• English
Sunday, December 10, 2023
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    လွိုင်ကော်တိုက်ပွဲကြားက အိမ်မွေးတိရိစ္ဆာန်များအား စေတနာရှင်များ ကယ်ဆယ်ထား

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုဖြင့် စစ်ကောင်စီကို အရေးယူနိုင်ရေး ကြိုးပမ်း

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိအားပေးရန် တရုတ်ကို စစ်ကောင်စီ တောင်းဆို

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လုံခြုံရေး၊ စစ်ရေး စစ်ကောင်စီနှင့် ရုရှားအရာရှိများ ဆွေးနွေးညှိနှိုင်း

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    ပို့ကုန်ရငွေ သတ်မှတ်ချက်ဖြေလျှော့လိုက်သဖြင့် ကုန်ဈေးနှုန်းများ တက်လာနိုင်

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      စစ်ရှုံးနေသော်လည်း စစ်ကောင်စီ မရှုံးသေး

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ကွန်လုံ ဟူသည်မှာ…

      ကွန်လုံ ဟူသည်မှာ…

      အဖော်လေးတွေ…

      အဖော်လေးတွေ…

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      မြန်မာ့ကျောက်ကပ်များ ရောင်းချမှု အပိုလိုဆေးရုံကို အိန္ဒိယက စုံစမ်းစစ်ဆေး

      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home ဆောင်းပါး

          ကျွန်ဝယ်ရာအဆစ်ပါရတဲ့ စစ်သားမယားများ

          by ဝါနုဖူးသစ်
          15 September 2021
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          ၂၀၁၈ ခုနှစ် နေပြည်တော်ရှိ တပ်မတော်နေ့ စစ်ရေးပြပွဲတွင် ပါဝင်ကြသော အမျိုးသမီး စစ်သည်မျာ

          ၂၀၁၈ ခုနှစ် နေပြည်တော်ရှိ တပ်မတော်နေ့ စစ်ရေးပြပွဲတွင် ပါဝင်ကြသော အမျိုးသမီး စစ်သည်မျာ

          60.3k
          VIEWS
          Share on FacebookShare on Twitter

          ချေမှုန်းရေးရိုင်ဖယ်တွေကိုပိုက် ကျည်ကပ်တွေ ခေါင်းပေါ်တင်ထားတဲ့ ထမီတိုတိုဝတ် သနပ်ခါး ဘဲကြားနဲ့ စစ်သားဇနီးမယားတွေရဲ့ပုံတွေဟာ အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာပေါ် သြဂုတ်လက ပျံနှံလာခဲ့ပါတယ်။

          ဒါဟာ လတ်တလော စစ်ကောင်စီရဲ့ တပ်ရင်း တပ်မက ရဲဘော်တွေ အာဏာသိမ်းမှုကို ဆန့်ကျင် တော်လှန်နေတဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး (PDF) တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ နေရာအနှံအပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် တပ်စခန်းတွေမှာ အမျိုးသမီးတွေသာ အများစု ကျန်ရှိနေပြီး သူတို့ဟာ တပ်စခန်းကို ကာကွယ်ဖို့ နေ့ရော ညပါ လက်နက်ကိုင်လုံခြုံရေး ယူနေရတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။

          RelatedPosts

          ကွန်လုံ ဟူသည်မှာ…

          ကွန်လုံ ဟူသည်မှာ…

          10 December 2023
          1k
          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          အနာဂတ်ပန်းကလေးများရဲ့ ဥယျာဉ်မှူး CDM ဆရာမ

          9 December 2023
          714
          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

          9 December 2023
          9.9k

          အမည်မဖော်လိုတဲ့ စစ်သားဇနီးသည် တဦးက ပြောပြတာက တပ်ရင်းမှုး၊ ဗိုလ်ကြီး၊ ဗိုလ်လေး၊ စစ်သည် အားလုံးသော စစ်သားဇနီးမယားတွေကို ရဲမေလို့ ခေါ်ပြီး သူတို့ဟာ လက်နက်ကိုင်သင်တန်းပေးခံထားရသူတွေဖြစ်ပါတယ်တဲ့။

          “တပ်ထဲမှာ အရာရှိ ဇနီးတွေရော ရဲဘော်ဇနီးတွေရော အကုန် စစ်သားမယားဆိုတာနဲ့ အကုန် ရဲမေပဲ၊ အားလုံးနီးပါး လက်နက်ကိုင် အသင့်အနေအထား ကင်းစောင့်ရတယ်” လို့ ပြောပါတယ်။

          ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ရခိုင်ပြည်နယ်အတွင်း တပ်တွေမှာ အိမ်ထောင်သည်ရဲမေများအား လက်နက် ထုတ်ပေးခဲ့စဉ်

          ရဲမေ(စစ်သားမိန်းမ) မှန်သမျှ အကုန် သေနတ်ပစ်တတ်ရပါမယ်။ အကုန်စက်ပစ်ကွင်း (သေနတ်ပစ်လေ့ကျင့်ရာနေရာ) အကုန်ဝင်ပြီး လေ့ကျင့်ကြရပါတယ်။ ပြိုင်ပွဲသဘောမျိုး ဆုကြေး နည်းနည်းပါးပါး ပေးပြီး တပ်တွင်းပြိုင်ပွဲ ကျင်းပပေးပါတယ်။

          အရေးအကြောင်းဆို ရဲမေတွေကို ကင်းစောင့်ခိုင်းဖို့အတွက် တပ်တွင်းလုံခြုံရေး ဇာတ်တိုက် လေ့ကျင့်ထားတာတွေ၊ လက်နက်ငယ်သင်တန်း ရက်တိုလေးတွေ လုပ်ပေးပါတယ်။ ထူးခြားမှုရှိတာနဲ့ တပ်တွင်းအင်အားနဲ့ ဖြန့်ခွဲ ကင်းစောင့်ရပြီး ကြက်ခြံပါ မကျန် အကုန်စောင့်ရ တယ်လို့ သူက ဆိုပါတယ်။

          CDM ဗိုလ်ကြီး ညီသုတကလည်း ရဲမေတွေကို စစ်တပ်ရဲ့အရံအင်အားသဖွယ် သတ်မှတ်ထားပြီး တပ်စာရင်းမှာ အင်အားဖြည့် ထည့်သွင်းတွက်ချက်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

          လက်ရှိအခြေအနေအရ တပ်တွင်းမှာ အမျိုးသမီးတွေသာ အများစုကျန်ရှိနေပြီး အချိန်မရွေး ဝင်ရောက် တိုက်ခိုက်နိုင်တယ် ဆိုကာ အမြဲတပ်လှန့်ထားပြီး သတိအနေအထား ရှိနေစေပါတယ်။

          လက်နက်ကိုင် သင်တန်းပေးခံထားရတဲ့ စစ်သားမယား ရဲမေတွေဟာ ကိုယ်တိုင် တိုက်ပွဲဝင်ကြရတာ လတ်တလော ကြားသိနေရပါတယ်။

          သြဂုတ်လ ၃ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့ အခြေစိုက် ခလရ ၅၈ ကို KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် နောက်ချန် စစ်သည်တွေနဲ့ အိမ်ထောင်သည် ရဲမေတို့က ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရတယ်လို့ တပ်အသိုင်းအဝိုင်းက ထုတ်ဖော်ပြောကြားထားပါတယ်။

          ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက ရခိုင်ပြည်နယ်အတွင်း တပ်တွေမှာ အိမ်ထောင်သည်ရဲမေများအား လက်နက် ထုတ်ပေးခဲ့စဉ်

          စစ်တပ်အသိုင်းအဝိုင်းရဲ့ ပြောဆိုမှုအရ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ က စတင်ကာ တပ်တွင်းဖိနှိပ်မှုတွေ ခံနေရပြီး စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေဖြစ်တဲ့ မြဝတီနဲ့ ရုပ်မြင်သံကြားကိုသာ ကြည့်ရှုခွင့် ရရှိတာ၊ ဝါဒဖြန့်ဟောပြောချက်တွေကို မဖြစ်မနေ နားထောင်နေရတာတွေ ရှိတယ်လို့ သိရပါတယ်။

          အာဏာသိမ်းမှုမတိုင်ခင် ကိုဗစ် ဒုတိယလှိုင်းကတည်းက တပ်ရင်းတပ်မတွေဟာ လော့ဒေါင်းချခံထားရပြီး အပြင်ထွက်ခွင့်မရတာဟာလည်း လပေါင်းများစွာ ကြာမြင့်နေပြီလို့လည်း သိရပါတယ်။

          သက်ကြီးရွယ်အို မိဘတွေနဲ့ ကလေးတွေအတွက် အစားအသောက် လိုအပ်တာတွေတောင် အပြင်ထွက် ဝယ်ခွင့်မရတဲ့အပြင် တပ်တွင်းဖိနှိပ်မှုကို အိမ်ထောင်သည် ရဲမေတွေ အတော်လေး ခါးစည်းခံနေရတာပါ။

          “ရဲမေတွေက မကျေနပ်ကြဘူး။ ကင်းစောင့်ရင်းနဲ့ ဆဲနေ တုတ်နေကြတာပဲ” လို့ အဆိုပါ စစ်သားဇနီးက ပြောပါတယ်။

          အိမ်ထောင်သည်ရဲမေများအား တပ်တွင်း လက်နက်ကိုင်သင်တန်းပေးနေစဉ်

          လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့နေရာတွေက တပ်ရင်းတပ်မတွေမှာ နောက်တန်းက ရဲမေတွေ လက်နက်ကိုင် ကင်းစောင့်နေကြရတာဖြစ်ပါတယ်။

          စစ်သားဇနီးမယားတွေဟာ လစာနဲ့ခံစားခွင့် တစုံတရာ ရရှိတာမျိုးမရှိဘဲ လင်ယောက်ျား ဖြစ်သူ က စစ်သားဖြစ်တာကြောင့် သူတို့ကို ရဲမေလို့အမည်နာမတပ် ကျွန်ဝယ်ရာ အစစ်ပါတဲ့ အခမဲ့ လုပ်သားတွေပါ။

          မြန်မာစစ်တပ်ဟာ စစ်သည်တဦးကိုသာ လစာပေးပြီး စစ်သည် ဇနီးမယားတွေရဲ့ လုပ်အားကို အဓမ္မရယူနေတာဖြစ်ပါတယ်။

          ရဲမေတွေဟာ လိုင်းခန်း၊ လိုင်းဝန်း၊ တပ်လမ်း၊ တပ်တွင်း သန့်ရှင်းရေးတွေကို လုပ်ကိုင်ရပါတယ်။

          ဒါတွေအပြင် တပ်တွင်း တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးတွေကို လုပ်ကိုင်ရတဲ့အပြင် တပ်ရင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်ပေးရပါတယ်။

          လင်ယောက်ျားတွေ ရှေ့တန်းသွားရချိန်မှာ ဓမ္မစင်္ကြာ၊ပဌာန်း စတာတွေကို နေ့တိုင်း အချိန်မှန် ရွတ်ကြရတယ်။

          တပ်တွင်း သာရေး၊နာရေးနဲ့ ဆွေးနွေးပွဲတွေမှာပါ ပါဝင်ရတဲ့အပြင် တပ် ဆန္ဒပြပွဲတွေမှာပါ ပါဝင် ကြရတယ်လို့ ရဲမေတွေက စစ်တပ်နဲ့သက်ဆိုင်တဲ့ ဖေ့ဘုတ်ဂရုတွေထဲမှာ ရင်ဖွင့်ရေးသားထားကြပါတယ်။

          အိမ်ထောင်သည်ရဲမေများအား တပ်တွင်း လက်နက်ကိုင်သင်တန်းပေးနေစဉ်

          အဆင့်ဆင့်သော စစ်သည် စစ်သားတွေရဲ့ ဇနီးမယားတွေဟာ သူတို့ လင်ယောက်ျားတွေရဲ့ရာထူး အလိုက် သြဇာလွမ်းမိုးမှု ရှိကြပါတယ်။

          ဒါဟာ စစ်သားမယား ရဲမေတွေကို အရံအင်အားအဖြစ် ထည့်သွင်းတွက်ချက်ထားမှုကြောင့် တပ်တွင်းဖွဲ့စည်းပုံအတိုင်း ကတော်တွေဟာ အာဏာရှိနေကြတာဖြစ်ပါတယ်။

          “တချို့တွေဆို ကတော်တွေအိမ်မှာ အိမ်ဖော်သဘောမျိုးသွားပြီး လုပ်ပေးရတာရှိတယ်။ အဖွဲ့အစည်းက အသက်နဲ့ဆိုင်တဲ့ အလုပ်ဆိုတော့ ဘယ်နေရာမှာ ထားမယ်ဆိုတာ လုပ်ပိုင်ခွင့် အာဏာနဲ့ ဆုံးဖြတ်တာဆိုတော့ ကိုယ့်ယောက်ျား ရှေ့တန်းမထွက်ရအောင် လူကြီးဆီမှာ မျက်နှာရအောင် ကတော်တွေဆီမှာ အောက်ကျို့ခံ မျက်နှာရအောင် လုပ်နေရတာ” လို့ ဗိုလ်ကြီး ညီသုတက ပြောပါတယ်။

          ဒီလိုမျိုး အခကြေးငွေမရပဲ လုပ်ကိုင်ပေးရတာတွေကို ရဲမေတွေက တပ်မတော်သားဇနီးမယား တပ်ရိက္ခာ စားတာ ဆိုတော့ ပေးဆပ်ရမယ် ဆိုတာမျိုး သူတို့ရဲ့ တာဝန်လို့ ခေါင်းထဲ ရိုက်သွင်းခံထားရသူတွေပါ။

          အရင်ခေတ်ကတော့ အိမ်ထောင်သည် စစ်သားတဦးကျဆုံးတဲ့အခါ ကျန်ခဲ့တဲ့ မိသားစုကို လူပျိုစစ်သည်တွေက မဲဖောက် တာဝန်ယူရတာမျိုးရှိတယ်ဆိုပေမယ့် အခုခေတ်မှာ ဒါမျိုးတွေ မရှိတော့တာ ၁၅ နှစ်ကျော်ရှိနေပြီလို့ စစ်တပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

          ဒါဟာ တပ်တွင်းကျင့်သုံးတဲ့ နည်းစနစ်မဟုတ်ပဲ ကျန်ရစ် မိသားစုတွေက အကူအညီတောင်းခံတဲ့အခါ တပ်ရင်းတပ်မ တခုစီအလိုက် အဆင်ပြေသလို လုပ်ကိုင်ကြတာမျိုးဖြစ်တယ်လို့ သိရပါတယ်။

          အမျိုးသမီးစစ်သည်တွေကိုတော့ စစ်တပ်ရဲ့ ရုံးလုပ်ငန်းနဲ့ သက်ဆိုင်တဲ့နေရာတွေမှာသာ အသုံးပြုပြီး စစ်သားမယားတွေကိုတော့ လက်နက်ကိုင်စေတယ်ဆိုတာ တရားမျှတမှုမရှိတဲ့ အခြေအနေတရပ်လို့ ဝေဖန်မှုတွေ ရှိပါတယ်။

          “ ဒါဟာ စစ်သားဇနီးမယားတွေကို ခေါင်းပုံဖြတ်ပြီး လုပ်နေတာ တယောက်ကိုပဲ လစာပေးပြီး ၂ ယောက်လုပ်အားကို ယူနေတာ၊ ဒါတွေဟာ အလုပ်သမားဥပဒေနဲ့ ဆိုရင် မကိုက်ညီဘူး။ ဖိအားပေးခိုင်းစေခံရတဲ့ လုပ်သားတွေဖြစ်တယ်။ ပိုတောင်ဆိုးတာက သူတို့ဟာ လက်နက်ကိုင် တိုက်ခိုက်နေရတာ။ ဒါဟာ ပရော်ဖက်ရှင်နယ် မဟုတ်တဲ့ စစ်တပ်လုပ်ရပ်တွေပဲ” လို့ အမေရိကန် တပ်မတော်မှာ ဒုဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အခု ဟာဝိုင်အီမှာ စာသင်နေတဲ့ ဒေါ်မီမီဝင်းဘတ်က ဆိုပါတယ်။

          ဒါ့အပြင် အမျိုးသမီးစစ်သည်တွေဟာ စစ်ဖက်ဆိုင်ရာမှာ ပါဝင်ခွင့်မရှိသေးပဲ ရုံးလုပ်ငန်းကိုသာ လုပ်ကိုင်ကြရပြီး အများစုဟာ ဆေးဘက်ဆိုင်ရာ ရာထူးတွေမှာသာ ဒုရင်းမှုးအထိ အမြင့်ဆုံးရာထူးကို ရရှိကြတယ်လို့ စစ်တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

          အမျိုးသမီးစစ်သည်တွေလည်း တပ်တွင်းဖိနှိပ်မှုကို ခံနေရပြီး အမျိုးသမီးအရာရှိတွေဟာ အောက်ခြေ တပ်သားတွေရဲ့ အမိန့်နာခံမှုကို မရသလောက် အခြေအနေမှာရှိတယ်လို့ သိရပါတယ်။

          ရုန့်ရင်းကြမ်းတမ်းတဲ့ အထက်အရာရှိတွေရဲ့ ဆဲဆိုကြိမ်းမောင်းမှုကို ခံကြရပြီး တချို့အမျိုးသမီး စစ်သည်တွေဆိုရင် ကတော်တွေရဲ့ အနိုင်ကျင့်မှုကိုပါ ထပ်ဆင့်ခံကြရတယ်လို့ ဆိုပါတယ်။

          တပ်တွင်းဖိနှိပ်မှုတွေထဲမှာ ဦးပိုင်ထည့်ဝင်ငွေကို မဖြစ်မနေ ပေးသွင်းရတာလည်း ပါပါတယ်။ စစ်သည်အဆင့်ကနေ အရာရှိအရာခံ အဆင့်အလိုက် မဖြစ်မနေ ပေးသွင်းဖို့ နှုန်းထားတွေ သတ်မှတ်ထားပြီး ပြည့်မှီအောင် လစာထဲက လစဉ် ဖြတ်ခံနေရတာလည်း ပါပါတယ်။

          စားဝတ်နေရေးကြပ်တည်းနေချိန်မှာ ဦးပိုင်ငွေပေးသွင်းရတာ၊ ပေးသွင်းပြီး ဦးပိုင်အမြတ်ငွေတွေကို ထုတ်မပေးတာတွေကြောင့် သူတို့ စိတ်ပျက်နေပါတယ်။

          လက်ရှိအခြေအနေမှာလည်း စစ်ကောင်စီကို ဆန့်ကျင်ကာ CDM လုပ်လာတဲ့ စစ်သားနဲ့ ရဲတွေ ပိုများ လာပြီး အမျိုးသားညီညွှတ်ရေးအစိုးရ NUG က သူတို့ကို CDM ကုတ်နံပါတ်တွေ ထုတ်ပေးဖို့ စီစဉ်နေပါတယ်။

          သြဂုတ်လ ၃ ရက်နေ့က ကချင်ပြည်နယ် ဝိုင်းမော်မြို့ အခြေစိုက် ခလရ ၅၈ ကို ခုခံကာကွယ်ခဲ့သော အိမ်ထောင်သည် ရဲမေများဟု တပ်အသိုင်းအဝိုင်းက ဆိုရှယ်မီဒီယာတွင် ဖြန့်ချိနေသည်

          သြဂုတ်လ ၃၁ ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေအရ CDM ရဲ အင်အား စုစုပေါင်း ၄၀၀ ကျော်အထိ ရှိနေပြီဖြစ်ပြီး CDM စစ်သားစာရင်းကိုတော့ မြို့နယ်အလိုက် စိစစ်ဆဲဖြစ်တယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးခူထဲဘူးက ပြောပါတယ်။

          စစ်တပ်တွင်းမှာ စစ်သားတွေသာမက ၎င်းတို့ရဲ့ဇနီးတွေပါ ဖိနှိပ်မှုတွေ ခံနေရပေမယ့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပူးပေါင်းပါဝင်ဖို့ ခက်ခဲမှုတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။

          တပ်တွင်းပိတ်ဆို့ထားမှု၊ မှီခိုသူ မိသားစု များပြားတာ၊ ငွေကြေးအင်အားမရှိတာ၊ အသက်အန္တရာယ် လုံခြုံရေး ကြောက်ရွံ့စိုးရိမ်မှု စတဲ့အချက်တွေကြောင့် ဖိနှိပ်မှုတွေရှိနေပေမယ့် ဆက်လက် နေထိုင်နေရတာပါ။

          CDM မှာပါဝင်နေကြတဲ့ စစ်သည်စစ်သားတွေဟာ တပ်ရင်းတပ်မတွေမှာ နေထိုင်တဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ပြင်ပရောက်အောင် ခေါ်ထုတ်ပြီး လုံခြုံရေးအရ စိတ်ချရဲ့ အခြေအနေတခုကို ရောက်ရှိမှသာ CDM မှာ ပူးပေါင်းပါဝင်နိုင်ကြတယ်လို့ ပြည်သူ့စစ်သားများ အဖွဲ့က ဗိုလ်ကြီး ညီသုတ က ဆိုပါတယ်။

          လက်ရှိအခြေအနေမှာတော့ ပြင်ပကို ထွက်ခွာခွင့်တွေ တင်းကြပ်နေပြီး ခက်ခဲနေတယ်လို့ တပ်တွင်း အခြေအနေကို သူကပြောပါတယ်။

          အထက်ပါ စစ်သားဇနီးတဦးကလည်း တပ်တွင်းဖိနှိပ်မှုတွေကြားမှာ “တယောက်တည်းလည်း ပြေးလို့မရဘူး။ မိသားစုလိုက် ပြေးဖို့ကလည်း ဘယ်လိုမှ လုပ်လို့မရ၊ တကယ်ကို ခက်ခဲနေပါတယ်”လို့ စိတ်ပျက်နေတဲ့ အကြောင်းကို ပြောပြပါတယ်။

          (ဝါနုဖူးသစ်သည် ရန်ကုန်အခြေစိုက် အမျိုးသမီး သတင်းစာဆရာတဦး ဖြစ်သည်။)

          You may also like these stories:

          စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲက ရှေ့တန်းရောက် အမျိုးသမီးများ

          ကောင်းကင်ဆီ ခုန်ချသွားတဲ့ ပန်းသီး

          သတို့သမီးလောင်း တဦး၏ မလေးရှားသို့ ခရီးကြမ်း

          တော်လှန်ရေးမှာ လိင်မှုဆိုင်ရာ အတွေးအမြင်တွေပါ ပြောင်းလဲပစ်ကြ

          Your Thoughts …
          Tags: CDMအမျိုးသမီးစစ်သည်အာဏာသိမ်း စစ်ကောင်စီ
          ဝါနုဖူးသစ်

          ဝါနုဖူးသစ်

          Similar Picks:

          အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

          အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

          by ဧရာဝတီ
          6 October 2023
          23.9k

          မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          by Ellen Ioanes
          30 November 2023
          10.9k

          စစ်ဆင်ရေးသည် စစ်အုပ်စုများနှင့် အာဏာရှင်များ သမိုင်းတလျှောက် လွှမ်းမိုးခဲ့သည့် နိုင်ငံတွင် ပိုမို ပုံမှန်ရှိသော ဒီမိုကရေစီအတွက် အခြေခံလုပ်ငန်းဖြစ်နိုင်သည်။

          ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

          ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

          by ခင်မမ
          6 October 2023
          9.1k

          အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်နှင့် မိမိသဘောထား ကွဲလွဲမှုရှိစေကာမူ အဖွဲ့အစည်းဝင်များသည် အဖွဲ့အစည်း ကြံ့ခိုင်တောင့်တင်းရေးအတွက် နာခံရမည်ဖြစ်၏။

          နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

          နန်ဆန်ယန်တိုက်ပွဲ စက်တင်ဘာမြင်ကွင်း

          by မိုးစက်ငြိမ်းချမ်း
          28 September 2023
          8.5k

          စစ်ကောင်စီတပ်သည် နန်ဆန်ယန်ဒေသကို ပြန်လည် ထိန်းချုပ်ပြီး လိုင်ဇာဒေသအား ပြန်လည် ထိုးစစ်ဆင်ရန် ရည်ရွယ်ပုံရ၏။

          မန္တလေး မင်္ဂလာပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီ ပိတ်သိမ်း

          မန္တလေး မင်္ဂလာပုဂ္ဂလိကဆေးရုံကို စစ်ကောင်စီ ပိတ်သိမ်း

          by ဧရာဝတီ
          22 August 2023
          6.5k

          မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၅၈ လမ်းနှင့် ၄၂ လမ်းထောင့်ရှိ မင်္ဂလာပုဂ္ဂလိကဆေးရုံကို CDM ဆရာဝန်များ အလုပ် လုပ်နေသည်ဆိုသော အကြောင်းပြချက်ဖြင့် သြဂုတ် ၂၅ ရက်မှစ၍ စစ်ကောင်စီက ၃ လ ယာယီပိတ်သိမ်းလိုက် ကြောင်း...

          မန္တလေး Golden Gate ပုဂ္ဂလိကကျောင်းအား ချိပ်ပိတ် ပိုင်ရှင်နှင့်ဆရာများကို ဖမ်းဆီး

          မန္တလေး Golden Gate ပုဂ္ဂလိကကျောင်းအား ချိပ်ပိတ် ပိုင်ရှင်နှင့်ဆရာများကို ဖမ်းဆီး

          by ဧရာဝတီ
          17 August 2023
          5.4k

          ဇူလိုင်လ တတိယပတ်အတွင်းက စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ မန္တလေးမြို့ရှိ ကိုယ်ပိုင်ကျောင်းများတွင် CDM ပညာရေးဝန်ထမ်းများအား ခန့်ထားခြင်းရှိမရှိ စစ်ဆေးရန်နှင့် NUG လက်အောက်ခံ တရားမဝင်ကျောင်းများ ဖွင့်လှစ် သင်ကြားနေမှုကို အရေးယူပေးရန် လှုံ့ဆော်ရေးသားခဲ့ကြသည်။

          Next Post
          မတ်လအတွင်း စစ်ကိုင်းမြို့ လမ်းမများပေါ်တွင် စစ်သားနှင့် ရဲများက လိုက်လံ ရိုက်နှက် ဖမ်းဆီးနေစဉ်

          မြန်မာ့တပ်မတော်တွင် စွမ်းရည်သုံးရပ် ကင်းမဲ့သွားပြီ

          What happened to the wolf ရုပ်ရှင်ထဲမှ ဇာတ်ဝင်ခန်းတချို့

          ဂျာမဏီ ရုပ်ရှင်ပွဲတော်တခုတွင် အိန္ဒြာကျော်ဇင်နှင့် ပိုင်ဖြိုးသုတို့ ဆန်ခါတင် ရွေးချယ်ခံရ

          No Result
          View All Result

          Recommended

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

          2 days ago
          16.6k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 days ago
          12.5k

          Most Read

          • စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

            shares
            Share 0 Tweet 0
          • မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

            shares
            Share 0 Tweet 0
          • လားရှိုးကို ခြိမ်းခြောက်နေပြီဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေး

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • စက်သုံးဆီများ ပြတ်တောက်ရခြင်း နောက်ကွယ်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved