• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဂန္ထဝင် အငြိမ့်မင်းသမီးကြီး ပန်တျာတင်တင်မြင့်ရဲ့ ဘဝဇာတ်ကြောင်း

by ဧရာဝတီ
11 August 2021
in ဆောင်းပါး
A A
ကွယ်လွန်သူ မင်းသမီးကြီး ပန်တျာတင်တင်မြင့်

ကွယ်လွန်သူ မင်းသမီးကြီး ပန်တျာတင်တင်မြင့်

29.5k
VIEWS
Share on FacebookShare on Twitter

အငြိမ့်တခေတ်ရဲ့ “ဂန္ထဝင် မင်းသမီးကြီး”လို့ တင်စားရလောက်တဲ့ အငြိမ့်မင်းသမီးကြီး ပန်တျာတင်တင်မြင့်ဟာ သြဂုတ်လ ၆ ရက်နေ့က အဆုတ်ကင်ဆာ ရောဂါကြောင့် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီးကြီး ပန်တျာတင်တင်မြင့်ဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက အဆုတ်ကင်ဆာရောဂါကို ခံစားနေရသူ ဖြစ်ပါတယ်။

RelatedPosts

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
2.1k
မြိတ်မြို့

မြိတ်မြို့

11 May 2025
539
တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

10 May 2025
1.4k

“လက်ကြိုးကောက်တော့ လက်မြှောက်၊ ခြေကြိုးရုတ်တော့ ခြေလှုပ်၊ ဘဝ မိုးမသောက်ခင် ကကြိုးလေးတွေ မပျောက်တဲ့ ရွှေမင်းသမီးလေးရယ်”လို့ တင်စားခံရတဲ့ ဂန္ထဝင် အငြိမ့်မင်းသမီးကြီး ပန်တျာ တင်တင်မြင့်ဟာ “ပါးမှာနံ့သာ ခါးမှာပဝါ”ဆိုတဲ့ အငြိမ့်သီချင်းနဲ့ လူသိများပါတယ်။

ပန်တျာတင်တင်မြင့်ရဲ့ ဘဝအစ

အငြိမ့်မင်းသမီးကြီး ပန်တျာတင်တင်မြင့်

အဖ ဦးသိုက်၊ အမိ ဒေါ်ကြည်ညွန့်တို့မှ ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ ပန်တျာတင်တင်မြင့်အား ကြည့်မြင်တိုင် တဖက်ကမ်းရှိ ခလောက်ချိုင်ရွာတွင် မွေးဖွားခဲ့ပြီး၊ မွေးချင်း ၆ ယောက်အနက် စတုတ္ထသမီး ဖြစ်ပါတယ်။

ပန်တျာတင်တင်မြင့်ဟာ အသက် ၁၀ နှစ်သမီး အရွယ်ကတည်းက အနုပညာကို ဝါသနာပါခဲ့ပြီး၊ အနုပညာမျိုးရိုး မရှိခဲ့ပါဘူး။ မိခင်ဟာ သူ့ကို ပညာတတ်တယောက် ဖြစ်စေချင်ပြီး၊ မိဘများ မသိအောင် ခိုးကြောင် ခိုးဝှက် အနုပညာကို သင်ယူခဲ့ရသူ ဖြစ်ပါတယ်။

မိဘများက ကျောင်းပို့ခဲ့ပေမယ့် ငယ်စဉ်က ကျောင်းမှန်မှန် မတက်ဘဲ ကျောင်းလွယ်အိတ်ကို နီးစပ်ရာ မုန့်ဆိုင်မှာ အပ်ပြီး၊ ပလုတ်တုတ် တီးဝိုင်းနဲ့ အလှူခံရာနောက်ကို တောက်လျှောက် လိုက်ကခဲ့ပါတယ်။

ပန်တျာတင်တင်မြင့်ရဲ့ ဘဝတလျှောက်မှာ အနုပညာနဲ့ ပတ်သက်ပြီး အနိမ့်အမြင့်၊ အကွေ့အကောက်၊ အချိုးအကွေ့၊ အခက်အခဲ များလွန်းခဲ့ပြီး၊ အနုပညာလောကမှာ အငြိမ့်လောကရဲ့ မိခင်ကြီးအဖြစ် အထူးအောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်။

အငြိမ့်မင်းသမီးကြီး ပန်တျာတင်တင်မြင့်

ပန်တျာတင်တင်မြင့်ဟာ အတန်းပညာအနေနဲ့ ဒုတိယတန်းအထိသာ ပညာသင်ကြားခဲ့ဖူးပြီး၊ ကျောင်းပညာရေးထက် အနုပညာကို ပိုစိတ်ဝင်စားတာကြောင့် မိဘများ မသိအောင် အကပညာကို ခိုးဝှက်ကာ သင်ယူခဲ့သူပါ။

ပန်တျာကျောင်း မတက်ခင် တင်တင်မြင့်ဟာ အသက် ၁၃ နှစ်အရွယ်သာ ရှိသေးပြီး၊ ထိုခေတ်အခါက ၄ တန်းအောင်မှသာ ပန်တျာကျောင်း တက်ခွင့်ရမှာ ဖြစ်တဲ့အတွက် သူ့ရဲ့လက်ဦးဆရာ၊ စာရေးဆရာ ဦးသိန်းဆွေလေးက ပန်တျာကျောင်း တက်ရောက်ရန် ကူညီပေးခဲ့ပါတယ်။

အဲဒီနောက် ပန်တျာကျောင်းမှာ တက်ရောက်ခွင့်ရခဲ့တဲ့ မင်းသမီး တင်တင်မြင့်ဟာ နိုင်ငံတော်အဆင့် “ဆို၊ က၊ ရေး၊ တီး” ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး၊ ဆုများ ရရှိခဲ့ကာ ပန်တျာကျောင်းမှာ ၃ နှစ် ပညာ သင်ကြားခဲ့ပါတယ်။

ဇာတ်လောကရဲ့ ပထမခြေလှမ်း

အငြိမ့်မင်းသမီးကြီး ပန်တျာတင်တင်မြင့်

တင်တင်မြင့်ဟာ အဲဒီနောက် ပန်တျာဇာတ်ထဲသို့ လိုက်ကာ အငြိမ့်မင်းသမီးဘဝဖြင့် ဖြတ်သန်းခဲ့ပါတယ်။ ဇာတ်လောကရဲ့ ပထမခြေလှမ်းအဖြစ် ယိမ်းသမအနေနဲ့ ကပြ ဖျော်ဖြေရချိန်မှာ အဲဒီ ခေတ်က မင်းသမီးကြီးတွေ ဖြစ်တဲ့ အောင်သန်းတင်၊ ခင်ခင်ညွန့်၊ ခင်အုန်းမြင့်လေး၊ မနယ်လီမြိုင် စတဲ့ မင်းသမီးကြီးများနဲ့ တွဲဖက် ကပြ ဖျော်ဖြေခဲ့ပါတယ်။

မင်းသားကြီး ပန်တျာကြည်လင်နဲ့လည်း နှစ်ဦးသား တွဲဖက်ညီစွာ နှစ်ပါးခွင်ဇာတ်များ ကပြ ဖျော်ဖြေခဲ့ပါတယ်။ ဓာတ်ပြားခေတ်မှာလည်း ပန်တျာတင်တင်မြင့်ရဲ့ “တောသူအချစ်”ဆိုတဲ့ ဓာတ်ပြား သီချင်းဟာ ရောင်းမလောက်အောင် အထူး အောင်မြင်မှု ရရှိခဲ့ပါတယ်။

ပန်တျာတင်တင်မြင့်ဟာ ပန်တျာဇာတ်မှာ ယိမ်းသမ ခေါင်းဆောင်အဖြစ် ကပြ ဖျော်ဖြေခဲ့သူ ဖြစ်ပြီး၊ လူကောင်သေးကာ အသက်ငယ်ဆုံးဖြစ်တဲ့အတွက် နှစ်ပါးသွားခွင်မှာ နောက်ဆုံးမှသာ ကပြခဲ့ရသူ ဖြစ်ပါတယ်။ ဓာတ်ပြားခေတ်ကနေ ကက်ဆက်ခေတ်အထိ အငြိမ့်သီချင်းများစွာ ကပြ သီဆိုခဲ့သူ ဖြစ်ပါတယ်။

ပန်တျာကြည်လင်နဲ့ ပန်တျာတင်တင်မြင့်တို့ရဲ့ ရသာစုံလင် “နှစ်ပါးခွင်” တိတ်ခွေ

၁၉၆၁ ခုနှစ်မှာ ပန်တျာကြည်လင်နဲ့ ပြဇာတ်များ စတင် ကပြခဲ့ပြီး၊ ပန်တျာကြည်လင်နဲ့ ကပြခဲ့တဲ့ ရသာစုံလင် “နှစ်ပါးခွင်”၊ နာမည်ကျော် “မြစိမ်းရှင် သိုက်သမိုင်း” ဇာတ်ထုပ်တို့ဟာ လူကြိုက်များ ထင်ရှားပါတယ်။

၁၉၆၂ ခုနှစ်၊ ပြည်သူပိုင် အာဏာ မသိမ်းခင် ၂ လအလို ပန်တျာတင်တင်မြင့် အသက် ၁၈ နှစ်အရွယ်မှာ ပန်တျာကြည်လင်နဲ့ အိမ်ထောင်ကျခဲ့ပြီး၊ သားသမီး ၅ ဦး ထွန်းကားခဲ့ပါတယ်။

အငြိမ့်လောကသို့ ဒုတိယခြေလှမ်း

ပန်တျာတင်တင်မြင့်ဟာ ၁၉၇၅ ခုနှစ်မှာ ဇာတ်မှ အငြိမ့်သို့ ကူးပြောင်းခဲ့ပြီး၊ ဦးကျော်စိုး တည်ထောင်သည့် “ပြည်သူ့မုန်တိုင်း” ပဒေသာအငြိမ့်ကို ၁၉၇၆ ခုနှစ်မှာ စတင် ကပြ ဖျော်ဖြေခဲ့ပါတယ်။ ပြဇာတ်မင်းသား လူငယ် ကြည်ခိုင်နဲ့တွဲဖက် ကပြခဲ့ရာ ကတဲ့ နေရာတိုင်းမှာ ရုံပြည့်ရုံလျှံ အားပေးခြင်း ခံခဲ့ရပါတယ်။ တနှစ်ကို ပွဲချီ ၃၄၀ အထိ ကပြဖျော်ဖြေခဲ့ရပါတယ်။

နောက်တဖန် မင်းသား လူငယ် ကြည်ခိုင်နဲ့ ပြီးပြန်တော့လည်း ပြဇာတ်မင်းသား သန့်ဇင်နဲ့ အမြို့မြို့အနယ်နယ်မှာ “ပြည်သူ့မုန်တိုင်း” ပြဇာတ်အဖွဲ့ကြီးဟာ တညနဲ့တည မတူအောင် “မိန်းမသားဦးဆောင်တဲ့ ပြဇာတ်အဖွဲ့”ဆိုပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

အငြိမ့်မင်းသမီးကြီး ပန်တျာတင်တင်မြင့်

ဇာတ်ကချိန်မှာတော့ မင်းသားနဲ့ မင်းသမီး လိုက်ဖက်ညီစွာ ကပြ ဖျော်ဖြေရတာဖြစ်ပြီး၊ အငြိမ့်မှာတော့ မင်းသမီးနဲ့ လူရွှင်တော် အပေးအယူမျှစွာ မောင်းနှင်သလို အပို့ညီညီ ကြိုးစား ဖျော်ဖြေရတာ ဖြစ်ပါတယ်။ အငြိမ့်မှာတော့ အော်ပရာ၊ အငြိမ့်သီချင်းများစွာနဲ့ ဖျော်ဖြေခဲ့ပါတယ်။

“သူ့အကြောင်းကတော့ ပြောစရာမကုန်အောင် ထူးခြားတဲ့ မင်းသမီးပါ။ ဘယ်မင်းသမီးမှ ဓာတ်ပြား မသွင်းခင်၊ ရေဒီယို မဆိုခင်မှာ သူက “အာရောဂျံ ပရမံလာဘံ”၊ “ပါးမှာနံ့သာ ခါးမှာပဝါ” တို့ ဆိုတယ်။ သူကိုယ်တိုင် စာရေးဆရာတွေကို ရေးခိုင်းပြီး တိတိကျကျ ပြန်ဆိုတာ။ အခြား မင်းသမီးတွေ မကောင်းဘူးလို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ဒေါ်တင်တင်မြင့်လို မင်းသမီးမျိုးက ရှားလိမ့်မယ်”လို့ လူရွှင်တော်ကြီး ထင်ပေါ်က မှတ်ချက်ပြုပါတယ်။

အငြိမ့်မင်းသမီးကြီး ပန်တျာတင်တင်မြင့်

“သူတို့လို အသက် မတိမ်းမယိမ်း မင်းသမီးတွေနဲ့ တော်တော်များများ ကျနော် ကဖူးပါတယ်။ ဒါပေမဲ့ ဒီလို မင်းသမီးတော့ မရှိဘူး။ အဲဒါ ထူးထူးခြားခြား ပါပဲ။ မင်းသမီး တော်တော်များများနဲ့ ကဖူးတယ်။ သူ့လောက် အကင်းမပါးဘူး။ သူလောက် သဘာ မရှိဘူး။ သူလောက် အပေးအယူ မမျှဘူး”လို့ လူရွှင်တော်ကြီး ထင်ပေါ်က ဆိုပါတယ်။

ပန်တျာတင်တင်မြင့်ဟာ ပရိသတ်ကို ငိုအောင်၊ ရယ်အောင်၊ ပျော်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ အငြိမ့် မင်းသမီးကြီး တလက် ဖြစ်ပါတယ်။ ဇာတ်ကစဉ်က ဆိုသလောက် မအောင်မြင်ခဲ့ပေမယ့် အငြိမ့်ကချိန်မှာ ပန်တျာတင်တင်မြင့်ဟာ ပရိသတ် ပိုသိလာပါတယ်။ မင်းသမီး ဦးဆောင်တဲ့ အငြိမ့်အဖွဲ့အစည်းအနေနဲ့ မြန်မာတပြည်လုံးမှာ ပန်တျာတင်တင်မြင့် တဦးသာ ရှိခဲ့ပါတယ်။

ပန်တျာတင်တင်မြင့်ရဲ့ ဓာတ်ပြားသီချင်းတွေ၊ ကက်ဆက်သီချင်းတွေကို ပြန်လည် သီဆိုမှုများ ရှိခဲ့ပြီး၊ ပြန်ဆိုတေးများကို ကန့်ကွက်ခြင်း မရှိပေမယ့် သူ့ဆီက ခွင့်ပြုချက် တောင်းစေလိုကြောင်း၊ သီချင်းစာသားများ မမှားယွင်းအောင် သီဆိုစေလိုကြောင်း ပန်တျာတင်တင်မြင့်က ဆိုခဲ့ဖူးပါတယ်။

အငြိမ့်မင်းသမီးကြီး ပန်တျာတင်တင်မြင့်

မှတ်မှတ်ရရ မင်းသမီးကြီး ပန်တျာတင်တင်မြင့်ဟာ အငြိမ့်ပွဲတပွဲမှာ ကာလသားအချို့က “သဘင်သည် ဖက်ခွက်စား”လို့ ရိထေ့ထေ့ ပြောခဲ့တဲ့အပေါ် “ဖက်ခွက်စားလို့ သူတို့ ဆိုကြတာကိုပင်…” အစချီကာ အငြိမ့်ကရင်း အနုပညာသည်ဆိုတာ ရှင်ဘုရင် တည်ခင်းပေးတဲ့ ပွဲတော်စာကို “မြစိမ်းဖက်နဲ့ ပွဲတော်တည်တာ”လို့ ပြန်လည် အရွှန်းဖောက် ပြောဆိုခဲ့ဖူးပါတယ်။

ပန်တျာတင်တင်မြင့်ဟာ သူမြတ်နိုးတဲ့ အနုပညာ၊ ခက်ခဲစွာ သင်ခဲ့ရတဲ့ အနုပညာ၊ မျိုးရိုး မရှိဘဲ ဆရာတွေဆီက သင်ကြားခဲ့ရတဲ့ အနုပညာကို ပရိသတ်ထံ ဘဝတလျှောက်လုံး ကိုယ်ရောစိတ်ပါ နှစ်လို့ ဖျော်ဖြေခဲ့တာဖြစ်ပြီး၊ သူသေသွားသည့်တိုင် အနုပညာအမွေကို ဆက်ခံသူတွေထံ ပေးခဲ့ချင်တယ်လို့ ဆိုပါတယ်။

မင်းသမီးကြီး ပန်တျာတင်တင်မြင့်

သူ့ရဲ့ အနုပညာအမွေကို သားဖြစ်သူ မင်းသား မျိုးကို၊ သမီး မင်းသမီး စောမြတ်မိုးတို့နဲ့ မြေးဖြစ်သူ မင်းသား သွေးသစ်အထိ အနုပညာအမွေ လက်ဆင့် ကမ်းနိုင်ခဲ့ပြီး၊ မြေးမလေးကိုလည်း အဆိုအက ပညာရပ်များ သင်ကြားပေးခဲ့သလို၊ မြေးမလေး ဆုလတ်ဝေက အနုပညာကျောင်း ဒုတိယနှစ် တက်ရောက်နေသူ ဖြစ်ပါတယ်။

ပန်တျာတင်တင်မြင့်ဟာ မကွယ်လွန်ခင် “ကျမ သေမယ့်အချိန်ကို ကြိုသိရင် မိတ်ကပ်လေး ပြင်ကာ လှလှလေး သေချင်တယ်။ အဲ့သလောက်ထိ ပရိသတ်ကို ချစ်တယ်”လို့ ဆိုဖူးပါတယ်။

ပန်တျာတင်တင်မြင့်ရဲ့ အောင်မြင်ခဲ့တဲ့ တေးသီချင်းပေါင်း ပုဒ်ရေများစွာ ရှိပြီး၊ “မဟူရာည” ၊ “ယသော်ဓယာအလွမ်း”၊ “တောသူအချစ်”၊ “ပါးမှာနံ့သာ ခါးမှာပဝါ”၊ “စိန်စီသောတေး”၊ “ဘဝတဆစ်ချိုး”၊ “အချစ်နာကျသော ရောဂါ”၊ “သဘင်သည် အနုပညာ”၊ “ကျမ မိန်းမသား” စတဲ့ သီချင်းတွေဟာ လူကြိုက်များလှပါတယ်။

ပန်တျာတင်တင်မြင့်ဟာ သူ့ရဲ့ ထူးခြားတဲ့ အနုပညာ ဆိုဟန်၊ ကဟန်၊ ဖျော်ဖြေဟန်တွေကြောင့် အများနဲ့မတူ ပရိသတ်ကို မရိုးရအောင် တင်ဆက် ဖျော်ဖြေနိုင်ခဲ့ပြီး၊ “အော်ပရာ”၊ “ပြဇာတ်”၊ “နှစ်ပါးသွား”၊ အငြိမ့်အခန်းတွေကို ညစဉ်ညတိုင်း တခုနဲ့ တခု မတူအောင် ကပြ ဖျော်ဖြေခဲ့ပါတယ်။

ပန်တျာတင်တင်မြင့်ရဲ့ ဘဝတဆစ်ချိုးနဲ့ နိဂုံး

ပန်တျာတင်တင်မြင့်ဟာ အသက် ၂၈ နှစ်အရွယ်မှာ အိမ်ထောင်ကွဲခဲ့ပြီး၊ အသက် ၃၈ နှစ်အရွယ်မှာ ကျန်းမာရေးကြောင့် အနုပညာလောကကနေ ခေတ္တအနားယူဖို့ အကြောင်းဖန်လာပါတယ်။

အသည်းမှာ ပြည်တည်တဲ့ ရောဂါကြောင့် ပန်တျာတင်တင်မြင့်ဟာ မကွေးဆေးရုံမှာ ၃ လတိတိ တက်ခဲ့ရပါတယ်။ အဲဒီနောက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ရွှေပေါ်ကျွန်း သာသနာမြေမှာ သာသနာ အကျိုးပြုအလုပ်တွေ ဆောင်ရွက်ဖို့ ဖြစ်လာပါတယ်။

မင်းသမီးကြီး ပန်တျာတင်တင်မြင့်ဟာ သာသနာအလုပ်တွေ လုပ်ဆောင်စဉ်မှာ ထီးတင်ခဲ့တဲ့ ဘုရားပေါင်း ၁၂၀၀ ကျော်ရှိခဲ့ပြီး၊ သူ့ရဲ့ ဆန္ဒကတော့ ဘုရားပေါင်း ၁၅၀၀ ပြည့်အောင် ထီးတင်ချင်ခဲ့တယ်လို့ ဆိုပါတယ်။

သာသနာပြု အလုပ်တွေ လုပ်ဆောင်ရင်း ဘုရား ထီးတင်ပွဲတွေမှာလည်း သူတတ်ကျွမ်းတဲ့ အနုပညာနဲ့ သီဆို ဖျော်ဖြေပေးမှုတွေ ရှိခဲ့သလို၊ သူ့ရဲ့ ရည်မှန်းချက်ကတော့ သာသနာပြုရင်း ဘဝနောက်ဆုံး အချိန်တွေကို ကုန်ဆုံးချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။

“အမေက ဘုရားထီးတင်တာ ၁၅၀၀ တင်ချင်တာ။ မပြည့်သွားရှာဘူး။ ၁၂၀၀ လောက် တင်နိုင်ခဲ့တယ်။ အမေ့ရဲ့ ဆန္ဒလေးတွေ ပြည့်မသွားတာတော့ စိတ်မကောင်းဘူးပေါ့။ အသက်ထွက်သွားတာလည်း ညင်ညင်သာသာပဲ။ ဘုရားတည်မယ့် ကိစ္စတွေ၊ ဘုရားမှာ ထုံးလိုတဲ့ ကိစ္စတွေ ပြောပြီး နောက်ဆုံး အသက်ထွက်သွားတာပေါ့”လို့ သားဖြစ်သူ မင်းသား မျိုးကိုက စိတ်မကောင်းစွာ ဆိုပါတယ်။

ကျန်းမာစဉ် အနုပညာအလုပ်များ လုပ်ကိုင်ချိန်မှာ ပန်တျာတင်တင်မြင့်ဟာ နေ့မအားညမနား အနုပညာအလုပ်တွေ တရစပ် လုပ်ကိုင်ခဲ့ပြီး၊ လွန်ခဲ့တဲ့ ၂ နှစ်ခန့် အဆုတ်ကင်ဆာ ရောဂါကို ခံစားရချိန် အိပ်ရာထဲ ဘုန်းဘုန်းလဲကာ ဆေးရုံတက်ရသည့်အချိန်ကျမှ အနုပညာအလုပ်တွေကို ရပ်နားခဲ့ပါတယ်။

ကွယ်လွန်သူ မင်းသမီးကြီး ပန်တျာတင်တင်မြင့်

ပန်တျာတင်တင်မြင့်ဟာ မကွယ်လွန်ခင် အရိမေတ္တယျ ဘုရား အကြိုတည်ကာ ဘဝဇာတ်သိမ်းချင်တယ်လို့ ဆိုဖူးပါတယ်။ မဆုံးပါးခင် သတိရတချက် မရတချက် ဖြစ်နေချိန်မှာလည်း ဘုရားတည်ဖို့ အကြောင်းအရာတွေ မှာကြားခဲ့ပြီး၊ သူ့ဘဝရဲ့ နောက်ဆုံးအချိန်ကို ညင်သာစွာပဲ ဖြတ်သန်းသွားခဲ့ပါတယ်။

“အမေက ဘဝမှာ သူလုပ်ချင်တာတွေအကုန် လုပ်လိုက်ရတယ်။ ဒါပေမဲ့ တခုပဲ မဆုံးခင် ၅ ရက်လောက်အလိုမှာ သူအရင်တည်းက တည်ချင်ခဲ့တဲ့ အရိမေတ္တယျ အကြို ဘုရား၊ သူအဓိဋ္ဌာန်ခဲ့တာ ကြာပြီ။ အဲဒါလေး အပြီးသတ် မတည်နိုင်ခဲ့ဘူး”လို့ သားဖြစ်သူ မျိုးကိုက ဆိုပါတယ်။

မင်းသမီးကြီး ပန်တျာတင်တင်မြင့် ကွယ်လွန်ချိန်မှာတော့ သားသမီး ၄ ဦး၊ မြေး ၁၁ ယောက်နဲ့ မြစ် ၂ ဦးတို့ ကျန်ရစ်ခဲ့ပါတယ်။ ။

You may also like these stories:

အနုပညာဖန်တီးမှုတွေ ဆိတ်သုဉ်းသွားတော့မလား

သံချပ်များဖြင့် ပရိသတ်ကို ရယ်မောစေခဲ့သူ လူရွှင်တော်ကြီး မေတ္တာ

Your Thoughts …
Tags: ဇာတ်လောကပန်တျာကျောင်းပန်တျာတင်တင်မြင့်ပြဇာတ်ဘဝဇာတ်ကြောင်းအငြိမ့်မင်းသမီးကြီးအငြိမ့်လောကအနုပညာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်မာမာအေး/ / BBC

ဖက်ခွက်စား ရှင်းတမ်း

by ကိုရွှေအောင်
13 September 2022
29.7k

သဘင်ဂီတစတဲ့ အနုပညာရှင်တွေကို ဖက်ခွက်စားတွေလို့ မလိုတဲ့အခါ ခေါ်ဝေါ်သုံးစွဲကြပေမယ့် တကယ့် အနက်အမှန်က နှိမ့်ချလိုရင်း အလျဉ်းမရှိဘူး။

“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ …

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၂)

by ဖိုးစိုင်း
12 February 2025
6.8k

နိုင်မြန်မာသည် အသက်ဘေးမှ ပြန်လည် လွတ်မြောက်ခဲ့သော်လည်း သူ၏မိသားစုဝင်များက မြောက်ဥက္ကလာပ နေအိမ်တွင် သက်ပျောက်ဆွမ်း ကပ်ရန် စီစဉ်ချက်ပြုတ်နေကြချိန် ဖြစ်သည်။

တော်လှန်ရေးတပ်မှူး ကဗျာဆရာ

တော်လှန်ရေးတပ်မှူး ကဗျာဆရာ

by Hannah Beech
20 July 2024
6.7k

"မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ ကျနော်တို့ စစ်ကို အရင်တိုက်ရမယ်"

အသုံးချခံ ဖြစ်သွားတဲ့ ကဗျာတပုဒ်

အသုံးချခံ ဖြစ်သွားတဲ့ ကဗျာတပုဒ်

by ဇေယျ (အညာ)
4 June 2024
4.5k

ဤသို့ ကွာခြားသည့် အခြေအနေအောက်တွင် NUG အား ဝေဖန်သည့် ဆန်းကျော်စွာဝင်း၏ ကဗျာရှည်မှာ ကြိုဆိုရမည့် ကဗျာရှည်တပုဒ်ဖြစ်၏။

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၁)

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၁)

by ဖိုးစိုင်း
10 February 2025
3.3k

“ကျနော်က လူထုနဲ့ ကင်းကွာမှာ မဟုတ်ဘူး၊ သေလည်း ကင်းကွာမှာ မဟုတ်ဘူး”

၁၉၈၈ စက်တင်ဘာ ဒီမိုကရေစီရေး ဆန္ဒပြ ရုပ်ရှင်သရုပ်ဆောင်များ / ထိန်ဝင်း

၈၈ က အာဂ အနုပညာရှင်များ

by ကိုရွှေအောင်
8 August 2022
27.9k

ရုပ်ရှင်မရိုက်ရတာတင် မဟုတ်ပါဘူး။ ထွန်းဝေတို့၊ အေးအေးသင်းတို့ ဓာတ်ပုံတွေကိုပါ စာနယ်ဇင်းဖော်ပြခွင့် ပိတ်ပင်ခံခဲ့ကြရတာပါ။

Next Post
Kirin Holdings သည် မြန်မာနိုင်ငံမှ ဘီယာထုတ်လုပ်ရေးလုပ်ငန်းကြောင့် ၆ လတာကာလအတွင်း တန်ဖိုးဆုံးရှုံးမှု အမေရိကန်ဒေါ်လာ ၁၉၃ သန်းရှိကြောင်း သိရသည် 

ကီရင်၏ မြန်မာဘီယာလုပ်ငန်းခွဲမှ ဒေါ်လာ ၁၉၃ သန်းအရှုံးပေါ်

တိုက်ပေါ်မှ ခုန်ချခဲ့သည့် လူငယ်များ အခြေအနေ  / CJ

၄၄ လမ်းဖြစ်စဉ် စစ်ကောင်စီ ထုတ်ပြန်ချက် မျက်မြင်အခြေအနေနှင့် ကွဲလွဲနေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate