မြန်မာပြည် ပြည်ထောင်စုပြဿနာဖြေရှင်းရေး၏ ရှေ့အလားအလာ
မြန်မာပြည် ပြည်ထောင်စုပြဿနာသည် အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ရှေ့ပိုင်းတွင် ဖော်ပြသကဲ့သို့ ပြည်ထောင်စုပြဿနာ များစွာကို ဖြေရှင်းရန်လိုနေသည်။
“ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဝ ဒေသကဲ့သို့ ဒေသမျိုးအား တရားဝင် မည်သည့်ပုံစံနှင့် ဖြေရှင်း မည်ကို အဖြေရှာရန် လိုသည်။ ပြည်နယ်သစ် တောင်းဆိုမှု ပြဿနာများအား လက်တွေ့ကျကျ ဖြေရှင်းရန် လိုသည်။ ဗမာ ပြည်နယ်ပြဿနာကို လက်တွေ့ ဖြေရှင်းရန် လိုသည်။ ဖက်ဒရယ် ပြဿနာကို ဖြေရှင်းရန် လိုသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တည်ရှိမှု ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းရန် လိုနေသည်။ လက်ရှိ ပြည်ထောင်စု နယ်မြေအတွင်းရှိ တိုင်းရင်းသား လူမျိုးများအားလုံး စစ်မက်မဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ အတူတကွ နေထိုင် နိုင်ရေးအတွက် လျော်ကန်သင့်မြတ်သည့် အဖြေရှာရန် လိုသည်။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ တည်ရှိမှု ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းရန် လိုနေသည်။ လက်ရှိ ပြည်ထောင်စု နယ်မြေအတွင်းရှိ တိုင်းရင်းသား လူမျိုးများအားလုံး စစ်မက်မဖြစ်ပွားဘဲ ငြိမ်းချမ်းစွာ အတူတကွ နေထိုင် နိုင်ရေးအတွက် လျော်ကန်သင့်မြတ်သည့် အဖြေရှာရန် လိုသည်။
သို့ရာတွင် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ပြည်တွင်း ပဋိပက္ခအသစ်များ ထပ်တိုးလာသည်ဖြစ်ရာ စားပွဲဝိုင်းတွင် ဖြေရှင်း ရန် ပို၍ ခက်ခဲသွားသည်။
တဖန် ယခုအချိန်တွင် မြန်မာစစ်တပ်က အာဏာကို ပြန်လည် ချုပ်ကိုင်ထားရာ ပြဿနာ ဖြေရှင်းနိုင်ရေးတွင် မြန်မာစစ်တပ်သည် အဓိက တာဝန်ရှိလာသည်။ မြန်မာစစ်တပ်သည် ပြည်ထောင်စု မပြိုကွဲရေးဟု ကြွေးကြော်ကာ ပြည်ထောင်စု အမည်ခံ တပြည်ထောင်စနစ်ကို ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်သည်။
တဖက်တွင် နိုင်ငံရေး အမြင်မတူသူများကို စစ်အင်အားသုံး၍ ဖြေရှင်းနေဆဲ ဖြစ်သည်။ ပြည်တွင်း ပဋိပက္ခ မြင့်တက်နေ၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား စစ်ပွဲမဖြစ်ဘဲ ထိန်းထားရန် အချိုသတ် စည်းရုံးရန် ကြံစည်နေသည်။
သူအနေဖြင့် လိုက်လျောမှုအချို့၊ အခွင့်အရေးအချို့ကို ပေးပြီး အခြေအနေထိန်းရန် ကြံရွယ်သော်လည်း တိုင်းရင်းသား အဖွဲ့ အစည်းများ တကယ်လိုချင်သော ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အလမ်းများကို မပေးနိုင်ပေ။
မြန်မာစစ်တပ်သည် စစ်အင်အားသုံး၍ ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်သည့် အစဉ်အလာ၊ စတုတ္ထမြန်မာနိုင်ငံတော် ထူထောင်လိုသည့် ဗမာလူမျိုးကြီးဝါဒနှင့် စစ်တပ်အတွင်း ရိုက်သွင်းထားသည့် စစ်တပ်သည် တိုင်း ပြည်၏ ကယ်တင်ရှင် ဖြစ်သည်ဟူသော စိတ်ကြီးဝင်မှုများကြားတွင် ထွက်ပေါက်မရှိ ပိတ်မိနေသည်ဖြစ်ရာ ပြည်ထောင်စု ပြဿနာအား ဆက်လက်ပြီး စစ်အင်အားသုံး၍ ဖြေရှင်းမည်ကို သံသယဖြစ်ဖွယ်ရာ မရှိပေ။
သို့သော် လက်ရှိအချိန်တွင် မြန်မာစစ်တပ်သည် မည်သို့ လက်နက်ကြီး ပစ်ကူ၊ လေကြောင်း ရေကြောင်း ပစ်ကူများ အဆင့်မြင့် လက်နက်များ တပ်ဆင်ထားသည် ဆိုသော်လည်း မြေပြင်အခြေအနေများကို ကောင်းစွာ ထိန်းချုပ်နိုင်ရန် မြေပြင်တပ် စစ်အင်အား မလုံလောက်ပေ။
စစ်အင်အား မလုံလောက်သည့်အပြင် ပြင်ရန်ခက်သည့် အမှားတခုကိုလည်း ဆက်တိုက် ကျူးလွန်နေသည်။ ထိုအမှားမှာ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း မြို့ပေါ်လူထုအုံကြွမှုများအား ဖြိုခွဲရာတွင်လည်းကောင်း၊ ကျေးလက်တောင်တန်းဒေသများ ရှိ လက်နက်ကိုင် တော်လှန်ပုန်ကန်မှု အသစ်များအား ဖြိုခွဲရာတွင်လည်းကောင်း အချိန်တိုအတွင်း ဖြိုခွဲရန် ကြိုးစားခြင်း ဖြစ်သည်။
သို့သော် လက်တွေ့တွင် မြေပြင်တပ်အင်အား မလုံလောက်မှုကြောင့်လည်းကောင်း၊ အချိန်တိုအတွင်း ဖြိုခွဲရနိုင်ရန် ကြိုးစားမှုကြောင့်လည်းကောင်း၊ စနစ်တကျ ဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် စစ်တပ်၏ စည်းကမ်းလိုက်နာမှုအား ထိန်းသိမ်းမှု မပြု၍လည်းကောင်း၊ အကြောက်တရားဖြင့် လူထုအား ထိန်းချုပ်ရန် ကြိုးစားမှုကြောင့်လည်းကောင်း လက်တွေ့တွင် ရက်စက် ကြမ်းကြုတ်မှုများသာ ပိုလာသည်။
မြို့ပေါ်အုံကြွမှုများက အင်အားသုံး၍ ဖိထားသော်လည်း သူတို့ထင်သလောက် မငြိမ်သက်ပေရာ အာဏာသိမ်းပြီး ၇ လကျော်သည့်တိုင် အင်အားလျှော့ချ၍မရ ဖြစ်နေသည်။
ကျေးလက်ဒေသနှင့် ပြည်နယ်များရှိ လက်နက်ကိုင်အုံကြွမှုများကို မဖြိုခွဲနိုင်သည့်အပြင် လူထု၏ မုန်းတီးနာကျည်းမှုအား ပိုခံလာရသည်။ လူထုအား အကြောက်တရားနှင့် ထိန်းချုပ်ရန် ကြိုးစားနေသော မြန်မာစစ်တပ်သည် လူထု၏ အမုန်းတရားသာ ပြန်လည် ရရှိနေသည်။
ကျေးလက်ဒေသနှင့် ပြည်နယ်များရှိ လက်နက်ကိုင်အုံကြွမှုများကို မဖြိုခွဲနိုင်သည့်အပြင် လူထု၏ မုန်းတီးနာကျည်းမှုအား ပိုခံလာရသည်။ လူထုအား အကြောက်တရားနှင့် ထိန်းချုပ်ရန် ကြိုးစားနေသော မြန်မာစစ်တပ်သည် လူထု၏ အမုန်းတရားသာ ပြန်လည် ရရှိနေသည်။
ထိုအမုန်းတရားနှင့် နာကျည်းမှုများ၏ အဆက်အဖြစ် မြို့ပေါ် ဗုံးခွဲတိုက်ခိုက်မှု၊ လူပုဂ္ဂိုလ်ပစ်မှတ်ထား တိုက်ခိုက်မှုနှင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများအပေါ် တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပေါ်နေသည်။
မည်သို့ဖြစ်စေ ပြည်တွင်းပြည်ပ ဖိအားများအောက်တွင် ရောက်နေသော မြန်မာစစ်တပ်သည် လူထုထကြွမှုအား အချိန်တို တွင်း ဖြိုခွဲနိုင်ရန်၊ ပြဿနာ ဖြေရှင်းနိုင်ရန် ကြိုးစားမှုအား ပြင်ဆင်နိုင်ရန် မဖြစ်နိုင်ပေ။ နိုင်ငံတကာအား ၎င်းတို့အနေနှင့် တိုင်းပြည်အခြေအနေအား တည်ငြိမ်စွာ ထိန်းသိမ်းနိုင်ပြီ ဆိုသည်ကို အလျင်အမြန် ပြချင်နေသည်ဖြစ်ရာ ထိုအမှားကို ဆက်မှားမြဲ မှားနေမည်သာ ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်များသည် လက်ရှိ ပဋိပက္ခအား ကောင်းစွာ သဘောပေါက် သကဲ့သို့ သတိထားပြီး စောင့် ကြည့်နေသည်။ မြန်မာစစ်တပ်က အချိုသတ်၍ ဆွေးနွေးပွဲခေါ်ပြီး အခွင့်အရေးတချို့ပေးခါ နှစ်သိမ့်မည်ကို ကောင်းစွာ သိကြသည်။ အင်အားနည်းသော အဖွဲ့အချို့ ပါသွားနိုင်ပါသည်။
ထို့ပြင် မိမိတိုင်းရင်းသား အကျိုးစီးပွားအတွက် သီးခြားပါတီအဖွဲ့အစည်း မထူထောင်ဘဲ လူများစု ဗမာများနှင့် ပေါင်း၍ လုပ်ရမည့်သူများလည်း ရှိသည်။ ထိုသူများထဲက အချို့ စစ်တပ်/ကြံ့ခိုင်ရေးနှင့် ပေါင်းသည်။ အချို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ပေါင်းကြသည်။
သူတို့သည်လည်း သူတို့နှင့်ပေါင်းသည့် စစ်တပ်၊ ကြံ့ခိုင်ရေး၊ NLD တို့၏ ပေါ်လစီအတိုင်း သွားကြမည် ဖြစ်သည်။ သို့သော် ရှေ့ပိုင်းတွင် ဖော်ပြထားခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်များကတော့ ၎င်းတို့ တိုင်းရင်းသားအရေးကို ရှေ့ရှုသည့် အမျိုးသားလက္ခဏာကို ဆက်လက် ဖော်ဆောင်သွားကြမည်သာ ဖြစ်သည်။
လက်ရှိ ပြည်တွင်း အကျပ်အတည်းသည် ၎င်းတို့အတွက် အခွင့်အခါကောင်း ဖြစ်သည်ကို ကောင်းစွာ သိကြသည်။ အခွင့်အခါကောင်းရအောင် ပြင်ဆင်တွက်ချက်နေကြသည်။
မြန်မာစစ်တပ်အနေဖြင့် မည်မျှအချိုသတ်နေသည်ဖြစ်စေ အဆုံးသတ်တွင် စစ်အင်အား သုံးလာမည်ကို ကောင်းစွာ သိရှိသည့် အားလျော်စွာ စစ်ရေးအရ လက်နက်ကိုင် တိုက်ခိုက်၍ ဖြေရှင်းလာမည်ကို ရှောင်လွှဲ၍ရမည် မဟုတ်ပေ။
တိုင်းရင်းသား လက်နက်ကိုင်များ အဖို့လည်း သူတို့၏ ရည်မှန်းချက် အောင်မြင်ရေး အတွက် စစ်ရေးအရ တိုက်ခိုက်မှ ရမည့်အပြင် အခွင့်အခါကောင်းလည်း ဖြစ်သည်ကို ကောင်းစွာ သဘောပေါက်နေကြသည်ဖြစ်ရာ မကြာမီကာလအတွင်း ပြင်းထန်သော စစ်ပွဲများ ကြုံတွေ့ရတော့မည် ဖြစ်သည်။
ထို့ပြင် မြန်မာ့နိုင်ငံရေး အင်အားစုကြီး တခုဖြစ်သည့် NLD နှင့် ဒီမိုကရက်တစ် အင်အားစုများကလည်း လက်နက်ကိုင် လမ်းကြောင်းပေါ်သို့ ရောက်နေပြီ ဖြစ်သည်။ ထိုအင်အားစုနှင့် မြန်မာစစ်တပ်ကြား နှစ်ဖက်အပြုတ်တိုက်ရေး ကြွေးကြော်နေကြပြီး ရင်ကြားစေ့နိုင်ရန် ခက်ခဲသွားပြီ ဖြစ်သည်။
ဤသို့သော အခြေအနေအောက်တွင် တိုင်းရင်းသား လက်နက်ကိုင်များ အဖို့လည်း သူတို့၏ ရည်မှန်းချက် အောင်မြင်ရေး အတွက် စစ်ရေးအရ တိုက်ခိုက်မှ ရမည့်အပြင် အခွင့်အခါကောင်းလည်း ဖြစ်သည်ကို ကောင်းစွာ သဘောပေါက်နေကြသည်ဖြစ်ရာ မကြာမီကာလအတွင်း ပြင်းထန်သော စစ်ပွဲများ ကြုံတွေ့ရတော့မည် ဖြစ်သည်။
