ဆောင်းပါး

PR စနစ်နဲ့ စစ်ကောင်စီ နိုင်ငံရေးအသက်ဆက်ချင်

အချိုးကျကိုယ်စားပြုစနစ် PR( Proportional Representation) စနစ် ပြောင်းလဲကျင့်သုံးပြီး ရွေးကောက်ပွဲသစ် ကျင်းပဖို့ ဆိုင်းပြင်းနေတဲ့ အာဏာသိမ်းစစ်ကောင်စီဟာ သူ့ရဲ့လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်သစ် တာဝန်ရှိသူတွေကို နိုင်ငံရေးပါတီတွေအပါအဝင် အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံဆွေးနွေးဖို့ ညွှန်ကြားထားပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို နိုဝင်ဘာလ ပထမပတ်အတွင်းမှာ ပြုလုပ်ဖို့ ဖိတ်ခေါ်ထားပါတယ်။

စစ်ကောင်စီ လက်အောက်ခံရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာ ၁၄ ရက်နေ့ ရက်စွဲနဲ့ အသိပေးကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်မှာ စစ်ကောင်စီရဲ့ ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အရ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးမှာ ဖြစ်ကြောင်းနဲ့ လာမည့်ရွေးကောက်ပွဲမှာ ” ပြောင်းလဲလာသော ခေတ်အခြေအနေအရ သင့်လျော်တဲ့ ရွေးကောက်ပွဲစနစ်မျိုးကို ကျင့်သုံးဆောင်ရွက်နိုင်ရေးအတွက် အချိုးကျကိုယ်စားပြု စနစ် (PR) အပါအဝင် ပြောင်းလဲကျင့်သုံးသင့်သည့်ရွေးကောက်ပွဲစနစ်များ”နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်ထားတာပါ။

ဒါပေမယ့် တရားဝင် မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ စုစုပေါင်း ၉၀ ကျော်ရှိပေမယ့် ဆွေးနွေးပွဲကို တက်ရောက်မယ့် ပါတီအများစုက နိုင်ငံရေးအရ ပြည်သူအပေါ် သြဇာသက်ရောက်မှု အားနည်းတဲ့ ပါတီငယ်များနဲ့စစ်ကောင်စီရဲ့ ကျောထောက်နောက်ခံ ပါတီ အများစုသာ ဖြစ်နေတာပါ။

PR စနစ်ဟာ တပါတီ အာဏာရှိတဲ့ အစိုးရတရပ်ကနေ ပါတီများစွာပါတဲ့ ညွှန့်ပေါင်းအစိုးရတရပ် ဖြစ်လာနိုင်တယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်က မှတ်ချက်ပြုပြောဆိုပါတယ်။

စစ်အာဏာသိမ်းအပြီး ဖေဖော်ဝါရီလထဲမှာ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီ ၅၀ကျော်တို့ကို နေပြည်တော်မှာတွေ့ဆုံခဲ့ကြရာမှာ လာမယ့်ရွေးကောက်ပွဲတွေမှာ PR စနစ်ကို သုံးဖို့ ပါတီအချို့က ဆွေးနွေးခဲ့ကြပါတယ်။

PR စနစ်ဟာ တပါတီ အာဏာရှိတဲ့ အစိုးရတရပ်ကနေ ပါတီများစွာပါတဲ့ ညွှန့်ပေါင်းအစိုးရတရပ် ဖြစ်လာနိုင်တယ်လို့ ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်က မှတ်ချက်ပြုပြောဆိုပါတယ်။

“(အခုလက်ရှိ ရွေးကောက်ပွဲစနစ်က) နိုင်တဲ့ ပုဂ္ဂိုလ်ကိုပေးတဲ့ ရာခိုင်နှုန်းလောက်သာ အသိအမှတ်ပြုခြင်း ခံရတယ်ပေါ့။ တဖက်ပုဂ္ဂိုလ်ကို ပေးတဲ့ မဲတွေကတော့ ဆုံးရှုံးသွားတယ်ပေါ့။ တနည်းအားဖြင့် မနိုင်လိုက်တဲ့ ပါတီကိုပေးမိတဲ့ မဲဆန္ဒရှင်တွေရဲ့ကိုယ်စား အနိုင်ရတဲ့ပါတီကဆောင်ရွက်ပေးရတယ်ပေါ့ဗျာ။ ဆိုတော့ ရှုံးသွားတဲ့ ပုဂ္ဂိုလ်ကို ပေးလိုက်တဲ့ မဲဆန္ဒရှင်များရဲ့ ရပိုင်ခွင့်ကို ပြန်ကယ်တင်ဖို့အတွက် PR ဟာ လိုအပ်လာတယ်၊ ဆန္ဒမဲတခု မပျောက်ပျက်ဖို့ PR ဟာ လိုအပ်တယ်” ဟု သူက ရှုမြင်သည်။

ထို့အပြင် ယခုကဲ့သို့ ကာလအချိန်အတောအတွင်းတွင် PR စနစ်ကိုကျင့်သုံးဖို့ အဆင်သင် ဖြစ် မဖြစ်ဆိုသည်မှာ UEC က သုံးသပ် ဆုံးဖြတ်ရမယ့် တာဝန်ဖြစ်ပြီး လူတိုင်းမဲပေးတဲ့ အခွင့်အရေးမဆုံးရှုံးရအောင်နဲ့ ဒီစနစ်ရဲ့ ရလာဒ်အကျိုးအကြောင်းတွေကို လူထုသိအောင် ရှင်းပြပေးရမယ့် တာဝန်မှာ နိုင်ငံရေးပါတီနဲ့ UEC များမှာ တာဝန်ရှိကြောင်း ဆိုပါတယ်။

ဒေါက်တာအေးမောင်က ဆွေးနွေးပွဲနဲ့ ပတ်သက်၍ စစ်ကောင်စီဘက်က ခရီးစရိတ်ထောက်ပံ့ပါက ၎င်းကိုယ်တိုင်ဆွေးနွေးပွဲ တက်ရောက်မည်ဖြစ်ပြီး၊ မထောက်ပံ့ပါက ရန်ကုန်မြို့တွင်ရှိသော ပါတီအဖွဲ့ဝင်များကသာ တက်ရောက်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

တပ်မတော်က ရွေးကောက်ပွဲမဝင်ဘဲနဲ့လည်း သူ့မှာ ၂၅ ရာခိုင်နှုန်းရထားတဲ့ ကိစ္စဟာ ဒါဟာ ဒီမိုကရေစီအတွက် အဟန့်အတားဖြစ်ပါတယ်။ အဲ့ဒီတော့ရှေ့လာမယ့် PR မှာလည်း တပ်မတော်ဘက်က ၂၅ ရာခိုင်နှုန်းယူထားတဲ့ကိစ္စကို လက်မလျော့ဘူး ဒီတိုင်းဘဲ ဆက်သွားမယ်ဆိုရင် ရွေးကောက်ပွဲစနစ်က ဘယ်လိုစနစ်မျိုး ဖြစ်နေပါစေ ပြည်သူလူထုအတွက်ကတော့ အကျိုးဆိုတာထက်ကို အပြစ်ပိုများလိမ့်မယ်

နိုင်ငံရေးအစဉ်အလာရှိပြီး လူအများလေးစားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကတော့ အဲ့ဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ပါတီအတွင်း မည်သည့် အစီအစဉ်မှဆောင်ရွက်ထားခြင်းမရှိသလို လက်ရှိကာလမှာ ပါတီအနေနဲ့ ဆက်လက်ရှိနေ သော်လည်း ပါတီမူဝါဒများနှင့် လမ်းစဉ်များကိုလုပ်ကိုင်ခြင်းမရှိဘဲ ရပ်နားထားကြောင်း ဆိုပါတယ်။

“ PR စနစ်ဘဲ ဖြစ်ဖြစ် နိုင်သူအကုန်ယူတဲ့ စနစ်ဘဲ ဖြစ်ဖြစ် တပ်မတော်အနေနဲ့ နိုင်ငံရေး လောကထဲကနေ ထွက်ခွာသွားဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲဝင်တဲ့သူက ဝင်တယ်၊ တပ်မတော်က ရွေးကောက်ပွဲမဝင်ဘဲနဲ့လည်း သူ့မှာ ၂၅ ရာခိုင်နှုန်းရထားတဲ့ ကိစ္စဟာ ဒါဟာ ဒီမိုကရေစီအတွက် အဟန့်အတားဖြစ်ပါတယ်။ အဲ့ဒီတော့ရှေ့လာမယ့် PR မှာလည်း တပ်မတော်ဘက်က ၂၅ ရာခိုင်နှုန်းယူထားတဲ့ကိစ္စကို လက်မလျော့ဘူး ဒီတိုင်းဘဲ ဆက်သွားမယ်ဆိုရင် ရွေးကောက်ပွဲစနစ်က ဘယ်လိုစနစ်မျိုး ဖြစ်နေပါစေ ပြည်သူလူထုအတွက်ကတော့ အကျိုးဆိုတာထက်ကို အပြစ်ပိုများလိမ့်မယ်လို့မြင်တယ်” လို့ SNLD ဒုတိယဥက္ကဋ္ဌ စိုင်းလိတ်က RFA နှင့် ဆက်သွယ်မေးမြန်းမှုတခုမှာ ဖြေကြားထားပါတယ်။

တိုင်းပြည် မတည်မငြိမ်ဖြစ်နေချိန်အပါအဝင် ပြည်သူလူထု၏ နိုင်ငံရေးရေချိန်အရ အချိုးကျ ကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးရန်မသင့်ဘူးလို့လည်း ၈၈ မျိုးဆက်ကျောင်းသားများနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူ့ပါတီ ရဲ့ ပြောခွင့်ရသူတဦးကလည်း ယခုလို ထောက်ပြပြောဆိုပါတယ်။

“PR စနစ်က ဒီအချိန်ကြီးမှာ ရွေးကောက်ပွဲစနစ် တခုလုံးပြောင်းပစ်လိုက်တာမျိုးက လောလောဆယ်အနေအထားအရ သိပ်အဆင်မပြေဘူးလို့ ယူဆတယ်။ ဒီလို နိုင်ငံရေး ရှုပ်ထွေးနေတဲ့ အချိန်မျိုးမှာ အကြမ်းအားဖြင့် မပြင်သင့်သေးဘူးလို့ ယူဆတယ်။ ကျနော်တို့ နိုင်ငံရဲ့ အနေအထားမျိုးနဲ့ ပြောရင် လက်ရှိ သွားနေတဲ့ စနစ်တောင်လူတွေက အသားမကျသေးတာ၊ PR ဆိုရင် ပြည်သူရဲ့ နားလည်နိုင်မှု ရေချိန်က ခက်ဦးမယ်ထင်တယ်။ ပြီးရင် ကျနော်တို့က စနစ်တခုကို ကျင့်သုံးကြည့်မှ ဘာတွေ ဖြစ်လာမလဲဆိုတာ အဖြေပေါ်လာမှာလေ။ အဲ့ဒီတော့ မတည်ငြိမ်သေးတဲ့ အနေအထားမှာ ကျနော်တို့ နဲ့လုံး၀ စိမ်းနေတဲ့ စနစ်တခုအတွက် မလုပ်သင့်သေးဘူးလို့ ယူဆတာပေါ့လေ။ ရွေးကောက်ပွဲဆိုတာ တိုင်းပြည်တပြည်မှာ မဖြစ်မနေ ဖြတ်ရမယ့် လမ်းစဉ် တခုပေါ့နော်။ မှတ်တိုင်တခုပေါ့။ အခုအချိန်မှာ တိုင်းပြည်က အရမ်းအန္တရာယ်ကြီးတဲ့ ကာလဆိုတော့ သက်ဆိုင်တဲ့ Stakeholderတွေအားလုံး ဆင်ဆင်ခြင်ခြင် စဉ်းစဉ်းစားစားနဲ့ လုပ်သင့်ပါတယ်” လို့ ပြောပါတယ်။

လွှတ်တော်ထဲမှာလည်း ရွေးကောက်ခံလည်း မဟုတ်ဘူး ပြည်သူလူထုရဲ့ ဆန္ဒမဲနဲ့ ဆန့်ကျင်ပြီး လွှတ်တော်ထဲကို ကျူးကျော်နေတဲ့ ၂၅ ရာခိုင်နှုန်း ကလည်း ဆက်ရှိမယ်၊ ဒီဘက်မှာလည်း ရွေးကောက်ပွဲတိုင်းမှာ ရှုံးနေတဲ့ သူ့လက်အောက်ခံ ပါတီတွေကို အနိုင်ရစေချင်တယ်။ သမ္မတဖြစ်ချင်နေတဲ့ ရောဂါကလည်း ရှိသေး။

ရွေးကောက်ပွဲကော်မရှင်က ဖိတ်ကြားတဲ့ အဲ့ဒီဆွေးနွေးပွဲကို ပြည်သူ့ပါတီအနေနဲ့လည်း CEC အဖွဲ့ တွေ့ဆုံဆွေးနွေးပြီးမှ တက်သင့် မတက်သင့် ဆုံးဖြတ်ချသွားမယ်လို့ဆိုပါတယ်။

PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် တိုင်းရင်းသားများရဲ့ အခန်းကဏ္ဍကိုလည်း ထည့်တွက်ရန် လိုအပ်ကြောင်းနဲ့ PR စနစ်ဟာ ဘေးထွက်ဆိုးကျိုးများပြီး ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့သာလျှင် မျက်နှာမူသင့်ကြောင်း၊ တိုင်းပြည်ရဲ့ လက်ရှိ အရှိတရားနဲ့ ဆန့်ကျင်နေတာဖြစ်တဲ့အတွက် ဒီစနစ်ဟာ လုံး၀ မလုပ်သင့်မလုပ်ထိုက်တဲ့ ကိစ္စဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ဆိုပါတယ်။

ဦးထွန်းကြည်က ပြည်သူလူထုဆန္ဒမပါဘဲ ရေးဆွဲထားသည့် ၂၀၀၈ အခြေခံ ဥပဒေတွင်လည်း PR စနစ်ဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် သီးခြား ပြဋ္ဌာန်းထားခြင်း မရှိသည့်အတွက် ၎င်းတို့ ကိုယ်တိုင်းရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေပြဋ္ဌာန်းချက်အပေါ် အရင်ဦးဆုံး မည်သို့ ကျော်လွှားမည်ဆိုသည်ကို မေးခွန်းထုတ်ပြန်မေး လိုကြောင်း ဆိုပါတယ်။

” ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင်ရှုံးတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ စစ်တပ်ကျောထောက်နောက်ခံ ပါတီတွေကိုနိုင်စေချင်နေတယ်။ လွှတ်တော်ထဲမှာလည်း ရွေးကောက်ခံလည်း မဟုတ်ဘူး ပြည်သူလူထုရဲ့ ဆန္ဒမဲနဲ့ ဆန့်ကျင်ပြီး လွှတ်တော်ထဲကို ကျူးကျော်နေတဲ့ ၂၅ ရာခိုင်နှုန်း ကလည်း ဆက်ရှိမယ်၊ ဒီဘက်မှာလည်း ရွေးကောက်ပွဲတိုင်းမှာ ရှုံးနေတဲ့ သူ့လက်အောက်ခံ ပါတီတွေကို အနိုင်ရစေချင်တယ်။ သမ္မတဖြစ်ချင်နေတဲ့ ရောဂါကလည်း ရှိသေး။ ဒါတွေအားလုံး တကယ်ဖြစ်လာအောင် ဘယ်လိုလုပ်မှာလဲ” လို့ သူက ပြောပါတယ်။

မည်သည့်စနစ်ဖြစ် ရွေးကောက်ပွဲလုပ်မည်ဖြစ်စေ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ လူထုဆန္ဒမပါဝင်တာကြောင့် ဖြစ်လာနိုင်စရာမရှိကြောင်းနဲ့ အများနဲ့တစ်ယောက်ဖြစ်နေတာကြောင့် စစ်ခေါင်းဆောင်လုပ်မယ့် ရွေးကောက်ပွဲဆိုတာဟာ စိတ်ကူးယဉ်သက်သက်သာဖြစ်ကြောင်း

အာဏာသိမ်း စစ်ကောင်စီက သွားချင်နေတဲ့ စနစ်ဆိုတာ ဘယ်သူကမှ ရှင်းရှင်းလင်းလင်း မသိရှိကြပေမယ့် ရွေးကောက်ပွဲ ကျင်းပလိုက်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကသာ မဲဆန္ဒနယ်မြေ အများစုမှာ မဲအများစုရပြီး အပြတ်အသတ် အနိုင်ရနေတာကို ကာကွယ်နိုင်ဖို့ ဖြစ်တယ်ဆိုတာ လူအများက သဘောပေါက်ကြပါတယ်။

မကြာသေးခင်က ရွေးကောက်ပွဲကော်မရှင်အနေနဲ့ NLD ပါတီကို ရွေးကောက်ပွဲ မဲလိမ်မဲခိုးမှုများ ကျူးလွန်ကြောင်း ပြောဆိုစွပ်စွဲပြီး ပါတီဖျက်သိမ်းရေး တာစူလာခဲ့ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံက NLD ပါတီကို ပြောင်ပြောင်တင်းတင်း အသိအမှတ်ပြု ဆက်ဆံမှုတွေ ဆက်လုပ်တာကြောင့် ပါတီဖျက်သိမ်းရေး ဘယ်လိုဆက်ဖြစ်မလဲ ပြောမရဘဲ ဖြစ်နေပါတယ်။

NLD မပါဘဲ ရွေးကောက်ပွဲကရော အောင်မြင်စွာ ကျင်းပနိုင်မလားဆိုတဲ့ မေးခွန်းကလည်း ရှိနေပါသေးတယ်။ လက်ရှိမှာ စစ်ကောင်စီရဲ့ ရပ်ကျေးအဆင့် အုပ်ချုပ်ရေးမှူးတွေ ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်မှုတွေ နိုင်ငံတဝန်း ဖြစ်ပွားနေတာကို ကြည့်ရင် ရွေးကောက်ပွဲကို လုံလုံခြုံခြုံ အေးအေးချမ်းချမ်းနဲ့ ကျင်းပနိုင်ဖို့ဆိုတာ လုံးဝ မလွယ်ပါဘူး။

အာဏာသိမ်း စစ်ကောင်စီအနေနဲ့ PR စနစ်ဟာ ပြည်သူလူထုနဲ့ အံဝင်ခွင်ကျ ရှိ မရှိအပေါ် စဉ်းစားချင့်ချိန်ခြင်းမရှိဘဲ ၎င်းတို့ အာဏာတည်မြဲရေးအတွက် ရေရှည် ကြိုးဆွဲလို့ရနိုင်မယ့် စနစ်ကို လုပ်ဖို့ ဆိုင်းပြင်းနေတာလို့ NLD ဗဟို ပြန်ကြားရေးကော်မတီအဖွဲ့ဝင်တဦးက ဆိုပါတယ်။

မည်သည့်စနစ်ဖြစ် ရွေးကောက်ပွဲလုပ်မည်ဖြစ်စေ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲဟာ လူထုဆန္ဒမပါဝင်တာကြောင့် ဖြစ်လာနိုင်စရာမရှိကြောင်းနဲ့ အများနဲ့တစ်ယောက်ဖြစ်နေတာကြောင့် စစ်ခေါင်းဆောင်လုပ်မယ့် ရွေးကောက်ပွဲဆိုတာဟာ စိတ်ကူးယဉ်သက်သက်သာဖြစ်ကြောင်း သူက ဆိုပါတယ်။

“PR စနစ်က ဘယ်လိုမှ ပြည်သူနဲ့ မကိုက်ညီဘူး။ ဘာလို့လည်း ဆိုတော့ စစ်အာဏာရှင်ဟာ သူတို့ဘဲ တိုင်းပြည် အရှင်သခင်၊ သူတို့ ပေးသလောက် ရမယ့် လမ်းညွှန်ဒီမိုကရေစီ၊ Guided Democracy ဘဲ ပေးဖို့ ဆန္ဒရှိတာ။ ဆိုတော့ PR စနစ်ကို ရှေ့တန်းတင်နေတာက ငါတို့ ပေးသလောက် ဒီမိုကရေစီဘဲ ရမယ်။ ပြည်သူတွေက ဒီမိုကရေစီစနစ်နဲ့ အသားမကျသေးဘူး၊ မတန်သေးဘူးလို့ ထင်နေတာ” လို့ ပြောဆိုပါတယ်။

You may also like these stories:

စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်

အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး

ဒေါ်အောင်ဆန်းစုကြည်အပေါ် အရင်ထက် ယခုစစ်အုပ်စုက ပိုငြိုး

NUG နဲ့ NLD အကြား သဘောထားကွဲနေသလား

Loading