• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

AA သွားနေတဲ့ လမ်း

by ဧရာဝတီ
24 August 2021
in ဆောင်းပါး
A A
ပလက်ဝမြို့နယ် ကျေးရွာတွေမှာ AA လက်နက်ကိုင်တွေကို တွေ့ခဲ့ရစဉ် / ဧရာဝတီ

ပလက်ဝမြို့နယ် ကျေးရွာတွေမှာ AA လက်နက်ကိုင်တွေကို တွေ့ခဲ့ရစဉ် / ဧရာဝတီ

50.7k
VIEWS
Share on FacebookShare on Twitter

အပစ်ရပ်ထားသော ရခိုင်ပြည်နယ် တခုလုံးနီးပါးကို နိုင်ငံရေးဩဇာကို ခိုင်မာစွာ တိုးချဲ့ တည်ဆောက်လာနေသော ရက္ခိုင်စစ်တပ် (AA) ၏ ခပ်စိတ်စိတ် ခြေလှမ်းအသစ်များမှာ အာရုံစိုက်စရာ ဖြစ်သည်။

AA သည် ရက္ခိတလမ်းစဉ် ချမှတ်ပြီး ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကို ကဏ္ဍကိုပါ ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်လာသည်။ ထိုသို့ ကိုင်တွယ် ဆောင်ရွက်ရာတွင် တကြိမ်တခါမှ အလေးပေး မခံရသော၊ မျက်နှာလွှဲ ပစ်ပယ်ခံထားရသော မွတ်ဆလင် အသိုင်းအဝိုင်း၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍများကိုပါ ချန်လှန်မထားဘဲ ပူးပေါင်း ပါဝင်ရန် စီစဉ်ဆောင်ရွက်နေသည် ဟူသော AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ထုတ်ဖော်ပြောကြားမှုအပေါ် လူအများ စိတ်ဝင်စားမှု ရှိခဲ့ကြသည်။

RelatedPosts

ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

23 May 2025
1k
ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

ကမ္ဘာက နှုတ်ဆိတ်ချိန် တရုတ်နှင့် ရုရှားက ရုပ်သေးစစ်ကောင်စီကို ကျားကန်ပေးနေ

23 May 2025
780
ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

ရဟတ်ယာဉ်နှစ်စီး ပစ်ချခံရလို့ ပြည်သူအများစု ဝမ်းသာ

22 May 2025
1.5k

“သူတို့ကို ချန်ထားတာ မဟုတ်ပါ။ သူတို့ကိုလည်း ရဲ၊ အုပ်ချုပ်ရေး၊ စီမံရေး၊ ဥပဒေ သင်တန်းတွေ ပေးဖို့လည်း စီစဉ်နေကြ ပါတယ်။ သူတို့ကိုလည်း ပါဝင်လာဖို့ မှန်းထားပါတယ်” ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သြဂုတ်လ ၁၅ ရက်တွင် အမေရိကန် အခြေစိုက် အာရက္ခမီဒီယာနှင့် အင်တာဗျူးစဉ် ဖြေကြားသွားခြင်း ဖြစ်သည်။

သို့သော်လည်း ၂၀၂၁ ခုနှစ် ဇူလိုင်အတွင်းက မင်းပြားမြို့နယ်၊ ရွှေတမာအုပ်စု၊ လက်မ မွတ်ဆလင်ကျေးရွာသို့ AA သည် ရွာသားများကို အဓမ္မဆက်ကြေး ကောက်ခံပြီး ရွာသားများကို ဖမ်းဆီးရိုက်နှက်မှုများရှိသည်ဟု နိုင်ငံတကာရောက် ရိုဟင်ဂျာအရေး လှုပ်ရှားသူများက လူမှုကွန်ရက်ပေါ်တွင် စွပ်စွဲပြစ်တင်မှုများ ရှိခဲ့သည်။

ပလက်ဝမြို့နယ် ကျေးရွာတွေမှာ AA လက်နက်ကိုင်တွေကို တွေ့ခဲ့ရစဉ်/ဧရာဝတီ

ရိုဟင်ဂျာအရေး လှုပ်ရှားသူ ရိုနေဆန်းလွင် ဆိုလျှင် နိုင်ငံတကာ ပုံရိပ်ကောင်းအောင် AA အပေါ် ထောက်ခံအားပေးခဲ့သော်လည်း ထိုကဲ့သို့ မွတ်ဆလင်ရွာသားများအား အနိုင်ကျင့်မှုကြောင့် နိုင်ငံတကာတွင် ပုံရိပ်ကျဆင်းအောင် ချက်ချင်း လုပ်သွားမည်ဟုလည်း ခြိမ်းခြောက်မှုများ ရှိကာ ပွဲဆူခဲ့သေးသည်။

တခု သတိပေးချင်တာကတော့ ဘာသာရေးနဲ့ လူ့အခွင့်အရေးတွေဟာ ရာဇဝတ် ဂိုဏ်းသားတွေအတွက် ခိုလှုံရာတော့ မဖြစ်သင့်ဘူး။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်က “တခု သတိပေးချင်တာကတော့ ဘာသာရေးနဲ့ လူ့အခွင့်အရေးတွေဟာ ရာဇဝတ် ဂိုဏ်းသားတွေအတွက် ခိုလှုံရာတော့ မဖြစ်သင့်ဘူး။ ကျနော်တို့ အစ္စလာမ်ဘာသာရဲ့ ကြီးကျယ်မှုတွေ၊ တရားမျှတမှုတွေကို နားလည်တယ်၊ လေးစားတယ်။ ဒါပေမယ့် ဒါတွေကို အကာအကွယ်ယူပြီးတော့ ရာဇဝတ်သားတွေကို ကာကွယ်ပေးတာကိုတော့ လက်ခံနိုင်စရာ မရှိပါဘူး” ဟု အာရက္ခ မီဒီယာသို့ ဖြေကြားခဲ့သည်။

မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်အတွင်းနေ အစ္စလာမ် သာသနာရေး ကောင်စီ ဥက္ကဋ္ဌများက ယင်းကိစ္စမှာ ဒေသတွင်း လူဆိုး သူခိုး ဂိုဏ်းများကို ရွာသားများက တိုင်ကြားသည့်အတွက် AA တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခြင်းမျိုးသာ ဖြစ်ပြီး မွတ်ဆလင်ရွာသားများကို နှိပ်စက်ညှဉ်းပန်းခြင်းမျိုး လုံးဝ မရှိကြောင်း သြဂုတ်လ ၇ ရက် ရက်စွဲဖြင့် ပူးတွဲကြေညာချက် ထုတ်ပြန်သည်။

ထိုကြေညာချက်ကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ်အတွင်း AA ၏ သြဇာလွှမ်းမိုးမှု အတိုင်းအတာတခု အထိ ရောက်ရှိနေသည်ကို တွေ့မြင်ရသလို ရခိုင်ပါတီ နိုင်ငံရေးသမားများနှင့် မည်သည့်အချိန်အခါမှ သဟဇာတ မဖြစ်ခဲ့သော မွတ်ဆလင် ရွာသားများက AA အပေါ် လက်ခံ အားကိုးလာနေမှုကို မြင်ရသည်။

ဘူးသီးတောင်မြို့နယ်အတွင်းက မွတ်ဆလင် ခေါင်းဆောင်တဦးက AA ခေါင်းဆောင်များ၏ ထိုသို့ သဘောထားမှုအပေါ် ယုံကြည်လက်ခံပြီး ရခိုင်လူမျိုးနှင့်သာ အေးအတူ ပူအမျှ နေလိုကြောင်း ပြောသည်။

၎င်းက “ကျနော်တို့က ရခိုင်ပြည်မှာနေတော့ ရခိုင်လူမျိုးတွေနဲ့ အေးအေးချမ်းချမ်း နေချင်တယ်။ AA က ကျနော်တို့ကို တာဝန်ပေးမယ် ဆိုတာကို Facebook မှာ တွေ့နေရတယ်။ ကျနော်တို့ကလည်း ဒီလိုပဲ ဖြစ်ချင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

AA ဘယ်လက်မောင်းတံဆိပ်နှင့် ရင်ထိုး/ဧရာဝတီ

မင်းပြားမြို့နယ် အစ္စလာမ်သာသနာရေး ကောင်စီဥက္ကဋ္ဌ ဟာဂျီ ဦးစိန်မင်းကမူ မွတ်ဆလင်အသိုင်းအဝိုင်းအား ရခိုင် အမျိုးသားအဖွဲ့ချုပ် (ULA / AA) ၏ အုပ်ချုပ်ရေးကဏ္ဍများတွင် နေရာပေးမည် ဆိုသော်လည်း လက်တွေ့ မြေပြင်တွင်မူ ဆောင်ရွက်မှု မရှိသေးကြောင်း ပြောသည်။

ဟာဂျီ ဦးစိန်မင်းက “အဲဒီလိုမျိုး ပြောဆိုနေတာကိုတော့ ကြားတယ်။ ရွာက ကလေးတွေကြားထဲမှာလည်း အဲဒီသတင်းကိုတော့ ပြောဆိုနေကြတာတော့ ရှိတယ်။ သူတို့ စိတ်ဝင်စားမှု ရှိလား၊ မရှိဘူးလား ဆိုတာတော့ ကျနော်လည်း မသိဘူး။ အခု ထိလည်း အဲဒီ အဖွဲ့အစည်းထဲမှာ ပါတာတော့ မတွေ့သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

AA ကို စိန်ခေါ်နေသော မွတ်ဆလင် ပြဿနာ

ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများနှင့် မွတ်ဆလင် အသိုင်းအဝိုင်းများကြားတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက လူမျိုးရေး၊ ဘာသာရေး အမုန်းတရား ပြဿနာများ ရှိခဲ့ကြသည်မှာ အားလုံးအသိ ဖြစ်သည်။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ရခိုင်- မွတ်ဆလင် အရေးအခင်းများကြောင့် နှစ်ဖက်စလုံး လူများစွာ သေဆုံးမူနှင့်အတူ အိုးအိမ်များ မီးလောင်ဆုံးရှုံးခဲ့ကြကာ ၁၀ စုနှစ်တခုအထိ ကူးလူးဆက်ဆံမှု မပြုလုပ်ကြဘဲ မွတ်ဆလင် ဒုက္ခသည် စခန်းများ ဖွင့်ကာ သီးသန့် နေထိုင်ခဲ့ကြသည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များက ဖြစ်ပွားခဲ့သော မောင်တော အရေးအခင်းကြောင့်လည်း မွတ်ဆလင်ကျေးရွာသား သိန်းနှင့်ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံခဲ့ရပြီး ရခိုင်ပြည်နယ်က မွတ်ဆလင်ပြဿနာမှာ ကမ္ဘာ့သတင်း စာမျက်နှာတွင် ထိပ်တန်းသို့ ရောက်ခဲ့ရသည်။ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင်လည်း လက်ရှိအချိန်အထိ အမှုရင်ဆိုင်နေရသေးသည်။

၂၀၁၈ ခုနှစ် စစ်တပ်နှင့် AA တို့ ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ကြမ်းကြုတ်ရက်စက်သော နယ်မြေ ရှင်းလင်းမှုများကြောင့် မွတ်ဆလင်များနည်းတူ ရခိုင်ပြည်သူလူထု သိန်းနှင့်ချီ အိုးအိမ်များ စွန့်ခွာပြီး စစ်ဘေးဒုက္ခသည်များ အဖြစ်သို့ ရောက်ရှိခဲ့သည်။

ပလက်ဝမြို့နယ် ကျေးရွာတွေမှာ AA လက်နက်ကိုင်တွေကို တွေ့ခဲ့ရစဉ်/ဧရာဝတီ

ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သူ အားလုံးနီးပါး မြေစာပင်ဘဝ ရောက်ခဲ့ကြပြီ ဖြစ်သည့်အတွက် နောက်ပိုင်းတွင် ရခိုင်နှင့် မွတ်ဆလင် ရွာသားများ၏ ဆက်ဆံရေးမှာလည်း တစတစ ပြန်လည်သင့်မြတ်လာပုံပေါ်သည်။

ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သူ အားလုံးနီးပါး မြေစာပင်ဘဝ ရောက်ခဲ့ကြပြီ ဖြစ်သည့်အတွက် နောက်ပိုင်းတွင် ရခိုင်နှင့် မွတ်ဆလင် ရွာသားများ၏ ဆက်ဆံရေးမှာလည်း တစတစ ပြန်လည်သင့်မြတ်လာပုံပေါ်ပြီး မွတ်ဆလင်ရွာသားများ AA ကို လက်ခံလိုလားမှု ရှိလာသည်။

ရခိုင်ပြည်နယ်အတွင်း ခက်ခဲနက်နဲသော မွတ်ဆလင်ပြဿနာသည် အစိုးရအဆက်ဆက် မဖြေရှင်းနိုင်ဘဲ မီးခဲ ပြာဖုံး ပုံစံမျိုးဖြင့် ထားရှိခဲ့သည့်အတွက် အတွင်း လှိုက်စားလျက်ရှိသည်။ နိုင်ငံတကာ စံနှင့် အမျိုးသားရေး စံကြား AA ခေါင်းဆောင်များ မည်သို့ ကိုင်တွယ် ဖြေရှင်းမလဲဆိုသည်က စောင့်ကြည့်စရာတခု ဖြစ်သည်။

ကြီးထွားလာသော AA ၏ သြဇာလွှမ်းမိုးမှု

ကချင်ပြည်နယ်၊ KIA ထိန်းချုပ်နယ်မြေ လိုင်ဇာတွင် လူ၂၀ ကျော်နှင့် စစ်သင်တန်း တက်ရောက်ကာ ဖွဲ့စည်းခဲ့သော AA သည် ချင်းပြည်နယ်နှင့် ရခိုင်မြောက်ပိုင်းမြို့နယ်များသို့ တဖြည်းဖြည်းချင်း စိမ့်ဝင် ရောက်ရှိလာပြီး၂၀၁၆ နှစ်ကုန်ပိုင်းက ပြောက်ကျား စစ်ဆင်ရေးကို စတင်ခဲ့သည်။

စစ်တပ်နှင့် AA တို့သည် ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းကနေ ၂၀၂၀ အောက်တိုဘာလအထိ သုံးနှစ်နီးပါး မီးကုန်၊ ယမ်းကုန် တိုက်ခိုက်ခဲ့ကြပြီး လက်ရှိအချိန်တွင် နှစ်ဖက် ယာယီအပစ်ရပ်ထားမှုနှင့်အတူ AA သည် လက်နက်အင်အား၊ စစ်သည် အင်အား အတောင့်တင်းဆုံး အချိန်သို့ ရောက်ရှိနေသည်။

AA သည် ရခိုင်မြောက်ပိုင်း မြို့နယ်များသာမက ယခင်က ထောက်ခံမှု နည်းသော သံတွဲ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင်မြို့နယ်များအထိ လက်ရှိအချိန်တွင်ပါ တပ်ဖြန့်ကျက်ထားသလို မြို့နယ်အားလုံးတွင် နိုင်ငံရေးမှူးများကို ခန့်အပ် တာဝန်ပေးကာ အုပ်ချုပ်ရေး အာဏာကို ထူထောင်ထားနိုင်သည်။

စစ်တပ်သည် ရခိုင်ပြည်နယ်အတွင်း အမ်းမြို့နယ်တွင်း အနောက်ပိုင်းတိုင် စစ်ဌာနချုပ် (နပခ) ၊ ကျောက်တော်မြို့နယ်တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (စကခ) ၉ ၊ တောင်ကုတ်မြို့နယ်တွင် စကခ (၅) ၊ ဘူးသီးတောင်မြို့နယ်အတွင်း စကခ ( ၁၅) ၊ စစ်တွေမြို့နယ်တွင် ဒေသကွပ်ကဲမှူးဌာနချုပ် (ဒကစ) စသည့် တပ်မ လက်အောက်ခံ တပ်ရင်း အပါအဝင် ပြည်မက တပ်မ ၅ ခု ကို ခေါ်သွင်းပြီး AA ကို သုံးနှစ်နီးပါး ထိုးစစ်ဆင်ခဲ့သည်။

သို့သော်လည်း ကုလားတန်မြစ်ကြောင်းအနီးက ရက်ပေါင်း ၄၀ ကျော် ကြာမြင့်ခဲ့သော မီးဝဗျူဟာကုန်းတိုက်ပွဲများကဲ့သို့ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်များ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သော်လည်း AA တပ်ဖွဲ့၏ ပြောက်ကျားစစ်ကို ထင်သလို မထိုးဖောက်နိုင်ခဲ့ပေ။

ထို့ပြင် ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်ကြားက ဗုဒ္ဓေါတောင်တန်း တိုက်ပွဲ၊ ရသေ့တောင်မြို့နယ်အတွင်းက အောင်သာစည် တိုက်ပွဲ၊ မင်းပြားမြို့နယ်အတွင်းက ကမ်းနီ တိုက်ပွဲများတွင် ဂျက်ဖိုက်တာများဖြင့် နေ့ရာညပါ ဗုံးကြဲတိုက်ခိုက်သော်လည်း စစ်ရေး အသာစီး မရခဲ့သည့်အပြင် မီးဝ ဗျူဟာကုန်း တိုက်ပွဲအတွင်း တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း တခုလုံးပင် အဖမ်းခံခဲ့ရသည်။

၂၀၂၀ ပြည့်နှစ် အောင်တိုဘာလ ကျင်းပခဲ့သော ရွေးကောက်ပွဲအလွန် နှစ်ဖက် စစ်ပန်းနေကြသည့်အချိန် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ၏ ကြားဝင် ဖျန်ဖြေမှုဖြင့် စစ်တပ်နှင့် AA တို့ နှစ်ဖက် တိုက်ပွဲများကို ရပ်တန့်ထားနိုင်ခဲ့ကြသည်။

AA သည် ပြည်နယ်တခုလုံးကို ဩဇာလွှမ်းမိုးကာ စစ်ဒေသအလိုက် ထိန်းချုပ်နိုင်သော နယ်မြေများ၌ တရားဥပဒေ စိုးမိုးရေးနှင့် တရာစီရင်ရေး အခန်းဏ္ဍကိုပါ တွင်ကျယ်စွာ ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။

တ်ိုက်ပွဲ ရပ်တန့်ထားမှုနှင့်အတူ ရခိုင်ပြည်သူလူထု၏ တခဲနက်ထောက်ခံမှုကို ရရှိထားသော AA သည် ပြည်နယ်တခုလုံးကို ဩဇာလွှမ်းမိုးကာ စစ်ဒေသအလိုက် ထိန်းချုပ်နိုင်သော နယ်မြေများ၌ တရားဥပဒေ စိုးမိုးရေးနှင့် တရာစီရင်ရေး အခန်းဏ္ဍကိုပါ တွင်ကျယ်စွာ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း အသိပေးလိုက်သည်။

AA ရဲ့ ပြည်သူ့ တရားစီရင်ရေး

ULA / AA ၏ နိုင်ငံရေးမှူးများသည် အစပိုင်းတွင် ဒေသတွင်း ဖြစ်ပွားသော အမှုအခင်းများကို ရပ်ရွာလူကြီးများခေါ်ယူပြီး ခုံသမာဓိ သဘောမျိုး ထားရှိကာ ဆုံးဖြတ်ပေးရာမှ နောက်ပိုင်းကာလ ၂၀၂၁ နှစ်ဆန်းပိုင်းကတည်းက သိကျွမ်းနားလည် သည့် ပုဂ္ဂိုလ်များကို ခေါ်ယူကာ ပြည်သူ့ တရားစီရင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သြဂုတ်လ ၁၅ ရက်တွင် အာရက္ခ မီဒီယာ အင်တာဗျူး၌ ပြောကြားထားသည်။

ULA / AA ၏ ပြည်သူ့တရား စီရင်ရေးတွင် ရပ်ရွာအဆင့်၊ တိုက်နယ်အဆင့်၊ မြို့နယ်အဆင့်၊ ဒေသအဆင့်၊ ဗဟိုအဆင့် စသဖြင့် အယူခံတရားရုံများ အဆင့်ဆင့်ကိုလည်း ဖွဲ့စည်းထားသလို တရားသူကြီးများ၏ အဂတိတရား ကင်းရှင်းမှု ရှိစေရန်လည်း ထောက်ပံ့ကြေး လစာများ ပေးအပ်ရန် စီစဉ် ဆောင်ရွက်နေကြောင်းလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆိုထားသည်။

သို့သော်လည်း ULA / AA ၏ တရား စီရင်ရေးတွင် သီးခြား ဥပဒေများ ပြဋ္ဌာန်းထားခြင်း မရှိသေးဘဲ လက်ရှိ ကျင့်သုံးနေသော ရာဇသတ်ကြီး ဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ စသည်တို့ကိုသာ လက်တွေ့ ကျင့်သုံးပြီး တရားစီရင်ခြင်း ဖြစ်ကြောင်း သိရသည်။

ကျေးလက်နေ ပြည်သူများသည် တချိန်က မြို့ပေါ် တရားရုံးများသို့ သွားရောက် အမှုအခင်းများ ရင်ဆိုင်ဖြေရှင်းနေကြရသော်လည်း လက်ရှိတွင်မူ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများက ကျေးလက်ဒေသရှိ AA ထိန်းချုပ်နယ်မြေတွင် ဖွင့်လှစ်ထားသော တရာရုံးများသို့သာ လာရောက်၍ ဖြေရှင်းသည်ကို တွေ့မြင်နေရကြောင်း ကျောက်တော်မြို့ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက ဧရာဝတီသို့ ပြောသည်။

လေ့လာစောင့်ကြည့်သူများ၏ အဆိုအရ ရခိုင်အမျိုးသား အဖွဲ့ချုပ် (ULA / AA) သည် ပြည်နယ်အတွင်း တရားစီရင်ရေးကို အားကြိုးမာန်တက် ထိုးဖောက် ရယူခြင်းမျိုး မဟုတ်ဘဲ တိုက်ပွဲကာလ အတွင်းကတည်းက စစ်တပ် လက်အောက်ခံ ရဲ တပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်များ၏ ပြည်သူ့အခန်းကဏ္ဍကို ဥပက္ခာပြုထားသည့်အတွက် AA တပ်ဖွဲ့ဝင်များက ကိုင်တွယ်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

ဘူးသီးတောင်မြို့နယ်အတွင်းရှိ မွတ်ဆလင် ဘာသာဝင်တဦးက “တိုက်ပွဲဖြစ်တဲ့ အချိန်ကတည်းက ကျနော်တို့ ရွာမှာ အမှုအခင်းဖြစ်ရင် ရဲကို ခေါ်လို့မရဘူး။ တိုင်ရင်တော့ သူတို့ တိုင်စာကို လက်ခံတယ်။ ကွင်းဆင်းပြီး ဖြေရှင်းပေးတာ မရှိဘူး။ ဘယ်လိုပဲ တိုင်တိုင် သူတို့ မလာဘူး” ဟု ဧရာဝတီသို့ ပြောသည်။

သို့အတွက် လက်ရှိအချိန်တွင် ကျေးရွာအတွင်း အမှုအခင်းများကို ရပ်ကွက်ရှိ မော်လဝီဆရာများက ကြီးကြပ်မှုဖြင့် ဖြေရှင်း ပေးနေသလို ၎င်းတို့ မနိုင်သည့် အမှုအခင်းများကိုမူ AA တပ်ဖွဲ့ဝင်များကို တိုင်ကြားကာ ၎င်းတို့ လာရောက်ဖြေရှင်းပေး သည်ဟု ဆိုသည်။

ပလက်ဝမြို့နယ် ကျေးရွာတွေမှာ AA လက်နက်ကိုင်တွေကို တွေ့ခဲ့ရစဉ်/ဧရာဝတီ

ကျောက်တော်မြို့နယ် အတွင်းက ဒေသခံတဦးကလည်း ကျေးရွာအတွင်း အမှုအခင်းဖြစ်တိုင်း နယ်မြေခံ ရဲစခန်းထံ သွားရောက် တိုင်ကြားသော်လည်း လုုံခြုံရေး အကြောင်းပြချက်ဖြင့် မလာရောက်နိုင်သည်ဟုသာ အကြောင်းပြန်ကြောင်း ပြော သည်။

ရွာမှာ အမှုဖြစ်တိုင်း ကျနော်တို့ ရဲစခန်းကို သွားတိုင်မယ်။ ပထမတော့ မင်းတို့တွေ AA သွားတိုင်ကြဆိုပြီး ပြန်လွှတ်တယ်။ နောက်ပိုင်း တိုင်တဲ့အခါ ခင်ဗျားတို့က ကျုပ်တို့ လုံခြုံရေးကို ယူပေးနိုင်မလား။ လုံခြုံရေး ယူပေးနိုင်မယ်ဆိုမှ လာမယ် ပြောပါတယ်

၎င်းက “ရွာမှာ အမှုဖြစ်တိုင်း ကျနော်တို့ ရဲစခန်းကို သွားတိုင်မယ်။ ပထမတော့ မင်းတို့တွေ AA သွားတိုင်ကြဆိုပြီး ပြန်လွှတ်တယ်။ နောက်ပိုင်း တိုင်တဲ့အခါ ခင်ဗျားတို့က ကျုပ်တို့ လုံခြုံရေးကို ယူပေးနိုင်မလား။ လုံခြုံရေး ယူပေးနိုင်မယ်ဆိုမှ လာမယ် အဲဒီလို ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မင်းပြားမြို့နယ် အစ္စလာမ်သာသနာရေး ကောင်စီဥက္ကဋ္ဌ ဟာဂျီ ဦးစိန်မင်းက ကျေးရွာအတွင်း အမှုအခင်းဖြစ်လျှင် တချို့က ရဲစခန်းကို သွားရောက် တိုင်တန်းကြပြီး တချို့ကလည်း AA ကို သွားတိုင်သူများ ရှိကြောင်း ပြောပြသည်။

ထိုသို့ ကျေးလက်နေသူများနှင့် မြို့ပေါ် ရပ်ကွက်နေ လူထုများပါ ULA /AA ၏ ထိန်းချုပ်နယ်မြေများ အတွင်းရှိ ဒေသတရားရုံး၊ တိုက်နယ်တရားရုံးများသို့ သွားရောက်၍ တရားရင်ဆိုင်နေကြသည့် အခြေအနေအပေါ် စစ်ကောင်စီ၏ ကန့်ကွက် နှောင့်ယှက်မှုများ ရှိကြောင်းလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဆိုသည်။

“ကျနော်တို့ လုပ်နေတာတွေကို ဒေသဆိုင်ရာ တပ်မှူးတွေ၊ ကြားခံသူတွေကနေ ကန့်ကွက်တာတွေ ရှိပါတယ်။ သူတို့ဘက် ကြည့်ရင် သူတို့ မှန်တယ် ထင်မှာပေါ့။ ကျနော်တို့ဘက်က ကြည့်ရင်လည်း လုပ်သင့်တာကို လုပ်နေတာ ဖြစ်ပါတယ်။ အဲဒါကို နားလည်မှု မယူဘဲ စစ်ရေးအရ အက်ရှင်တွေ ပိုတင်းကျပ်လာပြီး ခြိမ်းခြောက်မှု လုပ်လာမယ်ဆိုရင် ကျနော်တို့ ဒါတွေ ကို သတိထားပြီးတော့ စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ပြောသည်။

စစ်မီး ပြန်တောက်မလား

လက်ရှိ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်ပြီး ရခိုင်တပြည်နယ်လုံး လွှမ်းခြုံ၍ Stay at Home ကာလအဖြစ် နေအိမ်တွင် နေထိုင်ကြရန် ဇူလိုင်လ ၂၀ ရက်မှ သြဂုတ်လ ၄ ရက်အထိ ကိုဗစ် စည်းကမ်းချက်များကို AA က ထုတ်ပြန်ပြီး လိုအပ်သလို သက်တမ်း တိုးမြှင့်မှုများကိုလည်း လုပ်ဆောင်ထားသည်။

အလားတူ စစ်ကောင်စီကလည်း ကိုဗစ်အကြောင်းပြချက်ဖြင့် မြို့နယ်များတွင် ဧည့်စာရင်း စစ်ဆေးခြင်းများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ကြေညာချက်များ ထုတ်ပြန်ကာ စစ်တွေနှင့် မြို့နယ်တချို့တွင်လက်နက် အပြည့်အစုံဖြင့် နေ့ည လှည့်ကင်းများ ပတ်ကာ လူသွားလူလာများသည့် လမ်းမများပေါ်တွင် ဆိုင်ကယ်များကို ရပ်တန့် ရှာဖွေ စစ်ဆေးခြင်းများ ပြုလုပ်နေသည်။

စစ်တပ် ခေါင်းဆောင်များသည် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေသော ပြည်သူ့တော်လှန်ရေး တပ်ဖွဲ့ဝင်များကို တနိုင်ငံလုံး အတိုင်းအတာဖြင့် တပ်ဖြန့်ကာ လှည့်ပတ်ရင်ဆိုင်တိုက်ပွဲများ ဆင်နွှဲနေရသည့်အတွက် မြန်မာနိုင်ငံ အနောက်ဘက် ခြမ်းက ရခိုင်စစ်မျက်နှာတွင် AA တပ်ဖွဲ့နှင့် စစ်မီး ပြန်လည် တောက်လောင်မှုကို မလိုလားပေ။

ရခိုင်ပြည်နယ်အတွင်း လက်ရှိ AA ၏ ကိုင်တွယ် ဆောင်ရွက်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက AA နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် မူဝါဒချမှတ်ထားကြောင်း ပြောသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “ကျနော်တို့ အနေနဲ့ကတော့ ရွေးကောက်ပွဲ ပြီးကတည်းက ရခိုင်ပြည်နယ်မှာ နယ်မြေ တည်ငြိမ် မှု ရရှိဖို့နဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက် လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်။ ဘယ်လိုပဲပြောပြော အဖွဲ့အစည်း တခုအနေနဲ့ သူ့ရည် မှန်းချက်နဲ့ ပြောတဲ့ဟာမျိုးတွေ ရှိကောင်း၊ ရှိနိုင်တာပေါ့။ ဒီလိုပဲ ပြောနေတာပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက် လို့ကတော့ ကောင်စီဥက္ကဋ္ဌ ပြောထားတဲ့အတိုင်း အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ကြေညာခြင်း မခံရတဲ့ EAOs အဖွဲ့ အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

သို့သော် အတိတ်သမိုင်းက အတွေ့အကြုံများအရ အပြောများနှင့် မယုံတတ်တော့ပေ။ တဖက်တွင် AA သြဇာလွှမ်းမိုးထားမှုနှင့်အတူ မြို့မ စည်ပင်ယာ ဈေးကြီးများ၏ လေလံစည်းကြပ်ခွန်များ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအား စည်းကြပ်ခွန်များကိုပင် ရခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့ ဖွဲ့စည်း၍ လုပ်ဆောင်လာမှုများအပေါ် မခံချိမခံ သာဖြစ်ကာ သြဂုတ်လဆန်းပိုင်းကတည်းက ရခိုင်ပြည်နယ်အတွင်းသို့ ရေကြောင်း၊ ကုန်းကြောင်း စသည်ဖြင့် စစ်သည် အင်အားများ ဖြည့်တင်းနေသည် ဟုလည်း လေ့လာ စောင့်ကြည့်သူများက ဆိုသည်။

ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးထွန်းကြည်ကတော့ ရခိုင်ပြည်နယ်အရေးသည် စစ်ရေးနှင့် ဖြေ ရှင်း၍ မရတော့နိုင်ကြောင်း၊ စစ်ရေးနှင့် ဖြေရှင်းလေ ထပ်ခါထပ်ခါ မှားလေသာ ဖြစ်မည်ဟု ပြောသည်။

ရခိုင်ပြည်နယ်ရဲ့ အခြေအနေက တိုက်ပွဲနှင့် ဖြေရှင်းရန် ကြိုးစားလေ ထပ်ပြီးတော့ မှားလေ ဖြစ်မယ်။ AA ရဲ့စစ်အင်အား ကြီးထွားလာမှုကို စစ်ကောင်စီက အသိအမှတ်ပြုပြီးတော့ တိုက်ပွဲနဲ့ ဖြေရှင်းလို့ ရ မရ ဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုလာပြီ။

“ရခိုင်ပြည်နယ်ရဲ့ အခြေအနေက တိုက်ပွဲနှင့် ဖြေရှင်းရန် ကြိုးစားလေ ထပ်ပြီးတော့ မှားလေ ဖြစ်မယ်။ AA ရဲ့စစ်အင်အား ကြီးထွားလာမှုကို စစ်ကောင်စီက အသိအမှတ်ပြုပြီးတော့ တိုက်ပွဲနဲ့ ဖြေရှင်းလို့ ရမရ ဆိုတာကို ပြန်လည်သုံးသပ်ဖို့ လိုလာ ပြီ။ အဲဒီ အခြေအနေ မဟုတ်ဘဲ တိုက်ပွဲတွေသာ ဆက်ဖြစ်လာကြမယ်ဆိုရင် နှစ်ဖက်လုံး ဆိုးကျိုး ပိုများနိုင်တယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ပြည်သူ့ လွှတ်တော် ကိိုယ်စားလှယ်ဟောင်း ဦးဖေသန်း ကလည်း နှစ်ဖက်ယုံကြည်မှုကို ဆက်လက် မတည်ဆောက်နိုင်ပါ က စစ်သည်အင်အား ကြီးမားသည့် နှစ်ဖက်တိုက်ပွဲများတွင် ပြည်သူများ မြေစာပင် ဖြစ်ပွားနိုင်သည့်အတွက် အလွန် စိုးရိမ် မိကြောင်း ပြောသည်။

၎င်းက “ULA /AA ရဲ့သြဇာက ရခိုင်ပြည်နယ်အနှံ့လို့ မဆိုနိုင်ပေမယ့် ၇၅ ရာခိုင်နှုန်း သြဇာသက်ရောက်မှု ရှိတယ်လို့ မြင်တယ်။ အဲဒီအခြေအနေမှာ နှစ်ဖက်လုံးက ယုံကြည်မှုကို ဆက်လက် မတည်ဆောက်နိုင်ဘဲ နောက်တကြိမ် တိုက်ပွဲ ဖြစ်လာ မယ်ဆိုရင် ပြည်သူတွေအနေနဲ့ စစ်သည် အင်အားကြီးမားတဲ့ နှစ်ဖက်တိုက်ပွဲကြားမှာ မြေစာပင် ဖြစ်သွားမှာကို အလွန် စိုးရိမ်မိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

AA စစ်ဦးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကလည်း စစ်တပ်နှင့် ယာယီ အပစ်ရပ်ထားသည့် အဆင့်သာ ရှိပြီး လက်ရှိ အချိန် အထိ တစုံတရာ မည်သည့် သဘောတူညီမှုကို မရှိသေးကြောင်း၊ ချမှတ်ထားသည့် ရက္ခိတလမ်းစဉ်အတိုင်း ဆုံးရှုံးသွား သည့် ရခိုင် အချုပ်အခြာအာဏာကို ပြန်လည် ရယူရာတွင်လည်း မည်သည့် အလျော့အတင်း မရှိဟု အာရက္ခ မီဒီယာနှင့် အင်တာဗျူးတွင် ဖြေဆိုထားသည်။

“ရက္ခိတ လမ်းစဉ်ကို ချမှတ်ပြီးတော့ ရခိုင့် အိမ်မက်၊ ရခိုင် တမျိုးသားလုံး လိုလားတဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်တဲ့အခါ အလျော့အတင်း ဆိုတာ မရှိပါဘူး။ လုံးဝ ပုံသေ သတ်မှတ်ချက် ဖြစ်ပါတယ်။ ကျနော်တို့က ဆုံးရှုံးသွားတဲ့ ရခိုင့်အချုပ်ချာအာဏာကို ပြန်ပြီး ရရှိဖို့အတွက် အောက်ဈေး၊ အထက်ဈေး ဆိုတာ တခါမှ မရှိခဲ့ဘူး။ နောက်လည်း ရှိလာမှာ မဟုတ်ဘူး” ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဆိုသည်။

ရက္ခိတ လမ်းစဉ်နှင့် AA သွားနေတဲ့ လမ်း

စစ်တပ်က အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး AA သြဇာ လွှမ်းမိုးထားသော ရခိုင်ပြည်နယ်တွင်း အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး မည်သည့် လှုပ်ရှားမှု မရှိသလို စစ်ဦးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကလည်း ပြည်နယ်အတွင်း လမ်းပေါ်က ဆန္ဒပြ မှုနှင့် CDM လူပ်ရှားမှုကိုလည်း မလိုလားကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြားထားသည်။

ဘုံရန်သူ တူသည်ဆိုပြီး ခရီးတလျှောက်လုံး မိတ်ဆွေဖြစ်မည်ဆိုသည်ကို ယူဆ၍ မရသလို တော်လှန်ရေး ခရီးမှာလည်း အဆင့် ၄ ဆင့်တွင် အဆင့် ၃ ဆင့်အထိ ရောက်ရှိနေပြီဖြစ်ကာ ရက္ခိတလမ်းစဉ်ကို ခိုင်ခိုင်မာမာ စွဲကိုင်ပြီး လျှောက်လှမ်းရန် လိုအပ်ကြောင်းလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

“ဒီလူတွေနဲ့ ငါတို့နဲ့ ဘုံရန်သူ တူတယ်ဆိုပြီးတော့ လမ်းခရီး တလျှောက်လုံး မိတ်ဆွေဖြစ်လိမ့်မယ် ယူဆလို့တော့ မရဘူး။ အဲဒီလိုမျိုး မဖြစ်နိုင်ဘူး ဆိုတာကိုလည်း ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ သမိုင်း သင်ခန်းစာတွေထဲမှာ နာကျင်စွာနဲ့ အတွေ့ အကြုံတွေ အများကြီး ရှိပါတယ်။ အဲဒါကြောင့် မှန်ကန်တဲ့ Strategy ကို သုံးနိုင်ရမယ်။ ဘယ်သူကိုတော့ ဘယ်လိုအချိန်မှာ ပေါင်းပြီးတော့ ကိုယ့်လမ်းကို ဘယ်လို လျှောက်မယ် ဆိုတာက ရှင်းလင်းဖို့ အရမ်းကို အရေးကြီးပါတယ်” ဟု အာရက္ခ မီဒီ ယာနှင့် အင်တာဗျူးတွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောသည်။

ရခိုင် နိုင်ငံရေးသမား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဖေသန်း ကတော့ အာဏာသိမ်းမှုကြောင့် လက်ရှိ ဖြစ် ပေါ်နေသော မြန်မာနိုင်ငံရေးအတွက် AA က မည်သည့်ဘက်ကမှ ပါဝင်ခြင်း မရှိသော်လည်း လုံးဝ သီးသန့် ဆန်ပြီးနေသည့် အနေအထားကို မတွေ့ရကြောင်း ပြောသည်။

“ရခိုင်ပြည်နယ်မှာ သီးသန့် အခြေအနေ တရပ်ရှိတဲ့အတွက် မပါနိုင်လို့ စစ်ဦးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောထားတာ ရှိတယ်။ သို့သော် ညီနောင် မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်း တိုက်ခိုက်တာ ရှိတဲ့အတွက် လုံးဝ မပါဘူး ဆိုပြီး နေတာတော့ မဟုတ်။ အကန့်အသတ် ခွဲထားပြီး လုပ်ဆောင်နေတာ ဖြစ်တယ်လို့ မြင်တယ်။ ရခိုင်မှာ တည်ငြိမ်စေချင်တဲ့အတွက် ရခိုင်မှာ မလှုပ်ရှားတာပဲ ရှိတယ်” ဟု ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။

သို့သော်လည်း ပါတီနိုင်ငံရေး လမ်းကြောင်းတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာသည့် အတွေ့အကြုံအရ ဗမာနိုင်ငံရေး ခေါင်းဆောင်၊ စစ်ရေး ခေါင်းဆောင်များသည် တိုင်းရင်းသားများ၏ တောင်းဆိုချက်၊ မျှော်မှန်းချက်များဖြစ်သည့် ကိုယ်ပ်ိုင် အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်တို့ကို တကြိမ်တခါမှ ခွင့်ပြုပေးခြင်း မရှိကြောင်း ဦးဖေသန်းက ဝေဖန်သည်။

You may also like these stories:

ရွာသားများကို ဗလီ၌ ပိတ်လောင်ထားသည် ဆိုခြင်းမှာ မမှန်ဟု AA ပြော

တိုင်းရင်းသား တပ်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း အာဏာသိမ်းခေါင်းဆောင်ပြော

Stay at Home နေရန် AA ထုတ်ပြန်ချက် ရခိုင်ပြည်သူများ လိုက်နာဆောင်ရွက်

ရက္ခိုင့်တပ်တော်၊ မြန်မာ့စစ်အာဏာသိမ်းမှု နှင့် ရက္ခိုင်ပြည်နိုင်ငံရေး

Your Thoughts …
Tags: AAစစ်ကောင်စီတရားစီရင်ရေးမွတ်ဆလင်ရခိုင်ပြည်နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဩဂုတ်လ ၂၃ ရက် အမေရိကန် ဒု သမ္မတ ကမ်မလာဟားရစ်ကို စင်ကာပူဝန်ကြီးချုပ် လီရှန်လုန်းက ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုစဉ်

ကမ်မလာဟားရစ်ရဲ့ အရှေ့တောင်အာရှ ခရီး ဘာလဲ

မိုးကုတ်မြို့တွင် မြေများပိနေသော အိမ်များကို တူးဖော်မှုများ ပြုလုပ်နေစဉ်  / CJ

မိုးကုတ်မြေပြိုမှုကြောင့် သေဆုံးသူ ၅ ဦး အလောင်း ရှာဖွေတွေ့ရှိ၊ ပျောက်ဆုံးသူများ ရှိနေသေး

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

2 days ago
3.5k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.8k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate