“သူတို့ ၄ ခေါက် လာတယ်။ ပထမ လာတုန်းက ၃ ယောက် လာတယ်။ ၃ ယောက်စလုံးက အန်တီ့ကို မုဒိမ်းကျင့်တာ” လို့ ချင်းအမျိုးသမီးငယ် တဦးဖြစ်တဲ့ အီယန် (အမည်လွှဲ)က ပြောပြပါတယ်။
အီယန်ရဲ့ အဒေါ်ဖြစ်သူဟာ နိုဝင်ဘာလ ၁၁ ရက် ညက စစ်သား ၃ ဦးရဲ့ အလှည့်ကျ အဓမ္မပြုကျင့်တာကို တညတည်းမှာ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပါတယ်။
အီယန်ရဲ့ အသက် ၂၇ နှစ်အရွယ် အဒေါ်ဖြစ်သူဟာ မီးဖွားပြီးတာ ၁ လ ကျော် ကာလသာရှိသေးပြီး ကလေးမွေးထားတဲ့ ဒဏ်ရာ အနာမကျက်သေးချိန်မှာပဲ သူမရဲ့ ခင်ပွန်းသည် ရှေ့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ရက်စက်စွာ အဓမ္မပြု ကျင့်မှုကို ကြုံတွေ့ ရင်ဆိုင်လိုက်ရတာပဲ ဖြစ်ပါတယ်။
မီးဖွားပြီးတာ ၁ လ ကျော် ကာလသာရှိသေးပြီး ကလေးမွေးထားတဲ့ ဒဏ်ရာ အနာမကျက်သေးချိန်မှာပဲ သူမရဲ့ ခင်ပွန်းသည် ရှေ့မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ရက်စက်စွာ အဓမ္မပြု ကျင့်မှုကို ကြုံတွေ့ ရင်ဆိုင်လိုက်ရပါတယ်။
“ပြောရမယ့် စကားတောင် ကုန်နေတယ်” လို့ အီယန်ရဲ့ အဒေါ်က ချင်းဘာသာ စကားနဲ့ပဲ ပြောပြခဲ့ပါတယ်။ သူမဟာ ဗမာစကားလည်း မပြောတတ်ပါဘူး။ ဒါကြောင့် တူမဖြစ်သူ အီယန်ကနေတဆင့် ပြောခဲ့တာပါ။
ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကိုတော့ ပြန်ပြောနိုင်စွမ်း မရှိလောက်အောင် နာကျင်နေတဲ့ ကာယကံရှင်ရဲ့ ကိုယ်စား အီယန်ကပဲ ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပါတယ်။
“မလုပ်ပါနဲ့၊ ကလေးမွေးတာလည်း အနာမကျက်သေးဘူးပေါ့။ အဲဒီလိုမျိုး ပြောတာကို မရတာ” လို့ အီယန်က ပြောပြ ပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့ သူမမှာ ကလေး ၃ ယောက်ရှိပြီး အကြီးဆုံး ကလေးက အသက် ၅ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ အဓမ္မပြုကျင့်မှု ခံနေရစဉ်အချိန်မှာတော့ ရင်ခွင်ပိုက် လသားကလေးက သူမရဲ့ အနားမှာ ရှိနေပါတယ်။
လူမမယ် ကလေးငယ်ရဲ့ အသက်ဘေးကို ငဲ့ပြီး လင်မယားနှစ်ယောက်လုံးဟာ ပြန်လည် ခုခံတာတွေ မလုပ်နိုင်ခဲ့ဘူး လို့လည်း ပြန်ပြောပြပါတယ်။
သူမကို အဓမ္မကျင့်နေချိန်မှာ ခင်ပွန်းဖြစ်သူကိုလည်း သေနတ်နဲ့ ချိန်ထားပြီး မှောက်ခိုင်းထားပါတယ်။ ခေါင်းထောင်တာနဲ့ ရိုက်နှက် နှိပ်စက်ခဲ့ပါသေးတယ်။
ဒီအဖြစ်အပျက်ဟာ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ အပ်လွယ် (Aklui Khua) ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် စခန်းချပြီး ၅ ရက်မြောက်နေ့မှာ ဖြစ်ပျက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ဟာ ချင်းပြည်နယ် တီးတိန်မြို့နယ်၊ အပ်လွယ် (Aklui Khua) ကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် စခန်းချပြီး ၅ ရက်မြောက်နေ့မှာ ဖြစ်ပျက်ခဲ့တာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ သူတို့ကို ပြင်းပြင်းထန်ထန် တော်လှန်တိုက်ခိုက်နေတဲ့ ချင်းပြည်နယ်ကို စစ်အင်အားတွေ တိုးချဲ့ပြီး နယ်မြေ စိုးမိုးဖို့ လုပ်နေရာမှာ ကလေးမြို့ကနေ တီးတိန်ဘက်သွားတဲ့ ကားလမ်းဘေးမှာရှိတဲ့ အပ်လွယ်ကျေးရွာကို လည်း ရောက်ရှိလာတာပါ။
ရောက်ရှိလာပြီးနောက်မှာတော့ မူးယစ်သောက်စားထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အီယန်ရဲ့ အဒေါ် နေအိမ်ကို ဝင်ရောက် စော်ကားတာအပြင် အခြားရာဇဝတ်မှုတွေကိုလည်း ကျူးလွန်ခဲ့ပါသေးတယ်။
အဲဒီလို ရာဇဝတ်မှုတွေထဲမှာမှ အထိခိုက်ရဆုံး သားကောင်ဖြစ်ခဲ့ရတဲ့ အီယန်ရဲ့ အဒေါ်ဖြစ်သူဟာ ဒီဖြစ်ရပ်ဆိုးကြီးကို အများ မသိအောင် ကွယ်ဝှက်ထားချင်ပေမယ့် မခံစားနိုင်တော့တာကြောင့်လည်း ဒေသခံ ကာကွယ်ရေး အဖွဲ့ တဖွဲ့ဖြစ်တဲ့ Civic Defense Milita – CDM – Siyin ကို ကိုယ်တိုင် တိုင်ကြားခဲ့တာလည်း ဖြစ်ပါတယ်။
နိုဝင်ဘာလ ၁၁ ရက်ည ၁၁ နာရီမှာ စစ်ကောင်စီတပ်သား ၃ ယောက်ဟာ အီယန်ရဲ့ အဒေါ် နေအိမ်ကို ရောက်လာပြီး ခင်ပွန်းဖြစ်သူကို ခေါင်းကွဲအောင် ရိုက်နှက်ခဲ့ပါတယ်။
အဲဒီနောက်တော့ စစ်သား၂ ယောက်က အိမ်ရှင်အမျိုးသားကို သေနတ်နဲ့ ချိန်ထားပြီး တယောက်က အီယန်ရဲ့ အဒေါ် ကို အဓမ္မပြုကျင့်ပါတယ်။ အဲဒီလိုနည်းနဲ့ သုံးယောက်လုံး တလှည့်စီ အဓမ္မပြုကျင့်ခဲ့ကြတာပါပဲ ဖြစ်ပါတယ်။
အဲဒီနောက် ပြန်သွားကြပြီး ည ၁၁ နာရီခွဲ ကျော်လောက်မှာ ဒုတိယအကြိမ် ထပ်ရောက်လာပြီး စစ်သား ၂ ယောက်က အိမ်ထဲဝင်လာပြီး ထပ်မံ မုဒိမ်းကျင့်ကြပြန်ပါတယ်။
နောက်ထပ် နှစ်ကြိမ် ထပ်ရောက်လာပေမယ့် မုဒိမ်း ထပ်မကျင့်တော့ဘဲ အိမ်ထဲက ဖုန်း ၁ လုံး၊ Power Bank၊ ဖုန်းအားသွင်းကြိုး၊ ပိုက်ဆံ ၁၈၀၀၀ နဲ့ ရွှေနားကပ်ကို လုယူသွားကြပါတယ်။
ဒီဖြစ်စဉ် အသေးစိတ်ကို Civic Defense Milita – CDM – Siyin ကို နိုဝင်ဘာလ ၁၄ ရက်မှာ တိုင်ကြားခဲ့ပြီးနောက် ထိခိုက်နစ်နာခဲ့ရသူတွေကို လုံခြုံရာကို ရွှေ့ပြောင်းပေးထားတယ်လို့ CDM- Siyin က တာဝန်ရှိသူက ဆိုပါတယ်။
မိန်းမတယောက်ကို မုဒိမ်းကျင့်တယ်ဆိုတာ တကယ် အောက်တန်းကျတဲ့ လုပ်ရပ်ဗျ။ သူ့ယောက်ျား ရှိတယ်လေ။ ကလေးလည်း ၁ လခွဲလောက်ပဲ ရှိတယ်လေ။ အဲဒါကို မုဒိမ်းကျင့်တယ်ဆိုတာ တကယ့် အောက်တန်းစား လုပ်ရပ် လေ
“မိန်းမတယောက်ကို မုဒိမ်းကျင့်တယ်ဆိုတာ တကယ် အောက်တန်းကျတဲ့ လုပ်ရပ်ဗျ။ သူ့ယောက်ျား ရှိတယ်လေ။ ကလေးလည်း ၁ လခွဲလောက်ပဲ ရှိတယ်လေ။ အဲဒါကို မုဒိမ်းကျင့်တယ်ဆိုတာ တကယ့် အောက်တန်းစား လုပ်ရပ် လေ” လို့ သူက ဒေါသသံအပြည့်နဲ့ ပြောပါတယ်။
ဒီအဖြစ်အပျက်ဟာ ချင်းတမျိုးသားလုံးကို စော်ကားတာဖြစ်ပြီး မိမိတို့ ချင်းအမျိုးသမီးတွေကို ထိပါးနှောင့်ယှက် စော် ကားခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ပြင်းပြန်းထန်ထန် ရှုတ်ချပြီး ဒီလို အနိုင်ကျင့် စော်ကားမှုအတွက် လက်တုံ့ပြန် သွားမယ်လို့ Civic Defense Milita – CDM Siyin က ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို ဖြစ်ရပ်မျိုးဟာ ချင်းအမျိုးသမီးတွေကိုသာမက ဘယ်အမျိုးသမီးတွေကိုမှ မလုပ်ဆောင်ရမယ့် လုပ်ရပ်ပါ။
ရွာခံတွေဆီကနေ စုံစမ်းသိရှိရတဲ့ အချက်တွေအရတော့ အဲဒီရွာမှာ တပ်စွဲတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ယူနီဖောင်း လက်မောင်းက ဘတ်တံဆိပ်က ၂၂ လို့ ရေးထားတယ်လို့ သိရပါတယ်။
လက်မောင်းပေါ်မှာ ရေးထိုးထားတဲ့ ၂၂ အရ ဆိုရင် အဲဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အမှတ် ၂၂ ခြေမြန်တပ်မ ဌာနချုပ် (တမခ ၂၂ ) ကလို့ ယူဆရပါတယ်။ တမခ ၂၂ ဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်က ခြေမြန် တပ်မဌာနချုပ်တခုလည်း ဖြစ်ပါတယ်။
ဒါပေမယ့် တမခတွေဟာ ကက (ကြည်း) (စစ်ဆင်ရေး)ရဲ့ တိုက်ရိုက် ကွပ်ကဲစီမံတဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့တွေ ဖြစ်တာကြောင့် ပုံသေတပ်စွဲတဲ့ စစ်နယ်ပုံသေမရှိဘဲ ရန်သူရဲ့ အင်အားအပေါ် မူတည် ရွှေ့ပြောင်းတတ်တဲ့ တပ်ဖွဲ့တွေ ဖြစ်တဲ့ အတွက် ဒေသခံကာကွယ်ရေးတပ်တွေနဲ့ အပြင်းအထန် ရင်ဆိုင်နေရတဲ့ ချင်းပြည်နယ်ကို ရောက်ရှိနေတာလို့လည်း စစ်ကောင်စီနဲ့ နီးစပ်သူ အချို့ထံကနေ သိရပါတယ်။
အီယန်ရဲ့ အဒေါ်ဖြစ်တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့တော့ အဲဒီ တပ်စခန်းက အရာရှိလို့ ယူဆရဟန် ရှိသူက ခေါ်ယူ တောင်းပန်ခဲ့တယ် လို့ ဆိုပါတယ်။
အီယန်ရဲ့ အဒေါ်ဖြစ်တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့တော့ အဲဒီ တပ်စခန်းက အရာရှိလို့ ယူဆရဟန် ရှိသူက ခေါ်ယူ တောင်းပန်ခဲ့တယ် လို့ ဆိုပါတယ်။
ကျူးလွန်ခဲ့သူတွေထဲက တဦးကိုတော့ လက်နောက်ပြန်ကြိုးတုပ် ချည်နှောင်ထားပြီး ရိုက်နှက်ခံထားရဟန် တူပေမယ့် ဘယ်လို အရေးယူမယ် ဆိုတာတော့ မသိခဲ့ရပါဘူး။
“မျက်နှာမှာလည်း ဖောင်းကားနေတာပေါ့။ သွေးတွေလည်း ပေပြီး၊ စစ်သားတွေက သူတို့ သူငယ်ချင်းကို ထိုးတာနေ မှာပေါ့။ အပြင်မှာ ကြိုးနဲ့ ချည်ထားတယ်တဲ့။ တညလုံး ထားထားတယ်တဲ့” လို့ စစ်ကောင်စီတပ်ဖွဲ့က တောင်းပန်မယ် ဆိုပြီး ခေါ်ယူခဲ့လို့ သွားရောက်စဉ်က မြင်ခဲ့ရတဲ့ အခြေအနေကို အီယန်ကတဆင့် ပြန်ပြောပြပါတယ်။
ဒါပေမယ့်လည်း ကျူးလွန်သူက သူတယောက်တည်း ကျူးလွန်ခဲ့တာပါ ဆိုပြီး အခြားကျူးလွန်သူ နှစ်ဦးကို ဖုုံးကွယ် ပေးထားပါတယ်။
“အဲဒီအဖမ်းခံရတဲ့ ၁ ယောက်က ကျနော်တယောက်တည်းပဲတဲ့။ အဲဒီလို ပြောတဲ့အခါကျတော့ ကျန်တဲ့ ၂ ယောက်က လွတ်သွားတာ။ အဲဒီ ၂ ယောက် တပ်ထဲမှာ ရှိတယ်။ ဘယ်သူမှန်း မသိဘူး” လို့ အီယန်က ဆိုပါတယ်။
လုယက်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်ပေးခဲ့တာက လွဲလို့ ကျူးလွန်သူတွေကို ဘယ်လိုအရေးယူမယ် ဆိုတာ ရှင်းရှင်းလင်း လင်း မရှိပါဘူး။
စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ သူတို့ ရောက်ရှိရာနေရာမှာ ဒေသခံတွေကို ရိုက်နှက် နှိပ်စက် ညှဉ်းပန်းတာတွေ၊ ကျေးရွာနေအိမ်တွေကို မီးရှို့တာတွေ၊ ပစ္စည်းတွေကို လုယက်ယူငင်တာတွေက အလေ့အထလို ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေကပဲ ချင်းပြည်နယ်ရဲ့ လှပတဲ့ တောင်ပေါ်မြို့ဖြစ်တဲ့ ထန်တလန်ကို မီးတိုက်ပစ်ခဲ့ပါသေးတယ်။
မင်းတပ်မြို့နယ်ထဲက ရွာအများအပြားမှာလည်း လုယက်ခံရတာ၊ ဖျက်ဆီးခံရတာတွေ ကြုံတွေ့နေပါတယ်။
ဆိုးရွားလှတဲ့ အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်ကလည်း ရှမ်း ပြည်နယ်၊ ကွတ်ခိုင်မြို့နယ်မှာ အသက် ၆၂ အရွယ် ကချင်အဖွားအိုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက မုဒိမ်းပြုကျင့်ခဲ့ပါ သေးတယ်။
ဆိုးရွားလှတဲ့ အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်ကလည်း ရှမ်း ပြည်နယ်၊ ကွတ်ခိုင်မြို့နယ်မှာ အသက် ၆၂ အရွယ် ကချင်အဖွားအိုကို စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက မုဒိမ်းပြုကျင့်ခဲ့ပါ သေးတယ်။
ဒီကျူးလွန်တဲ့ တပ်သားကို စစ်စည်းကမ်းအရ အရေးယူသွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက နိုဝင် ဘာလ ၁၁ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
တိုင်းရင်းသား ဒေသတွေက အလားတူ အဖြစ်အပျက်တွေကို မှတ်တမ်းတင်လေ့ရှိတဲ့ မြန်မာ့အမျိုးသမီး သမဂ္ဂအဖွဲ့ရဲ့ အကြံပေး ဒေါ်တင်တင်ညိုကလည်း စစ်အုပ်စုနဲ့ စစ်ကောင်စီဟာ ဒီလိုအဖြစ်အပျက်တွေမှာ အရေးယူတာ၊ တရားစီရင်တာဟာ မရှိသလောက်ပဲလို့ သုံးသပ်ပါတယ်။
“ဒီလိုမျိုးကိစ္စတွေ ကြားနေသိနေရင်တောင် စစ်ကောင်စီက အရေးတယူနဲ့ အပြစ်ပေးသွားတဲ့ ကိစ္စမျိုး လုပ်လေ့လုပ်ထ မရှိဘူး။ အများက တိုင်မယ် ပြုမယ်။ ဟိုးလေးတကျော် ဖြစ်သွားရင်တော့ ဒီတပ်သားကိုတော့ အပြစ်ပေးလိုက်ပါတယ် လို့ ပြောလိုက်ကောင်း ပြောလိုက်မယ်။ ဒါပေမယ့် တကယ့်တကယ်ကျတော့ ပွင့်လင်းမြင်သာတဲ့ တရားစီရင်မှု စနစ်ဆို တာ မရှိဘူး” လို့ သူက ဆက်ပြောပါတယ်။
လက်မောင်းတံဆိပ်တွေအရ တမခ ၂၂ ကလို့ ယူဆရတဲ့ စစ်သားတွေဟာ အပ်လွယ်ရွာက အိမ် ၅ အိမ်ကိုဝင်ပြီး ဖုန်း၊ နားကပ်၊ ပိုက်ဆံတွေ လုယူကြပါတယ်။ ရွာထဲက နေအိမ်တအိမ်မှာ ဆိုရင်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးကို လက်နောက်ပြန်ကြိုးတုတ်ပြီးတော့ သူ့ရှေ့မှာ ယောက်ျားကိုရိုက်နှက်တာမျိုး ဖြစ်ပွားခဲ့သေးတယ်လို့ ဒေသခံတွေဆီက နေသိရပါတယ်။
ခုတော့ အပ်လွယ်ရွာမှာ စခန်းချခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းကတည်းက တီးတိန်နဲ့ ဖလမ်း လမ်းဆုံမှာရှိတဲ့ သိုင်းငင်းဆိုတဲ့ ရွာက တပ်တွေဆီကို အင်အားစုပြီး ပြောင်းရွှေ့သွားခဲ့ကြပြီလို့ သိရပါတယ်။
စစ်ကောင်စီ တပ်ဖွဲ့တွေအနေနဲ့ ဒီလိုအဖြစ်အပျက်တွေကို တရားသဖြင့် စီရင် အရေးယူသင့်တယ်လို့ CDM Siyin က တာဝန်ရှိသူက တိုက်တွန်းပါတယ်။
သူက “သူတို့မှာလည်း အဖွဲ့အစည်းတွေ ရှိတာပဲ။ စစ်ခုံရုံးတို့ ဘာတို့ပေါ့။ ထိရောက်စွာ အရေးယူသင့်တယ်။ တရားသဖြင့် စီရင်ခိုင်းသင့်တယ်။ နောက်နောင် ဘယ်သူမဆို အဲဒီလိုမျိုး မစော်ကားဖြစ်အောင်” လို့ ဆိုပါတယ်။
ကျနော် ချင်း ဖြစ်လို့ အဲဒီလိုမျိုး ပြောတာ မဟုတ်ဘူး။ လူမျိုးတိုင်းကို အဲဒီလိုမျိုး အဖြစ် မခံစေချင်ဘူး။ လူလူချင်းပဲ။ လက်နက်ကိုင်ပြီး အနိုင်ကျင့်တာမျိုး ဘယ်တော့မှ မဖြစ်စေချင်ပါဘူး
“ကျနော် ချင်း ဖြစ်လို့ အဲဒီလိုမျိုး ပြောတာ မဟုတ်ဘူး။ လူမျိုးတိုင်းကို အဲဒီလိုမျိုး အဖြစ် မခံစေချင်ဘူး။ လူလူချင်းပဲ။ လက်နက်ကိုင်ပြီး အနိုင်ကျင့်တာမျိုး ဘယ်တော့မှ မဖြစ်စေချင်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။
ဒါပေမယ့်လည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ ထိထိရောက်ရောက် အရေးယူဖို့ နေနေသာ အောက်လက်ငယ်သားတွေ လုပ်တာဖြစ်လို့ သူတို့ မသိဘူးလို့တော့ ငြင်းချက် ထုတ်လေ့ရှိသလို၊ အာဏာသိမ်း စစ်တပ်ဆီက ဘာကိုမှ မျှော်လင့် လို့ မရဘူး ဆိုတာကိုလည်း ပြည်သူတွေက လက်ခံထားကြပါတယ်။
“ခံခဲ့ရသူက ခံပြီးပြီ။ လုပ်သွားတဲ့သူက လုပ်သွားတယ်။ သူတို့ကတော့ ပြောမှာပဲ အထက်က မသိဘူး ဘာညာပြော မှာပဲလို့။ အပေါ်က လူတွေက အောက်က ငယ်သားတွေကို မထိန်းချုပ်နိုင်ဘူး။ အသွင်တူ အကြံတူတွေပဲ” လို့ ဒေသခံ တဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အဓမ္မပြုကျင့်မှုတွေကို သူတို့ တပ်စွဲရာ နေရာတွေမှာ ကြုံတွေ့ရတာကလည်း အစဉ်အလာ လို ဖြစ်နေပါတယ်။
မငြိမ်းချမ်းတဲ့ တိုင်းရင်းသားဒေသတွေက အမျိုးသမီးတွေ၊ ဒေသခံတွေဟာ ဒီလို အဖြစ်အပျက်၊ ဒဏ်ရာ ဒဏ်ချက်နဲ့ စစ်ရဲ့ အနိဋ္ဌာရုံကို အမြဲတမ်း ရင်ဆိုင်ကျော်ဖြတ်နေရတယ်လို့ ဒေါ်တင်တင်ညိုက ဆိုပါတယ်။
“ဟိုးအရင် နှစ်ပေါင်းများစွာကလည်း အမျိုးသမီးတွေဟာ မုဒိမ်းကျင့်ခံခဲ့ရတယ်။ တရားမျှတမှုတွေ မရရှိခဲ့ဘူး။ ခုဆို ပိုဆိုးတာပေါ့။ ဘာပဲလုပ်လုပ် အရေးယူမှုတွေ မရှိဘူး။ အပြစ်ပေးမှာ မဟုတ်ဘူးဆိုတဲ့ နားလည်မှုက ရှိနေတယ်” လို့ သူက ဆိုပါတယ်။
ဒီအဖြစ်အပျက်တွေမှာ ခံရသူတွေဟာ ရင်နင့်အောင် ခံစားရပြီး တဘဝစာ ဒဏ်ရာဒဏ်ချက်တွေနဲ့ အထိတ်ထိတ် အလန့်လန့်နေကြရပါတော့တယ်။ အီယန်ရဲ့ အဒေါ်ဟာလည်း ခုဆိုရင် ခွေးဟောင်သံကြားရင်တောင် ထိတ်လန့်နေ ရတဲ့သူ ဖြစ်နေပါပြီ။
“သူက စကားသိပ်မပြောဘူး။ အရမ်းတော့ လန့်နေတာပေါ့။ ခွေးဟောင်ရင်တောင် သူလန့်နေတာ အရမ်းလန့်သွားတာ။ အရင်နဲ့ မတူဘူး” လို့ အီယန်က ပြောပြပါတယ်။
အီယန်ရဲ့ အဒေါ် ကိုယ်တိုင်လည်း ဒီအဖြစ်အပျက်ပေါ်မှာ နာကြည်းစွာ ခံစားနေရပြီး ဒါနဲ့ ပတ်သက်လို့ သူရဲ့ တခုတည်း သော တောင်းဆိုချက်ကိုလည်း ပြောပြရှာပါတယ်။
နာကျင်ကြေကွဲနေတဲ့ကြားက သူ့လို ခံစားချက်မျိုး၊ သူ့လို အဖြစ်ဆိုးမျိုး တခြားသူတွေကို ထပ်မခံစားစေချင်တော့ ပါဘူး။
သူက “အခြား ရောက်တဲ့နေရာမှာလည်း အဲဒီလို မပြုကျင့်ဖို့ မှာချင်တယ်။ တခြားနေရာရောက်တဲ့ အခါကျရင် ကျမလို မလုပ်ဖို့ မှာချင်တယ်” လို့ ဆိုပါတယ်။
You may also like these stories :
ကလေးငယ် ၇၆၀၀၀ ကျော် နေရပ်စွန့်ခွာရပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများ တောထဲတွင် ဖွားမြင်နေရ
စစ်ကောင်စီ မြေမြှုပ်မိုင်းများက အရပ်သားများကို ပစ်မှတ်ထား
ချင်းတောင်တန်းအတွက် တာဝန်ကျေခဲ့တဲ့ ဦးနိန်ကီးယော
ချင်းက မသန်စွမ်း စစ်ရှောင်တွေကို ကူညီပါ