• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ

by ဧရာဝတီ
6 October 2021
in ဆောင်းပါး
A A
စစ်အာဏာသိမ်းပြီးနောက် မြန်မာ့ကျပ်ငွေတန်ဘိုးက အလျှင်အမြန် ကျဆင်းလာနေသည်

စစ်အာဏာသိမ်းပြီးနောက် မြန်မာ့ကျပ်ငွေတန်ဘိုးက အလျှင်အမြန် ကျဆင်းလာနေသည်

24.9k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာသိမ်းပြီး ၈ လအကြာတွင် မြန်မာနိုင်ငံတွင် အတိုးတက်ဆုံးဟု ပြပါဆိုလျှင် ကုန်ဈေးနှုန်း၊ အမေရိကန်ဒေါ်လာလဲလှယ်နှုန်း၊ စက်သုံးဆီဈေးနှုန်းနှင့် ဆင်းရဲမွဲတေမှုနှုန်းများသာ ရှိသည်။

အာဏာသိမ်းပြီး အများပြည်သူများက စစ်ကောင်စီနှင့် မြန်မာကျပ်ငွေအပေါ် ယုံကြည်မှု လျော့ကျလာ၍ ဘဏ်များတွင် အပ်နှံထားသော အပ်ငွေများကို အစုအလိုက် အပြုံအလိုက် ထုတ်ယူခဲ့ ကြသည်။

RelatedPosts

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
760
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
6.8k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.5k

ယင်းအခြေအနေကို ထိန်းသိမ်းရန် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က နေ့စဉ် ငွေထုတ်ယူနိုင်မှု ပမာဏအား ကန့်သတ်ရာ ယခုအချိန်အထိ အပတ်စဉ်ထုတ်ယူနိုင်သည့် ပမာဏ ကန့်သတ်ထားဆဲ ဖြစ်သည်။

ထိုသို့ ဘဏ်မှ ငွေထုတ်ယူနိုင်မှု အကန့်အသတ်ကြောင့် ကုန်ထုတ်လုပ်ငန်းများအပါအဝင် စီးပွားရေးကဏ္ဍ အားလုံးလိုလိုသည် လုပ်ငန်းငွေသားလည်ပတ်စီးဆင်းမှု အခက်အခဲကြုံတွေ့ရကာ စက်ရုံ အလုပ်ရုံပေါင်း ရာနှင့်ချီက လုပ်ငန်းယာယီရပ်ဆိုင်းခြင်းနှင့် အပြီးပိတ်သိမ်းခြင်းများ လုပ်ဆောင်လာကြရသည်။

ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင်တဦးက “ ငွေသားထုတ်လုပ်မရတဲ့ အခက်အခဲက နိုင်ငံခြားကုမ္ပဏီတွေဆို ပိုဆိုးတာပေါ့။ ကုမ္ပဏီပိုက်ဆံကို ငွေသားရဖို့ အပြင်မှာ ရာခိုင်နှုန်းနဲ့ ဘယ်လိုလုပ် လိုက်လဲလို့ရမလဲ၊ အဲဒီ တော့ သူတို့က ယာယီပိတ်ထားဖို့ပဲ ရွေးကြရတာပေါ့” ဟု ပြောသည်။

ယင်းအပြင် ကိုဗစ် ၁၉ ရိုက်ခတ်မှုနှင့် စစ်အာဏာသိမ်းမှု ရိုက်ခတ်မှုကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အကန့်အသတ်ရှိလာခြင်း၊ လုပ်ငန်းပုံမှန်လည်ပတ်နိုင်မှု မရှိခြင်း နှင့် စားသုံးသူများ၏ ဝယ်လိုအား ကျဆင်းသွားခြင်းကို စီးပွားရေးလုပ်ငန်းများက အကြီးအကျယ်ရင်ဆိုင်နေကြရကြောင်း သူက ဆိုသည်။

ထို့သို့ ဘဏ်လုပ်ငန်းအကျပ်အတည်းများကြောင့် စီးပွားရေးလုပ်ငန်းများဘက်တွင် အခက်အခဲများ ဖြစ် ပေါ်သလို ဘဏ်မှ အပ်ငွေများ ပြန်လည်ထုတ်ယူခွင့်ရသော လူထုကလည်း ကျပ်ငွေအပေါ် ယုံကြည်မှုကျဆင်းပြီး ထုတ်ယူရရှိသော ၎င်းတို့ စုဆောင်းငွေများကို အမေရိကန်ဒေါ်လာနှင့် ရွှေများကို အလျှင်အမြန် ဝယ်ယူစုဆောင်းကြတော့သည်။

ဘဏ်မှ ငွေထုတ်ယူနိုင်မှု အကန့်အသတ်ကြောင့် ကုန်ထုတ်လုပ်ငန်းများအပါအဝင် စီးပွားရေးကဏ္ဍ အားလုံးလိုလိုသည် လုပ်ငန်းငွေသားလည်ပတ်စီးဆင်းမှု အခက်အခဲကြုံတွေ့ရ/ ဧရာဝတီ

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှုရပ်တန့်နေခြင်းနှင့် ကိုဗစ် ၁၉ ကြောင့် တရုတ်ဈေးကွက် အပါအဝင် ပြည်ပဈေးကွက်များသို့ ပို့ကုန် တင်ပို့နိုင်မှုလျော့ကျနေသည့် အခြေအနေတွင် ကိုဗစ် တတိယလှိုင်းကြောင့် အောက်ဆီဂျင်ဘူးများနှင့် ဆေးဝါးများ တင်သွင်းရခြင်း နှင့် ပြည်တွင်း၌ ဒေါ်လာ ဝယ်လိုအား မြင့်တက်မှုတို့က အမေရိကန်ဒေါ်လာလဲလှယ်နှုန်းကို အမြင့်သို့ ထိုးတင်ပေးလိုက်သည်။

လူထုရေးရာ မူဝါဒ နှင့် စီးပွားရေးလေ့လာသုံးသပ်သူတဦးက “လူတွေက ကျပ်ငွေအပေါ်ယုံကြည်မှုလျော့လာသလို ဘဏ် တွေမှာလည်း ငွေမအပ်ထားချင်ကြတော့ဘူး။ အဲဒီတော့ သူတို့ ယုံကြည်တဲ့အရာတွေကို လိုက်ဝယ်စု ကြတဲ့ သဘောဖြစ်ကုန်ကြတယ်။ လူတွေက ဒေါ်လာကို သုံးဖို့ထက် စုဖို့ လုပ်နေကြပြီ ” ဟု ပြောသည်။

ပို့ကုန်တင်ပို့မှု လျော့ကျနေခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းသွားခြင်းနှင့် နိုင်ငံတကာအဖွဲ့ အစည်းများ၏ အကူအညီနှင့် ချေးငွေများ မရရှိတော့ခြင်းကြောင့် စစ်ကောင်စီအတွက် နိုင်ငံခြားသုံးငွေ ဝင်ရောက်မှုသည် ရပ်တန့်သွားကာ အမေရိကန်ဒေါ်လာဈေး ထိန်းချုပ်နိုင်ရန် အကန့်အသတ်များစွာ ရှိနေကြောင်း သူက ဆိုသည်။

သူက ဆက်လက်၍ “ အခု ဒီလိုမျိုးတွေဖြစ်နေတာ သူတို့တွေ မဖြေရှင်းနိုင်ဘူး၊ မလုပ်နိုင်ဘူးဆိုတာ ပေါ်လွင်နေတာပဲလေ။ သူတို့ကြောင့် စီးပွားရေးတခုလုံး ပြိုလဲသွားနေပြီ” ဟု ပြောဆိုသည်။

အမေရိကန်ဒေါ်လာဈေးနှုန်းသည် ပြီးခဲသည့် စက်တင်ဘာလအတွင်း၌ ၁ ဒေါ်လာကို ကျပ် ၂၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်သွားသလို သမိုင်းတလျှောက် အမြင့်ဆုံးဈေးနှုန်း အဖြစ် ၁ ဒေါ်လာလျှင် ကျပ် ၂၇၀၀ ကျော်အထိ ဖြစ်သွားခဲ့သည်။

အမေရိကန်ဒေါ်လာဈေးနှုန်းမြင့်တက်မှု နှင့် အတူ ပြည်တွင်းရွှေဈေးနှုန်းကလည်း ၁ ကျပ်သားကို ကျပ် ၂၂ သိန်း ၂ သောင်းကျော်အထိ စံချိန်တင်သွားခဲ့သည်။

ယခုအောက်တိုဘာလအတွင်း၌ မူ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာသည် ကျပ် ၂၅၀၀ ဝန်းကျင် နှင့် ရွှေ ၁ ကျပ်သား ကျပ် ၁၉ သိန်းကျော်ဖြင့် ဈေးနှုန်းအနည်းငယ် ပြန်ကျလျက် ရှိသည်။

အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းသွားမှုသည် အနုတ် ၁၈ ရာခိုင်နှုန်း အထိ ရှိပြီး ကျပ်ငွေတန်ဖိုးကျဆင်းသွားခြင်းသည် ၅၀ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းအထိ ဖြစ်သွားခဲ့ကာ ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း ၁၀ ရာခိုင်နှုန်းအထက်သို့ ရောက်ရှိသွားကြောင်း ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် ADB နှင့် စီးပွားရေးပညာရှင်များက ပြောဆိုထားကြသည်။

ထိုသို့ ကျပ်ငွေတန်ဖိုးကျဆင်းလာပြီး အမေရိကန်ဒေါ်လာဈေးအပါအဝင် နိုင်ငံခြားငွေ (တရုတ်ယွမ်နှင့် ထိုင်းဘတ်)ဈေးများ မြင့်တက်လာ၍ ပြည်ပတင်သွင်းနေရသော စက်သုံးဆီ၊ စားသုံးဆီ ကုန်ကြမ်း နှင့် သွင်းအားစုများ အပါအဝင် အခြေခံစားကုန်နှင့် လူသုံးကုန် ပစ္စည်းများ၏ ဈေးနှုန်းများသည်လည်း ပုံမှန်ထက် ၂ ဆ မှ ၃ ဆ ကျော်အထိ မြင့်တက်သွားသည်။

ပြီးခဲသည့် စက်တင်ဘာလအတွင်း သမိုင်းတလျှောက် အမြင့်ဆုံးဈေးနှုန်း အဖြစ် ၁ ဒေါ်လာလျှင် ကျပ် ၂၇၀၀ ကျော်အထိ ဖြစ်သွားခဲ့သည်/ ဧရာဝတီ

စက်သုံးဆီ တလီတာကို ကျပ် ၁၅၀၀ ကျော်အထိ မြင့်တက်သွားသလို စားသုံးဆီဈေးနှုန်းသည် ၁ ပိဿာကျပ် ၅၀၀၀ ကျော်အထိ ယခင်ကထက် ဈေးနှုန်း ၂ ဆခန့် မြင့်တက်လျက်ရှိကြောင်း ပြည်တွင်း ဈေးကွက်ဈေးနှုန်းများအရ သိရသည်။

ယခင် စစ်တပ်အာဏာမသိမ်းခင်က စက်သုံးဆီ တလီတာလျှင် ကျပ် ၇၀၀ ဝန်းကျင် နှင့် စာသုံးဆီ ၁ ပိဿာလျှင် ကျပ် ၃၀၀၀ အောက်သာ ရှိသည်။ (ရန်ကုန်အခြေစိုက်ဈေးနှုန်းများသာ ဖြစ်ပြီး တခြား ပြည်နယ် နှင့် တိုင်းတချို့တွင် ယခုထက် ဈေးနှုန်းပိုများနိုင်သည်။)

“အရင်က ကျန်းမာရေးသုံး ပစ္စည်းတွေ တင်သွင်းတဲ့သူက ကားအစီး ၂၀ လောက် တင်သွင်းနိုင်ရင် အခုက ကား ၅ စီးလောက်ပဲ တင်သွင်းနိုင်တဲ့ အခြေအနေမျိုး ဖြစ်သွားတယ်ပေါ့။ ဥပမာ စားကုန် သောက်ကုန်ဆိုလည်း အရင်က ၁ လကို ကားအစီးရေ ၃၀ လောက် တင်သွင်းနိုင်တဲ့သူက အခု ၅ စီးလောက်ပဲ တင်သွင်းနိုင်တာတို့။ သုံးပုံပုံရင် နှစ်ပုံလောက်တော့ လျော့နည်းသွားတာပေါ့” နိုင်ငံခြား ငွေဈေးမြင့်တက်မှုရှိနေသည့် ကုန်သွယ်ရေးအခြေအနေကို မြဝတီနယ်စပ်မှ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် တဦးက ယခုလို ပြောပြသည်။

လက်ရှိအခြေအနေတွင် နယ်စပ်ကုန်သွယ်ရေးနိုင်ငံခြားငွေ (တရုတ်ယွမ် နှင့် ထိုင်းဘတ်) မြင့်တက် နေခြင်းကြောင့် တဖက်နိုင်ငံမှ တင်သွင်းရသည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများလည်း မြင့်တက်သွား သလို လောင်စာဆီဈေးနှုန်းမြင့်တက်မှုကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်မြင့်တက်လာ၍ တွက်ချေ မကိုက်ဘဲ သွင်းကုန်လုပ်ငန်းတချို့ပင် ရပ်တန့်ထားနေကြရကြောင်း နယ်စပ်ကုန်သည်များထံမှ သိရ သည်။

ထိုအခြေအနေကြောင့် ပြည်ပမှ တင်သွင်းထားသော အခြေခံကုန်ပစ္စည်းတချို့သည့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုများဖြစ်ပေါ်လာနိုင်ပြီး ဈေးနှုန်းများလည်း ယခုထက် ပိုမိုမြင့်တက်လာနိုင်သည့် အခြေအနေရှိကြောင်း ကုန်သည်များက ပြောဆိုကြသည်။

အာဏာမသိမ်းမီက ကျပ် ၁၀၀ မှ ၂၀၀ ဝန်းကျင်သာရှိသော ထိုင်းနိုင်ငံမှ တင်သွင်းသော ခေါက်ဆွဲခြောက် တထုပ် ဈေးနှုန်းသည် တဖြေးဖြေးမြင့်တက်လာရာမှ ယခုတွင် ကျပ် ၅၀၀ အထိ မြင့်တက်နေလျက်ရှိသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရပ်ဆိုင်းသွားခြင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများ၏ အကူအညီနှင့် ချေးငွေများ မရရှိတော့ခြင်းတို့က စစ်ကောင်စီ အမေရိကန်ဒေါ်လာဈေး ထိန်းချုပ်နိုင်ရန် အကန့်အသတ်များစွာ ရှိနေစေသည်/ ဧရာဝတီ

ပြည်တွင်းမှ ထုတ်လုပ်သော ကုန်ပစ္စည်းများသည်လည်း ဒေါ်လာဈေး မြင့်တက်မှုကြောင့် ပြည်ပမှ တင်သွင်းရသော ကုန်ကြမ်းနှင့် သွင်းအားစု ဈေးနှုန်းများမြင့်တက်ခြင်း၊ စက်သုံးဆီ ဈေးနှုန်းမြင့် တက်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်ကာ ဆန်၊ ဆီ၊ နို့ဆီ၊ ကော်ဖီ အပါအဝင် အခြေခံစား သောက်ကုန်တချို့၏ လက်လီဈေးကွက်တွင် ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်လျက် ရှိကြောင်း သိရသည်။

ပြည်တွင်း၌ ပုံမှန်စားသုံးနေသော ဆန်အမျိုးအစားအပေါ် မူတည်ပြီး ဆန် ၁ အိတ်လျှင် ကျပ် ၄၀၀၀ မှ ၅၀၀၀ ဝန်းကျင် အထိ ဈေးနှုန်းမြင့်တက်သွားကြောင်း စားသုံးသူများနှင့် ဆန်ကုန်သည်များထံမှ သိရသည်။

မီးဖိုချောင်သုံး ဂတ်စ်ဈေးနှုန်းသည်လည်း ယခင်က ၁ ကီလိုဂရမ်လျှင် ကျပ် ၁၇၀၀ မှ ၁၈၀၀ ဝန်းကျင် ရှိရာမှ ယခုနိုင်ငံခြားသုံးငွေဈေးမြင့်တက်လာ၍ ယခုအခါ ၁ ကီလိုဂရမ်လျှင် ကျပ် ၂၂၀၀ ကျော်အထိ ဈေးနှုန်း မြင့်တက်သွားသည်။

ထို့သို့ လက်လီဈေးကွက်များတွင် အခြေခံကုန်ပစ္စည်းများ၏ ဈေးနှုန်းများမြင့်တက်လျက်ရှိသော်လည်း စိုက်ပျိုးထုတ်လုပ်သော တောင်သူများဘက်တွင် သွင်းအားစု၊ ကုန်ကြမ်းဈေးနှုန်း နှင့် ဘယ်ယူပို့ဆောင် ရေးစရိတ်များ မြင့်တက်နေ၍ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမားလာသော်လည်း ပြည်တွင်းဈေးကွက်၌ ဝယ်လိုအားကျဆင်းကာ ဈေးကောင်းမရ၍ သီးနှံများကို လမ်းဘေး၌ လွှင့်ပစ်ရသည့် အခြေအနေအထိ ကြုံတွေ့နေရသည်။

ရန်ကုန်မြို့မှ အိမ်ရှင်မ တဦးက “အခု ဈေးတက်တာက အများကြီး သိသာပြီး တက်တာ မဟုတ် ပေမယ့် ပစ္စည်းအစုံကို ဈေးလိုက်တက်နေတဲ့ အခြေအနေ ဖြစ်တာပေါ့။ ဆီက ၃၀၀/၄၀၀ တက်၊ ဆန်က ၄၀၀/၅၀၀ တက်ဆိုတော့ တပတ်စာ အတွက် ဒီကုန်ပစ္စည်း အရေအတွက်လောက်ပဲကို ကုန်ကျစရိတ်ကျတော့ အများကြီး ပိုတက်သွားတာပေါ့” ဟု ပြောသည်။

ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ စီးပွားရေးကျဆင်း၍ လုပ်ငန်းအများအပြား ပုံမှန်မလည်ပတ်နိုင်သေးခြင်း နှင့် ယာယီရပ်ဆိုင်းထားခြင်း(သို့မဟုတ်) အပြီးပိတ်သိမ်းသွားသည့် စက်ရုံအလုပ်ရုံရာ နှင့်ချီရှိခြင်း ကြောင့် အလုပ်သမားပေါင်း သိန်း နှင့် ချီ အလုပ်လက်မဲ့ဖြစ်သွား၍ လာမည့်နှစ်တွင် လူဦးရေ ၃ သန်း ကျော် အငတ်ဘေးနှင့် ရပ်ဆိုင်ရနိုင် ကြောင်း World Food Program(WFP) က ထုတ်ပြန်ထားသည်။

ထို့သို့ အမေရိကန် ဒေါ်လာဈေး၊ ရွှေဈေး စံချိန်တင်မြင့်မှုများနှင့် စီးပွားရေး ကျဆင်းမှုများကို တာဝန်ယူ ဖြေရှင်းသွားမည်ဖြစ်ဟု စစ်ကောင်စီ၏ သတင်းပြန်ကြားရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း က စက်တင်ဘာလ ၃၀ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

ဗိုလ်ချုပ် ဇော်မင်းထွန်းက “ပထမ ကိုဗစ်လှိုင်း ကာလကတည်းကတိုင် စီးပွားရေး ကျဆင်းမှုမျာ၊း မိမိရဲ့ ပြည်တွင်း ထုတ်ကုန်များ လျော့နည်းပြီး ပြည်ပသွင်းကုန်တွေ များပြားလာတယ်။ ဒုတိယလှိုင်းကာလ မှာလည်း ဒီလိုပါပဲ ဒီကြားထဲမှာ ပြည်ပ ထိုးနှက်ချက်များရှိပါတယ် ” ဟု ပြောဆိုခဲ့သည်။

လာမည့်နှစ်တွင် လူဦးရေ ၃ သန်း ကျော် အငတ်ဘေးနှင့် ရပ်ဆိုင်ရနိုင် ကြောင်း World Food Program(WFP) က ထုတ်ပြန်ထားသည်/ ဧရာဝတီ

သို့သော် မြန်မာ့စီးပွားရေး ကျဆင်းနေမှုကို ဖြေရှင်းမည်ဆိုသော်လည်း တိကျသေချာသည့် မူဝါဒများကို မပြောနိုင်ခဲ့ပေ။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကလည်း အမေရိကန်ဒေါ်လာဈေး မြင့်တက်နေမှုကို ထိန်းချုပ်နိုင်ရန် ပြည်ပနိုင်ငံများသို့ ပို့ကုန် တင်ပို့ရောင်းချသူများအနေ ဖြင့် ပို့ကုန်ရငွေများကို ၎င်းတို့၏ ငွေစာရင်းတွင် ရက်ပေါင်း ၃၀ အတွင်းသာ ထားခွင့်ပြုမည်ဖြစ်ကြောင်း ကန့်သတ်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်ကြောင့် ဒေါ်လာလိုအပ်ချက်ကို အထိုက်အလျှောက် အဆင်ပြေမည့်ပုံစံမျိုး မြင်သော်လည်း ဒေါ်လာလိုအပ်ချက်ကို ရေရှည်ဖြေရှင်းမည့်ပုံစံမှာ ပို့ကုန်တင်ပို့မှု တိုးတက်အောင် လုပ်ရမည် ဖြစ်ပြီး ယခုနည်းလမ်းသည် ရေတိုဖြေရှင်းသည့် ပုံစံသာဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဝေဖန်ကြသည်။

လက်ရှိဖြစ်ပေါ်နေသော မြန်မာ့စီးပွားရေးပြဿနာများသည် စီးပွားရေးမူဝါဒများအရ ဖြေရှင်းနိုင်ရန် လုံးဝမဖြစ်နိုင်တော့ဘဲ နိုင်ငံရေးအပြောင်းအလဲတခုခုဖြစ်မှသာ ပြန်လည်တည်ငြိမ်စရာရှိကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးပညာရှင်တဦးက ပြောဆိုသည်။

သူက “အဓိကက အခုဖြစ်နေတဲ့ စီးပွားရေးပြဿနာတွေအားလုံးက နိုင်ငံရေးမတည်ငြိမ်မှုအပေါ်မှာ အခြေခံပြီးတော့ ဖြစ်လာတာ၊ စီးပွားရေးကလည်း နိုင်ငံရေးရဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် ပြည်သူ လိုလားတဲ့ နိုင်ငံရေးအပြောင်းအလဲ မဖြစ်မခြင်း စီးပွားရေးပြန်ကောင်းလာဖို့ လမ်းမမြင်ဘူး ” ဟု ပြောသည်။

ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်း ဖွံ့ဖြိုး တိုးတက်လာသော စီးပွားရေးအခြေအနေသည် ယခု စစ်ကောင်စီလက်ထက် ၈ လ အတွင်းမှာပင် အဘက်ဘက်မှ ယိုယွင်းပျက်စီးလာသလို မတည်မငြိမ် မှုများ ပိုဖြစ်လာနိုင်သည့် ပြည်တွင်းပဋိပက္ခအခြေအနေများကြောင့်လည်း မြန်မာ့စီးပွားရေးသည် ရေစုန်မြောရန်သာ ရှိတော့သည်။

You may also like these stories:

NUG ပိုက်ဆံ ဘယ်လိုရှာလဲ ဘယ်လိုသုံးလဲ ဝန်ကြီး ဦးတင်ထွန်းနိုင် ပြောသည်

အခြေခံကုန်ပစ္စည်း ဈေးနှုန်းများ ထိုးတက်လာနေ

ကျပ်ငွေ တန်ဖိုး ဆက်တိုက်ကျ စက်သုံးဆီဈေးနှုန်း နှစ်ဆကျော် မြင့်လာ

ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်း တရုတ် ရှေ့ခြေတလှမ်းတိုး

Your Thoughts …
Tags: စစ်အာဏာသိမ်းမှုဆင်းရဲမွဲတေမှုမြန်မာ့စီးပွားရေးအမေရိကန်ဒေါ်လာလဲလှယ်နှုန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
၂၀၂၁ မတ်လအတွင်းက ရန်ကုန်မြို့တွင် ဆန္ဒပြမှုများကို စစ်တပ်က ပစ်ခတ်၍ နှိမ်နင်းခဲ့သည် / ဧရာဝတီ

စစ်ကောင်စီကို အရေးယူမည့် မြန်မာနိုင်ငံဆိုင်ရာ ဥပဒေမူကြမ်း အမေရိကန်လွှတ်တော်၌ တင်သွင်း

ဧရာဝတီတိုင်းရှိ စပါးစိုက်ကွက်တခုကိုတွေ့ရစဉ်  / ဧရာဝတီ

စိုက်ပျိုးစရိတ် နှစ်ဆကျော် မြင့်တက်လာသဖြင့် လယ်သမားအချို့ အရှုံးပေါ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.8k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate