• English
Wednesday, September 27, 2023
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

    ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

    တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

    တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

    ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

    ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

    အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

    အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

    ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

    ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

    တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

    တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

    အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

    အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

    အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

    အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

    စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

    စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home ဆောင်းပါး

          NUG က လုပ်ကြံသတ်ဖြတ်မည့် စာရင်းသွင်းထားဟု စစ်တပ်နှင့် နီးစပ်သူများ နိုင်ငံတကာကို စာပို့

          by ဧရာဝတီ
          17 November 2021
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          ဦးအောင်နိုင်ဦး (နောက်ဆုံးတန်း ဝဲမှ ဒုတိယ)၊ ဦးလှမောင်ရွှေ (နောက်ဆုံးတန်း ဝဲမှ တတိယ)နှင့် ဦးမင်းဇော်ဦး (အလယ်တန်း ဝဲမှ တတိယ)တို့ကို ၂၀၁၅ ခုနှစ် မတ်လ ဦးသိန်းစိန်အစိုးရလက်ထက် NCA မူကြမ်း လက်မှတ်ရေးထိုးပွဲတွင် တွေ့ရစဉ် / ဧရာဝတီ 

          24.4k
          VIEWS
          Share on FacebookShare on Twitter

          မြန်မာစစ်တပ်နှင့် နီးစပ်ပြီး ယခင် စစ်သားတပိုင်းအစိုးရအပြင် လက်ရှိစစ်ကောင်စီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်နေသူ ၃ ဦးက ၎င်းတို့ကို စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်း၏ လက်နက်ကိုင်အဖွဲ့အစည်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က လုပ်ကြံသတ်ဖြတ်ရန် စာရင်းသွင်းထားကြောင်း ၎င်းတို့အနက် တဦးက နိုင်ငံတကာသံရုံးများသို့ စာပေးပို့ခဲ့သည်။

          ဧရာဝတီက ဖတ်ရှုခဲ့သော ထိုစာ၏ ရည်ရွယ်ချက်မှာ ၎င်းတို့ ၃ ဦးသည် NUG နှင့် PDF တို့က အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံနေရကြောင်း သံတမန်များကို သတိပေးရန်နှင့် သံတမန်များအနေဖြင့် ထိုအဖွဲအစည်းများကို သင့်တော်သလို အရေးယူပေးရန် တိုက်တွန်းရန်ဖြစ်သည်။ စစ်ကောင်စီကို ထောက်ခံ သို့မဟုတ် ပူးပေါင်းလုပ်ဆောင်သည့် စီးပွားရေးသမားများ၊ နိုင်ငံရေးသမားများ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ အနုပညာရှင်များလည်း ခြိမ်းခြောက်မှုခံနေရကြောင်း ထိုစာတွင် ရေးသားထားသည်။

          RelatedPosts

          အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

          အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

          27 September 2023
          445
          ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

          ပုသိမ်ထောင်ဆူမှု၌ ပါဝင်သူ ၆၃ ဦးကို ပြစ်ဒဏ်များထပ်တိုးချ

          27 September 2023
          408
          တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

          တရုတ်သတ္တုမိုင်းများ စစ်ကောင်စီ အကြမ်းဖက်စစ်ဆင်ရေးကို အားပေးနေ

          27 September 2023
          858

          “ဦးလှမောင်ရွှေ၊ ဒေါက်တာမင်းဇော်ဦး (MIPS) နှင့် မိမိတို့အပေါ် NUG/PDF က ထုတ်ပြန်ထားသည့် လျှို့ဝှက် အသက်အန္တရာယ် ခြိမ်းခြောက်မှုကို သင်တို့ ဂရုပြုစေလိုသည်” ဟု ဦးအောင်နိုင်ဦးက ရေးသားပြီး “ပစ်မှတ်ထားသတ်ဖြတ်ခြင်းသည် သင်တို့အမြတ်တနိုးထားသော စံနှုန်းများနှင့်တန်ဖိုးများအားလုံးနှင့် ဆန့်ကျင်ဘက်ဖြစ်သည်” ဟုလည်း ဆက်လက်ဖေါ်ပြသည်။

