လွန်ခဲ့သော ၆ နှစ်ကဖြစ်သည့် ၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်အာဏာ လွှဲပြောင်းရယူရေးနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် နေပြည်တော်တွင် သီးခြားစီ တွေ့ဆုံခဲ့သည်။
ဤတွေ့ဆုံပွဲသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရသည့် ရလဒ်ထွက်ပေါ်ပြီး အတော်ကြာမှ အထမြောက်ခဲ့ခြင်းကြောင့် ထိုမတိုင်ခင်က အာဏာလွှဲမှ လွှဲမည်လားဟု မြန်မာပြည်သူများက စိုးရိမ်ပူပန်နေခဲ့ကြသည်။ ၁၉၉၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို စစ်တပ်က အာဏာမလွှဲပေးခဲ့သည့် သာဓက ရှိခဲ့သောကြောင့် ဖြစ်သည်။
ဒီဇင်ဘာလ ၂ ရက် မနက် ၉ နာရီကျော်တွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိမ်တော်၌ စောင့်ကြိုနေသည့် သမ္မတဦးသိန်းစိန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲနိုသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောခဲ့သည်။
ဒီဇင်ဘာလ ၂ ရက် မနက် ၉ နာရီကျော်တွင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအိမ်တော်၌ စောင့်ကြိုနေသည့် သမ္မတဦးသိန်းစိန်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲနိုသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်နိုင်ငံရေး၌ ပြန်လည် ပါဝင်နိုင်အောင် ပြုပြင်ပြောင်းလဲရေးများ လုပ်ပေးသည့် အချိန်မှစပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆောင်ရွက်ခဲ့မှု၊ ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်တရားမျှတစွာ ကျင်းပပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း ပြန်ပြောခဲ့သည်။

ဤတွေ့ဆုံပွဲကို ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နောင်သမ္မတဖြစ်လာမည့် ဦးဝင်းမြင့်လည်း လိုက်ပါလာခဲ့ပြီး အေးချမ်းတည်ငြိမ်ချောမွေ့အောင် တာဝန်လွှဲပြောင်းနိုင်ရေး၊ ပြည်သူများ ပူပန်မှုမရှိအောင် ပူးပေါင်းဆောင်ရွက်ရေး၊ အစဉ်အလာမရှိသေးသည့် နိုင်ငံတော်အကြီးအကဲတာဝန် စနစ်တကျ လွှဲပြောင်းပေးသည့် အစဉ်အလာကောင်းတခု ထူထောင်ရန် ကိစ္စများကို ပြောဆိုဆွေးနွေးခဲ့ကြသည်။ ထို့အတူ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့က မြန်မာ့နိုင်ငံရေးတွင် အတိုက်အခံဆိုသည့် စကားလုံးမသုံးသင့်ကြောင်း၊ ထိုကဲ့သို့ သုံးခြင်းသည် ပဋိပက္ခများ၊ သံသယများ များသည့် မြန်မာ့နိုင်ငံရေးနှင့် မသင့်တော်ကြောင်းကို သဘောတူခဲ့ကြသည်ဟု သမ္မတ ဦးသိန်းစိန်နှင့်အတူ တွေ့ဆုံပွဲတက်ရောက်သည့် ထိုစဉ်က သမ္မတပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ၂၀၁၆ အလွှဲအပြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ စာအုပ်တွင် ဖော်ပြခဲ့သည်။
ပြည်သူ့ဆန္ဒကို အလေးထားပြီး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြောင်း နောက်တနေ့ထုတ် နိုင်ငံပိုင်သတင်းစာများက ဖော်ပြခဲ့ကြသည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် နေ့လယ် ၂ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် လက်ရှိအာဏာသိမ်း စစ်ခေါင်းဆောင်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ လက်ရှိ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးစသည့် စစ်ခေါင်းဆောင်များနှင့် စားပွဲဝိုင်းကြီးတွင် မျက်နှာစုံညီ တွေ့ဆုံခဲ့သည်။ ပြည်သူ့ဆန္ဒကို အလေးထားပြီး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဖက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူညီခဲ့ကြောင်း နောက်တနေ့ထုတ် နိုင်ငံပိုင်သတင်းစာများက ဖော်ပြခဲ့ကြသည်။
ဤပွဲကို ပါဝင်တက်ရောက်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်ကမူ ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲနိုင်ပြီး အစိုးရတာဝန်ကို ယူသည့်အခါ တပ်မတော်၏ ကဏ္ဍက အရေးပါသည့်အတွက် လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရည်မှန်းချက်မှာ ဖော်ပြထားသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးကို ဦးစားပေးမည် ဖြစ်ကြောင်း ပြောခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ တပ်မတော်အနေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဦးထိပ်ထားပြီး နိုင်ငံ့တာဝန်များ ထမ်းဆောင်ရင်းနှင့် ရွေးကောက်ပွဲတွင် နိုင်လာသည့် အစိုးရအဖွဲ့ ဖြစ်ပေါ်လာသည့်အခါ နိုင်ငံဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်သွားည်ဟု ပြောခဲ့ကြောင်း သူ၏ ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိဖြစ်သော သံသရာတကွေ့စာအုပ်တွင် မှတ်တမ်းတင်ခဲ့သည်။
၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ် နေဝင်း အာဏာသိမ်းပြီး နှစ်ပေါင်း ၅၀ ကျော်တွင် ပထမဆုံးအကြိမ် အရပ်သားအစိုးရ ဖွဲ့စည်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတ ဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံပြီး နှစ်ရက်အကြာ ဒီဇင်ဘာ ၄ ရက်နေ့တွင် အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုလည်း သွားရောက် တွေ့ဆုံခဲ့သေးသည်။ ထို့နောက် ၁၉၉၀ ရွေးကောက်ပွဲတုန်းက အာဏာမလွှဲခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ၂၆ နှစ်အကြာ ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအကြိမ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ ဖွဲ့နိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်၊ ဗိုလ်ချုပ် နေဝင်း အာဏာသိမ်းပြီး နှစ်ပေါင်း ၅၀ ကျော်တွင် ပထမဆုံးအကြိမ် အရပ်သားအစိုးရ ဖွဲ့စည်းနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကမူ စစ်တပ်ကရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ တားမြစ်မှုကြောင့် သမ္မတဖြစ်ခွင့်မရခဲ့ပါ။ သို့သော်လည်း နိုင်ငံတော်အတိုင်ပင်ခံရာထူးကို တီထွင်ပြီး နိုင်ငံကို ငါးနှစ်ကြာ ဦးဆောင်နိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၂၀ ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် ဒုတိယအကြိမ် အပြတ်အသတ် အနိုင်ရရှိချိန်တွင်မူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၁၅ တုန်းကကဲ့သို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းမျိုးများ မလုပ်နိုင်တော့ပါ။ စစ်ဗိုလ်ချုပ်ကြီး နှစ်ဦးကို သမ္မတ ဦးဝင်းမြင့်ထံ စေလွှတ်ပြီး ကျန်းမာရေးအကြောင်းပြကာ အတင်းအကြပ် ရာထူးမှ နုတ်ထွက်ခိုင်းခဲ့သည်။
သမ္မတ ဦးဝင်းမြင့်က ငြင်းဆန်ပြီးနောက် NLD အစိုးရက လွှတ်တော်ခေါ်မည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်တွင် NLD က မဲမသမာမှု လုပ်သည်ဟု အကြောင်းပြ မတရားစွပ်စွဲပြီး အာဏာသိမ်းခဲ့သည်။
သမ္မတ ဦးဝင်းမြင့်က ငြင်းဆန်ပြီးနောက် NLD အစိုးရက လွှတ်တော်ခေါ်မည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်တွင် NLD က မဲမသမာမှု လုပ်သည်ဟု အကြောင်းပြ မတရားစွပ်စွဲပြီး အာဏာသိမ်းခဲ့သည်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အိမ်စောင့်အစိုးရအဖွဲ့ကို ဖွဲ့စည်းပြီး နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာချိန်တွင်မူ ဦးသိန်းစိန်အစိုးရလက်ထက်က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်တို့သည် အိမ်စောင့်အစိုးရအဖွဲ့၏ ပြည်ထောင်စုဝန်ကြီးများ ဖြစ်လာခဲ့သည်။ ဦးသိန်းစိန်၏ နိုင်ငံရေးအကြံပေး ဦးကိုကိုလှိုင်သည်လည်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။
လက်ရှိတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ကမူ စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်မှုကို ခံထားရပြီး မတရားသည့် ပုဒ်မများနှင့် ရင်ဆိုင်နေကြရပါသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ The Day Election Winners and Losers Discussed Myanmar’s First Peaceful Transfer of Power ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် အမှုအား အမိန့်မချဘဲ ရွှေ့ဆိုင်း
ဒေါ်အောင်ဆန်းစုကြည်၏ အဂတိ ၂ မှုမှ တရားလိုပြသက်သေကို အပြန်အလှန် စစ်မေး
ဒေါ်အောင်ဆန်းစုကြည် အတွက် ဒေါက်တာဇော်မြင့်မောင် တရားရုံးလာရောက် သက်သေထွက်ဆိုဖို့ ပျက်ပြယ်
သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တို့အား သဘာဝဘေး အမှုအတွက် ဒီဇင်ဘာ ၆ ရက်နေ့ အမိန့်ချမည်
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား နိုဝင်ဘာ ၃၀ ရက်နေ့ အမိန့်ချမည်