တရုတ်၊ ဂျပန်နှင့်ထိုင်းနိုင်ငံများမှ အဆင့်မြင့်အရာရှိများ နေပြည်တော်သို့လာရောက်ဆွေးနွေးသောကြောင့် ယခုအပတ်သည် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် အလုပ်များသော ရက်သတ္တပတ်ဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန် ဆွန်ကော့ရှန်သည် ဗ်ိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံရန် လွန်ခဲ့သော ရက်သတ္တပတ်ကုန်က နေပြည်တော်သို့ ရောက်လာသည်။ သူ၏ ယခုခရီးစဉ်သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း မြန်မာသို့ ဒုတိယအကြိမ်မြောက် ခရီးစဉ် ဖြစ်သည်။
သို့သော် အမေရိကန် နိုင်ငံရေးသမားဟောင်း ဘေလ်ရစ်ချတ်ဆန်နှင့် စစ်အာဏာသိမ်းခေါင်းဆောင်တို့တွေ့ဆုံစဉ်ကနှင့်မတူဘဲ ဆွန်ကော့ရှန်နှင့် အာဏာသိမ်းခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးပွဲကို အသင့်အတင့်မျှသာဖြစ်သော အခန်းတခုတွင်ပြုလုပ်ကြောင်း စစ်ကောင်စီအာဘော် ဂလိုဘယ်နယူလိုက်အော့ဖ်မြန်မာ သတင်းစာမှ ဓါတ်ပုံတွင် ပြသနေသည်။ စစ်အာဏာသိမ်း ခေါင်းဆောင်သည် ဘေလ် ရစ်ချတ်ဆန်နှင့် တပတ်အတွင်း ဒုတိယအကြိမ်တွေ့ဆုံသောအခါ နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ခန်းမဆောင်တွင် ခမ်းခမ်းနားနားတွေ့ဆုံခဲ့ပြီး ထိုသို့တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်သတင်းသမား ဒန်နီ ဖန်းစတားကို လွှတ်ပေးခဲ့သည်။
အမေရိကန် နိုင်ငံရေးသမားဟောင်း ဘေလ်ရစ်ချတ်ဆန်နှင့် စစ်အာဏာသိမ်းခေါင်းဆောင်တို့တွေ့ဆုံစဉ်ကနှင့်မတူဘဲ ဆွန်ကော့ရှန်နှင့် အာဏာသိမ်းခေါင်းဆောင်တို့ တွေ့ဆုံဆွေးနွေးပွဲကို အသင့်အတင့်မျှသာဖြစ်သော အခန်းတခုတွင်ပြုလုပ်ကြောင်း စစ်ကောင်စီအာဘော် ဂလိုဘယ်နယူလိုက်အော့ဖ်မြန်မာ သတင်းစာမှ ဓါတ်ပုံတွင် ပြသနေသည်။
ထို့အပြင် သြဂုတ်လ နှောင်းပိုင်းက ဆွန်ကော့ရှန်၏ အများပြည်သူသို့ ထုတ်ပြန်ကြေညာခြင်း မရှိသည့် တပတ်ကြာခရီးစဉ်နှင့်လည်း မတူဘဲ ယခုတကြိမ် ဆွန်၏ ခရီးစဉ်ကို စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသြဂုတ်လခရီးစဉ် ပြီးဆုံးသောအခါ ဘေ့ဂျင်းရှိ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆွန် မြန်မာသို့ သွားရောက်ခဲ့ကြောင်း ကြေညာပြီး မြန်မာတွင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပြန်လည်စတင်ရန် တောင်းဆိုသည်။
အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံရေးအခင်းအကျင်းနှင့် ကိုဗစ်နိုင်တင်း တိုက်ဖျက်ရေးတွင် တရုတ်နှင့် မြန်မာပူးပေါင်းဆောင်ရွက်ရေးကို စစ်ကောင်စီအရာရှိများနှင့်ဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝန်ဘင်က ထိုစဉ်က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတခုတွင် ပြောခဲ့သည်။
သြဂုတ်လက ခရီးစဉ်နှင့်ပတ်သက်ပြီး တရုတ်ဘက်မှပေးသည့် စိတ်ဝင်စားစရာ အကောင်းဆုံးသတင်းစကားကို ဝမ် ၏ ထုတ်ပြန်ကြေညာချက်တွင်ဖေါ်ပြထားပြီး သူက “လူမှုတည်ငြိမ်မှုပြည်လည်ထိန်းသိမ်းရေးနှင့် ဒီမိုကရက်တစ် အသွင်ကူးပြောင်းမှုစောလျှင်စွာပြန်လည်စတင်ရေးအတွက် မြန်မာနိုင်ငံ၏ အားထုတ်မှုများတွင် တရုတ်နိုင်ငံသည် နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မည်” ဟု အလေးထားဖေါ်ပြသည်။
နိုဝင်ဘာ ၁၆ ရက် သတင်းစာရှင်းလင်းပွဲတွင် လက်ရှိ ဆွန်ကော့ရှန်၏ မြန်မာခရီးစဉ်နှင့် ပတ်သက်၍ သတင်းထောက်က မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရသူ ကျောက်လီဂျန်းက မြန်မာနိုင်ငံထဲရှိ သက်ဆိုင်ရာ အစုအဖွဲ့အားလုံး ဖွဲ့စည်းပုံအပါအဝင် ဥပဒေမူဘောင်ထဲမှ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးဆိုင်ရာ အဖြေရှာနိုင်ရေး တရုတ်က အားပေးကြောင်း ၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေး တရုတ်က တက်ကြွစွာ အားပေးကြောင်းနှင့် မြန်မာလူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်ရေးနှင့် ဒီမိုကရေစီပြုပြင်ရေး စောလျင်စွာ ပြန်သွားနိုင်ရန် အားပေးကြောင်းတို့ ထပ်မံပြောဆိုသည်။
ထိုအချက်ကို ကြည့်ပါက မြန်မာနှင့်ပတ်သက်သည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် မပြောင်းလဲဘဲရှိနေသည်။
ယခုတကြိမ်တွင် ဆွန်ကော့ရှန်သည် ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်ဆောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေးကို တောင်းဆိုမည်ဖြစ်ပြီး ထိုတောင်းဆိုချက်ကို ငြင်းပယ်ခံရပါက သူသည် ဒေါ်အောင်ဆန်းစုကြည်၏ လူရင်းဖြစ်သော သမ္မတဟောင်း ဦးထင်ကျော်နှင့်တွေ့ဆုံရန် တောင်းဆိုနိုင်သည်။
ယခုတကြိမ်တွင် ဆွန်ကော့ရှန်သည် ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်ဆောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေးကို တောင်းဆိုမည်ဖြစ်ပြီး ထိုတောင်းဆိုချက်ကို ငြင်းပယ်ခံရပါက သူသည် ဒေါ်အောင်ဆန်းစုကြည်၏ လူရင်းဖြစ်သော သမ္မတဟောင်း ဦးထင်ကျော်နှင့်တွေ့ဆုံရန် တောင်းဆိုနိုင်သည်။ စစ်ကောင်စီက သူနှင့် ဦးထင်ကျော်ကို တွေ့ခွင့်ပေးကောင်းပေးမည်ဖြစ်သော်လည်း နောက်ဆုံးအဆုံးအဖြတ် ပေးမည့်သူမှာ ဒေါ်အောင်ဆန်းစုကြည်သာဖြစ်သည်။
တရုတ်န်ိုင်ငံကပေးလိုသော သတင်းစကားမှာရှင်းလင်းလှသည်။ ဘေ့ဂျင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်ပြီး အလျှော့ပေးမည်မဟုတ်ဆိုသည်ပင်။
ဘေ့ဂျင်းသည် ယခုဖြုတ်ချခံအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရနှင့် မြန်မာစစ်တပ်တို့ ပူးတွဲတည်ရှိကာ နိုင်ငံသည် နှိုင်းယှဉ်ချက်အားဖြင့် တည်ငြိမ်နေသည့် စစ်အာဏာသိမ်းမှုမတိုင်မီ အခြေအနေသို့ မြန်မာနိုင်ငံပြန်ရောက်သွားသည်ကို မြင်လိုသည်။
သြဂုတ်လက နောက်ဆုံးခရီးစဉ်အတွင်း စစ်အာဏာသိမ်းခေါင်းဆောင်က NLD အပေါ်ထားရှိသော ရန်လိုမုန်းတီးမှုမြင့်မားခြင်းကို မြင်တွေ့ရသောကြောင့် ဆွန်ကော့ရှန် အံ့သြခဲ့ရသည်။ NLD သည် ဖျက်သိမ်းခံရမည့် အလားအလာကို ရင်ဆိုင်နေရသည်ဟု အများအပြားက ယူဆကြသည်။ တရုတ် အရာရှိများသည် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ်မုန်းတီးမှုအတွက် အံ့သြနေကြသည်။

သို့သော်ဘေ့ဂျင်းက မြန်မာန်ိုင်ငံတွင် ဆွေးနွေးညှိနှိုင်းရန် ဖြစ်နိုင်သေးသည်ဟု ယူဆပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်ပြီး လက်မလျှော့ပေ။ တရုတ်နိုင်ငံသည် NLD နှင့်ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားပြီး အာဏာရ တရုတ်ကွန်မြူနစ်ပါတီ (CCP) က ကျင်းပသည့် အာရှမှ နိုင်ငံရေးပါတီများ ဆိုင်ရာ ဗီဒီယိုညီလာခံသို့ NLD ကိုယ်စားလှယ်များကို ဖိတ်ကြားသည်။
ဆွန်ကော့ရှန်၏ လက်ရှိနောက်ဆုံးခရီးစဉ်တွင် နယ်စပ်လုံခြုံရေး၊ တရုတ်-မြန်မာနယ်စပ်တလျှောက်မှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုဗစ်နိုင်တင်း တိုက်ဖျက်ရာတွင် တရုတ်နှင့် မြန်မာပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း အာရုံစိုက်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း ကာကွယ်ဆေး အစီအစဉ် အကောင်အထည်ဖေါ်သည်ကို တွေ့ရသောကြောင့် တရုတ်နိုင်ငံက ကျေနပ်သော်လည်း မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်တွင် မတည်ငြိမ်မှု ကြီးထွားလာခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခများ မကြာခဏဖြစ်ပွားခြင်းတို့အတွက် စိုးရိမ်နေသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း ကာကွယ်ဆေး အစီအစဉ် အကောင်အထည်ဖေါ်သည်ကို တွေ့ရသောကြောင့် တရုတ်နိုင်ငံက ကျေနပ်သော်လည်း မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်တွင် မတည်ငြိမ်မှု ကြီးထွားလာခြင်းနှင့် လက်နက်ကိုင် ပဋိပက္ခများ မကြာခဏဖြစ်ပွားခြင်းတို့အတွက် စိုးရိမ်နေသည်။
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် မြန်မာစစ်တပ်အကြား တရုတ်-မြန်မာ နယ်စပ်ရှိ မုန်းကိုးတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။ MNDAA သည် တရုတ်လက်ဝေခံအဖြစ် သိထားသော်လည်း မကြာသေးမီက တိုက်ပွဲများကြောင့် ဘေ့ဂျင်းတွင် စိတ်မသက်မသာဖြစ်မှု ကြီးထွားလာနေသည်။
တိုက်ပွဲများရပ်ရန် MNDAA ကို တရုတ်က လွန်ခဲ့သော အပတ်အနည်းငယ်က ဖိအားပေးခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ တရုတ်နိုင်ငံသည် ၎င်းတို့၏နယ်စပ်ဒေသတလျှောက်တွင် ကိုဗစ်နိုင်တင်း ကူးစက်မှုသစ်များ ပြန်လည်ဖြစ်ပေါ်ခြင်းအတွက်လည်း စိုးရိမ်နေသည်။ ဘေ့ဂျင်းသည် ဖေဖေါ်ဝါရီလတွင် ဆောင်းရာသီအိုလံပစ်ပွဲတော်ကို လက်ခံကျင်းပရန် ရှိပြီး အနောက်တောင်ဘက် နယ်စပ်တွင် ဒုက္ခသည်များ စီးဝင်ခြင်းနှင့် တင်းမာမှုမြင့်မားခြင်းကို မမြင်လိုပေ။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေကို တရုတ်ဗဟိုအစိုးရမှ ပိုမိုငယ်ရွယ်သည့် မူဝါဒ ချမှတ်သူ မျိုးဆက်များက မည်သို့ရှုမြင်ဖွင့်ဆိုသည်ကို သိရလျှင် စိတ်ဝင်စားစရာကောင်းမည်ဖြစ်သည်။ ဥပမာ တရုတ်တွင် ကျင်းပပြီး သမ္မတ ရှီကျင့်ဖျင်တက်ရောက်မည့် တရုတ်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ ဘေ့ဂျင်းက မြန်မာအာဏာသိမ်း ခေါင်းဆောင်ကို ဖိတ်ကြားလိုသည်ဆိုသည့် ကောလာဟလများ ထွက်နေသည်။ သို့သော် အစိုးရအစိတ်အပိုင်းအချို့နှင့် CCP တို့က မြန်မာအာဏာသိမ်း ခေါင်းဆောင် ထိုအစည်းအဝေးတက်ရောက်မည်ဆိုသည့် စိတ်ကူးဖြင့်ပင် စိတ်မသက်မသာ ဖြစ်နေကြသည်ဟု ယုံရသည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က လွန်ခဲ့သောလက ကျင်းပခဲ့သည့် ASEAN ထိပ်သီး ဆွေးနွေးပွဲတွင် မြန်မာအာဏာသိမ်းခေါင်းဆောင်ကို ဖယ်ထုတ်ထားရန် ဆုံးဖြတ်ခဲ့ပြီး ASEAN အတွင်းမှ နိုင်ငံအချို့ကလည်း အနာဂတ်အစည်းအဝေးများတွင် သူ့ကို ဆက်လက်ဖယ်ထုတ်ထားသင့်သည်ဟု အခိုင်အမာ ယုံကြည်နေကြသည်။ ဘေ့ဂျင်းက အာဏာသ်ိမ်းခေါင်းဆောင်နေရာတွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖ်ိတ်ကြားနိုင်သည်။
စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို တရုတ်-အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားရေးကိုလည်း စဉ်းစားနေကြသည်။ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဒီမိုကရေစီဆန္ဒပြသမားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ အရပ်သားခုခံတိုက်ခိုက်ရေးသမားကို သုတ်သင်ရန် အမိန့်များစွာ ထုတ်ခဲ့သူဖြစ်သည်။
စစ်ကောင်စီ (SAC) ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကို ထိုအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားရေးကိုလည်း စဉ်းစားနေကြသည်။ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဒီမိုကရေစီဆန္ဒပြသမားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ အရပ်သားခုခံတိုက်ခိုက်ရေးသမားကို သုတ်သင်ရန် အမိန့်များစွာ ထုတ်ခဲ့သူဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန် အထူးသံတမန် ယိုဟဲ ဆာဆာကာဝါသည်လည်း လွန်ခဲ့သော ရက်သတ္တပတ်ကုန်က နေပြည်တော်သို့ရောက်လာပြီး အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံသည်။
စစ်ကောင်စီခေါင်းဆောင်၏ ခေါင်းကိုင်ဖခင်ဟု သိကြသော ယိုဟိဆာဆာကာဝါသည် စစ်တပ်ထိပ်တန်း တပ်မှူးများနှင့် ရှည်ကြာသောခင်မင်မှုရှိပြီး လွန်ခဲ့နှစ်က ရွေးကောက်ပွဲမတိုင်မီ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော ရက္ခိုင့်တပ်တော်နှင့် မြန်မာစစ်တပ်အကြား အပစ်အခတ် ရပ်စဲရန် အောင်မြင်စွာ ကြားဝင်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အာဏာသိမ်း ခေါင်းဆောင်နှင့် တွေ့ဆုံပြီးနောက် ဆာဆာကာဝါသည် ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံသည်။ တရုတ်နိုင်ငံသည် မြန်မာနှင့် ပတ်သက်သည့် ဂျပန်၏ နောက်ကွယ်ရည်ရွယ်ချက်များနှင့် စီးပွားရေးအကျိုးစီးပွားများအတွက် စိုးရိမ်ပူပန်သည်ဟု ဆိုကြသည်။
ဆာဆာကာဝါသည် မြန်မာနိုင်ငံသို့ ဂျပန်အစိုးရ၏ ကိုယ်စားလှယ်အဖြစ် သွားရောက်ခြင်း မဟုတ်ကြောင်း ဂျပန်န်ိုင်ငံခြားရေးဝန်ကြီး ယိုရှိမာဆာ ဟာယာရှိက ပြောကြားလိုက်သောကြောင့် ဆာဆာကာဝါသည် ပုဂ္ဂလိက အနေဖြင့် မြန်မာသို့ သွားရောက်ခြင်းသာဖြစ်သွားသည်။
ယိုဟိဆာဆာကာဝါ၊ ဘေလ်ရစ်ချတ်ဆန်နှင့် အာဏာသိမ်းခေါင်းဆောင်တို့အကြားတွင် တူညီသောအချက်တခု ရှိသည်။ ထိုအချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးခြင်းသာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် တချိန်တည်းလိုလိုမှာပင် မြန်မာနိုင်ငံသို့ မည်သည့်အတွက် ရောက်လာကြသနည်း။
ယိုဟိဆာဆာကာဝါ၊ ဘေလ်ရစ်ချတ်ဆန်နှင့် အာဏာသိမ်းခေါင်းဆောင်တို့အကြားတွင် တူညီသောအချက်တခု ရှိသည်။ ထိုအချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မုန်းတီးခြင်းသာဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် တချိန်တည်းလိုလိုမှာပင် မြန်မာနိုင်ငံသို့ မည်သည့်အတွက် ရောက်လာကြသနည်း။
စစ်အာဏာသိမ်းပြီးချိန်မှစတင်ပြီး စစ်ကောင်စီခေါင်းဆောင်များအနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် သိမ်းဆည်းထားသည့် အစိုးရပိုင် ငွေများကို အသုံးပြုခွင့်မရစေရန် ဝါရှင်တန်က လုပ်ဆောင်ထားပြီး ၎င်းတို့အပေါ် အခြားအရေးယူပိတ်ဆို့မှုများလည်း ချမှတ်ထားသည်။ စစ်ကောင်စီသည် အာဏာသိမ်းမှုကို ထောက်ခံပြီး လက်နက်ဝယ်ယူရေးနှင့် အခြားတရားမဝင်ရောင်းဝယ်မှု လုပ်နေသော ခရိုနီများအပေါ် နောက်ထပ် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများနှင့် လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းများကို မလိုချင်တော့ပေ။
တရုတ်က ၎င်းတို့သြဇာသည် အကန့်အသတ်ရှိသည်ဟု ပြောမည်ဖြစ်သော်လည်း ဆွန်ကော့ရှန်သည် ဘေ့ဂျင်း၏ အထူးသံတမန်ဖြစ်သောကြောင့် သူသည် စစ်ကောင်စီအပေါ်တွင် သာမက NLD အပေါ်တွင်ပါ သြဇာရှိသည်။ ဘေ့ဂျင်းက ပေးလိုသော သတင်းစကားမှာ ဘေ့ဂျင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်လျှင် လက်လျှော့မည်မဟုတ် ဆိုသည့် သတင်းစကားပင်ဖြစ်သည်။ ယခုခရီးအတွင်း စစ်ကောင်စီသည် ဆွန်ကော့ရှန်ကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့် ပေးမပေး စဉ်းစားသုံးသပ်ရမည်ဖြစ်သည်။ ယခုတကြိမ်တွင်လည်း တွေ့ခွင့်မရပါက နောက်တကြိမ်လာရောက်သောအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရကောင်းရမည်ဖြစ်ပြီး ထိုအချိန်တွင် နိုင်ငံတော် အတိုင်ပင်ခံသည် ရာဇဝတ်မှုစွပ်စွဲချက်ပေါင်း များစွာဖြင့် ထောင်ချထားပြီး ဖြစ်နေနိုင်သည်။
(အောင်ဇော်သည် ဧရာဝတီသတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်ပြီး ၎င်း၏ Myanmar Regime Looks to Diplomacy to Gain Legitimacy ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
စစ်ကောင်စီခေါင်းဆောင် ပုံရိပ်မြှင့်တင်ရန် ရစ်ချတ်ဆန် ခရီးစဉ်ကို အသုံးချ
NLD ပါတီဝင် ၄၁၈ ဦးအဖမ်းခံရပြီး ၈ ဦးသေဆုံး၊ ၅ ဦးမှာ စစ်ကြောရေးတွင် သေဆုံးခြင်းဖြစ်
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား နိုဝင်ဘာ ၃၀ ရက်နေ့ အမိန့်ချမည်
အာဏာသိမ်းခေါင်းဆောင်နှင့် တရုတ်၊ ဂျပန်၊ ထိုင်း အဆင့်မြင့်အရာရှိများတွေ့ဆုံ