• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တရုတ် ကာကွယ်ဆေးသာ မြန်မာစစ်ကောင်စီ မျှော်လင့်အားကိုးစရာ ဖြစ်နေ

by ဧရာဝတီ
3 August 2021
in ဆောင်းပါး
A A
ဇူလိုင် ၂၃ ရက် တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးများကို လာရောက်ပို့ဆောင်စဉ် / Chinese Embassy in Yangon

ဇူလိုင် ၂၃ ရက် တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးများကို လာရောက်ပို့ဆောင်စဉ် / Chinese Embassy in Yangon

24.6k
VIEWS
Share on FacebookShare on Twitter

လွန်ခဲ့သော အပတ်အတွင်း မိုးရွာနေသည့်ကြားမှ Air China လေယာဉ်များသည် မြန်မာနိုင်ငံမှ ကိုဗစ်နိုင်တင်း တတိယလှိုင်း၏ ဗဟိုချက်ဖြစ်သော ရန်ကုန်တွင် လွန်စွာလိုအပ်နေသည့် ကိုဗစ်နိုင်တင်း ကာကွယ်ဆေးများ ပေးပို့ရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်နေခဲ့ကြသည်။

ရန်ကုန်တွင် ရာပေါင်းများစွာသော ပြည်သူများ ကိုဗစ်နိုင်တင်းကြောင့် သေဆုံးနေပြီး စစ်ကောင်စီသည် အခြားမည်သည့် နိုင်ငံထက်မဆို တရုတ်မှ ကာကွယ်ဆေးများ ရရှိရန် ကြိုးစားနေရသည်။ ထိုအချက်သည် ကျန် ကမ္ဘာ့နိုင်ငံများက တရားမဝင် စစ်ကောင်စီကို မည်သို့သဘောထားကြောင်း ပြသနေသည်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
603
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
490
မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
974

လက်ရှိအချိန်အထိ ဘေ့ဂျင်းသည် မြန်မာသို့ကာကွယ်ဆေး ၃ သန်းပို့ထားပြီး ၂ သန်းမှာ လှူဒါန်းသော Sinopharm ကာကွယ်ဆေးဖြစ်ပြီး ၁ သန်းမှာ စစ်ကောင်စီက ဝယ်ယူသည့် Sinovac ကာကွယ်ဆေးဖြစ်သည်။ စစ်ကောင်စီသည် ဘေ့ဂျင်းထံမှ ကာကွယ်ဆေး နောက်ထပ် ၂ သန်း ဝယ်ယူရန်စီစဉ်ထားသည်။

လွန်ခဲ့သောနှစ်နှောင်းပိုင်းမှ စတင်ပြီး တရုတ်နိုင်ငံသည် ၎င်း၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ဆေးဝါး လုပ်ငန်းခွဲဖြစ်သော ကျန်းမာရေး ပိုးလမ်း အစီအစဉ်အရ နိုင်ငံပေါင်း ၈၀ ကျော်သို့ ကိုဗစ်နိုင်တင်း ကာကွယ်ဆေးများ ပေးပို့ရန် ကတိပြုထားသည်။

ဇူလိုင် ၂၃ ရက် တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေးများကို လာရောက်ပို့ဆောင်စဉ်/Chinese Embassy in Yangon

တရုတ်ကာကွယ်ဆေး သံခင်းတမန်ခင်းအောက် ထိုကာကွယ်ဆေးများသည် BRI အစီအစဉ်တွင် ပါဝင်သော နိုင်ငံများသို့ ရောက်ရှိပြီဖြစ်သည်။ ဘေ့ဂျင်းသည် ထိုနိုင်ငံများအနေဖြင့် တရုတ်ကိုကျေးဇူးကြွေးတင်စေလိုသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့နိုင်ငံများရှိ တရုတ်အခြေခံအဆောက်အအုံနှင့် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းများကို ဆက်လက်ထောက်ခံ လုပ်ကိုင်ခွင့်ပြုကြရသည်။

မြန်မာနိုင်ငံသည် BRI တွင် ပါဝင်သော နိုင်ငံများအနက်တခုဖြစ်ပြီး ဘေ့ဂျင်းက မြန်မာနိုင်ငံမြောက်ပိုင်းမှ အနောက်ပိုင်းအထိ အခြေခံအဆောက်အအုံစီမံကိန်းများတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံလိုသည်။ အထူးသဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ကျောက်ဖြူဆိပ်ကမ်းမှတဆင့် အိန္ဒိယ သမုဒ္ဒရာကို အသုံးပြုလိုသည်။ ထိုသို့ အသုံးပြုခြင်းကြောင့် သေနင်္ဂဗျူဟာကျပြီး ထိခိုက်လွယ်သော မလက္ကာရေလက်ကြားကို ဖြတ်သန်းရန် မလိုတော့ပေ။

စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုင်ငံသားများအနေဖြင့် တရုတ်ကာကွယ်ဆေးထိုးရန် အကြိမ်ကြိမ်တိုက်တွန်းပြီး ထိုကာကွယ်ဆေးသည် ကူးစက်မှုနှင့်သေဆုံးမှုနှုန်း လျှော့ချပေးနိုင်ကြောင်း ချီးကျူးနေသည်။

မြန်မာနိုင်ငံ၏ ကိုဗစ်နိုင်တင်း ကာကွယ်ရေးအစီအစဉ်သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှ စတင် ရုန်းကန်နေရပြီး အရပ်သားသန်းပေါင်းများစွာက ကာကွယ်ဆေးထိုးရန် ငြင်းဆန်နေကြသည်။ ထောင်ပေါင်းများစွာသော ကျန်းမာရေးလုပ်သားများကလည်း စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်သောကြောင့် သပိတ်မှောက်နေသည်။ ကိုရိုနာဗိုင်းရပ်စ် ရုတ်တရက်အကြီးအကျယ် ကူးစက်နေသောကြောင့် စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုင်ငံသားများအနေဖြင့် တရုတ်ကာကွယ်ဆေးထိုးရန် အကြိမ်ကြိမ်တိုက်တွန်းပြီး ထိုကာကွယ်ဆေးသည် ကူးစက်မှုနှင့်သေဆုံးမှုနှုန်း လျှော့ချပေးနိုင်ကြောင်း ချီးကျူးနေသည်။

တရုတ်နိုင်ငံလုပ် Sinovac နှင့် Sinopharm ကာကွယ်ဆေးများသည် ရောဂါ လက္ခဏာပြသော ကိုဗစ်ကူးစက်မှုကို ၅၀ ရာခိုင်နှုန်းနှင့် ၇၉ ရာခိုင်နှုန်း အာနိသင်ရှိသည်ဟု ကမ္ဘာတဝှမ်းစမ်းသပ်မှုများအရ သိရသည်။

သို့သော် တရုတ်ကာကွယ်ဆေးများကို အများအားဖြင့် အားထားရသော အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် မလေးရှားတို့ကဲ့သို့သော နိုင်ငံများတွင် လူအများအပြားက ကာကွယ်ဆေးထိုးကြသော်လည်း ကူးစက်မှုနှုန်း မြင်မားနေဆဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၎င်း၏ ကာကွယ်ဆေး မူဝါဒကို ပြောင်းလဲလိုက်ပြီး Sinovac နှင့် ဗြိတိန်နှင့်ဆွီဒင်ထုတ် AstraZeneca ကို ရောနှောထိုးပေးနေသည်။

၎င်းတို့၏ ကာကွယ်ဆေးများ ၉၀ ရာခိုင်နှုန်းအတွက် Sinovac ကိုသုံးသော အင်ဒိုနီးရှားနိုင်ငံသည် ယခုအခါ အရှေ့တောင်အာရှတွင် ကိုဗစ်နိုင်တင်းကူးစက်မှု ဗဟိုချက်ဖြစ်လာသည်။ Sinovac ကာကွယ်ဆေးနှစ်ကြိမ် ထိုးထားပြီးသော်လည်း ကျန်းမာရေးလုပ်သား ၃၀ ကျော်သေဆုံးပြီး အခြားသူ ရာပေါင်းများစွာ ကူးစက်ခံကြရသည်။

အရှေ့တောင်အာရှတွင် အကြီးမားဆုံးနိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင် ကျန်းမာရေးလုပ်သားများကို Sinovac နှင့်အတူ အမေရိကန်နိုင်ငံလုပ် Moderna အားဖြည့် ကာကွယ်ဆေး ထိုးပေးမည်ဖြစ်သည်။ မလေးရှားနိုင်ငံကလည်း ၎င်းတို့၏ကာကွယ်ဆေး အစီအစဉ်တွင် Pfizer-BioNTech mRNA ကာကွယ်ဆေး အလုံအလောက်ရရှိထားသောကြောင့် လက်ရှိဝယ်ယူထားသည့် Sinovac ကာကွယ်ဆေးများကုန်သွားလျှင် အသုံးပြုတော့မည် မဟုတ်ကြောင်း ကြေညာထားသည်။

ထိုသို့သော ဆုံးဖြတ်ချက်များကြောင့် မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားနေသည့် ပိုမိုကူးစက်လွယ်သော ဒယ်လ်တာ မျိုးကွဲအပေါ် တရုတ်ကာကွယ်ဆေးများ၏ ထိရောက်မှုနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

Sinovac  ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ဘေးကင်းကြောင်း WHO က အတည်မပြုမီ ၄ လအလိုက တရုတ်သည် ရှမ်းနှင့် ကချင်ပြည်နယ်များမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသို့ ပေးထားသည်။

ဇူလိုင်လ နှောင်းပိုင်းတွင် တရုတ်ရောဂါထိန်းချုပ်တားဆီးရေးဌာန ဒုတ်ယညွုန်ကြားရေးမှူးဟောင်း ဒေါက်တာ ဖုန်ကျီကျင်က တရုတ်ကာကွယ်ဆေးများကထုတ်ပေးသည့် ကိုယ်ခံစွမ်းအားသည် အခြားမျိုးကွဲများနှင့်ယှဉ်လျှင် ဒယ်လ်တာမျိုးကွဲအတွက် အာနိသင်နည်းကြောင်း ဝန်ခံခဲ့သည်။ ထို့အပြင် ဟောင်ကောင်တက္ကသိုလ်က ပြုလုပ်သည့် မကြာသေးမီက လေ့လာမှုတခုတွင်လည်း Pfizer-BioNTech ကာကွယ်ဆေက ထုတ်ပေးသော ကိုယ်ခံစွမ်းအားအဆင့်သည် Sinovac ထက် ၁၀ ဆ ပိုများကြောင်း တွေ့ရသည်။

သို့သော်ဘေ့ဂျင်းသည် ၎င်းတို့ကာကွယ်ဆေး သံတမန်လုပ်ငန်းအောင်မြင်မှုကိုသာ ဂရုစိုက်ပြီး ကာကွယ်ဆေး၏ ထိရောက်မှုကို အလေးမထားပေ။ Sinovac ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန် ဘေးကင်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အတည်မပြုမီ ၄ လအလိုက တရုတ်သည် ထိုကာကွယ်ဆေးများကို တရုတ်နယ်စပ် ရှမ်းနှင့် ကချင်ပြည်နယ်များမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသို့ ပေးထားသည်။

မြန်မာနိုင်ငံမှ အကြီးမားဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ၀ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်သည် ၎င်းတို့၏ ကာကွယ်ဆေးအစီအစဉ်ကို ဖေဖေါ်ဝါရီလ နှောင်းပိုင်းက စတင်ကြောင်း WeChat တွင် ထုတ်ပြန်ကြေညာချက်အရ သိရသည်။ ထိုတပ်ဖွဲ့သည် ရှမ်းပြည်နယ် ခရိုင်နှစ်မှ မြို့နယ် ၆ မြို့နယ် ပါဝင်သော ၎င်းတို့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပိုင်နက်အတွင်း လူ ၅၅၀,၀၀၀ နီးပါးကို ကာကွယ်ဆေး ထိုးထားပေးပြီးဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော်ကလည်း ဖေဖေါ်ဝါရီလနှောင်းပိုင်းမှစတင်ပြီး တရုတ်ပြည်မှ ကာကွယ်ဆေးများ ရရှိပြီးနောက် ကချင်ပြည်နယ်မှ ၎င်းတို့ထိန်းချုပ်ဒေသရှိလူ ၃၀,၀၀၀ ကို ကာကွယ်ဆေးထိုးထားပြီးဖြစ်သည်။ ဘေ့ဂျင်းသည် မြန်မာနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် နီးကပ်သော ဆက်သွယ်ရေး ရှိသောကြောင့်သာမက တရုတ်မြန်မာနယ်စပ်တလျှောက် သွားလာနေသော ကာကွယ်ဆေးမထိုးရသေးသူများနှင့် ပတ်သက်သော စိုးရိမ်ပူပန်များကြောင့်ပါ ထိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ကာကွယ်ဆေး အလျှင်အမြန်ပေးပို့ခြင်းဖြစ်သည်။

တရုတ်ကာကွယ်ဆေး ထိုးမည်လော သပိတ်မှောက်မည်လော

စစ်ကောင်စီအောက်တွင် မြန်မာ့နိုင်ငံရေးနှင့် ကျန်းမာရေး အကျပ်အတည်းဖြစ်နေသော်လည်း တရုတ်ကာကွယ်ဆေးနှင့် ပတ်သက်သည့် ပြည်သူလူထုအမြင်မှာ အမျိုးမျိုးဖြစ်နေသည်။ မည်သည့်ဆေးမျှ မထိုးသည်ထက် တရုတ်ဆေးထိုးထားခြင်းသည် ပိုမိုကောင်းမွန်သည်ဟု အချို့က မြင်သော်လည်း အချို့က စစ်ကောင်စီနှင့် ၎င်း၏မဟာမိတ် တရုတ်ကို ဆန့်ကျင်သည့်အနေဖြင့် သာမက ထိုကာကွယ်ဆေး၏ အာနိသင်မှာလည်း အငြင်းပွားဖွယ်ဖြစ်နေသောကြောင့် တရုတ်ကာကွယ်ဆေး ထိုးခံလိုခြင်း မရှိပေ။

သုတေသနလုပ်ငန်းတခုက ကောက်ယူသည့် စစ်တမ်းတွင် ဖြေကြားသူ ၅၅၀၀၀ အနက် ၉၀ ရာခိုင်နှုန်းက တရုတ်ကာကွယ်ဆေးထိုးခံမည်မဟုတ်ကြောင်း ပြောကြားကြသည်။

တရုတ်က စစ်ကောင်စီကို ထောက်ခံကြောင်းပြသလိုက်သောကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး စိတ်ဓါတ်များ မြင့်မားနေသည်။ စစ်ကောင်စီ၏ ကာကွယ်ဆေးထိုး အစီအစဉ်အရ တရုတ်ကာကွယ်ဆေးထိုးခံရန် မခံရန်နှင့် ပတ်သက်ပြီး ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံသားများ၏ သုတေသနလုပ်ငန်းနှစ်ခုက အွန်လိုင်းမှ စစ်တမ်းများကောက်ယူခဲ့သည်။

ထိုသုတေသနလုပ်ငန်းတခုက ကောက်ယူသည့် စစ်တမ်းတွင် ဖြေကြားသူ ၅၅၀၀၀ အနက် ၉၀ ရာခိုင်နှုန်းက ၎င်းတို့သည် အကြောင်းနှစ်ခုကြောင့် တရုတ်ကာကွယ်ဆေးထိုးခံမည်မဟုတ်ကြောင်း ပြောကြားကြသည်။ ပထမအကြောင်းမှာ စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ တရားဝင် အစိုးရမဟုတ်သောကြောင့်ဖြစ်ကြောင်း ၎င်းတို့ပြောကြားသည်။ ဒုတိယအကြောင်းမှာ တရုတ်ကာကွယ်ဆေး၏အာနိသင်ကိုမယုံကြည်ဘဲ ဘေ့ဂျင်းသည် စစ်ကောင်စီကို ထောက်ခံသောကြောင့် တရုတ် ထုတ်ကုန်များကို သပိတ်မှောက်လိုခြင်းကြောင့်ဖြစ်ကြောင်း ၎င်းတို့ပြောသည်။

အခြားသုတေသနလုပ်ငန်းတခုက လူ ၇၀၀၀ ကိုစစ်တမ်းကောက်ယူသည်။ ဖြေဆိုသူများ၏ ၈၇ ရာခိုင်နှုန်းက စစ်ကောင်စီ၏ ကာကွယ်ဆေးထိုး အစီအစဉ်ကို အယုံအကြည်မရှိသောကြောင့် တရုတ်ကာကွယ်ဆေးထိုးခံမည် မဟုတ်ကြောင်းပြောသည်။ ကမ္ဘာ့နေရာအနှံ့အပြားတွင် မအောင်မြင်ကြောင်း သက်သက်ပြနေသောကြောင့် တရုတ်ကာကွယ်ဆေး၏အာနိသင်ကို မယုံကြည်ကြောင်း အားလုံးက ပြောသည်။

ဇူလိုင်လ ၂၇ ရက် နေပြည်တော်တွင် ကျောင်းဆရာမတဦး ပထမဆုံး ကာကွယ်ဆေးထိုးနေစဉ်

Sinopharm နှင့် Sinovac ကာကွယ်ဆေးများ မြန်မာနိုင်ငံသို့ရောက်ရှိကြောင်း ရန်ကုန်ရှိ တရုတ်သံရုံးက ကြေညာသောအခါ Facebook အသုံးပြုသူ ၁၀၀၀ နီးပါးက ၎င်းတို့သည် တရုတ်ကာကွယ်ဆေးထိုးခံမည် မဟုတ်ကြောင်း ရေးသားကြသည်။ မည်သို့ဆိုစေကာမူ စစ်ကောင်စီသည် Sinopharm ကွယ်ဆေးများကို မန္တလေးနှင့် နေပြည်တော်ကဲ့သို့သော မြို့ကြီးများတွင် အသက် ၆၅ နှစ်အထက်ပြည်သူများကို ဦးစားပေး ထိုးပေးသည်။

စစ်ကောင်စီထိန်းချုပ် ရုပ်သံသတင်းအရ မန္တလေးတွင် ပထမ ၃ ရက်အတွင်း ကာကွယ်ဆေးထိုးခံသူ သက်ကြီးရွယ်အို အနည်းငယ်သာရှိကြောင်း သိရသည်။ ထိုနောက် ကာကွယ်ဆေးများကို ရန်ကုန်နှင့် နေပြည်တော်ရှိ ကျောင်းဆရာဆရာမများနှင့် အကျဉ်းသားများကို ထိုးပေးကြောင်းကြေညာသည်။ ကျန်းမာရေ လုပ်သားများနှင့် ဘဏ်လုပ်ငန်းနှင့် လက်လီလက်ကား အရောင်းလုပ်ငန်း အပါအဝင် အရေးပါသော ဝန်ထမ်းများကို ကာကွယ်ဆေးအစီအစဉ်တွင် ဦးစားပေးမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီကကြေညာသည်။

တရုတ်က စစ်ကောင်စီကို ထောက်ခံလို့  ကျနော်ကာကွယ်ဆေးထိုး မခံတော့ဘူး။ သူတို့က ကာကွယ်ဆေးတွေပေးပြီး စစ်ကောင်စီကို တရားဝင်အောင် လုပ်ပေးနေတယ်။ ကျနော် သူတို့ကို မယုံကြည်ဘူး

အိမ်နီးချင်းအများစု ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး စိုးရိမ်နေသောကြောင့် Sinopharm ကာကွယ်ဆေး ထိုးရသည်ကို စိတ်ချမ်းသာကြောင်း မန္တလေးမှ အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတဦးပြောသည်။

“ကျမရဲ့မိတ်ဆွေနှစ်ယောက် ကိုဗစ်နိုင်တင်းကြောင့် သေသွားပြီးပြီ။ ကျမလည်း တော်တော်ကြောက်နေတယ်။ ဒါကြောင့်မို့ ကာကွယ်ဆေးထိုးဖို့ ဆုံးဖြတ်လိုက်တယ်” ဟု သူပြောသည်။

သို့သော် ရန်ကုန်တွင်နေထိုင်သူ အများအပြားသည် တရုတ်ကာကွယ်ဆေးများကို အယုံအကြည်မရှိဘဲ စစ်ကောင်စီကို ဆန့်ကျင်ရန် ကာကွယ်ဆေးကို ငြင်းဆန်ကြသည်။ ကူးစက်မှု ဆိုးဆိုးရွားရွား ခံရသော ရန်ကုန် သာကေတရှိ ဒေသခံတဦးက “ရပ်ကွက်ထဲက အိမ်တိုင်းမှာ တယောက်၊ နှစ်ယောက်လောက် ကိုဗစ်နိုင်တင်း ကူးစက်ခံထားရတယ်။ အခုမှ ကာကွယ်ဆေးထိုးဖို့ဆိုတာ သိပ်နောက်ကျသွားပြီ” ဟု ဧရာဝတီ သတင်းဌာနသို့ပြောသည်။

“ပုဂ္ဂလိက အမြင်အရပြောရရင် တရုတ်က စစ်ကောင်စီကို ထောက်ခံလို့ ကျနော်ကာကွယ်ဆေးထိုး မခံတော့ဘူး။ သူတို့က ကာကွယ်ဆေးတွေပေးပြီး စစ်ကောင်စီကို တရားဝင်အောင် လုပ်ပေးနေတယ်။ ကျနော် သူတို့ကို မယုံကြည်ဘူး” ဟု သူပြောသည်။

လူတိုင်းကာကွယ်ဆေးထိုးသင့်ကြောင်း လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသည့် ကျန်းမာရေးဝန်ထမ်းတဦးဖြစ်သူ ဒေါက်တာ သူဇာအောင်က ပြောသော်လည်း စစ်ကောင်စီ၏ ကာကွယ်ဆေး အစီအစဉ်ကို ကိုဗစ်နိုင်တင်း ကူးစက်မှုကို ထိန်းချုပ်နိုင်မည် မထင်ကြောင်းပြောသည်။

“ဒယ်လ်တာမျိုးကွဲနဲ့ပတ်သက်တဲ့ တရုတ်ကာကွယ်ဆေးတွေရဲ့အာနိသင်ကို အရမ်းကို မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ အာဏာသာ မသိမ်းခဲ့ရင် ကျမတို့ရဲ့ ကာကွယ်ဆေး အစီအစဉ်က အောင်မြင်နိုင်တယ်။ ထောင်နဲ့ချီတဲ့ ပြည်သူတွေ သေသွားခဲ့မှာမဟုတ်ဘူး။ စစ်ကောင်စီကို ထောက်ခံတဲ့ နိုင်ငံက ကာကွယ်ဆေးတွေကိုလည်း အားကိုးနေရမှာ မဟုတ်ဘူး” ဟု သူပြောသည်။

“အခုတော့ ပြည်သူတွေက စစ်ကောင်စီကို အယုံအကြည်မရှိလို့ ကာကွယ်ဆေးထိုး မခံကြတော့ဘူး” ဟုလည်း သူပြောသည်။

ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရက ကိုဗစ်နိုင်တင်းကာကွယ်နိုင်စွမ်း ၉၅ ရာခိုင်နှုန်းရှိသည့် Serum Institute of India ကထုတ်လုပ်သော Covishield ကာကွယ်ဆေးကို အားကိုးသည်။ NLD က ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် ရည်မှန်းချက်ကြီးမားသည့် အစီအစဉ်အရ အိန္ဒိယမှ ကာကွယ်ဆေး သန်း ၃၀ ဝယ်ရန် လွန်ခဲ့သော ဒီဇင်ဘာလက သဘောတူထားသည်။ ဇန်နဝါရီလတွင် အိန္ဒိယမှ ကာကွယ်ဆေး ၁ ဒဿမ ၅ သန်းကို လက်ဆောင်အဖြစ် ပထမဆုံးအကြိမ် ရရှိထားသည်။

ကိုဗစ်နိုင်တင်းကြောင့်သေတဲ့သူ အားလုံးက စစ်ကောင်စီက သတ်လိုက်တာလို့ပဲ ကျနော်သတ်မှတ်တယ်။ အာဏာသာမသိမ်းရင် ဒီလိုအခြေအနေတွေကို ရင်ဆိုင်ရမှာမဟုတ်ဘူး။ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ တိုက်ပွဲမှာ ပြည်သူတွေက အရမ်းကို ပေးဆပ်နေရတယ်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ကမ္ဘာ့ ကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးနှံရေး မဟာမိတ် အဖွဲ့ Global Alliance for Vaccines and Immunisation တို့က စီမံသည့် COVAX ကာကွယ်ဆေး အစီအစဉ်တွင် ပါဝင်ရန်လည်း NLD က လုပ်ဆောင်ထားသည်။ ထိုအစီအစဉ်သည် ဆင်းရဲနွမ်းပါးသော သို့မဟုတ် ဝင်ငွေ အလယ်အလတ်သာရှိသော နိုင်ငံပေါင်း ၉၂ နိုင်ငံမှ ထိခိုက်လွယ်ဆုံးပြည်သူများအတွက် ကာကွယ်ဆေးသန်းပေါင်းများစွာ ထောက်ပံ့ရန် ရည်ရွယ်သည်။

NLD အရပ်သားအစိုးရ၏ အစီအစဉ်မှာ COVAX အရ ကာကွယ်ဆေးဖြင့် လူဦးရေ ၂၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပြီး လူဦးရေ၏ နောက်ထပ် ၂၀ ရာခိုင်နှုန်းကို အစိုးရက ဝယ်ယူသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန တို့က အသိအမှတ်ပြုထားသည့် ကာကွယ်ဆေးများထိုးပေးကာ ၂၀၂၁ ခုနှစ်ကုန်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးရန်ဖြစ်သည်။ သို့သော် အာဏာသိမ်းမှုကြောင့် ထိုအစီအစဉ်များ နိဂုံးချုပ်သွားရသည်။

ယခုအခါ Covishield ကာကွယ်ဆေး ၃ ဒဿမ ၅ သန်းသာ အိန္ဒိယမှ ရရှိသေးကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ကြေညာသည်။ မေလတွင် တရုတ်နိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေး ၅ သိန်းအနက် ၂ သိန်းမှာ စစ်တပ်လက်သို့ရောက်သွားသည်။

ဇူလိုင်လ ၁၈ ရက်နေ့အထိ လူ ၁ ဒဿမ ၆ သန်းကို ကာကွယ်ဆေးထိုးပေးပြီး ဖြစ်ကြောင်း စစ်ကောင်စီကျန်းမာရေး ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းပြောသည်။ ထိုအရေအတွက်မှာ နိုင်ငံလူဦးရေ၏ ၂ ဒဿမ ၅ ရာခိုင်နှုန်းသာရှိသည်။ မတ်လတွင် ရောက်ရှိရမည့် COVAX မှ ကာကွယ်ဆေး ၅ သန်းခွဲလည်း ရောက်ရှိလာခြင်းမရှိပေ။ စစ်ကောင်စီက ၎င်းတို့စီစဉ်ထားသည့် ကာကွယ်ဆေးအစီအစဉ်အသေးစိတ်များကိုပေးပို့ရန် ပျက်ကွက်သောကြောင့် ထိုသို့ နှောင့်နှေးနေခြင်းဖြစ်ကြောင်း COVAX ကပြောသည်။

ထိုသို့ဖြစ်နေသော်လည်း နိုင်ငံလူဦးရေ၏ ၅၀ မှ ၅၅ ရာခိုင်နှုန်းကို ယခုနှစ်အကုန်တွင် ကာကွယ်ဆေးထိုးပြီး ဖြစ်မည်ဟု မျှော်လင့်ကြောင်း ဒေါက်တာသက်ခိုင်ဝင်း ပြောသည်။ ပြည်သူလူထုအနေဖြင့် စစ်ကောင်စီက ပေးသည့် မည်သည့်ကာကွယ်ဆေးမဆိုကို ထိုးရန် စစ်ကောင်စီထိန်းချုပ် သတင်းစာများကလည်း ဆက်လက်တိုက်တွန်းနေသည်။

“ကိုဗစ်နိုင်တင်းကြောင့်သေတဲ့သူ အားလုံးက စစ်ကောင်စီက သတ်လိုက်တာလို့ပဲ ကျနော်သတ်မှတ်တယ်။ အာဏာသာမသိမ်းရင် ဒီလိုအခြေအနေတွေကို ရင်ဆိုင်ရမှာမဟုတ်ဘူး။ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ တိုက်ပွဲမှာ ပြည်သူတွေက အရမ်းကို ပေးဆပ်နေရတယ်” ဟု ဗိုလ်တထောင်မြို့နယ်မှ စီးပွားရေး လုပ်ငန်းရှင် တဦးက ဧရာဝတီသို့ပြောသည်။

“ ကျနော်တို့ဟာ သေမင်းတမန်ဗိုင်းရပ်စ်နဲ့ ရင်ဆိုင်နေရတာကို ကျနော်သိတယ်။ ဒါပေမယ့် ကာကွယ်ဆေးအတွက် စစ်ကောင်စီကို ဒူးထောက်အညံ့ခံမှာ မဟုတ်ဘူး။ ဘယ်တော့မှ အဲဒီလို လုပ်မှာမဟုတ်ဘူး။ ပိုပြီးအရေးကြီးတဲ့အချက်က စစ်ကောင်စီရော၊ တရုတ်ကာကွယ်ဆေးရောကို အယုံအကြည်မရှိဘူး” ဟု သူပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပါ Myanmar Junta Placing False Hopes in China’s Vaccine Diplomacy ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ကိုဗစ်တတိယလှိုင်းကို ဆန်၍ (သို့မဟုတ်) သတင်းထောက်တဦး၏ ကိုယ်ပိုင် ကိုဗစ်အတွေ့အကြုံ

ကိုဗစ်နိုင်တင်းကြောင့် နိုင်ငံတကာအကူအညီ မြန်မာလို

ရန်ကုန်မြို့ပေါ်က အဝါရောင် အလံများ

ဒယ်လ်တာ ကိုဗစ်မျိုးကွဲအကြောင်း သိကောင်းစရာ ၅ ချက်

Your Thoughts …
Tags: SinopharmSinovacကိုဗစ်နိုင်တင်း တတိယလှိုင်းတရုတ် ကာကွယ်ဆေးမျှော်လင့်အားကိုးစရာမြန်မာစစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ

အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ

by ဧရာဝတီ
27 June 2024
2.7k

အီရန်သည် ဆီးရီးယားနှင့် ယီမင်မှ ပြည်တွင်းစစ်များတွင် ပါဝင်သည့် အုပ်စုများနှင့် ယူကရိန်းကျူးကျော်မှုနောက်ပိုင်း ရုရှားသို့ လက်နက်များရောင်းချသည်ဟု စွပ်စွဲခံရသည်။

၂၀၁၉ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အစ္စရေးလက်နက်ပြပွဲတပွဲတွင် မြန်မာစစ်ဗိုလ်ချုပ်တဦးကို တွေ့ရစဉ်/Haaretz

အစ္စရေးဝန်ကြီးဌာနများနှင့် လက်နက်လုပ်ငန်း မြန်မာစစ်ကောင်စီကို စစ်ပစ္စည်းများ ရောင်းချနေ

by ဧရာဝတီ
12 June 2023
9.1k

စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးပေးရန် လူ့အခွင့်အရေးရှေ့နေတဦး ဦးဆောင်သည့်အဖွဲ့တခုက အစ္စရေး ရှေ့နေချုပ်ကို တိုက်တွန်းလိုက်သည်။

ပီတ သည် အိမ်နီးချင်းမှ စစ်ကောင်စီခေါင်းဆောင်များအတွက် စိုးရိမ်စရာဖြစ်နေသည်။

Move Forward ပါတီကို မြန်မာ ဒုစစ်ခေါင်းဆောင် မနှစ်မြို့

by ဧရာဝတီ
23 May 2023
22.7k

ထိုင်း လစ်ဘရယ် တက်ကြွလှုပ်ရှားသူများ၏ ပါတီဖြစ်သည့် Move Forward ပါတီ (MFP) သည် အိမ်နီးချင်းမှ စစ်ကောင်စီခေါင်းဆောင်များအတွက် စိုးရိမ်စရာဖြစ်နေသည်။

PLA တပ်ဖွဲ့ဝင်များ  / The Sangai Express

စစ်ကောင်စီက PDF ကို တိုက်ရာတွင် ကသည်းသူပုန်များသုံးနေ

by ဧရာဝတီ
19 February 2022
23.4k

မြန်မာစစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို နှိမ်နင်းရာတွင် အိန္ဒိယအစိုးရကို လက်နက်ကိုင် တိုက်နေသည့် ကသည်းသူပုန်များအား အသုံးပြုနေသည်။

ထိုင်း ဒုဝန်ကြီးချုပ် ဒွန်ပရာမွတ်ဝီနိုင်/PBS

မြန်မာစစ်ကောင်စီကို လူရာသွင်းသော ထိုင်းနိုင်ငံခြားရေးဝန်ကြီး အပြင်းအထန် ဝေဖန်ခံရ

by ဧရာဝတီ
19 June 2023
6.1k

အရှေ့တောင်အာရှ နိုင်ငံများအသင်းမှ အဓိက နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ မတက်ရောက်ဘဲ လက်ရှိထိုင်းအစိုးရသည် ဝေဖန်ခံနေရသည်။

ဦးပိုင်၏ လုပ်ငန်းခွဲ မြဝတီထရိတ်ဒင်းလီမိတက်ကို ရန်ကုန်ကမ်းနားလမ်းတွင် တွေ့ရစဉ် / ဧရာဝတီ

လုံခြုံရေးစိုးရိမ်သောကြောင့် ဦးပိုင်ရုံးချုပ် နေပြည်တော်ပြောင်းမည်

by ဧရာဝတီ
4 March 2022
17.9k

စစ်ကောင်စီသည် ရန်ကုန်တွင် ၎င်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို စိုးရိမ်နေသည်။

Next Post
ရန်ကုန် ကမာရွတ်မြို့နယ် ထွေအုပ်ရုံ / ဧရာဝတီ

ဝရုန်းသုန်းကား စစ်ကောင်စီ ရပ်/ကျေး အုပ်ချုပ်ရေးယန္တရား

အဆိုတော် မိုင်းမိုင်ဆိုင်း  / Mai Mai Seng's Facebook

PDF တပ်ဖွဲ့ဝင် ဖြစ်ကြောင်း ပရိသတ်ကို အသိပေးခဲ့တဲ့ အဆိုတော် မိုင်းမိုင်ဆိုင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate