ပြည်ထောင်စုနှင့် တပြည်ထောင်စနစ်
မြန်မာပြည်၏ ပြည်ထောင်စု ပြဿနာအား ဖြေရှင်းရန် ဦးစွာ ဆန်းစစ်သုံးသပ်ရန်လိုသည့် အရေးကြီးဆုံး အချက်မှာ မြန်မာပြည်တွင် ကျင့်သုံးခဲ့ကြသော စနစ်သည် ပြည်ထောင်စုစနစ်လော၊ တပြည်ထောင်စနစ်လော ဆိုသည့်အချက် ဖြစ်သည်။
၁၉၄၈ လွတ်လပ်ရေး ရကတည်းက မြန်မာပြည်အား ပြည်ထောင်စုမြန်မာနိုင်ငံဟု ခေါ်ခဲ့ပြီး ပြည်ထောင်စုဟု ဆိုခဲ့သည်။ သို့ဖြစ်ရာ မြန်မာပြည်တွင် လက်တွေ့ ကျင့်သုံးနေသော စနစ်သည် ပြည်ထောင်စုစနစ် ဟုတ်ပါ၏လော ဆိုသည်ကို သုံးသပ်ရန် လိုသည်။
တကယ်တမ်းဆိုလျှင် ၁၉၄၅ ဂျပန်တော်လှန်ရေးအပြီး လွတ်လပ်ရေးအကြို ကာလကတည်းက မြန်မာပြည်အတွင်း စုပေါင်း၍ လွတ်လပ်ရေးရယူရေး (သို့) ပြည်နယ်များ သီးခြားလွတ်လပ်ရေး ရယူရေး ပြဿနာနှင့် ပတ်သက်ပြီး အယူအဆ သဘောထား အမျိုးမျိုး ပေါ်ပေါက်ခဲ့နေခဲ့ပြီ ဖြစ်သည်။
မတူသော အမြင်များ၏ ငြင်းခုံမှု၊ မိမိအမြင် အောင်မြင်ရေးအတွက် ကြိုးပမ်းမှုများကို ကြုံခဲ့ရပြီ ဖြစ်သည်။
၁၉၄၈ ခုနှစ် တောင်တန်း၊ ပြည်မ စုပေါင်း၍ လွတ်လပ်ရေး ရယူပြီး နောက်တွင်လည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်နှင့် ဖက်ဒရယ် ပြဿနာများကို ပါလီမန်အတွင်း/အပြင်၌ လွတ်လပ်ပွင့်လင်းစွာ ကျယ်ကျယ်လောင်လောင် ပြင်းပြင်း ထန်ထန် ငြင်းခုံခဲ့ကြသည်မှာ ၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းခဲ့သည် အထိပင် ဖြစ်သည်။
အဓိကအားဖြင့် ပြည်နယ်များ၏ ကိုယ်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ဖက်ဒရယ်နှင့် ပတ်သက်၍ တိုင်းရင်းသား လူမျိုးတို့၏ တောင်းဆိုမှုသည် မြင့်တက်လာသည်။
အထူးသဖြင့် ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရလက်ထက် ရှမ်းပြည်နယ်ရှိ စော်ဘွားများ အာဏာ စွန့်လွှတ်ခံရပြီးနောက် ဖက်ဒရယ် ပြဿနာတွင် ရှမ်းပြည်နယ်က ရှေ့တန်း ရောက်လာခဲ့သည်။
ရှမ်းပြည်နယ်အတွင်း နှစ်ပေါင်းများစွာ အခြေကျနေသည့် စော်ဘွားစနစ်၊ ရှမ်းပဒေသရာဇ်စနစ်ကို ဆန့်ကျင်သည့် တက် ကြွသော ရှမ်းလူငယ်များ၊ ပအို့ဝ်များ၏ ထောက်ခံမှုဖြင့် ပြည်မအာဏာပိုင်များက ဖယ်ရှားနိုင်ခဲ့သည်။
စော်ဘွားစနစ်ကို ဖယ်ရှားပြီးနောက် တိုင်းမင်းကြီးနှင့် ခရိုင်ဝန် ၆ ဦးတို့ဖြင့် အုပ်ချုပ်ရေးစနစ်ကို ပြည်ထောင်စု အစိုးရက ပြောင်းလဲခဲ့သည်။
စော်ဘွားများ အာဏာစွန့်ရပြီးနောက် ရှမ်းပြည်နယ်တွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည့် အုပ်ချုပ်ရေးစနစ်တရပ် ထူထောင်နိုင်ရေးအတွက် အာဏာ စွန့်လွှတ်ခဲ့ရသည့် စော်ဘွားများသည်လည်းကောင်း၊ စော်ဘွားစနစ်ကို ဆန့်ကျင်သည့် ရှမ်းလူငယ် အင်အားစုများသည်လည်းကောင်း တောင်းဆိုလာကြသည်။
သို့သော် စော်ဘွားများ အာဏာစွန့်ရပြီးနောက် ရှမ်းပြည်နယ်တွင်း၌ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည့် အုပ်ချုပ်ရေးစနစ်တရပ် ထူထောင်နိုင်ရေးအတွက် အာဏာ စွန့်လွှတ်ခဲ့ရသည့် စော်ဘွားများသည်လည်းကောင်း၊ စော်ဘွားစနစ်ကို ဆန့်ကျင်သည့် ရှမ်းလူငယ် အင်အားစုများသည်လည်းကောင်း တောင်းဆိုလာကြသည်။
ညီလာခံများ ပြုလုပ်၍ လက်တွေ့ကျသည့် လှုပ်ရှားမှုများ ပြုလုပ်လာကြရာ ဖက်ဒရယ်အရေးနှင့် ပတ်သက်ပြီး ပြင်းထန်သည့် တောင်းဆိုလှုပ်ရှားမှုများသည် စော်ဘွားများ အာဏာစွန့်ရသည့် ၁၉၅၉ နောက်ပိုင်း ပို၍ မြင့်တက်လာခဲ့သည်။
တိုင်းရင်းသားလူမျိုးများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုချက်များကို တုန့်ပြန်ရန် ပထစ အစိုးရသည် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။
၁၉၄၇ အခြေခံဥပဒေသည် တနှစ်အတွင်း အပြီးရေးဆွဲခဲ့ရသည့်အတွက် ရှိပြီးသားမူများအပေါ်မှ အခြေခံ၍ ပြင်ဆင်မှုများ ပြုလုပ်ရန် ပါလီမန်၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံတော် သမ္မတက အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီကို ၁၉၆၀ ခု နိုဝင်ဘာ ၁၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
ကော်မတီတွင် အဖွဲ့ဝင် ၂၉ ဦး ပါဝင်ပြီး တရားရေးဌာနဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ လွှတ်တော်၏ ဆုံးဖြတ်ချက်ကို အထူးစိတ်ဝင်စားပြီး အရေးတယူ ဆောင်ရွက်သည်မှာ ရှမ်းပြည် နယ်အစိုးရ ဖြစ်သည်။
ရှမ်းပြည်နယ်အစိုးရသည် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အကြိုဆွေးနွေးပွဲ တရပ်ကို ၁၉၆၀ နိုဝင်ဘာ ၅ ရက်တွင် စဝ်ခွန်ချို ဦးစီး၍ ပြုလုပ်ခဲ့သည်။
ပါလီမန်အမတ်များ၊ နိုင်ငံရေးပါတီများ၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သူများ စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အကြံဉာဏ်ယူရန် ၁၉၆၀ နိုဝင်ဘာ ၇ ရက်တွင် တောင်ကြီး၌ ညီလာခံတရပ် ကျင်းပခဲ့သည်။
ထို့ပြင် ပါလီမန်အမတ်များ၊ နိုင်ငံရေးပါတီများ၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သူများ စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အကြံဉာဏ်ယူရန် ၁၉၆၀ နိုဝင်ဘာ ၇ ရက်တွင် တောင်ကြီး၌ ညီလာခံတရပ် ကျင်းပခဲ့သည်။
ထိုအစည်းအဝေးက နိုင်ငံရေးပါတီ ကိုယ်စားလှယ်၊ စော်ဘွားကိုယ်စားလှယ်နှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များ ပါဝင်သော အခြေခံဥပဒေ စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။
မူလက ၂၅ ဦးနှင့် ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း ၇ ဦး ထပ်မံဖြည့်စွက်ခဲ့ပြီး ယင်းကော်မတီအား အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် တာဝန်ပေးခဲ့ပြီး နောက်ပိုင်းတွင် ပြည်ထောင်စု မြန်မာနိုင်ငံဆိုင်ရာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး ကြိုးကိုင်ကော်မတီဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။
အဆိုပါ ကော်မတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေး စာတမ်းတွင် ပြည်နယ်များ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် အောက်ပါအတိုင်း အကြံပြုထားသည်ကို တွေ့ရသည်။
နံပတ်တစ် ဗမာပြည်နယ်အပါ ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များအား ဗဟိုအစိုးရကလည်းကောင်း၊ ပြည်နယ် အချင်းချင်း ကလည်းကောင်း ဝင်ရောက်စွက်ဖက်ခြင်း မရှိရန်၊ လုံးဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး အခြေခံဥပဒေတွင် အခိုင်အမာ ပြ ဋ္ဌာန်းထားရှိသင့်သည်။
နံပတ်နှစ် ပြည်နယ်များတွင် ဗဟိုပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် မဆန့်ကျင်သော သီးခြားပြည်နယ် ဖွဲ့စည်းပုံဥပဒေ ရှိရမည့်အပြင် သီးခြားဥပဒေပြု လွှတ်တော်၊ သီးခြားအစိုးရ၊ သီးခြားတရားရုံးများ ထားရှိရမည်။
တတိယအချက် အနေဖြင့် ပြည်နယ်ဖွဲ့စည်းရန် အင်္ဂါလက္ခဏာ မပြည့်စုံသည့် လူမျိုးများအား လူမျိုးစု ဖွဲ့စည်းပေးပြီး လူမျိုးစု အခွင့်အရေးများ ကာကွယ်နိုင်ရန် အခြေခံဥပဒေတွင် လုံလောက်စွာ ပြဋ္ဌာန်းပေးရမည်ဟူ၍ ဖြစ်သည်။
ကြိုးကိုင်ကော်မတီ၏ အခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်း ရေးဆွဲပြီးသောအခါ ၁၉၆၁ ဖေဖော်ဝါရီ ၂၅ ရက်တွင် တောင်ကြီး၌ ညီလာခံတရပ် ကျင်းပ၍ အတည်ပြုခဲ့သည်။ ထို့နောက် စဝ်ရွှေသိုက်အပါ ၆ ဦး ပါဝင်သည့် ကော်မတီတရပ် ဖွဲ့စည်းပြီး ပြည်ထောင်စုအစိုးရ တရားရေးဝန်ကြီးနှင့် ဆွေးနွေးရန် တာဝန်ပေးခဲ့သည်။
အဆိုပါ စာတမ်းသည် နောက်ပိုင်းတွင် ရှမ်းမူဟု လူသိများလာခဲ့ပြီး ၈ ပြည်နယ်မူ ဟုလည်း ခေါ်ဆိုကြသည်။ ရှမ်းပြည်တွင် အများစု ထောက်ခံမှုကို ရခဲ့သည်။
ရှမ်းပြည်နယ်မှ တင်သွင်းသည့် အခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်းအား ဆွေးနွေးရန်နှင့် တောင်တန်းသား စည်းလုံး ညီညွတ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန် ရည်ရွယ်ပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့က ဦးစီးကျင်းပသည့် ပြည် နယ်ပေါင်းစုံ ညီလာခံတရပ်ကို တောင်ကြီးမြို့၌ ၁၉၆၁ ခု၊ ဇွန် ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။
ထို့ပြင် ရှမ်းပြည်နယ်မှ တင်သွင်းသည့် အခြေခံဥပဒေ ပြင်ဆင်ရေးစာတမ်းအား ဆွေးနွေးရန်နှင့် တောင်တန်းသား စည်းလုံး ညီညွတ်ရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန် ရည်ရွယ်ပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့က ဦးစီးကျင်းပသည့် ပြည် နယ်ပေါင်းစုံ ညီလာခံတရပ်ကို တောင်ကြီးမြို့၌ ၁၉၆၁ ခု၊ ဇွန် ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။
ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းဝိသေသတိုင်းမှ ကိုယ်စားလှယ်များ၊ ဝန်ကြီးချုပ် ဦးနု ကတိပေးထားသော မွန်နှင့် ရခိုင် (ထိုစဉ်က မွန်နှင့် ရခိုင်အား ပြည်နယ်အဆင့် မသတ်မှတ်သေးပါ) ကိုယ်စားလှယ် များ စုစုပေါင်း ၂၂၆ ဦး၊ လေ့လာသူ ၁၀၄ ဦး တက်ရောက်သည်။
ထိုညီလာခံသို့ ဗမာကိုယ်စားလှယ် ဖိတ်ကြားခြင်း မပြုခဲ့ပါ။ အဆိုပါ ညီလာခံတွင် အကြိတ်အနယ် ဆွေးနွေးကြပြီး နောက်ဆုံးနေ့ ဖြစ်သည့် ဇွန် ၁၆ ရက်တွင် အဆို ၅ ရပ် တင်သွင်း အတည်ပြုခဲ့သည်။
အရေးကြီးသောအချက်မှာ ရှမ်းပြည်နယ်မှ တင်သွင်းသော အခြေခံဥပဒေ ပြင်ဆင်ရေးမူ (ရှမ်းမူ) အား သဘောတူ ထောက်ခံခဲ့ကြသည်။ ရှမ်းမူအား ကိုယ်စားလှယ်အများစု ထောက်ခံခဲ့ကြပြီး ကန့်ကွက်သူ ၃ ဦးသာ ရှိခဲ့သည်။
တောင်ကြီး ညီလာခံတွင် ထပ်မံအတည်ပြုခဲ့၍ ရှမ်းမူအား တောင်ကြီးမူ ဟူ၍လည်း ခေါ်ဝေါ်ကြသည်။ ထို့နောက် ပြည်နယ်များ ညီညွတ်ရေးအဖွဲ့ ယာယီအမှုဆောင်အဖွဲ့အား ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ရခိုင်၊ ရှမ်း၊ မွန်တို့မှ ကိုယ်စားလှယ်များ ပါဝင်ပြီး အမှုဆောင်အဖွဲ့ဝင် ၂၃ ဦးနှင့် ဖွဲ့စည်းခဲ့သည်။
ထို့နောက် ရှမ်းကိုယ်စားလှယ်အဖွဲ့သည် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်သည့် သူတို့၏ သဘောထားအား ပြည်ထောင်စုအစိုးရအပါ ပြည်မခေါင်းဆောင်များအား သွားရောက် ရှင်းလင်းခဲ့သည်။
အကြံပေးအဖွဲ့သည် ရှမ်းပြည်နယ်မှ တင်ပြသည့် နစ်နာချက် ၉ ချက်အား လက်ခံ၍ သုံးသပ်တင်ပြမှု ပြုခဲ့သော်လည်း အရေးကြီးသည့် ဖက်ဒရယ်မူနှင့် ပတ်သက်၍ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအား အကောင်အထည် ဖော်နိုင်မည် မဟုတ်ဘဲ အနှေးနှင့်အမြန် ပြည်ထောင်စု ပျက်စီးသွားမည်ဟု ရှုမြင်သုံးသပ်ခဲ့သည်။
ဤသို့ ဖက်ဒရယ်အရေးနှင့် ပတ်သက်၍ လှုပ်လှုပ်ခတ်ခတ် ဖြစ်လာသောအခါ ပြည်ထောင်စုအစိုးရအား အကြံပေးရန် ဖွဲ့ စည်းထားသည့် ဥက္ကဋ္ဌ ဒေါက်တာဘဦး၊ အဖွဲ့ဝင် ဒေါက်တာသိမ်းမောင်၊ ဦးအုန်းဖေနှင့် ဦးချစ်သောင်းတို့ ပါဝင်သည့် အစိုးရ အကြံပေးအဖွဲ့အား ဖက်ဒရယ်မူနှင့် ပတ်သက်၍ အကြံပေးရန် ၁၉၆၁ ခု ဧပြီ ၂၇ ရက်တွင် တာဝန်ပေးခဲ့သည်။
အကြံပေးအဖွဲ့၏ အစီရင်ခံစာကို ၁၉၆၂ ဇန်နဝါရီ ၈ ရက်တွင် တင်သွင်းခဲ့သည်။ အကြံပေးအဖွဲ့သည် ရှမ်းပြည်နယ်မှ တင်ပြသည့် နစ်နာချက် ၉ ချက်အား လက်ခံ၍ သုံးသပ်တင်ပြမှု ပြုခဲ့သော်လည်း အရေးကြီးသည့် ဖက်ဒရယ်မူနှင့် ပတ်သက်၍ ပြည်ထောင်စု တည်တံ့ခိုင်မြဲရေးအား အကောင်အထည် ဖော်နိုင်မည် မဟုတ်ဘဲ အနှေးနှင့်အမြန် ပြည်ထောင်စု ပျက်စီးသွားမည်ဟု ရှုမြင်သုံးသပ်ခဲ့သည်။
ပြည်ထောင်စုအစိုးရသည် အခြေခံဥပဒေ ပြင်ဆင်ရေးပြဿနာ၊ ဖက်ဒရယ်ပြဿနာတို့အား ၁၉၆၂ ဖေဖော်ဝါရီ ၂၄ ရက် တွင် အမျိုးသားညီလာခံတရပ်ခေါ်ပြီး ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။
ညီလာခံကျင်းပနေဆဲ ၁၉၆၂ မတ် ၂ ရက်နေ့တွင် မြန်မာစစ်တပ်က တော်လှန်ရေးကောင်စီ အမည်ဖြင့် အာဏာသိမ်းခဲ့သဖြင့် ပြည်ထောင်စုအစိုးရ၏ ဖက်ဒရယ်မူဆိုင်ရာ အမျိုးသားညီလာခံ အဆုံးသတ်သွားခဲ့တော့သည်။
ထိုဖြစ်စဉ်မှ အောက်ပါ အချက်အလက်များကို တွေ့ရှိရသည်။ ရှမ်းပြည်နယ်နှင့် ပြည်နယ်များတွင် မြေယာ၊ သစ်တော၊ သတ္တုတွင်း စသည့် သယံဇာတများ ထုတ်ယူသုံးစွဲပိုင်ခွင့်၊ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပိုင်ခွင့်၊ စက်မှုလုပ်ငန်းများ တည်ထောင် လုပ်ဆောင်ပိုင်ခွင့်များ မရှိသည့်အတွက် ပြည်နယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်သည့် အုပ်ချုပ်ခွင့် အပြည့်အဝ မရှိကြောင်း အဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရ၏ အကြံပေးအဖွဲ့က သင့်တော်သည့် ထောက်ခံမှု ပေးထားသည်။
သို့သော် အကြံပေးအဖွဲ့သည် ရှမ်းပြည်မှ တင်ပြသည့် ပြည်ထောင်စု စစ်စစ်မူအား လက်ခံနိုင်ဖွယ်မရှိ၊ ပြည်ထောင်စု ပြိုကွဲရေးအတွက် လမ်းခင်းပေးရာ ရောက်သည်ဟု သုံးသပ်သည်။
အကြံပေးအဖွဲ့သာမက ပထစ၊ တည်မြဲဖဆပလ၊ ပမညတ စသည့် ပြည်မမှ အစိုးရရော/အတိုက်အခံ ခေါင်းဆောင်များပါ ဖက်ဒရယ်အား လက်မခံကြောင်းကို ပထစ အစိုးရ ပြုလုပ်သော ညီလာခံတွင် ထုတ်ဖော် ဆွေးနွေးခဲ့ကြသည်။
မြန်မာစစ်တပ်က တော်လှန်ရေးကောင်စီ အမည်ဖြင့် အာဏာသိမ်းသည်မှာလည်း ရှမ်းပြည်နယ် ခွဲထွက်မည်ကို စိုးရိမ်ခြင်းသည် အဓိကအချက် ဖြစ်သည်ဟု ဆိုခဲ့သည်။ ဖက်ဒရယ်မူသည် ပြည်ထောင်စု ပြိုကွဲနိုင်သည်ဟု သုံးသပ်၍ စစ်တပ်က အာဏာ သိမ်းခဲ့သည်။
စစ်တပ်သည် သူ့သဘောထားကို လက်တွေ့ အကောင်အထည်ဖော်ခဲ့သည်။ သို့သော် စစ်တပ်သာမက ပြည်မရှိ ပထစ၊ တည်မြဲ၊ ပမညတ၊ ပထစအစိုးရ အကြံပေးအဖွဲ့ စသည့် ဗမာခေါင်းဆောင် အများစုသည်လည်း ဖက်ဒရယ်ကို ဆန့်ကျင်ကြသည်ကို တွေ့ရသည်။
သို့သော် ပြည်နယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် မရှိသည်ကို ပြည်မမှ ခေါင်းဆောင်များ အသိအမှတ် မပြု၍ မရပေ။
ဥပဒေအကြံပေးဖြစ်သူ ဦးချန်ထွန်းသည်ပင်လျှင် သူ၏ ရှင်းလင်းမှု ပြီးမြောက်သည့် ၁၀ နှစ်ခန့် အကြာတွင် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံသည် သဘောတရားအရ ပြည်ထောင်စု ဖြစ်ပြီး လက်တွေ့အရ အစိုးရတဖွဲ့ထဲ အုပ်ချုပ်သည့် Unitary တပြည်ထောင်စနစ် ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်။
ထို့ကြောင့်လည်း မြန်မာနိုင်ငံသည် ပြည်ထောင်စုစနစ်အရ ဖွဲ့စည်းထားကြောင်း ဖဆပလ ပါလီမန်ဒီမိုကရေစီ ခေတ်ကာလ တိုင်းပြုပြည်ပြု လွှတ်တော်တွင် ရှင်းလင်းတင်ပြခဲ့သည့် ဥပဒေအကြံပေးဖြစ်သူ ဦးချန်ထွန်းသည်ပင်လျှင် သူ၏ ရှင်းလင်းမှု ပြီးမြောက်သည့် ၁၀ နှစ်ခန့် အကြာတွင် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံသည် သဘောတရားအရ ပြည်ထောင်စု ဖြစ်ပြီး လက်တွေ့အရ အစိုးရတဖွဲ့ထဲ အုပ်ချုပ်သည့် Unitary တပြည်ထောင်စနစ် ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်။
အထက်ပါ သုံးသပ်ချက်များသည် ၁၉၄၈ မှ ၁၉၆၂ ခုနှစ် ၁၄ နှစ်တာကာလ (အိမ်စောင့်အစိုးရ ၂ နှစ်အပါ) အတွင်း ပြည်ထောင်စုလား၊ တပြည်ထောင်စနစ်လား ဆိုသည်နှင့် ပတ်သက်သည့် သုံးသပ်ချက် ဖြစ်သည်။
ဖဆပလ အလွန်ခေတ်
၁၉၆၂ မှစ၍ စစ်တပ်က အာဏာသိမ်းသည်၊ ပါလီမန်ဒီမိုကရေစီစနစ် ချုပ်ငြိမ်းသည်။ ၁၉၆၂ ခုမှ ၁၉၈၈ အထိ စစ်တပ် သည် တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) အမည်များဖြင့် အုပ်ချုပ်သည်။
တဖန် ၁၉၈၈ မှ ၂၀၁၀ အထိ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အမည်ဖြင့် တိုင်းပြည်အာဏာ ရယူထားခဲ့သည်။
အဆိုပါ ၄၈ နှစ်တာ ကာလသည် စစ်တပ်က အာဏာ ရယူထားသည်ဖြစ်ရာ လွတ်လပ်စွာ ပြောဆိုဆွေးနွေးခွင့်များ ချုပ် ငြိမ်းခဲ့သည်။ ထို့ပြင် တိုင်းပြည်တွင် စစ်တပ်ခေါင်းဆောင်က အဓိက အာဏာအရှိဆုံး ဖြစ်ပေရာ အာဏာသည် ဗဟို၌ စုနေသည်။
တသွေး တသံ တမိန့်နှင့် အုပ်ချုပ်သည့်ကာလ ဖြစ်သည်။ သဏ္ဌာန်အရ မည်သည့် ဆောင်ရွက်ချက်များ ရှိသည်ဖြစ် စေ ပြည်နယ်များသို့ အာဏာခွဲဝေမှု မရှိသလောက် ဖြစ်သည်။
ပြည်ထောင်စုဟု ဆိုသော်လည်း ဗဟို၌သာ အာဏာ စုစည်းထားသည့်၊ အာဏာခွဲဝေမှု မရှိသည့် တပြည်ထောင်စနစ် ကျင့်သုံးသည့်ကာလ ဖြစ်နေပေသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှစ၍ တိုင်းရင်းသားတို့အား တိုင်းရင်းသားဝတ်စုံ ဝတ်စေ၍ လုပ်ပိုင်ခွင့် အာဏာ မရှိသည့် နေရာပေးထားသည်ကို ပြည်ထောင်စုစနစ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟု ခေါ်ဝေါ်သမုတ်သည့် ပြည်ထောင်စု အတုအယောင် အစပြုသည်။
ထိုခေတ်ကာလမှစ၍ တိုင်းရင်းသားတို့အား တိုင်းရင်းသားဝတ်စုံ ဝတ်စေ၍ လုပ်ပိုင်ခွင့် အာဏာ မရှိသည့် နေရာပေးထား သည်ကို ပြည်ထောင်စုစနစ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟု ခေါ်ဝေါ်သမုတ်သည့် ပြည်ထောင်စု အတုအယောင် အစပြုသည်။
၂၀၁၁ မှ ၂၀၂၀ ထိကာလမှာ ၂၀၀၈ အခြေခံဥပဒေ ကျင့်သုံးသည့် ကာလဖြစ်ပြီး ထိုကာလအတွင်း အခြေခံ မတူသည့် အစိုးရနှစ်ဆက် တာဝန်ယူခဲ့သည်။
သို့သော်လည်း ထိုအစိုးရ နှစ်ရပ်လုံး ၂၀၀၈ အခြေခံဥပဒေ ဘောင်အတွင်း၌ပင် ရှိသည်ဟု ဆိုရမည်။ ၂၀၀၈ အခြေခံ ဥပဒေအရ ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရ ဆိုသည်များကို ပြဋ္ဌာန်းထားသော်လည်း ပြည်နယ်လွှတ်တော်သည် ပြည်နယ်အစိုးရကို တင်မြှောက်ခွင့်မရှိ၊ ပြည်နယ်အစိုးရအား ပြည်ထောင်စုအစိုးရ (ဝါ) ဗဟိုအစိုးရကသာ ခန့်အပ်ခွင့် ရှိ သည်။
ပြည်နယ်အစိုးရသည် ပြည်နယ်လွှတ်တော်အား ကိုယ်စားမပြု၊ ပြည်ထောင်စု အစိုးရကိုသာ ကိုယ်စားပြုသည်။ ထို့ပြင် ပြည်နယ်လွှတ်တော်၏ ဥပဒေပြုခွင့်၊ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်တို့သည် အကန့်အသတ် အလွန်ကြီးသည်။
အရေးပါသည့် လုပ်ပိုင်ခွင့် အားလုံးလိုလိုသည် ပြည်ထောင်စုအစိုးရ လက်ထဲတွင် ရှိသည်ဖြစ်ရာ ၂၀၀၈ အခြေခံဥပဒေတွင် ဖက်ဒရယ် အခြေခံမူများ ပါဝင်သည်ဟု မည်သို့ပင် ဆိုစေကာမူ ဗဟိုချုပ်ကိုင်မှုများသည့် တပြည်ထောင်စနစ်ကို ကျင့် သုံးသည်ဟု ဆိုရမည်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်မှုကော်မတီ (နစက) အမည်ဖြင့် အာဏာ သိမ်းသည်၊ ရွေးကောက်ပွဲမှ တက်လာသည့် အစိုးရအား မဲလိမ်သည်ဟု စွပ်စွဲပြီး ဖယ်ရှားခဲ့သည်၊ စစ်တပ်က အာဏာရယူ သည်ဖြစ်ရာ စစ်တပ်၏ အမြင့်ဆုံး စစ်ဖက်ခေါင်းဆောင်ထံ အာဏာ ရောက်ရှိသွားသည်။
တိုင်းပြည်အာဏာသည် ဗဟို၌ ပြန်လည်စုသွားပြီး ပြည်နယ်များသို့ အာဏာခွဲဝေရေးသည် ၂၀၀၈ အောက်မှာလောက်ပင် မရှိတော့။
သို့ဖြစ်ရာ ဤသို့သော အခြေအနေအောက်တွင် မြန်မာပြည်၌ ကျင့်သုံးနေသည့် စနစ်သည် တပြည်ထောင်စနစ် ဖြစ်နေသည်ဟု ဆိုရပေမည်။
လွတ်လပ်ရေး ရပြီးကတည်းက ပြည်ထောင်စုဟု ဟန်ပြကြွေးကြော်ပြီး တပြည်ထောင်စုစနစ်ကို အကောင်အထည်ဖော်၍ မတူသော အမြင်ရှိသူများအား အင်အားသုံး ဖြေရှင်းခြင်းကို အဓိက ဆောင်ရွက်ခဲ့သည်မှာ မြန်မာစစ်တပ် ဖြစ်ကြောင်း တွေ့ရသည်။ သို့သော် တဖက်တွင် ပြည်မမှ ဒီမိုကရက် ခေါင်းဆောင်များသည်လည်း ဖက်ဒရယ်နှင့် ပတ်သက်၍ အမြင်မရှင်းကြ၊ လက်မခံနိုင်ကြ။
ထို့ပြင် လွတ်လပ်ရေး ရပြီးကတည်းက ပြည်ထောင်စုဟု ဟန်ပြကြွေးကြော်ပြီး တပြည်ထောင်စုစနစ်ကို အကောင်အထည်ဖော်၍ မတူသော အမြင်ရှိသူများအား အင်အားသုံး ဖြေရှင်းခြင်းကို အဓိက ဆောင်ရွက်ခဲ့သည်မှာ မြန်မာစစ်တပ် ဖြစ်ကြောင်း တွေ့ရသည်။
သို့သော် တဖက်တွင် ပြည်မမှ ဒီမိုကရက် ခေါင်းဆောင်များသည်လည်း ဖက်ဒရယ်နှင့် ပတ်သက်၍ အမြင်မရှင်းကြ၊ လက်မခံနိုင်ကြသည်ကို တွေ့ရသည်။
တခုလုံးအရ၊ သမိုင်းကြောင်းအရ ကြည့်လျှင် ပြည်ထောင်စု ပြဿနာနှင့် ပတ်သက်၍ ဖြေရှင်းရန် အဓိက ရင်ဆိုင်ရမည်မှာ မြန်မာစစ်တပ်ပင် ဖြစ်သည်။
တိုင်းပြည်အသီးသီးတွင် တိုင်းပြည်ကာကွယ်ရန် ဖွဲ့စည်းထားသည့် စစ်တပ်အား အင်္ဂလိပ်ဘာသာဖြင့် Army၊ Armed Force၊ Defence Force ဟု သုံးစွဲသည်။
မြန်မာဘာသာဖြင့် တပ်မတော်၊ စစ်တပ်၊ လက်နက်ကိုင်တပ်ဖွဲ့၊ ကာကွယ်ရေးတပ်ဖွဲ့ဟု ဆိုကြသည်။ သို့သော် မြန်မာစစ်တပ်အား တပ်မတော်ဟုသာ ခေါ်ဆိုရန် နဝတ လက်ထက်မှစ၍ ဆောင်ရွက်လာသည်။
အင်္ဂလိပ်ဘာသာ ပြန်ဆိုရာတွင်ပင် Army ဟု ပြန်ဆိုခြင်း မပြုဘဲ Tatmadaw ဟု ရေးသည်ကို တွေ့ရသည်။ မြန်မာစစ်တပ်သည် သူတို့၏ မြန်မာ့နိုင်ငံရေးတွင် ပါဝင်မှုအခန်းကဏ္ဍအား ဖော်ညွှန်းရန်အတွက်လည်းကောင်း၊ မြန်မာစစ်တပ်သည် အခြားနိုင်ငံများမှ စစ်တပ်များနှင့် မတူသော ထူးခြားချက် ရှိသည်ကို ဖော်ညွှန်းချင်၍လည်းကောင်း၊ ထိုအချက်အား တရားဝင်မှု ရယူနိုင်ရန်အတွက်လည်းကောင်း တပ်မတော်ဆိုသော ဝေါဟာရကို ဇွတ်အတင်း သုံးစွဲနေပုံရသည်။
၂၀၀၈ အခြေခံဥပဒေတွင်လည်း မြန်မာစစ်တပ် နိုင်ငံရေးတွင် ပါဝင်မှုအား အတိအလင်း ရေးဆွဲပြဋ္ဌာန်း ထားခဲ့သည်။ သို့ဖြစ်ရာ မြန်မာပြည်၏ နိုင်ငံရေးပြဿနာ ဖြေရှင်းရန်၊ ပြည်ထောင်စု ပြဿနာ ဖြေရှင်းရန် အဓိက ရင်ဆိုင်ကျော်လွှားရ မည်မှာ မြန်မာစစ်တပ် ဖြစ်သည်။
ထို့အတူ မြန်မာစစ်တပ်၏ အင်အားသုံး အကြမ်းဖက် ဖြေရှင်းမှုကိုလည်း ရင်ဆိုင်ကျော်လွှားရမည် ဖြစ်သည်။
ဆက်ရန် ရှိသည်။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
You may also like these stories :
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၁)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၂)
မြန်မာ့အနာဂတ် ဖက်ဒရယ် ရည်မျှော်ချက်များ အလျှင်အမြန် မှေးမှိန်လာနေ
မြန်မာ့အနာဂတ် ဖက်ဒရယ် ရည်မျှော်ချက်များ အလျှင်အမြန် မှေးမှိန်လာနေ (အပိုင်း ၂)
နွေဦးတော်လှန်ရေးသာ မအောင်မြင်ရင် တိုင်းရင်းသားတွေအတွက်လည်း အနာဂတ် မရှိတော့