          NUG ကို ဖြုတ်ချခံအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များနှင့် ၎င်းတို့၏ တိုင်းရင်းသား မဟာမိတ်များက ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီ၏ တရားဝင်မှုကို စိန်ခေါ်ရန် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုစင်ပြိုင်အစိုးရသည် စစ်ကောင်စီကို ဖြုတ်ချရန်နှင့် စစ်ကောင်စီတပ်များ၏ ရက်စက်ကြမ်းကြုတ်မှုများမှ ပြည်သူများကို အကာအကွယ်ပေးရန် PDF တပ်များကိုလည်း ဖွဲ့စည်းထားသည်။ ယနေ့မြန်မာနိုင်ငံတဝှမ်းတွင် ဒေသအလိုက်ဖွဲ့စည်းထားသည့် အရပ်သားတပ်ဖွဲ့ ရာပေါင်းများစွာ ရှိနေသည်။ အချို့သည် NUG ၏ ထိန်းချုပ်မှုအောက်တွင်ရှိသော်လည်း အချို့မှာ မရှိပေ။ ၎င်းတို့၏လှုပ်ရှားမှုများတွင်ပစ်ပြီးပြေးသည့် လှုပ်ရှားမှုများ၊ ဗုံးထောင်တိုက်ခိုက်မှုများ၊ စစ်ကောင်စီခန့်အရာရှိများနှင့် ဒလန်များကို သတ်ဖြတ်မှုများမှသည် စစ်ကောင်စီတပ်များကို ချုံခိုတိုက်ခိုက်ခြင်းအထိ ပါဝင်သည်။ စစ်ကောင်စီက ထိုအဖွဲ့များကို အကြမ်းဖက်သမားများဟု တံဆိပ်ကပ်သည်။

          ဧရာဝတီက ဖတ်ရှုခဲ့သော ထိုစာ၏ ရည်ရွယ်ချက်မှာ ၎င်းတို့ ၃ ဦးသည် NUG နှင့် PDF တို့က အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံနေရကြောင်း သံတမန်များကို သတိပေးရန်နှင့် သံတမန်များအနေဖြင့် ထိုအဖွဲအစည်းများကို သင့်တော်သလို အရေးယူပေးရန် တိုက်တွန်းရန်ဖြစ်သည်။

          ထိုစွပ်စွဲချက်ကို NUG က လွန်ခဲ့သော တနင်္လာနေ့က ပယ်ချခဲ့သည်။ NUG ပြောခွင့်ရသူ ဒေါက်တာဆာဆာက ၎င်းတို့တွင် ပစ်မှတ်ထားသည့် စာရင်းမရှိကြောင်းပြောပြီး “NUG သည် စစ်အုပ်စုကဲ့သို့ ရိုင်းစိုင်းယုတ်မာမှုများ မလုပ်ကြောင်၊း မလုပ်ခဲ့ကြောင်းနှင့် နောင်တွင်လည်း လုပ်မည်မဟုတ်” ဟု ဖြည့်စွက်ပြောသည်။

          ၎င်းတို့၏ အဆက်အသွယ်များမှတဆင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘရပ်ဆဲလ်၊ ကင်ဘာရာ၊ လန်ဒန်နှင့် အခြားနိုင်ငံများအပါအဝင် အစိုးရအရာရှိများထံ ထိုတိုင်ကြားစာကို ပေးပို့မည်ဖြစ်ကြောင်း ၎င်းတို့သည် NUG/PDF များကို ကူညီနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း ၎င်းတို့ဆက်သွယ်မည်ဖြစ်ကြောင်း ထိုစာအရသိရသည်။

          စိတ်ကူးယဉ်စာရင်းလား

          ထိုစာကို ရေးသားသူက ၎င်းတို့သည် ပစ်မှတ်စာရင်းတွင်ပါသည်ဆိုသည့် အချက်နှင့်ပတ်သက်သည့် ခိုင်မာသော အထောက်အထားပေးနိုင်ခြင်း မရှ်ိပေ။ ထို့အပြင် ၎င်းတို့ ၃ ဦးသည် တိုက်ရိုက်ခြိမ်းခြောက်မှု လက်ခံရရှိခြင်း ရှိ မရှိကိုလည်း ဖေါ်ပြထားခြင်းမရှိသလို ထိုစာရင်း ရှိ မရှိကိုလည်း အတည်ပြုခြင်းမရှိပေ။ ထိုစာကို ရေးသားသူက NUG/PDF တွင် မိတ်ဆွေတဦးရှိပြီး လွန်စွာယုံကြည်အားထားလောက်သည့် သတင်းရင်မြစ်တခုက နိုဝင်ဘာလ ၆ ရက်နေ့တွင် ဖုန်းဆက်ပြီး ၎င်းတို့ ၃ ဦးအပေါ် ခြိမ်းခြောက်မှုကို သတိပေးကြောင်း ဖေါ်ပြထားသည်။

          NUG/PDF သည် စစ်ကောင်စီဒလန်ဟု သံသယရှိသည့် လက်နက်မဲ့အရပ်သားများကို ပစ်မှတ်ထား သတ်ဖြတ်မှုကျူးလွန်နေကြောင်း ပြောပြီး ထိုစာကိုရေးသားသူက NUG/PDF သည် ထိုလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ၎င်းတို့ ၃ ဦးနှင့် အခြားသူများကို ဦးစားပေးပစ်မှတ်စာရင်းတွင် ထည့်သွင်းထားကြောင်း ဖေါ်ပြသည်။

          “ခြိမ်းခြောက်မှု အမှန်တကယ်ရှိနေသောကြောင့် မိမိတို့လွန်စွာ စိုးရိမ်နေရသည်” ဟု ဦးအောင်နိုင်ဦး ဆက်လက်ရေးသားသည်။

          NUG/PDF သည် စစ်ကောင်စီဒလန်ဟု သံသယရှိသည့် လက်နက်မဲ့အရပ်သားများကို ပစ်မှတ်ထား သတ်ဖြတ်မှုကျူးလွန်နေကြောင်း ပြောပြီး ထိုစာကိုရေးသားသူက NUG/PDF သည် ထိုလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ၎င်းတို့ ၃ ဦးနှင့် အခြားသူများကို ဦးစားပေးပစ်မှတ်စာရင်းတွင် ထည့်သွင်းထားကြောင်း ဖေါ်ပြသည်။

          သို့သော် NUG အစိုးရ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MONREC) ကို ဦးဆောင်သူ ဒေါက်တာ ထုခေါင်က ၎င်းတို့ ၃ ဦးသည် ထိုခြိမ်းခြောက်မှုကို အလေးအနက်ထားလျှင် ထိုပြဿနာကို မည်သည့်အတွက် NUG နှင့် ဦးစွာ မဆွေးနွေးရသနည်းဟု မေးခွန်းထုတ်သည်။ NUG ခေါင်းဆောင်ပိုင်းတွင် ၎င်းတို့နှင့် ရင်းနှီးသော မိတ်ဆွေများရှိသောကြောင့် ထိုသို့မေးခွန်း ထုတ်ရခြင်းဖြစ်သည်။

          “သူတို့အနေနဲ့ NUG ထဲက မိတ်ဆွေတွေကို အချိန်မရွေး ဆက်သွယ်လို့ရတယ်။ ဒါပေမယ့် အဲ့ဒီလို မလုပ်ဘဲနဲ့ သံရုံးတွေကို လျှို့ဝှက်စာပို့တယ်။ ကျနော်ကတော့ ဒါဟာ မရိုးသားဘူးလို့ ထင်တယ်။ ကျနော်တို့မှာ ပစ်မှတ်စာရင်း အမှန်တကယ်ကို မရှိဘူး။ ဒါမျိုးတွေကို ဆွေးနွေးတာမျိုးတောင် မရှိဘူး” ဟုလည်း ဧရာဝတီ သတင်းဌာနသို့ သူပြောသည်။

          သံရုံးများသို့ပေးပို့သောစာတွင် ဦးအောင်နိုင်ဦးက NUG/PDF တို့၏ ခြေလွန်လက်လွန် ကိစ္စများကို သင့်တော်သလို အရေးယူပေးရန် သံတမန်များနှင့် အခြားသူများကို ပူဆာပြီး “NUG/PDF များသည် ၎င်းတို့ ကိုယ်တိုင်တိုက်ခိုက်နေသည့် မကောင်းဆိုးရွားများဖြစ်မလာအောင် တားဆီးရန် သင်တို့တွင် ကျင့်ဝတ်နှင့် နိုင်ငံရေး အခွင့်အာဏာ ရှိသည်ဟု မိမိယုံကြည်သည်” ဟုလည်း ဆက်လက်ရေးသားသည်။

          “လွန်ခဲ့သော လအနည်းငယ်အတွင်း NUG/PDF က သတ်ဖြတ်ခဲ့သည့် လက်နက်မဲ့ အရပ်အသား အရေအတွက်ကြောင့် လက်ရှိ ပဋိပက္ခတွင် ဘက်မလိုက်သော မိမိ၊ မိမိ၏ လုပ်ဖေါ်ကိုင်ဖက်များနှင့် အခြားသူများအပေါ် ယခု ခြိမ်းခြောက်မှုကို မိမိတို့လွန်စွာ အလေးအနက်ထားသည်” ဟုလည်း သူ ရေးသည်။

          သူတို့ ၃ ယောက်သည် မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်ကြောင်း ပြောကြားပြီး မြန်မာနိုင်ငံမှ ပဋိပက္ခဖြေရှင်းရေးအတွက် အယူအဆအမျိုးမျိုးကြောင့် ၎င်းတို့သည် စစ်တပ်ကို ထောက်ခံ သို့မဟုတ် စစ်တပ်အတွက် အလုပ်လုပ်ပေးသည်ဟု သဘောမသက်ရောက်ကြောင်းနှင့် ၎င်းတို့သည် စစ်တပ်သာမက အခြားမည်သည့်အဖွဲ့အစည်း မဆိုအပါဝင် မည်သူက ကျူးလွန်သည့် အကြမ်းဖက်မှုကို မဆို ရှုတ်ချကြောင်းလည်း သူရေးသည်။

          ဦးလှမောင်ရွှေ (ဝဲမှ တတိယ)၊ ဝန်ကြီးတဖြစ်လဲ ဗိုလ်ချုပ်ဟောင်း ဦးအောင်မင်း (ဝဲမှ စတုတ္ထ)၊ ဦးအောင်နိုင်ဦး (ယာမှ တတိယ)၊ ဆလိုင်းငုံကျုံးလျံ (ယာအစွန်)တို့အား ၂၀၁၆ ဇန်နဝါရီ နေပြည်တော်တွင် ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် အတူတကွ မြင်ရစဉ်/Facebook

          “မြန်မာနိုင်ငံမှ အခြားမည်သူမဆိုကဲ့သို့ပင် မိမိတို့သည်လည်း စစ်တပ်ကို ဖယ်ရှားလိုသူများဖြစ်သည်” ဟုလည်း သူဆက်လက်ရေးသားသည်။

          ထိုသုံးဦးအကြောင်း

          စာတွင် စစ်တပ်ဆန့်ကျင်ရေး စိတ်ဓါတ်ကို ပြောကြားစေကာမူ ထိုသူ ၃ ဦးတို့သည် စစ်တပ်နှင့် အဆင်ပြေသော ဆက်ဆံရေး ရှိသူများအဖြစ် လူသိများသည်။ ၎င်းတို့သည် စစ်အာဏာသိမ်းမှု အထူးသဖြင့် နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်ခြင်း မရှိသောကြောင့် အနောက်နိုင်ငံများမှ ငွေကြေးထောက်ပံ့သည့် ငြိမ်းချမ်းရေး အတိုင်ပင်ခံလုပ်ငန်းများနှင့်အတူ ဗြောင်ကျကျဝေဖန်ခံနေရသူများ ဖြစ်သည်။ ၎င်းတို့က စစ်အာဏာသိမ်းခြင်းသည် ကောင်းသောကိစ္စမဟုတ်ကြောင်းလောက်သာ ပြောဆိုကြသည်။ ယင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရနေစဉ်က အားလုံးကို ဆန့်ကျင်ဝေဖန်ခဲ့ကြသည်များနှင့် ရှေ့နောက်မညီဖြစ်နေသည်။

          စာတွင် စစ်တပ်ဆန့်ကျင်ရေး စိတ်ဓါတ်ကို ပြောကြားစေကာမူ ထိုသူ ၃ ဦးတို့သည် စစ်တပ်နှင့် အဆင်ပြေသော ဆက်ဆံရေး ရှိသူများအဖြစ် လူသိများသည်။ ၎င်းတို့သည် စစ်အာဏာသိမ်းမှု အထူးသဖြင့် နောက်ဆက်တွဲ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်ခြင်း မရှိသောကြောင့် အနောက်နိုင်ငံများမှ ငွေကြေးထောက်ပံ့သည့် ငြိမ်းချမ်းရေး အတိုင်ပင်ခံလုပ်ငန်းများနှင့်အတူ ဗြောင်ကျကျဝေဖန်ခံနေရသူများ ဖြစ်သည်။

          သူ့ကိုယ်သူ မြန်မာန်ိုင်ငံ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေသည့် ဒီမိုကရေစီနှင့် လွတ်လပ်ရေး တက်ကြွလှုပ်ရှားသူ အဖြစ် ပုံဖော်နေသော ဦးအောင်နိုင်ဦးသည် ၁၉၈၈ ခုနှစ်အရေးတော်ပုံက မွေးဖွားပေးခဲ့သည့် ကျောင်းသားလက်နက်ကိုင်အဖွဲအစည်းဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့ဝင်တဦးဖြစ်ခဲ့သည်။

          နောက်ပိုင်းတွင် သူသည် ဗ်ိုလ်ချုပ်ဟောင်း အောင်မင်း၏ ကြီးကြပ်မှုအောက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးညှိနှိုင်းမှုအတွက် စစ်တပ်လက်ဝေခံ ဦးသိန်းစိန်အစိုးရကို အလုပ်လုပ်ပေးသည်။ ထိုသို့လုပ်ဆောင်ရန် ၎င်းတို့သည် ဦးသိန်းစိန်၏ ထောက်ခံအားပေးမှုဖြင့် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ကို တည်ထောင်ကြသည်။ MPC သည် အစိုးရနှင့်ပတ်သက်ပြီး အနောက်နိုင်ငံများက ငွေကြေးထောက်ပံ့သည် အစိုးရမဟုတ်သော အဖွဲ့အစည်းတခုဖြစ်သည်။ ထိုအဖွဲ့မှ အများစုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ကို ဆန့်ကျင်ကြပြီး မပြီးဆုံးနိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှ ငွေကြေး အမြောက်အများကို ရယူခံစားခဲ့ကြသည်။ ၎င်းတို့အတွက် အဓိက အောင်မြင်မှုဟု သတ်မှတ်ထားသည့် အချက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ဖြစ်သည်။ ထိုကိစ္စ စေ့စပ်ညှိနှိုင်းရေး ကော်မတီမှ အဓိကအဖွဲ့ဝင်တဦးမှာ ယခုစစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးလုပ်နေသော ဦးခင်ရီ ဖြစ်သည်။

          ABSDF အဖွဲ့ဝင်ဟောင်းနှင့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူဟောင်း ဒေါက်တာ မင်းဇော်ဦးသည်လည်း ဦးအောင်နိုင်ဦး နှင့်အတူ MPC တွင် လုပ်ကိုင်ပြီး စစ်သား-အရပ်သား ကပြားအစိုးရအောက်တွင် စစ်တပ်၏ အကြံပေးဖြစ်သည်။ သူသည် NLD အစိုးရခေတ် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အကြံပေးလုပ်သလို မြန်မာငြ်ိမ်းချမ်းရေးနှင့် လုံခြုံရေးအင်စတီကျု Myanmar Institute for Peace and Security တွင် ဒါရိုက်တာအဖြစ် လုပ်ကိုင်သည်။

          စစ်ကောင်စီက ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်တုန်းက ဒီလူတွေက ပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ပျက်ကွက်ခဲ့တယ်။ အခုတော့ အဲဒီလို ရပ်တည်မှုကြောင့် ကြောက်ပြီး စာတွေ လျှောက်ပို့တယ်၊ ကျနော်တို့ အသက်အန္တရာယ် ကျရောက်နေတယ်လို့ ပြောတယ်။ သူတို့အတ္တနဲ့ သူတို့လျှောက်ခဲ့တဲ့လမ်းကြောင်းက သမိုင်းသေပြီးသားလူတွေအတွက် ဘယ်သူမှ ကျည်ဆံတွေ ဖြုန်းတီးမှာ မဟုတ်ဘူး

          ဦးလှမောင်ရွှေသည် ယခင်က NLD အဖွဲ့ဝင်ဖြစ်သည်။ ပါတီနှင့် ပတ်သက်သောကြောင့် ၁၉၉၀ ခုနှစ်များအစောပိုင်းတွင် အဖမ်းခံရပြီးနောက် သူသည် ရေကြည်ရာမျက်နုရာ ရှာခဲ့သည်။ ပထမတွင် သူသည် စီးပွားရေးသမားဖြစ်လာပြီး စစ်တပ်လိုလားသော အတိုင်ပင်ခံလုပ်ငန်းဖြစ်သည့် Egress ကို တည်ထောင်သည်။ ထိုအဖွဲ့သည် နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍကို ထောက်ခံအားပေးပြီး ယခင်စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံသည်။ သို့သော် NLD နှင့် တိုင်းရင်းသားပါတီများက ထိုရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ထိုနောက် သူသည် ဦးသိန်းစိန်အစိုးရအောက်တွင် ဦးအောင်နိုင်ဦး၊ ဒေါက်တာ မင်းဇော်ဦးတို့နှင့်အတူ MPC သို့ အကြံပေးအဖြစ် ရောက်လာသည်။ ယခုအခါသူသည် စစ်ကောင်စီက အသစ်ဖွဲ့စည်းလိုက်သည့် ငြိမ်းချမ်းရေးကော်မတီ အဖွဲ့ဝင်ဖြစ်သည်။

          MPC မှတဆင့် စစ်ကောင်စီနှင့် ပူးပေါင်းသွားသူများတွင် ဦးလှမောင်ရွှေတဦးတည်းသာမဟုတ်ပေ။ MPC အဖွဲ့ဝင်နှင့် ၎င်းတို့ ၃ ဦးနှင့် ရင်းနှီးသော မိတ်ဆွေလုပ်ဖေါ်ကိုင်ဖက် ဆလိုင်းအင်ဒရူး ငွန်ကျုံးလျှံသည် လက်ရှိ စစ်ကောင်စီ၏ အကြံပေးများတွင် ပါဝင်သည်။ ယုံကြည်အားထားနိုင်သော သတင်းရင်းမြစ်များ၏ အဆိုအရ ဖေဖေါ်ဝါရီက ၁ ရက်နေ့ အာဏာသိမ်းချိန်မှ စတင်ပြီး ၎င်းတို့ ၂ ဦးသာမက အခြား MPC အဖွဲ့ဝင်အချို့သည် စစ်ကောင်စီအတွက် လျှို့ဝှက် လုပ်ကိုင်ပေးနေကြောင်း သိရသည်။

          အသက်အန္တရာယ် ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းဌာနက ၎င်းတို့ ၃ ဦးကို ဆက်သွယ်မေးမြန်း သောအခါ ၃ ဦးလုံးက ဝေဖန်ပြောကြားရန် မရှိကြောင်း ပြောသည်။

          ထိုသူများသည် ထိုစိတ်ကူးယဉ်ပစ်မှတ်စာရင်းကို လွန်စွာစိုးရိမ်ကြောင်း ပြောခြင်းမှာ ပုံကြီးချဲ့လွန်းသည် သို့မဟုတ် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုကို ပုံဖျက်လိုခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူတဦးက သုံးသပ်သည်။

          ၎င်းတို့နှင့် သိနေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သော အခြားနိုင်ငံရေး သုတေသီတဦးကမူ ထိုသို့ပစ်မှတ် စာရင်းဆိုသည့် ပြောဆိုမှုများကို ပယ်ချပြီး လွတ်လပ်ရေးရသည့်အချိန်မှ ၂၀၁၇ ခုနှစ်တွင် NLD ၏ ဥပဒေ အကြံပေး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သည်အထိ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်များတွင် စစ်အုပ်စုကသာ ပါဝင်ပတ်သက်နေသည်ဆိုသည့် စွပ်စွဲချက်များကို ထောက်ပြသည်။

          ထိုသူများသည် ထိုစိတ်ကူးယဉ်ပစ်မှတ်စာရင်းကို လွန်စွာစိုးရိမ်ကြောင်း ပြောခြင်းမှာ ပုံကြီးချဲ့လွန်းသည် သို့မဟုတ် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုကို ပုံဖျက်လိုခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူတဦးက သုံးသပ်သည်။

          “သူတို့က စစ်အုပ်စုက ပြောတဲ့အတိုင်း လိုက်ပြောနေတာ။ အခုသူတို့က စစ်တပ်ဘက်ကို အရမ်းယိမ်းနေပြီ” ဟု ထိုနိုင်ငံရေး သုတေသီပြောသည်။

          ထိုကောလာဟလသည် ပြည်သူများ၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီတိုက်ပွဲကို အယုံအကြည်ကင်းမဲ့အောင် လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း NUG က ပြောကြားပြီး အောင်ပွဲအတွက် အရာရာချနင်းပစ်မည် ဆိုသည့် စိတ်ဓါတ်ကို လက်မခံကြောင်းပြောသည်။

          NUG ပြောခွင့်ရသူ ဒေါက်တာ ဆာဆာက “ဒီလိုမျိုး မဟုတ်မှန်းသိတဲ့ အတင်းအဖျင်းတွေကို ဖြန့်ချိပြီး တကယ်ရှိသယောင် လုပ်နေတာဟာ နိုင်ငံရေးလောကမှာ ရှုပ်ထွေးစေရုံသာမက လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ ပြည်သူထောင်ပေါင်းများစွာကိုလည်း မလေးမစား လုပ်ရာရောက်တယ်ဆိုကို အားလုံး နားလည်ဖို့လိုတယ်” ဟု ပြောသည်။

          ထိုသို့ ပစ်မှတ်စာရင်းဆိုသည့် စာကို လူအများက စတင်အာရုံစိုက်လာသောအခါ ဝါရင့်ကျောင်းသားခေါင်းဆောင် မနီလာသိန်းက သူ၏ Facebook အကောင့်တွင် ယခုလို ရေးသားသည်။

          “စစ်ကောင်စီက ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်တုန်းက ဒီလူတွေက ပြည်သူတွေနဲ့အတူ ရပ်တည်ဖို့ ပျက်ကွက်ခဲ့တယ်။ အခုတော့ အဲဒီလို ရပ်တည်မှုကြောင့် ကြောက်ပြီး စာတွေ လျှောက်ပို့တယ်၊ ကျနော်တို့ အသက်အန္တရာယ် ကျရောက်နေတယ်လို့ ပြောတယ်။ သူတို့အတ္တနဲ့ သူတို့လျှောက်ခဲ့တဲ့လမ်းကြောင်းက သမိုင်းသေပြီးသားလူတွေအတွက် ဘယ်သူမှ ကျည်ဆံတွေ ဖြုန်းတီးမှာ မဟုတ်ဘူး” ဟု သူရေးသည်။

          မနီလာသိန်းသည် လွန်ခဲ့သောလက စစ်ကောင်စီက ဖမ်းဆီးခဲ့သူ ဝါရင့်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ ဇနီးဖြစ်သည်။ သူသည် ရန်ကုန်တွင် လှုပ်ရှားနေသည့် ဒေသခံ PDF အဖွဲ့တခုဖြစ်သည့် လရောင်စစ်ဆင်ရေး၏ ခေါင်းဆောင်ဖြစ်သည်ဟု စွပ်စွဲခံထားရသည်။

          (ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Myanmar Military-Linked Trio Claim to Be on Shadow Govt’s ‘Hit List’ ကို ဘာသာပြန်ဆိုသည်။)

          You may also like these stories:

          ဒလန်ရှင်းလင်းရေး NUG လူ့အခွင့်အရေးဝန်ကြီးရဲ့ ရှုမြင်ချက်

          တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် သေဆုံးခြင်း

          စစ်ကောင်စီတွင် သံတမန်ရေးကစားကွက် မရှိ

          စစ်ကောင်စီကို စီးပွားရေးပိတ်ဆို့ဖို့ ထောက်ခံတင်ပြခြင်း

          Your Thoughts …
          Tags: NUGPDFစစ်တပ်နှင့် နီးစပ်သူများနိုင်ငံတကာကို စာပို့ဦးမင်းဇော်ဦးဦးလှမောင်ရွှေဦးအောင်နိုင်ဦး
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

          နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

          by ဇုန်းရိန်
          27 July 2023
          18.4k

          စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

          သတိပြုစရာ သေးဆူလဲတိုက်ပွဲ

          သတိပြုစရာ သေးဆူလဲတိုက်ပွဲ

          by မိုးစက်ငြိမ်းချမ်း
          16 September 2023
          17.5k

          သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

          ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

          ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ

          by ဧရာဝတီ
          28 July 2023
          15.4k

          ဒေသ ကာကွယ်ရေးတပ်တွေဟာ မောင်းပြန်ရိုင်ဖယ်သေနတ် ကိုင်ဆောင်လာနိုင်ကြတာနဲ့အမျှ နယ်မြေ စိုးမိုးထိန်းချုပ်ရေးအတွက် ကြိုးပမ်းလာကြရာမှာ အဟန့်အတားဖြစ်နေတဲ့ ပျူစောထီးရွာတွေကို ပိုမိုပစ်မှတ်ထား လာကြတာလည်း ဖြစ်ပါတယ်။

          ဒေါ်အောင်ဆန်းစုကြည်ကို သုံးပြီး စစ်ကောင်စီ သတင်းတုဖြန့်ချိနေ

          ဒေါ်အောင်ဆန်းစုကြည်ကို သုံးပြီး စစ်ကောင်စီ သတင်းတုဖြန့်ချိနေ

          by ဧရာဝတီ
          20 July 2023
          14.7k

          စစ်ကောင်စီသည် ခုခံတော်လှန်ရေးအင်အားစုကို ဒေါ်အောင်ဆန်းစုကြည် မထောက်ခံကြောင်း ဖေါ်ပြသည့် စာရွက်စာတမ်းများ ဖြန့်ချိနေသည်။

          ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

          ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

          by ဇေယျ (အညာ)
          10 August 2023
          14k

          ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

          စစ်ကောင်စီတပ် စိတ်ဓာတ်ကျနေတာ သေချာလား

          စစ်ကောင်စီတပ် စိတ်ဓာတ်ကျနေတာ သေချာလား

          by David Scott Mathieson
          19 August 2023
          13.2k

          စိတ်ဖိစီးစရာ ကောက်ချက်မှာ စစ်ကောင်စီနှင့် ၎င်း၏တပ်များသည် စိတ်ဓာတ်ကျနေသည့် အနေအထားသို့ မရောက်သေးဟူသည့် ကောက်ချက်သာဖြစ်သည်။

          Next Post
          အပစ်ရပ် အဖွဲ့တွေ ဘယ်လမ်းက သွားနေလဲ (ရုပ်/သံ)

          အပစ်ရပ် အဖွဲ့တွေ ဘယ်လမ်းက သွားနေလဲ (ရုပ်/သံ)

          ဖမ်းဆီးခံထားရသည့် ကလေး PDF ဆေးတပ်မှ အမျိုးသမီး ၉ ဦး

          ကလေးမြို့နယ်တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်၊ PDF ဆေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံထားရ

          No Result
          View All Result

          Recommended

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          2 days ago
          14k
          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          မယ်စဲ့တိုက်ပွဲ၊ မယ်စဲ့သတ်ကွင်း

          6 days ago
          9.2k

          Most Read

          • အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

            အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

            shares
            Share 0 Tweet 0
          • ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

            shares
            Share 0 Tweet 0
          • စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

            shares
            Share 0 Tweet 0
          • ရသေ့တောင် ကျောင်းဆရာမ သတ်ခံရမှု၌ သံသယရှိသူ ထွက်ပြေးရာမှ ပြန်ဖမ်းမိ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved