အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒစ်ဂျစ်တယ်ငွေကြေးတခုဖြစ်သည့် USD Tether ကို တရားဝင်ငွေကြေးအဖြစ် အသုံးပြုခွင့် ပြုလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန အမိန့်ကြော်ငြာစာအမှတ် (၄/၂၀၂၁)ဖြင့် ကြေညာခဲ့သည်။
ပြီးခဲ့သည့်နှစ် မေလက ဗဟိုဘဏ်မှနေ၍ ဒစ်ဂျစ်တယ်ငွေကြေး အားလုံးကိူ တရားမဝင် ကြေငြာပြီးနောက် ယခုကဲ့သို့ NUG က ကြေငြာလိုက်ခြင်းသည် ဗဟိုဘဏ်အား အာခံမှုကို မီးမောင်းထိုးပြလျက်ရှိကြောင်း Bloomberg သတင်းဌာနက ဖော်ပြထားသည်။
AMB Crypto သတင်းဌာနကမူ PDF များထံ အလှူငွေများ လှူဒါန်းသည့် ပြည်သူအမြောက်အမြား ဖမ်းဆီးခံရခြင်းသည် USDT ဘက် လှည့်စေသည့် အကြောင်းအရင်းတခု ဖြစ်နိုင်သည်ဟု ဆိုသည်။
NUG ၏ ရည်ရွယ်ချက်မှာ “လက်ရှိဖြစ်ပေါ်နေသော ကုန်သွယ်မှု၊ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ငွေကြေးပေးချေမှု လုပ်ငန်းများ လွယ်ကူလျင်မြန်စေရန်” ဟုဖော်ပြထားသည်။
Bitcoin ကဲ့သို့သော အခြားဒစ်ဂျစ်တယ်ငွေကြေးများနှင့် မတူညီသည့်အချက်မှာ tether တခုသည် အမေရိကန် တစ်ဒေါ်လာနှင့် ညီစေရန် ဒေါ်လာဖြင့် ထောက်ကန်ပေးထားခြင်းဖြစ်သည်။
အထက်ပါကြေငြာချက်နှင့် ပတ်သက်၍ ပြည်တွင်းတွင် အပြုသဘော မှတ်ချက်များ ရရှိခဲ့သော်လည်း နိုင်ငံတကာ၊ အထူးသဖြင့် crypto currency အသိုင်းအဝိုင်းတွင် စိုးရိမ်မှုများ ရှိနေကြသည်။
Bitcoin ကဲ့သို့သော အခြားဒစ်ဂျစ်တယ်ငွေကြေးများနှင့် မတူညီသည့်အချက်မှာ tether တခုသည် အမေရိကန် တစ်ဒေါ်လာနှင့် ညီစေရန် ဒေါ်လာဖြင့် ထောက်ကန်ပေးထားခြင်းဖြစ်သည်။
Tether တခုသည် အမေရိကန် တစ်ဒေါ်လာနှင့် ညီမျှစေရန်အတွက် Tether ထုတ်ပေးသည့် ကုမ္ပဏီသည် ထုတ်ပေးထားသည့် Tether ပမာဏနှင့် ညီမျှသည့် အမေရိကန်ဒေါ်လာ ပမာဏ လက်ဝယ်ရှိရန် လိုအပ်သည်။
ယခု အဓိက စိုးရိမ်ကြသည့် အချက်မှာ ကုမ္ပဏီမှ ကြေညာထားသကဲ့သို့ ထုတ်ပေးထားသည့် Tether ပမာဏနှင့် ညီမျှသည့် ဒေါ်လာပမာဏ ကုမ္ပဏီ၏ လက်ထဲတွင် မရှိမည်ကို ဖြစ်သည်။
Tether ကုမ္ပဏီသည် အမေရိကန်အစိုးရနှင့် ပတ်သက်ဆက်နွယ်ခြင်း မရှိချေ။ လက်ရှိကာလတွင် Tether ကုမ္ပဏီလက်ထဲ၌ ဒေါ်လာ ၇၃ ဘီလီယံရှိသည်ဟု Yahoo News မှ သတင်းတပုဒ်အရ သိရသည်။ အမှန်တကယ်တွင်မူ ကုမ္ပဏီလက်ထဲ၌ ထိုမျှ ရှိ မရှိ မသေချာခြင်းသည်ကား အငြင်းပွားမှုကို ဖြစ်စေသည့် အဓိကအချက်ဖြစ်သည်။
Bitcoin ကဲ့သို့ ဒစ်ဂျစ်တယ်ငွေကြေးများ ရယူနိုင်သည့် နည်းနှစ်နည်းရှိသည်ဟု အဆိုပါသတင်းက ဆိုသည်။ ပထမတနည်းမှာ နောက်ဆုံးပေါ် ကွန်ပျူတာအကောင်းစားများနှင့် date mining ပြုလုပ်ခြင်းဖြစ်သည်။ ဒုတိယနည်းမှာ Tether ကဲ့သို့ ကြားခံငွေကြေးများမှတဆင့် လဲလှယ်ဝယ်ယူခြင်းဖြစ်သည်။ ဤသည်ကပင် Tether ရှိနေရသည့် အကြောင်းအရင်း တခုဖြစ်သည်။
သို့သော် ကြားခံငွေကြေး ထောက်ပံ့ပေးသည့် ကုမ္ပဏီမှာ Tether တခုတည်း ရှိသည် မဟုတ်ချေ။ အခြားကုမ္ပဏီများလည်း ရှိသည်။ ယခု NUG မှ အသိအမှတ် ပြုလိုက်သည်မှာ Tether မှငွေကြေးဖြစ်သည်။
Tether ကုမ္ပဏီသည် လက်ထဲတွင် ဒေါ်လာ ၇၀ ဘီလီယံခန့် လက်ထဲရှိသည်ဟု ဆိုသော်လည်း အဆိုပါ ငွေကြေးများမှာ ငွေသားသဘောဖြင့် ရှိနေခြင်း မဟုတ်ဘဲ ငွေချေးစာချုပ်များ၊ ရင်းနှီးမြှုပ်နှံမှု လက်မှတ်များဖြင့်သာ ရှိခြင်းဖြစ်သည်။ အဆိုပါ စာချုပ်များ၏ သဘောမှာ ဤစာချုပ်ကိုင်ထားသူ၏ လက်၌ ငွေဤမျှဤမျှရှိကြောင်း သက်သေပြသည့် သဘောမျှသာဖြစ်သည်။
Tether ကုမ္ပဏီသည် အမေရိကန်အစိုးရနှင့် ပတ်သက်ဆက်နွယ်ခြင်း မရှိချေ။ လက်ရှိကာလတွင် Tether ကုမ္ပဏီလက်ထဲ၌ ဒေါ်လာ ၇၃ ဘီလီယံရှိသည်ဟု Yahoo News မှ သတင်းတပုဒ်အရ သိရသည်။ အမှန်တကယ်တွင်မူ ကုမ္ပဏီလက်ထဲ၌ ထိုမျှ ရှိ မရှိ မသေချာခြင်းသည်ကား အငြင်းပွားမှုကို ဖြစ်စေသည့် အဓိကအချက်ဖြစ်သည်။
ပြီးခဲ့သည့်လများက ဗဟိုဘဏ်ကရောင်းချသည့် ငွေတိုက်စာချုပ်များနှင့် သဘောဆင်တူသည်။ Tether ကုမ္ပဏီမှ မိမိ၏ငွေများကို ချေးငှားခြင်းများ၊ စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ယင်းရင်းနှီးမြှုပ်နှံမှုများထံမှ သက်သေခံလက်မှတ်များသာ ကုမ္ပဏီ၏ လက်ထဲတွင် ရှိခြင်းသည် လူအများစိုးရိမ်ကြသည့် အဓိကအချက်ဖြစ်သည်။
ယခုအခါတွင် တရုတ်နိုင်ငံ ရှန်းဇန့်မှ အိမ်ခြံမြေလုပ်ငန်းကြီးတခုဖြစ်သည့် Evergrande သည် ကြွေးမဆပ်နိုင်သဖြင့် ဒေဝါလီခံတော့မည့် သဘောရှိနေသည်။ ယမန်နှစ်ကတည်းက အခြေအနေမကောင်းခဲ့သည့် တရုတ်အိမ်ခြံမြေလုပ်ငန်းသည် ကမ္ဘာ့ဒစ်ဂျစ်တယ်ငွေကြေး ဈေးကွက်အား ထိခိုက်လာမည်ကို စိုးရိမ်နေကြသည်။ အဆိုပါ Evergrande ကုမ္ပဏီသည် Tether ထံမှငွေချေးထားပြီး Tether သည် Evergrande ထံမှ ငွေချေးစာချုပ်ကို ကိုင်ထားသည်ဟု သတင်းထွက်ပေါ်နေသည်။ ဤသည်သာ အမှန်ဖြစ်ပါက Evergrande သာ ဒေဝါလီခံသွားလျှင် Tether အနေဖြင့် ချေးထားသောငွေများ ပြန်လည်မရရှိနိုင်တော့ဘဲ ကုမ္ပဏီ၏ ဒစ်ဂျစ်တယ်ငွေကြေးကို ထောက်ကူပေးထားသည့် ဒေါ်လာတန်ဖိုး လျော့နည်းသွားကာ ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာပြီး ဈေးကွက်ပျက်သွားနိုင်သည်။
Evergrande ကုမ္ပဏီသည် Tether ထံမှငွေချေးထားပြီး Tether သည် Evergrande ထံမှ ငွေချေးစာချုပ်ကို ကိုင်ထားသည်ဟု သတင်းထွက်ပေါ်နေသည်။ ဤသည်သာ အမှန်ဖြစ်ပါက Evergrande သာ ဒေဝါလီခံသွားလျှင် Tether အနေဖြင့် ချေးထားသောငွေများ ပြန်လည်မရရှိနိုင်တော့ဘဲ ကုမ္ပဏီ၏ ဒစ်ဂျစ်တယ်ငွေကြေးကို ထောက်ကူပေးထားသည့် ဒေါ်လာတန်ဖိုး လျော့နည်းသွားကာ ငွေကြေးဖောင်းပွမှု ဖြစ်ပေါ်လာပြီး ဈေးကွက်ပျက်သွားနိုင်သည်။
စက်တင်ဘာလအတွင်းက Reuters သတင်းဌာနက ဖော်ပြသည့် သတင်းအရမူ Evergrande ဆီမှ ငွေချေးစာချုပ် ဝယ်ယူထားသည်ဟူသော သတင်းကို Tether ဘက်မှ ငြင်းဆိုထားသည်။ အမေရိကန် အထက်လွှတ်တော်အမတ် တဦးဖြစ်သူ ရှရော့ဘရောင်းက Tether ထံ အချက်ခြောက်ချက်ပါသည့် စာတစောင်ကို ပေးပို့ထားသည်။ ထိုစာထဲတွင် Tether ကုမ္ပဏီ၏ အားသာချက် အားနည်းချက်ကို ပွင့်လင်းမြင်သာစွာ ဖော်ပြရန် Tether အားတောင်းဆိုထားသည်။
NUG ၏ကြေညာချက်ကြောင့် မြန်မာနိုင်ငံအတွင်း အခြေအနေပြောင်းလဲမှုကိုမူ စောင့်ကြည့်ရန် လိုသေးသည်။ လက်ရှိကာလတွင် NUG သည် စီးပွားရေးအချက်အချာ ဌာနများဖြစ်သည့် ရန်ကုန် မန္တလေးမြို့များကို ချုပ်ကိုင်နိုင်ခြင်း မရှိသေးသည့်အပြင် ငွေသားကိုသာ အများအားဖြင့် သုံးစွဲကြသည့် မြန်မာကဲ့သို့ နိုင်ငံမျိုး၌ ဒစ်ဂျစ်တယ်ငွေကြေးတခုသို့ ပြောင်းလဲရန် ခက်ခဲနေသေးသည်။ ခေတ်အဆက်ဆက် အစိုးရအဆက်ဆက်မှ ဒစ်ဂျစ်တယ်ငွေကြေးများအပေါ် အကောင်းမမြင်ကြခြင်း၊ ဥပဒေများ တိတိကျကျ မရှိခြင်းတို့ကြောင့်လည်း ဤအခြေအနေကို ပိုဆိုးစေသည့်အပြင် လိမ်လည်မှုများလည်း ပိုမိုဖြစ်ပေါ်နိုင်သည်။
မည်သို့ပင် ဆိုစေကာမူ NUG အစိုးရ၏ လက်ရှိလုပ်ရပ်ကိုမူ ခေတ်သစ်ငွေကြေးကမ္ဘာထဲသို့ ဝင်ရောက်စပြုသည့် ခြေတလှမ်းအဖြစ် အသိအမှတ်ပြုရပေမည်။
(ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ စီဒီအမ်ကျောင်းသားတဦးဖြစ်သည်။)
You may also like these stories:
စစ်အာဏာသိမ်းမှုက လူ ၂၅ သန်းကို ဆင်းရဲတွင်းထဲ တွန်းချခဲ့သည်
ဝင်ငွေနည်း ပြည်သူများ အလူးအလဲခံနေရသည့် အသေးစား ချေးငွေ ဂယက်
MOGE နှင့် စာချုပ်ချုပ်ဆိုမှုများအား NUG က အမိန့်ထုတ်ပြန် ကန့်သတ်
အသိအမှတ်ပြုရန် ဂျပန်ကို NUG တောင်းဆို၊ စစ်ကောင်စီကလည်း အကူအညီများ ပြန်ရရန် သွေးဆောင်