• English
Friday, July 18, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

NUG က အသုံးစရိတ် ဒေါ်လာသန်း ၇၀၀ ဖြင့် စစ်ကောင်စီကို စိန်ခေါ်

by ဧရာဝတီ
4 September 2021
in ဆောင်းပါး
A A
မေလ ၂ ရက်နေ့က လန်ဒန်မြို့တွင် မြန်မာ့အရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့စဉ် / Getty Images

မေလ ၂ ရက်နေ့က လန်ဒန်မြို့တွင် မြန်မာ့အရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့စဉ် / Getty Images

71.8k
VIEWS
Share on FacebookShare on Twitter

ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့သော စစ်ကောင်စီကို ဆန့်ကျင်ရေး ဒေါ်လာသန်း ရာပေါင်းများစွာ ရရှိစေမည့် အခွန်နှင့် ရန်ပုံငွေရှာဖွေရန် လုပ်ငန်းများကို မြန်မာနိုင်ငံ၏ စင်ပြိုင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) က အရှိန်မြှင့် လုပ်ဆောင်နေသည်။ NUG သည် ပြည်ပမှ ချမ်းသာကြွယ်ဝသည့် မြန်မာများအပါအဝင် နိုင်ငံတကာ ထောက်ခံသူများကို စည်းရုံးနေပြီး စစ်ကောင်စီထံ ဝင်ငွေစီးဆင်းမှု ဖြတ်တောက်ရန်လည်း လှုံ့ဆော်နေကာ စစ်တပ်နှင့်ပတ်သက်သည့် လုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံမှုများအား အခြားနေရာများတွင် ပြန်လည်ပြောင်းလဲရင်းနှီးမြှုပ်နှံရန်လည်း ဖိအားပေးနေသည်။

NUG သည် ၎င်းတို့၏ ပထမဆုံး အသုံးစရိတ်ခွဲဝေမှုကိုလည်း ပြင်ဆင်နေပြီး ထိုအသုံးစရိတ်သည် အမေရိကန် ဒေါ်လာ သန်း ၇၀၀ အထိရှိကာ လာမည့် ရက်သတ္တပတ်များအတွင်း ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း စင်ပြိုင် အစိုးရ၏ စီးပွားရေး အကြံပေးများပြောသည်။ နိုင်ငံပြင်ပရှိ ငွေစာရင်းများတွင် အဓိကထားရှိသော ထိုရန်ပုံငွေများကို လူသားချင်းစာနာမှု အကူအညီပေးရေးလုပ်ငန်းများ၊ ကိုဗစ်နိုင်တင်း ကာကွယ်ရေးနှင့် နိုင်ငံအတွင်း သပိတ်မှောက်နေသည့် အလုပ်သမားများအတွက်သာမက NUG ၏ ပြည်တွင်းပြည်ပ လုပ်ငန်းများအတွက် သုံးစွဲမည်ဖြစ်သည်။

RelatedPosts

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့်နှင့် ပေးစာရေးသားခြင်း အလွဲ

18 July 2025
315
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၆

18 July 2025
364
ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

17 July 2025
519

ယခုနှစ် စက်တင်ဘာလတွင် ကုန်ဆုံးသည့် ဘဏ္ဍာနှစ်အတွက် လွန်ခဲ့သောနှစ် သြဂုတ်လတွင် လွှတ်တော်က တနိုင်ငံလုံးအတွက် အသုံးစရိတ် ကျပ် ၃၄.၁ ထရီလီယံ (ဒေါ်လာ ၂၀.၇ ဘီလီယံ) သတ်မှတ်ခဲ့သည်။

NUG ဝင်ငွေရင်းမြစ်များတွင် နိုင်ငံတကာမှ အုပ်စုလိုက် ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုများမှသည် တလလျှင် ပြည်တွင်းပြည်ပ ဝယ်ယူသူများထံမှ ဒေါ်လာ ၈.၄ သန်းရမည့် “နွေဦးထီ”လက်မှတ်ရောင်းချခြင်း အထိ ပါဝင်သည်။

ထိုဝင်ငွေရင်းမြစ်များတွင် နိုင်ငံတကာမှ အုပ်စုလိုက် ရန်ပုံငွေရှာဖွေရေး လှုပ်ရှားမှုများမှသည် NUG ၏ တွက်ချက်မှုအရ တလလျှင် ပြည်တွင်းပြည်ပ ဝယ်ယူသူများထံမှ ဒေါ်လာ ၈.၄ သန်းရမည့် “နွေဦးထီ”လက်မှတ်ရောင်းချခြင်း အထိ ပါဝင်သည်။ သြဂုတ်လ အစောပိုင်းက စမ်းသပ်ရောင်းချရာတွင် ၄ ရက်အတွင်း ထီလက်မှတ်ပေါင်း ၂၅၀၀၀၀ အထိရောင်းရပြီး ကျပ်သန်း ၅၀၀ (ဒေါ်လာ ၃ သိန်း) အထိရရှိကာ ထိုငွေ၏ ၇၀ ရာခိုင်နှုန်းကို သပိတ်မှောက်နေသော အလုပ်သမားများအတွက် သုံးမည်ဟု NUG က ဆိုသည်။ ကျန်ငွေကို ဆုငွေအဖြစ် ထုတ်ပေးမည်ဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် အမေရိကန် ပြည်ထောင်စုက ထိန်းသိမ်းထားလိုက်သည့် နိုင်ငံခြားသုံး အရန်ငွေ ဒေါ်လာ ၁ ဘီလီယံကို NUG က ပြန်လည်ရရှိအောင် ကြိုးစားရာတွင်လည်း တိုးတက်မှုများ ရရှိနေသည်။ နေပြည်တော်မှ စစ်ကောင်စီနှင့် စင်ပြိုင်ဖွဲ့စည်းထားသည့် NUG သည် ၎င်းတို့၏ ဘဏ္ဍာရေးလုပ်ငန်းများ တစုတစည်းတည်းရှိရေးအတွက်လည်း တရားဝင် နိုင်ငံတကာငွေစာရင်းတခု ထူထောင်ရာတွင်လည်း တိုးတက်မှုရနေကြောင်း NUG ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က Nikkei Asia နှင့် မကြာသေးမီက ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။

“အမှန်အတိုင်းပြောရရင် ကျနော်တို့ငွေတွေအများကြီးလိုတယ်” ဟု ဦးတင်ထွန်းနိုင်က ထုတ်ဖေါ်ပြောဆိုခြင်း မရှိသည့်နေရာတခုမှ ဗီဒီယိုဖြင့်ပြောသည်။ “အမေရိကန်ပြည်ထောင်စုက ထိန်းသိမ်းထားတဲ့ ဒေါ်လာ ၁ ဘီလီယံကို ရရင်တောင်မှ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာ အတိုင်းအတာကြောင့် ဘယ်လိုမှ လုံလောက်မှာ မဟုတ်ဘူး” ဟုလည်း သူပြောသည်။

လျှပ်စစ်အင်ဂျင်နီယာနှင့် စီးပွားရေး စီမံခန့်ခွဲမှုပညာမဟာဘွဲ့ရရှိထားသည့် စီးပွားရေးလုပ်ငန်းရှင်ဟောင်း ဦးတင်ထွန်းနိုင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ (NLD) ဝင်ရောက်ပြီး ၂၀၁၅ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးချယ်မခံရမီက ရန်ကုန်တွင် သူ၏ကိုယ်ပိုင် ဆောက်လုပ်ရေး လုပ်ငန်းကို ဦးဆောင်ခဲ့သူဖြစ်သည်။

အခြား NLD လွှတ်တော်ကိုယ်စားလှယ်များကဲ့သို့ပင် ဦးတင်ထွန်းနိုင်သည် စစ်တပ်က အာဏာသိမ်းပြီးနောက် လူမှုအခြေပြုအဖွဲ့အစည်း ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လူနည်းစုကိုယ်စားလှယ်များနှင့်အတူ NUG ကို ဖွဲ့စည်းရန်အတွက် ပုန်းအောင်းနေထိုင်ခဲ့သည်။ သူသည် စီးပွားရေးဆိုင်ရာအဖွဲ့တခုနှင့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်တခုကိုလည်း ကူညီပုံဖေါ်ထားပြီး စစ်ကောင်စီ၏ စီးပွားရေး စီမံခန့်ခွဲမှုအမှားများနှင့် ပြင်းထန်သော ကိုဗစ်နိုင်တင်း တတိယလှိုင်းကို ကိုင်တွယ်ရန် ရည်ရွယ်ထားသည်။ သူသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း လူပေါင်း ၁၀၄၀ ကျော် သတ်ဖြတ်ခံရပြီး ၇၇၄၀ ဦးဖမ်းဆီးခံထားရသော မြန်မာနိုင်ငံ လူ့အခွင့်အရေးအတွက် ရပ်တည်သူလည်းဖြစ်သည်။

စစ်ကောင်စီကလည်း အပြင်းအထန် ထိခိုက်သွားသည့် ကပ်ရောဂါလွန် မြန်မာ့စီးပွားရေးကို ပြန်လည်နာလန်ထရန် စီမံကိန်းတခု ပြင်ဆင်နေသည်။

စစ်ကောင်စီကလည်း အပြင်းအထန် ထိခိုက်သွားသည့် ကပ်ရောဂါလွန် မြန်မာ့စီးပွားရေးကို ပြန်လည်နာလန်ထရန် စီမံကိန်းတခု ပြင်ဆင်နေသည်။ သို့သော် Nikkei က မြင်တွေ့ခဲ့သည့် နောက်ဆုံးမူကြမ်းတွင် ကြီးမားသော ဆန္ဒပြပွဲများ၊ သပိတ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် ဘဏ်များ ယာယီပိတ်သွားစေသည်အထိဖြစ်ရသော ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအကြောင်း ဖေါ်ပြထားခြင်း အနည်းငယ်မျှသာ ပါသည်။

စီးပွားရေးလုပ်ငန်းများအတွက် အခွန်လျှော့ချခြင်း၊ သွင်းကုန်လျှော့ချခြင်း၊ ခရီးသွားလုပ်ငန်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းအထိပါသော အစီအစဉ်အများအပြားကို ဖေါ်ပြထားပြီး လမ်းပြမြေပုံ ၅ ခု၊ လုပ်ငန်း စီမံချက် ၁၀ ခု၊ ဦးတည်ချက် ၂၀ နှင့် လုပ်ဆောင်မည့်လမ်းကြောင်း ၄၀၇ ခု ပါဝင်သည်။ ဖြုတ်ချခံ NLD အစိုးရ၏ စီးပွားရေး အစီအစဉ်များအပေါ်တွင်သာ အကြီးအကျယ် အခြေခံသော်လည်း NLD ၏ အဓိက ကျသည့် ရည်မှန်းချက်များဖြစ်သည့် နိုင်ငံပိုင်လုပ်ငန်းများ ပြုပြင်ပြောင်းလဲခြင်း၊ အခွန်စနစ် ပြုပြင်ခြင်းနှင့် စီမံကိန်းရန်ပုံငွေရှာခြင်းတို့ ပါဝင်ခြင်း မရှိတော့ပေ။

“ကိုဗစ်နိုင်တင်းကပ်ရောဂါက အရမ်းကို အဖျက်စွမ်းအား ကြီးမားပေမယ့် မြန်မာ့ စီးပွားရေးကို ဖျက်ဆီးလိုက်တာကတော့ စစ်တပ်ရဲ့ အသိတရားမဲ့တဲ့ အာဏာသ်ိမ်းမှုနဲ့ အကျိုးဆက်တွေပဲ” ဟု NUG ဘဏ္ဍာရေး ဝန်ကြီးပြောသည်။

“အတိုချုပ်ပြောရရင် စစ်ကောင်စီက အတွေးအခေါ် ခေါင်းပါးလွန်းလို့ NLD ရဲ့ မူလစီးပွားရေး စီမံကိန်းတွေထဲက အတွေးအခေါ်တွေကို ခိုးယူထားရတယ်။ ဒါပေမယ့် ပြဿနာတွေကို ဖြေရှင်းဖို့မပြောနဲ့ အာဏာသိမ်းကာလအလွန် စီးပွားရေး ရပ်တန့်သွားတာ၊ ဘဏ်လုပ်ငန်းကဏ္ဍ အန္တရာယ် ကျရောက်နိုင်ခြေရှိတာ၊ အသည်းအသန် ငွေသားပြတ်တောက်နေတာ၊ အများပြည်သူနဲ့ ရင်းနှီးမြှုပ်နှံသူများ အယုံအကြည်ကင်းမဲ့နေတာ၊ ပြည်တွင်းစစ် ကျယ်ပြန်လာမယ့် အန္တရာယ် စတာတွေကို ထည့်တွက်မထားဘူး။ ဒါတွေ အားလုံးအတွက်သာမက ကပ်ရောဂါ ပြန်လည်ခေါင်းထောင်ထလာခြင်းအတွက်ပါ စစ်ကောင်စီမှာ တာဝန်ရှိတယ်” ဟု သူပြောသည်။

NUG ၏ အသုံးစရိတ် စီမံချက်သည် ၎င်းတို့သည် ကျွမ်းကျင်မှုရှိကာ မှီခိုအားထားနိုင်ပြီး အားလုံးပါဝင်သော အစိုးရ ဖြစ်ကြောင်း၊ လတ်တလော လိုအပ်နေသည့် လူသားချင်းစာနာမှု အကျပ်အတည်းနှင့် ရန်ပုံငွေကိစ္စမျာကို ကူညီကိုင်တွယ်နိုင်ကြောင်း သက်သေပြရမည်ဟု သူပြောသည်။ ထိုသို့ဖြစ်ရန် NUG သည် တခုတည်းသော ဘဏ္ဍာငွေစာရင်းကို ထူထောင်နေသည်။ “ကျနော်တို့က လုပ်ငန်းလည်ပတ်နိုင်တဲ့ အစိုးရ တခုအတွက် ပွင့်လင်းမြင်သာ တာဝန်ခံမှု ရှိတဲ့ အသုံးစရိတ်လုပ်ငန်းစဉ်ကို လိုချင်တယ်” ဟုလည်း သူပြောသည်။

NUG ၏ ပထမဆုံး ဦးစားပေးမှာ လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုနှင့် ကိုဗစ်နိုင်တင်းကယ်ဆယ်ရေးကို ထောက်ပံ့ရန် ဖြစ်ပြီး အထူးသဖြင့် ကျန်းမာရေးလုပ်သားများ၏ သပိတ်များနှင့် စစ်ကောင်စီအပေါ် မုန်းတီးမှုများကြောင့် ထိရောက်မှုမရှိတော့သည့် အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ထောက်ကူရေး ဖြစ်သည်။

မူလက ဇူလိုင်လအစောပိုင်းတွင် ချမှတ်ရန် စီစဉ်ထားသော NUG ၏ ပထမဆုံး အသုံးစရိတ်ခွဲဝေမှုသည် ဦးစားပေးများပြောင်းလဲသတ်မှတ်ရသည့် အဖွဲ့တွင်း ဆွေးနွေးမှုများကြောင့် နှောင့်နှေးသွားခဲ့သည်။ ပထမဆုံး ဦးစားပေးမှာ လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုနှင့် ကိုဗစ်နိုင်တင်းကယ်ဆယ်ရေးကို ထောက်ပံ့ရန် ဖြစ်ပြီး အထူးသဖြင့် ကျန်းမာရေးလုပ်သားများ၏ သပိတ်များနှင့် စစ်ကောင်စီ၏ ကူညီရေးလုပ်ငန်းများအပေါ် မုန်းတီးမှုများကြောင့် ထိရောက်မှုမရှိတော့သည့် အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ထောက်ကူရေး ဖြစ်သည်။ NUG သည် နိုင်ငံမှ လျစ်လျူရှုခံထားရသော နေရာများအတွက် နိုင်ငံစုံလမ်းကြောင်းများမှ ဝယ်ယူထားသည့် ကိုဗစ်နိုင်တင်းကာကွယ်ဆေး အနည်းဆုံး ၆ သန်း ပေးရန် ကတိပြုထားသည်။

“ကျနော်တို့ရဲ့ ဦးစားပေးက စစ်အာဏာသိမ်းမှုကြောင့် အဆိုးရွားဆုံး ထိခိုက်သူတွေရဲ့ အခက်အခဲတွေ သက်သာစေဖို့ ကျနော်တို့ တတ်နိုင်သမျှ အကုန်လုပ်ဖို့နဲ့ စစ်ကောင်စီ အာဏာကို ဆက်လက်ချုပ်ကိုင်မထားနိုင်အောင် သူတို့ဆီ ငွေနဲ့အခွန်စီးဆင်းမှုကို ဖြတ်တောက်ဖို့ပဲ” ဟု သူပြောသည်။ “အလုပ်ဖြစ်တဲ့ အစိုးရဖြစ်တယ်ဆိုတဲ့ NUG ရဲ့ပြောဆိုချက် တရားဝင်ဖို့အတွက် ဒီနယ်ပယ်တွေက ကျနော်တို့ အချိန်နဲ့စွမ်းအားတွေပေးပြီး စဉ်းစားနေတဲ့ နယ်ပယ်တွေဖြစ်တယ်” ဟုလည်း သူပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ပတ်သက်ပြီး ဦးတင်ထွန်းနိုင်က “ကျနော်တို့မှာ ကာကွယ်ရေးမူဝါဒနဲ့ ကာကွယ်ရေး အသုံးစရိတ်ရှိတယ်ဆိုတာ လျှို့ဝှက်ချက်မဟုတ်ဘူး။ ကာကွယ်ရေးအသုံးစရိတ်က ပြည်သူတွေရဲ့ငွေတွေကို အကြီးအကျယ် လိုအပ်မယ်။ ဒီလိုအပ်ချက်နဲ့ အခြားအရေးပါတဲ့ လိုအပ်ချက်ကို ကျနော်တို့ ချိန်ခွင်လျှာ ညှိရမယ်” ဟု သူပြောသည်။

ထိုအရေးပေါ်လိုအပ်ချက်များအနက်တခုမှာ အဓိကအားဖြင့် လူမှုအာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်နေသော အစိုးရဝန်ထမ်းများပါဝင်သည့် လူ ၂၅၀၀၀၀ ကို အကူအညီများပေးရန် NUG ၏ ကတိဖြစ်သည်။ “စဉ်းစားကြည့်ဗျာ။ လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေတဲ့လူ ၂၅၀၀၀၀ ကို ထိန်းထားနိုင်ဖို့ဆိုတာ လစဉ် ဒေါ်လာသန်းပေါင်းများစွာလိုတယ်။ ရန်ပုံငွေ ဘယ်အတိုင်းအတာအထိ လိုတယ်ဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်နိုင်ပါတယ်” ဟု သူပြောသည်။

မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်ပြီး ဦးတင်ထွန်းနိုင်က အာဏာသိမ်းပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ၊ ခွင့်ပြုချက်များကို လေးစားလိုက်နာမည်မဟုတ်ဆိုသည့် NUG ၏ ယခင်ထုတ်ပြန်ကြေညာချက်များကို ထပ်မံအတည်ပြုပြောကြားပြီး ထိုမတိုင်မီ သဘောတူစာချုပ်များကို လိုက်နာမည်ဟုဆိုသည်။

ထို့ကြောင့် ဧရာဝတီတိုင်းတွင် သဘာဝဓါတ်ငွေ့ရည်မှ ဓါတ်အား ထုတ်မည့် ဒေါ်လာ ၂.၅ ဘီလီယံကုန်ကျမည့် စီမံကိန်း အပါအဝင် NLD အစိုးရက ဖေဖေါ်ဝါရီလ ၁ ရက်နေ့မတိုင်မီက စဉ်းစားနေသည့် အချို့သဘောတူညီချက်များအပေါ်တွင်လည်း သက်ရောက်မှုရှိမည်ဖြစ်သည်။ ထို စက်ရုံသည် စစ်ကောင်စီ ထိန်းချုပ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က အတည်ပြုပေးသော စီမံကိန်းအဖြစ် NUG ၏ အသစ်ထုတ်ပြန်သည့် အမည်ပျက်စာရင်းတွင် ပါဝင်နေပြီဖြစ်သည်။

” ဒီစီမံကိန်းက လိုအပ်တဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အကဲဖြတ်လဲမလုပ်၊ မြေယာလျှော်ကြေးကိုလည်း မဖြေရှင်းဘဲ ဆက်လုပ်နေတယ်” ဟု ဦးတင်ထွန်းနိုင်ပြောသည်။ “ဒီလို ကိစ္စတွေကို အသိအမှတ်ပြုဖို့ ငြင်းပယ်ရတဲ့ နောက်ထပ်အကြောင်းတခုကတော့ အဲဒီဒေသတွေမှာ နေထိုင်တဲ့ တိုင်းရင်းသား လူမျိုးတွေကို တိုက်ရိုက်ထိခိုက်မှုကြောင့်ဖြစ်တယ်။ ကျနော်တို့ရဲ့ ဖက်ဒရယ် သဘောတရားတွေအရ NUG တောင်မှ တဘက်သတ် ဆုံးဖြတ်ခွင့်မရှိဘူး။ တရားမဝင် စစ်ကောင်စီဆို ပိုတောင်ဆိုးသေးတယ်” ဟု သူဆက်ပြောသည်။

မြန်မာနိုင်ငံမှ နိုင်ငံခြား ဆက်သွယ်ရေးလုပ်ငန်းများ၏ မတူညီသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆုံးဖြတ်ချက်များကိုလည်း သူ နှိုင်းယှဉ်ပြသည်။

အဓိက ဝန်ဆောင်မှုပေးသူဖြစ်သော နော်ဝေးမှ တယ်လီနောက ၎င်းတို့၏ မြန်မာနိုင်ငံမှ လုပ်ငန်းတခုလုံးကို လျှော့ဈေး ဒေါ်လာ ၁၀၅ သန်းဖြင့် လက်ဘနွန်မှ M1 အုပ်စုသို့ရောင်းချလိုက်ကြောင်း ဇူလိုင်လက ကြေညာခဲ့သည်။ ထိုရောင်းဝယ်မှုကို စစ်ကောင်စီက တရားဝင် ခွင့်မပြုရသေးပေ။

တယ်လီနောရှိနေခြင်းက တယ်လီနောမရှိတော့တာထက် အများကြီး ပိုမိုကောင်းမွန်တယ် ဆိုတာ သံသယဖြစ်စရာမရှိဘူး။ ဒီအကြောင်းကြောင့်ပဲ သူတို့ဆက်ရှိနေတာကို ကျနော်တို့ ပိုမိုလိုလားတယ်။ ဒါပေမယ့် တယ်လီနောရဲ့ လုပ်ငန်းပိုင်ရှင်သစ်ဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လူ့အခွင့်အရေးကို ကာကွယ်ဖို့ တာဝန်ရှိကြောင်း ကျနော်တို့ သတိပေးထားတယ်

“ကြားဖြတ်နားထောင်တဲ့ ဆော့ဖ်ဝဲလ်တွေ တပ်ဆင်ဖို့နဲ့ သုံးစွဲသူအချက်အလက်တွေ မျှဝေဖို့ စစ်ကောင်စီက ဖိအားပေးတာကို တယ်လီနောကဆန့်ကျင်တယ်လို့ ကျနော်တို့ သိရတယ်။ ကျနော်တို့ ဆက်သွယ်ရေး ပတ်ဝန်းကျင်မှာ တယ်လီနောရှိနေခြင်းက တယ်လီနောမရှိတော့တာထက် အများကြီး ပိုမိုကောင်းမွန်တယ် ဆိုတာ သံသယဖြစ်စရာမရှိဘူး။ ဒီအကြောင်းကြောင့်ပဲ သူတို့ဆက်ရှိနေတာကို ကျနော်တို့ ပိုမိုလိုလားတယ်။ ဒါပေမယ့် တယ်လီနောရဲ့ လုပ်ငန်းပိုင်ရှင်သစ်ဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လူ့အခွင့်အရေးကို ကာကွယ်ဖို့ တာဝန်ရှိကြောင်း ကျနော်တို့ သတိပေးထားတယ်” ဟုလည်း သူပြောသည်။

ဂျပန်မှ KDDI သည် နိုင်ငံပိုင် မြန်မာဆက်သွယ်ရေးလုပ်ငန်း (MPT) တွင် အနည်းစု ရှယ်ယာရှင်အဖြစ် ဆက်လက်ရှိနေသည်။ “သူ့ရဲ့ မြန်မာစီးပွားဖက် MPT က စစ်ကောင်စီလိုအပ်ချက် အတွက် သုံးစွဲသူအချက်အလက်တွေကို အသုံးပြုနေတဲ့အတွက် အဲဒီ ရင်းနှီးမြှုပ်နှံမှုက တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်သေးလားဆိုတာကို မေးခွန်းထုတ်ရမယ်”ဟု သူပြောသည်။

တယ်လီနောသည် သီးခြားလွတ်လပ်သော လုပ်ငန်းဖြစ်သော်လည်း KDDI သည် MPT ၏ လုပ်ရပ်များကို ကန့်ကွက်နိုင်ခြင်း မရှိသော အနေအထားကြောင့် ထိုလုပ်ငန်းသည် ကျင့်ဝတ်ညီသော ရင်းနှီးမြျုပ်နှံမှုဖြစ်သည်ဆိုသည့် အယူအဆကို ကာကွယ်ရန် ပိုမိုခက်ခဲလာနေကြောင်း ဦးတင်ထွန်းနိုင် ပြောသည်။

အခွန်အပါအဝင် နိုင်ငံတော်သို့ ငွေပေးချေမှုအားလုံးကို ရပ်ဆိုင်းထားရန် NUG က စီးပွားရေးလုပ်ငန်းများကို တောင်းဆိုမှုကို မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် လုပ်ငန်းများအတွက် မဖြစ်နိုင်သော ကိစ္စဖြစကြောင်း ရန်ကုန် အခြေစိုက် စီးပွားရေးလုပ်ငန်းအမှုဆောင်အချို့က Nikkei သို့ပြောသည်။

ဦးတင်ထွန်းနိုင်က စီးပွားရေး လုပ်ငန်းများအတွက် အကျပ်အတည်းကို နားလည်ကြောင်း ပြောသော်လည်း “သူတို့တွေက ပြည်သူတွေအပေါ် စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်အောင် လုပ်နေတာလားဆိုတဲ့ မေးခွန်းကို သူတို့ကိုယ်သူတို့မေးဖို့ စီးပွားရေးုလုပ်ငန်းတွေကို ကျနော်တို့ ပြောထားပါတယ်။ အဲဒီလိုလုပ်နေတယ်ဆိုရင် ထိတွေ့ဆက်ဆံမှု ဖြတ်တောက်တာကို လက်ခံသင့်တယ်” ဟု သူပြောသည်။

(Nikkei Asia မှ Myanmar parallel government to challenge regime with $700m budget ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြဿနာနှင့် NUG ရင်ဆိုင်နေရ

ငွေစက္ကူ အသစ်ရိုက်ထုတ်ပြီး စစ်ကောင်စီ ဘဏ္ဍာငွေ ဖြည့်တင်းနေ

အောင်ဘာလေထီ နိဂုံးချူပ်တော့မလား

မြန်မာပြည်မှာ ဇွမ်ဘီဘဏ်များ ပေါ်နေပြီ

Your Thoughts …
Tags: NUGစစ်ကောင်စီကို စိန်ခေါ်ဒေါ်လာသန်း ၇၀၀အသုံးစရိတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.3k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.4k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
တကျော့ပြန် မုန်းကိုးတိုက်ပွဲတွင် စစ်ကောင်စီတပ်များ အသေအပျောက်များခဲ့သလို လက်နက်အများအပြား ဆုံးရှုံးခဲ့  / The Kokang

တကျော့ပြန် စစ်ပဋိပက္ခဇုန် ဖြစ်လာသည့် မုန်းကိုး ဒေသ

မြိုင်နန်းစံ ပန်းတပွင့် ပိုင်ရှင် ဆလိုင်းသွှအောင်နှင့် တွေ့ဆုံခြင်း (ရုပ်/သံ)

မြိုင်နန်းစံ ပန်းတပွင့် ပိုင်ရှင် ဆလိုင်းသွှအောင်နှင့် တွေ့ဆုံခြင်း (ရုပ်/သံ)

No Result
View All Result

Recommended

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

6 days ago
3.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

2 days ago
3.2k

Most Read

  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ကျားဖြန့်နှိမ်နင်းရေးကြောင့် ထိုင်းပုဂ္ဂလိကဘဏ်အကောင့်များ ယာယီပိတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate