• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဘယ်သူကူလို့ ငြိမ်းပါ့မယ်

by ဧရာဝတီ
3 August 2021
in ဆောင်းပါး
A A
ရန်ကုန် ကျည်စုသုဿန်တွင် မီးသင်္ဂြိုဟ်ရန် စောင့်ဆိုင်းနေစဉ်

ရန်ကုန် ကျည်စုသုဿန်တွင် မီးသင်္ဂြိုဟ်ရန် စောင့်ဆိုင်းနေစဉ်

13.4k
VIEWS
Share on FacebookShare on Twitter

အိပ်ခန်းကျဉ်းလေးထဲမှာ အဘိုးအိုတဦး အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ငြိမ်သက်စွာ လဲလျောင်းနေပါတယ်။ သူ့ရဲ့ဇနီးဖြစ်သူ အဘွား ဒေါ်မြင့်စိန် (အမည်လွှဲ) က ဘီးတပ်ကုလားထိုင်ကို ဖြည်းဖြည်းချင်း လှိမ့်လာပြီး အဲဒီအိပ်ခန်း တံခါးဝကနေ အိပ်ယာပေါ်မှာ ပက်လက်ပုံစံ လဲလျောင်းနေတဲ့ ခင်ပွန်းကိုကြည့်ပြီး စကားတွေ ဆိုနေပါတယ်။ ဆေးရုံမှာ နေကောင်းအောင် နေဖို့နဲ့ ဆေးရုံက ဆင်းလာရင် အတူတူ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းကြမယ့် အကြောင်းတွေ မှာပါတယ်။

သူကိုယ်တိုင် ပြင်းထန်တဲ့ ဝေဒနာခံစားနေရပေမယ့် ဆေးရုံကို သွားမယ်ဆိုတဲ့ ခင်ပွန်းကို တတွတ်တွတ်မှာနေတဲ့ အဘွားဖြစ်သူ ရင်ထဲ စိုးရိမ်မှု၊ အားငယ်မှုတွေ ရှိနေတာကို မြင်ရတဲ့အခါ အဘွားရင်ထဲ ဘယ်လောက်ထိ နာကျင် ခံစားရနေမလဲ ဆိုတာကို ဘေးက ရပ်ကြည့်နေကြတဲ့ မိသားစုဝင်တွေလည်း အားလုံး သိနိုင်မယ် မထင်။ အဘွားရဲ့ စကားစ ပြတ်ပြီဆိုတာနဲ့ သူ့အခန်းထဲကို မိသားစုဝင်တွေက ပြန်လည် ပို့ပါတယ်။

RelatedPosts

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
892
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
382
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
3.4k

အဘွား ဒေါ်မြင့်စိန် အခန်းထဲ ပြန်ရောက်သွားပြီဆိုတဲ့ အချိန်မှာပဲ အတူနေ မိသားစုဝင်တွေဟာ အဘိုးရဲ့ အခန်းထဲမှာ အလုပ်ရှုပ်စ ပြုနေပါပြီ။ မျက်နှာမှာ တပ်ထားတဲ့ အောက်ဆီဂျင်ပိုက်နဲ့ mask ကို ဆွဲဖြုတ်၊ ခန္ဓာကိုယ်ကို ပလပ်စတစ်စနဲ့ ပတ်ပြီး သယ်ဆောင်ဖို့ ပြင်ကြပါပြီ။

အဖြစ်မှန်ကိုသိရင် အဘွားဖြစ်သူပါ စိတ်ဓာတ်ကျပြီး ဆုံးသွားမှာကို စိုးရိမ်နေကြတဲ့ မိသားစုဝင်တွေဟာ အဘိုးဖြစ်သူရဲ့ ရုပ်အလောင်း သယ်ထုတ်ဖို့ကို ဇာတ်လမ်းတခု ဖန်တီးပြီး အဖြစ်မှန်ကို ဖုံးကွယ်ခဲ့ကြပါတယ်။

ခုနက အဘွား မှာတမ်းခြွေနေတဲ့ အိပ်ယာပေါ် လဲလျောင်းရက်သား အဘိုးကတော့ သက်မဲ့ခန္ဓာ ဖြစ်နေပါပြီ။ ဒါကို သူမသိရှာပါဘူး။ အဖြစ်မှန်ကိုသိရင် အဘွားဖြစ်သူပါ စိတ်ဓာတ်ကျပြီး ဆုံးသွားမှာကို စိုးရိမ်နေကြတဲ့ မိသားစုဝင်တွေဟာ အဘိုးဖြစ်သူရဲ့ ရုပ်အလောင်း သယ်ထုတ်ဖို့ကို ဇာတ်လမ်းတခု ဖန်တီးပြီး အဖြစ်မှန်ကို ဖုံးကွယ်ခဲ့ကြပါတယ်။

အဘိုးရဲ့ကျန်းမာရေး အခြေအနေ ဆိုးရွားလာလို့ အောက်ဆီဂျင် အလုံအလောက်ရမယ့် ဆေးရုံမှာ ကုသဖို့ ရွှေ့ပြောင်းတော့မှာ ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောဆိုထားတာကြောင့် အောက်ဆီဂျင်ပိုက်တွေ တန်းလန်းနဲ့ ခင်ပွန်းဖြစ်သူဟာ အိပ်ယာပေါ်မှာ ကျန်းမာရေး အခြေအနေကြောင့် မှိန်းနေတယ်အထင်နဲ့ အဖွားဖြစ်သူဟာ မှာကြားနေခဲ့ခြင်းပါ။

အဘွားရဲ့ အားတက်စေမယ့် စကားလေးတွေကို အဘိုး မကြားရတော့သလို အဘွားဟာလည်း သူ့ ယောက်ျားကို နောက်ဆုံး နှုတ်ဆက်ရခြင်း ဖြစ်လိမ့်မယ်လို့ မသိပါဘူး။ ကိုဗစ်ရောဂါဒဏ်ကို မခံစားနိုင်တော့ဘဲ ၇၄ နှစ် အရွယ်ရှိတဲ့ အဘိုးဟာ ချစ်လှစွာသော ဇနီးနဲ့ မိသားစုကို ထားရစ်ခဲ့ပြီး လူ့လောကက ထွက်ခွာသွားပါပြီ။

အဘွားဒေါ်မြင့်စိန် မသိတာက ယောက်ျား သေဆုံးမှုကိုပဲ မဟုတ်ပြန်ပါဘူး။ သူကိုယ်တိုင် ၉ လလွယ် ၁၀ လဖွားခဲ့ရတဲ့ သားဖြစ်သူ သူ့ဘဝထဲက အပြီးပိုင် ထွက်ခွာသွားတာကိုလည်း မသိသေးပြန်ပါဘူး။ သားဖြစ်သူကလည်း ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့ပါတယ်။ ယောက်ျားနဲ့ သားဟာ ၁ ရက်ပဲ ခြားပြီး သူမ ဘဝထဲကနေ အပြီးပိုင် ထွက်သွားတာပါ။

အဘွားရဲ့ အတွေးထဲမှာတော့ ချစ်လှစွာသော ယောက်ျားနဲ့ သားဟာ ဆေးရုံမှာပဲ ရှိနေသေးတယ်ထင်ပြီး နေ့တိုင်းလိုလို လူနာစောင့်တွေကို ဖုန်းဆက် သတင်းမေးနေလေရဲ့။ ဒါပေမယ့် ဖုံးကွယ်ထားတဲ့ ဇာတ်လမ်း တပုဒ်ထဲက ဇာတ်ညွှန်း အတိုင်း ကျန်းကျန်းမာမာ ရှိနေတယ်ဆိုတာကိုပဲ သိခွင့်ရခဲ့တာ ဖြစ်ပါတယ်။

အဘွားကို စောင့်ရှောက်ပေးနေတဲ့ မြေးဖြစ်သူက “သူ့ယောက်ျား ဘယ်လိုနေလဲ၊ သူ့သား ဘယ်လိုနေလဲ နေ့တိုင်း ဖုန်းဆက်ပြီး သတင်းမေးတယ်။ လိမ်လိမ်ပြီးတော့ ပြောရတာပေါ့” လို့ ပြောပြပါတယ်။

ဒါကတော့ ရန်ကုန်တိုင်း သန်လျင်မြို့ နေအိမ်တအိမ်က အဖြစ်အပျက် ဖြစ်ပါတယ်။

အဘိုးနဲ့ အဘွားဟာ ကိုဗစ်ကူးစက်ခံထားရတဲ့ သားဖြစ်သူရဲ့အခြေအနေကို စိုးရိမ်ပြီး လူနာသတင်း သွားမေးရာကနေ ပြန်လာပြီး ရက်ပိုင်းမှာပဲ အသက်ရှုကျပ်တဲ့ ဝေဒနာကို ခံစားရပြီး အိပ်ယာထဲလဲ သွားခဲ့ကြရတာ ဖြစ်ပါတယ်။

ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့ အိမ်မှာပဲ အခန်းခွဲနေပြီး အောက်ဆီဂျင်ရဖို့ ကြိုးပမ်းခဲ့ကြရပါတယ်။ မိသားစုဝင်တွေက အောက်ဆီဂျင် အလျင်မှီဖို့ အစွန်းကုန်ကြိုးစားပေးခဲ့ကြပေမယ့် အောက်ဆီဂျင်ဘူးကို စောင့်နေရင်းမှာပဲ အဘိုးဆုံးသွားခဲ့ရရှာပါတယ်။

အဘိုးဆုံးပြီး ဆယ်မိနစ်အကြာမှာတော့ အိမ်ရှေ့ကို သူတို့ အသည်းအသန် ရှာနေခဲ့ရတဲ့ အောက်ဆီဂျင်ဗူး ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း အချိန်က နှောင်းသွားခဲ့ပါပြီ။

ဆိုးဝါးပြင်းထန်လှတဲ့ ကိုဗစ်တတိယလှိုင်းမှာ လူထောင်ပေါင်းများစွာ ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးနေကြရတာကြောင့် မိသားစု ထောင်ပေါင်းများစွာဟာ ကိုယ်ရဲ့ချစ်ခင်ရင်းနှီး တန်ဖိုးထားရသမျှ လူတွေကို လက်လွတ် ဆုံးရှုံးနေရပါတယ်။

ဆိုးဝါးပြင်းထန်လှတဲ့ ကိုဗစ်တတိယလှိုင်းမှာ လူထောင်ပေါင်းများစွာ ကိုဗစ်ကြောင့် နေ့စဉ် သေဆုံးနေကြရတာကြောင့် မိသားစု ထောင်ပေါင်းများစွာဟာ ကိုယ်ရဲ့ချစ်ခင်ရင်းနှီး တန်ဖိုးထားရသမျှ လူတွေကို လက်လွတ် ဆုံးရှုံးနေရပါတယ်။

ဒီလို ဆုံးရှုံံးခဲ့ရသူတွေထဲမှာ ရန်ကုန်မြို့မှာ နေထိုင်တဲ့ မထက်ထက်လည်း အပါအဝင် ဖြစ်ပါတယ်။

မထက်ထက်ဟာ တနင်္ဂနွေနေ့မှာ တခြား ပုံမှန် အားလပ်ရက်တွေလိုပဲ မိဘတွေဆီ သွားလည်ပတ်ပြီး တနေ့တာ ကုန်ဆုံးခဲ့ ပါတယ်။ အဲဒီ မနက်မှာ ချောင်းအနည်းငယ် ဆိုးတာကလွဲလို့ တခြား ကျန်းမာရေး ချို့ယွင်းတာလည်း မရှိဘူးဆိုတော့ ကိုဗစ်လို့ သူမထင်ခဲ့ပါဘူး။

ဒါပေမယ့် သူမ သွားပြီးတဲ့ နောက်ရက်တွေမှာ အဖေနဲ့ အမေဟာ ဖျားနာလာပြီး ဇူလိုင်လ ၁၅ ရက်မှာတော့ သူ့ရဲ့ ဖခင်ဟာ ကိုဗစ်ရောဂါလက္ခဏာတွေနဲ့ ဆုံးပါးခဲ့ရပါတော့တယ်။

ဒီအကြောင်းကို ပြန်ပြောင်း ပြောပြနေတုန်းမှာ သူ့အသံတွေဟာ ဆို့နင့်နေပါတယ်။

ကိုဗစ်တတိယလှိုင်း ရိုက်ခတ်မှုမှာ မထက်လို အဖေ ဆုံးရှုံးရတဲ့ လူတွေရှိသလို ဒါမှမဟုတ်ရင် အမေ၊ ဒါမှ မဟုတ်ရင်လည်း သား၊ သမီး စသဖြင့် မိသားစု ထမင်းဝိုင်းတွေဟာ အပြီးတိုင် လက်မစုံရတော့သလို၊ အိပ်ရာတွေဟာလည်း နေရာ လွတ်ကုန်ပါပြီ။

သေနှင့်သူတွေ သေကြပေမယ့် ကျန်ရစ်သူတွေက ဖြည်မဆည်နိုင်ကြပါဘူး။

ရန်ကုန် ရေဝေးသုဿန်တွင် မီးသင်္ဂြိုဟ်ရန် တန်းစီနေစဉ်

“ကျမ ဖြည်မဆည်နိုင်ဘူး အမေအတွက် အားတင်းပြီးတော့ နေတယ်။ ကျမ မျက်စိရှေ့မှာပဲ အဖေ အသက်ဆုံးပါးသွားတာကို ထိုင်ကြည့်နေလိုက်ရတယ်ပေါ့။ ဖြည်မဆည်နိုင်ပါဘူး” လို့ မထက်ထက်က ရှိုက်သံတဝက်နဲ့ ပြောပြပါတယ်။

ဒီလို ဖြည်မဆည်နိုင်တဲ့ အကြောင်းအရင်းတွေထဲက တချက်ကတော့ သွားလေသူ မိသားစုဝင်အတွက် ကောင်းမွန်တဲ့ ဆေးကုသမှု မပေးနိုင်ခဲ့လို့ပါပဲ။

မထက်ထက်ဟာ ဆိုရင် ဖခင်အတွက် ဆရာဝန် ရရှိရေးကို ကြိုးစားခဲ့ပေမယ့် အသက်ဆုံးပါးသွားသည့်တိုင်အောင် ဆရာဝန် မရရှိခဲ့ပါဘူး။ ဆေးရုံတင်ကုသဖို့ အတွက်ကလည်း လူနာတင်ယာဉ် ခေါ်ယူရေးမှာတင် စတင်ပြီးတော့ အခက်အခဲ ဖြစ်နေ ပါပြီ။ ဆေးရုံတွေကလည်း သွားမယ်ဆိုရင်တောင် လက်ခံမပေးတော့တဲ့ အခြေအနေပါ။

ဒီလိုပါပဲ၊ အဘွား ဒေါ်မြင့်စိန်ရဲ့သားဖြစ်သူဟာလည်း စစ်ဆေးရုံမှာ ၄ ရက်လောက် ဆေးရုံတက်ရောက်ခွင့် ရခဲ့ပေမယ့် အောက်ဆီဂျင် မလောက်ငှလို့ အောက်ဆီဂျင် လျှော့ပေးခိုင်းရာကနေ အသက်သေဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်။

မိသားစုဝင်တွေကို တဖြုတ်ဖြုတ်နဲ့ လက်လွှတ်ဆုံးရှုံးနေရတဲ့ ကိုဗစ်တတိယလှိုင်းမှာ ရန်ကုန်တိုင်းမှာတင် နေ့စဉ် လူ ထောင်နဲ့ချီ သေဆုံးနေပေမယ့် စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ဆယ်ဂဏန်းမျှသာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို မိသားစုဝင်တွေကို တဖြုတ်ဖြုတ်နဲ့ လက်လွှတ်ဆုံးရှုံးနေရတဲ့ ကိုဗစ်တတိယလှိုင်းမှာ ရန်ကုန်တိုင်းမှာတင် နေ့စဉ် လူ ထောင်နဲ့ချီ သေဆုံးနေပေမယ့် စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနကတော့ ဆယ်ဂဏန်းမျှသာ ထုတ်ပြန်ခဲ့ပါတယ်။

အများစုဟာ အသက်ရှုကျပ်ခြင်း၊ အောက်ဆီဂျင် ကျဆင်းခြင်း စတဲ့ ကိုဗစ်ရောဂါ လက္ခဏာတွေနဲ့ သေဆုံးသူတွေ ဖြစ်ပြီး ဆေးရုံနဲ့ ကိုဗစ်ကုသရေး စင်တာများက လက်မခံကြတာကြောင့် အိမ်မှာ ကုသရတာရဲ့ နောက်ဆက်တွွဲဲ ဖြစ်ရပ်တွေပဲ ဖြစ်ပါတယ်။

လက်ရှိ နိုင်ငံတော်အာဏာကို သိမ်းထားတဲ့ စစ်ကောင်စီဟာ ပြည်သူလူထုကို ကုသ မပေးရုံတင် မကပါဘူး။ ပုဂ္ဂလိက အောက်ဆီဂျင် ဖြန့်ချိမှုတွေ၊ တင်သွင်းမှုတွေကိုလည်း နည်းအမျိုးမျိုးနဲ့ ကန့်သတ် ထိန်းချုပ်တာတွေကြောင့်လည်း အောက်ဆီဂျင်လိုအပ်မှု ပြဿနာတွေနဲ့ လူပေါင်းများစွာ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့ပြင် ကူးစက်သူတွေနဲ့ ဆက်စပ်ထိတွေ့သူတွေကို ရှာဖွေပြီး အသွားအလာ ကန့်သတ်တဲ့ တာဝန်ကိုလည်း စစ်ကောင်စီက အာရုံထားပြီး လုပ်ဆောင်တာ မရှိပါဘူး။ စစ်တပ် အာဏာသိမ်းယူထားတဲ့ ကာလမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်တတိယလှိုင်း တွင်း သေဆုံးသူ အရေအတွက်ဟာ ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွေမှာ သေဆုံးခဲ့သူ အရေအတွက် ထက် ကျော်လွန်နေပါပြီ။

ပထမလှိုင်းနှင့် ဒုတိယလှိုင်းဖြစ်ပေါ်တဲ့ ကာလတလျှောက်လုံးမှာ သေဆုံးခဲ့သူ ၃,၂၁၆ ဦး ရှိခဲ့ပေမယ့် အခု တတိယလှိုင်း ကာလ ၂ လအတွင်း သေဆုံးသူ ၆,၀၀၀ ကျော်အထိ ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီကိန်းဂဏန်းဟာဆိုရင် စစ်ကောင်စီ လက်အောက်မှာရှိတဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်နေတဲ့ အရေအတွက်ကိုပဲ တွက်ချက်ထားတာ ဖြစ်ပါတယ်။ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ကိန်းဂဏန်းတွေဟာ မြေပြင်မှာ တကယ် ဖြစ်ပျက်နေတာတွေရဲ့ တစိတ်တဒေသသာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ လူတိုင်းကိုဗစ် ကူးစက်ခံရနိုင်တဲ့ အခြေအနေရှိသလို ကိုယ်ခံအား နည်းသူတွေ ဆက်လက် ကြွေလွင့်နေရဦးမယ့် အခြေအနေရှိနေပါတယ်။

လက်ရှိ အခြေအနေတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ လူတိုင်းကိုဗစ် ကူးစက်ခံရနိုင်တဲ့ အခြေအနေရှိသလို ကိုယ်ခံအား နည်းသူတွေ ဆက်လက် ကြွေလွင့်နေရဦးမယ့် အခြေအနေရှိနေတယ်လို့ စိတ်မသက်သာစွာနဲ့ သုံးသပ်ကြတာတွေ ရှိပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ် Barbara Woodward ကတော့ အာဏာသိမ်း စစ်ကောင်စီအောက် ကျန်းမာရေး ယန္တရားတခုလုံး ပျက်စီးနေတဲ့ မြန်မာနိုင်ငံမှာ သြဂုတ်လလယ်ပိုင်း အတွင်း နိုင်ငံရဲ့ လူဦးရေ ထက်ဝက်လောက် ကိုဗစ် ကပ်ရောဂါ ကူးစက်နိုင်ဖွယ်ရှိတယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအပေါ် အခြေခံပြီး တွက်ချက်ရင်တောင် ပိုးတွေ့ရှိမှုနှုန်း ၃၃ ရာခိုင်နှုန်းရှိနေပြီမို့ လူသုံးယောက်မှာ တယောက်က ပိုးကူးခံနေရပြီဆိုတဲ့ သဘောပါ။

စစ်ကောင်စီကတော့ ထိန်းချုပ် ကုသမှုတွေ တိုးမြှင့်ရမယ့် အစား၊ Quarantine Center တွေ ဆောက်ရမယ့်အစား ပိုမို လွယ်ကူပြီး ကုန်ကျစရိတ်သက်သာတဲ့ မီးသဂြိုဟ်စက်တွေကိုသာ ထပ်မံ ဆောက်နေပါတယ်။ ရန်ကုန်တိုင်းမှာ တနေ့ တည်း လူ ၃,၀၀၀ ကျော်အထိ သဂြိုဟ်နိုင်မယ့် မီးဖိုတွေကို ထပ်တိုးဆောက်နေတယ်လို့ စစ်ကောင်စီလက်အောက်က မီဒီယာကနေ ကြေညာလိုက်ပါသေးတယ်။

စစ်ကောင်စီဟာ အဘွား ဒေါ်မြင့်စိန်နဲ့ မထက်ထက် တို့လို ချစ်သူတွေနဲ့ ပြန်မဆုံနိုင်တော့အောင် ဝေးခဲ့ကြရတဲ့သူတွေ လောင်မြိုက်နေတဲ့ ရင်တွင်းအပူမီးကို မငြှိမ်းသတ်ရုံမက ပိုမိုလောင်မြိုက်စေပါတယ်။

You may also like these stories:

တရုတ် ကာကွယ်ဆေးသာ မြန်မာစစ်ကောင်စီ မျှော်လင့်အားကိုးစရာ ဖြစ်နေ

ကိုဗစ်တတိယလှိုင်းကို ဆန်၍ (သို့မဟုတ်) သတင်းထောက်တဦး၏ ကိုယ်ပိုင် ကိုဗစ်အတွေ့အကြုံ

ကိုဗစ်နိုင်တင်းကြောင့် နိုင်ငံတကာအကူအညီ မြန်မာလို

ရန်ကုန်မြို့ပေါ်က အဝါရောင် အလံများ

Your Thoughts …
Tags: ကိုဗစ်ရောဂါစစ်ကောင်စီအောက်ဆီဂျင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သြဂုတ်လ ၁ရက်မှစကာ အသက် ၆၅နှစ် အထိက လူကြီးများကို ဦးစားပေးကာ ကိုဗစ်ကာကွယ်ဆေး ထိုးနေစဉ်  / ဧရာဝတီ

စက်တင်ဘာလ အလယ်လောက်အထိ သတိနဲ့ နေရမယ်

ဧပြီလအတွင်း ဂျကာတာတွင် ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေး

မြန်မာဆိုင်ရာ အထူးသံတမန် အတည်ပြုရေး ASEAN စောင့်ဆိုင်းနေ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate