ဆောင်းပါး

အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း - ၂)

ပြည်ထောင်စုနှင့် အခြေခံအမြင်

၁၉၄၇ တွင် တောင်တန်းပြည်မ သဘောတူစာချုပ် ချုပ်ဆိုပြီး ၁၉၄၈ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပြည်ထောင်စု ဆိုသည်က မြန်မာပြည်အတွက် စိန်ခေါ်မှုတခု ဖြစ်ခဲ့သည်။

အဆိုပါ စိန်ခေါ်မှုအား လွတ်လပ်ရေးပြီး အနှစ် ၇၀ ကျော်တိုင် တောက်လျှောက် ရင်ဆိုင်ခဲ့ရပြီး ယနေ့အချိန်ထိ ဖြေရှင်း မပြီးစီးနိုင်ခဲ့သည့် ပြဿနာလည်း ဖြစ်ခဲ့သလို ဖြေရှင်းရန် ကြိုးစားနေရဆဲ ပြဿနာလည်း ဖြစ်သည်။

ဆိုရလျှင် လွတ်လပ်ရေး အတူတကွ ရယူခဲ့သော လက်ရှိ မြန်မာပြည်ထောင်စု အစိတ်အပိုင်းများ ဖြစ်ကြသည့် ပြည်နယ်၊ တိုင်းဒေသကြီးများအား မည်သို့စုစည်းမည်၊ မည်သို့ဖွဲ့စည်းမည် ဆိုသည်နှင့် ပတ်သက်ပြီး တည်ငြိမ်အေးချမ်းစွာ မဖြေရှင်း နိုင်သေးသည့် ပြဿနာ ဖြစ်သည်။

၁၉၄၇ တောင်တန်းပြည်မ ပင်လုံသဘောတူညီချက်စာချုပ် ချုပ်ဆိုပြီး လွတ်လပ်ရေး အတူတကွရယူကာ ပြည်ထောင်စု တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ကြည့်လျှင် အမြင်နှစ်မျိုးရှိသည်ကို တွေ့ရသည်။

ထိုဒေသများ အတူတကွ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုရန် မဖြေရှင်းနိုင်သည့် ပြဿနာ ဖြစ်နေသည်။

၁၉၄၇ တောင်တန်းပြည်မ ပင်လုံသဘောတူညီချက်စာချုပ် ချုပ်ဆိုပြီး လွတ်လပ်ရေး အတူတကွရယူကာ ပြည်ထောင်စု တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်ကြည့်လျှင် အမြင်နှစ်မျိုးရှိသည်ကို တွေ့ရသည်။

ပထမအမြင်မှာ တောင်တန်းသားရော၊ ပြည်မသားရော အတူတကွ ပူးပေါင်း၍ ပင်လုံစာချုပ်တွင် သဘောတူ လက်မှတ် ရေးထိုးပြီး လွတ်လပ်ရေးကို အတူတကွ ယူခဲ့ကြခြင်း ဖြစ်သည်။

လွတ်လပ်ရေးရပြီး ပြည်ထောင်စုကို အတူတကွ လက်တွဲ တည်ဆောက်ကြရန် ရည်ရွယ်သည်။ ပြည်ထောင်စု ပုံစံနှင့် ပတ်သက်ပြီး လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးရွေးချယ်ကြရန် ဖြစ်သည်။

ဒုတိယ အမြင်တမျိုးမှာ လက်ရှိ တည်ရှိနေသော မြန်မာပြည် နယ်နမိတ်အား တောင်တန်းပြည်မ ခွဲခြားခြင်းသည် မြန်မာပြည်အား နယ်ချဲ့သိမ်းပိုက်သော အင်္ဂလိပ်နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ရေး ဖြစ်သည်။

ပြည်မရော၊ တောင်တန်းပါ မြန်မာနိုင်ငံအဖြစ် တစည်းတလုံးထဲ ရှိပြီးသားဟု မှတ်ယူကြသည်။ ထိုသို့သော အမြင်ရှိသူများက ယခင် ပထမ၊ ဒုတိယ၊ တတိယ မြန်မာနိုင်ငံ တည်ထောင်သကဲ့သို့ စတုတ္ထမြန်မာနိုင်ငံ တည်ထောင်ရမည်ဟု ယူဆကြ သည်။

ထိုသို့ အယူအဆနှစ်ခု ကွဲပြားခြင်းသည် သာမန်မျှ မဟုတ်ပေ။ ဤကွဲပြားသည့် ကြည့်မြင်မှုမှ အစပြု၍ ပြည်ထောင်စုနှင့် ပတ်သက်ပြီး စဉ်းစားခြင်းသည်လည်း ဖြောင့်ဖြောင့်ကြီး ကွဲလွဲခဲ့ကြသည်။

ဤသို့သော အမြင်ရှိသူများအတွက် ပင်လုံစာချုပ်ပါ ကတိကဝတ်များသည် အလေးထားစရာ မဟုတ်ပေ။ တိုင်းပြည်အားလည်း မူလပဒေသရာဇ် နိုင်ငံတော်ကဲ့သို့ စုစည်း၍ တပြည်ထောင်စနစ် ထူထောင်သွားရန် ရည်ရွယ်ကြသည်။

ထို့ကြောင့်လည်း ပင်လုံစာချုပ်နှင့် လွတ်လပ်ရေး အကြိုကာလကို ပြန်ပြောင်းကြည့်ပါက တောင်တန်းပြည်မ သဘောတူညီချက် ရယူခြင်းနှင့် တောင်တန်းပြည်မကြား အင်္ဂလိပ်တို့ သွေးခွဲအုပ်ချုပ်ခံရသည်ဟု ယူဆခြင်းတို့ကြား နိုင်ငံရေး အယူအဆအရ မတူညီမှုအား ကွဲကွဲပြားပြားဖော်ပြမှု မရှိခဲ့ကြဘဲ အယူအဆနှစ်ခု ရောထွေးလျက် ရှိသည်။

ထိုသို့ အယူအဆနှစ်ခု ကွဲပြားခြင်းသည် သာမန်မျှ မဟုတ်ပေ။ ဤကွဲပြားသည့် ကြည့်မြင်မှုမှ အစပြု၍ ပြည်ထောင်စုနှင့် ပတ်သက်ပြီး စဉ်းစားခြင်းသည်လည်း ဖြောင့်ဖြောင့်ကြီး ကွဲလွဲခဲ့ကြသည်။

ပင်လုံစာချုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း လက်မှတ်ရေးထိုးစဉ်

သို့ဖြစ်ရာ မြန်မာပြည် လွတ်လပ်ရေး ရပြီးနောက် ပြည်ထောင်စု တည်ဆောက်ရေးနှင့် ပတ်သက်ပြီး ၁၉၄၇ ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ် ဆိုသည်က ပြဿနာ၏ ဘက်တဘက် ဖြစ်သကဲ့သို့ မြန်မာပြည်၏ တစုတစည်းတည်း ရှိသော တောင် တန်းပြည်မတို့သည် အင်္ဂလိပ်နယ်ချဲ့တို့၏ သွေးခွဲမှု ခံခဲ့ရသည်ဆိုသည်က ပြဿနာ၏ ဘက်တဘက် ဖြစ်ခဲ့သည်။

ဆိုလိုသည်မှာ ၁၉၄၇ ပင်လုံစာချုပ်အား ချုပ်ဆိုခဲ့ကြသည် ဆိုသော်လည်း ကြည့်မြင်ပုံ၊ စဉ်းစားပုံ မတူကြသည်ကို တွေ့ရသည်။ အခြေခံအားဖြင့် ကြည့်မြင်ပုံ၊ စဉ်းစားပုံ မတူခြင်းသည် ပြဿနာအား ချဉ်းကပ်ပြီး အဖြေရှာရာ၌ များစွာ ကွဲလွဲသည်။

အတူတကွ လွတ်လပ်ရေး ရယူသွားသည့် ပြည်ထောင်စု တခုကို မည်သို့ တည်ဆောက်မည် ဆိုသည်နှင့် မူလကတည်းက ရှိနေသော မြန်မာပဒေသရာဇ် နိုင်ငံတော်အား တစုတစည်းထဲ ဆက်လက် တည်ဆောက်သွားမည် ဆိုသည်တို့သည် လွန်စွာ ကွဲပြားသည်။

ပြည်ထောင်စုတခု အတူတကွ တည်ဆောက်ရေးဟု ကြည့်မြင်ပါက တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးတို့သည် ထည့်သွင်းစဉ်းစားရမည့် အချက်အလက်များ ဖြစ်လာသည်။

ဤသည်ပင်လျှင် မြန်မာပြည်၏ ပြည်ထောင်စု ပြဿနာကို ဖြေရှင်းရန်အတွက် အခြေခံကျသော မတူညီသည့်အမြင် ဖြစ်သည်ကို သတိပြုရန် လိုပေသည်။ ထိုမတူသည့် အမြင်ပေါ်မှနေ၍ ပြည်ထောင်စုပုံစံလည်း ကွဲပြားသည်။

ပြည်ထောင်စုတခု အတူတကွ တည်ဆောက်ရေးဟု ကြည့်မြင်ပါက တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးတို့သည် ထည့်သွင်းစဉ်းစားရမည့် အချက်အလက်များ ဖြစ်လာသည်။

ဗဟိုနှင့် ပြည်နယ်များ၏ အာဏာခွဲဝေမှု ပြဿနာသည် အထူးအလေးထား စဉ်းစားရမည့် ပြဿနာ ဖြစ်လာသည်။ မူလ ကတည်းက ရှိပြီးဖြစ်သော ဗြိတိသျှတို့ သိမ်းပိုက်ပြီး သွေးခွဲအုပ်ချုပ်ခြင်း ခံရသော မြန်မာနိုင်ငံတော်ကို ပြန်လည်ထူထောင် သည်ဟု ကြည့်မြင်ပါက ပြည်ထောင်စု ပုံသဏ္ဍာန်ထက် တပြည်ထောင် စနစ်ဆီသို့ အလေးပေးလိမ့်မည် ဖြစ်ပေသည်။

ပင်လုံစာချုပ်ရေးထိုးပွဲ တက်ရောက်ကြသော တိုင်းရင်းသားခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ

သို့ဖြစ်ရာ ပြည်ထောင်စုတခု တည်ဆောက်နိုင်ရန် ရှင်းလင်းသည့် အခြေခံအမြင်ရှိရန် လိုအပ်ပေသည်။ ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ် မည်သို့ပင်ဖြစ်စေ ၁၉၄၇ ပင်လုံစာချုပ်သည် တောင်တန်းနှင့်ပြည်မ လွတ်လပ်ရေး အတူတကွ ယူရန် သဘောတူခဲ့သည့်စာချုပ် ဖြစ်သည်။

ဗြိတိသျှတို့ မည်သို့မည်ပုံ သွေးခွဲအုပ်ချုပ်ခဲ့သည် ဆိုစေကာမူ လက်ရှိ မြန်မာပြည် နယ်နမိတ်အားလုံး ဗြိတိသျှ လက်အောက်မှ အတူတကွ လွတ်လပ်ရေး ရလာခြင်းတွင် အဆိုပါ ပင်လုံစာချုပ်သည် အရေးပါခဲ့သည်ကို ငြင်းပယ်၍ မရပေ။

ပင်လုံစာချုပ်သည် မြန်မာပြည်တွင်းရှိ မြန်မာလူမျိုးများနှင့် တိုင်းရင်းသားလူမျိုးများကြား ပထမဦးဆုံးနှင့် တခုတည်းသော သဘောတူညီချက် ဖြစ်သည်။

လက်ရှိ မြန်မာပြည် ပြည်ထောင်စု နယ်နမိတ်များ အားလုံး အတူတကွ လွတ်လပ်ရေး ရလာခြင်းနှင့် ပင်လုံစာချုပ်အား ခွဲထုတ်ပြီး စဉ်းစား၍ မရနိုင်ပေ။ သို့ဖြစ်ရာ ပင်လုံစာချုပ်တွင် မည်သို့သော အားနည်းချက် ပါသည်ဆိုစေကာမူ ပြည်ထောင်စု တည်ဆောက်ရေးတွင် အရေးပါသည့် အခြေခံသဘော တူညီချက် ဖြစ်သည်။

မြန်မာပြည်တွင်းရှိ မြန်မာလူမျိုးများနှင့် တိုင်းရင်းသားလူမျိုးများကြား ပထမဦးဆုံးနှင့် တခုတည်းသော သဘောတူညီချက် ဖြစ်သည်။

အချက် ၉ ချက်ပါ ပင်လုံသဘောတူညီချက်အား ဗမာလူမျိုးခေါင်းဆောင် ဗိုလ်အောင်ဆန်းနှင့် ကချင်လူမျိုးခေါင်းဆောင် ၆ ဦး၊ ချင်းလူမျိုးခေါင်းဆောင် ၃ ဦး၊ ရှမ်းလူမျိုးခေါင်းဆောင် ၁၄ ဦး လက်မှတ်ရေးထိုးခဲ့သည်။

ပင်လုံစာချုပ်အား ဦးဆောင် လက်မှတ်ရေးထိုးခဲ့သူ ဗိုလ်အောင်ဆန်းသည် ယနေ့တိုင် မြန်မာ အမျိုးသားခေါင်းဆောင် အဖြစ် သတ်မှတ်ခံရသည့် တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည့်အပြင် ယနေ့တိုင် ပြည်မရှိ မြို့ရွာများတွင် ဗိုလ်အောင်ဆန်း၏ ရုပ်ထုများ စိုက်ထူနေကြဆဲ ဖြစ်သည်။

ဤသို့သော အခြေအနေအောက်တွင် မိမိတို့၏ အမျိုးသားခေါင်းဆောင် လက်မှတ် ရေးထိုးထားခဲ့သော ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်တွင် လက်မှတ် ရေးထိုးထားသည့် ပင်လုံစာချုပ်အား မြန်မာလူမျိုးများအနေနှင့် အသိအမှတ်ပြု လေးစားသင့်ပေသည်။

ယနေ့ အခြေအနေနှင့် မကိုက်ညီတော့သော အချက်အလက်များ ပါသည်ဟု ဆိုနိုင်သော်လည်း ပြည်ထောင်စုနှင့် ပတ်သက်သည့်၊ ပြည်နယ်များနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်း အပြည့်အဝ ရရှိစေရမည် ဆိုသည့် မူဝါဒအား အတိအလင်း ဖော်ပြထားသည်။

ဤသို့ ပြောရခြင်းမှာ ယနေ့ကာလ၌ ပင်လုံစာချုပ်သည် ခေတ်မမီတော့သဖြင့် ပင်လုံစာချုပ်ကို ဘေးဖယ်ထားခါ လက်ရှိ အခြေအနေနှင့် ကိုက်ညီသည့် အခြေအနေ အချက်အလက်များကို ဆွေးနွေးကြရန် လိုသည်ဟူသော သဘောထား ခေတ် စားနေ သောကြောင့် ဖြစ်သည်။

ထိုသဘောထားအား ပယ်ချရန် လိုအပ်သည်။ ပင်လုံစာချုပ်တွင် မပြည့်စုံသည်များ ရှိနိုင်ပါသည်။ ဥပမာ တိုင်းရင်းသား လူမျိုးစုံ မပါဝင်ခဲ့ခြင်း၊ ပြည်ထောင်စု ပုံစံနှင့် ပတ်သက်၍ ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်ခြင်း စသည့် အားနည်းချက်များ ရှိနိုင်ပါသည်။

သို့သော်လည်း ပင်လုံသဘောတူညီချက်သည် မြန်မာနှင့် တိုင်းရင်းသားလူမျိုးများ ကြားတွင် ရှိခဲ့သည့် ပထမဆုံးနှင့် တခုတည်းသော ပြည်ထောင်စုဆိုင်ရာ နိုင်ငံရေးသဘောတူညီချက် ဖြစ်သည်။

ယနေ့ အခြေအနေနှင့် မကိုက်ညီတော့သော အချက်အလက်များ ပါသည်ဟု ဆိုနိုင်သော်လည်း ပြည်ထောင်စုနှင့် ပတ်သက်သည့်၊ ပြည်နယ်များနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်း အပြည့်အဝ ရရှိစေရမည် ဆိုသည့် မူဝါဒအား အတိအလင်း ဖော်ပြထားသည်။

ဤသည်ပင်လျှင် ပင်လုံစာချုပ်အား ဆုပ်ကိုင်ရမည့် အဓိကမူဝါဒနှင့် သက်ဆိုင်သည့်အချက် ဖြစ်သည်။

ပင်လုံစာချုပ်၏ နောက်ဆက်တွဲအဖြစ် ပင်လုံကတိကဝတ်ဟု ဆိုကြသည့် ဖက်ဒရယ်ပြဿနာ၊ လွတ်လပ်ရေးရပြီး ၁၀ နှစ်ကြာတွင် ခွဲထွက်ခွင့်ပြဿနာ စသည့် နောက်ဆက်တွဲ ပြဿနာများကြောင့် ပင်လုံစာချုပ်အား ဘေးဖယ်ထားရန် မဖြစ်နိုင်ပေ။

ပင်လုံသဘောတူညီချက်များအား သေးသိမ်အောင်လုပ်ခြင်း၊ အသိအမှတ် မပြုခြင်းသည် ပြည်နယ်များ ပြဿနာ၊ တိုင်းရင်း သား လူမျိုးများ ပြဿနာ ဖြေရှင်းရန် ပိုမို ခက်ခဲစေပါလိမ့်မည်။

ပင်လုံစာချုပ်ပါ ပြည်နယ်များနှင့် ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာနှုန်းပြည့် ရရှိရေးသည် ပြည်ထောင်စုအတွက် ဆက်လက် စွဲကိုင်ရမည့် မူဝါဒအဖြစ် ဆက်ရှိနေမည် ဖြစ်သည်။

မြန်မာပြည် ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပင်လုံစာချုပ်သည် ဆက်လက် စွဲကိုင်ရမည့် မူဝါဒဆိုင်ရာ သဘောတူညီချက်တခု၊ ပြည်ထောင်စုအတွက် ဆွေးနွေးညှိနှိုင်းပြီး ရလဒ်ကောင်း ထွက်စေခဲ့သည့် အစဉ်အလာကောင်းတခု အစပြု ချက်အဖြစ် ဆက်လက်သယ်ဆောင်ရန် လိုအပ်သည်။

မြန်မာပြည်အား ငြိမ်းချမ်းသည့် ပြည်ထောင်စုတရပ် ဖေါ်ဆောင်ရေး သို့မဟုတ် မြန်မာပြည် ပြည်နယ်များပြဿနာ၊ တိုင်းရင်းသား လူမျိုးများ ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ပင်လုံစိတ်ဓါတ်နှင့် ကတိကဝတ်များအား ဆက်လက် သယ်ဆောင်ရန် လိုအပ်သည်။

ပင်လုံသဘောတူညီချက်များအား သေးသိမ်အောင်လုပ်ခြင်း၊ အသိအမှတ် မပြုခြင်းသည် ပြည်နယ်များ ပြဿနာ၊ တိုင်းရင်း သား လူမျိုးများ ပြဿနာ ဖြေရှင်းရန် ပိုမို ခက်ခဲစေပါလိမ့်မည်။

မြန်မာပြည် သမိုင်းတွင် ရှိခဲ့သော ပင်လုံသဘောတူညီချက်သည် မြန်မာနှင့် တိုင်းရင်းသားလူမျိုးများကြား ရှိခဲ့ဖူးသည့် တခုတည်းသော သဘောတူညီချက်ဖြစ်ရာ ထိုသဘော တူညီချက်သည် သမိုင်းဆိုင်ရာအရ အရေးပါလွန်းလှပေသည်။

ပင်လုံကျောက်တိုင် မူရင်း

ထိုသို့သော ပင်လုံစာချုပ်နှင့် ပင်လုံကတိကဝတ်အား ဦးစွာ အသိအမှတ် ပြုခြင်းသည် မြန်မာနှင့် တိုင်းရင်းသား လူမျိုးများ ကြား ယုံကြည်မှု တည်ဆောက်ရာတွင် အရေးပါသလို အပြန်အလှန် တည်ရှိခဲ့သော သဘောတူညီချက်များကို ထိန်းသိမ်း ခြင်းသည်လည်း အနှစ် ၇၀ ကျော် ပြေလည်မှု မရသေးသည့် တိုင်းရင်းသား ပြဿနာကို ဖြေရှင်းရာတွင် ဦးစွာ လိုအပ်ချက် ဖြစ်သည်။

သဘောတူညီချက်များကို လက်မှတ် ရေးထိုးထားခဲ့သည့် လူမျိုးတမျိုး၏ ရိုးသားမှု၊ ပွင့်လင်းမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ကို ပြသခြင်း ဖြစ်သည်၊ ထိုအခြေခံပေါ် ပြည်ထောင်စု ပြဿနာ ဖြေရှင်းရေးကို ဦးတည်သွားရန် လိုသည်။

လက်ရှိ အခြေအနေနှင့် ကိုက်ညီသည့် အချက်အလက်များကို ထပ်မံဖြည့်စွက် သွားရမည် ဖြစ်ပြီး လက်ရှိ အခြေအနေနှင့် ကိုက်ညီသည့် ဆောင်ရွက်မှုများကို လုပ်ဆောင်သွားရမည် ဖြစ်သည်။

သို့သော်လည်း ဦးစွာ လိုအပ်သည်မှာ မြန်မာနှင့် တိုင်းရင်းသား လူမျိုးများကြား တည်ရှိခဲ့သည့် ပထမဆုံးနှင့် တခုတည်းသော ပင်လုံသဘောတူညီချက်ကိုတော့ အသိမှတ်ပြုရန် ဖြစ်သည်။

ပြည်ထောင်စုအတွက် အဓိကမူဝါဒ

လက်ရှိကာလတွင် ပြည်ထောင်စု တည်ဆောက်ရေးအတွက် မည်သည့်အချက်ကို ဦးစားပေး စဉ်းစားမည်နည်း ဆိုသည်က အရေးပါသည့် အချက်တခု ဖြစ်သည်။

ဤပြဿနာကို စဉ်းစားဖြေရှင်းရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်များ၏ ရပိုင်ခွင့် အကြောင်းအချက်များ၊ ဗဟိုအစိုးရ နှင့် ပြည်အစိုးရကြား အာဏာခွဲဝေမှု ပြဿနာကို မူတည် ဖြေရှင်းရန် လိုသည်။

ပင်လုံ သဘောတူညီချက်အရ ပြည်နယ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝ ရှိရမည်ဆိုသည့် အချက်က အဓိက ဆုပ်ကိုင်ရမည့် မူဝါဒ ဖြစ်သည်။ ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဖက်ဒရယ်ဟု ဆိုလာသည်နှင့် ရင်ဆိုင်ရသည့် အရေးကြီးသော ပြဿနာမှာ ဗဟိုနှင့် ပြည်နယ်ကြားရှိ အာဏာခွဲဝေမှု ပြဿနာ ဖြစ်သည်။

ဤပြဿနာကို စဉ်းစားဖြေရှင်းရာတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်များ၏ ရပိုင်ခွင့် အကြောင်းအချက်များ၊ ဗဟိုအစိုးရ နှင့် ပြည်အစိုးရကြား အာဏာခွဲဝေမှု ပြဿနာကို မူတည် ဖြေရှင်းရန် လိုသည်။

သို့သော် လူအချို့၏ စဉ်းစားချက်သည် ပြည်နယ်များ၏ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝ ရှိရမည်ဆိုသည့် မူဝါဒ ပေါ် အခြေမခံကြပေ။

တိုင်းရင်းသားလူမျိုးများ၊ ပြည်နယ်များ၏ ရပိုင်ခွင့်ပေါ် မူမတည်ပေ၊ တိုင်းပြည်အား မည်သည့်ပုံစံဖြင့် တည်ဆောက်ပါ က တိုင်းပြည်အင်အား တောင့်တင်းမည် ဆိုသည့်ဘက်က စဉ်းစားကြသည်။

ဗဟိုအစိုးရ၌ အာဏာ ပိုရှိပါက တိုင်းပြည်၏ အာဏာသည် ပို၍ တောင့်တင်းမည် ဖြစ်ပြီး ပြည်နယ်အစိုးရတွင် အာဏာ ခွဲဝေမှု များပါက ဗဟိုအစိုးရ၌ အာဏာလျော့ပါးမည်ဟု တွက်ဆကြသည်။

ပင်လုံကျောက်တိုင်ကို ၁၉၅၁ တွင် ပြန်မွမ်းမံအပြီး မြင်ရစဉ်

ဤသို့ တွက်ဆသူများသည် တိုင်းပြည်အင်အား တောင့်တင်းရန်၊ ဗဟိုအစိုးရ အာဏာ ပိုမိုတောင့်တင်းရန် စဉ်းစားလေ့ရှိသည်။

ဤသို့စဉ်းစားသည်နှင့် ပြည်နယ်များတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝ ရှိရမည် ဆိုသည့် မူဝါဒမှ လွဲချော်သွားပြီး ဗဟို အစိုးရ၌ အာဏာပိုရှိရန် လိုအပ်သည့်ဘက်က စဉ်းစားကြပေရာ ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များအား လျှော့ချရန် ကြိုးစား ကြတော့သည်။

ထို့ပြင် ပြည်နယ်များအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမည့် ဖက်ဒရယ်အား အပြင်းအထန် ဆန့်ကျင်ကြတော့သည်။

အမှန်အားဖြင့် ပြည်ထောင်စုအား အင်အားတောင့်တင်းရန် စဉ်းစားခြင်းသည် ပြည်ထောင်စုတရပ် တည်ဆောက်ရာ တွင် ပြည်နယ်များ၌ ကိုယ်ပိုင်အုပ်ချုပ်ရေး အပြည့်အဝရှိရန် လိုသည့်ဆိုသည့် မူဝါဒအခြေခံပေါ်က ဦးစွာ စဉ်းစားရန် လိုသည်။

ထိုမူဝါဒပေါ်မှ အခြေခံစဉ်စား ဆောင်ရွက်ပြီးမှသာ ထိုအချက်ပေါ် အခြေခံ၍ ပြည်ထောင်စုအား မည်သို့ အင်အား တောင့် တင်းအောင် ဆောင်ရွက်မည်ဟု တဆင့်ချင်း စဉ်းစားဆုံးဖြတ်ရန် လိုသည်။

မူဝါဒအပေါ် အခြေမခံဘဲ စဉ်းစားသုံးသပ်မှုများ ပြုလုပ်ပါက ပြည်ထောင်စုတရပ် တည်ဆောက်ရေး အခြေခံပေါ်မှ လွဲချော် သွားပေလိမ့်မည်။

ဆက်ရန် ရှိသည်။

(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)

You may also like these stories:

အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၁)

မြန်မာ့အနာဂတ် ဖက်ဒရယ် ရည်မျှော်ချက်များ အလျှင်အမြန် မှေးမှိန်လာနေ

မြန်မာ့အနာဂတ် ဖက်ဒရယ် ရည်မျှော်ချက်များ အလျှင်အမြန် မှေးမှိန်လာနေ (အပိုင်း ၂)

နွေဦးတော်လှန်ရေးသာ မအောင်မြင်ရင် တိုင်းရင်းသားတွေအတွက်လည်း အနာဂတ် မရှိတော့

Loading