တချိန်က စီးပွားရေး မြို့တော်လို့ တင်စားခဲ့ကြတဲ့၊ နံနက်ဝေလီဝေလင်းကနေ မိုးချုပ်ညဉ့်နက်တဲ့အထိ မြို့ပြရဲ့ လမ်းမတွေထက် ပျားပန်းခတ်မျှ စည်ကားသက်ဝင်နေခဲ့တဲ့ ရန်ကုန်မှာ သြဂုတ်လဆန်းပိုင်းကစလို့ ပေါက်ကွဲမှုတွေ မဖြစ်တဲ့နေ့ မရှိသလောက်ပဲလို့ ဆိုရမှာပါ။
ဒီတိုင်မခင်ကလည်း ကြိုကြားကြိုကြား ပေါက်ကွဲမှုတွေ၊ စစ်ကောင်စီ သတင်းပေး (ဒလန်)လို့ ယူဆရတဲ့သူတွေ အသတ်ခံရမှု ဖြစ်စဉ်တွေဟာလည်း လူမှုကွန်ရက်စာမျက်နှာနဲ့ သတင်းမီဒီယာတွေထက် နေရာယူခဲ့ပါတယ်။
ခုနောက်ပိုင်း ကာလတွေမှာတော့ မြို့ပြတိုက်ခိုက်မှုတွေဟာ ပိုမိုပြင်းထန်လာသလို နှစ်ဖက်ထိခိုက် သေဆုံးမှုတွေကို လည်း တွေ့မြင်လာရပါတယ်။
မကြာသေးခင်ရက်ပိုင်းက ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့ပတ်ရထားပေါ်က ရဲတပ်သား ၅ ဦး သေဆုံးမှု ဖြစ်စဉ်ဟာ အာဏာသိမ်း စစ်ကောင်စီအတွက် အပြင်းထန်ဆုံးသော အကြမ်းနည်း မြို့ပြတိုက်ခိုက်မှု တွေထဲက တခုလို့ ဆိုနိုင်ပါတယ်။
သြဂုတ်လ ၁၄ ရက်၊ ညနေပိုင်း၊ ရန်ကုန်-အင်းစိန် ပြေးဆွဲနေတဲ့ မြို့ပတ်ရထားပေါ် လုံခြုံရေး လိုက်ပါလာတဲ့ ရဲ ၆ ဦးကို လက်နက်ကိုင် အဖွဲ့တခုက အလုံဘူတာနဲ့ ကြည့်မြင်တိုင် ဘူတာကြားမှာ သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေနတ် ၄ လက်ကိုလည်း ယူဆောင်သွားခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က အခုအချိန်ထိ ဖော်ထုတ်နိုင်တာ မတွေ့ရသေးပါဘူး။
အဲဒီနောက်ပိုင်း ရထားပေါ် လိုက်ပါတဲ့ လုံခြုံရေး ရဲတွေဟာ အတက်အဆင်း အပေါက်ဝမှာ သေနတ်ကို အသင့် အနေအထား ချိန်ထားပြီး လိုက်ပါနေကြတာကို တွေ့လာရပါတယ်။
“မြို့ပြတိုက်ပွဲက ရန်ကုန်မြို့တွင်းမှာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာတယ်။ စစ်ကောင်စီကလည်း တင်းတင်းကျပ်ကျပ် လှုပ်ရှားပါလိမ့်မယ်။ အခုက မုန်တိုင်းရဲ့ အစပြုချက်ပဲ ရှိပါသေးတယ်။ တကယ့်မုန်တိုင်းကြီးက မလာသေးပါဘူး။ ဒီထက် ပို ပြီးတော့ တင်းကျပ်မှုတွေကို စကစဘက်က လုပ်လာပါလိမ့်မယ်” လို့ ရန်ကုန်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးက ပြောပါတယ်။
ဒီဖြစ်ရပ်မတိုင်မီ ဇွန်၊ ဇူလိုင်လတွေထဲက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့တွင်းမှာ ရှိနေတဲ့ မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တွေကို ကွင်းဆက်တွေနဲ့ ပိုက်စိပ်တိုက် လိုက်လံရှာဖွေ ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လူငယ် ၅၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသလို သေဆုံးသူ တချို့လည်း ရှိခဲ့ပါတယ်။
အဲဒီကာလအတွင်းမှာ ကူးစက်မှုမြန်ဆန်ပြီး သေဆုံးမှုမြင့်မားတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းလည်း ဖြစ်ပွားလာတာကြောင့် မြို့ပြတော်လှန်ရေး အဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အနည်းငယ် ရပ်တန့်ခဲ့တယ် ဆိုပေမယ့် ဩဂုတ်လဆန်း ပိုင်းကစလို့ မြို့နေရာအနှံ့မှာ ဖောက်ခွဲ တိုက်ခိုက်မှုတွေ ပြန်လည်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
ဩဂုတ်လ ၆ ရက်နေ့ တရက်တည်းမှာပဲ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာ ယာဉ်ထိန်းရုံး၊ ဒဂုံဆိပ်ကမ်းမြို့နယ် ရေပေးဝေရေးရုံး အနီးရှိ စစ်တပ်ကင်းစခန်း၊ ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်း ယာဉ်ထိန်းရုံးတို့ အပါအဝင် ဌာနဆိုင်ရာရုံးတချို့ ဗုံးဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။
ဒီလို ဖောက်ခွဲတိုက်ခိုက်မှုကို ‘ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့’ ဆိုတဲ့ မြို့ပြပြောက်ကျားအဖွဲ့ တခုက သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ကြေညာခဲ့ပြီး စစ်ကောင်စီနဲ့ ပတ်သက်သူ အနည်းဆုံး ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို ဖောက်ခွဲတိုက်ခိုက်မှုကို ‘ဖက်ဆစ်ဆန့်ကျင်ရေး လက်ရုံးတပ်ဖွဲ့’ ဆိုတဲ့ မြို့ပြပြောက်ကျားအဖွဲ့ တခုက သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ကြေညာခဲ့ပြီး စစ်ကောင်စီနဲ့ ပတ်သက်သူ အနည်းဆုံး ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ်လ ၇ ရက်နေ့ ည ၉ နာရီခန့်ကလည်း ပြည်လမ်းနဲ့ ဟံသာဝတီ လမ်းထောင့်မှာရှိတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားရုံးကို လက်နက်ကိုင်အချို့က ကားနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့လို့ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ခဲ့ပြီး လမ်းပေါ်သွားနေတဲ့ အရပ်သားကားတစီး ထိမှန်ကာ ပြည်သူတဦး သေနတ်ဒဏ်ရာ ရခဲ့ပါတယ်။
ဒီဖြစ်စဉ်အပြီးမှာတော့ စစ်ကောင်စီဘက်က တင်းကျပ်မှုတွေကို အရှိန်မြှင့်တဲ့အနေနဲ့ ဆိတ်ကြီး ခနောင်တို မြို့နယ်နဲ့ ဒလ မြို့နယ်တွေကလွဲပြီး ရန်ကုန်တိုင်း စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာရှိတဲ့ ၃၁ မြို့နယ်ကို ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း ဩဂုတ်လ ၈ ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ကြေညာခဲ့ပါတယ်။
ကြေညာချက်အရ အများပြည်သူပိုင်နေရာတွေမှာ လူ ၅ ဦး သို့မဟုတ် ၅ ဦးထက် ပိုမစုဝေးဖို့၊ ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း အပြင်မထွက်ဖို့ တားမြစ်ထားပါတယ်။
မြေပြင်မှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ မြို့တွင်းလမ်းမကြီးတွေကို ပိတ်ချပြီး စစ်ဆေးဖမ်းဆီးတာတွေ၊ လမ်းသွားလမ်းလာ ပြည်သူတွေကို တားဆီးစစ်ဆေးတာတွေ၊ မြို့နယ်အချို့ မှာ ညအချိန်မတော် အင်အားသုံး ဝင်ရောက်ပြီး ရှာဖွေဖမ်းဆီးတာတွေကို ခပ်စိတ်စိတ် ပြုလုပ်လာပါတယ်။
စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ရန်ကုန်မှာ မတ်၊ ဧပြီ လလောက်တုန်းက ဆူပူဆန္ဒပြတာတွေ၊ ဗုံးဖောက်ခွဲခံရတာတွေ များတယ်။ အခု အခြေအနေကတော့ ထိန်းချုပ်နိုင်တဲ့ အနေအထား ရှိတယ်လို့ ပဲ ပြောချင်ပါတယ်။ ယခင်က တရက်ကို လေး၊ ငါးခုလောက် ဖြစ်ပေမယ့် အခုက အရေအတွက်လည်း နည်းသွားသလို ဖမ်းဆီးဖော်ထုတ်နိုင်မှုလည်း များပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ အင်အားသုံး ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေကြောင့် လူငယ်တချို့ ဖမ်းဆီးခံရ၊ အသက် စွန့်သူစွန့်ရနဲ့ ထိခိုက်ကျဆုံးမှုတွေ ရှိလာပါတယ်။
သြဂုတ်လ ၁၀ ရက်၊ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းထဲမှာရှိတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ လုပ်နေတဲ့ လူငယ်တွေ နေထိုင်ရာ တိုက်ခန်းတခန်းကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အင်အားသုံး ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို မခံလိုတဲ့ လူငယ် ၅ ဦးဟာ အထပ်မြင့် တိုက်ပေါ်ကနေ နောက်ဖေးလမ်းကြားထဲ ခုန်ချခဲ့တာကြောင့် လူငယ် အမျိုးသမီး တဦးနဲ့ အမျိုးသားတဦး စုစုပေါင်း ၂ ဦး နေရာမှာတင် သေဆုံးသွားခဲ့ရပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို မခံလိုတဲ့ လူငယ် ၅ ဦးဟာ အထပ်မြင့် တိုက်ပေါ်ကနေ နောက်ဖေးလမ်းကြားထဲ ခုန်ချခဲ့တာကြောင့် လူငယ် အမျိုးသမီး တဦးနဲ့ အမျိုးသားတဦး စုစုပေါင်း ၂ ဦး နေရာမှာတင် သေဆုံးသွားခဲ့ရပါတယ်။
တခြားလူငယ် အမျိုးသား ၃ ဦးမှာလည်း ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဖမ်းဆီးခံလိုက်ရပြီး လက်ရှိ စစ်ဆေးရုံမှာ ကုသပေးနေတယ်လို့ စစ်ကောင်စီဘက်က ဆိုပေမယ့် မိသားစုတွေနဲ့ တွေ့ဆုံခွင့်မပေးဘဲ ပိတ်ပင်ထားဆဲ ဖြစ်ပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီက တိုက်ပေါ်က ခုန်ချခဲ့တဲ့ လူငယ် ၅ ဦးအပြင် အခြားလူငယ် ၃ ဦးကိုလည်း လက် လုပ်ဗုံး ၁၆ လုံး၊ ယမ်းပျော့နဲ့ ဗျောက်အိုးတွေ အပါအဝင် ဖောက်ခွဲရေးသုံး ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ၎င်းတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေကနေ ကြေညာခဲ့ပါတယ်။
ဒီလို စီးနင်းဖမ်းဆီးခံရချိန် နေအိမ်မှာ ရှိနေခဲ့တဲ့ ကိုကောင်းမင်းသန့် ဆိုသူကိုတော့ သေနတ်နဲ့ ပစ်ခံရတာကြောင့် သေဆုံးပြီလို့ ယူဆခဲ့ကြပေမယ့် သူ့အနေနဲ့ တဦးတည်းသော လွတ်မြောက်သူဖြစ်ခဲ့ပြီး လက်ရှိမှာတော့ လွတ်မြောက်နယ်မြေ တခုမှာ ရောက်ရှိနေပါတယ်။
သြဂုတ် ၁၈ ရက် ညပိုင်းကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ကမာရွတ်၊ စမ်းချောင်း၊ ရန်ကင်း၊ လမ်းမတော်နဲ့ မင်္ဂလာတောင်ညွန့် မြို့နယ်တွေက တိုက်ခန်းတချို့ကို အင်အားအများအပြားနဲ့ ဝင်ရောက်ပြီး ဧည့်စာရင်း စစ် တယ်ဟုဆိုကာ စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပါတယ်။
မြို့ပြပြောက်ကျား လူငယ်တွေ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က လုံခြုံရေးကို စိတ်ဝင်စားပြီး သတင်းပေး ကူညီမှုတွေကြောင့် သတင်းရရှိတာ များလာတဲ့အတွက် ကွင်းဆက်တွေပါ ဖော်ထုတ် ဖမ်းဆီးနိုင်လာတာ ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။
တဖက်မှာလည်း မြို့ပြပြောက်ကျား တော်လှန်ရေးအဖွဲ့တွေဟာ ဒလန်လို့ခေါ်တဲ့ စစ်ကောင်စီ သတင်းပေးတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်မယ်လို့ သတိပေး ပြောဆိုထားပါတယ်။
တဖက်မှာလည်း မြို့ပြပြောက်ကျား တော်လှန်ရေးအဖွဲ့တွေဟာ ဒလန်လို့ခေါ်တဲ့ စစ်ကောင်စီ သတင်းပေးတွေကို ပြင်းပြင်းထန်ထန် တုန့်ပြန်မယ်လို့ သတိပေး ပြောဆိုထားပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ NUG အစိုးရရဲ့ အစည်းအဝေးမှာ ယာယီသမ္မတဖြစ်တဲ့ ဒူဝါလရှီးလက မလွဲမသွေ တိုက်ပွဲဝင်ရတော့မှာဖြစ်လို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့တာပါ။
ဩဂုတ်လ ၁၇ ရက်နေ့ကဆိုရင် ကမာရွတ်မြို့နယ်မှာ စစ်တပ်သတင်းပေးလို့ နာမည်ထွက်နေတဲ့ အမျိုးသား ၁ ဦး ဦးခေါင်းသေနတ်ပစ်ခံရပြီး သေဆုံးခဲ့သလို တောင်ဒဂုံ ၅၇ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးအတွင်း ဝင်ရောက်ပစ်ခတ်ခံရ တာကြောင့်လည်း ရာအိမ်မှူး ၁ ဦး သေဆုံးခဲ့ပါတယ်။
ရန်ကုန်မြို့မှာ ဒလန်လို့ ယူဆခံရသူတွေနဲ့ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရပြီး အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းတွေမှာလည်း ဗုံးဖောက်ခွဲ တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။
မြို့ပြပြောက်ကျား တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ ခပ်စိတ်စိတ် ပြန်လည် မြင်တွေ့လာရတာနဲ့အတူ ရွေးကောက်ခံ အရပ်သား အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေအနေနဲ့ မကြာခင်မှာပဲ တိုက်ပွဲ စတင်လာမယ့်သဘော ပြောဆိုလာပါတယ်။
ဒါကြောင့် လာမယ့် စက်တင်ဘာလအတွင်းမှာ တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာနိုင်ပြီး စစ်ကောင်စီဘက်ကလည်း ရန်ကုန်လိုမြို့ကြီးတွေမှာ ဘက်ပေါင်းစုံကနေ ပိတ်ဆို့တင်းကျပ်လာဖွယ် ရှိတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တဦး က ပြောပါတယ်။
၎င်းက “စက်တင်ဘာကစပြီး မြန်မာပြည်ရဲ့ အထွေထွေ အကျပ်အတည်းက ပိုပြီး ကြီးမားလာလိမ့်မယ်။ လူထုဘက်က အသာစီးရမလား၊ စစ်ကောင်စီဘက်က အသာစီးရမလား ဆိုတာတော့ စောင့်ကြည့်ရမယ့် အခြေအနေပါ။ အခြေအနေက တော်တော်ရှုပ်ရှုပ်ထွေးထွေးနဲ့ စစ်ကောင်စီလိုလားတဲ့သူတွေနဲ့ ပြည်သူတွေရဲ့ တိုက်ပွဲက အလွန်ပြင်းထန်စွာ ပေါက်ကွဲ ထွက်ပေါ်လာမယ့် အခြေအနေပါ” လို့ သုံးသပ်ပြောဆိုပါတယ်။
ဩဂုတ်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ NUG အစိုးရရဲ့ အစည်းအဝေးမှာ ယာယီသမ္မတဖြစ်တဲ့ ဒူဝါလရှီးလက မလွဲမသွေ တိုက်ပွဲဝင်ရတော့မှာဖြစ်လို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့တာပါ။
“NUG အစိုးရ အနေနဲ့ နေ့စဉ်နဲ့အမျှ သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် မလွဲမသွေ တိုက်ပွဲဝင်ရတော့မှာ ဖြစ်လို့ ကြိုတင်ပြင်ဆင်မှုတွေကို တာဝန်ရှိသူတွေက မရပ် မနား ဆောင်ရွက်နေကြကြောင်း၊ စတင်မယ့်ရက် ညှိနှိုင်းသတ်မှတ်ပြီးတဲ့အခါ Cabinet ကို ပြန်လည်တင်ပြကာ ဝိုင်းဝန်းဆုံးဖြတ်ကြမှာ ဖြစ်တယ်” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
အဲဒီပြောကြားချက်နဲ့ ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ မြို့ပြပြောက်ကျားတိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ သုံးသပ်မှုတွေရှိပေမယ့် အာဏာသိမ်း စစ်ကောင်စီဘက်ကတော့ စိုးရိမ်စရာ မရှိ ဘူးလို့ ဆိုပါတယ်။
စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်စစ်ကြောင်းတွေ၊ ဖောက်ခွဲမှုတွေ၊ ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်နေတဲ့ ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေရဲ့ လုံခြုံရေး ဆောင်ရွက်မှုတွေကိုတော့ ဂရုတစိုက် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက ပြောပါတယ်။
အဲဒီလို ဥပဒေ၊ အမိန့်တွေ အမျိုးမျိုးထုတ်ပြန်ပြီး တင်းတင်းကျပ်ကျပ် ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့ကြားကပဲ ဗုံးဖောက်ခွဲမှုတွေ၊ ဒလန်ဆိုသူများ ပစ်ခတ်လုပ်ကြံခံရမှုတွေကို စစ်ကောင်စီ အနေနဲ့ တားဆီးနိုင်ခြင်း မရှိပါဘူး။
လူထုအချင်းချင်းကြား အထူးသဖြင့် ဆိုရှယ်မီဒီယာပေါ်မှာ မကြာခင် ပိုမိုပြင်းထန်တဲ့ မြို့ပြတိုက်ပွဲတွေ ဖြစ်ပေါ်လာနိုင်လို့၊ အခက်ခဲဆုံး အခြေအနေတွေကို ရင်ဆိုင်ကျော်ဖြတ်ကြရတော့မှာဖြစ်လို့ ကြိုတင်ပြင်ဆင်ထားနိုင်ရေး သတိပေး ချက်တွေကိုလည်း အများအပြား တွေ့လာရပါတယ်။
မြို့နေလူထုအနေနဲ့ မြို့ပြတိုက်ပွဲတွေ အမှန်တကယ် ပြင်းထန်လာပါက ကိုယ့်မိသားစု၊ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက် လုံခြုံရေးနဲ့ စားဝတ်နေရေး စတဲ့ အခက်အခဲတွေကို အတူရင်ဆိုင် ဖြတ်ကျော်ကြဖို့သာ ဦးစားပေး ပြင်ဆင်နိုင်ဖွယ် ရှိ တယ်လို့ အင်းစိန်မြို့နယ်မှာ နေထိုင်တဲ့ ရှေ့နေတဦးက ပြောပါတယ်။
စစ်ကောင်စီအပေါ် နာကျည်းမုန်းတီးနေသည့်တိုင် ကိုဗစ်ရဲ့ ရိုက်ခတ်မှုရော၊ စီးပွားရေး ကျဆင်းမှုဒဏ်ကိုပါ ရင်ဆိုင်နေရတဲ့ ပြည်သူတွေအနေနဲ့ တိုက်ပွဲတွေမှာ တိုက်ရိုက်ပါဝင်ဖို့ကတော့ နည်းလိမ့်မယ်လို့ ယူဆပါတယ်။
စစ်ကောင်စီအပေါ် နာကျည်းမုန်းတီးနေသည့်တိုင် ကိုဗစ်ရဲ့ ရိုက်ခတ်မှုရော၊ စီးပွားရေး ကျဆင်းမှုဒဏ်ကိုပါ ရင်ဆိုင်နေရတဲ့ ပြည်သူတွေအနေနဲ့ တိုက်ပွဲတွေမှာ တိုက်ရိုက်ပါဝင်ဖို့ကတော့ နည်းလိမ့်မယ်လို့ သူက ယူဆပါတယ်။
“မြို့ပြတိုက်ပွဲတွေ ဖြစ်လာရင် တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လိမ့်မယ် ထင်တယ်။ ပိုပြီးတော့လည်း ပျက်စီးဆုံးရှုံးမှုတွေ များနိုင်ပါတယ်” လို့လည်း ဆိုပါတယ်။
လူထုအနေနဲ့ လက်ရှိကာလမှာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးဒဏ်အပြင် စားဝတ်နေရေး အခက်အခဲ၊ စီးပွားရေး အကျပ်အတည်းတွေနဲ့အတူ စစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကြား အရာရာ ပိုမိုကျပ်တည်းလာမယ့် အခြေအနေကို ရင်ဆိုင်ရဖွယ် ရှိနေတယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ အပါအဝင် အလုပ်လက်မဲ့ ပြဿနာနဲ့ စစ်ရေးပြဿနာတွေကြောင့် မြန်မာ့နိုင်ငံမှာ လူသန်းနဲ့ ချီပြီး စားနပ်ရိက္ခာ မဖူလုံတဲ့ ပြဿနာတွေ ကြုံရနိုင်တယ်လို့လည်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ခန့်မှန်း သုံးသပ်ထားပါတယ်။
ကုလသမဂ္ဂ ခန့်မှန်းသလို မြန်မာနိုင်ငံမှာ ဆင်းရဲငတ်မွတ်မှု ၆ သန်းလောက် ဖြစ်နိုင်တယ်ဆိုရင် လူဦးရေများပြားတဲ့ ရန်ကုန်က အနည်းဆုံး ၃ သန်းလောက် ပါလိမ့်မယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးက ပြောပါတယ်။
“သိပ်တင်းကျပ်မှု များလာတဲ့အတွက် ပြည်သူတွေရဲ့ ဖောက်ထွက်မှုတွေ၊ မြို့ပြတိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာမယ့် အနေအထား ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
You may also like these stories:
မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း
“ငါလွတ်မြောက်သွားပြီ၊ ပျော်သွားပြီ” ဆိုတဲ့ ခံစားချက်တော့ လုံးဝ မရှိဘူး
တိုက်ပေါ်က ခုန်ချပြီး အသက်ရှင်နေသေးသည်ဆိုသည့် လူငယ် ၃ ဦး မိသားစုနှင့် တွေ့ခွင့်မရ
တကိုယ်တော် အာဏာသိမ်းမှု မဟုတ်ပါ
မကွေးလေတပ်စခန်း ပေါက်ကွဲမှု လေယာဉ်အချို့ ထိမှန်ခဲ့ဟု စစ်ကောင်စီပြော