စစ်ပွဲကို အားဖြည့်သည့် ပြိုင်ဆိုင်မှုများ
၂၀၀၀ ခုနှစ်မှစ၍ စီးပွားရေးအင်အား၊ စစ်အင်အား တောင့်တင်းလာသော တရုတ်တို့သည် အမေရိကန်နှင့် ပြိုင်ဘက် ဖြစ်လာသည်။ စီးပွားရေးဈေးကွက် ယှဉ်ပြိုင်ခြင်း၊ နိုင်ငံရေးဩဇာ တည်ဆောက်ခြင်းတို့တွင် အပြိုင်အဆိုင် ဖြစ်လာသည်။
အစောပိုင်း တောင်တရုတ်ပင်လယ်၌ ပြိုင်ဆိုင်မှုမှသည် ၂၀၁၀ မှစ၍ အိန္ဒိယသမုဒ္ဒရာ၌ ပြိုင်ဆိုင်မှု စတင်လာသည်။ တောင် တရုတ်ပင်လယ်သည် မြန်မာနှင့်အလှမ်းဝေး၍ တိုက်ရိုက် မပတ်သက်သော်လည်း အိန္ဒိယ သမုဒ္ဒရာကတော့ မြန်မာနှင့် တိုက်ရိုက် ပတ်သက်သည်၊ ရှောင်၍မလွတ်။
၂၀၁၀ မှစ၍ မြန်မာပြည်တွင် တရုတ်စီးပွားရေး လုပ်ငန်းများ ဆန့်ကျင်ရေး၊ တရုတ်ဆန့်ကျင်ရေး အစပြုသည်။ မြစ်ဆုံကိစ္စသည် ထင်ရှားသည့် ဥပမာ ဖြစ်သည်။ ဆယ်စုနှစ်တခုအကြာ ၂၀၂၀ ခန့်တွင် ထိုပြိုင်ဆိုင်မှုက ပို၍ ပြင်းထန်လာသည်။
အင်အားကြီး နိုင်ငံတို့၏ ပြိုင်ဆိုင်မှုသည် တခါတရံ စစ်ပွဲများဆီသို့ ဦးတည်သည်။ ယနေ့ ခေတ်သစ်ကာလတွင် သူတို့ကိုယ်တိုင် ထိပ်တိုက်မဖြစ်ကြတော့ဘဲ သူတို့ကို ကိုယ်စားပြုသည့် ဒေသတွင်းစစ်များ ဖြစ်လေ့ရှိသည်။
မြန်မာပြည်သည် တရုတ်ပြည်နှင့် နယ်စပ် မိုင်ထောင်ချီ ဆက်စပ်နေပြီး လက်နက်ကိုင် အဖွဲ့ပေါင်းစုံ ၂၀ ခန့် ရှိနေသည့် အပြင် စီးပွားရေးနှင့် ပတ်သက်၍လည်းကောင်း၊ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်နှင့် ပတ်သက်၍လည်းကောင်း တရုတ်တို့က သေနင်္ဂဗျူဟာကျသည့် ဒေသအဖြစ် ရှုမြင်ထားသည်။
ထို့ကြောင့် တောင်တရုတ်ပင်လယ်နှင့် အိန္ဒိယသမုဒ္ဒရာကြားရှိ အရှေ့တောင်အာရှ ၁၀ နိုင်ငံထဲတွင် Proxy War ဟု ခေါ် သည့် ကိုယ်စားပြုစစ်ပွဲ ဖြစ်နိုင်သည့် ရေခံမြေခံ အကောင်းဆုံးက မြန်မာပြည် ဖြစ်သည်။
၂၀၁၀ ခန့်မှ စတင်၍ တရုတ်ဆန့်ကျင်ရေးလေထု မြန်မာပြည်တွင် ပြင်းထန်လာသည့်နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကြောင်းပြုပြီး တရုတ်တို့သည် ၂၀၁၆၊ ၂၀၁၇ မှစ၍ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နီးနီးကပ်ကပ် ဆက်ဆံလာသည်။
လက်ရှိ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် အခြေအနေကို စောင့်ကြည့်နေသော တရုတ်တို့သည် မြန်မာပြည် အခြေအနေကို ၆ လကြာသည်အထိ စစ်တပ်က တည်ငြိမ်အောင် မထိန်းနိုင်သည့်အပြင် တရုတ်စီးပွားရေး လုပ်ငန်းများ ထိခိုက်လာနိုင်သည်ကို တွေ့နေရသည်။
ထို့ပြင် လက်နက်ကိုင် အင်အားစုအသစ်များလည်း ပေါ်ပေါက်လာပြီး အချိန်တိုအတွင်း မြန်မာစစ်တပ် အနေဖြင့် အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် ခက်ခဲသည့် အခြေအနေများ ဖြစ်ပေါ်လာသည့်အောက်တွင် တရုတ်တို့သည် မြန်မာပြည်ရှိ နိုင်ငံရေးအင်အားစုများ တွေ့ဆုံဆွေးနွေးရေးကို အဆိုပြုလာပြီး NLD ပါတီ အခန်းကဏ္ဍကို အတိအလင်း အသိအမှတ် ပြုလာသည်။
ထို့ပြင် လက်နက်ကိုင် အင်အားစုအသစ်များလည်း ပေါ်ပေါက်လာပြီး အချိန်တိုအတွင်း မြန်မာစစ်တပ် အနေဖြင့် အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန် ခက်ခဲသည့် အခြေအနေများ ဖြစ်ပေါ်လာသည့်အောက်တွင် တရုတ်တို့သည် မြန်မာပြည်ရှိ နိုင်ငံရေးအင်အားစုများ တွေ့ဆုံဆွေးနွေးရေးကို အဆိုပြုလာပြီး NLD ပါတီ အခန်းကဏ္ဍကို အတိအလင်း အသိအမှတ် ပြုလာသည်။
ကုလသမဂ္ဂတွင် အမေရိကန်နှင့် အနောက် အဆိုပြုသမျှ ထိုင်ကန့်ကွက်နေရာမှ ညှိနှိုင်းရန် ကြိုးစားလာသည်။
လက်ရှိ အခြေအနေတွင် အနောက်တိုင်း၏ လက်နက်ပံ့ပိုးမှုကို မျှော်လင့်နေသော ပြည်တွင်း အင်အားစုများကို လက်နက် ထောက်ပံ့မည့်သူ ပေါ်လာပါက မြန်မာပြည် အခြေအနေသည် ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ဆိုက်ရောက်ပြီး တရုတ်တို့၏ မြန်မာပြည်ပေါ်ထားသည့် သေနင်္ဂဗျူဟာ မျှော်လင့်ချက်များ အချိန်အကန့်အသတ်မရှိ ဆိုင်းငံ့ရမည့် အခြေသို့ ဆိုက်ရောက်မည် ဖြစ်သည်။
ဤအချက် ဖြစ်နိုင်ခြေကို တရုတ်တို့လည်း တွက်ဆနေပြီး ရင်ဆိုင်ရန် ပြင်ဆင်နေမည် ဖြစ်သည်။ ဤသို့သော အခြေ အနေအောက်တွင် မြန်မာပြည်၌ ကိုယ်စားပြုစစ်ပွဲ ဖြစ်နိုင်ခြေသည် လွန်စွာ မြင့်တက်လာနေသည်။
လက်ရှိအချိန်တွင် မြန်မာပြည်တွင်းသို့ ပြည်ပစွက်ဖက်ရန် အခြေအနေ အချိန်အခါ သင့်နေသကဲ့သို့ ပြည်ပစွက်ဖက်မှု အမြင့်ဆုံးအချိန်လည်း ဖြစ်သည်။ ထိုအကြောင်းအချက်သည်လည်း စစ်ပွဲအတွက် လောင်စာ ဖြစ်နိုင်နေသည်။
အလားအလာ
မြန်မာပြည်တွင်း အခြေအနေသည် တနေ့ထက်တနေ့ ပို၍ တင်းမာလာနေသည်။ မြန်မာစစ်တပ် အနေဖြင့် ပြည်ထောင် စု ပြဿနာဇာစ်မြစ်အား ဆွေးနွေးဖြေရှင်းခြင်း၊ လိုက်လျောခြင်း မပြုဘဲ နောက်ဆုံးတွင် စစ်အင်အားသုံးမည် ဆိုသည်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ သဘောပေါက်ပြီး ဖြစ်သည်။
မြန်မာစစ်တပ်၏ အချိုသတ်လိုက်လျောမှုများသည် တိုင်းရင်းသား လက်နက်ကိုင်တို့ တကယ်တမ်း လိုလားသည့် တောင်း ဆိုချက်များ မရနိုင်ဆိုသည်ကို အနှစ် ၇၀ ကျော် အတွေ့အကြုံများအရ သဘောကောင်းစွာ ပေါက်နေကြပြီ ဖြစ်သည်။
ထို့ပြင် စားပွဲဝိုင်း၌ တွေ့ဆုံဆွေးနွေးဖြေရှင်းရန် ပိုခက်ခဲသွားသည့်အချက်မှာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပွဲပြီး ပြည် တွင်း ဒီမိုကရက်တစ်အင်အားစုများက စစ်တပ်၏ ဖိနှိပ်မှုများကို လက်နက်ကိုင် ခုခံကာကွယ်သည့် စစ်ပွဲ ဆင်နွှဲလာခဲ့ခြင်း ဖြစ်သည်။
အာဆီယံ၊ တရုတ်တို့က မည်မျှပင် တွေ့ဆုံဆွေးနွေးစေလိုသည်ဖြစ်စေ၊ အနောက်နိုင်ငံများက မည်မျှပင် ငြိမ်းချမ်းစွာ ဖြေရှင်းလိုသည်ဖြစ်စေ လက်ရှိ ပြည်တွင်း အခြေအနေတွင် တွေ့နေရသည်မှာ စစ်တပ်ကလည်း အမြစ်ပြတ်ချေမှုန်းရေး ကြွေးကြော်သည်။ ဒီမိုကရက်တစ် အင်အားစုများကလည်း အပြုတ်တိုက်ရေးကြွေးကြော်သည်။ နှစ်ဖက်လုံးတင်းမာနေပြီး လွယ်လွယ်နှင့် လျှော့မည်ပုံ မရှိပေ။
အာဆီယံ၊ တရုတ်တို့က မည်မျှပင် တွေ့ဆုံဆွေးနွေးစေလိုသည်ဖြစ်စေ၊ အနောက်နိုင်ငံများက မည်မျှပင် ငြိမ်းချမ်းစွာ ဖြေရှင်းလိုသည်ဖြစ်စေ လက်ရှိ ပြည်တွင်း အခြေအနေတွင် တွေ့နေရသည်မှာ စစ်တပ်ကလည်း အမြစ်ပြတ်ချေမှုန်းရေး ကြွေး ကြော်သည်။
ဒီမိုကရက်တစ် အင်အားစုများကလည်း အပြုတ်တိုက်ရေးကြွေးကြော်သည်။ နှစ်ဖက်လုံးတင်းမာနေပြီး လွယ်လွယ်နှင့် လျှော့မည်ပုံ မရှိပေ။ သို့ဖြစ်ရာ ပြည်ထောင်စုအရေး ဆွေးနွေးရန် ပြည်တွင်းအင်အားစုအားလုံး စားပွဲဝိုင်းတွင် စုံညီရောက်ရှိနိုင်သည့် အခြေအနေ မရှိချေ။
ပြီးခဲ့သည့် ပြည်တွင်းစစ်အနှစ် ၇၀ ကျော် အတွေ့အကြုံအရလည်းကောင်း၊ လက်ရှိ အခြေအနေအရလည်းကောင်း မြန်မာ စစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင်များအား စစ်အင်အားနှင့် ဖြေရှင်းရန် ကြိုးစားနေသော်လည်း လက်တွေ့ စစ်မြေ ပြင်တွင် အနိုင်တိုက်နိုင်ခြေ လုံးဝ မရှိပေ။
စစ်အင်အားလည်း မလုံလောက်သည်ကို ရှေ့ပိုင်းတွင် ဖော်ပြပြီး ဖြစ်သကဲ့သို့ လူထုထောက်ခံမှုလည်း ကျဆင်းနေသည်။ သမိုင်းတလျှောက် မြန်မာစစ်တပ်အား လူထုထောက်ခံမှု အကျဆုံးအချိန် ဖြစ်သည်။
ခေတ်မီလက်နက်များ အသုံးပြု၍ ကြည်းလေရေ ပူးပေါင်းပြီး ပြုလုပ်သည့် ရခိုင်ပြည်နယ် စစ်ဆင်ရေးတွင် မြန်မာစစ်တပ် အစွမ်းသည် ထင်သလောက်မဟုတ် ဆိုသည်ကို တွေ့ခဲ့ရပြီ ဖြစ်သည်။ ထို့ပြင် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်များသည် စစ်အင်အား ၅၀,၀၀၀ ခန့် တိုးလာသည်သာမက စစ်လက်နက် အင်အားလည်း တောင့်တင်းလာသည်။ နယ်မြေများကို တစတစတိုး၍ ထိန်းချုပ်လာနိုင်နေသည်။ ပြည်တွင်း လက်နက်ကိုင် ပုန်ကန်မှုများသည်လည်း နေရာအနှံ့ အပြားတွင် ဖြစ်ပေါ်နေပြီး လူထူထောက်ခံမှုလည်း အားကောင်းသည်။
ထို့ပြင် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးယန္တရား ကောင်းစွာ မလည်ပတ်နိုင်တော့။ ၁၉၆၂ စစ်တပ် အာဏာသိမ်းသည်ကစ၍ ယခုအကြိမ်သည် စစ်တပ်အနေနှင့် လူထု၏ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခံရသော အချိန်အခါ ဖြစ်သည်။
ယခုအကြိမ်တွင် လူထုက ပြုလုပ်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ဆေးရုံများသည် ကျန်းမာရေးဝန်ထမ်း အင်အား၏ သုံးပုံတပုံနှင့် လည်ပတ်နေရသည်။ မီးရထားများ ယခုထိတိုင် အများစု မပြေးဆွဲနိုင်။ လူထု၏ ဆန့်ကျင်မှုကြောင့် အခွန်အကောက်များ ကျဆင်းသည်။
ထီရောင်းချခြင်းပင် ယခင်ရောင်းရငွေ၏ ၁၀ ရာခိုင်နှုန်းသာ ရောင်းရတော့သည်။ အခြေခံ ရပ်ကွက်အုပ်ချုပ်ရေး ရုံးလုပ်ငန်း များ ရပ်တန့်ကုန်သည်။ ပြောရလျှင် အစိုးရယန္တရား အတော်များများ ပုံမှန်မလည်ပတ်နိုင်တော့ပေ။ အရည်အချင်းရှိသော ဝန်ထမ်းများ လက်လွှတ်ရပြီ ဖြစ်သည်။
ထို့ပြင် ကိုဗစ်ကပ်ရောဂါအား ကောင်းစွာ မထိန်းချုပ်နိုင်။ လူထု၏ ပူးပေါင်းပါဝင်ကူညီမှု မရတော့ပေ။ ကိုဗစ်ပြန့်ပွားမှု မထိန်းချုပ်နိုင်၍လည်းကောင်း၊ တိုင်းပြည်အခြေအနေ မတည်ငြိမ်၍လည်းကောင်း လုပ်ငန်းများ ရပ်ဆိုင်းကုန်သည်။
လှိုင်သာယာစက်မှုဇုန်မှ စက်ရုံ ၂၀၀ ကျော် ပိတ်သွားခဲ့ပြီး သီလဝါစက်မှုဇုံမှ စက်ရုံ ၃၀ ကျော် ရပ်ဆိုင်းသွားသည်။ အလုပ် လက်မဲ့ ထောင်ချီ ပေါ်ထွက်လာသည်။ ကိုဗစ်ပြန့်ပွားမှု မထိန်းချုပ်နိုင်၍ တရုတ်နယ်စပ်ကုန်သွယ်ရေး လနှင့်ချီ ပိတ်သွားပြီး ယခုထိတိုင် ပြန်မဖွင့်နိုင်သေးပေ။
ကိုဗစ်ကြောင့် ဟိုတယ်နှင့် စားသောက်ဆိုင် လုပ်ငန်းများလည်း ရပ်ဆိုင်းထားရသည်။ တိုင်းပြည် မငြိမ်သက်မှုကြောင့် လည်းကောင်း၊ အနောက်တိုင်း၏ ပိတ်ဆို့မှုကြောင့် နိုင်ငံခြားစီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ အသစ်ဝင်ရန် မဆိုထားနှင့် ရှိပြီး သား ရင်းနှီးမြှုပ်နှံမှုများသည်ပင် ပြန်ထွက်နေသည်။
ဘဏ်များကို စစ်တပ်က ထိန်းချုပ်ထားခြင်းကြောင့်လည်းကောင်း၊ စစ်တပ်အုပ်ချုပ်မှုကို အယုံအကြည် မရှိ၍လည်းကောင်း လူထုက ဘဏ်စနစ်အပေါ် အယုံအကြည် ကျဆင်းနေသည်။ စစ်တပ်ကလည်း ဘဏ်များမှ ငွေထုတ်ခွင့်ကို ကန့်သတ်ထား သည်။ ဘဏ်စနစ် ပုံမှန်လည်ပတ်မှု ရပ်ဆိုင်းနေသည်။
မြန်မာစစ်တပ် အုပ်ချုပ်မှုနှင့် ငွေကြေးစနစ်အား လူထုကြားတွင် ယုံကြည်မှု ကင်းမဲ့လာပြီး ရွှေနှင့်ဒေါ်လာ ဝယ်ယူစုဆောင်း ကြသဖြင့် ရွှေဈေး၊ ဒေါ်လာဈေး အဆမတန်တက်ပြီး မြန်ငွေကြေး ဖောင်းပွမှု ဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက် မတိုင်မီက မြန်မာငွေကြေး ဖောင်းပွမှုသည် ၃ ရာခိုင်နှုန်း အောက်တွင်သာ ရှိရာမှ ယခုအခါ ၃၀ ရာခိုင်နှုန်း အထက်တွင် ရှိနေသည်။
မြန်မာစစ်တပ်သည် စစ်ရေးသာမက အုပ်ချုပ်ရေး၊ စီးပွားရေး ဘက်စုံတွင် အကျပ်အတည်း တွေ့နေသည်။ တနိုင်ငံလုံးရှိ လူထုအများစု၏ နည်းမျိုးစုံနှင့် ဆန့်ကျင်မှုများ၊ ပုန်ကန်တိုက်ခိုက်မှုများ ကြုံနေရသည်။ ဤအကျပ်အတည်းသည်ပင် တိုင်းရင်းသား လက်နက်ကိုင်တို့အတွက် အခွင့်အခါကောင်း ဖြစ်နေသည်။
သို့ဖြစ်ရာ မြန်မာစစ်တပ်သည် စစ်ရေးသာမက အုပ်ချုပ်ရေး၊ စီးပွားရေး ဘက်စုံတွင် အကျပ်အတည်း တွေ့နေသည်။ တနိုင်ငံလုံးရှိ လူထုအများစု၏ နည်းမျိုးစုံနှင့် ဆန့်ကျင်မှုများ၊ ပုန်ကန်တိုက်ခိုက်မှုများ ကြုံနေရသည်။ ဤအကျပ်အတည်းသည်ပင် တိုင်းရင်းသား လက်နက်ကိုင်တို့အတွက် အခွင့်အခါကောင်း ဖြစ်နေသည်။
ထို့ပြင် ၂၀၂၁ ဖေဖော်ဝါရီ နောက်ပိုင်းမှ လက်နက်ကိုင် ပုန်ကန်ကြသူများထက် ပို၍စစ်ရည်ဝပြီး စစ်တပ်ကို တည်ဆောက် ထားနိုင်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက စစ်ရေးအရ အခွင့်အလမ်းကောင်းများ ရနိုင်ရန် ပို၍ အခွင့်သာ သည်။ ထို့ပြင် ပြည်ပက ပါဝင်ပတ်သက်မှုများကလည်း အားကောင်းလာစေနိုင်သည်။
ထိုသို့သော အခြေအနေအောက်တွင် ပြည်ထောင်စု ပြဿနာအား စစ်ရေးအရ တဆင့်တက် ဖြေရှင်းကြမည့်ကာလ ဖြစ် လာသည်။ တိုင်းရင်းသား လက်နက်ကိုင်များအတွက် အခွင့်အခါကောင်းလည်း ဖြစ်နေသည်။ လာမည့် ၂၊ ၃ နှစ်အတွင်း ပြင်းထန်သော စစ်ပွဲများကို ရှောင်လွှဲရန် ခက်ခဲမည့်အခြေအနေကို ဆိုက်ရောက်လာနေသည်။
မြန်မာစစ်တပ်သည် တိုင်းရင်းသား လက်နက်ကိုင် အားလုံးကို အနိုင်တိုက်ရန် လုံးဝ မဖြစ်နိုင်တော့။ မြန်မာစစ်တပ် လုံးဝ အရေးနိမ့်မည်၊ မနိမ့်မည်ကို ယခုအချိန်တွင် ယတိပြတ်ပြောရန် စောသေးသော်လည်း စစ်တပ်သည် နယ်မြေအချို့ကို ထိန်း သိမ်းရန် ကြိုးစားရင်း နယ်မြေအချို့ကို စွန့်လွှတ်ရဖွယ်ရှိသည်။
တိုင်းရင်းသားလူမျိုးများ နေထိုင်မှုအရ စုစည်းမှုရှိပြီး နယ်မြေလည်း တသီးတသန့် ဖြစ်နေသည့်အပြင် စစ်အင်အားလည်း ကောင်းသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိသော တိုင်းပြည်၏ အချို့နယ်မြေများ ကွဲထွက်နိုင်၊ ခွဲထွက်နိုင်သည် ကို ကြုံတွေ့ရနိုင်သည်။
အပ်နှင့် မထွင်းခဲ့ကြ၍ ပုဆိန်နှင့်ပေါက်ရမည့် အခြေအနေသို့ ဆိုက်ရောက်ရန် ဦးတည်နေတော့သည်။ မြန်မာပြည်၏ အနေအထားသည် လွန်ခဲ့သော နှစ်များကတည်းက ကျရှုံးနိုင်ငံတော် (Failed State) ဟု ဆိုလာကြသည်။ ယခုတော့ ပြိုကွဲလွယ်သည့် နိုင်ငံတော် (Fragile State) အခြေအနေသို့ ဆိုက်ရောက်နေပေပြီ။
အပ်နှင့် မထွင်းခဲ့ကြ၍ ပုဆိန်နှင့်ပေါက်ရမည့် အခြေအနေသို့ ဆိုက်ရောက်ရန် ဦးတည်နေတော့သည်။ မြန်မာပြည်၏ အနေအထားသည် လွန်ခဲ့သော နှစ်များကတည်းက ကျရှုံးနိုင်ငံတော် (Failed State) ဟု ဆိုလာကြသည်။ ယခုတော့ ပြိုကွဲလွယ်သည့် နိုင်ငံတော် (Fragile State) အခြေအနေသို့ ဆိုက်ရောက်နေပေပြီ။
ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ ပြည်ထောင်စု ပြဿနာကို အမြန်ဖြေရှင်းရန် လိုအပ်နေပြီဟု ဆိုရခြင်း ဖြစ်ပေသည်။ ဖြေ ရှင်းနိုင်ရန် အခွင့်အလမ်း အနည်းငယ်သာ ရှိပေတော့သည်။
ပြီးပါပြီ ။ ။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦးဖြစ်သည်။)
You may also like these stories:
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၁)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၂)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၃)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း -၄ )
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၅)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၆)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၇)
အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း – ၈)