• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်အာဏာရှင်ကို အာခံတွန်းလှန်နေကြသည့် ချင်းတောင်တန်းပေါ်က လက်နက်ကိုင်တပ်များ

by ဆလိုင်းဟင်နရီလျန်
21 September 2021
in ဆောင်းပါး
A A
စစ်ရေးလေ့ကျင့်နေကြသည့် CDF အဖွဲ့များ

စစ်ရေးလေ့ကျင့်နေကြသည့် CDF အဖွဲ့များ

76.1k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်အုပ်စုအတွက် ချင်းလူမျိုးနှင့် ချင်းတော်လှန် ရေးသည် ဆူးညှောင့်ခလုတ်ဖြစ်လာသည်။ ချင်းလူမျိုး၊ ချင်းတော်လှန်ရေးနှင့် ချင်းတူမီးသေနတ်သည်

တိုင်းပြည်၏အာဏာကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်အုပ်စု၏ အာဏာသိမ်းအောင်မြင်မှု ခရီး လမ်းတွင် ကန့်လန့်ချထားသည့် အလွန်ကြီးမားသည့် အဟန့်အတား တံတိုင်းကြီး ဖြစ်လာတော့သည်။

RelatedPosts

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
905
မြိတ်မြို့

မြိတ်မြို့

11 May 2025
490
တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

10 May 2025
1.3k

ချင်းလူမျိုးသည် ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိသျှနှင့် ဂျပန်တို့ကို ခုခံကာကွယ် တိုက်ခိုက် ချေမှုန်းခဲ့ကြသည်။ လွတ်လပ်ရေးရယူပြီးသည့်နောက်ပိုင်း အချိန်ထိ ချင်းလူမျိုးဖြင့် ဖွဲ့စည်းထားသည့် ချင်းသေနတ်ကိုင်တပ်ရင်း၏ နိုင်ငံအပေါ် သစ္စာစောင့်သိမှုနှင့် ပေးဆပ်စွန့်စားခြင်းတို့သည် မြန်မာ့ သမိုင်းမှတ်တမ်းတွင် အစဉ်မော်ကွန်းထိုးထားရမည်။

ချင်းလူမျိုးများသည် လွတ်လပ်ရေးရယူပြီးသည့် အချိန်မှစ၍ ပြည်မနှင့် အစဉ်အမြဲ ရပ်တည်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းယူပြီး တော်လှန်ရေး ကောင်စီခေတ် ရောက်ရှိလာသည့် အချိန်မှသာ တော်လှန်ရေးလုပ်ငန်းများတွင် ပါဝင်လာခဲ့ကြသည်ကို သတိမူမိကြမည်ဖြစ်သည်။

စစ်ရေးလေ့ကျင့်နေကြသည့် CDF အဖွဲ့များ

ထို့နောက်တွင်မှ ၁၉၈၈ ခုနှစ်တွင် ချင်းအမျိုးသားတပ်ဦး (Chin National Front) ချင်းအမျိုး သားတပ်မတော် (Chin National Army – CNA) ကို ဖွဲ့စည်းတည်ထောင်ကာ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် ပြည်နယ်တော်လှန်ရေးကို ဆက်လက်လုပ်ဆောာင်ခဲ့ကြသည်။ အချုပ်ဆိုရသော်၊ ချင်းလူမျိုးများသည် ဒီမိုကရေစီရရှိရေးအတွက် တော်လှန်ရေးတွင် ခေတ်အဆက်ဆက် ပါဝင်ဆင်နွှဲခဲ့သည်ကိုတွေ့မြင်ရပါသည်။

ယနေ့တွင် အာဏာသိမ်းစစ်အုပ်စုသည် မိမိတို့ အာဏာသိမ်းမှု အောင်မြင်ရန်အတွက် ချင်းတောင်တန်းကြီးများရှိရာ ချင်းပြည်နယ်သို့ မဖြစ်မနေ (လက်ရှိ) စစ်တလင်း ဖွင့်ရတော့မည်။ အဘယ့်ကြောင့်ဆိုသော် နွေဦးတော်လှန်ရေးက ချင်းအမျိုးသား တော်လှန်ရေးကို မွေးမွားပေးလိုက်သောကြောင့်ဖြစ်သည်။

သို့သော် ချင်းတော်လှန်ရေးကို အာဏာသိမ်းစစ်အုပ်စုတို့ ထင်မှတ်သကဲ့သို့ လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်။ သိမ်းယူနိုင်လိမ့်မည်မဟုတ်။ အကြောင်းမှာ ချင်းလူမျိုးတို့သည် ချင်းတော်လှန်ရေးကို ဖြိုခွဲဖျက်ဆီးရန်ခက်ခဲသော သံမဏိတံတိုင်းကြီး သုံးခုဖြင့် တည်ဆောက် ထားသောကြောင့်ဖြစ်ပါသည်။

ချင်းအမျိုးသားတပ်ဦးနှင့် တပ်မတော် (CNF/CNA)

အာဏာသိမ်းစစ်အုပ်တို့ ဖြတ်သန်းကျော်လွှားရမည့် ပထမ သံမဏိတံတိုင်းကြီးမှာ ချင်းအမျိုးသားတပ်ဦး (Chin National Front) နှင့် ချင်းအမျိုးသားတပ်မတော် (Chin National Army) ဖြစ်ပါသည်။

စစ်အုပ်စုသည် CNF/CNA ကို စစ်ရေးအရ အထင်အမြင်သေးသည်။ ချင်းလူထုကိုလည်း မထီမဲ့မြင်ပြုသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အင်တာဗျူးတခုတွင် “CNF ချင်းအမျိုးသား တပ်ဦးပေါ့။ သူလဲဘာမှ ပြသာနာမရှိ ပါဘူး။ CNF ကတော့ နဂိုက လက်နက်ကိုင် အဖွဲ့အစည်း မဟုတ်ပါဘူး။ နောက်ကျမှ အရင်တုန်းက ဦးအောင်မင်းတို့ ကနေပြီးတော့ ဒါလေးတွေက ဆွေးနွေးတဲ့အဖွဲ့ ထဲမှာ တရားဝင် အဖွဲ့အစည်း အနေနဲ့ ပါနေတဲ့ အတွက်ကြောင့် ထည့်သွင်းပေးပါဆိုတဲ့ အတွက်ကြောင့် တပ်မတော်က လက်ခံလိုက်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ တကယ်လည်း သူတို့ဘာမှလည်းမရှိပါဘူး။ ပြသာနာလည်းမရှိပါဘူး” ဟု ဖြေကြားခဲ့သေးသည်။

ချင်းအမျိုးသားတပ်ဦး (Chin National Front) သည် ချင်းလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ၁၉၈၈ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၎င်း၏ရည်ရွယ်ချက်မှာ ကိုယ်ပိုင် ပြဌာန်း ခွင့်ရရှိရေး၊ လူမျိုးရေး တန်းတူညီမျှမှုရှိရေးနှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ဖြစ်သည်။ ချင်းအမျိုးသားတပ်ဦး (CNF) ၏ ရည်ရွယ်ချက်များသည် ပင်လုံစာချုပ်ပါ ကတိကဝတ်များဟူသည့် အုတ်မြစ်ပေါ်တွင် ချမှတ်ထားသည်ကို တွေ့မြင် ရသည်။



ချင်းအမျိုးသားတပ်ဦး (CNF) တည်ထောင်အပြီး ၁၉၈၈ နိုဝင်ဘာလတွင် ချင်းအမျိုးသား တပ်မတော် (Chin National Army – CNA) ကို ဖွဲ့စည်းတည်ထောင်ကာ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် ချင်းတော်လှန်ရေးကို စတင်ခဲ့သည်မှာ ၃၃ နှစ်တင်းတင်းပင် ပြည့်ခဲ့ချေပြီ။

ထိုအချိန်က ဒီမိုကရေစီရရှိရေးအတွက် မြန်မာ့တပ်မတော် (ယခု အာဏာသိမ်းစစ်အုပ်စု) ကို တော်လှန်ပုန်ကန်ရာတွင် (၁၉၈၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်ကြား ) အမိချင်းလဲန်းအတွက် အသက်ပေးဆပ် စတေးခဲ့သူ ချင်းသူရဲကောင်း (၇၀) ကျော်ခန့်ရှိခဲ့ပြီးဖြစ်ပါသည်။

ချင်းအမျိုးသားတပ်ဦး (CNF) သည် ချင်းပြည်နယ်အစိုးရနှင့် ဇန်နဝါရီလ ၆ ရက် ၂၀၁၂ ခုနှစ် – ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ထိုးခဲ့သည်။ ထို့နောက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

ထို့အပြင် ဆယ်စုနှစ်တခုတိုင် အဖြေမရှိရှည်ကြာခဲ့သည့် ငြိမ်းချမ်းရေးဖော်ဆောင်မှု စီမံကိန်း လုပ်ငန်းစဉ်တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ချင်းအမျိုးသားတပ်ဦး (CNF) ၏ ခေါင်းဆောင် များသည် မြန်မာ့နိုင်ငံရေးနှင့် တိုင်းရင်းသား နိုင်ငံရေးတွင် အထောက်အကူပြုသည့် နိုင်ငံရေး ခေါင်းဆောင်များ အဖြစ် ရပ်တည်လျှက်ရှိနေကြသည်ကို သက်သေပြရန်ပင်လိုမည်မထင်။

ချင်းအမျိုးသား တပ်ဦး (CNF)

ချင်းအမျိုးသားတပ်ဦး (CNF) သည် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၂၀၂၁ ခုနှစ်၊ မေလ ၂၉ ရက်တွင် မဟာမိတ်အဖြစ် ပထမဦးဆုံး ပူးပေါင်းလိုက်သည့် လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်သည်။ ၎င်းသည် အာဏာသိမ်းစစ်အုပ်စုကို သွယ်ဝိုက်၍ စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။

ချင်းအမျိုးသား ခေါင်းဆောင်များ၏ မှန်ကန်သောဆုံးဖြတ်ချက်၊ မယိမ်းယိမ်သည့်ယုံကြည်မှု၊ ပြင်းထန် သောစိတ်ဓာတ်နှင့် ရဲစွမ်းသတ္တိတို့ကို ၎င်းကပေါ်လွင်ထင်ရှားစေသည့်အပြင် လက်နက် အားကိုးပြီး သူတပါးကို မထီမဲ့မြင်ပြုတတ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏စစ်အုပ်စုကို ကြောက်ရွံ့ တုန်လှုပ်မှု အလျှင်းမရှိကြောင်းကို ပြသလိုက်ခြင်းပင်ဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင် အထင်အမြင်သေးခဲ့သည့် CNF/A သည် ယခုအချိန်တွင်မူ မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ချင်းလူမျိုးများအတွက်သာမက မြန်မာပြည်သူ ပြည်သားများ အတွက် အလွန်အားကိုးအားထားရသည့် ချင်းအမျိုးသားတပ်မတော်ကြီး တခုအဖြစ် ပြည်သူတို့ ရှေ့တွင် မားမားရပ်တည်ကာ အာဏာသိမ်းစစ်အုပ်စုကို တိုက်ခိုက်တော်လှန်လျှက်ရှိပါသည်။

ထိုမျှမက CNF သည် ချင်းပြည်နယ်တဝှမ်းလုံးရှိ ချင်းလဲန်း ကာကွယ် ရေးတပ် (Chinland Defense Force) များကို စတင်တည်ထောင်ရာတွင် လိုအပ်သော အခြေခံ စစ်ပညာတို့ကို စနစ်တကျလေ့ကျင့်ပေးခြင်း၊ လက်နက်ခဲယမ်းများကို ထောက်ပံ့ပေးခြင်း၊ စစ်ဗျူဟာ နည်းပရိယယ်တို့ကို သင်ကြားပို့ချပေးခြင်း၊ စသည်တို့ကိုပြုလုပ်နေပါသည်။

CNF ၏ ပြုစုပျိုးထောင်ပေးမှုနှင့် လက်တွဲခေါ်ဆောင်မှုကြောင့် ချင်းလဲန်းကာကွယ်ရေးတပ် (Chinland Defense Force) သည် အချိန်တိုအတွင်း အာဏာသိမ်း စစ်တပ်ကို ထိထိရောက်ရောက် ရင်ဆိုင်တိုက်ခိုက် နိုင်ခြင်းဖြစ်သည်။

ချင်းပြည်နယ်အတွင်းရှိ ချင်းလူငယ် ၁၅,၀၀၀ ခန့်သည် အခြေခံစစ်ပညာ သင်ယူပြီးစီးထားပြီး အာဏာသိမ်းစစ်အုပ်စုကို တိုက်ခိုက် တော်လှန်လျှက်ရှိ ကြသည်။ ချင်းပြည်နယ်တွင် သာမက စစ်ကိုင်းတိုင်း ဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးရှိ လူငယ်များစွာကိုလည်း CNF မှ အခြေခံစစ်ပညာကို လေ့ကျင့်သင်ကြား ပို့ချပေးခဲ့ပြီးဖြစ်သည်။

ယခုအချိန်တွင် ချင်းအမျိုးသားတပ်ဦးသည် ပြည်တွင်းပြည်ပရှိ ချင်းပြည်သူလူထု၏ ထောက်ခံမှုရရှိခြင်း အမြင့်ဆုံး အချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဖေဖဝါရီလမှ ဩဂုတ်လအတွင်း အရေးပေါ်အမျိုးသားလုံခြုံရေးရန်ပုံငွေ (ENSF) ဒေါ်လာ (၇) သန်းကျော်ကို ချင်းပြည်သူများမှ တော်လှန်ရေးစစ်ပွဲတွင်အသုံးပြုရန် (CNF/A) အားထောက်ပံ့လှူဒါန်းခဲ့ပြီးဖြစ်သည်။

၎င်းက ချင်းပြည်သူ များသည် အာဏာသိမ်းစစ်အုပ်စုကို ရွှံ့ရှာမုန်းတီးမှုနှင့် မလိုလားမှုကိုညွှန်ပြနေပါသည်။ မြန်မာနိုင်ငံ၏ လက်နက်ကိုင် တော်လှန်ရေး အကြောင်းကိုလေ့လာကြည့်မည်ဆိုလျှင် ပြည်သူလူထုက ရပ်တည် ပေးသည့် အမျိုးသား တပ်မတော်သည် မည်သည့်အခါတွင်မှ ကျဆုံးပျောက်ကွယ်တော့မည်မဟုတ်ချေ။

အာဏာသိမ်းခေါင်းဆောင် အထင်မြင်သေးခဲ့သည့် CNF သည် အာဏာရှင် စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်သည့် ချင်းအမျိုးသား တရပ်လုံးကို အထောက်အမပြုသည့် ကျောရိုးမဏ္ဍိုင်ကြီး တခုအဖြစ်ရပ်တည်နေပါသည်။ မိမိ အထင် အမြင်သေးခဲ့သည့် CNF ဟူသည့် ပထမ သံမဏိတံတိုင်းကို မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုတို့ အလွယ်တကူ ဖျက်ဆီး ကျော်လွှား နိုင်ပါမည်လော။

ချင်းလဲန်းကာကွယ်ရေးတပ် (Chinland Defense Force)

အာဏာသိမ်းစစ်အုပ်တို့ ဖြတ်သန်းကျော်လွှားရမည့် ဒုတိယ သံမဏိတံတိုင်းကြီးမှာ ချင်းလဲန်းကာကွယ်ရေးတပ် (Chinland Defense Force) ဖြစ်ပါသည်။ ရှစ်လေးလုံး (၈/၈/၈၈) အရေးတော်ပုံက ချင်းအမျိုးသားတပ်ဦး (CNF) ကို မွေးထုတ် ပေးလိုက်သည်မှန်လျှင် ၂၀၂၁ နွေဦး တော်လှန်ရေးက ချင်းလဲန်းကာကွယ်ရေးတပ်ကို အစပြုတည်ထောင် ပေးလိုက်သည်ဟုဆိုရမည်။

တူမီးသေနတ်ဖြင့် စတင်ခဲ့သည့် မင်းတပ်မြို့ အာဏာရှင်တော်လှန်ရေးသည် ယခုဆိုလျှင် ချင်းပြည်နယ်တခုလုံးသို့ ပြန့်နှံ့နေပြီဖြစ်ပါသည်။ မင်းတပ်မြို့ တိုက်ပွဲမတိုင်မီက ကလေးမြို့ တူမီးတော်လှန်ရေးတွင်လည်း ချင်းလူငယ်များ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ချင်းအမျိုးသားများသည် သဘာဝအားဖြင့် အမဲလိုက်ကျွမ်းကျင်သည့် မုဆိုးများဖြစ်ကြသည်။ ယောက်ျားတိုင်း လက်နက်ကိုင်ခြင်းကို ခုံမင်နှက်သက်ကြပြီး ပင်ကိုယ်ဗီဇအားဖြင့် တိုက်ခိုက်ရေး သမားများဖြစ်ကြသည်။

ယခုဆိုလျှင် ချင်းလဲန်း ကာကွယ်ရေးတပ် (CDF) ကို ၁၅ ဖွဲ့ဖြင့် ချင်းပြည်နယ်ရှိ မြို့နယ် အသီးသီးတွင် ဖွဲ့စည်းတည်ထောင်ထားပြီးဖြစ်သည်။ ချင်းပြည်နယ်ပြင်ပတွင်မူ ကလေးကဘော် ဂန့်ဂေါ် (CDF KKG) ကိုလည်း အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ၎င်းက ချင်းအမျိုးသား လူငယ်များအနေဖြင့် စစ်အာဏာရှင်များနှင့် နောက်လိုက် လက်ပါးစေများကို မြေလှန်ကာ အမြစ်မှနှုတ်ပြီး မြန်မာ့မြေမှ အပြီးတိုင်ပျောက်ကွယ်သွားစေလိုသည့် မာကျောခက်ထန်သည့် စိတ်ဓာတ်နှင့် ပြင်းပြသောဆန္ဒတို့ကို ဖော်ပြနေလေသည်။

လက်နက်ချင်းမမျှ၊ လူအရေအတွက်ခြင်း မယှဉ်သာသော်လည်း ယုံကြည်မှုဖြင့် တည်ဆောက်ထားသည့် ခိုင်မာသော စိတ်ဓာတ်တွင်မူ အာဏာရှင် စစ်အုပ်စု၏ လက်ပါးစေများက ချင်းလဲန်း ကာကွယ် ရေးတပ် (CDF) ကို မည်သို့မျှယှဉ်၍မရ။ မင်းတပ်မြို့တော်လှန်ရေးက သာဓကတခုပင်ဖြစ်သည်။ တူမီးသေနတ်ဖြင့် တော်လှန်သည့် ချင်းအမျိုးသားများအား အာဏာသိမ်းစစ်အုပ်စုသည် လက်နက်ငယ်၊ လက်နက်ကြီး၊ ရဟတ် ယာဉ်၊ တိုက်လေယာဉ် အစရှိသည့် စစ်ကရိယာများဖြင့် ချေမှူန်းရန် ကြိုးစား နေသော်လည်း ယနေ့တိုင် သိမ်းပိုက် တိုက်ယူ၍ မရသေးချေ။

ချင်းအမျိုးသား တပ်ဦး (CNF)

ချင်းသူရဲကောင်းများ၏ အသက်ဇီဝိန်ကို ခြွေကောင်းခြွေနိုင် ပါလိမ့်မည်။ သူတို့၏ မယိမ်း ယိုင်နိုင်သော စိတ်ဓာတ်နှင့် မပြိုလဲနိုင်သော ယုံကြည်မှုကိုကား ဘယ်သောအခါမျှ ဖြိုခွင်းဖျက်ဆီး နိုင်လိမ့်မည်မဟုတ်။ ယင်းစိတ်ဓာတ်နှင့် ယုံကြည်မှုတို့သည် မျိုးဆက်တခုပြီးတခု ရှင်သန် နေပါလိမ့်မည်။

ချင်းလဲန်း ကာကွယ်ရေးတပ် (CDF) သည် ပြည်သူလူထုထဲမှ ပေါ်ပေါက်လာသည့်နည်းတူ ချင်းပြည်သူများ၏ ထောက်ခံမှုကို လုံးလုံးလျှားလျှား လက်ခံရရှိထားသည်။ ချင်းလဲန်း ကာကွယ် ရေးတပ် (CDF) ၏ စစ်ဆင်ရေးတွင် လိုအပ်သောအရားများ၊ စားဝတ်နေရေး အတွက် လိုအပ်သည့် အရာများကို ပြည်တွင်းပြည်ပရှိ ချင်းပြည်သူများက မေတ္တာဖြင့် လိုလိုလားလား ကူညီပံ့ပိုးကြသည်။ ယခုတိုက်ပွဲသည် ပြည်သူလူထု၏ တော်လှန်ရေးဖြစ်သည်ဟု ချင်းတမျိုးသားလုံးက လက်ခံနားလည် ထားကြသည်။ ပြည်သူလူထုတရပ်လုံးက ထောက်ခံရပ်တည်ပေးသည့် ချင်းလဲန်း ကာကွယ်ရေးတပ် (CDF) သည် ပြည်သူရှိသ၍ အစဉ်တည်မြဲနေမည်။

ချင်းလဲန်း ကာကွယ်ရေးတပ် (CDF) သည် ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် (CNF/CNA) နှင့်အတူလက်တွဲကာ မိမိတို့၏ ဘုံရန်သူဖြစ်သည့် အာဏာသိမ်းစစ်အုပ်စုကို ချင်းပြည် နယ်မှ အပြီးနှင်ထုတ်ရန် တိုက်ပွဲဝင်လျှက်ရှိပါသည်။ ထို့အပြင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်နှင့် အခြားတိုင်းနှင့် ပြည်နယ်များနှင့် အတူ ချင်းပြည်နယ်ရှိ ချင်းလဲန်း ကာကွယ်ရေးတပ် (CDF) သည် စစ်ခေါင်းဆောင် ကြိုးဆွဲရာ ကနေသည့် ရုပ်သေး စစ်အုပ်စုကို မြန်မာ့မြေမှ အပြီးတိုင် ကွယ်ပျောက်စေရေးအတွက် တော်လှန်ရေးတိုက်ပွဲဝင်လျှက်ရှိပါသည်။

အဆိုပါ ဒုတိယ သံမဏိတံတိုင်းတည်းဟူသော ချင်းလဲန်း ကာကွယ်ရေးတပ် (CDF) ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အုပ်စုတို့ အလွယ်တကူ ဖျက်ဆီးကျော်လွှား နိုင်ပါမည်လော။

ချင်းစီဒီအမ် (Chin Civil Disobedient Movement)

၂၀၂၁ ခုနှစ် မတ်လကုန်တွင် ချင်းပြည်နယ်ရှိ ဝန်ထမ်းစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းခန့်သည် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့ကြသည်။ ဧပြီလ ရောက်ရှိလာသည့် အချိန်တွင်မှု မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်း အသီးသီးတွင် ချင်းပြည်နယ်သည် CDM တွင်ပါဝင်မှု့ ရာခိုင်နှုန်းအမြင့်ဆုံး စံချိန်တင်ခဲ့သည်။

၎င်းက အာဏာသိမ်းစစ်အုပ်စုအား ပြတ်သားစွာဆန့်ကျင်သည့် လှုပ်ရှားမှုကို ပေါ်လွင်ထင်ရှား စေပါသည်။ ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်များတွင် (CDM) ၌ပါဝင်မှု ၉၆ ရာခိုင်နှုန်း အထိ ရောက်ရှိခဲ့ပါသည်။ အာဏာသိမ်း စစ်အုပ်စု၏ ခြိမ်းခြောက်မှုအောက်တွင်ပင် CDM တွင် ပါဝင်ဆင်နွှဲလျှက် တော်လှန်ရေးတိုက်ပွဲဝင်သည့် ဝန်ထမ်းဦးရေ ၈၀ ရာခိုင်နှုန်းရှိပါသည်။

ချင်းလူမျိုးတို့သည် CDM ၏ ထိရောက်မှုနှင့် အကျိုးသက်ရောက်မှုကို နားလည်သဘောပေါက်သည့် နိုင်ငံရေး အသိပညာရှိသည်။ ထို့ကြောင့် CDM သည် စစ်အာဏာရှင်များအား တိုင်းပြည်နှင့် ပြည်သူ လူထုကို အဓမ္မအုပ်ချုပ်နိုင်ခြင်းမှ ထိရောက်စွာ အဟန့်အတားပေးနိုင်သည့် စွမ်းအားရှိကြောင်းကို သိနားလည်ထားသည်။

အာဏာရှင်တို့ လည်ပတ်စေလိုသည့် အာဏာရှင်စနစ် စက်ယန္တရားကြီး တခုလုံးကို CDM က နှေးကွေးရပ်တန့်သွား စေနိုင်သည်။ အာဏာရှင် စစ်အုပ်စု၏ ပထမခြောက်လတွင် တိုင်းပြည်တခုလုံးကို ထိန်းချုပ်ရန် အစွမ်းကုန်ကြိုးပမ်းမှု မအောင်မြင်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ CDM ကြောင့်ဖြစ်သည်ကို ချင်းစီဒီအမ် (C – CDM) များကသဘောပေါက် နားလည်သည်။

သို့ဖြစ်၍ ချင်း (C – CDM) အရှိန်ကိုမြှင့်ကြမည်။ ချင်းလူထုသည် အာဏာရှင်စနစ်ကို အမြစ်နှုတ် တော်လှန် ရာတွင် CDM စနစ်ကို ဆက်လက် အသုံးပြုကြ ရမည်ဟု သန္နိဌာန် ချထားကြသည်။ C – CDM လှုပ်ရှားမှုတွင်ပါဝင်သည့် သူများသည် ပြည်သူထဲမှ ပြည်သူများ ဖြစ်သောကြောင့် ပြည်တွင်းပြည်ပရှိ ချင်းလူမျိုးများက ကူညီ ထောက်ပံ့ပေးကြသည်။ ထို့ကြောင့် ချင်း C – CDM လှုပ်ရှားမှုသည် ဆက်လက် အင်အားကြီးထွားလာဦးမည်ဖြစ်ပါသည်။

C – CDM လှုပ်ရှားမှုကို ချင်းလဲန်းကာကွယ်ရေးတပ် (CDF) ဖြင့်ပံ့ပိုးအားဖြည့် လိုက်သည့်အခါတွင် အာဏာသိမ်း စစ်အုပ်စုတို့ မျှော်လင့်မထားသည့် ကြီးမားပြင်းထန်သည့် တော်လှန်ရေးကြီး ပေါ်ပေါက်လာသည်။ ထိုတော်လှန်ရေး၏ ပြင်းထန်သော ထိုးနှက် ရိုက်နှက်ချက် တို့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုတို့ ခံနိုင်ရည်စွမ်း ရှိပါမည်လော။ တတိယ သံမဏိတံတိုင်းကို စစ်အုပ်စုတို့ အလွယ်တကူ ဖျက်ဆီး ကျော်လွှား နိုင်ပါမည်လော။

ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် ချင်းအမျိုးသားတပ်ဦးနှင့် ချင်းအမျိုးသားတပ်မတော် (CNF/A) သည် ဆယ်စုနှစ်သုံးခုကျော် စစ်အာဏာရှင်တို့ကို စစ်ရေးဖြင့်သော်လည်းကောင်း၊ နိုင်ငံရေး ဆွေးနွေးခြင်းဖြင့်သော်လည်းကောင်း တရားသောစစ် ဆင်နွှဲခဲ့သည်။ နွေဦးတော်လှန်ရေးက ၎င်းတော် လှန်ရေး အရှိန်ကိုမြှင့်တင်ပေးလိုက်သည်နှင့် တပြိုင်နက် ချင်းလူမျိုးတို့သည် ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးကို ချင်းအမျိုးသားတပ်ဦးနှင့် ချင်းအမျိုးသားတပ်မတော် (CNF/A)၊ ချင်းလဲန်းကာ ကွယ်ရေးတပ် (CDF) နှင့် ချင်းစီဒီအမ် တည်းဟူသည့် ဖြိုခွဲဖျက်ဆီး၍မရသော သံမဏိ တံတိုင်းကြီး သုံးခုဖြင့် တည်ဆောက် ကွယ်ကာလိုက်ကြသည်။ ဧကန်အမှန်ဆိုရလျှင် ထိုသံမဏိ တံတိုင်းကြီးသုံးခုကို မြန်မာပြည်သူတရပ်လုံးက တည်ဆောက်ထားသည်။

ဤသို့ဆိုလျှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏အာဏာသိမ်း စစ်အုပ်စုသည် မိမိတို့၏ အာဏာတည်တံ့ ခိုင်မြဲနိုင်ရန် ကြိုးပမ်းနေသည့် ခရီးလမ်းတွင် သံမဏိတံတိုင်းကြီး သုံးခုကို တွန်းရွှေ့ဖယ်ရှား ရတော့မည်။ သေချာသည့်အရာတခုမှာ ချင်းလူမျိုးနှင့် ချင်းတော်လှန် ရေးသည် အာဏာသိမ်းစစ်အုပ်စုအတွက် ဆူးညှောင့်ခလုတ်ဖြစ်လာသည်။

ချင်းလူမျိုးတို့အတွက်မူ “အရေးတော်ပုံ အောင်ရမည်” ဟု ကြွေးကြော်ရင်း လူမျိုးနှင့် တိုင်းပြည်အတွက် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးဟူသည့် တော်လှန်ရေးဆုံးခန်းတိုင်သည်အထိ ဆက်လက် ပါဝင်ဆင်နွှဲ နေဦးမည်သာ။

(ဆလိုင်းဟင်နရီလျန်သည် အမေရိကန်ပြည်ထောင်စု Kentucky ပြည်နယ် Louisville မြို့တွင် နေထိုင်လျက်ရှိပြီး Southern Baptist Theological School ၏ Ph.D candidate တဦးဖြစ်သည်။)

You may also like these stories:

ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာ တိုက်ပွဲအတွင်း ဒေသခံ ၁၇ ဦး သေဆုံး

အပစ်ရပ်ရေး စစ်ကောင်စီ လိုက်နာမည် မထင်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြော

အာဆီယံ၏ အပစ်ရပ် တောင်းဆိုချက် အလွန်တွင် ပစ်ခတ်မှုများ ပိုဖြစ်လာနိုင်

Your Thoughts …
Tags: CDFCDMCNACNF
ဆလိုင်းဟင်နရီလျန်

ဆလိုင်းဟင်နရီလျန်

Similar Picks:

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.4k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

အဂတိ တိုက်ဖျက်ရေး ပြောနေသော မင်းအောင်လှိုင်၏ မိသားစု စီးပွားရေးအင်ပါယာ

by ဧရာဝတီ
6 October 2023
26.1k

မင်းအောင်လှိုင်သည် စစ်သားအားလုံးကို သူ့သား အောင်ပြည်စုံပိုင်သည့် အောင်မြင့်မိုမင်း အာမခံကုမ္ပဏီတွင် အသက်အာမခံ မထားမနေရ လုပ်ထားသည်။

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

သေမည့်အပတ် စစ်ထဲလိုက်ရမည့်အဖြစ် နောက်ဆုံးအသုတ် ဗိုလ်လောင်းများ ကြုံနေရ

by ဧရာဝတီ
19 January 2024
21.5k

စစ်ကောင်စီသည် စစ်တက္ကသိုလ်လျှောက်လွှာ လက်ခံချိန်ကို တိုးပေးနေရပြီး ဗိုလ်လောင်းများအတွက် သာမက စစ်သားများအတွက်ပါ ဝင်ခွင့်သတ်မှတ်ချက်များ လျှော့ပေးနေရသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

စစ်ကောင်စီနှင့် မုသာဝါဒလမ်းဆုံး

by ခင်မမ
25 December 2023
16.1k

လိမ်စရာရှိရင် ကြီးကြီးကျယ်ကျယ် လိမ်ပါ၊ ကြာလျှင် လူတွေက အမှန်ထင်သွားလိမ့်မည်ဆိုသည့် စကားအတိုင်း မင်းအောင်လှိုင်နှင့် သူ့တပည့်များ အတိုင်အဖောက်ညီညီ ကျင့်သုံးနေကြ၏။

Next Post
KNU နှင့် တိုက်ပွဲတွင် ၃ ပတ်အတွင်း စစ်ကောင်စီဘက်က ၇၀ ကျော် သေဆုံး  (ရုပ်/သံ)

KNU နှင့် တိုက်ပွဲတွင် ၃ ပတ်အတွင်း စစ်ကောင်စီဘက်က ၇၀ ကျော် သေဆုံး (ရုပ်/သံ)

စစ်ကောင်စီ၏ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အာဏာသိမ်း စစ်ခေါင်းဆောင်ကို ကချင်ရိုးရာ  အသုံးအဆောင်များအား ပေးအပ်နေစဉ်

“ကချင်မြေမှ အခု ထွက်သွား” ဟု ဆန္ဒပြခံရသည့် စစ်ခေါင်းဆောင်၏ မြစ်ကြီးနားခရီးစဉ်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate