ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်ရာထူးရပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ပြည်တွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၌ အောင်အမြင်ဆုံး လုပ်ငန်းစုတခု ထွက်ပေါ်လာခဲ့သည်။
ဟိုတယ် နှင့် ခရီးသွားလုပ်ငန်းရှင်တဦးဖြစ်သလို မြန်မာနိုင်ငံဆိုင်ရာ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ လည်းဖြစ်သူ ဦးအောင်မျိုးမင်းဒင် တည်ထောင်ထားသော Amazing Hotels & Resorts လုပ်ငန်းစု ပင်ဖြစ် သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇနီး ဒေါ်ကြူကြူလှ၏ အထက်တန်းကျောင်းသားတဦး ဖြစ်ခဲ့ဖူးသူ ဦးအောင်မျိုးမင်းဒင်သည် စကားပြောယဉ်ကျေးပြီး အလုပ်ကြိုးစားသောကြောင့် တပ်ချုပ်မိသားစုက လွန်စွာ သဘောကျ နှစ်ခြိက်ကြကြောင်း ရန်ကုန်ရှိ စီးပွားရေးလုပ်ငန်းရှင်တချို့ နှင့် ဧရာဝတီ ၏ သတင်းရင်းမြစ်များက ပြောပြကြသည်။
“ တပ်ချုပ်သား၊ ကိုအောင်ပြည့်စုံကို ဟိုတယ်လုပ်ငန်းထဲ ဆွဲခေါ်လာခဲ့တာက သူပဲလေ” ဟု ရန်ကုန်မြို့ ရှိ စီးပွားရေးလုပ်ငန်းရှင် တဦးက ဧရာဝတီသို့ ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဇနီး ဒေါ်ကြူကြူလှ၏ အထက်တန်းကျောင်းသားတဦး ဖြစ်ခဲ့ဖူးသူ ဦးအောင်မျိုးမင်းဒင်သည် စကားပြောယဉ်ကျေးပြီး အလုပ်ကြိုးစားသောကြောင့် တပ်ချုပ်မိသားစုက လွန်စွာ သဘောကျ နှစ်ခြိက်ကြကြောင်း ရန်ကုန်ရှိ စီးပွားရေးလုပ်ငန်းရှင်တချို့ နှင့် ဧရာဝတီ ၏ သတင်းရင်းမြစ်များက ပြောပြကြသည်။
ဦးအောင်မျိုးမင်းဒင်သည် ၂၀၁၀ ခုနှစ်အရှေ့ပိုင်းတွင် Adventure Myanmar Travel အမည်ရှိ ခရီး သွားလုပ်ငန်း နှင့် တောင်ငူမြို့ရှိ Hotel Amazing Kaytu(ကေတု) အပါအဝင် ဟိုတယ် ၄ လုံးခန့်ဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူ ဖြစ်သည်။
သူ၏ စီးပွားရေးလုပ်ငန်းစုသည် ဘဏ်ချေးငွေ နှင့် အရင်းအနှီးရှာဖွေရန်အတွက် လွန်စွာခက်ခဲသော မြန်မာနိုင်ငံ၌ ၇ နှစ် အတွင်းမှာပင် အမေရိကန်ဒေါ်လာ သန်းချီရင်းနှီးမြှုပ်နှံရသည့် ရန်ကုန်၊ မန္တလေး အပါအဝင် မြန်မာနိုင်ငံ၏ အဓိကခရီးသွားဒေသများနှင့် ကမ်းခြေများတွင် Amazing အမည်ပါသော ဟိုတယ်နှင့် အပန်း ဖြေစခန်းပေါင်း ၁၂ အထိ တိုးချဲ့နိုင်ခဲ့သည်။

ထို့အပြင် ရန်ကုန်တွင်လည်း အခန်းပေါင်း ၃၀၀ ကျော်ပါဝင်သော ဟိုတယ် ၁ ခု၊ အခန်း ၈၇ ခန်း ပါ အဆင့်မြင့်ဇိမ်ခံအိမ်ရာ ၁ ခု အပြင် ရှမ်းပြည်နယ် အင်းလေးနှင့် ရခိုင်ပြည်နယ် ငပလီကမ်းခြေတို့တွင် လည်း အပန်းဖြေစခန်း ၁ ခုကို ဆက်လက်တိုးချဲ့ နေဆဲဖြစ်ကြောင်း ထိုကုမ္ပဏီ၏ ထုတ်ပြန်ထားမှုအရ သိရသည်။
“ မြန်မာနိုင်ငံမှာ အချိန်အတိုအတွင်း လုပ်ငန်းတိုးချဲ့နိုင်ဖို့ အရင်းအနှီးများများရနိုင်ဖို့က ဘယ်သူတွေဆီကမှ ရနိုင်လဲဆိုတာ စီးပွားရေးလုပ်ငန်းရှင်တိုင်း သိကြပါတယ်” ဟု ခရီးသွားလုပ်ငန်းရှင်တဦးက ဆို သည်။
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းသည် ပြီးခဲ့သည့် နိုင်ငံအပြောင်းအလဲဖြစ်ခဲ့သော ၁၀ နှစ်တာအတွင်း တိုးတက်မှုများရှိခဲ့သော်လည်း ၅ နှစ်၊ ၆ နှစ်အတွင်းမှာပင် အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီ ရင်းနှီးမြှုပ်နှံနိုင်သည်ကို ဦးအောင်မျိုးမင်းဒင် တဦးတည်းကိုသာ ကြုံဖူးကြောင်း ခရီးသွားလုပ်ငန်း ကို နှစ် ၂၀ ကျော် လုပ်ကိုင်နေသည့် ၎င်းက ပြောသည်။
ဦးအောင်မျိုးမင်းဒင် အချိန်တိုအတွင်း တိုးချဲ့ နိုင်ခဲ့သော ဟိုတယ် ၁၂ ခုထဲတွင် မြန်မာစစ်တပ်၏ စစ် ထောက်ချုပ်ရုံးထံမှ ၂၀၁၂-၁၃ ခုနှစ်အတွင်း၌ မြေငှားရမ်းပြီး တင်ဒါအောင်မြင်ခဲ့သော ငပလီဟိုတယ် ဇုန်မှ Amazing Ngapali resort ပါဝင်သည်။ ခရိုနီဟု လူသိများသည့် ဦးဇော်ဇော်ပိုင် Max Hotel ကို တဆင့်ပြန်လည် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ငွေကြေးအမြောက်အများ ရင်းနှီးမြှုပ်နှံမှုများ နှင့် လုပ်ငန်းလုပ်ကိုင်ခွင့်များ ရရှိနေမှုများသည် စစ်အာဏာသိမ်းခေါင်းဆောင်မိသားစုက အဓိက ထောက်ပံ့ကူညီနေခြင်းလားဆိုသော မေးခွန်းကိုမူ ဦးအောင်မျိုးမင်းဒင်က ပြတ်ပြတ်သားသားကိုပင် ငြင်းဆန်သလို ပုံမှန်ထက် ရင်းနှီးသည့် ဆက်ဆံ ရေးမရှိကြောင်း ဧရာဝတီသို့ ပြောသည်။
၅ နှစ်၊ ၆ နှစ်အတွင်းမှာပင် အမေရိကန်ဒေါ်လာ သန်းရာနှင့်ချီ ရင်းနှီးမြှုပ်နှံနိုင်သည်ကို ဦးအောင်မျိုးမင်းဒင် တဦးတည်းကိုသာ ကြုံ့တွေ့ဖူးကြောင်း ခရီးသွားလုပ်ငန်း ကို နှစ် ၂၀ ကျော် လုပ်ကိုင်နေသူတဦးက ပြောသည်။
“ နောက်ကွယ်ကနေ ငွေကြေးထောက်ပံ့နေတယ်ဆိုတာက ၁၀၀ ရာခိုင်နှုန်း လုံးဝကို မဟုတ်ပါဘူး။ လုပ်ငန်းလုပ်ပိုင်ခွင့်ကလည်း တင်ဒါခေါ်လို့ တင်ဒါဝင်ပြိုင်တယ် အဲဒီမှာ တင်ဒါအောင်လို့ လုပ်ကိုင်ခွင့်ရ တာမျိုးပဲ၊ တင်ဒါရှုံးခဲ့တာတွေလည်း အများကြီးရှိပါတယ်” ဟု သူက ဆိုသည်။
သူ၏ Amazing Hotels & Resorts စီးပွားရေးလုပ်ငန်းများတွင် အခြားမည်သူ့ ရှယ်ယာရင်းနှီးမြှုပ်နှံမှု တခုမျှမပါဝင်ကြောင်း၊ ပြည်တွင်းဘဏ်များမှ တင်ဒါအောင်မြင်မှု စာရွက်စာတမ်းများပြကာ ရင်းနှီး မြှုပ်နှံမှု ချေးငွေများ နှင့် ၎င်း၏ ကိုယ်ပိုင်အမြတ်ငွေများဖြင့်သာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ခြင်းဖြစ်ကြောင်း သူက ပြောသည်။
ယခုတွင် စီးပွားရေးလုပ်ငန်းများ ကျဆင်းခြင်းကြောင့် ပြည်တွင်းဘဏ်များဖြစ်သော သမဝါယမဘဏ် (CB Bank) နှင့် ဧရာဝတီဘဏ် (AYA) တို့ကို ဘဏ်ချေးငွေ ကျပ် သိန်းပေါင်း ၂၈ သောင်း ကျော် အကြွေးတင်နေကြောင်း ဦးအောင်မျိုးမင်းဒင်က ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားဦးအောင်ပြည့်စုံနှင့် ပတ်သက်မှုကိုလည်း “ တည့်တည့်ရှင်းရှင်း ပြောရရင် သူနဲ့ သေချာတောင် တွေ့တောင်မတွေ့ဖြစ်ပါဘူး”ဟု သူက ပြောသည်။
ငပလီဟိုတယ်ဇုန်ရှိ မြေနေရာများသည် စစ်ထောက်ချုပ်ရုံးက ပိုင်ဆိုင်သည်ဟု ဆိုသော်လည်း စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အပါအဝင် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များက ခွဲဝေယူထားသော မြေနေရာများဖြစ်ပြီး ယင်းမြေနေရာ လုပ်ကိုင်ခွင့်များကိုလည်း ထိုစစ်ဗိုလ်ချုပ်များနှင့် နီးစပ် ခရိုနီစီးပွားရေးလုပ်ငန်းရှင်သာ လက်လွှဲရောင်းချနေကြခြင်း ဖြစ်သည်။

ယင်းအပြင် စစ်အစိုးရများ လက်ထက်ကလည်း ရှမ်းပြည်နယ် ကျိုင်းတုံဟော်နန်းကို ဖြိုဖျက်ပြီး ဟိုတယ် တည်ဆောက်ထားကာ စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သူများသာ အဆင့်ဆင့်လက်လွှဲ ပြောင်းယူခဲ့ ကြသော ထိုဟိုတယ်နေရာကိုလည်း ဦးအောင်မျိုးမင်းဒင်က ၂၀၁၅ ခုနှစ်မှာ လက်လွှဲရယူနိုင်ခဲ့ပြီး နှစ်ရှည်စာချုပ် ချုပ်ဆိုထားသေးသည်။ ထိုဟိုတယ်ကို Amazing Kengtong Resort ဟု အမည်ပေးထားသည်။
ဦးအောင်မျိုးမင်းဒင်က ငြင်းဆန်နေသော်လည်း ၎င်းရရှိထားသော အထက်ပါ ဟိုတယ်မြေနေရာတချို့ကို ကြည့်လျှင်ပင် ပုံမှန်စီးပွားရေးလုပ်ငန်းရှင်တဦး ရရှိသော အခွင့်အရေးထက် ပိုရရှိနေသည်မှာ ထင်သာမြင်သာရှိနေသည်။
ယခုတွင် စီးပွားရေးလုပ်ငန်းများ ကျဆင်းခြင်းကြောင့် ပြည်တွင်းဘဏ်များဖြစ်သော သမဝါယမဘဏ် (CB Bank) နှင့် ဧရာဝတီဘဏ် (AYA) တို့ကို ဘဏ်ချေးငွေ ကျပ် သိန်းပေါင်း ၂၈ သောင်း ကျော် အကြွေးတင်နေကြောင်း ဦးအောင်မျိုးမင်းဒင်က ဆိုသည်။
ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဇနီး ဒေါ်ကြူကြူလှ အပါအဝင် မိသားစုဝင်များ ခရီးထွက်လာပါက ဦးအောင်မျိုးမင်းဒင် ပိုင်ဆိုင်သော Amazing ဟိုတယ်များ၌သာ တည်းခိုလေ့ရှိ ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောကြားသလို ၎င်းကလည်း ထိုအချက်ကို ငြင်းဆန် ခြင်းမရှိပေ။
“ ကျနော်တို့တွေက အလုပ်လုပ်နေတဲ့သူတွေလေ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်က အမကြီး (ဒေါ်အောင်ဆန်းစုကြည်) ပုဂံလာတယ် ကျနော်တို့ဆီမှာပဲ တည်းတယ်။ သမ္မတဦးသိန်းစိန် ကျိုင်းတုံလာတယ်၊ အဲဒီ နှစ်မှာပဲ အမကြီးလည်း ကျိုင်းတုံလာတယ် ကျနော်တို့ဆီမှာပဲတည်းတာပဲလေ။ ဟိုတယ်လုပ်ငန်းဖြစ် တဲ့အတွက် ဘယ်သူလာတည်းတည်း လက်ခံရမှာပဲလေ ” ဟု ဦးအောင်မျိုးမင်းဒင်က ပြောသည်။
You may also like these stories:
ရေတပ်ဦးစီးချုပ် နှစ်ဦးကြားက တယ်လီနောမြန်မာ အရောင်းအဝယ်
စစ်တပ်ပိုင် Mytel ကုမ္ပဏီ အထိနာနေ
မြန်မာ့စစ်လက်နက်ပွဲစား ဒေါက်တာနိုင်ထွဋ်အောင်
မြန်မာ့စစ်လက်နက် ထုတ်လုပ်ရေးအတွက် အရေးပါသူ ဦးထွန်းလှိုင်