• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက ကားဖြင့်တိုက်သတ်သည့် မှတ်တမ်းများ

by ဧရာဝတီ
10 December 2021
in ဆောင်းပါး
A A
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တွင် ဒီဇင်ဘာလ ၅ ရက်နေ့၌ စစ်ကောင်စီ အဖွဲ့ဝင်များက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကားဖြင့် ဝင်တိုက်ပြီး ဖြိုခွင်းစဉ်

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တွင် ဒီဇင်ဘာလ ၅ ရက်နေ့၌ စစ်ကောင်စီ အဖွဲ့ဝင်များက ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကားဖြင့် ဝင်တိုက်ပြီး ဖြိုခွင်းစဉ်

19.3k
VIEWS
Share on FacebookShare on Twitter

လမ်းမများတွင် ငြိမ်းချမ်းစွာဆန္ဒပြသူများနှင့် ကလေးများအပါအဝင် အပြစ်မဲ့အရပ်သားများကို ၎င်းတို့ နေအိမ်တွင် ပစ်သတ်ခြင်း အပါအဝင် စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတကာ အသိုက်အဝန်းက တွေ့မြင်ရပြီးဖြစ်သည်။

သို့သော် သတိမထားမိခဲ့သည့် အခြားရက်စက်ကြမ်းကြုတ်မှု တမျိုးမှာ ဆန္ဒပြသူများကို ကားဖြင့်တိုက်သတ်ခြင်း ဖြစ်သည်။

RelatedPosts

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

16 July 2025
2.4k
မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

မိုးထိမြင့်မား ကုန်ဈေးနှုန်းကြား ရုန်းကန်နေသော ပြည်သူများ

14 July 2025
890
မိုးကုတ်မြို့

မိုးကုတ်မြို့

13 July 2025
380

လွန်ခဲ့သော ၁၀ လအတွင်း မင်းအောင်လှိုင်၏ စစ်သားများသည် ကားဖြင့် တိုက်သတ်၊ ဖမ်းဆီးခြင်းမျိုး ၁၉ ကြိမ် ကျူးလွန်ခဲ့သည်။ ထိုသို့သော တိုက်ခိုက်မှုမျိုးသည် သူရဲဘောကြောင် စက်ဆုပ်စရာကောင်းပြီး လူမဆန်လွန်းကာ အခြား အာဏာရှင်အုပ်ချုပ်သည့် နိုင်ငံများတွင်ပင် မတွေ့ရပေ။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိုသို့သောတိုက်ခိုက်မှုကို တွေ့ရပြီး စစ်ကောင်စီတပ်များသည် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင် မြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်သည့် ဆန္ဒပြသူအုပ်စုကို နောက်ဘက်မှ ကားဖြင့် ဝင်တိုက်သောကြောင့် လေးဦးသေဆုံးခဲ့သည်။

တရားဥပဒေ စိုးမိုးရေးအတွက်ဟုဆိုကာ စစ်သားတဦးက ကျူးလွန်သည်ဖြစ်စေ၊ တရားဥပဒေ စိုးမိုးရေး တာဝန်ရှိသူ အရာရှိတဦးက ကျူးလွန်သည်ဖြစ်စေ ထိုလုပ်ရပ်သည် ဥပဒေကို ဆန့်ကျင်ပြီး လူသတ်မှုနှင့် အလားတူကြောင်း အဆိုပါ ဥပဒေကျွမ်းကျင်သူက ပြောသည်။

ခွင့်ပြုချက်မရနိုင်သော ဆန္ဒပြပွဲတွင် ပါဝင်သူများကို ကားဖြင့်တိုက်သတ်ခြင်း သို့မဟုတ် ပစ်သတ်ခြင်းသည် ထောင် တနှစ်အထိကျနိုင်ပြီး တရားစီရင်မှုမဲ့ခြင်း သို့မဟုတ် မတန်တဆ အပြစ်ပေးခြင်းဖြစ်ကြောင်း ဥပဒေကျွမ်းကျင်သူတဦးက ပြောသည်။ ထိုသို့သောပြစ်မှုကို တရားဥပဒေ စိုးမိုးရေးအတွက်ဟုဆိုကာ စစ်သားတဦးက ကျူးလွန်သည်ဖြစ်စေ၊ တရားဥပဒေ စိုးမိုးရေး တာဝန်ရှိသူ အရာရှိတဦးက ကျူးလွန်သည်ဖြစ်စေ ထိုလုပ်ရပ်သည် ဥပဒေကို ဆန့်ကျင်ပြီး လူသတ်မှုနှင့် အလားတူကြောင်း အဆိုပါ ဥပဒေကျွမ်းကျင်သူက ပြောသည်။

ထိုဆိုးရွားလှသော ရာဇဝတ်မှုများကို စစ်ကောင်စီ စစ်သားများက မည်သည့်အချိန်၊ မည်သည့်နေရာတွင် ကျူးလွန်ခဲ့သည်ဆိုသည့် အသေးစိတ်ကို စင်ပြိုင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် စစ်ကောင်စီ ဆန့်ကျင်ရေး တော်လှန်ရေးကို မှတ်တမ်းတင်နေသည့် ပြည်သူ့နွေဦးတို့၏ မှတ်တမ်းများကို အခြေခံကာ ဧရာဝတီ သတင်းဌာနက မှတ်တမ်းပြုစု ရေးသား ဖော်ပြလိုက်ပါသည်။

ဒီဇင်ဘာ ၅၊ ၂၀၂၁

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်တွင် ဒီဇင်ဘာလ ၅ ရက်နေ့၌ စစ်ကောင်စီ အဖွဲ့ဝင်များက ဆန္ဒပြသူများကို ဖြိုခွင်းသည့် မြင်ကွင်း

ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်တွင် စစ်ကောင်စီတပ်များက ဆန္ဒပြသူများကို ကားဖြင့် တိုက်သတ်သောကြောင့် အနည်းဆုံး လူ လေးဦးသေဆုံးကြောင်း မျက်မြင်သက်သေများက ပြောသည်။ စစ်ကောင်စီတပ်များက ဆန္ဒပြသူများကို ပစ်ခတ်ရိုက်နှက်သောကြောင့်လည်း လူဒါဇင်ချီ ဖမ်းဆီးခံရသည်။ ထိုသို့ အကြမ်းဖက်သောကြောင့် မြန်မာမှ နိုင်ငံခြားသံရုံးများနှင့် နိုင်ငံတကာ အေဂျင်စီများက စစ်ကောင်စီကို ပြစ်တင်ရှုတ်ချခဲ့ကြသည်။

စစ်ကောင်စီ မော်တော်ယာဉ်တစီးသည် လမ်းပေါ်တွင် အရှိန်ဖြင့်မောင်းလာပြီး ဆန္ဒပြသူများကို တိုက်သတ်သည့် ဗီဒီယိုကို တကမ္ဘာလုံးက ကြည့်ရှုပြီးနောက်တွင်ပင် စစ်ကောင်စီက ၎င်းတို့သည် တရားမဝင်ဆန္ဒပြပွဲကို ရပ်တန့်စေရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုကာ လူ သုံးဦးသာ ဒဏ်ရာရကြောင်း ပြောသည်။

စစ်ကောင်စီ မော်တော်ယာဉ်တစီးသည် လမ်းပေါ်တွင် အရှိန်ဖြင့်မောင်းလာပြီး ဆန္ဒပြသူများကို တိုက်သတ်သည့် ဗီဒီယိုကို တကမ္ဘာလုံးက ကြည့်ရှုပြီးနောက်တွင်ပင် စစ်ကောင်စီက ၎င်းတို့သည် တရားမဝင်ဆန္ဒပြပွဲကို ရပ်တန့်စေရန် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုကာ လူ သုံးဦးသာ ဒဏ်ရာရကြောင်း ပြောသည်။

ထိုအကြမ်းဖက်မှုအပြီး စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦးနှင့် ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ခင်ညွန့်ကို ရန်ကုန်တွင် သွားရောက်တွေ့ဆုံသည်။

အောက်တိုဘာ ၁၈၊ ၂၀၂၁

မန္တလေးမြို့၊ မဟာအောင်မြေသာစံ မြို့နယ်တွင် အောက်တိုဘာလ ၁၈ ရက်နေ့က လူငယ်များ စုပေါင်း ဆန္ဒထုတ်ဖော်စဉ်

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် လူငယ်ဆန္ဒပြသူ ၆၀ ခန့်ကို စစ်ကောင်စီတပ်များက ကားဖြင့် တိုက်ကာ နှိမ်နင်းသောကြောင့် ဆန္ဒပြသူ ၁၀ ဦး အဖမ်းခံရပြီး ၂၀ ခန့် ဒဏ်ရာရသည်။ အရပ်ဝတ် ဝတ်ထားသော စစ်ကောင်စီတပ်များက ဆန္ဒပြသူများကို ကန်ကျောက်ပြီး သေနတ်ဒင်များဖြင့် ရိုက်နှက်ခဲ့သည်။

အောက်တိုဘာ ၂၊ ၂၀၂၁

စစ်ကောင်စီက ကားဖြင့် ဝင်တိုက်ပြီး အဖမ်းခံရသည့် LGBTQ အခွင့်အရေး လှုပ်ရှားသူနှင့် စေတနာ့ဝန်ထမ်းလုပ်သူ စူးရှရှင်းသန့်

စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သော LGBTQ အခွင့်အရေး လှုပ်ရှားသူနှင့် စေတနာ့ဝန်ထမ်းလုပ်သူ စူးရှရှင်းသန့် စီးလာသော ဆိုင်ကယ်ကို မန္တလေးမြို့လယ်တွင် စစ်ကောင်စီတပ်က ကားဖြင့် ဝင်တိုက်သည်။ ထို့နောက် သူ့ကို ရဲစခန်းတွင်စစ်ဆေးပြီး အိုးဘိုထောင်သို့ ပို့လိုက်သည်။

စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဆန္ဒပြနေသည့် သံဃာတော်များကို စစ်ကောင်စီယာဉ်တစီးက ဝင်တိုက်ပြီး သံဃာတော် ငါးပါးနှင့် ဆန္ဒပြသူ သုံးဦး ဖမ်းဆီးခံရသည်။

ထို့အပြင် စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ဆန္ဒပြနေသည့် သံဃာတော်များကို စစ်ကောင်စီယာဉ်တစီးက ဝင်တိုက်ပြီး သံဃာတော် ငါးပါးနှင့် ဆန္ဒပြသူ သုံးဦး ဖမ်းဆီးခံရသည်။

စက်တင်ဘာ ၁၁၊ ၂၀၂၁

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ဆိုင်ကယ်ဖြင့် စီတန်းလှည့်လည်သည့် ဆန္ဒပြသူများကို စစ်ကောင်စီတပ်က ကားဖြင့် ဝင်တိုက်သောကြောင့် ဆန္ဒပြသူတဦး သေဆုံးပြီး နှစ်ဦးဖမ်းဆီးခံရသည်။

ဇွန် ၁၆၊ ၂၀၂၁

ဆန္ဒပြပွဲအတွက် စုဝေးနေစဉ် ဆန္ဒပြသူများ၏ ဆိုင်ကယ်များကို စစ်ကောင်စီယာဉ်တစီးက ဝင်တိုက်သောကြောင့် မန္တလေးမှ ဆန္ဒပြသူ ဒါဇင်ချီ ဒဏ်ရာရခဲ့သည်။

ဇွန် ၆၊ ၂၀၂၁

မန္တလေးတွင် လူငယ်နှစ်ဦး စီးလာသော မော်တော်ဆိုင်ကယ်ကို စစ်ကောင်စီယာဉ်တစီးက ဝင်တိုက်သောကြောင့် နှစ်ဦးစလုံး သေဆုံးသည်။

မေ ၂၈၊ ၂၀၂၁

စစ်ကောင်စီ ဆန့်ကျင်နေသော သံဃာတော်များကို စစ်ကောင်စီယာဉ်တစီးက ဝင်တိုက်သောကြောင့် သံဃာတော် နှစ်ပါး ဖမ်းဆီးခံရသည်။

မေ ၂၁၊ ၂၀၂၁

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ထင်ရှားသော စစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လွန်းဇော်နှင့် ဆိုင်းနုပန် အပါအဝင် ကချင်လူငယ်သုံးဦးကို စစ်ကောင်စီစစ်သားများက ပစ်ခတ်ပြီး ကားဖြင့်ဝင်တိုက်သည်။

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ထင်ရှားသော စစ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူ လွန်းဇော်နှင့် ဆိုင်းနုပန် အပါအဝင် ကချင်လူငယ်သုံးဦးကို စစ်ကောင်စီစစ်သားများက ပစ်ခတ်ပြီး ကားဖြင့်ဝင်တိုက်သည်။

မေ ၁၇၊ ၂၀၂၁

တနင်္သာရီတိုင်းမြို့တော် ထားဝယ်တွင် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်ကောင်စီတပ်က ကားဖြင့် ဝင်တိုက်ပြီးနောက် ဆန္ဒပြသူ အနည်းဆုံး ခုနစ်ဦး အဖမ်းခံရသည်။

မေ ၁၀၊ ၂၀၂၁

စစ်ကောင်စီတပ်သည် ပုဂ္ဂလိကယာဉ်တစီးကို အသုံးပြုပြီး ထားဝယ်မှ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဝင်တိုက်သောကြောင့် လူအနည်းဆုံး ၁၅ ဦး ဖမ်းဆီးခံရသည်။

မေ ၆၊ ၂၀၂၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကောင်စီယာဉ်တစီးက ဆိုင်ကယ်စီးလာသူတဦးကို ဝင်တိုက်သောကြောင့် လူတဦးသေဆုံးသည်။

မေ ၂၊ ၂၀၂၁

စစ်ကိုင်းတိုင်း၊ ရွှေဘိုတွင် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်ကောင်စီ စစ်သားများက ကားဖြင့် ဝင်တိုက်သောကြောင့် အမျိုးသမီးများ အပါအဝင် အနည်းဆုံး လေးဦးဖမ်းဆီးခံရသည်။ ဆန္ဒပြသူများ၏ ဆိုင်ကယ်များကိုလည်း စစ်ကောင်စီ စစ်သားများက လုယူသွားသည်။

ဧပြီ ၂၉၊ ၂၀၂၁

မန္တလေးတွင် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှ ပြန်လာသော ရတနာပုံ တက္ကသိုလ်ကျောင်းသား သုံးဦးကို စစ်ကောင်စီက ကားဖြင့်ဝင်တိုက်ပြီး ဖမ်းဆီးသည်။

ဧပြီ ၁၉၊ ၂၀၂၁

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ဆန္ဒပြလူအုပ်ကို စစ်ကောင်စီကားတစီးက ဝင်တိုက်သောကြာင့် ဆန္ဒပြသူ ၁၁ ဦး ဖမ်းဆီးခံရသည်။

ဧပြီ ၁၅၊ ၂၀၂၁

ကိုဝေမိုးနိုင်ကို မုံရွာမြို့ ဆန္ဒပြပွဲ တခု၌ တွေ့ရစဉ် / ဓာတ်ပုံ – Wai Moe Naing / Facebook

စစ်ကိုင်းတိုင်း၊ မုံရွာမှ ထင်ရှားသည့် စစ်ကောင်စီ ဆန့်ကျင်ရေးခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် အခြားဆန္ဒပြသူများကို တင်ဆောင်လာသည့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်မှ ကားကြီးတစီးက ထိပ်တိုက်ဝင်တိုက်သောကြောင့် ကိုဝေမိုးနိုင် အဖမ်းခံရသည်။ ဆိုင်ကယ်ပေါ်မှ လွင့်စင်ထွက်သွားပြီးနောက် အသက် ၂၆ နှစ်အရွယ် ကိုဝေမိုးနိုင်ကို ရိုက်နှက်ဆွဲခေါ်သွားသည်။ သူသည် မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို တည်ထောင်သူများအနက် တဦးဖြစ်သည်။

ဆိုင်ကယ်ပေါ်မှ လွင့်စင်ထွက်သွားပြီးနောက် အသက် ၂၆ နှစ်အရွယ် ကိုဝေမိုးနိုင်ကို ရိုက်နှက်ဆွဲခေါ်သွားသည်။ သူသည် မုံရွာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို တည်ထောင်သူများအနက် တဦးဖြစ်သည်။

မတ် ၂၁၊ ၂၀၂၁

ရှမ်းပြည်နယ်၊ နောင်ချိုတွင် မတ်လ ၂၁ ရက်နေ့က စစ်ကောင်စီဆန္ဒပြပွဲ၌ တွေ့ရသော ကိုညီညီနှင့် ကိုအောင်ခန့်မင်း

ရှမ်းပြည်နယ်၊ နောင်ချိုတွင် စစ်ကောင်စီဆန္ဒပြပွဲမှ ပြန်လာသည့် လူငယ်တက်ကြွလှုပ်ရှားသူ နှစ်ဦးဖြစ်သော ကိုညီညီနှင့် ကိုအောင်ခန့်မင်းတို့ကို စစ်ကောင်စီတပ်က ကားဖြင့်ဝင်တိုက်ပြီး ၎င်းတို့နှစ်ဦးကို ရိုက်နှက် ဆွဲခေါ်သွားသည်။

မတ် ၈၊ ၂၀၂၁

မန္တလေး၊ ချမ်းမြသာစည်တွင် စစ်ကောင်စီက ဆန္ဒပြသူများကို ကားဖြင့် ဝင်တိုက်စဉ်

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် ဆိုင်ကယ်စီးလာသော စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်ကောင်စီတပ်က ကားဖြင့်ဝင်တိုက်သောကြောင့် အမျိုးသမီးတဦး အပါအဝင် ဆန္ဒပြသူ နှစ်ဦး ဒဏ်ရာပြင်းထန်စွာရသည်။

ဖေဖေါ်ဝါရီ ၂၇၊ ၂၀၂၁

တနင်္သာရီတိုင်း၊ မြိတ်တွင် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူတဦးကို ဖမ်းဆီးရန် စစ်ကောင်စီတပ်က ကားဖြင့်ဝင်တိုက်သည်။

ကိုးကား – စစ်ကောင်စီ၏ ကားဖြင့်တိုက်သတ်မှုများနှင့် ပတ်သက်သော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ကြေညာချက်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့နွေဦးက ပြုစုထားသည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ကားဖြင့်တိုက်သတ်သည့် မှတ်တမ်းများ။

You may also like these stories:

သပိတ်ဖြိုခွင်းခံရမှုတွင် ဒဏ်ရာရသည့် မမှူးရတနာခက်မို့မို့ထွန်း ကျန်းမာရေး အခြေအနေစိုးရိမ်ရ

ကြည့်မြင်တိုင် သပိတ်ဖြိုခွင်းမှု စက်ဆုပ်ဖွယ် လုပ်ရပ်ဟု AA စစ်ဦးစီးချုပ် ပြော

ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ကားဖြင့်တိုက်သတ် ဖြိုခွင်းမှု နိုင်ငံတကာ ရှုတ်ချ

ကြည့်မြင်တိုင်သပိတ်ဖြိုခွဲမှု ဥပဒေကို ကျော်လွန်ဆောင်ရွက်သည့် လူသတ်မှုဟု ဟုဆို

Your Thoughts …
Tags: NUGကားဖြင့်ဝင်တိုက်ဖြိုခွင်းခြင်းစစ်ကောင်စီဆန္ဒပြပွဲပြည်သူ့နွေဦး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဒုတိယပညာရေးဝန်ကြီး ဒေါက်တာညီညီ / ရန်ကုန်တက္ကသိုလ် နှစ်ငါးဆယ်ပြည့် စာစောင်

ပညာရေး ဒုဝန်ကြီးဟောင်း ဒေါက်တာညီညီ ကွယ်လွန်

အသံတိတ် သပိတ်ကြောင့် ခြောက်ကပ်သွားတဲ့ ရန်ကုန်မြို့မြင်ကွင်း  / ခင်မောင်ဝင်း

တိတ်ဆိတ်ခြောက်ခြားသွားစေတဲ့ ပြည်သူ့ အသံတိတ်သပိတ်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

6 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate