ဆောင်းပါး

ဘလင်ကန်၏ ထိုင်းခရီးစဉ် ဖျက်သိမ်းသော်လည်း မြန်မာကြောင့် ထိုင်း-အမေရိကန် ပိုမိုနီးစပ်နိုင်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန် ထိုင်းနိုင်ငံသို့ ကြာသပတေးနေ့က သွားရောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်သောကြောင့် လုံခြုံရေးမဟာမိတ် ၂ နိုင်ငံအတွက် ပူးပေါင်းဆောင်ရွက်မည့် နယ်ပယ်များကို လေ့လာသုံးသပ်ရန် “အခွင့်အလမ်း တခု” ဆုံးရှုံးသွားကြောင်း သုတေသီများက ဆိုသည်။

သို့သော် ဘန်ကောက်နှင့် ဝါရှင်တန်တို့သည် ထိုင်းဝန်ကြီးချုပ် ပရာယွဒ် ပထမဆုံးအကြိမ် အာဏာရသည့် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အဆင်မပြေသည့် ၂ နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန် ခိုင်မာစေရန် မြန်မာပြဿနာကို နှစ်နိုင်ငံ ပိုမိုပူးပေါင်းဆောင်ရွက်သင့်ပြီ ဖြစ်သည်။

မြန်မာပြဿနာသည် အမေရိကန်-ထိုင်းဆက်ဆံရေး ပြန်လည်ရှင်သန်စေရန်နှင့် ခိုင်မာစေရန် ထူးခြားသော အခွင့်အလမ်းတခုပေးကြောင်း အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျုမှ မြန်မာအစီအစဉ် ဒါရိုက်တာ ဂျေဆင်တာဝါက ပြောသည်။

“ပူးပေါင်းဆောင်ရွက်ဖို့ရွေးချယ်စရာတွေမှာ အမေရိကန်နဲ့ ထိုင်းပူးပေါင်းပြီး နယ်စပ်တလျှောက် ထိရောက်မှုမြင့်မားတဲ့ ကာကွယ်ဆေး ထောက်ပံ့ပြီး ကျန်းမာရေးအကျပ်အတည်းဖြေရှင်းဖို့၊ နယ်စပ်မှာ လူသားချင်းစာနာမှု ကြားခံဇုန် ထူထောင်ကြောင်း ပူးတွဲကြေညာပြီး လူသားချင်းစာနာမှု အကျပ်အတည်း ဖြေရှင်းဖို့နဲ့ နယ်စပ်တလျှောက် ဒုစရိုက်မြို့ကြီးတွေ ပေါ်ပေါက်လာခြင်းနဲ့ ရာဇဝတ် လှုပ်ရှားမှုတွေကို ပူးတွဲသုံးသပ်ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်း ဖို့တို့ပဲဖြစ်တယ်”

“ပူးပေါင်းဆောင်ရွက်ဖို့ရွေးချယ်စရာတွေမှာ အမေရိကန်နဲ့ ထိုင်းပူးပေါင်းပြီး နယ်စပ်တလျှောက် ထိရောက်မှုမြင့်မားတဲ့ ကာကွယ်ဆေး ထောက်ပံ့ပြီး ကျန်းမာရေးအကျပ်အတည်းဖြေရှင်းဖို့၊ နယ်စပ်မှာ လူသားချင်းစာနာမှု ကြားခံဇုန် ထူထောင်ကြောင်း ပူးတွဲကြေညာပြီး လူသားချင်းစာနာမှု အကျပ်အတည်း ဖြေရှင်းဖို့နဲ့ နယ်စပ်တလျှောက် ဒုစရိုက်မြို့ကြီးတွေ ပေါ်ပေါက်လာခြင်းနဲ့ ရာဇဝတ် လှုပ်ရှားမှုတွေကို ပူးတွဲသုံးသပ်ပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ခြိမ်းခြောက်မှုကို ကိုင်တွယ်ဖြေရှင်း ဖို့တို့ပဲဖြစ်တယ်” ဟု သူပြောသည်။

ထိုကိစ္စများကို ဆောင်ရွက်ခြင်းသည် ကြီးထွားနေသော ခြိမ်းခြောက်မှုများကို တုံ့ပြန်ရန် လုံခြုံရေးဆိုင်ရာ ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရေးနှင့် မဲခေါင်ဒေသတဝှမ်း ပူးတွဲအကူအညီပေးရေးအတွက် စွမ်းရည်တည်ဆောက်ခြင်းအပါအဝင် ဒေသတွင်းပြဿနာများကို ကိုင်တွယ်ရာတွင် အမေရိကန်နှင့် ထိုင်းတို့ ပူးပေါင်းဆောင်ရွက်ရေးအတွက် ခိုင်မာသောအခြေခံကို ဖြစ်စေသည်ဟုလည်း သူ ပြောသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ကွာလာလမ်ပူတွင် ဘလင်ကန်တွေ့ဆုံစဉ်

ဘလင်ကန်သည် ကြာသပတေးနေ့နံနက်တွင် ဘန်ကောက်သို့ရောက်ရှိရန် စီစဉ်ထားပြီး ဝန်ကြီးချုပ် ပရာယွဒ်၊ နိုင်ငံခြားရေးဝန်ကြီး ဒွန် ပရာမတ်ဝီနိုင်တို့နှင့်တွေ့မည်ဖြစ်သည်။ သို့သော် အင်ဒိုနီးရှားသို့သွားပြီး သူ၏ အရှေ့တောင်အာရှခရီး ဒုတိယနိုင်ငံဖြစ်သည့် မလေးရှားမှ အထွက် သူနှင့်အတူလိုက်ပါလာသည့် သတင်းအဖွဲ့တွင် ကိုဗစ်နိုင်တင်းကူးစက်မှု တခုဖြစ်သောကြောင့် သူ၏ကိုယ်စားလှယ်အဖွဲ့သည် သတိကြီးစွာထားပြီး ဝါရှင်တန်သို့ ပြန်လှည့်သွားရသည်။

ဘလင်ကန်သည် ထိုင်းတွင် မြန်မာအပေါ် ပိုမိဖိအားပေးရေး အားထုတ်မှု ပြုမည်ဟု မျှော်လင့်ရသည်။ မလေးရှားတွင် ဘလင်ကန်သည် မြန်မာကို ဖိအားပေးရန် ဆွေးနွေးပြီး စစ်ကောင်စီက ရိုဟင်ဂျာများအပေါ် ဖိနှိပ်မှုကို လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုသည့် စကားဖြင့် ဖေါ်ပြရန် အမေရိကန်က စဉ်းစားနေကြောင်း သူပြောသည်။

ခရီးစဉ်ဖျက်သိမ်းလိုက်ရကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ရှင်းလင်းပြောကြားရာတွင် သူသည် ထိုင်းနိုင်ငံသို့ အမြန်ဆုံး ပြန်လည်လာရောက်ရန် မျှော်လင့်ကြောင်း သူပြောသည်။

အစည်းအဝေးကို ဖျက်သိမ်းလိုက်သော်လည်း အင်ဒို-ပစိဖိတ်ဒေသတွင် တက်ကြွသော အခန်းမှပါဝင်ရေး ဘိုင်ဒင်အစိုးရ၏ ဆန္ဒသည် ထရမ့်ခေတ်ကထက် ပိုမိုထင်ရှားကြောင်း ပြသနေသည်။

အမေရိကန်နှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနှင့်ပတ်သက်ပြီး သံတမန်ရေး ဆွေးနွေးပွဲများ ဆက်လက်ကျင်းပနိုင်သေးကြောင်း သမ်မာဆက်တက္ကသိုလ် အရှေ့အာရှလေ့လာရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒူယာပက် ပရီချာရတ် ပြောသည်။ မြန်မာနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သား အစိုးရကို စစ်တပ်က ဖြုတ်ချပြီးနောက် အနောက်တိုင်း စီးပွားရေး ပိတ်ဆို့အရေးယူများ၊ စီးပွားရေးကမောက်ကမဖြစ်ခြင်းနှင့် အကြမ်းဖက်မှုများကို ရင်ဆိုင်နေရသည်။

“အရှေ့တောင်အာရှကို ဘလင်ကန် လာရောက်လည်ပတ်တာဟာ အင်ဒို-ပစိဖိတ်မဟာသေနင်္ဂဗျူဟာ ကို အကောင်အထည်ဖေါ်မယ့် အမေရိကန် ကတိကဝတ်ကို ထပ်မံအတည်ပြုလိုက်တာဖြစ်တာကြောင့် အနာဂတ်မှာ ပိုမိုကြီးမားတဲ့ ရုပ်ပုံကားချပ်ကိုတွေ့ရမယ်။ ဒါပေမယ့် ပင်လယ်ထဲက ASEAN အဖွဲ့ဝင် တွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းက မြန်မာအရေး ဖိအားပေးရေးမှာ ပိုတက်ကြွကြတယ်”

“အရှေ့တောင်အာရှကို ဘလင်ကန် လာရောက်လည်ပတ်တာဟာ အင်ဒို-ပစိဖိတ်မဟာသေနင်္ဂဗျူဟာ ကို အကောင်အထည်ဖေါ်မယ့် အမေရိကန် ကတိကဝတ်ကို ထပ်မံအတည်ပြုလိုက်တာဖြစ်တာကြောင့် အနာဂတ်မှာ ပိုမိုကြီးမားတဲ့ ရုပ်ပုံကားချပ်ကိုတွေ့ရမယ်။ ဒါပေမယ့် ပင်လယ်ထဲက ASEAN အဖွဲ့ဝင် တွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဘရူနိုင်းက မြန်မာအရေး ဖိအားပေးရေးမှာ ပိုတက်ကြွကြတယ်” ဟုလည်း သူပြောသည်။

အင်ဒိုနီးရှား သမ္ဓတနှင့် ဂျာကာတာ၌ ဘလင်ကန် တွေ့ဆုံစဉ်

ထိုင်းနိုင်ငံသည် အာရှတွင် အမေရိကန်နှင့် သက်တမ်းအရှည်ဆုံး ကာကွယ်ရေးမဟာမိတ် ဖြစ်သော်လည်း ၂၀၁၄ ခုနှစ်မှ စတင်ပြီး တရုတ်နှင့် ပိုမိုနီးကပ်လာပြီး တရုတ်သည် ထိုင်းစစ်အစိုးရကို ထောက်ခံကာ လက်နက်အရောင်းအဝယ်များရရှိရန် ကြိုးစားလာသည်။ စစ်အေးတိုက်ပွဲ အတွင်းက ၂ နိုင်ငံလုံးသည် ကွန်မြူနစ်ခြိမ်းခြောက်မှုကို ခံရသောကြောင့် မဟာမိတ်ဖွဲ့ခဲ့ကြသည်ဟု ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး လက်ထောက် ပါမောက္ခ ပွန်ဖီဆွတ် ဘတ်စ်ဘာရက် ပြောသည်။

အမေရိကန်နှင့် ကာကွယ်ရေးစာချုပ် ချုပ်ဆိုထားသောကြောင့် ထိုင်းနိုင်ငံသည် လုံခြုံရေးနှင့် စစ်ရေး အစီအစဉ်များတွင် ပါဝင်ခွင့်ရခဲ့ပြီး အချို့လက်နက်ကိရိယာများကို ဦးစားပေး ဝယ်ယူခွင့်ရကာ တခါတရံအထူးဈေးနှုန်းဖြင့်ပင် ဝယ်နိုင်ကြောင်း ပွန်ဖီဆွတ် ပြောသည်။ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဆက်ဆံရေးအေးစက်သွားသော်လည်း ပရာယွတ်က ၂၀၁၇ ခုနှစ်တွင် သမ္မတဒေါ်နယ်ထရမ့်ကို အိမ်ဖြူတော်တွင် သွားရောက်တွေ့ဆုံပြီးနောက် ချုပ်ဆိုသည့် ကာကွယ်ရေး သဘောတူစာချုပ်သစ်များနှင့်အတူ ဆက်ဆံရေး အဆင်ပြေလာသည်။

ယခုနှစ်အတွင်း အခြားအမေရိကန်အဆင့်မြင့်အရာရှိများ အရှေ့တောင်အာရှသို့ လာသောအခါ ထိုင်း နိုင်ငံသို့ သွားရောက်ခြင်း မရှိကြပေ။ ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်သည် စင်္ကာပူ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သို့ ဇူလိုင်လတွင် သွားရောက်ခဲ့သည်။ ဒုတိယသမ္မတ ကင်မလာ ဟားရစ် ဗီယက်နမ်သို့ မသွားရောက်မီ ရက်သတ္တပတ် အလိုတွင် အော်စတင်က ထိုနိုင်ငံများသို့ သွားရောက်ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသည့် မကြာသေးမီက ပြုလုပ်သည့် ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲတွင်လည်း ထိုင်းနိုင်ငံကို မဖိတ်ဘဲ ASEAN အဖွဲ့ဝင် ၁၀ နိုင်ငံအနက် အင်ဒိုနီးရှား၊ မလေးရှားနှင့် ဖိလစ်ပ်ိုင် တို့ကိုသာ ဖိတ်သည်။

ရွှေမြွေဟောက် ထိုင်း-အမေရိကန် ပူးတွဲစစ်ရေးလေ့ကျင့်မှုတခု

ဘန်ကောက်သည် ဝါရှင်တန်နှင့် ထိတွေ့ဆက်ဆံခြင်းကို ကြိဆိုသော်လည်း တရုတ်ကို ထိန်းချုပ်ရန် အမေရိကန် လှုပ်ရှားမှုကို ထောက်ခံရန် စိတ်မပါပေ။ တရုတ်သည် ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ၂ နိုင်ငံကုန်သွယ်မှု ၃၂ ရာခိုင်နှုန်း တိုးလာသည်ဟု ပွန်ဖီဆွတ် ပြောသည်။

ထိုင်းသည် မြန်မာကို ဖိအားပေးရန်လည်း စိတ်အားထက်သန်ခြင်း မရှိကြောင်း သူပြောသည်။

“ မြန်မာအပေါ် အရေးယူပိတ်ဆို့တာ သို့မဟုတ် ပြင်းထန်တဲ့အစီအစဉ်တွေ ချမှတ်တဲ့ကိစ္စတွေမှာ ထိုင်းက အမေရိကန်နဲ့ပေါင်းချင်တယ်လို့ ကျနော်မထင်ဘူး။ ထိုင်းနဲ့ ASEAN နိုင်ငံအများအပြားက ၁၉၉၀ ခုနှစ်တွေကတည်းက သူတို့ကျင့်သုံးခဲ့တဲ့ အပြုသဘော ထိတွေ့ဆက်ဆံရေးကိုပဲ ပိုမိုလိုလားကြတယ်။ အဲဒီနည်းလမ်းက အဖွဲ့ရဲ့ ဝင်ရောက်မစွက်ဖက်ရေးမူနဲ့ ကိုက်ညီပြီး အတွင်းထဲမှာ တဖြည်းဖြည်းပြောင်းလဲတာကို မျှော်လင့်တယ်”

“ မြန်မာအပေါ် အရေးယူပိတ်ဆို့တာ သို့မဟုတ် ပြင်းထန်တဲ့အစီအစဉ်တွေ ချမှတ်တဲ့ကိစ္စတွေမှာ ထိုင်းက အမေရိကန်နဲ့ပေါင်းချင်တယ်လို့ ကျနော်မထင်ဘူး” ဟုလည်း သူပြောသည်။ “ထိုင်းနဲ့ ASEAN နိုင်ငံအများအပြားက ၁၉၉၀ ခုနှစ်တွေကတည်းက သူတို့ကျင့်သုံးခဲ့တဲ့ အပြုသဘော ထိတွေ့ဆက်ဆံရေးကိုပဲ ပိုမိုလိုလားကြတယ်။ အဲဒီနည်းလမ်းက အဖွဲ့ရဲ့ ဝင်ရောက်မစွက်ဖက်ရေးမူနဲ့ ကိုက်ညီပြီး အတွင်းထဲမှာ တဖြည်းဖြည်းပြောင်းလဲတာကို မျှော်လင့်တယ်” ဟု သူရှင်းပြသည်။

သူ၏ဘန်ကောက်ခရီးစဉ်ကို မဖျက်သိမ်းမီက ဘလင်ကန်သည် ထိုင်းစီးပွားရေး ခေါင်းဆောင်များနှင့်လည်း တွေ့မည်ဟု ယူဆရသည်။

ထိုင်းစီးပွားရေးလုပ်ငန်းများသည် ထိုင်းစီးပွားရေးတိုးတက်မှု နယ်ပယ်တခုဖြစ်သော လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်ရေးတွင် အမေရိကန် ရင်းနှီးမြှုပ်နှံမှုနှင့် ကိုဗစ်ကြောင့် ထိခိုက်သွားသော စီပွားရေးကို ပြန်လည်တည်ဆောက်ရန် ဘိုင်ဒင်၏ Build Back Better Framework အစီအစဉ်နှင့် တရုတ်၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ်ကို တန်ပြန်မည့် စက်မှုထိပ်သီး ၇ နိုင်ငံ၏ Build Back Better World အစီအစဉ်ကဲ့သို့သော အခြေခံအဆောက်အအုံ စီမံကိန်းများကို ဆွေးနွေးလိုကြောင်း ချုလာလောင်ကွန် တက္ကသိုလ် စီးပွားရေး ကထိက ပီတီ ဆရီဆန်းနမ် ပြောသည်။

ဘလင်ကန်နှင့် စီးပွားရေးကဏ္ဍ တွေ့ဆုံခြင်းသည် ၂၀၂၂ တွင် စတင်မည်ဟု မျှော်လင့်ရသည့် အမေရိကန် အဆိုပြု အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်အတွက် အခြေခံများကို ချမှတ်မည်ဟု ယူဆရသည်ဟု သူပြောသည်။

“၂၀၂၂ ခုနှစ် ပထမ ၃ လအတွင်းမှာ အမေရိကန်-ASEAN ထိပ်သီးဆွေးနွေးပွဲကို လူကိုယ်တိုင်ဖြစ်ဖြစ် ဗီဒီယိုကတဆင့်ဖြစ်ဖြစ် ကျင်းပဖို့ နဲ့ ဘလင်ကန်ခရီးစဉ်အတွင်း အသေးစိတ်မပြောတဲ့ အင်ဒိုပိစိဖိတ်စီးပွားရေးမူဘောင်ကို ဆွေးနွေးမယ်လို့ အမေရိကန်က အဆိုပြုထားတယ်” ဟု သူပြောသည်။

ထိုသို့သော အခွင့်အလမ်းများ ဆုံးရှုံးသွားသော်လည်း ASEAN နှင့်ပတ်သက်သည့် အမေရိကန် ကတိကဝတ်သည် ပိုမိုရှင်းလင်းလာကြောင်း သူပြောသည်။ “ဘလင်ကန်က ဘန်ကောက်ကိုလာသည် ဖြစ်စေ မလာသည်ဖြစ်စေ အမေရိကန်က ASEAN နဲ့ပတ်သက်တဲ့ ကတိကဝတ်ကို ပြန်လည်စတင်နေပြီ။ အဲဒီကတိကဝတ်က ထရမ့်ခေတ်နဲ့ယှဉ်ရင် ရှင်းရှင်းလင်းလင်း တိုးတက်လာတယ်” ဟုလည်း သူပြောသည်။

(South China Morning Post မှ Jitsiree Thongnoi ၏ As Covid-19 case hits Blinken trip, Myanmar may offer path for closer US-Thailand ties ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနှင့် တရုတ်ကို ဝေဖန်

မြန်မာစစ်ခေါင်းဆောင်နှင့် တွေ့မည်ကို ဝေဖန်သူများအား ဟွန်ဆန် နှုတ်လှန်ထိုး

မြန်မာ့နိုင်ငံရေးသစ် ရုပ်လုံးပေါ်လာနေ

အသံတိတ်သပိတ်မှ မြည်ဟိန်းသော သတင်းစကားများ

Loading