• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဘယ်လာရုစ်က လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်

by ဧရာဝတီ
2 October 2021
in ဆောင်းပါး
A A
ဘယ်လာရုစ်က လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်
64.8k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့် ဇွန်လအတွင်းက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာစစ်တပ်ကို လက်နက်တင် သွင်းမှုရပ်ဆိုင်းရန်အတွက် မဲခွဲ ဆုံးဖြတ်ရာမှာ စစ်တပ်အတွက် ကန့်ကွက်ပေးခဲ့သည့် တဦးတည်းသော နိုင်ငံမှာ ဘယ်လာရုစ်နိုင်ငံ ဖြစ်သည်။

ထိုအချိန်က မြန်မာစစ်တပ်အတွက် နိုင်ငံတကာမျက်နှာစာတွင် အမြဲတမ်းကာကွယ်ပေးခဲ့သည့် တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့က ကြားနေအဖြစ် မဲပေးခဲ့သော်လည်း ဘယ်လာရုစ်နိုင်ငံကသာ မြန်မာစစ်တပ်ဘက်က ရပ်တည်ခဲ့ခြင်းကြောင့် အံ့အားသင့်ခဲ့ကြသည်။

RelatedPosts

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
3.3k
TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

23 June 2025
1.1k
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
9.3k

သို့သော်လည်း ဘယ်လာရုစ်နိုင်ငံသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်သော နဝတခေတ်ကတည်းက မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကောင်းမွန်သည့် နိုင်ငံတခုဖြစ်ပြီး ၂၀၀၁ ခုနှစ်၌ မြန်မာနိုင်ငံ အတွက် ၎င်းတို့အသုံးပြုပြီးသော ရုရှားလုပ် MiG 29 တိုက်ခိုက်ရေး ဂျက်လေယာဉ် ၁၂ စင်းကို ရောင်းချပေး ခဲ့သည်။

ဘယ်လာရုစ်နိုင်ငံသည် ဥရောပတွင် အာဏာရှင်နိုင်ငံအဖြစ် တနိုင်ငံတည်းကျန်ရှိနေသော နိုင်ငံဖြစ်ပြီး အာဏာရှင် အလက်ဇန္ဒား လူကာရှန်ကိုက နိုင်ငံအာဏာကို ရယူထားသည်။

၂၀၁၄ ခုနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဘယ်လာရုစ် အာဏာရှင် အလက်ဇန္ဒား လူကာရှန်ကိုတို့ တွေ့ဆုံစဉ်

မြန်မာ့စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စတင်တာဝန်ယူခဲ့ သော ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ဘယ်လာရုစ် နှင့် မြန်မာစစ်တပ်ကြား ချိတ်ဆက်ဆောင်ရွက် ပေးသူ အဖြစ် နာမည်ထွက်ပေါ်လာသူမှာ Dynasty Group of Companies တည်ထောင်သူ ဒေါက်တာ အောင်မိုးမြင့် ဆိုသည့် စီးပွားရေးလုပ်ငန်းရှင်ဖြစ်သည်။

Dynasty Group of Companies ကုမ္ပဏီသည် ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ခြံမြေ နှင့် စက်မှုကုန် ထုတ်လုပ်ငန်း တခုအဖြစ် ၎င်းတို့ဘာသာ သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံအတွင်း၌ မည့်သည် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသည်ကို တိတိကျကျ မသိရအောင် လျှို့ဝှက်ထားသော ကုမ္ပဏီတခု ဖြစ်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ နှင့် ကုမ္ပဏီများညွှန်ကြားမှူဦးစီးဌာန(DICA) တွင် ကုမ္ပဏီများ မှတ်ပုံတင်ထား သော စာရင်းတွင်ပင် Dynasty Group of Companies ၏ အချက်အလက်ကို ရှာဖွေ၍ မတွေ့ရှိပါ။

ထို့သို့ ပြည်တွင်း၌ အောင်မြင်သည့် စီးပွားရေးလုပ်ငန်းရှင်ဟု လူသိနည်းသော ဒေါက်တာအောင်မိုးမြင့် သည် စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ဦးဆောင်သော အစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် ဘယ်လာရုစ် နိုင်ငံ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် အသိအမှတ်ပြုခံခဲ့ရသူ ဖြစ်သည်။

ပြည်တွင်းပြည်ပကုမ္ပဏီများကို မှတ်တမ်းပြုစုထားသော Open Corporates ဝက်ဘ်ဆိုဒ်တွင်မူ Dynasty Group of Companies ကို ဒေါက်တာအောင်မိုးမြင့်နှင့် ၎င်း၏ညီအကို တော်စပ်သူ ဦးလှိုင်မိုးမြင့် တို့က ၁၉၉၇ ခုနှစ်တွင် ပူးတွဲတည်ထောင်ထားကြောင်း ဖော်ပြထားသည်။

၂၀၂၁ ဇွန်လ ၂၅ ရက် ဒေါက်တာ အောင်မိုးမြင့်နှင့် ဘယ်လာရုစ် ဒု နိုင်ငံခြားရေး ဝန်ကြီး ဘောရစ်ဆာဗစ် တွေ့ဆုံစဉ်

ဦးလှိုင်မိုးမြင့်သည် Aus- link Myanmar အေဂျင်စီကုမ္ပဏီကို ၂၀၁၃ ခုနှစ်တွင် တည်ထောင်ထားပြီး ထိုကုမ္ပဏီ ခရီးသွားလုပ်ငန်း နှင့် ဩစတြေးလျနိုင်ငံရှိ တက္ကသိုလ်များနှင့် ချိတ်ထားသော ပညာရေး ဝန်ဆောင်လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်သည်။

ဒေါက်တာအောင်မိုးမြင့်သည် ဘယ်လာရုစ်နှင့် ဆားဘီးယား နိုင်ငံတို့မှ သံချပ်ကာယာဉ်များ၊ စက် လက်နက်ကိရိယာများ၊ လေကြောင်းကာကွယ်ရေးစနစ်များ အပါအဝင် ဒုံးလက်နက်များကို မြန်မာ စစ်တပ်အတွက် အဓိက ဝယ်ယူတင်သွင်းပေးသူဖြစ်ကြောင်းကို ဧရာဝတီ၏ စစ်ဖက်ဆိုင်ရာ သတင်း ရင်းမြစ်များက အတည်ပြု ပြောသည်။

၂၀၂၀ ပြည်နှစ် ဖေဖေါ်ဝါရီလလယ်တွင် မြန်မာလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ဦးစီးသူ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၏ ဘယ်လာရုစ်ခရီးစဉ်အတွင်း၌လည်း ဒေါက်တာအောင်မိုးမြင့်လည်း လိုက်ပါသွားခဲ့ကြောင်း သိရသည်။

ဘယ်လာရုစ်နိုင်ငံ၏ တရားဝင်သတင်းထုတ်ပြန်ချက်များအရ ထိုခရီးစဉ်အတွင်းတွင် ကာကွယ်ရေး စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်သော ကုမ္ပဏီအများ အပြားသို့ သွားရောက်လည်ပတ်ခဲ့ပြီး မြန်မာ စစ်တပ်၏ လေကြောင်းကာကွယ်ရေး စနစ်များ ခေတ်မီ လာစေရန် ပြောင်းလဲပြုပြင်ရန် လိုအပ်သည် များကို လေ့လာခဲ့ကြကြောင်း သိရသည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁၀ ရက် ဘယ်လာရုစ် သယ်ယူပို့ဆောင်ရေး လေယာဉ်တစီး ရန်ကုန်လေဆိပ်တွင် ကုန်လာချစဉ်

မြန်မာနိုင်ငံသို့ လက်နက်ရောင်းချမှုပိတ်ပင်ရေး တောင်းဆိုသည့် ကုလသမဂ္ဂဆုံးဖြတ်ချက်အပြီး ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ဘယ်လာရုစ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး နီကိုလိုင် ဘော်ရီဆီဗစ်ကို ဒေါက်တာအောင်မိုးမြင့်က သွားရောက်တွေ့ဆုံခဲ့သေးသည်။

မြန်မာစစ်တပ်၏ ပြည်ပနိုင်ငံများမှ လက်နက်တင်သွင်းမှုများကို စောင့်ကြည့်နေသော မြန်မာတက်ကြွ လှုပ်ရှားသူများ၏ အဆိုအရ အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဘယ်လာရုစ် ကုန်တင် လေကြောင်းလိုင်းဖြစ်သော Rada Airlines ၏ IL-62 ကုန်တင်လေယာဉ်သည် ရန်ကုန်လေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြောင်း ပြောကြသည်။

ထိုလေယာဉ်ပေါ်တွင် မည်သည်တို့ကို တင်ဆောင်လာသည်ကို မည်သူမျှမသိသော်လည်း မြန်မာသို့ လက်နက်တင်ပို့ရောင်းချခြင်းဖြစ်ကြောင်း စစ်ဖက်ကျွမ်းကျင်သူများ နှင့် တက်ကြွလှုပ်ရှားသူများက ယူဆကြသည်။

တခြားသော သတင်းများအဆိုအရ ထိုလေယာဉ်သည် ဘယ်လာရုစ်နိုင်ငံမှ မြန်မာစစ်တပ်က ဝယ်ယူ ထားသော လေကြောင်းရန် ကာကွယ်ရေးစနစ်ပစ္စည်းများ နှင့် ဝေဟင်ပစ် Kvadrat-M ဒုံးများ ဖြစ် ကြောင်း ဖော်ပြကြပြီး အဆိုပါဝယ်ယူမှုနောက်ကွယ်တွင် ဒေါက်တာအောင်မိုးမြင့် ပါဝင် ပတ်သက်နေ သည်ဆိုသော်လည်း ဧရာဝတီသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိပေ။

နိုင်ငံတကာသတင်းများအရ မြန်မာနိုင်ငံသည် ဘယ်လာရပ်စ်နိုင်ငံထုတ် Kvadrat-M မြေပြင်မှ ဝေဟင် ပစ် ဒုံးကျည်စနစ်ကို ပထမဆုံးဝယ်ယူသည့် နိုင်ငံဖြစ်ကြောင်းဖေါ်ပြကြသည်။

ယခုသတင်းအတွက် Dynasty Group of Companies ကို တည်ထောင်ထားသော ဒေါက်တာအောင် မိုးမြင့် နှင့် ဦးလှိုင်မိုးမြင့် တို့ထံ ဆက်သွယ်ရန်အတွက် ၎င်းတို့ကုမ္ပဏီများတွင်ထုတ်ပြန်ထားသော မိုဘိုင်းလ်ဖုန်းနံပါတ်များသို့ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

You may also like these stories:

ယူကရိန်းမှ လက်နက်အဝယ်တော် (သို့မဟုတ်) ဦးအောင်လှိုင်ဦး

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၂)

Your Thoughts …
Tags: Dynasty Group of Companiesဒေါက်တာအောင်မိုးမြင့်ဘယ်လာရုစ်မြန်မာစစ်တပ်လက်နက်ပွဲစားအာဏာသိမ်းစစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

စစ်ရာဇဝတ်မှုများနှင့် မကင်းသူ မြန်မာခရိုနီများ စင်ကာပူ လက်ခံထား

by ဧရာဝတီ
8 September 2023
13k

စင်ကာပူ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြရန် လူ့အခွင့်အရေးအဖွဲ့ Justice For Myanmar (JFM) က စစ်ရာဇဝတ်မှုများနှင့် ဆက်စပ်နေသည့် လုပ်ငန်းရှင် ကိုးဦးကို ဖော်ပြသည့် “Dirty Over 30” စာရင်းကို ထုတ်ပြန်လိုက်သည်။

ဦးတေဇခေတ် ကုန်သွားပြီလား

ဦးတေဇခေတ် ကုန်သွားပြီလား

by ဧရာဝတီ
25 October 2024
11.9k

ထူးရုံးချုပ်ကို ရောင်းချခြင်းသည် နဝတခေတ်က ရရှိခဲ့သော အခွင့်အလမ်းများ ပြန်မရနိုင်တော့သည့် အတွက်ကြောင့်သာ ဖြစ်သည်။

မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေးတွေ အရင်ထက် ပိုပြီးမှ မြင်လာရမယ်

မြန်မာပြည်အလယ်ပိုင်းမှာ တော်လှန်ရေးတွေ အရင်ထက် ပိုပြီးမှ မြင်လာရမယ်

by ဧရာဝတီ
21 September 2024
10.9k

အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် နဲ့ ဧရာဝတီ အယ်ဒီတာချုပ် အောင်ဇော် အင်တာဗျူး တတိယပိုင်းဖြစ်ပါတယ်။

သစ်တော ဝန်ကြီးဟောင်း၏သား ဦးစစ်တိုင်းအောင် စစ်ကောင်စီအတွက် လက်နက်ပွဲစား လုပ်နေ

သစ်တော ဝန်ကြီးဟောင်း၏သား ဦးစစ်တိုင်းအောင် စစ်ကောင်စီအတွက် လက်နက်ပွဲစား လုပ်နေ

by အောင်ဇော်
7 August 2024
10.3k

“ခဏတဖြုတ်နေဖို့ပဲ။ ကျနော် အသတ်မခံချင်ဘူး”ဟု ဒူဘိုင်းသို့ မထွက်ခွာမီ မိတ်ဆွေတဦးကို ဦးစစ်တိုင်းအောင်က ပြောခဲ့သည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ

မြန်မာပြည်အတွက် လေယာဉ်ဆီတင်သွင်းမည့် မည်သူ့ကိုမဆို အရေးယူမည်ဟု အမေရိကန်ကြေညာ

by ဧရာဝတီ
24 August 2023
8.3k

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံတွင် လေယာဉ်ဆီ တင်ပို့ရောင်းချသောလုပ်ငန်း လုပ်ကိုင်နေသူများကို အရေးယူပိတ်ဆို့များ တိုးချဲ့ချမှတ်နေပြီး ယခုလုပ်ဆောင်ချက်သည် စစ်ကောင်စီကို ပိုမို ဖိအားပေးရာရောက်မည်ဖြစ်ကာ မြန်မာပြည်သူများကိုလည်း ကူညီရာရောက်ကြောင်း

Next Post
စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြသည့် အဖွဲ့များထဲမှ Loikaw PDF  / PDF Loikaw

နေပြည်တော်ကို ကာကွယ်ဖို့ ကယားကို စစ်ရေးအရ ပိုမို ဖိနှိပ်နေသလား

သရုပ်ဆောင် ဒေါင်း

အာဏာရှင် မပြုတ်မချင်း ပြည်သူတယောက်အနေနဲ့ ဆက်လုပ်နေမှာပဲ

No Result
View All Result

Recommended

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

5 days ago
8.8k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate