ကုသဖို့ လိုအပ်နေပေမယ့် စစ်ကောင်စီက တော့ သူ့ကို ယနေ့အထိ ထောင်သွင်း အကျဉ်းချထားပြီး အမှု ရင်ဆိုင်နေရပါတယ်။

          ကိုလျှံဖြိုးအောင်ကို ဧပြီလအတွင်းက ပုဒ်မ ၅၀၅ (က) ဖြင့် စတင် တရားစွဲခဲ့ပြီး မကွေးအကျဉ်းထောင်မှာ ချုပ်နှောင်ထား ခဲ့ပါတယ်။

          ဒါပေမယ့်လည်း သူတို့မျှော်လင့်နေတဲ့ သူတို့ရဲ့သား၊ သူတို့ရဲ့ ညီဟာ ထောင်ဗူးဝကနေ မထွက်လာနိုင်ခဲ့ပါဘူး။

          ကိုလျှံဖြိုးအောင်နဲ့ အမှုတွဲတူ ဖြစ်တဲ့ အဖော် ၂ ဦးက လွတ်မြောက်ခဲ့သလို အမှုရင်ဆိုင်စဲသူ ၃၆ ဦး လွတ်မြောက်လာရာမှ ကိုလျှံဖြိုးအောင် မပါဝင်ခဲ့ပါဘူး။

          ကိုလျှံဖြိုးအောင်ရဲ့ ကွယ်သွားတဲ့ မျက်လုံးထဲမှာ ရှိနေတဲ့ ယမ်းအဆိပ်ကြောင့် အခြားမျက်လုံးတဖက်ကပါ နာကျင်နေ တယ် လို့ သူ့မိသားစုဝင်တွေက ဆိုပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီဟာ ဒါကိုလျစ်လျူရှုပြီး ဆက်လက်ပြီး ချုပ်နှောင်ထား တာ ဖြစ်ပါတယ်။ သူ့ကို ဆေးကုသခွင့်နဲ့ ပတ်သက်ပြီး အာမခံ ရရှိနိုင်ဖို့ အတွက် မိသားစုက ကြိုးစားနေပါတယ်။

          “သူ့ဆေးကုသခွင့် ကျန်းမာရေး အာမခံကို လျှောက်ထားဖို့အတွက် ၁ ရက်က စာတင်တာပေါ့။ သူ့ကို ကျန်းမာရေး ကုသခွင့် အတွက်ကို အချုပ်လွတ် ထုချေခွင့် ပေးပါရန်ကို တင်ပြထားတာပေါ့။ အဲဒီလျှောက်ထားချက်ကို လက်ခံလား၊ လက်မခံလား ဆိုတာ ၈ ရက်မှာ အမိန့်ချမှာပေါ့” လို့ ကိုလျှံဖြိုးအောင်ရဲ့ အစ်ကိုဖြစ်သူက ဆိုပါတယ်။

          တကယ်တမ်းမှာ ကိုယ်လက်အင်္ဂါ ချို့ယွင်းနေပြီဖြစ်တဲ့ ကိုလျှံဖြိုးအောင်ကို ဖမ်းဆီးချုပ်နှောင်ထားမှုနဲ့ ပတ်သက်ပြီး ပြည်တွင်း ပြည်ပကနေ ဝေဖန်မှုတွေ အများအပြား ရှိနေပါတယ်။

          ကိုလျှံဖြိုးအောင်အပေါ် အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့၊ အရေးပေါ်ဆေးကုခွင့်တွေကို ချက်ချင်း ခွင့်ပြုပေးဖို့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က သူ့ရဲ့ တွစ်တာ အကောင့်ကနေ ထုတ်ဖော် ပြောဆိုထားပါတယ်။

          မြန်မာနိုင်ငံဟာ မသန်စွမ်းသူများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေလို ဥပဒေတွေ အခိုင်အမာ ပြဋ္ဌာန်းထားပြီး ဖြစ်တဲ့အပြင် ကုလသမဂ္ဂ မသန်စွမ်းသူများရဲ့ အခွင့်အရေးများဆိုင်ရာ သဘောတူ စာချုပ်ကိုလည်း လက်မှတ်ရေးထိုးထား နိုင်ငံ ဖြစ်ပါတယ်။

          ဒါပေမယ့်လည်း မသန်စွမ်းသူတယောက်ရဲ့ ဆေးကုသခွင့်ကို စစ်ကောင်စီက လျစ်လျူရှုနေပါတယ်။ အဲဒီလို မသန်စွမ်းဖြစ် အောင်လည်း စစ်ကောင်စီကပဲ လုပ်ဆောင်ခဲ့တာဖြစ်တာကြောင့် အင်မတန်ကို လူသားမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ လူ့အဖွဲ့ အစည်းကတော့ ဝေဖန်နေပါတယ်။

          မသန်စွမ်းသူကို ဆက်လက်ပြီး ဆေးကုသခွင့်ပေးဖို့ ကိုယ်တိုင်လည်း မသန်စွမ်းအဖွဲ့အစည်း တခုဖြစ်တဲ့ ရွှေမင်းသားဖောင် ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက မေတ္တာရပ်ခံ ထားပါတယ်။

          ဆေးကုသခွင့်၊ ဆက်လက်ခံယူခွင့် အပြည့်အဝ ရှိပါတယ်။ ဆေးဝါးကုသခွင့် ဆက်လက်ပေးဖို့ကို မေတ္တာရပ်ခံချင်ပါတယ် လို့ သူက ဆိုပါတယ်။

          ကိုလျှံဖြိုးအောင်နဲ့ အမှုတွဲတူများ လွတ်လာသလို မသန်စွမ်းတယောက် ဖြစ်နေပြီဖြစ်တဲ့ ကိုလျှံဖြိုးအောင်ကိုတော့ လွှတ်ပေး လိမ့်မယ်အထင်နဲ့ ထောင်ကနေ လွှတ်သမျှ လူအားလုံးကုန်သွားတဲ့အထိ မျှော်လင့်တကြီးနဲ့ စောင့်နေခဲ့တယ်လို့ သူတို့မိသားစု ရဲ့ အဖြစ်ကိုလည်း ကိုလျှံဖြိုးအောင်ရဲ့ အစ်ကိုက ဆက်ပြောပြပါသေးတယ်။

          “ဘယ်အချိန်မှာ ပိုပြီး စိတ်ထိခိုက်လည်းဆိုတော့ လျှံဖြိုးအောင်နဲ့ အတူတူ သုံးယောက်ထဲမှာ ၂ ယောက်က လွတ်လာ တော့ အဲဒီကလေးတွေက ဘယ်လိုပြောလဲဆိုတော့ ကျနော်တို့ နာမည်တွေ ခေါ်တော့တောင် လျှံဖြိုးအောင်က ပြောနေ တာ။ ငါလည်း ပါလောက်တယ်။ ငါ့ကို အထုပ်လေးတွေ ဝိုင်းပြင်ပေးခဲ့ဦး ဆိုပြီး ပြင်ခဲ့ပြီး ထွက်လာခဲ့တာ ဆိုတော့ ကျနော် တို့က မျှော်လင့်တကြီးနဲ့ အခြား မလွတ်သေးတဲ့ မိဘတွေနဲ့အတူ ညတော်တော် နောက်ကျတဲ့အထိ စောင့်နေတာ” လို့ သူက ဆိုပါတယ်။

          လွတ်မြောက်လာတဲ့သူ နှစ်ဦးဟာ ကိုလျှံဖြိုးအောင်နဲ့ အတူ ၃ ယောက် တခန်းထဲ နေရပြီး အပေါ့အပါးကကအစ အဝတ်အစား တွေလည်း ကူညီ လျှော်ဖွတ်ပေးနေတဲ့သူတွေ ဖြစ်ပါတယ်။ ထောင်တွင်းဆေးခန်း သွားပြရင်လည်း ထောင်ဝန်ထမ်းတွေနဲ့ အတူ တွဲပို့ပေးတဲ့သူတွေ ဖြစ်ပါတယ်။

          အဲဒီနေ့ကတော့ သူတို့ ၃ ယောက်အတူ လွတ်မယ်ထင်လို့ အထုပ်တွေလည်း တူတူ သိမ်းထားခဲ့ကြပါသေးတယ်။ ဒါပေမယ့် လည်း ကိုယ်လက်အင်္ဂါ ချို့ယွင်းနေပြီဖြစ်တဲ့ ကိုလျှံဖြိုးအောင်ကိုတော့ ထောင်ထဲမှာ စစ်ကောင်စီက ချန်ရစ်ခဲ့ပါတယ်။

          “သူငယ်ချင်း နှစ်ယောက်ဟာ ကိုလျှံဖြိုးအောင် အထုပ်လည်း ပြင်ပေးခဲ့ကြပါတယ်။ ကိုလျှံဖြိုးအောင်ကလည်း သူတို့ကို မင်း တို့ အရင်သွားလိုက် ငါက ဒုက္ခိတဆိုတော့ နောက်မှ သူတို့အစီအစဉ်နဲ့ လာခေါ်မယ်နဲ့ တူတယ်။ အပြင်မှာ အဖေတို့ အမေတို့ တွေ့ရင်ပြောလိုက် ငါလည်း လွတ်တယ် ခဏစောင့်နေလို့ မှာလိုက်တယ်” လို့ ကိုလျှံဖြိုးအောင်ရဲ အစ်ကိုက ပြန်ပြောပြပါ တယ်။

          ဒါကြောင့်လည်း သူတို့ဟာ မိုးကြီးစုန်းစုန်းချုပ်တဲ့ ည ၉ နာရီလောက်အထိ မျှော်လင့်တကြီးနဲ့ မကွေးထောင်ရှေ့မှာ သူတို့မိသားစု စောင့်နေခဲ့တာပါ။

          ဒါပေမယ့် သူတို့ မျှော်လင့်ချက်တွေဟာ ထောင်ရှေ့မှာ တဖြည်းဖြည်း လျော့နည်းသွားတဲ့လူတွေလိုပဲ တဖြည်းဖြည်း အားနည်း ပျောက်ကွယ်သွားရပါတော့တယ်။ စစ်ကောင်စီဟာ သူတို့ကို တော်လှန် တိုက်ခိုက်ဖို့ရာ အတွက် စိတ်ဓာတ်အင်အားကလွဲလို့ ဘာမှ မကျန်တော့တဲ့ မသန်စွမ်းသူ တယောက်ကိုတောင် လွှတ်ပေးဖို့ အစီအစဉ်ရှိပုံ မရခဲ့ပါဘူး။

          ကိုလျှံဖြိုးအောင်ဟာ အခုထိတော့ သူရဲ့ မသန်စွမ်းသူ အခွင့်အရေး၊ ဥပဒေအကာအကွယ်စတဲ့ တရားဝင်ရပိုင်ခွင့်တွေ အကုန် လုံး ဆုံးရှုံးနေဆဲဖြစ်ပြီး မကွေးထောင်ကနေ လွတ်မြောက်ခွင့်ရဖို့ အပြင်းအထန် ကြိုးစားနေရတုန်းပါ။

          တဖက်မှာလည်း မျက်လုံးဒဏ်ရာဟာ ကိုက်ခဲနေဆဲ ဖြစ်တဲ့အပြင် ခြေထောက်တွေကလည်း လမ်းလျှောက်တာနဲ့ ယမ်းဆိပ် ပြန်တက်နေဆဲ ဖြစ်တာကြောင့် ကျန်းမာရေးအရလည်း အင်မတန် ဆိုးရွားတဲ့ အခြေအနေကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ မိသားစုဝင်က ပြောပါတယ်။

          သူ့ရဲ့ မိသားစုကတော့ ကျန်းမာရေး ပြုစုစောင့်ရှောက်ဖို့ မဖြစ်မနေ လိုအပ်နေတဲ့ ကိုလျှံဖြိုးအောင်ကို ကိုယ်ချင်းစာတရားနဲ့ အမြန် ပြန်လွှတ်ပေးဖို့ပဲ မျှော်လင့်နေကြပါတယ်။

          ဒါပေမယ့်လည်း သူတို့ မျှော်လင့်ချက်တွေ အကောင်အထည် ပေါ်လာပါ့မလား ဆိုတာ ခုထိတော့ မရေရာသေးပါဘူး။ စစ် ကောင်စီဟာ သူတို့ကို တော်လှန် တိုက်ခိုက်ရင်း ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရပြီ ဖြစ်တဲ့သူတဦးကို စိတ်ဓာတ်ရေးရာပါ ရိုက် ချိုးနေတာ ဖြစ်တယ်လို့ ကိုလျှံဖြိုးအောင်ရဲ့ အစ်ကိုက ပြောလိုက်ပါတယ်။

          “အရမ်း စိတ်ဓာတ်မာပါတယ်ဆိုတဲ့ ညီလေး အဲဒီနေ့က အဖြစ်အပျက်ကြောင့် ဘယ်လောက် ခံစားရမလဲ ဆိုတာ နှလုံးသား ရှိသူတိုင်း ခံစားရပါတယ်။ အခုဟာက စိတ်ဓာတ်ကိုပါ ရိုက်ချိုးသလိုပါပဲ” လို့ အစ်ကိုဖြစ်သူ ကိုပြည့်ဖြိုးဟိန်းက ဆိုပါတယ်။

          You may also like these story:

          စစ်ကောင်စီကြောင့် ကိုယ်အင်္ဂါချို့ယွင်းရသူ ဆေးကုခွင့်ရရေး အာမခံလျှောက်ရန် ကြိုးပမ်း

          ကျနော်တို့က လူလိုမှ အဆက်အဆံ မခံရတာ၊ စစ်ကြောရေးဆိုတာ တကယ့် ငရဲခန်းပဲ

          စစ်ကောင်စီကြောင့် ကိုယ်အင်္ဂါချို့ယွင်းခဲ့ရသူ မျက်လုံးခွဲစိတ်ကုသရန် အရေးပေါ်လိုအပ်နေ

          Your Thoughts …
          Tags: စစ်ကောင်စီမသန်စွမ်းလျှံဖြိုးအောင်လွတ်မြောက်မှု
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

          by ဧရာဝတီ
          21 August 2023
          31.9k

          စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          by အောင်သစ်
          28 August 2023
          31.2k

          ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

          စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

          စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

          by ဧရာဝတီ
          11 September 2023
          19.3k

          အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

          လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

          လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

          by ဧရာဝတီ
          12 September 2023
          18.9k

          ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

          သတိပြုစရာ သေးဆူလဲတိုက်ပွဲ

          သတိပြုစရာ သေးဆူလဲတိုက်ပွဲ

          by မိုးစက်ငြိမ်းချမ်း
          16 September 2023
          16.6k

          သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

          ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

          ထင်ကြေးများနဲ့ စစ်ကောင်စီ ၆ လ သက်တမ်းတိုး

          by ဧရာဝတီ
          31 July 2023
          15.8k

          မြန်မာနိုင်ငံတွင် အဓိပ္ပါယ်ရှိသော ပြောင်းလဲမှုများ ရှိမည် မဟုတ်ဟု လေ့လာသုံးသပ်သူများက ယူဆနေကြသည်။

          Next Post
          သရုပ်ဆောင် မင်းမော်ကွန်း  / Kyaw Kyaw Htay Lwin's Facebook

          ကိုယ့်အချင်းချင်း စိတ်ဝမ်းကွဲတာမျိုး ရှောင်ကြဖို့ မင်းမော်ကွန်း ပြော

          သရုပ်ဆောင် နက္ခတ်နဲ့ ဇနီး ကလျာမိုး / Nat Khat's Facebook

          မကြာခင် မွေးဖွားမယ့် ရင်သွေးလေးကြောင့် မင်္ဂလာပုံတွေ တင်လိုက်တဲ့ နက္ခတ်

          No Result
          View All Result

          Recommended

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          6 days ago
          12.9k
          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          5 days ago
          9k

          Most Read

          • ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            shares
            Share 0 Tweet 0
          • စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

            shares
            Share 0 Tweet 0
          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0
          • ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်တပ်အချင်းချင်းကြား တိုက်ပွဲဖြစ်

            shares
            Share 0 Tweet 0
          • မြင်းမူ၌ ပြည်သူ ၃ ဦးနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၂ ဦး သတ်ဖြတ်ခံရ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved