ဆောင်းပါး

ယူကရိန်းမှ လက်နက်အဝယ်တော် (သို့မဟုတ်) ဦးအောင်လှိုင်ဦး

Want create site? Find Free WordPress Themes and plugins.

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အနားယူပြီး မြန်မာ့တပ်မတော်၏ အကြီးအကဲများအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်ကြီးအသစ်များ ပြောင်းလဲတာဝန်ယူချိန်တွင် ဗိုလ်ချုပ်ကြီးများ ၏သားသမီးများ နှင့် ၎င်းတို့ နှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များသည်လည်း ခရိုနီအသစ်များအဖြစ် ရာထူးပြောင်းလဲသွားကြသည်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံကို စစ်တပ်က နောက်ထပ်တကြိမ် အာဏာသိမ်းခံလိုက်ရသည့် တပြိုင်နက် ခရိုနီအသစ်များသည် အခန်းကဏ္ဍသည်လည်း တဖန်ပြန်ပြီး အရေးပါလာပြန်သည်။

ထိုခရိုနီအသစ်များထဲတွင် မြန်မာစစ်တပ်အတွက် ခေတ်မီသော စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အတွက်လိုအပ်သော စက်ယန္တရားများ၊ ပစ္စည်းကိရိယာများနှင့် နည်းပညာ အပါအဝင် ကုန်ကြမ်း ပစ္စည်းများကို ယူကရိန်းနိုင်ငံမှ အဓိက တင်သွင်းပေးသူတဦးမှာ Myanmar Chemical & Machinery (MCM) ကုမ္ပဏီ၏ ဦးဆောင်သူ ဦးအောင်လှိုင်ဦး ဖြစ်သည်။

သူသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များ၏ ရုရှားခရီးစဉ်များတွင်လည်း အမြဲလိုက်ပါခဲ့သူတဦးလည်း ဖြစ်သည်။

ဦးအောင်လှိုင်ဦးကို ၂၀၁၇ ခုနှစ် နှစ်အစပိုင်းတွင် ယူကရိန်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အဖြစ် မြန်မာစစ်တပ်က ခန့်အပ်ခဲ့သည်။

ယူကရိန်းနိုင်ငံပိုင် စစ်လက်နက်ထုတ်လုပ်သည့်ကုမ္ပဏီများ နှင့် မြန်မာ့စစ်တပ်တို့ကြား စစ်လက်နက် ဝယ်ယူရေးအတွက် ပေါင်းကူးဆက်သွယ်ပေးနေသော စစ်လက်နက်ပစ္စည်း အဝယ်တော် ဦးအောင်လှိုင်ဦးကို ၂၀၁၇ ခုနှစ် နှစ်အစပိုင်းတွင် ယူကရိန်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အဖြစ် မြန်မာစစ်တပ်က ခန့်အပ်ခဲ့သည်။

ထို့နောက် ယူကရိန်းနိုင်ငံ နှင့် မြန်မာနိုင်ငံကြား ထင်ရှားသည့် စစ်ဘက်ဆိုင်ရာဆက်နွယ်မှုများကို BTR-4 စစ်သည်တင် သံချပ်ကာယာဉ်များ (APCs)၊ MMT-40 အပေါ့စားတင့်ကားများနှင့် 2SIU ဟောင်ဝဇ္ဇာ အမြောက်များ ပူးပေါင်းထုတ်လုပ်ရေး စီမံကိန်းအတွက် အဓိကအရေးပါ သူလည်း ဖြစ်သည်။

ဦးအောင်လှိုင်ဦးသည် ၂၀၂၀ ခုနှစ် မေလက စစ်ထောက်ချုပ်ရာထူး နှင့် တပ်မတော်ပိုင် မြန်မာစီးပွားရေး ကော်ပိုးရေးရှင်း (MEC) ဥက္ကဋ္ဌအဖြစ်မှ အငြိမ်းစား ယူသွားခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော နှင့် ညီအစ်ကိုအရင်းသဖွယ် ရင်းနှီးသော ဆက်ဆံရေးရှိသူဖြစ်

ထိုသို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကို မြန်မာစစ်တပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးဌာန၊ ယူကရိန်းနိုင်ငံပိုင် စစ်လက်နက် ထုတ်လုပ်ရေးလုပ်ငန်းစု Ukroboronprom ၊ စစ်လက်နက်ကုန်သွယ်ရေးကုမ္ပဏီ Ukrspecexport နှင့် ဦးအောင်လှိုင်ဦး ကုမ္ပဏီ Myanmar Chemical & Machinery (MCM) တို့အကြား ပူးပေါင်းလုပ်ကိုင် ခြင်းကြောင်း Justice For Myanmar ၏ အဆိုအရသိရသည်။

Justice For Myanmar အဖွဲ့သည့် မြန်မာ့စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများ နှင့် ၎င်းတို့နှင့် နီးစပ်သူများကြား ပတ်သက်ဆက်နွယ်မှုများ၊ စစ်တပ်၏ လူအခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းဖော်ထုတ် ရေးသားနေသော ပြည်ပအခြေစိုက်အ ရပ်ဖက်အဖွဲ့အစည်း တခုဖြစ်သည်။

Ukrspecexport ကုမ္ပဏီမှ ထုတ်လုပ်သော စစ်လက်နက်ပစ္စည်းကိရိယာများကို ဦးအောင်လှိုင်ဦး၏ စင်ကာပူအခြေစိုက်ကုမ္ပဏီ MCM Pacific ၏ လုပ်ငန်းခွဲ Amethyst Trading ကုမ္ပဏီက တင်သွင်းပေး ခြင်းဖြစ်သည်။

ဦးအောင်လှိုင်ဦးသည် ၂၀၂၀ ခုနှစ် မေလက စစ်ထောက်ချုပ်ရာထူး နှင့် တပ်မတော်ပိုင် မြန်မာစီးပွားရေး ကော်ပိုးရေးရှင်း (MEC) ဥက္ကဋ္ဌအဖြစ်မှ အငြိမ်းစား ယူသွားခဲ့သည့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော နှင့် ညီအစ်ကိုအရင်းသဖွယ် ရင်းနှီးသော ဆက်ဆံရေးရှိသူဖြစ်ကြောင်း သူနှင့် ရင်းနှီးသည့် စီးပွားရေး လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

အငြိမ်းစားယူသွားသည့် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၃ မှ ဖြစ်ပြီး တပ်မတော် နည်းပညာတက္ကသိုလ်နှင့် စစ်တက္ကသိုလ်တို့၌ ကျောင်းအုပ်ကြီး၊ အလယ်ပိုင်းတိုင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်မှူး စသည့် တာဝန်များ ထမ်းဆောင်ခဲ့သူ တဦးဖြစ်ကာ ဖြစ်ပြီး ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဘောကျသူတဦးလည်း ဖြစ်သည်။

ဦးအောင်လှိုင်ဦးကို ၂၀၁၇ ခုနှစ် နှစ်အစပိုင်းတွင် ယူကရိန်းနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် အဖြစ် မြန်မာစစ်တပ်က ခန့်အပ်ခဲ့သည်။

သူက ဆက်လက်ပြီး “ အဲဒီလူက အရမ်းဖော်ရွေတယ်။ စကားပြောကောင်းတယ် ခပ်အေးအေးပဲ နေတာ။ သူ့ဧည့်သည်တွေကိုလည်းတွေ့ဖို့ချိန်းရင် ဦးအောင်ပြည့်စုံ (ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သားအကြီး) ဖွင့်ထားတဲ့ Yangon Gallery ဆိုင်ကိုပဲ ချိန်းတာများတယ်”ဟု ပြောပြသည်။

ဦးအောင်လှိုင်ဦးသည် မြန်မာ့စစ်တပ်၌ အသုံးပြုနေသော BTR-4U APCs၊ BTR-3U အမျိုးအစား အပါ့ စားသံချပ်ကာကားများ နှင့် MMT-40 အမျိုးအစား တင့်ကားများအတွက် ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း နှင့် အဆင့်မြှင့်တင်ခြင်းများအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများကို ယူကရိန်း နှင့် ဆားဘီယား နိုင်ငံတို့မှ တင်သွင်းပေးသူလည်း ဖြစ်သည်။

Justice For Myanmar ၏ အဆိုအရ ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်းတွင် Mil Mi-2 နှင့် Mil Mi 17 အမျိုး အစား ဟယ်လီကော်ပတာ အစိတ်အပိုင်းများ၊ BTR-3U အမျိုးအစား စစ်သည်တင်သံချပ်ကာ ယာဉ် အစိတ်အပိုင်းများ၊ သင်္ဘောဒီဇယ်အင်ဂျင်တစ်လုံး၊ သင်္ဘော တွန်းကန်အားနှင့် ပဲ့ထိန်းစနစ်များ ဝယ်ယူ ရေးတွင် ဦးအောင်လှိုင်ဦး၏ စင်ကာပူအခြေစိုက် MCM Pacific ကုမ္ပဏီက ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် Justice For Myanmar သို့ ပေါက်ကြားလာသည့် ၂၀၁၉ ခုနှစ်၌ မြန်မာ့လေတပ်သို့ MCM ကုမ္ပဏီမှ တင်သွင်းသည့် အဆိုပြုလွှာတစ်ခုတွင် လေယာဉ်တွင် တပ်ဆင်သည့် ဒုံးပစ်လောင်ချာများ၊ ဒုံးပျံများ၊ ပဲ့ထိမ်းမဲ့ဗုံးများ၊ “ကျယ်ပြန့်သည့် မြေပြင်ပစ်မှတ်” အပေါ် အသုံးပြုရန် ဗုံးအတွဲလိုက်ပစ်လောင်ချာတလက်နှင့် စနက်တံများ ဝယ်ယူရေးကို ဖော်ပြထားကြောင်း သိရသည်။

စစ်တပ်နှင့် ဆက်နွှယ်မှုရှိသည့် စီးပွားရေးအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တစ်ခုအရ အောင်လှိုင်ဦး သည် ယူကရိန်းနိုင်ငံမှ လက်နက်ဝယ်ယူရေးအတွက် ကော်မရှင်ခအဖြစ် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိ ရရှိပြီး ယင်းပမာဏသည် ဦးအောင်လှိုင်ဦး ၏ စီးပွားရေးလုပ်ငန်းများ နှင့် ယူကရိန်းအစိုးရ အတွက် ကြီးမားသည့် အကျိုးအမြတ်ဖြစ်ကြောင်း Justice For Myanmar က ဆိုသေးသည်။

You may also like these stories:

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၂)

မြန်မာစစ်တပ် ဘာတွေဖြစ်နေလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading