• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာပြည်မှာ ဇွမ်ဘီဘဏ်များ ပေါ်နေပြီ

by လင်းထက်မြတ်
18 August 2021
in ဆောင်းပါး
A A
ဖေဖော်ဝါရီလ ၁၆ ရက် စစ်တပ်ပိုင် မြဝတီဘဏ်တွင် အပ်နှံငွေ ပြန်ထုတ်လိုသူများ တန်းစီနေကြစဉ် / ဧရာဝတီ 

ဖေဖော်ဝါရီလ ၁၆ ရက် စစ်တပ်ပိုင် မြဝတီဘဏ်တွင် အပ်နှံငွေ ပြန်ထုတ်လိုသူများ တန်းစီနေကြစဉ် / ဧရာဝတီ 

60.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံအတွက် လွတ်လပ်သည့် စီးပွားရေးပညာရှင်များအဖွဲ့ (Independent Economists for Myanmar-IEM) လို့ အမည်ပေးထားသည့် ပညာရှင်အဖွဲ့မှ ဩဂုတ်လ ၁၆ ရက် နေ့စွဲဖြင့် မြန်မာနိုင်ငံ ဘဏ်များအကျပ်အတည်း (Myanmar’s Banking Crisis) ဆိုသည့် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

သြဂုတ်လ ၁၆ ရက်နေ့မှစပြီး ဘဏ်များကို ပိတ်လိုက်သည့်အတွက် ဘဏ်များပြိုလဲနိုင်သည်ဆိုသည့် ကောလဟာလများနှင့်အတူ ဒေါ်လာဈေးကလည်း မြန်မာကျပ်ငွေ ၁၈၀၀ အထိ မြင့်တက်သွားခဲ့သဖြင့် ယင်းအစီရင်ခံစာသည် အချိန်ကိုက်ထွက်ပေါ်လာသည်ဟုပင် ဆိုရမည်။ ခေါင်းစဉ်ပေးထားသည့်အတိုင်းပင် အစီရင်ခံစာပါ အချက်များက မြန်မာနိုင်ငံရှိ ဘဏ်များ၏ ယိုင်လဲနိုင်သည့် အခြေအနေများကို မီးမောင်းထိုးပြထားသည်။

မြန်မာနိုင်ငံ ဘဏ်သမိုင်း၊ ၂၀၁၃ ခုနှစ် ဗဟိုဘဏ်ကို လွတ်လပ်သည့် အဖွဲ့အစည်းအဖြစ် မပြောင်းလဲမီနှင့် ပြောင်းလဲပြီးနောက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်များနှင့် ဘဏ်များ၏အခြေအနေ၊ နိုင်ငံခြားဘဏ်များကို ဝင်ရောက်လုပ်ကိုင်ခွင့် ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် အစုရှယ်ယာ ထည့်ဝင်ခွင့်ပေးပြီးနောက်ပိုင်း အခြေ အနေများ၊ ကိုဗစ်-၁၉ ကပ်ဘေးဖြစ်ပွားပြီးနောက် အခြေအနေများနှင့် စစ်အာဏာသိမ်းပြီးနောက် ယိမ်းယိုင်လာသည့် ဘဏ်များအခြေအနေနှင့် အကျပ်အတည်းများကို အချက်အလက် ပြည့်စုံစွာဖြင့် တင်ပြထားသည်။

မြန်မာနိုင်ငံ ဘဏ်သမိုင်း

ဗိုလ်ချုပ်ကြီးနေဝင်း၏ အာဏာသိမ်း တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၃ ခုနှစ်၌ ပြည်တွင်းနှင့် နိုင်ငံခြားဘဏ်အားလုံးကို ပြည်သူုပိုင်သိမ်းခဲ့ပြီး နိုင်ငံတော်ကသာ ဘဏ်လုပ်ငန်းအားလုံးကို လက်ဝါးကြီးအုပ်ချုပ် ကိုင်ခဲ့ပြီး ၁၉၈၈ အာဏာသိမ်း စစ်ကောင်စီလက်ထက် ၁၉၉၀ ခုနှစ်ရောက်မှသာ (နဝတခေတ်) ပုဂ္ဂလိကဘဏ်များကို စတင်တည်ထောင်လုပ် ကိုင်ခွင့်ပေးခဲ့သည်။

သမိုင်းတလျှောက်တွင် မြန်မာနိုင်ငံရှိ ဘဏ်များသည် ယင်းတို့၏ အဓိကတာဝန်ဖြစ်သည့် ငွေအပ်နှံသူများ (depositors)၏ အပ်နှံငွေများကို လုံခြုံစိတ်ချအောင် ဆောင်ရွက်ခြင်းနှင့် ငွေစုသူနှင့်ငွေချေးငှားသူကြား ကြားခံဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းတာဝန်ကို မထမ်းဆောင်ခဲ့

သို့သော်လည်း သမိုင်းတလျှောက်တွင် မြန်မာနိုင်ငံရှိ ဘဏ်များသည် ယင်းတို့၏ အဓိကတာဝန်ဖြစ်သည့် ငွေအပ်နှံသူများ (depositors)၏ အပ်နှံငွေများကို လုံခြုံစိတ်ချအောင် ဆောင်ရွက်ခြင်းနှင့် ငွေစုသူနှင့်ငွေချေးငှားသူကြား ကြားခံဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းတာဝန်ကို မထမ်းဆောင်ခဲ့ဟု အစီရင်ခံစာက ထောက်ပြဝေဖန်ထားပြီး ပုဂ္ဂလိကဘဏ်များကို ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့သော်လည်း မြန်မာနိုင်ငံရှိဘဏ်များသည် နိုင်ငံတော် ပိုင်ဖြစ်စေ၊ ပုဂ္ဂလိကပိုင်ဖြစ်စေ အများပြည်သူ အကျိုးစီးပွားထက် နိုင်ငံတော်အစိုးရကို ငွေကြေးထောက်ပံ့သူ (သို့မဟုတ်) ခရိုနီစီးပွားရေးလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေထုတ်ပေးသူအဖြင့်သာ ရပ်တည်ခဲ့ကြသည်ဟုလည်း ရေးသားထားသည်။ ပုဂ္ဂလိကဘဏ်များကိုလည်း စစ်အစိုးရများနှင့်အဆက်အနွယ် ခရိုနီလုပ်ငန်းရှင်များကသာ ပိုင်ဆိုင်ကြသည်။

၂၀၁၃ ခုနှစ်ရောက်မှသာ ဗဟိုဘဏ်သည် အုပ်ချုပ်ရေးကဏ္ဍအစိုးရလက်အောက်မှ သီးခြားလွတ်လပ်သည့် အဖွဲ့ အစည်းဖြစ်လာခဲ့ပြီး ယင်း၏ဘဏ်များအား စည်းမျဉ်းစည်းကမ်း ထိန်းကျောင်းကြပ်မတ်ရသည့် အဖွဲ့အစည်းအဖြစ် ယုံကြည်မှုရှိလာစေခဲ့သည်။ ၂၀၁၅ ခုနှစ်ကစပြီး နိုင်ငံခြားဘဏ်များ၏ ဘဏ်ခွဲများကို နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး ၂၀၁၇ ခုနှစ်၌လည်း ဘဏ်လုပ်ငန်းများ တည်ငြိမ်ရေးနှင့် အမြတ်အစွန်း ပိုမိုရရှိရေးအတွက် prudential regulations ဟုခေါ်သည့် စည်းမျဉ်းစည်းကမ်းများကို ပြဋ္ဌာန်းခဲ့သည်။ သို့သော် ထိုစည်းမျဉ်းစည်းကမ်းများသည် ၂၀၂၃ ခုနှစ်ရောက်မှသာ သက်ဝင်လာမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင်လည်း နိုင်ငံခြားဘဏ်များကို ပြည်တွင်းဘဏ်များ၌ အစုရှယ်ယာ ၃၅ ရာခိုင်နှုန်းထိ ထည့်ဝင်ခွင့်ပေးခဲ့သည်။

ကိုဗစ်-၁၉ ကပ်ဘေးမတိုင်ခင်နှင့် ကျရောက်ပြီး ဘဏ်များအခြေအနေ

အထက်တွင်ရေးသားခဲ့သလို ၂၀၁၁ ခုနှစ်နောက်ပိုင်း အရပ်သားတပိုင်း အစိုးရတက်လာပြီးနောက်မှသာ အစိုးရသည် ဘဏ်နှင့် ငွေရေးကြေးရေး လုပ်ငန်းများဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ (financial sector reforms) ကို လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ခြင်းမှာလည်း နိုင်ငံတကာငွေရေးကြေးရေးဈေးကွက်အတွင်း ဝင်ရောက်နိုင်ရန်၊ နိုင်ငံတော်အပေါ် တင်ရှိနေသည့် ချေးငွေများပေးလျှော်ရန်နှင့် နိုင်ငံတကာအကူအညီများ ရရှိရန်အတွက် ဖြစ်သလို ကမာ္ဘ့စီးပွားရေးဈေးကွက်အတွင်း မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်နိုင်ရန် ကုန်သွယ်မှုတိုးမြှင့်နိုင်ရန် ဖြစ်သည်။

ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် မြန်မာက များစွာနိမ့်ကျနေသည်။ လူဦးရေ ၁ သိန်းတွင်လည်း ဘဏ်ခွဲ ၆ ခုသာ ဖွင့်လှစ်နိုင်ပြီး ဒေသတွင်း ကမော္ဘဒီးယားနိုင်ငံ၌ ၈ ခုရှိ၍ အင်ဒိုနီးရှားနိုင်ငံတွင်ဆိုလျှင် ၁၆ ဘဏ်ခွဲထိရှိသည်

၂၀၁၂ ခုနှစ်မှ၂၀၁၉ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ အပ်ငွေနှင့် ချေးငွေ အချိုးအစားများ ရာခိုင်နှုန်း ၅၀၀ ခန့် မြင့်တက်သွားခဲ့သလို ယခင်က နိုင်ငံတော်ပိုင်ဘဏ်များ လက်ဝယ်ရှိ ပိုင်ဆိုင်မှုများ အချိုးအစားသည် စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းသို့ လျှော့ကျသွားခဲ့သည်။ အလားတူ ချေးငွေစုစုပေါင်း၏ ၈၁ ရာခိုင်နှုန်းသည်လည်း ၂၀၁၉ ခုနှစ်စာရင်းများအရ ပုဂ္ဂလိကဘဏ်များမှ ဖြစ်သည်ဟု သိရသည်။ မိုဘိုုင်းငွေလွှဲမှုလုပ်ငန်းများလည်း ကျယ်ပြန့်လာပြီး Wave Money ဆိုလျှင် ၂၀၁၉ ခုနှစ်က ယင်း၏ ငွေလွှဲမှုပမာဏသည် အမေရိကန်ဒေါ်လာ ၄.၃ ဘီလီယံမှ ၂၀၂၀ ခုနှစ်တွင် ၈.၇ ဘီလီယံထိ မြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာ၌ ဖေါ်ပြထားသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ်ထိ လူဦးရေ၏ ၂၆ ရာခိုင်နှုန်း၌သာ ဘဏ်စာရင်းဖွင့်လှစ်ထားခြင်း (သို့မဟုတ်) မိုဘိုင်းအော်ပရေတာထံတွင် စာရင်းဖွင့်လှစ်ထားသည်ကို တွေ့ရသည်။ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် များစွာနိမ့်ကျနေသည်။ လူဦးရေ ၁ သိန်းတွင်လည်း ဘဏ်ခွဲ ၆ ခုသာ ဖွင့်လှစ်နိုင်ပြီး ဒေသတွင်း ကမော္ဘဒီးယားနိုင်ငံ၌ ၈ ခုရှိ၍ အင်ဒိုနီးရှားနိုင်ငံတွင်ဆိုလျှင် ၁၆ ဘဏ်ခွဲထိရှိသည်ဟု သိရသည်။

ထိုကဲ့သို့ နိုင်ငံလူဦးရေအများစုသည် ဘဏ်လုပ်ငန်းများဖြင့် ထိတွေ့မှုမရှိခြင်းသည်လည်း ဘဏ်များအပေါ် ယုံကြည်မှုနည်းခြင်းကြောင့်လည်း ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် အာရှဓနဘဏ်အပါအဝင် ဘဏ်များပြိုလဲခဲ့မှု၊ ဘဏ်အကျပ်အတည်းများကြောင့်လည်း ဖြစ်သလို ငွေစုဆောင်းထားသူများအပေါ် financial repression ဟုခေါ်သည့် အတိုးနှုန်းကန့်သတ်ထားမှုမျိုးဖြင့် ဖိနှိပ်ထားခြင်း၊ ငွေထုတ်မချေးသင့်သူများကို ဘဏ်များမှ ငွေထုတ်ချေးခြင်းဖြင့် ဆုံးရှုံးနိုင်မှုများနေခြင်း (excessive risks-taking) နှင့် အပေါင်ပစ္စည်းပါမှသာ ငွေထုတ်ချေးရန် စည်းမျဉ်းချမှတ်ထားမှုနှင့် ချေးငွေသက်တမ်း ကန့်သတ်ချက် (၁ နှစ်ထက်မပိုရ) များကြောင့်ဖြစ်သည်ဟု အစီရင်ခံစာက ဖေါ်ပြထားသည်။ Over regulation and minimal prudential rules များကြောင့်ဟု ရေးသားထားသည်။ တနည်းအားဖြင့် မချမှတ်သင့်သည့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားခြင်းနှင့် ချမှတ်သင့်သည့် စည်းမျဉ်းစည်းကမ်းများ မချမှတ်ခြင်းပင်။

ဘဏ်များ၏ချေးငွေ အများစုသည်လည်း အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများကို ထုတ်ချေးထားခြင်း မဟုတ်ဘဲ အထက်တွင်ဖေါ်ပြခဲ့သလို ခရိုနီပိုင်ဘဏ်များမှ ယင်းခရိုနီများ၏ စီးပွားရေးလုပ်ငန်းများကိုသာ ထုတ်ချေးထားခြင်းလည်း ဖြစ်သည်ဟု ရေးသားထားသည်။ အပေါင်ပစ္စည်းအများစု ၈၀ ရာခိုင်နှုန်းကျော်သည်လည်း အိမ်ခြံမြေများဖြစ်နေသဖြင့် အိမ်ခြံမြေဈေးကွက် ကျဆင်းမှုနှင့်အတူ NPL-Non-Performing Loans ဟုခေါ်သည့် ကြွေးဆုံးများလည်း ဘဏ်များတွင်များနေသည်ဟု အစီရင်ခံစာက တင်ပြထားသည်။ ပုဂ္ဂလိကကဏ္ဍသို့ ထုတ်ချေးထားသည့် ချေးငွေစုစုပေါင်းပမာဏသည် ဂျီဒီပီ၏၂၆ ရာခိုင်နှုန်းသာရှိပြီး ဒေသတွင်း ကမော္ဘဒီးယားနိုင်ငံတွင် ၁၁၄ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံတွင် ၁၃၈ ရာခိုင်နှုန်းရှိသဖြင့် အင်မတန်နည်းနေသည်ကို တွေ့ရသည်။

ထူးခြားချက်တခုက မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များ၏ အစုရှယ်ယာဝင်များသည် တရားဥပဒေနှင့် မလွတ်ကင်းသည့် လုပ်ငန်းများ၊ လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖေါက်ကားမှုများနှင့် ပတ်သက်သူများ ဖြစ်နေသည်ဆိုသည့် အစီရင်ခံစာပါအချက် ဖြစ်သည်။ ဘဏ်များ၏ လျှို့ဝှက်မှု (secrecy) ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ငွေကြေးခဝါချမှုဥပဒေကို ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သော်လည်း အကောင်အထည်ဖေါ်မှု မရှိခြင်းတို့ကြောင့် Global Financial Task Force က မြန်မာန်ိုင်ငံကို Grey List တွင် ထည့်သွင်းထားပြီး ဥရောပကော်မရှင်ကလည်း ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်အဖွဲ့အစည်းများသို့ ငွေကြေး ထောက်ပံ့နိုင်သည့် အန္တရာယ်မြင့်မားသည့်နိုင်ငံများ (high risk states) တွင် ထည့်သွင်းထားသည်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကလည်း ယင်း၏ Article IV အစီရင်ခံစာ၌ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံရှိဘဏ်များတွင် NPL များပြားနေခြင်းနှင့် ဘဏ်များတွင် အရင်းအနှီးနည်းပါးနေမှု (under capitalization) ကြောင့် ဘဏ်စနစ်တစ်ခုလုံး ထိခိုက်နိုင်သည့် အန္တရာယ်ကျရောက်နိုင်ကြောင်း သတိပေးခဲ့သည်။ ထို့အတွက်ကြောင့်လည်း ယခင်အစိုးရလက်ထက်တွင် ဗဟိုဘဏ်မှ Prudential Regulations များ ချမှတ်ပြီး ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ ပိုမိုခိုင်မာလာစေရန် လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ကိုဗစ်-၁၉ ဖြစ်လိုက်သည့်အခါတွင်တော့ ထိုစည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပေးခြင်း၊ ၂၀၂၃ ခုနှစ်ထိ ရွှေ့ဆိုင်းခြင်း ပြုလုပ်ခဲ့ရသည်။

စစ်အာဏာသိမ်းပြီး ဘဏ်အကျပ်အတည်း

စစ်ကောင်စီသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနေရာများကို လူစားထိုးခြင်းပြုလုပ်သလို တဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်ဟု သိရသည်။ အာဏာသိမ်းပြီး မကြာခင်မှာပင် တပ်ပိုင် အင်းဝဘဏ်နှင့် မြဝတီဘဏ်တို့တွင် bank runs ဟုခေါ်သည့် အပ်နှံငွေများ အလုံးအရင်းဖြင့် ပြန်လည်ထုတ်ယူခြင်းဖြစ်ပွားခဲ့ပြီး ပြည်သူလူထု ယုံကြည်မှု မရှိတော့သဖြင့် အခြားပုဂ္ဂလိက ဘဏ်များမှလည်း အပ်နှံငွေများ ထုတ်ယူမှုများ ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များ၏ အစုရှယ်ယာဝင်များသည် တရားဥပဒေနှင့် မလွတ်ကင်းသည့် လုပ်ငန်းများ၊ လောင်းကစားလုပ်ငန်းများ၊ မူးယစ်ဆေးဝါးရောင်းဝယ် ဖေါက်ကားမှုများနှင့် ပတ်သက်သူများ ဖြစ်နေသည်

အစီရင်ခံစာ၌ ဘဏ်ဝန်ထမ်းများ CDM ပြုလုပ်ခြင်းက မရည်ရွယ်ဘဲနှင့် ဘဏ်များပြိုလဲခြင်းကို ဟန့်တားခဲ့သည်ဟု ရေးသားထားသည်မှာလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။ CDM ပြုလုပ်မှုကြောင့် ဘဏ်များပိတ်ထားရသဖြင့် ငွေထုတ်ယူမှုများ၊ ငွေလွှဲမှုများ လျှော့နည်းသွားခြင်းကြောင့် ကြီးမားသည့်ပြသနာကို ရှောင်ရှားနိုင်ခဲ့သလို ဖြစ်ခဲ့သည်ဟု အစီရင်ခံစာက တင်ပြထားသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
74
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
289
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
218

တချိန်တည်းမှာပင် စစ်ကောင်စီကလည်း နည်းလမ်းပေါင်းစုံဖြင့် ဘဏ်လုပ်ငန်းများကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သည်။ ငွေထုတ်ယူနိုင်သည့် ပမာဏကို ကန့်သတ်ခြင်း၊ ဘဏ်များကို အတင်းအအကျပ် ပြန်လည်ဖွင့်လှစ်စေခြင်း၊ ကုန်သည်များ၏ ဘဏ်ငွေစာရင်းများကို ဘဏ်များ အချိန်မှီ မဖွင့်လှစ်ပါက နိုင်ငံတော်ပိုင်နှင့် တပ်ပိုင်ဘဏ်များသို့ လွှဲပြောင်းပေးရန် ခြိမ်းခြောက်ခြင်း၊ လက်ဝယ်ငွေ အမြောက်အမြား ကိုင်ဆောင်ထားပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ခြင်း၊ ငွေစာရင်းအသစ်များ ဖွင့်လှစ်စေခြင်းနှင့် နိုင်ငံခြားသားအတိုင်ပင်ခံ ၂၅ ဦးထက်ပို၍ မငှားရမ်းရန်ဘဏ်များကို ညွှန်ကြားခြင်းများ ပြုလုပ်ခဲ့သည်။

သို့သော်လည်း နဂိုကတည်းက ချည့်နဲ့နေသည့် ဘဏ်လုပ်ငန်းများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးဝါးသည့် အခြေအနေသို့ ကျရောက်သွားရခြင်းမှာ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် (incompetent) ဟု အစီရင်ခံစာက ပြစ်တင်ဝေဖန်ထားသည်။ ဗဟိုဘဏ်ဝန်ထမ်း ၂၀၀ ကျော်ကို အလုပ်မှထုတ်ပယ်ခဲ့ခြင်း၊ ယုံကြည်မှုရရန် မလုပ်ဆောင်ဘဲ ဘဏ်များကို အတင်းအကျပ် ဖွင့်လှစ်စေခြင်းတို့ကိုလည်း အစီရင်ခံစာတွင် ထောက်ပြထားသည်။

အာဏာကိုသာ သုံးစွဲ၍ ဘဏ်များတည်ငြိမ်အောင် ကြိုးစားမှုက ငွေကြေးထုတ်ယူမှုကို လျှော့နည်းသွားစေခြင်း မရှိသလို ပြည်သူလူထု၏ ယုံကြည်မှုကို ပိုမိုကျဆင်းသွားစေသည်ဟုလည်း ရေးသားထားသည်။ ငွေကြေးဖေါင်းပွမှုနှင့် ငွေတန်ဖိုးကျဆင်းလာမှုကြောင့် ပြည်သူများသည် ဘဏ်တွင်အပ်နှံမည့်အစား ရွှေနှင့်ဒေါ်လာများ ဝယ်ယူစုဆောင်းမှုများ ပြုလုပ်လာခဲ့သည်။

နဂိုကတည်းက ချည့်နဲ့နေသည့် ဘဏ်လုပ်ငန်းများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးဝါးသည့် အခြေအနေသို့ ကျရောက်သွားရခြင်းမှာ စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် (incompetent) ဟု အစီရင်ခံစာက ပြစ်တင်ဝေဖန်ထားသည်။

လက်ရှိဘဏ်များ၏ အခြေအနေကို အစီရင်ခံစာက ဇွမ်ဘီဘဏ်များ Zombie Banks ဟု ခေါ်ဆိုနေပြီး ဘဏ်များ၏ ပိုင်ဆိုင်မှုတန်ဖိုးသည် အပ်နှံထားသူများအား ပြန်လည်ပေးအပ်ရန် တာဝန်ရှိသည့် ပမာဏထက် များစွာလျှော့နည်းနေသည်ဟု ရေးသားထားသဖြင့် မြန်မာနိုင်ငံရှိ ဘဏ်များအခြေအနေသည် အတော်ဆိုးဝါးနေပြီ အချိန်မရွေးပြိုလဲနိုင်နေသည် ဟုဆိုရမည်။ ဗဟိုဘဏ်ကသာ ကျားကန်ထားပေးမှု ရုတ်သိမ်းရပ်စဲလိုက်လျှင် ပြိုကျပျက်ဆီးသွားတော့မည်ဖြစ်သည်။

အစီရင်ခံစာ၏ အကြံပြုချက်များကတော့ စစ်ကောင်စီသည် ဗဟိုဘဏ်ကို ထိန်းချုပ်ထားမှုကို ရုပ်သိမ်း၍ ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူများဖြင့် အထူးအဖွဲ့ဖွဲ့စည်း၍ ဘဏ်များအခြေအနေကို စိစစ်သုံးသပ်ခြင်းဖြင့် အများပြည်သူ ယုံကြည်မှုကို ပြန်လည်ရရှိအောင် ဆောင်ရွက်ရန်၊ ဘဏ်များတည်ငြိမ်မှုရှိလာရန် သီးခြားလွတ်လပ်သည့် စာရင်းစစ်အဖွဲ့၏ စစ်ဆေးခြင်းကို ခံယူပြီး ဘဏ်များအားလုံး၏ ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ထုတ်ပြန်ရန်၊ ငွေအပ်နှံသူများ၏ အပ်နှံငွေများ မဆုံးရှုံးရေးကို အဓိကထား ဆောင်ရွက်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် အလှူရှင်နိုင်ငံများမှ အစုရှယ်ယာများ ဝယ်ယူခြင်းနှင့် အတိုးနှုန်းသက်သာသည့် ချေးငွေများ ထုတ်ပေးခြင်းဖြင့် ဘဏ်များတွင် လုံလောက်သည့် ရင်းနှီးငွေရှိလာအောင် ဆောင်ရွက်ရန်တို့ ဖြစ်သည်။

ထွက်ပေါက်နိဂုံး

အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များသည် စစ်အာဏာရှင်များလက်ထက် အာဏာရှိသူများနှင့် အကျိုးတူပူးပေါင်း တည်ထောင်ထားခဲ့ခြင်းဖြစ်သဖြင့် ကိုယ့်ဖဲကိုယ်ချိုး ကိုယ်ပဲနိုင်အောင် လုပ်ထားသည့်စနစ်ဟု ဆိုရမည်။ ဘဏ်စနစ်ကြီး တခုလုံးသည် စစ်အာဏာရှင်များနှင့် ခရိုနီလူတစုကောင်းစားရေးအတွက် တည်ထောင်ထားသလို ဖြစ်နေခဲ့သည်။ သို့သော် ကိုဗစ်-၁၉ ကပ်ဘေးမတိုင်ခင်က ထိုကဲ့သို့ လူတစုကောင်းစားရေး လုပ်နေသည့်စနစ်ကြောင့် ဘဏ်များအခြေအနေသည် ယိုင်နဲ့နေခဲ့သော်လည်း ပြည်သူလူထု၏ ထိုစဉ်က အုပ်ချုပ်နေသည့် အစိုးရအပေါ် ယုံကြည်မှုကြောင့် အတိုင်းအတာတခုထိ တည်ငြိမ်မှုရှိခဲ့ပြီး အစိုးရကလည်း ပြုပြင် ပြောင်းလဲသင့်သည်များကို ပြောင်းလဲရန် ကြိုးပမ်းခဲ့သည်။

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဖြေလျှော့မှုများ၊ ဆိုင်းငံ့မှုများ ပြုလုပ်ခဲ့ရသော်လည်း ကပ်ဘေးထက် ပိုမိုဆိုးဝါးသည့် စစ်အာဏာသိမ်းမှုကြောင့် ဘဏ်များအခြေအနေ Zombies ဇွမ်ဘီများဖြစ်သွားခဲ့ရသည်။

ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ဖြေလျှော့မှုများ၊ ဆိုင်းငံ့မှုများ ပြုလုပ်ခဲ့ရသော်လည်း ပြည်သူလူထုအကျိုးစီးပွားအတွက် ဦးတည်ပြောင်းလဲနေစဉ် ကပ်ဘေးထက် ပိုမိုဆိုးဝါးသည့် စစ်အာဏာသိမ်းမှုကြောင့် ဘဏ်များအခြေအနေ Zombies ဇွမ်ဘီများဖြစ်သွားခဲ့ရသည်။ ပြည်သူလူထု ယုံကြည်မှုကလည်း လုံးဝပျက်သုဉ်းသွားခဲ့ပြီ ဖြစ်သည်။ အစီရင်ခံစာပါ အကြံပြုချက်များအတိုင်း စစ်ကောင်စီ လုပ်ဆောင်မည်ဟုလည်း မထင်မှတ်သကဲ့သို့ ယင်းအကြံပြုချက်ကို နားပင်လည်မည် မဟုတ်ဟုပင် ထင်မိသည်။

လက်ရှိဖြစ်နေသည့် စီးပွားရေးကျဆင်းမှု၊ ဘဏ်အကျပ်အတည်းများသည် နည်းပညာပြသနာမဟုတ်သလို ပညာရှင်ဖြေရှင်း၍လည်း မရနိုင်ချေ။ ယင်းပြသနာများသည် နိုင်ငံရေးအကျပ်အတည်း စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာရသည့် ပြသနာများဖြစ်ခြင်းကြောင့် ထိုနိုင်ငံရေးပြသနာကို ဖြေရှင်းမှသာ သို့တည်းမဟုတ် စစ်ကောင်စီအာဏာစွန့်မှသာ ပြေလည်နိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

(လင်းထက်မြတ်သည် လူထုရေးရာ မူဝါဒ လေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

You may also like these stories:

ဗင်နီဇွဲလားလို မြန်မာနိုင်ငံ ချောက်ထဲခုန်ဆင်းနေသည်

မြန်မာ့စီးပွားရေး အနုတ် ၁၈ ရာခိုင်နှုန်းထိ ကျနိုင်ဟု ကမ္ဘာ့ဘဏ်ဆို

ကိုဗစ်၊ အာဏာသိမ်းမှု၊ ကုန်ဈေးနှုန်းတွေကြား အသက်ရှူကျပ်သူများ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာနှင့် NUG ရင်ဆိုင်နေရ

Your Thoughts …
Tags: စစ်အာဏာသိမ်းမှုဇွမ်ဘီဘဏ်များဗဟိုဘဏ်ဘဏ်များအခြေအနေ
လင်းထက်မြတ်

လင်းထက်မြတ်

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

Next Post
ဧပြီလ ၂၀ ရက်က လှိုင်သာယာမြို့နယ်တွင် အလုပ်ဆင်းနေသော စက်ရုံ အလုပ်သမားများကို တွေ့ရစဉ်  / ဧရာဝတီ

စက်မှုဇုန်လုပ်သားများကို ကိုဗစ်ကာကွယ်ဆေးထိုးရန် ဖိအားပေး စာရင်းကောက်နေ

ကိုဗစ်ကာကွယ်ဆေးထိုးခဲ့ကြသည့် မြန်မာလုပ်သားများ   / ကရင်အမျိုးသားမီဒီယာ

မဲဆောက်မှ မြန်မာလုပ်သားများ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved