အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် မတ်လ ၈ ရက်တွင် ဖွဲ့စည်းခဲ့သော်လည်း NUCC ၏ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၆ ရက်တွင်မှ ကျင်းပနိုင်သည်။
NUCC တွင် ပါဝင်သည့် အင်အားစုအသီးသီးအကြား သဘောထား ညှိနှိုင်းစရာ ကိစ္စများရှိနေသောကြောင့် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် NUCC က ၎င်းတို့ ၏စုဖွဲ့ပုံနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များကို သတင်းမီဒီယာများသို့ မိတ်ဆက်ရှင်းပြလာသည်။ လုပ်ငန်းစဉ်များမှာ ကျယ်ပြန့်လှသော်လည်း စိတ်ဝင်စားဖွယ်ရာ ကောင်းသည်။
စုဖွဲ့ခေါင်းဆောင်မှုနှင့် NUCC
NUCC သည် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အဖွဲ့အစည်းပေါင်း ၂၈ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသော နိုင်ငံရေးကောင်စီတခုဖြစ်သည်။
NUCC က စုပေါင်းခေါင်းဆောင်မှုနဲ့ စုပေါင်းတာဝန်ခံနိုင်မှုကို ဖော်ဆောင်ဖို့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေ အားလုံးပေါင်းပြီး ပါဝင်နိုင်အောင်စုဖွဲ့ထားတဲ့ အဖွဲ့အစည်းတရပ်ဖြစ်ပါတယ်။ တဖက်ကပြောရရင်လည်း NUCC ဟာ နိုင်ငံရေးအရ အမြင့်ဆုံးစုဖွဲ့မှုဖြစ်ပြီးတော့ မူဝါဒရေးရာအရ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့ ဆုံချက်တခုလို့ ပြောရင်လည်း မမှားပါဘူး
“NUCC က ပြည်ထောင်စုမြန်မာနိုင်ငံတခုလုံးမှာရှိတဲ့ လူမျိုးကိုအခြေခံ၍သော်လည်းကောင်း၊ ဒေသကို အခြေခံပြီး သော်လည်းကောင်း မိမိတို့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတွေနဲ့ မိမိတို့ရဲ့ သပိတ်ကော်မတီအားလုံးစုဖွဲ့ပြီးတော့မှ ညီညီညွတ်ညွတ်နဲ့ စုပေါင်းခေါင်းဆောင်ပြီးတော့မှ အရေးတော်ပုံကို စုပေါင်းခေါင်းဆောင်နေတဲ့ ကောင်စီကြီးပဲ ဖြစ်ပါတယ်” ဟု ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ခေါင်းဆောင်တဦးလည်းဖြစ် အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးလည်းဖြစ်သူ ဒေါက်တာလျန်မှုန်းဆာခေါင်ကပြောသည်။
NUCC တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၃၇၀ ဖြင့် စုဖွဲ့ထားသော ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ မြေပြင်တွင် ထိန်းချုပ်နယ်မြေများ၊ အုပ်ချုပ်ရေးယန္တရားများ နှင့် လူထုထောက်ခံမှု အသီးသီးရထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) ၈ ဖွဲ့ တို့ပါဝင်သည်။
NUCC တွင် ပါဝင်နေသော လက်နက်ကိုင်များမှာ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်သည်။
ယင်းအပြင် ပြည်နယ်ဖက်ဒရယ်ယူနစ်အခြေပြု နှင့် လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီ ၅ ခုလည်း NUCC တွင် ပါဝင်နေသည်။
အဆိုပါအစုအဖွဲ့ ၅ ခုမှာ KPICT ခေါ် ကချင်ပြည်နယ်အတိုင်ပင်ခံကောင်စီ၊ ICNCC ခေါ် ချင်းပြည်နယ် အတိုင်ပင်ခံကောင်စီ၊ MSCC ခေါ်မွန်ပြည်နယ်အတိုင်ပင်ခံကောင်စီ၊ KSCC ခေါ် ကရင်နီပြည်နယ်အတိုင်ပင်ခံ ကောင်စီနှင့် TPNCC ခေါ် တအာင်း (ပလောင်) အမျိုးသားအတိုင်ပင်ခံကောင်စီတို့ ဖြစ်ကြောင်း NUCC ထံမှသိရသည်။
အစုအဖွဲ့ ၅ ခုအနက် TPNCC ခေါ် တအာင်း (ပလောင်) အမျိုးသားအတိုင်ပင်ခံကောင်စီ မှာ လူမျိုးအခြေပြု ကောင်စီဖြစ်သည်။
NUCC တွင် အာဏာသိမ်းမှုကို လက်မခံသော နိုင်ငံရေးပါတီများ၊ နွေဦးတော်လှန်ရေးအင်အားစုများစသည့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော လူငယ်၊ အမျိုးသမီး အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်သူများနှင့် သပိတ်ကော်မတီများ စသည်တို့လည်း ပါဝင်သည်။
လက်ရှိမြန်မာတနိုင်ငံလုံးတွင် ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက်တွင်သော်လည်းကောင်း သက်ဆိုင်ရာ ပြည်နယ်သို့မဟုတ် လူမျိုးအခြေပြု အတိုင်ပင်ခံကောင်စီများ၏ ကွပ်ကဲမှုအောက်တွင်သော်လည်းကောင်း ပါဝင်နေကြောင်း သိရသည်။
လက်ရှိ NUG ဟာ ဥပဒေကြောင်းအရ CRPH က အတည်ပြုတယ်ဆိုပေမယ့် တကယ်တမ်း NUG ကိုဖွဲ့ခဲ့တာက NUCC ကပဲ ဖွဲ့ခဲ့တာဖြစ်ပါတယ်။ NUG နဲ့ NUCC ကြားမှာလည်း မူဝါဒပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတွေ ဖွဲ့ပြီး လုပ်နေတာရှိပါတယ်။ ကျနော်တို့ကြားထဲမှာ တန်းတူညီမျှမှုရှိတယ်။ အပြန်အလှန်လေးစားမှုရှိတယ်
NUCC ၏ ရည်မှန်းချက်များမှာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး အကောင်အထည်ဖော်ရန်တို့ဖြစ်သည်။
NUCC ဘယ်လိုအလုပ်လုပ်သလဲ
NUCC တွင် အဓိက လုပ်ငန်းတာဝန် (၃) ရပ်ရှိကြောင်း ၎င်းတို့ ထုတ်ပြန်ချက်အရ သိရသည်။
၎င်းတို့မှာ စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူ တရပ်လုံးအား အနှစ်သာရပြည့်ဝစွာ ကိုယ်စားပြုပြီး ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို စုပေါင်းခေါင်းဆောင်မှုဖြင့် ဖော်ဆောင်နိုင်သော အစိုးရတရပ်ပီပြင်စွာ ပေါ်ပေါက်လာရေး ဆောင်ရွက်ခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်နှင့် အညီ ပြည်သူ့ညီလာခံက ချမှတ်လိုက်သော မူဝါဒနှင့် မဟာဗျူဟာများကို တာဝန်ခံအကောင်အထည်ဖော်ခြင်းနှင့် ပြည်သူ့ညီလာခံ တခုနှင့် တခုတို့အကြား မူဝါဒဆိုင်ရာ ညှိနှိုင်းလုပ်ဆောင်ခြင်း တို့အား တော်လှန်ရေးကာလတလျှောက်တွင် ကြီးကြပ်မှုပေးရန်တို့ဖြစ်သည်။
NUCC သည် လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံရေးအရ မြင့်ဆုံးမဟာမိတ်စုဖွဲ့မှု ဖြစ်ကြောင်း NUCC ခေါင်းဆောင်များက ဆိုသည်။
NUCC တွင် ပါဝင်သည့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီမှ ဦးမိုးသူက “NUCC က စုပေါင်းခေါင်းဆောင်မှုနဲ့ စုပေါင်းတာဝန်ခံနိုင်မှုကို ဖော်ဆောင်ဖို့အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေ အားလုံးပေါင်းပြီး ပါဝင်နိုင်အောင်စုဖွဲ့ထားတဲ့ အဖွဲ့အစည်းတရပ်ဖြစ်ပါတယ်။ တဖက်ကပြောရရင်လည်း NUCC ဟာ နိုင်ငံရေးအရ အမြင့်ဆုံးစုဖွဲ့မှုဖြစ်ပြီးတော့ မူဝါဒရေးရာအရ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရတဲ့ ဆုံချက်တခုလို့ ပြောရင်လည်း မမှားပါဘူး” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထို့အပြင် NUCC သည် NUG ကဲ့သို့ အစိုးရတရပ်အနေနှင့် စီမံခန့်ခွဲ အုပ်ချုပ်မည့် အဖွဲ့အစည်းလည်းမဟုတ်ပေ။
ပထမကာလကတော့ ကြားကာလလို့ ခေါ်ရင်လည်း ရပါတယ်။ ကြားကာလသို့မဟုတ် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရေးကာလသတ်မှတ်ထားပါတယ်။ ဒုတိယကာလကတော့ အသွင်ကူးပြောင်းရေး ကာလ သတ်မှတ်ထားပါတယ်။ တတိယကာလကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကာလ ဆိုပြီး သတ်မှတ်ထားတဲ့ အခြေခံမှာ သုံးသပ်ပြင်ဆင်မှုတွေ လုပ်ခဲ့တာပဲဖြစ်ပါတယ်
NUCC ၏ သဘောတူညီမှုဖြင့် NUG ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ NUCC က မူဝါဒများနှင့် ဗျူဟာများကို ချမှတ်ပေးပြီး NUG က လက်တွေ့အကောင်အထည်ဖော်မှုများကို လုပ်ဆောင်သည်။ NUCC နှင့် NUG ကြားတွင်လည်း မူဝါဒပေါင်းစပ်ညှိနှိုင်းရေး ကော်မတီများ ဖွဲ့စည်းလုပ်ကိုင်နေသည်လည်း ရှိသည်။
“လက်ရှိ NUG ဟာ ဥပဒေကြောင်းအရ CRPH က အတည်ပြုတယ်ဆိုပေမယ့် တကယ်တမ်း NUG ကိုဖွဲ့ခဲ့တာက NUCC ကပဲ ဖွဲ့ခဲ့တာဖြစ်ပါတယ်။ NUG နဲ့ NUCC ကြားမှာလည်း မူဝါဒပေါင်းစပ်ညှိနှိုင်းရေးကော်မတီတွေဖွဲ့ပြီး လုပ်နေတာရှိပါတယ်။ ကျနော်တို့ကြားထဲမှာ တန်းတူညီမျှမှုရှိတယ်။ အပြန်အလှန်လေးစားမှုရှိတယ်” ဟု NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောသည်။
NUCC သည် ဖက်ဒရယ်ယူနစ်ကို အခြေခံသည့် အစုအဖွဲ့ ၅ ဖွဲ့ (သို့မဟုတ်) လူမျိုးသော်လည်းကောင်း ပြည်နယ်ကို သော်လည်းကောင်း အခြေပြုသော အတိုင်ပင်ခံကောင်စီ ၅ ခုနှင်လည်း လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ပိုင်းခြားထားသည်။
ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ခေါင်းဆောင်တဦးလည်းဖြစ် NUG ၏ ဖက်ဒရယ် ပြည်ထောင်စုရေးရာဝန်ကြီးလည်းဖြစ်သူ ဒေါက်တာလျန်မှုန်းဆာခေါင်က NUCC သည် ပြည်ထောင်စုတခုလုံးနှင့် သက်ဆိုင်သည့် ကိစ္စများကို မူဝါဒချမှတ်ဆောင်ရွက်မည်ဖြစ်ပြီး ပြည်နယ် (သို့မဟုတ်) လူမျိုးကို အခြေခံသည့် အတိုင်ပင်ခံကောင်စီများသည် သက်ဆိုင်ရာ လူမျိုးနှင့် ပြည်နယ်အရေးကို အာရုံစိုက်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း ပြောသည်။
၎င်းက ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၏ စုဖွဲ့မှုကို ဆက်လက်ရှင်းပြသည်။ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီတွင် NUCC ၏ စုဖွဲ့မှုအတိုင်းပင် လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းပြည်နယ်ရှိ အရပ်ဘက်အဖွဲ့များ၊ EAO အနေနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဦး (CNF) တို့ပါဝင်ကြောင်း ၎င်းကဆိုသည်။
ယင်းအပြင် အဆိုပါကော်မတီသည် ချင်းပြည်နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) များနှင့်လည်း ပူးတွဲကော်မတီပုံစံဖြင့် ထပ်ဆင့်စုဖွဲ့ထားကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်က ရှင်းပြသည်။
၎င်းက “ချင်းပြည်နယ်အတိုင်းအတာနဲ့ ဆောင်ရွက်ရမယ့် ကိစ္စအဝဝကို ကျနော်တို့အနေနဲ့ အပြည့်အဝ ဆောင်ရွက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အနာဂတ်ချင်းပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးသော်လည်းကောင်း၊ ချင်းပြည်နယ် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး ကိစ္စဆောင်ရွက်တဲ့ နေရာမှာသော်လည်းကောင်း စစ်ကောင်စီကို ဆန့်ကျင် တော်လှန်တဲ့နေရာမှာ နည်းမျိုးစုံနဲ့ ဆန္ဒပြကန့်ကွက်မှု၊ CDM လှုပ်ရှားမှု လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲမှု ဒီကဏ္ဍအားလုံးမှာ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းနိုင်ရန်နှင့် ပြည်နယ်၊ တိုင်းအသီးသီး၏ ဖွဲ့စည်းပုံ အခြေခံဥပဒေများ ရေးဆွဲပြဌာန်းနိုင်ရန်အတွက် ဖက်ဒရယ်ယူနစ်အသီးသီး၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးသဖြင့် ဖက်ဒရယ်ယူနစ်များ၏ အခန်းကဏ္ဍနှင့် အင်အားပိုကောင်းရန် ဖန်တီးဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒေါက်တာလျန်မှုန်းဆာခေါင်က ပြောသည်။
NUCC ၏ ရှေ့လုပ်ငန်းစဉ်များ
NUCC အနေနှင့် ၎င်းတို့ ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်အချို့ကိုလည်း သတင်းမီဒီယာများမှ တဆင့် လူထုကို အသိပေးထားသည်။
သုံးသပ်ပြင်ဆင်နေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် ကို ထုတ်ပြန်သွားရန်နှင့် NUCC ကို ပိုမိုအားကောင်းသည် အထိ စုဖွဲ့ရန်အပါအဝင် ပြည်သူ့ညီလာခံကို ၆ လတကြိမ် ခေါ်ယူသွားရန် NUCC ဘက်က ပြင်ဆင်နေကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက်တလအတွင်း အပြီးသတ်ရေးခဲ့ရသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်အစိတ်အပိုင်း (၁) ကို မေလနှောင်းပိုင်း တွင်ပြန်လည်သုံးသပ်ခဲ့ပြီး မကြာမီတွင် အများသိစေရန် ပြန်လည်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း NUCC တွင် ပါဝင်သည့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီမှ ဦးမိုးသူက ပြောသည်။
“သုံးသပ်ခြင်းလုပ်ငန်းစဉ်ကို ပြီးပြီလို့ ပြောလို့ရတဲ့ အခြေအနေရောက်နေပါပြီ။ တချို့လုပ်ဆောင်စရာတွေကို ဆက်လက်လုပ်ဆောင်ပြီးရင်တော့ အားလုံးကို ကျနော်တို့ အသိပေးထုတ်ပြန်သွားမှာဖြစ်ပါတယ်။ အဓိကတော့ ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်ကို သုံးသပ်တဲ့အခါမှာ ကာလသုံးခုခွဲခြားပြီးတော့ အဲဒီအခြေခံကနေ သုံးသပ်တာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဖက်ဒရယ်ဒီမိုကရေစီ အစိတ်အပိုင်း ၁ တွင် ယေဘုယျအားဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် ဦးတည်ချက် ရည်ရွယ်ချက်များ၊ အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (သို့မဟုတ်) နိုင်ငံရေးလမ်းပြမြေပုံနှင့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရမည့်အခါတွင် အခြေခံရမယ့် အခြေခံမူများ ပါဝင်ကြောင်းသိရသည်။
NUCC သည် ပဋိဉာဉ်ကို ပြန်လည်သုံးသပ်ရာတွင် ကာလ ၃ ခုပိုင်းခြားပြီး ယင်းအခြေခံမှ ပြန်လည်သုံးသပ်ကြောင်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီမှ ဦးမိုးသူက ပြောသည်။
“ပထမကာလကတော့ ကြားကာလလို့ ခေါ်ရင်လည်း ရပါတယ်။ ကြားကာလသို့မဟုတ် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရေးကာလသတ်မှတ်ထားပါတယ်။ ဒုတိယကာလကတော့ အသွင်ကူးပြောင်းရေး ကာလ သတ်မှတ်ထားပါတယ်။ တတိယကာလကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးကာလ ဆိုပြီး သတ်မှတ်ထားတဲ့ အခြေခံမှာ သုံးသပ်ပြင်ဆင်မှုတွေ လုပ်ခဲ့တာပဲဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ဦးမိုးသူက စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီးနောက် အသွင်ကူးပြောင်းရေး ကာလတွင်လည်း အသွင်ကူးပြောင်းရေးကာတွင် ကျင့်သုံးမည့် ဖက်ဒရယ်ဖွဲစည်းပုံ အခြေခံဥပဒေရေးဆွဲရခြင်း ရှိလာမည်ဖြစ်ပြီး ယင်းအလုပ်ကိုလည်း NUCC က တာဝန်ယူလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောသည်။
“တတိယကာလမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ်။ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ပေါက်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒါက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ့် ဖွဲ့စည်းပုံဖြစ်တဲ့အတွက် အရမ်းအရေးကြီးပါတယ်။ အဲဒါကြောင့်မို့ တတိယကာလမှာ ပေါ်ပေါက်လာမယ့် အခုကြားကာလမှာကတည်းက ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြီးတော့ လုပ်ငန်းစဉ်တွေကိုလည်း NUCC ကနေ တာဝန်ယူပြီးလုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
တတိယကာလမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ်။ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ပေါက်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒါက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်မယ့် ဖွဲ့စည်းပုံဖြစ်တဲ့အတွက် အရမ်းအရေးကြီးပါတယ်။ အဲဒါကြောင့်မို့ တတိယကာလမှာ ပေါ်ပေါက်လာမယ့် အခုကြားကာလမှာကတည်းက ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြီးတော့ လုပ်ငန်းစဉ်တွေကိုလည်း NUCC ကနေ တာဝန်ယူပြီးလုပ်ဆောင်သွားမှာဖြစ်ပါတယ်
ဖက်ဒရယ်ဒီမိုကရေစီ အစိတ်အပိုင်း ၁ သည် ကြားကာလတလျှောက်လုံး လိုက်နာကျင့်သုံးရမည့် အရာဖြစ်ကြောင်း ဦးမိုးသူ ဆိုသည်။
ထို့အပြင် ပထမဆုံးအကြိမ် ပြည်သူ့ညီလာခံမတိုင်ခင်တွင် NUCC ၌ လက်ရှိအချိန်အထိ မပါဝင်ရသေးသည့် အင်အားစု အသီးသီးပါဝင်နိုင်ရန် ပိုမိုးတိုးချဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း NUCC ထံမှသိရသည်။
ပထမဆုံးအကြိမ် ပြည်သူ့ညီလာခံကို လာမည့် ဒီဇင်ဘာလတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေး လိုလားသည့် အင်အားစုအသီးသီးဖြင့် ကျင်းပသွားနိုင်ရန် လျာထားကြောင်း NUCC တွင် ပါဝင်သည့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီမှ ဦးမိုးသူက ပြောပြသည်။
ပထမဆုံးအကြိမ်ပြည်သူ့ညီလာခံတွင် လုပ်ငန်းစဉ် ၃ ရပ်ကို အဓိကလုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ကိုခန့်ဝေဖြိုး က နိုဝင်ဘာလ ၁၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ရှင်းပြသည်။
၎င်းတို့မှာ NUCC ကို တိုးချဲ့ ဖွဲ့စည်းသွားရန် ၊ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဏ်အစိတ်အပိုင်း ၁ နှင့် ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီအမံတို့ကို အတည်ပြုရန် အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ညီလာခံတွင် ထပ်မံအတည်ပြုရန်တို့ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးကမူ NUCC ၏ စုဖွဲ့မှုသည် ပိုမိုတိုးတက်လာသဖြင့် အားရစရာ ကောင်းကြောင်းဆိုသည်။
၎င်းက “ယေဘူယျသဘောအရပြောရရင် စုဖွဲ့မှုရဲ့ အနေအထားက ပိုမိုကောင်းမွန်ပြည့်စုံလာပါတယ်။ အထူးသဖြင့် NUG နဲ့ EAOs တွေရဲ့ ဆက်ဆံမှု ကောင်းမွန်စေချင်တယ်။ နောက်တခုက PDF အဖွဲ့အစည်းတော်တော်များများကို NUG ရဲ့ စည်းရုံးရေး ကွန်ရက်ထဲမှာရှိစေချင်တယ်။ ခုလှုပ်ရှားမှုတွေထဲမှာ EAOs ၈ ဖွဲ့တောင်ရှိပြီဖြစ်တဲ့တွက် အားရစရာပါပဲ။ ဒါပေမဲ့ PDF တွေနဲ့ပေါင်းစပ်မှုက ဘယ်အတိုင်းအတာထိဖြစ်နေလဲဆိုတာမသိဘူး။ အဲဒီလုပ်ငန်းစဉ်ကလည်း ဖြစ်ပေါ်တိုးပွားနေတယ်လို့ယူဆပါတယ်” ဟု ဆိုသည်။
၎င်းက ဆက်၍ “ပြည်သူ့ညီလာခံလုပ်နိုင်ရင်ကောင်းပါတယ်။ ဘယ်လောက်ထိအချိန်ကြာမလဲ ဘယ်လောက်ထိသွားနိုင်မလဲ ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပေါ့” ဟု မှတ်ချက်ပေးသည်။
You may also like these stories:
ချင်းတောင်တန်းအတွက် တာဝန်ကျေခဲ့တဲ့ ဦးနိန်ကီးယော
ချင်းတွေကို လူမျိုးသုဉ်းသတ်ဖြတ်နေပြီလား