• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လူထုရဲ့ မျက်လုံးနဲ့ နားတွေကို ပိတ်ဖို့ စစ်ကောင်စီ ကြိုးစားနေ

by ဧရာဝတီ
19 October 2021
in ဆောင်းပါး
A A
စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲအား ဖြိုခွဲစဉ် အပြေးအလွှား မှတ်တမ်းတင်နေသော ဂျာနယ်လစ်တဦး / CPJ

စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲအား ဖြိုခွဲစဉ် အပြေးအလွှား မှတ်တမ်းတင်နေသော ဂျာနယ်လစ်တဦး / CPJ

11.6k
VIEWS
Share on FacebookShare on Twitter

“ညဘက်ကျရင် ကင်းစောင့်နေရတယ်”

ဒီစကားကို ပြောလိုက်သူက လုံခြုံရေး တာဝန်နဲ့ အလုပ်လုပ်နေရတဲ့လူ၊ ရပ်ကွက်ထဲမှာ ကင်းစောင့်နေရတဲ့ သူတော့ မဟုတ်ပါဘူး။ သူကတော့ သတင်းသမား တယောက်ပဲ ဖြစ်ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13k
အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

13 May 2025
1.9k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
3.2k

စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ ဒီကနေ့အချိန်ထိ အာဏာသိမ်းမှုကို လက်မခံတဲ့ လူအားလုံး၊ အာဏာသိမ်းမှု နောက်ဆက်တွဲ မတရားမှုတွေကို ဖော်ပြနေသူတွေ အကုန်လုံးကို စစ်ကောင်စီက ဘက်မတူရင် ရန်သူဆိုတဲ့ သဘောထား တခုတည်းနဲ့ လိုက်လံ ဖမ်းဆီး၊ ပစ်ခတ်သတ်ဖြတ်တာတွေအထိ လုပ်ဆောင်ခဲ့သလို အခုထိလည်း ပြုလုပ်နေဆဲလည်း ဖြစ်ပါတယ်။

ဒီလို အခြေအနေတွေကြောင့်ပဲ စစ်ကောင်စီရဲ့ ဖိနှိပ်ချုပ်ခြယ်မှုတွေကို အများသိအောင် ဖော်ထုတ်ရေးသားနေတဲ့ သတင်းသမားတွေဟာ မိမိရဲ့ မိသားစုဝင်တွေရှိရာ နေအိမ်ကို စွန့်ခွာပြီး စစ်ကောင်စီ ဖမ်းမမိရေး တိမ်းရှောင်နေရပါတယ်။

ညဘက်ကျရင် ကင်းစောင့်နေရတယ်။ ကိုယ့်လုံခြုံရေး၊ ကိုယ်ပြန် ကင်းစောင့်နေရတယ်လို့ ခံစားရတယ်။ လူတွေတိတ်တဲ့ အချိန်ဆို လူမရှိတဲ့ အချိန်မှ လာဖမ်းမလား၊ ဘယ်အချိန် တံခါးလာခေါက်မလဲ ဆိုတဲ့ ကြောက်ရွံ့မှုတွေ ရှိတယ်

“ညဘက်ကျရင် ကင်းစောင့်နေရတယ်။ ကိုယ့်လုံခြုံရေး၊ ကိုယ်ပြန် ကင်းစောင့်နေရတယ်လို့ ခံစားရတယ်။ လူတွေတိတ်တဲ့ အချိန်ဆို လူမရှိတဲ့ အချိန်မှ လာဖမ်းမလား၊ ဘယ်အချိန် တံခါးလာခေါက်မလဲ ဆိုတဲ့ ကြောက်ရွံ့မှုတွေ ရှိတယ်” ဟု မြန်မာနိုင်ငံတွင်း သတင်းမီဒီယာ တခုမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီး သတင်းသမားတဦးက ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလကတည်းက စပြီး သတင်းထောက်တွေကို ဖမ်းဆီးမှုတွေ စတင်လုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်မှာ မန္တလေးက ဆန္ဒပြပွဲမှာ သတင်းယူနေတဲ့ သတင်းထောက်တဦး ပထမဆုံး ဖမ်းဆီးခံခဲ့ရပါ တယ်။

ဖမ်းဆီးတာတွေအပြင် ပြည်သူလူထုဆီကို သတင်းမှန် စီးဆင်းမှု နည်းပါးသွားစေဖို့ သတင်းမီဒီယာ ထုတ်ဝေခွင့်တွေကို လည်း ပိတ်ပင်ခဲ့ပြန်ပါတယ်။

အဲဒီလို ပိတ်ပင်မှုတွေကြောင့် နှစ်များစွာ စောင်ရေ များများနဲ့ စာဖတ်သူအားများစွာ ရရှိခဲ့တဲ့ 7 Day News သတင်း ဂျာ နယ်အပါအဝင်၊ မဇ္ဈိမ၊ DVB ဒီမိုကရက်တစ် မြန်မာ့အသံ၊ Myanmar Now နှင့် ခေတ်သစ်မီဒီယာ တို့ကို မတ်လ ၈ ရက်က စပြီး ထုတ်ဝေခွင့်၊ ထုတ်လွှင့်ခွင့်တွေ ရုပ်သိမ်းခဲ့ပါတယ်။

စစ်ကောင်စီက သတင်းဌာနတွေကို ပိတ်သိမ်း၊ သတင်းသမားတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်လာတာဆိုရင် အာဏာသိမ်း ကာလ ၈ လအတွင်းမှာ သတင်းသမား ၁၀၀ ဖမ်းဆီးခံခဲ့ရပြီး အနည်းဆုံး ၅၃ ဦး ထောင်ထဲမှာ ရှိနေဆဲ ဖြစ်တယ်လို့ နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) က ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

မြန်မာ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ ဆိတ်သုဉ်းသွားပြီ ဖြစ်သလို အမှောင်ခေတ်ကို ရက်တိုအတွင်း ပြန်ရောက်သွားပြီ လို့ သတင်းစာဆရာတွေကတော့ သုံးသပ် ပြောဆိုနေကြပါတယ်။

မြန်မာ့ သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ ဆိတ်သုဉ်းသွားပြီ ဖြစ်သလို အမှောင်ခေတ်ကို ရက်တိုအတွင်း ပြန်ရောက်သွားပြီ လို့ သတင်းစာဆရာတွေကတော့ သုံးသပ် ပြောဆိုနေကြပါတယ်။

“ကျနော်တို့ မြန်မာပြည်က သတင်းသမားတွေ အခုနေနေရတာက အမှောင်ခေတ်ပဲ။ ကိုယ့်နေအိမ်မှာ၊ ကိုယ့်ရပ်ရွာမှာ ကိုယ့်အလုပ်ကို လွတ်လွတ်လပ်လပ် လုပ်နေရတဲ့ အနေအထား လုံးဝ မရှိတော့ဘူး။ ကျနော်ဟာ သတင်းထောက် ဖြစ်ပါတယ်။ ကျနော်ဟာ အယ်ဒီတာ ဖြစ်ပါတယ်၊ သတင်းသမား ဖြစ်ပါတယ် ဆိုပြီးတော့တောင် မပြောဝံ့အောင်၊ သိုသိုသိပ်သိပ်နဲ့ နေနေကြရတယ်” လို့ မဇ္ဈိမ သတင်းဌာန၊ အုပ်ချုပ်မှုအယ်ဒီတာ Managing Editor ဦးစိန်ဝင်းက လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေကို ပြောဆိုပါတယ်။

နိုင်ငံရေး ဆောင်းပါးရှင် ဒေါ်မွန်မွန်မြတ်ကလည်း “အင်မတန်မှောင်တဲ့ သတင်း အမှောင်ခေတ်လို့ပဲ မြင်နေတယ်” လို့ ဆိုပါတယ်။

အာဏာသိမ်းထားတဲ့ ကာလ ၈ လတာအတွင်းမှာ သတင်းသမားတွေကို ထောင်ချတဲ့ နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံ စစ်တပ်က ဆော်ဒီနဲ့ မြောက်ကိုရီးယားက အာဏာရှင်တွေကို ကျော်တက်သွားပြီလို့လည်း RSF ကနေ သိရပါတယ်။

စစ်ကောင်စီက သတင်းသမားတွေကို နိုင်ငံရေး ပုဒ်မတွေ တပ်ပြီး ထောင်ဒဏ် ချမှတ်ပါတယ်။ ပြည်မြို့အခြေစိုက် DVB သတင်းထောက် ကိုမင်းညိုကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ မေလမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ သလို တနင်္သာရီတိုင်း မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်နှင့် မဇ္ဈိမ အလွတ်တန်း သတင်းထောက် ကိုဇော်ဇော် တို့ကိုလည်း ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။

အမှန်တရား ဖော်ထုတ်တဲ့သူတွေ၊ မတရားမှုတွေကို ဖော်ထုတ်တဲ့သူတွေကို သင်ခန်းစာ ပေးချင်တဲ့သဘော။ ကြောက်သွားအောင် လုပ်တဲ့သဘောပေါ့။ ခက်တာက သတင်းထောက်ဆိုတာကလည်း သွေးထဲမှာ ပါပြီးသား။ ကြောက်တော့ မသွားကြပါဘူး

“သတင်းထောက်တွေဆိုရင် ထောင်ထဲမှာ အကြာကြီး ထည့်ထားချင်တော့ နိုင်ငံရေး ပုဒ်မ၊ အကြီးဆုံးပုဒ်မတွေ၊ ဘာမှ မဆိုင်တဲ့ ပုဒ်မတွေကို သုံးပြီးတော့ ထောင်ထဲကို ထည့်လိုက်တာပေါ့။ အမှန်တရား ဖော်ထုတ်တဲ့သူတွေ၊ မတရားမှုတွေကို ဖော်ထုတ်တဲ့သူတွေကို သင်ခန်းစာ ပေးချင်တဲ့သဘော။ ကြောက်သွားအောင် လုပ်တဲ့သဘောပေါ့။ ခက်တာက သတင်းထောက်ဆိုတာကလည်း သွေးထဲမှာ ပါပြီးသား။ ကြောက်တော့ မသွားကြပါဘူး” ဟု AP သတင်းထောက်ဟောင်း ဒေါ်အေးအေးဝင်း က ဆိုပါတယ်။

ကမာ္ဘ့သတင်း လွတ်လပ်ခွင့် အညွှန်းကိန်းမှာလည်း နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံဟာ အဆင့် ၁၄၀ မှာ ရှိနေပါတယ်။

စစ်ကောင်စီရဲ့ ရှာဖွေဖမ်းဆီးမှုတွေကြားကနေပဲ သတင်းသမားတွေဟာ ကိုယ့်လုပ်ငန်းတာဝန်ကို ရောက်ရာအရပ်မှာ ဆက်လက် လုပ်ဆောင်နေကြပါတယ်။

တချို့က ပြည်တွင်းထဲမှာပဲ နေထိုင်ရာအိမ်တွေ မကြာခဏဆိုသလို ရွှေ့ပြောင်းပြီး နေထိုင်ရင်း လုပ်ဆောင်ကြသလို တချို့ကတော့ လွတ်မြောက်နယ်မြေတွေမှာ ခိုလှုံရင်း လုပ်ကိုင်နေကြပါတယ်။ တချို့ကတော့ အိမ်နီးချင်း နိုင်ငံတွေဆီကို ရှောင်တိမ်းနေထိုင်ရင်း သတင်းမှန်တွေ ရရှိဖို့ ဆောင်ရွက်ကြပါတယ်။

ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုတွေနဲ့ ရက်စက်တဲ့ စစ်တပ်ရဲ့လက်အောက်မှာတော့ ဘယ်သူမှ မလုံခြုံတဲ့အတွက် သတင်း ရင်းမြစ်တွေ ရှာဖွေရာမှာလည်း အခက်အခဲများစွာ ကြုံရပါသေးတယ်။

နယ်ပယ်အသီးသီးက ဝေဖန်သုံးသပ်တဲ့ ပညာရှင်တွေဟာ မဖြေချင်ကြတော့သလို မြေပြင်မှာ ဖြစ်ပျက်နေတဲ့ ဖြစ်စဉ်တွေရဲ့ မျက်မြင်တွေဟာလည်း သူတို့ရဲ့ လုံခြုံရေးအရ သတင်းသမားတွေကို မဖြေလိုတော့ကြပါဘူး။

လွန်ခဲ့တဲ့ ၁၀ နှစ်တာ အတွင်းမှာ လိုအပ်ချက်တွေ ရှိခဲ့တယ်ဆိုပေမယ့် သတင်းလွတ်လပ်ခွင့် ရလာခဲ့တဲ့ အခြေအနေကနေ နောက်ပြန်ဆုတ်ပြီး လပိုင်းအတွင်း သတင်းအမှောင်ခေတ်ကို ပြန်ရောက်ရှိနေတဲ့ အခြေအနေပါ။

လွန်ခဲ့တဲ့ ၁၀ နှစ်တာ အတွင်းမှာ လိုအပ်ချက်တွေ ရှိခဲ့တယ်ဆိုပေမယ့် သတင်းလွတ်လပ်ခွင့် ရလာခဲ့တဲ့ အခြေအနေကနေ နောက်ပြန်ဆုတ်ပြီး လပိုင်းအတွင်း သတင်းအမှောင်ခေတ်ကို ပြန်ရောက်ရှိနေတဲ့ အခြေအနေပါ။

ပြည်တွင်းပြည်ပဖိအားတွေ တိုးလာနေတာကို ရင်ဆိုင်နေရတဲ့ အာဏာသိမ်း စစ်ကောင်စီက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဆီယံထိပ်သီးအစည်းအဝေး မဖိတ်ကြားတော့တဲ့နောက်မှာ အကျဉ်းကျခံနေရသူ ၁,၃၁၆ ဦးနဲ့ တရားစွဲဆိုခံထားရသူ ၄,၃၂၀ ဦးကို အောက်တိုဘာ ၁၈ ရက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။

ပြန်လည်လွတ်မြောက်လာသူတွေထဲမှာ သတင်းသမားတချို့လည်း ပါဝင်လာပါတယ်။

Mizzima သတင်းဌာန ပူးတွဲ တည်ထောင်သူ ဒေါ်သင်းသင်းအောင်နဲ့ သတင်းထောက် ကိုဇော်ဇော်၊ DVB သတင်းထောက် ကိုမင်းညိုနဲ့ ကိုအောင်ကျော် သတင်းထောက် ကိုသက်နိုင်ဝင်း၊ မြစ်ကြီးနား သတင်းဂျာနယ်က မမျိုးမြတ်မြတ်ပန်၊ ကိုအားဂျယ်၊ ခရစ္စတိုဖာအပြင် The 74 Media သတင်းဌာနက သတင်းထောက် မချန်ဘူ ၊ Kachinwave က သတင်းထောက် ကိုလရော် တို့လွတ်မြောက်ကြတယ်လို့ ကနဦးသိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သီတင်းကျွတ်ကာလမှာ ကုသိုလ်များလုပ်နိုင်ရန် လူသားချင်းစာနာမှု အထိမ်းအမှတ်အနေနဲ့ လွှတ်ပေးခြင်း ဖြစ်တယ်လို့ ၁၈ ရက်နေ့ မိန့်ခွန်းပြောပြီးတဲ့နောက် ထောင်တွေကနေ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်ကတော့ သူနဲ့ သဟဇာတဖြစ်တဲ့ မီဒီယာတွေ၊ သူထိန်းချုပ်လို့ရတဲ့ မီဒီယာ တွေကိုတော့ ဆက်လုပ်ပိုင်ခွင့်ပေးပြီး မြန်မာပြည်မှာ သတင်းစာ လွတ်လပ်ခွင့်ရှိသေးတယ်လို့ ဆက်လက်ဝါဒဖြန့်ချိနေမှာပါပဲ

သို့ပေမယ့် ပြန်လွှတ်မြောက်လာသူတွေဟာ သူ့တို့အလုပ် သူတို့လုပ်နေရင်း မတရားဖမ်းဆီးခံခဲ့ရတဲ့ လူတွေပဲ ဖြစ်ပါတယ်။ လွတ်မြောက်လာတဲ့ လူတွေအနေနဲ့လည်း ကိုယ့်လုပ်ငန်း တာဝန်ကို ကိုယ်လုပ်ရမည့်တိုင် အချိန်မရွေး ပြန်လာဖမ်းနိုင်မယ့် မလုံခြုံမှုက ထောင်သေးကနေ ထောင်ကြီးကို ပြောင်းသလို ခံစားချက်မျိုးပဲ ဖြစ်နေပါသေးတယ်။

“ပြည်တွင်းမှာ မှန်မှန်ကန်ကန် သတင်းလုပ်လို့ရတဲ့ အနေအထား လုံးဝ မရှိတော့ဘူး။ စစ်ကောင်စီရဲ့ ရက်စက်သတ်ဖြတ်မှု တွေကို ပေါ်ပေါ်တင်တင် တရားဝင် ရေးမရတော့ဘူး။ သတင်းစာ ရှင်းလင်းပွဲတွေမှာတောင် မှန်မှန်ကန်ကန် မေးခွန်းတွေ မေးလို့ မရတော့တဲ့ အခြေအနေ ဖြစ်သွားပြီ။ အဆိုးဆုံးကတော့ စစ်ကောင်စီ ထုတ်ပြန်တာမှန်သမျှကို သတင်းဆိုပြီး ရေးနေရပြီ ဆိုကတည်းက သတင်းစာရဲ့ အရည်အသွေးဆိုတာ ကင်းမဲ့သွားပြီ” လို့ မြန်မာနောင်း အယ်ဒီတာချုပ် ကိုဆွေဝင်းက ပြောပါတယ်။

“ပြည်တွင်းက သတင်းစာ အခြေအနေကတော့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ စစ်အုပ်ချုပ်ရေးအောက်က အခြေအနေကို ပြန်ရောက်သွားပြီလို့ပဲ ပြောချင်တယ်။ စစ်တပ်ကတော့ သူနဲ့ သဟဇာတဖြစ်တဲ့ မီဒီယာတွေ၊ သူထိန်းချုပ်လို့ရတဲ့ မီဒီယာ တွေကိုတော့ ဆက်လုပ်ပိုင်ခွင့်ပေးပြီး မြန်မာပြည်မှာ သတင်းစာ လွတ်လပ်ခွင့်ရှိသေးတယ်လို့ ဆက်လက်ဝါဒဖြန့်ချိနေမှာ ပါပဲ” လို့လည်း သုံးသပ်သွားပါတယ်။

You may also like these stories:

သတင်းသမားတွေ ငြိမ်းချမ်းရေး နိုဗယ်ဆု ရတဲ့အပေါ် မြန်မာသတင်းစာဆရာများ အမြင်

ဒီနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆု ဂျာနယ်လစ်တွေကို ပေး

မြန်မာနိုင်ငံ လူသားချင်းစာနာမှု အကျပ်အတည်း ရင်ဆိုင်နေရပြီဟု ကုလသမဂ္ဂပြော

ဖလမ်းတွင် စစ်ကောင်စီတပ်က ဘုရားကျောင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီး

Your Thoughts …
Tags: ငြိမ်းချမ်းရေးနိုဘယ်ဆုစစ်ကောင်စီသတင်းထောက်သတင်းအမှောင်ခတ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မန္တလေး နန်းတွင်း စစ်ကြောရေးတွင် သေဆုံးသွားခဲ့သည့် ကိုလင်းပိုင်စိုး / CJ

အင်ဂျင်နီယာကျောင်းသား ကိုလင်းပိုင်စိုး စစ်ကြောရေးတွင် သေဆုံး

ပြသာဒ်ကြီးဘုရား အနောက်ဘက်မုဒ်တံကဲ ပြုတ်ကျ

မိုးများ၍ ပုဂံဘုရား ၁၄ ဆူ ထိခိုက်ပျက်စီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7k
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
6.6k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate