ယခု ကျင်းပနေသည့် ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံဆိုင်ရာ ASEAN အထူးသံတမန်၏ အမည်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ကုလသမဂ္ဂ၊ အမေရိကန်၊ တရုတ်၊ ဂျပန် စသည်တို့က ကြိုဆိုကြောင်း အသီးသီး ထုတ်ပြန်ကြသည်။ မူလက တနင်္လာနေ့တွင် ထုတ်ပြန်ရန် စီစဉ်ထားသည့် ထိုကြေညာချက်မှာ မြန်မာက ASEAN ၏ ဘုံရွေးချယ်မှုကို တိုက်ခိုက်လိုက်သောကြောင့် နှောင့်နှေးသွားသည်။ ဧရာဝတီသတင်းဌာနသည် နောက်ကွယ်တွင် မည်သည်တို့ ဖြစ်ပျက်နေသည်ကို သိရှိရန် ASEAN တခုလုံးမှ ရင်းမြစ်များကို တွေ့ဆုံမေးမြန်းခဲ့သည်။
ASEAN အတွင်းရေးမှူးချုပ် ဒါတို လင် ဂျော့ ဟွိုင်နှင့် ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီး (၂) အာရီဝန် ယူဆွတ်တို့သည် ASEAN အထူးကိုယ်စားလှယ်နှင့် အကြံပေးအဖွဲ့ခန့်အပ်ရေးကို ဆွေးနွေးရန် ဇွန်လ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် နေပြည်တော်သို့ သွားရောက်ကြသည်။ ဘရူနိုင်းနိုင်ငံသည် ASEAN အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေသော နိုင်ငံဖြစ်သည်။ ASEAN အဖွဲ့ဝင်နိုင်ငံများက ပြုစုထားသည့် အထူးကိုယ်စာလှယ်လောင်းများ စာရင်းကို စဉ်းစားရန် ပေးအပ်ခဲ့သည်။ ထိုအထူးသံတမန်လောင်းများအနက် စဉ်းစားရန် အကောင်းဆုံး နှစ်ဦးပေါ်ပေါက်လာသည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းဟက်ဆန် ဝီရာယုဒနှင့် ထိုင်း ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဗီရာဆက် ဖူထရာကူ တို့ဖြစ်သည်။
ASEAN ဥက္ကဌက တစုံတရာ ထုတ်ဖေါ်ပြောဆိုခြင်းမပြုသော်လည်း နေပြည်တော် ခရီးစဉ်အပြီး မြန်မာနိုင်ငံသည် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုအရ ဗီရာဆက်ကို ပိုမိုလိုလားသည်ဟု စင်္ကာပူတွင် သတင်းများထွက်ပေါ်လာသည်။ သူသည် ၁၉၉၀ ခုနှစ်များအလယ်က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ် အဖြစ်တာဝန်ယူဖူးသည်။ ထိုသတင်းကြောင့် ဟက်ဆန်ကို ထောက်ခံသည့် အင်ဒိုနီးရှားတွင် မျက်ခုံးပင့်စရာဖြစ်ရသည်။
တရုတ်နိုင်ငံ ချုံချင့်တွင် ဇွန်လ ၈ ရက်နေ့က ကျင်းပသည့် တရုတ်- ASEAN အထူးအစည်းအဝေး၏ သီခြားအစည်းအဝေးတခုတွင် မြန်မာနိုင်ငံအခြေအနေကို ASEAN နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးသောအခါ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နေပြည်တော်သည် ဗီရာဆက်ကို အထူးသံတမန်အဖြစ် ထောက်ခံကြောင်းပြောသည်။ သို့သော် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီက ဟက်ဆန် ကိုခန့်အပ်ရေးကိုသာ ဆက်လက်တွန်းအားပေးသည်။ ASEAN သတင်းရင်းမြစ်အများအပြား၏ အဆိုအရ မလေးရှားနိုင်ငံကလည်း မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဟောင်း တဦးဖြစ်သူ ဝါရင့်မလေးရှား သံတမန် ရာဇလီ အစ္စမေးလ်အမည်ကို တင်သွင်းပြီး အခြေအနေကို ပိုမိုရှုပ်ထွေးစေသည်ဟု ဆိုသည်။
ASEAN အထူးသံတမန်သည် လူတဦးတယောက် မဖြစ်သင့်ဘဲ တာဝန်အမျိုးမျိုးယူကြမည့် သံတမန်အဖွဲ့တဖွဲ့ဖြစ်သင့်သည်ဆိုသည့် ထိုင်းနိုင်ငံက ယူဆသည်။
ASEAN အထူးသံတမန်သည် လူတဦးတယောက် မဖြစ်သင့်ဘဲ တာဝန်အမျိုးမျိုးယူကြမည့် သံတမန်အဖွဲ့တဖွဲ့ဖြစ်သင့်သည်ဆိုသည့် ထိုင်းနိုင်ငံ၏ အယူအဆကို အထက်ပါ သီးခြားအစည်းအဝေးတွင်ပင် မြန်မာနိုင်ငံသို့ ပြောဆို ဆွေးနွေးကြသည်ဟု ဆိုသည်။ အဆိုပြုချက်သစ် ဖြစ်သောကြောင့် ထိုကိစ္စကို ဆုံးဖြတ်ချက်မချမီ စစ်ကောင်စီလက်ခံရန် လိုကြောင်း ဦးဝဏ္ဏမောင်လွင်က ထိုအစည်းအဝေးတွင် ပြောကြားသည်။ ထို့ကြောင့် အထူးသံတမန်ခန့်အပ်ရေးသည် ပိုမိုနှောင့်နှေးသွားပြီး ASEAN ဥက္ကဋ္ဌသည် အသင့်တော်ဆုံး အထူးကိုယ်စားလှယ်လောင်း မည်သူဖြစ်သင့်သည်ကို ထပ်မံစဉ်းစားရသည်။ နောက်ဆုံးတွင် မည်သို့ရှေ့ဆက်မည်နှင့် ပတ်သက်သည့် မည်သည့်ဘုံသဘောတူညီချက်မျှ မရပေ။
ချုံချင့်အစည်းအဝေးသည် အထူးသံတမန် ရွေးချယ်မှုနှင့်ပတ်သက်ပြီး ASEAN နှင့်နေပြည်တော်အကြားတွင်သာမက ASEAN အဖွဲ့ဝင်များ အကြားတွင်ပါ ရှည်ကြာသော အားပြိုင်မှုကိုဖြစ်စေသည်။ ထိုအားပြိုင်မှုတလျှောက်လုံးတွင် ASEAN ဥက္ကဋ္ဌသည် ထိုကိစ္စတွင် ဆုံးဖြတ်ပိုင်ခွင့် ရှိသော်လည်း ASEAN အဖွဲ့ဝင်များ၏ မည်သည့် သုံးသပ်ချက်ကိုမျှ ပယ်ချရန် စိတ်ထက်သန်ခြင်း မရှိပေ။ ထိုအချက်သည်လည်း အထူးသံတမန်ရွေးချယ်ရေးကို နှောင့်နှေးစေသည့် အကြောင်းရင်းများအနက် တခုဖြစ်နေသည်။
အခြေအနေကို ပိုမိုရှုပ်ထွေးသွားစေသည်မှာ ဇွန်လနှောင်းပိုင်းနှင့် ဇူလိုင်လအစောပိုင်းများတွင် ASEAN ဥက္ကဋ္ဌသည် ရာမာဒန် ဥပုသ်အစဉ်အလာများကို စောင့်ထိန်းနေခြင်းနှင့် စက်မှုထိပ်သီး ၇ နိုင်ငံနှင့် စက်မှုထိပ်သီးနိုင်ငံ ၂၀ အစည်းအဝေးများကို တက်ရောက်ရခြင်း ဖြစ်သည်။
ဇူလိုင်လ ၁၃ ရက်နေ့တွင် ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ASEAN-အမေရိကန် ဝန်ကြီးအဆင့် အထူးအစည်းအဝေး၏ သီးခြားအစည်းအဝေးတွင် ထပ်မံတွေ့ဆုံကြသည်။ ASEAN အထူးသံတမန် ရွေးချယ်ရေးကို ထပ်မံဆွေးနွေးကြပြီး ထိုသို့ဆွေးနွေးရာတွင် မြန်မာနိုင်ငံပါဝင်ခြင်း မရှိတော့ပေ။ ထိုအခါတွင်မူ ၎င်းတို့က အာရီဝမ်သည် ASEAN ၏ အထူးကိုယ်စားလှယ်ရာထူးကို တာဝန်ယူမည်ဟု သဘောတူလိုက်ကြသည်။
အဆင့်မြင့်သတင်းရင်းမြစ်တခု၏ အဆိုအရ ASEAN ဥက္ကဋ္ဌ အနေဖြင့် လုပ်ကိုင်ဆောင်ရွက်ရန် လွယ်ကူစေရေး ထိုင်းနိုင်ငံက ဗီရာဆက်၏ အမည်ကို ပြန်လည်ရုတ်သိမ်းရန် ထိုအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်ဟုဆိုသည်။ အာရီဝန်နှင့်ပတ်သက်သည့် ဘုံသဘောတူညီချက်ရသောအခါ ရက်နိုကလည်းနောက်ဆုံးတွင် အလျှော့ပေးပြီး ဘရူနိုင်းနိုင်ငံသည် အထူးသံတမန်အဖွဲ့ကို ဦးဆောင်သူ ရုတ်တရက်ဖြစ်သွားပြီး ဟက်ဆန်၊ ဗီရာဆက်နှင့် ရာဇလီတို့က အကြံပေးများအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။ ထို ၃ ဦးကလည်း ထိုအဆိုပြုချက်ကို လက်ခံကြသည်။ ထို့အပြင် လာမည့် ASEAN ဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့် သံတမန်တဦးလည်း ပါဝင်ဦးမည်ဖြစ်သည်။
နောက်ဆုံးတွင် ဘရူနိုင်းနိုင်ငံသည် အထူးသံတမန်အဖွဲ့ကို ဦးဆောင်သူ ရုတ်တရက်ဖြစ်သွားပြီး ဟက်ဆန်၊ ဗီရာဆက်နှင့် ရာဇလီတို့က အကြံပေးများအဖြစ် ဆောင်ရွက်ကြမည်ဖြစ်သည်။ လာမည့် ASEAN ဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့် သံတမန်တဦးလည်း ပါဝင်ဦးမည်ဖြစ်သည်။
သို့သော် ယခုအပတ် ASEAN အစည်းအဝေးမကျင်းပမီ ၂ ရက်အလိုတွင် မြန်မာ စစ်ခေါင်းဆောင်က ဗီရာဆက်ကို ပိုမိုနှစ်သက်ကြောင်း ပြောကြားပြီး ASEAN ၏ အဆိုပြုချက်သစ်သည် ရှေ့ဆက်ရန် မဖြစ်နိုင်သည့် အဆိုပြုချက်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ သို့သော် နောက်ဆုံးတွင် အာရီဝန်သည် ASEAN အထူးသံတမန်အဖွဲ့ကို ဦးဆောင်မည် ဆိုသည်ကို မြန်မာနိုင်ငံက လက်ခံလိုက်သည်။ ယခုအခါ အာရီဝန် ဦးဆောင်စေမည့် အဖွဲ့က အိမ်စောင့်အစိုးရဖွဲ့ပြီး ဝန်ကြီးချုပ်ရာထူးယူထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မည်သို့မည်ပုံ ဆက်ဆံမည်မှာ စိတ်ဝင်စားစရာ ဖြစ်သည်။
တနင်္လာနေ့ အစည်းအဝေးတွင် မြန်မာနိုင်ငံသည် ASEAN အပေါ် တင်းမာသော သဘောထားပြသည်။ အထူးသဖြင့် ထိုနေ့က ထုတ်ပြန်ရန် စီစဉ်ထားသည့် ပူးတွဲကြေညာချက် မူကြမ်းရေးဆွဲရေးတွင် တင်းမာသော သဘောထားရှိသောကြောင့် ထပ်မံနှောင့်နှေးရပြန်သည်။ အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံခြားသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို လွှတ်ပေးရန်ကတိကို ASEAN အဖွဲ့ဝင်များက မြန်မာထံမှ ရယူလိုသည်။ ထို့အပြင် မြန်မာအကျပ်အတည်းဖြေရှင်းရေးအတွက် ဧပြီလက သဘောတူထားသည့် ASEAN ဘုံသဘောတူညီချက် ၅ ချက်ကို အလျှင်အမြန်နှင့် ထိထိရောက်ရောက် အကောင်အထည်ဖေါ်ရေးတောင်းဆိုသည့် စာကြောင်း တကြောင်းကိုလည်း ကြေညာချက်တွင် ထည့်သွင်းလိုကြသည်။
ASEAN ၏ အားထုတ်မှုများအပေါ် နေပြည်တော်၏ တုံ့ပြန်မှုကို စိတ်ပျက်ကြောင်းလည်း သတင်းရင်းမြစ်များက ဆိုသည်။ ASEAN ဥက္ကဋ္ဌက နေပြည်တော်နှင့် အဆက်ဖြတ်မည့် စာကြောင်းတကြောင်းထည့်ရန်ပင် ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။
မြန်မာစစ်ကောင်စီနှင့် ၆ လကြာ ထိတွေ့ဆက်ဆံပြီးနောက် ASEAN ဥက္ကဋ္ဌသည် သက်ဆိုင်သူအားလုံး၏ ယုံကြည်မှုကို ရလိုသောကြောင့် လိုအပ်သော သင့်တင့်သည့် သတိဖြင့် ဆုံးဖြတ်ချက်များ ချသည်။ လက်ရှိအကျပ်အတည်းကို အဆုံးသတ်ရန် ASEAN ၏ အားထုတ်မှုများအပေါ် နေပြည်တော်၏ တုံ့ပြန်မှုကို စိတ်ပျက်ကြောင်းလည်း သတင်းရင်းမြစ်များက ဆိုသည်။ ASEAN ဥက္ကဋ္ဌက နေပြည်တော်နှင့် အဆက်ဖြတ်မည့် စာကြောင်းတကြောင်းထည့်ရန်ပင် ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။
ASEAN နိုင်ငံခြားရေး ဝန်ကြီးများသည် အာရီဝန်၏ ခေါင်းဆောင်မှုကို အလျှင်အမြန်အတည်ပြုပြီး ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖေါ်ရန် ဆက်လက်လုပ်ဆောင်မည်ဟု မျှော်လင့်ရသည်။ အထူးသဖြင့် နိုင်ငံတွင်ပေါ်ပေါက်နေသည့် လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းရန် ASEAN အဖွဲ့တဖွဲ့ကို မြေပြင်သို့စေလွှတ်ရေးကို လုပ်ကိုင်မည်ဟု မျှော်လင့်ရသည်။ ထိုလူသားချင်းစာနာမှုအကျပ်အတည်းမှာ ကျန်းမာရေးစနစ်ပြိုလဲပြီး ကိုဗစ်နိုင်တင်း ကူးစက်မှု မြင့်မားနေသောကြောင့် ပိုမိုဆိုးရွားနေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Explained: The Tussle Over ASEAN’s Special Envoy to Myanmar ကို ဘာသာပြန်ဆို ဖြည့်စွက်ရေးသားသည်။)
မြန်မာ့အရေး အာဆီယံ အထူးကိုယ်စားလှယ်ကို စိန်ခေါ်ချက်များ စောင့်ကြို
မြန်မာ ရွေးကောက်ပွဲအစီအစဉ် အမေရိကန် လက်မခံ