• English
Thursday, September 21, 2023
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

    ရွှေကူ၌ ရွှေဖောင်အစီး ၅၀ ခန့် စစ်တပ်မီးရှို့

    စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

    စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့

    ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

    ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

    မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

    မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

    ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း၌ မွတ်စလင်ခေါင်းဆောင် ၁ ဦး အသတ်ခံရ

    မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

    ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

    ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

    နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

    နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

    ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

    ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့တော်လှန်ရေးကို သုံးသပ်ရာမှာ အဆိုးမြင်ဝါဒ အလိုမရှိ

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      မြန်မာ့အရေးနှင့် အာဆီယံသေဆုံးခြင်း

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      လူတိုင်းသိသင့်တဲ့ ကရင်အမျိုးသားသမိုင်း

      သီချင်း ညည်းတတ်သည့် အလေ့

      သီချင်း ညည်းတတ်သည့် အလေ့

      ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာကြောင့် ဆေးကုသမှုခံယူရ

      ဒေါ်အောင်ဆန်းစုကြည် သွားကိုက်ဝေဒနာကြောင့် ဆေးကုသမှုခံယူရ

      မိန်းမ နှင့် အလှတရား

      မိန်းမ နှင့် အလှတရား

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home ဆောင်းပါး

          ကုလသမဂ္ဂ မဲခွဲဆုံးဖြတ်ချက်က မြန်မာ-ဘယ်လာရုစ် အချိတ်အဆက်ကို မီးမောင်းထိုးပြ

          by ဧရာဝတီ
          9 July 2021
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          ၂၀၁၄ နိုဝင်ဘာ မင့်စ်တွင် တွေ့ဆုံခဲ့ကြသော မြန်မာစစ်ခေါင်းဆောင်နှင့် ဘယ်လာရုစ် အာဏာရှင် 

          ၂၀၁၄ နိုဝင်ဘာ မင့်စ်တွင် တွေ့ဆုံခဲ့ကြသော မြန်မာစစ်ခေါင်းဆောင်နှင့် ဘယ်လာရုစ် အာဏာရှင် 

          30.6k
          VIEWS
          Share on FacebookShare on Twitter

          မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအား ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် မဲခွဲပြီး မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထိန်းသိမ်းရေး၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် အကြမ်းဖက်မှုများရပ်ရန် စစ်တပ်ကိုတောင်းဆိုကာ မြန်မာနိုင်ငံသို့ လက်နက်စီးဆင်းမှုရပ်ရန် အဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းလိုက်သောအခါ သုတေသီအများအပြားက ထိုလုပ်ဆောင်မှုကို လွန်စွာ ထူးခြားသည့် ဆောင်ရွက်ချက်အဖြစ် ကြိုဆိုကြသည်။

          မြန်မာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် နိုင်ငံ ၅ နိုင်ငံဖြစ်သော တရုတ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်တို့က ရုရှားကဲသို့ပင် မဲမပေးဘဲနေသည်။ အရှေ့တောင်အာရှ နိုင်ငံများအသင်း ASEAN အဖွဲ့ဝင်များတွင် ကမ္ဘောဒီးယား၊ လာအိုနှင့် ဘရူနိုင်းတို့က မဲမပေးဘဲ စင်္ကာပူ၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့က ထောက်ခံမဲပေးသည်။

          RelatedPosts

          ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

          ဂန့်ဂေါ မြင်သားရွာ လက်နက်ကြီးဖြင့်ပစ်ခံရ ရွာသား ၆ ဦး သေဆုံး

          21 September 2023
          279
          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          21 September 2023
          3.4k
          မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

          မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

          21 September 2023
          2.2k

          အထက်ပါဆုံးဖြတ်ချက်ကို ကန့်ကွက်သော နိုင်ငံတနိုင်ငံတည်းသာဖြစ်သည်။ ရုရှားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဥရောပကုန်းတွင်းပိတ် ဘယ်လာရုစ်နိုင်ငံဖြစ်သည်။ မည်သည့်အတွက်နည်း။

          ဖေဖော်ဝါရီ ၁၀ ရက် ရန်ကုန်လေဆိပ်တွင် တွေ့ရသော Rada Airlines လေယာဉ်တစင်း

          ထိုနိုင်ငံသည် မြန်မာသို့ လက်နက်များနှင့် လေကြောင်းကာကွယ်ရေး စွမ်းရည်များ ဆက်လက်ရောင်းချနေသည့် နိုင်ငံများအနက် တနိုင်ငံဖြစ်သောကြောင့်ပင်။

          ဘယ်လာရုစ်က မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုသည် လူသိနည်းသည်။ သို့သော် ဘယ်လာရုစ်က ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကို ထောက်ခံမှု ပြသလိုက်ခြင်းကြောင့် တက်ကြွလှုပ်ရှားသူများနှင့် သတင်းသမားများသည် စစ်တပ်နှစ်ခုအကြားဆက်ဆံရေးကို စူးစမ်းလေ့လာစရာဖြစ်ခဲ့သည်။

          ဘယ်လာရုစ်က မြန်မာသို့ လက်နက်ရောင်းချမှုသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားခြင်းမရှိပေ။ မြန်မာတက်ကြွလှုပ်ရှားသူများ၏ အဆိုအရ ဘယ်လာရုစ် ကုန်တင်လေကြောင်းလိုင်းဖြစ်သော Rada Airlines ၏ IL-62 ကုန်တင်လေယာဉ်တစင်းကို ရန်ကုန်လေဆိပ်တွင် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ကတွေ့ရကြောင်း သိရသည်။ လေယာဉ်ပေါ်တွင် မည်သည်တို့ကို တင်ဆောင်လာသည်ကို မည်သူမျှမသိသော်လည်း ထိုလေယာဉ်ကို မြန်မာသို့ လက်နက်တင်ပို့ရောင်းချရန် သုံးနေသည်ဟု အများအပြားက ယူဆကြသည်။

          မြန်မာနိုင်ငံသည် ဘယ်လာရပ်စ်နိုင်ငံထုတ် Kvadrat-M မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်ကို ပထမဆုံးဝယ်ယူသည့် နိုင်ငံဖြစ်ကြောင်းဖေါ်ပြကြသည်။ ထိုဒုံးကျည်စနစ်မှာ ဆိုဗီယက်ခေတ်က 2K12 Kub ဒုံးကျည်စနစ်ကို ခေတ်မီအောင် အဆင့်မြှင့်တင်ထားသည့် စနစ်ဖြစ်သည်။

          Euroradio မှ မကြာသေးမီက သတင်းတခုတွင် စစ်ဖက်ကျွမ်းကျင်သူ ရေဂေါ် လီဘီဒေါ့က Rada Airlines လေကြောင်းလ်ိုင်းသည် ဘယ်လာရုစ်မှ မဟုတ်သည့် တတိယကြားနိုင်ငံတခုမှ လက်နက်များကို တင်ပို့ရာတွင် အထူးဆောင်ရွက်သည်ဟု ယူဆသည်။ ထိုလေကြောင်းလိုင်းသည် ဆာဘီးယားတွင် သယ်ယူပို့ဆောင်ရေး လုပ်ခွင့်ရထားကြောင်းလည်း ထိုသတင်းက ဆိုသည်။ ဆာဘီးယားသည်လည်း မြန်မာသို့ စစ်လက်နက်ပစ္စည်းများ တင်ပို့နေသည့် နောက်ထပ်နိုင်ငံတခုဖြစ်သည်။

          ၂၀၁၄ နိုဝင်ဘာ မင့်စ်တွင် တွေ့ဆုံခဲ့ကြသော အလက်ဇန်းဒါး လူကာရှန်ကိုနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

          စိတ်ဝင်စားစရာကောင်းသည်မှာ မြန်မာကာကွယ်ရေး ဝန်ကြီးဌာနမှ အရာရှိများနှင့် မြန်မာစီးပွားရေးသမားအချို့ ပါဝင်သော ကိုယ်စားလှယ် အဖွဲ့တခုသည် မကြာသေးမီက ဆာဘီးယားမြို့တော် ဘဲလ်ဂရိတ်သို့ သွားရောက်ပြီး စက်ယန္တယားကြီးများ ဝယ်ယူရန်လေ့လာကြသည်ဟု ဆိုသည့် သတင်းဖြစ်သည်။

          မင့်စ်မှ နွေးထွေးသော ကြိုဆိုမှု

          လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မြန်မာစစ်တပ်နှင့် ၎င်း၏အပေါင်းပါ နိုင်ငံရေးသမားများသည် ဘယ်လာရုစ် အာဏာရှင် အလက်ဇန္ဒား လူကာရှန်ကို အပါအဝင် မြို့တော် မင့်စ် Minsk မှ ခေါင်းဆောင်များနှင့် ကောင်းမွန်သောဆက်ဆံရေးကို တိတ်တဆိတ်ထူထောင်ထားသည်။ ထိုသို့ရင်းနှီးသောဆက်ဆံရေးရှိသည်မှာ အံ့သြစရာမဟုတ်ပေ။ မြန်မာစစ်အုပ်စုခေါင်းဆောင်များကို အရေးယူထားသကဲ့သို့ ဥရောပသမဂ္ဂနှင့် အခြားအနောက်နိုင်ငံများသည် လူကာရှန်ကိုနှင့် သူ၏ အစိုးရကို နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများ ချိုးဖေါက်မှုနှင့် ဆန္ဒပြသူများကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းမှုများအတွက် အရေးယူပိတ်ဆို့ထားပြီး ခရီးသွားလာခွင့်လည်း ပိတ်ပင်ထားသည်။

          ၂၀၀၈ ခုနှစ်တွင် နှစ်နိုင်ငံစစ်တပ်များသည် စစ်ဖက်နည်းပညာပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ တခုကို ဖွဲ့စည်းကြပြီး ထိုကော်မတီသည် လက်နက်ရောင်းချခြင်း၊ ထုတ်လုပ်ခြင်း၊ နည်းပညာလွှဲပြောင်းပေးခြင်းနှင့် လေ့ကျင့်ရေးကိစ္စများကို နှစ်စဉ်ဆွေးနွေးကြသည်။

          ဘယ်လာရုစ်ဝန်ကြီးချုပ် မစ်ခေး မြာစနီကိုဗစ်ချ်သည် ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန်၏ အရပ်သားတပိုင်းအစိုးရ အောက် မြန်မာနိုင်ငံ စတင်တံခါးဖွင့်ချိန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်သည်။ နှစ်နိုင်ငံတို့သည် မော်တော်ယာဉ်များ ထုတ်လုပ်ခြင်းနှင့် နည်းပညာလွှဲပြောင်းပေးအပ်ခြင်း အပါအဝင် ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူကြသည်။ ထိုလတွင်ပင် မြန်မာနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်လည်း လာရောက်ခဲ့သည်။ သူသည် ထိုစဉ်က နှစ်ပေါင်းများစွာအတွင်း မြန်မာနိုင်ငံသို့လာရောက်သည့် အဆင့်အမြင့်ဆုံး အမေရိကန် အရာရှိဖြစ်သည်။

          ၂၀၁၄ နိုဝင်ဘာ မင့်စ်ရောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ကို ဘယ်လာရုစ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ယူရီဇာဒိုဘင်နှင့်အတူ တွေ့ရစဉ်

          ၂၀၁၄ ခုနှစ်တွင် မြန်မာစစ်တပ်အကြီးအကဲ ယခုစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဘယ်လာရုစ်သို့ သွားရောက်ပြီး လူကာရှန်ကိုနှင့် တွေ့ဆုံဆွေးနွေးသည်။

          “ဘယ်လာရုစ်ကုမ္ပဏီတွေနဲ့ တွေ့ဆုံဆွေးနွေး သွားရောက်လည်ပတ်မှုတွေအကြောင်း ကျနော်သိထားရပါတယ်။ ခင်ဗျားတို့ရဲ့နည်းလမ်းကို ကျနော်ကြိုက်တယ်။ ကျနော်တို့အကြား ဆွေးနွေးမှုဟာ ရေရှည်အတွက်ဖြစ်ပြီး ဘာတွေပဲဖြစ်နေနေ ဒီအတိုင်းပဲဖြစ်နေသင့်တယ်” ဟု ဘယ်လာရုစ် အာဏာရှင်က ထိုစဉ်က မြန်မာက်ိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုစဉ်ပြောကြားသည်။

          မင့်စ်မှ သတင်းများကို သုံးသပ်ပါက လူကာရှန်ကိုသည် မြန်မာနိုင်ငံ၏ သေနင်္ဂဗျူဟာကျသော တည်နေရာကြောင့် မြန်မာနှင့် ဆက်ဆံရေး ထူထောင်ထားခြင်းကို အလေးထားသည်ဟု ဆိုရမည်ဖြစ်သည်။

          “ဒီလိုလုပ်ဆောင်ခြင်းကြောင့် ကျနော်တို့နိုင်ငံ မြန်မာနဲ့ ပူးတွဲစီမံကိန်းတွေ အကောင်အထည်ဖေါ်ပြီး နိုင်ငံစီးပွားရေးတိုးတက်မှုကို အထောက်အကူပြုသလို ဘယ်လာရုစ်အတွက်လည်း အသုံးဝင်နိုင်တယ်။ အနီးပတ်ဝန်းကျင်မှာ အင်မတန်ကြီးမားပြီး အလားအလာကောင်းတဲ့ ဈေးကွက်ကြီးတွေရှိနေတယ်” ဟု လူကာရှန်ကိုကပြောကြောင်း တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရသည်။

          “ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုမှာ နယ်ပယ်ကန့်သတ်မထားဘူး။ မြန်မာနဲ့ နယ်ပယ်ပေါင်းစုံမှာ ဆက်ဆံရေးထူထောင်ဖို့ အသင့်ရှိတယ်။ ခင်ဗျားတို့နိုင်ငံကို ပုံမှန်ကုန်စည်ပေးပို့တာကနေ ဘယ်လာရုစ်မှာ မထုတ်လုပ်တဲ့ ပစ္စည်းတွေကို မြန်မာက ထုတ်လုပ်ရင် ဝယ်ဖို့အထိ အစီအစဉ်ရှိတယ်” ဟု ဘယ်လာရုစ် သမ္မတက ပြောသည်။

          ဘယ်လာရပ်စ်သည် တပ်ဖွဲ့ဝင်များလေ့ကျင့်ပေးခြင်းအပါအဝင် မြန်မာနှင့် စစ်ဘက်နည်းပညာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရန်လည်း အသင့်ရှိကြောင်း သူပြောသည်။ “ ဒီအကြောင်းကို ကျနော်တို့ ဖုံးကွယ်မထားဘူး၊ ခင်ဗျားရဲ့ခရီးစဉ်ကလည်း ဒီဆက်ဆံရေးရဲ့အထောက်အထားပဲဖြစ်တယ်” ဟု လူကာရှန်ကိုက ပြောသည်။

          ၂၀၂၀ ပြည်နှစ် ဖေဖေါ်ဝါရီလလယ်တွင် မြန်မာလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ဦးစီး ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း ဘယ်လာရုစ်သို့ သွားရောက်ခဲ့သည်

          ယခင်စစ်အစိုးရခေတ်က ယဉ်ကျေးမှုဝန်ကြီးလုပ်ပြီး ဦသိန်းစိန်အစိုးရခေတ်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့သော စစ်အရာရှိဟောင်း ဦးခင်အောင်မြင့်သည့် ၂၀၁၅ ခုနှစ်တွင် ဘယ်လာရုစ်သို့ သွားရောက်ခဲ့ပြီး လူကာရှန်ကိုနှင့်လည်း တွေ့ဆုံခဲ့သည်။ “ကျနော်တို့မှာ ဘယ်လာရုစ်လို အားကိုးရတဲ့ မိတ်ဆွေမျိုးလိုတယ်” ဟု ဦးခင်အောင်မြင့်ကပြောကြောင်း သတင်းများက ဖေါ်ပြသည်။ ထိုမြန်မာက်ိုယ်စားလှယ် အဖွဲ့သည် စစ်ဘက်သုံးယာဉ်များထုတ်လုပ်သည့် Minsk Wheel Tractor Plant (MZKT) စက်ရုံသို့ သွားရောက်လေ့လာခဲ့သည်။

          ၂၀၁၇ ခုနှစ် နိုဝင်ဘာလ နှောင်းပိုင်းတွင် ဘယ်လာရပ်စ်-မြန်မာ စစ်ဖက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင်သည် နေပြည်တော်တွင် ဆယ်နှစ်မြောက် အစည်းအဝေးကျင်းပသည်။ ဘယ်လာရုစ် ကိုယ်စားလှယ်အဖွဲ့ကို ဘယ်လာရုစ် နိုင်ငံတော် စစ်ဘက်စက်မှုလုပ်ငန်းကော်မတီ (Goscomvoyenprom) ၏ ပထမ ဒုတိယ ဥက္ကဋ္ဌ အီဂေါ ဒီမီဒန်ကိုက ဦးဆောင်ပြီး မြန်မာဖက်ကို ဒုတိယကာကွယ်ရေးဝန်ကြီး ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး မြင့်နွယ်က ဦးဆောင်ကြောင်း ဘယ်လာရုစ်က တရားဝင်ထုတ်ပြန်သည့် စာစောင်အရ သိရသည်။

          “သံချပ်ကာယာဉ်များနှင့် စစ်လက်နက်ကိရိယာများ ပြုပြင်ခြင်းနှင့် ခေတ်မီအောင်ပြုလုပ်ခြင်း၊ ပေးပို့ခြင်း၊ အဆင့်မြင့်စစ်ဖက်ပစ္စည်းများ ထုတ်လုပ်ခြင်းနှင့် ဆက်ဆိုင်ရာနည်းပညာ လွှဲပြောင်းပေးခြင်းအပါအဝင် နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်ရန် ဘယ်လာရုစ်ဖက်က အသင့်ရှိကြောင်း အီဂေါ ဒီမီဒန်ကိုက အလေးထားပြောကြားခဲ့သည်” ဟု တရားဝင်သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

          ၂၀၂၀ ပြည်နှစ် ဖေဖေါ်ဝါရီလလယ်တွင် မြန်မာလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ဦးစီးသူ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်းသည် ဘယ်လာရုစ်သို့ သွားရောက်ခဲ့သည်။ “ ဧည့်သည်တော်များသည် ကာကွယ်ရေး ပစ္စည်းကုမ္ပဏီ အများအပြားသို့ သွားရောက်လည်ပတ်ခဲ့ပြီး လေကြောင်းကာကွယ်ရေး စနစ်များ ထုတ်လုပ်ပြုပြင်ခေတ်မီအောင် ပြုလုပ်ခြင်းများကို လေ့လာခဲ့သည်” ဟု ဘယ်လာရုစ်၏ တရားဝင် သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

          ဇွန်လ ၂၅ ရက်နေ့တွင် ဘယ်လာရုစ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး နီကိုလိုင် ဘော်ရီဆီဗစ်သည် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာ ဂုဏ်ထူးဆောင်သံမှူး ဒေါက်တာအောင်မိုးမြင့်နှင့် မင့်စ်တွင် တွေ့ဆုံသည်

          မြန်မာနိုင်ငံသည် ဘယ်လာရပ်စ်လေကြောင်းကာကွယ်ရေး စနစ်ကို စိတ်ဝင်စားပြီး လေကြောင်းကာကွယ်ရေး စီမံချက်များ၊ စွမ်းရည်များနှင့် ထုတ်လုပ်မှုများတွင် မင့်စ်မှ အကူအညီများ ရရှိခဲ့သည် ဆိုသည့်အချက်ကို မှတ်သားသင့်သည်။

          မော်စကိုသည် ဘယ်လာရုစ် လေကြောင်းကာကွယ်ရေးစနစ်ကို ၎င်းတို့၏ အမျိုးသားလေကြောင်းကာကွယ်ရေး စနစ်နှင့်ပေါင်းစည်းရန် ဘယ်လာရုစ်ကို ကူညီခဲ့ပြီး ထိုနယ်ပယ်သည် မကြာသေးမီက မော်စကိုနှင့် ရင်းနှီးသောဆက်ဆံရေး ထူထောင်ထားသည့် ဗိုလ်ချုပ်များ စိတ်ဝင်စားသည့် နယ်ပယ်ဖြစ်သည်။ မြန်မာစစ်ခေါင်းဆောင်များသည် အနောက်နိုင်ငံများက တိုက်ခိုက်လာမည်ကို စိုးရိမ်ကြပြီး အထူးသဖြင့် ပင်လယ်ပြင်မှ ထိုးစစ်ကို စိုးရိမ်သည်မှာ လျှို့ဝှက်ချက်မဟုတ်ပေ။

          မြန်မာစစ်ကောင်စီက အရပ်သားများကို ပိုမိုသတ်ဖြတ်ပြီး အခြားရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေသည့် ကြားမှပင် ဘယ်လာရုစ်နှင့် စစ်ကောင်စီတို့သည် ဆက်ဆံရေးတိုးချဲ့ရန် သဘောတူကြသည်။ မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုပိတ်ပင်ရေး တောင်းဆိုသည့် ကုလသမဂ္ဂဆုံးဖြတ်ချက်အပြီး ပုံစာ ၆ – ဇွန်လ ၂၅ ရက်နေ့တွင် ဘယ်လာရုစ် ဒုတိယနိုင်ငံခြားရေး ဝန်ကြီး နီကိုလိုင် ဘော်ရီဆီဗစ်သည် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာ ဂုဏ်ထူးဆောင်သံမှူး ဒေါက်တာအောင်မိုးမြင့်နှင့် မင့်စ်တွင် တွေ့ဆုံသည်။

          “နယ်ပယ်ပေါင်းစုံတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးချဲ့အရှိန်မြှင့်တင်ရေးအတွက် နှစ်ဖက်အမြင်ဖလှယ်မှုများ အကြီးအကျယ်လုပ်ခဲ့သည်” ဟု ဘယ်လာရုစ်က တရားဝင်ထုတ်ပြန်သည့် ကြေညာချက်တွင် ဖေါ်ပြထားသည်။

          (ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ UN Vote Puts Spotlight on Myanmar-Belarus Connection ကို ဘာသာပြန်ဆိုသည်။)

          You may also like these stories:

          မြန်မာ အာဏာသိမ်းခေါင်းဆောင်ကို မော်စကို သတိထားဆက်ဆံ

          စစ်အာဏာရှင်စနစ်ကို ပံ့ပိုးနေသော နိုင်ငံတကာ နည်းပညာကုမ္ပဏီများ

          ၅ လကြာတော့ စစ်အာဏာသိမ်းခေါင်းဆောင် ဘာရသွားလဲ

          တပ် CDM များအရေး သွေးအေးမနေသင့်ပြီ

          Your Thoughts …
          Tags: ကုလသမဂ္ဂဒေါက်တာအောင်မိုးမြင့်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘယ်လာရုစ်လက်နက်ရောင်းချရေးလေကြောင်းရန်ကာကွယ်ရေးအာဏာသိမ်း စစ်ကောင်စီ
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

          ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

          by Rajiv Bhatia
          11 August 2023
          7.1k

          မြန်မာနိုင်ငံသည် ပြည်တွင်းစစ်၊ စစ်ကောင်စီတပ်များနှင့် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများအကြား အကြမ်းဖက် တိုက်ခိုက်မှုများကြား ညပ်နေသည်။

          တော်လှန်ရေးအဖွဲ့များက အကူအညီပေးရေးကို နှောင့်ယှက်ဆိုသည့် စွပ်စွဲချက် မမျှတ

          တော်လှန်ရေးအဖွဲ့များက အကူအညီပေးရေးကို နှောင့်ယှက်ဆိုသည့် စွပ်စွဲချက် မမျှတ

          by Paul Greening
          19 August 2023
          4.4k

          ပကတိအခြေအနေနှင့် ဆန့်ကျင်သည့် NUG, PDFs နှင့် EROs များက အကူအညီများကို နှောင့်ယှက်သည်ဟု စွပ်စွဲခြင်းသည် လွန်စွာမမျှတပေ။

          ကုလ အကူအညီပေးရေး အကြီးအကဲ၏ မြန်မာပြည်ခရီးစဉ်အား အထုပ်ဖြေခြင်း

          ကုလ အကူအညီပေးရေး အကြီးအကဲ၏ မြန်မာပြည်ခရီးစဉ်အား အထုပ်ဖြေခြင်း

          by အီဂေါဗလာဇီဗစ်
          18 August 2023
          4.3k

          စစ်တပ်ဟာ လူသားချင်းစာနာမှု အကူအညီကိစ္စကို ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထုတ်တဲ့အပြင် သူ့ရဲ့ ရပ်တည်မှုအတွက်လည်း လက်နက်သဖွယ် အသုံးပြုနေပါတယ်။

          စစ်ကောင်စီ မူဝါဒ ဘာတွေ ပြောင်းလဲ

          စစ်ကောင်စီ မူဝါဒ ဘာတွေ ပြောင်းလဲ

          by ဗညားအောင်
          23 August 2023
          3.8k

          စစ်ကောင်စီသည် လူများကိုသာ အပြောင်းအလဲလုပ်သည်သာမက ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့် ဦးတည်ချက် ၁၂ ရပ်ဆိုသည့် ၎င်းတို့၏ မူဝါဒနှင့်ပတ်သက်၍လည်း အပြောင်းအလဲ လုပ်လာသည်။

          မြောက်ကိုရီးယားဆိုင်ရာ မြန်မာသံအမတ်သစ် စစ်ကောင်စီ ခန့်

          မြောက်ကိုရီးယားဆိုင်ရာ မြန်မာသံအမတ်သစ် စစ်ကောင်စီ ခန့်

          by ဧရာဝတီ
          14 September 2023
          2.6k

          ၂၀၂၁ ခုနှစ်တွင် မြန်မာစစ်တပ် အာဏာသိမ်းသောအခါ နှစ်နိုင်ငံဆက်ဆံရေး ပုံမှန်ဖြစ်လာပုံရသည်။

          သတ်ဖြတ်မှု ၁ နှစ်ကြာလည်း မျက်ရည်ကြားက အညံ့မခံသော လက်ယက်ကုန်း

          သတ်ဖြတ်မှု ၁ နှစ်ကြာလည်း မျက်ရည်ကြားက အညံ့မခံသော လက်ယက်ကုန်း

          by ယုဇန
          18 September 2023
          1.3k

          "တနိုင်ငံလုံး ဘယ်နေရာမှ မလုံခြုံဘူး။ ဒါကြောင့် ကျမတို့မွေးတဲ့ ကျမတို့ရွာကို မစွန့်ခွာနိုင်ဘူး"

          Next Post
          ဖေဖော်ဝါရီလ ရန်ကုန်တွင် တွေ့ရသော စစ်အာဏာသိမ်း ဆန့်ကျင်ရေး နံရံဆေးမှုတ်လက်ရာတခု / ဧရာဝတီ 

          မဟာဆုတ်ကပ်အတွင်း ရောက်ပေမယ့် မြန်မာပြည်သူတွေ အရှုံးမပေး

          အဆိုတော် နိုဗန်ထူး  / Novem Htoo's Facebook

          “မီးဖြတ်တာမျိုး ကြုံလာခဲ့ရင် ဘယ်လို ရှင်သန်ရမလဲ ကြိုးစားပါ”

          No Result
          View All Result

          Recommended

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          2 days ago
          11.9k
          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          ရွှေဗျိုင်းဖြူပိုင်ရှင် ဦးသိန်းဝင်းဇော် ထိန်းသိမ်းခံရ

          1 week ago
          24.3k

          Most Read

          • မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

            မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

            shares
            Share 0 Tweet 0
          • မန္တလေး-မြစ်ကြီးနား ရထားလမ်းပြင်နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံနေရ

            shares
            Share 0 Tweet 0
          • ချင်းတွင်းမြစ်အတွင်း ကုန်တင်ယာဉ် တိမ်းမှောက်မှု လူ ၁၀၀ ခန့် ပျောက်ဆုံးနေ

            shares
            Share 0 Tweet 0
          • နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

            shares
            Share 0 Tweet 0
          • CIA အရာရှိ စာအုပ်နောက်ကွယ်မှ မြန်မာစစ်တပ်၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved