အိန္ဒိယနိုင်ငံသည် ၎င်းတို့၏ သမ္မတနိုင်ငံတော်နေ့ကို ကျင်းပရန် တလကျော်ကျော်လေးသာ လိုတော့ပြီး မည်သူတို့ကို အထူး ဧည့်သည်တော်များအဖြစ် ဖိတ်ကြားမည်ကို ခန့်မှန်းမှုများ စတင်ပြုလုပ်နေကြပြီဖြစ်သည်။
အိန္ဒိယနိုင်ငံသည် ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့တွင် ကိုလိုနီအုပ်ချုပ်ရေးမှ လွတ်လပ်ရေးရသော်လည်း ၁၉၅၀ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့အထိ ဗြိတိသျှအုပ်ချုပ်ရေးနှင့် အဆက်အသွယ် မဖြတ်တောက်ရသေးဘဲ သမ္မတနိုင်ငံဖွဲ့စည်းပုံကိုလည်း မပြဋ္ဌာန်းနိုင်သေးပေ။ သမ္မတ နိုင်ငံတော်နေ့သည့် ချီတက်ပွဲများ၊ ပြပွဲများ၊ အခမ်းအနားများနှင့် လက်နက်ကိုင်တပ်များ ချီတက်မှုများဖြင့် အရောင်အသွေးစုံလှသော အခမ်းအနားဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် မြန်မာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများအသင်း ၁၀ နိုင်ငံလုံးမှ ခေါင်းဆောင်များသည် အထူး ဧည့်သည်တော်များတွင် ပါဝင်သည်။ ယခု ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပမည့် အခမ်းအနား မတိုင်မီအချိန်အတွင်း ဘင်္ဂလားပင်လယ်အော် ဘက်စုံနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ဘင်းမ်စတက် – BIMSTEC) နိုင်ငံအကြီးအကဲများကို ဖိတ်ကြားရန် ပြင်ဆင်နေကြောင်း အိန္ဒိယ မီဒီယာများက ဖော်ပြကြသည်။ ထိုနိုင်ငံ ခုနှစ် နိုင်ငံပါဝင်သော ဒေသတွင်းအုပ်စုတွင် အိန္ဒိယအပြင် ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါ၊ ဘူတန်နှင့် မြန်မာတို့ပါဝင်သည်။
Indian Express သတင်းစာ၏ နိုဝင်ဘာလ ၂၂ ရက်နေ့သတင်းတွင် “ထိုအခမ်းအနားသည် အိန္ဒိယ ခေါင်းဆောင်များအတွက် ယခုနှစ် ဖေဖော်ဝါရီလက အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုက်ရိုက်ထိတွေ့ခွင့်ရမည့် ပထမဆုံး အခွင့်အလမ်းဖြစ်သည်” ဟု ဖော်ပြခဲ့သည်။
ထိုနေ့တွင်ပင် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနက ထိုသတင်းကို ပယ်ချပြီး နယူးဒေလီရှိ ဗဟို ရာ့ဂျ်ပတ်သ်တွင် ကျင်းပမည့် ပင်မစစ်ရေးပြအခမ်းအနား တက်ရောက်ရန် မြန်မာ စစ်အာဏာသိမ်း ခေါင်းဆောင်ကို ဖိတ်ကြားရေးအတွက် မည်သည့်အစီအစဉ်မျှ မရှိကြောင်း ပြောလိုက်သည်။
BIMSTEC ခေါင်းဆောင်များ အားလုံးသည် ၂၀၁၉ ခုနှစ် မေလ ၃၀ ရက်နေ့က ကျင်းပသည့် အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့သော်လည်း ထိုစဉ်က နေပြည်တော်တွင် ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရ ရှိနေသည်။ မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့သည်။
ထိုအခမ်းအနားသို့ မည်သူတို့ တက်ရောက်သည်ဖြစ်စေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်ခြင်းနှင့် ပတ်သက်သည့် အငြင်းပွားဖွယ်ရာများသည် မြန်မာစစ်တပ်နှင့် ဆက်ဆံရာတွင် အိန္ဒိယရင်ဆိုင်ရသည့် အကျပ်အတည်းကို ထင်ဟပ်နေသည်။
လာမည့်လတွင် ထိုအခမ်းအနားသို့ မည်သူတို့ တက်ရောက်သည်ဖြစ်စေ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပါဝင်ခြင်းနှင့် ပတ်သက်သည့် အငြင်းပွားဖွယ်ရာများသည် မြန်မာစစ်တပ်နှင့် ဆက်ဆံရာတွင် အိန္ဒိယ ရင်ဆိုင်ရသည့် အကျပ်အတည်းကို ထင်ဟပ်နေသည်။
တဘက်တွင်လည်း အိန္ဒိယနိုင်ငံသည် ဒီမိုကရေစီ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်သည်။ ထိုထိပ်သီး ဆွေးနွေးပွဲသည် ကမ္ဘာကို အာဏာရှင်စနစ်မှ ကာကွယ်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူ့အခွင့်အရေး လေးစားမှု မြှင့်တင်ရေးစသည့် ဦးတည်ချက်များဖြင့် အမေရိကန် သမ္မတ ဂျိုးဆက် ဘိုင်ဒင်က အိမ်ရှင်အဖြစ် ကျင်းပသော အစည်းအဝေး ဖြစ်သည်။
ထိုထိပ်သီးဆွေးနွေးပွဲသို့ ဖိတ်ကြားခံရသော နိုင်ငံများသည် ဒီမိုကရေစီတန်ဖိုးများကို လိုက်နာမှုကြောင့် ဖိတ်ကြားခံရခြင်း မဟုတ်ဘဲ အမေရိကန် နိုင်ငံရေးကြောင့်သာ ဖိတ်ကြားခံရခြင်းဖြစ်ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် The Economist စာစောင်က ဖော်ပြသည်။
အိန္ဒိယ သမ္မတနိုင်ငံတော်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဲ့သို့သော သွေးစွန်နေသည့် အာဏာရှင်တဦးကို ဖိတ်ကြားခြင်းသည် အိန္ဒိယအတွက် အကျိုးမရှိနိုင်ပေ။
အိန္ဒိယ သမ္မတနိုင်ငံတော်နေ့ အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကဲ့သို့သော သွေးစွန်နေသည့် အာဏာရှင်တဦးကို ဖိတ်ကြားခြင်းသည် အိန္ဒိယအတွက် အကျိုးမရှိနိုင်ပေ။
သို့သော် တဘက်တွင်လည်း အိန္ဒိယနိုင်ငံသည် ၎င်း၏ အရှေ့ဘက်နယ်စပ်တွင် အဓိကကျသည့် လုံခြုံရေး စိန်ခေါ်မှု နှစ်ခုနှင့် ရင်ဆိုင်နေရပြီး ထိုစိန်ခေါ်မှုများအတွက် လွန်ခဲ့သော နှစ်အနည်းငယ်က စတင်ကာ မြန်မာနှင့် ပူးပေါင်းဆောင်ရွက်နေရသည်။ ထိုစိန်ခေါ်မှု နှစ်ခုမှာ နယ်စပ်ဖြတ်ကျော် သူပုန်များနှင့် မြန်မာနိုင်ငံတွင် တရုတ်သြဇာ ကြီးထွားနေခြင်း ဖြစ်သည်။
အိန္ဒိယ အရှေ့မြောက်ပြည်နယ်များဖြစ်သော အာသံ၊ နာဂပြည်နှင့် မဏိပူရမှ ခွဲထွက်ရေးလူမျိုးစု သူပုန်များသည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းမှ တောတောင်ထူထပ်သော ဝေးကွာသည့် ဒေသများတွင် အခြေစိုက်စခန်းများ တည်ထောင်ထားသည်မှာ နှစ်ပေါင်များစွာ ကြာပြီဖြစ်သည်။ ထိုနေရာမှနေပြီး ၎င်းတို့သည် အိန္ဒိယ နိုင်ငံအတွင်းသို့ လက်နက်ကိုင် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် အိန္ဒိယအစိုးရတပ်များ မလာရောက်နိုင်သည့် နယ်စပ်ကိုကျော်ကာ ပြန်လည်ဆုတ်ခွာကြသည်။ အိန္ဒိယသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ် ၁၆၄၃ ကီလိုမီတာ ထိစပ်နေပြီး မြန်မာနိုင်ငံ တောတောင်ထူသောကြောင့် ထိုဒေသသို့ သူပုန်များသည် အိန္ဒိယနိုင်ငံအတွင်း တိုက်ခိုက်ပြီးနောက် ၎င်းတို့၏ စခန်းများသို့ လွယ်ကူစွာ ဝင်ထွက်နိုင်ကြသည်။
ထိုသူပုန်များ ခိုလှုံရာစခန်းများကို မြန်မာက မတိုက်ခိုက်နိုင်ခြင်း သို့မဟုတ် တိုက်ခိုက်ရန် စိတ်အားထက်သန်မှု မရှိခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးတွင် ကာလကြာမြင့်စွာ စူးဝင်နေသည့် ဆူးတချောင်းဖြစ်နေပြီး အပြန်အလှန် မယုံကြည်မှုများနှင့် သံသယများကို တိုးပွားစေသည်။ အိန္ဒိယအတွက် ပိုမိုစိတ်ပျက်စရာ ဖြစ်ရသောကိစ္စမှာ ထိုသို့သောစခန်းများ မြန်မာပိုင်နက်အတွင်း မရှိကြောင်း မြန်မာအာဏာပိုင်များက မကြာသေးမီကအထိ ငြင်းဆန်နေခြင်းဖြစ်သည်။
ထိုအုပ်စုများကို မသိမသာ လျစ်လျူရှုနေသည့် မြန်မာ၏ မူဝါဒသည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် မြန်မာက ထိုအုပ်စုများ၏ အဓိကစခန်းများအနက် တခုကို ဝင်ရောက်စီးနင်းသောအခါ ပြောင်းလဲသွားပုံရသည်။ စစ်ကိုင်းတိုင်း၊ တာဂါဒေသရှိ အမည်မခံသော ဌာနချုပ်များမှ နာဂ၊ မဏိပူရနှင့် အာသံသူပုန်များကို မောင်းထုတ်လိုက်သည့် ထိုနယ်မြေရှင်းလင်းမှု စစ်ဆင်ရေးသည် အိန္ဒိယစစ်တပ်နှင့် မြန်မာစစ်တပ် ဆက်ဆံရေး သိသိသာသာ တိုးတက်လာပြီးနောက် ဖြစ်ပွားသည်။ ထိုဆက်ဆံရေးသည် အိန္ဒိယဘက်က မပျက်စီးစေချင်သော၊ ဥပမာဆိုရပါက ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် မပျက်စီးစေလိုသော အဖိုးတန်လှသည့် ဆက်ဆံရေးဖြစ်သည်။
မြန်မာတွင် စစ်အုပ်စု အာဏာသိမ်းပြီး မကြာမီ အိန္ဒိယကြည်းတပ်အကြီးအကဲ မန်နော့ မူကွတ်ဒ် နာရာဗါနီက မြန်မာစစ်တပ်နှင့် ပူးပေါင်းစစ်ဆင်ရေး အများအပြားသည် မြေပြင်စစ်ဆင်ရေးများတွင် စစ်သားများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးစေသကဲ့သို့ ပူးပေါင်းအင်အား ထိရောက်မှုကိုလည်း တိုးတက်စေပြီး မျှော်မှန်းထားသလောက် စစ်ဆင်ရေး အကျိုးအမြတ်ရှိကြောင်း ပြောသည်။
ထူးခြားသည်မှာ အိန္ဒိယသည် မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် တပ်မတော်နေ့ အခမ်းအနားသို့ ကိုယ်စားလှယ် (စစ်သံမှူး) စေလွှတ်သည့် နိုင်ငံ ရှစ်နိုင်ငံတွင် ပါဝင်နေခြင်းဖြစ်သည်။ အခြားသော ကိုယ်စားလှယ်စေလွှတ်သည့် နိုင်ငံများမှာ တရုတ်၊ ရုရှား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ လာအိုနှင့် ထိုင်းတို့ဖြစ်သည်။
ထို့အပြင် တရုတ်သြဇာ ကြီးထွားနေခြင်းနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများလည်း ရှိနေသည်။ နေပြည်တော်နှင့် အနောက်နိုင်ငံများ ဆက်ဆံရေး တိုးတက်လာပြီးနောက် မြန်မာအပေါ် တရုတ်သြဇာသည် အနည်းငယ် ကျဆင်းခဲ့သော်လည်း ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ပြန်လည်တိုးတက်လာသည်။
ပထမတွင် ထိုနှစ်များက ရိုဟင်ဂျာများကို သွေးထွက်သံယို နှိမ်နင်းသောကြောင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံကို ကျောခိုင်းလိုက်သည်။ ထို့နောက် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်သောအခါ ပိုမိုပြင်းထန်စွာ ကျောခိုင်းလာသည်။
အိန္ဒိယ တပ်မတော်အကြီးအကဲ ဘီပင်ရာဝတ်က ဇူလိုင်လ ၂၄ ရက်နေ့တွင် ကျင်းပသည့် “အိန္ဒိယ အရှေ့မြောက်ဒေသမှ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” အမည်ရှိ အွန်လိုင်း ဆွေးနွေးပွဲတခုတွင် “အိန္ဒိယသည် ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာ စစ်အာဏာသိမ်းမှုကြောင့် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ပြီးနောက် တရုတ်က ထပ်မံထိုးဖောက်လာသည့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေကို အနီးကပ်စောင့်ကြည့်လိုသည်ဟု ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံကို အရေးယူ ပိတ်ဆို့လိုက်သောအခါ တရုတ်၏ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း (BRI) သည် အရှိန်အဟုန် ပိုမိုရလာမည်” ဟုလည်း သူက ပြောသည်။ ရာဝတ်သည် အိန္ဒိယတောင်ပိုင်းတွင် ဒီဇင်ဘာလ ၈ ရက်နေ့က ရဟတ်ယာဉ်ပျက်ကျပြီး ကွယ်လွန်သွားသော်လည်း သူ၏ မူဝါဒသည် ပြောင်းလဲသွားနိုင်ခြေ မရှိပေ။
အိန္ဒိယ လုံခြုံရေး စီမံသူများသည် နယ်စပ်ဖြတ်ကျော် ပုန်ကန်မှုနှင့် တရုတ်အကောက်ကြံမှုဆိုသည့် ပြဿနာ နှစ်ရပ်ကို ချိတ်ဆက်စဉ်းစားကြသည်။
အိန္ဒိယ လုံခြုံရေး စီမံသူများသည် နယ်စပ်ဖြတ်ကျော် ပုန်ကန်မှုနှင့် တရုတ်အကောက်ကြံမှုဆိုသည့် ပြဿနာ နှစ်ရပ်ကို ချိတ်ဆက်စဉ်းစားကြသည်။ ၁၉၆၀ ပြည့်နှစ်များမှ စတင်ပြီး နာဂ ရာပေါင်းများစွာနှင့် နောင်တွင် မီဇိုသူပုန်များသည် မြန်မာနိုင်ငံကို ဖြတ်သန်းပြီး တရုတ်နိုင်ငံသို့ သွားရောက်ကာ နိုင်ငံရေးနှင့် စစ်သင်တန်းတက်၍ အိန္ဒိယအရှေ့မြောက်ဒေသသို့ တရုတ်လုပ် ခေတ်မီ လက်နက်များဖြင့် ပြန်လာကြသည်။ ၁၉၇၀ ပြည့်နှစ်များတွင် မဏိပူရ သူပုန်မှ အုပ်စုငယ်တခုသည် နီပေါမှတဆင့် တိဘက်သို့ သွားပြီး လာဆာမြို့ပြင်ပရှိ တရုတ် စစ်စခန်းတွင် သင်တန်းတက်ကြသည်။
၁၉၇၆ ခုနှစ်တွင် မော်စီတုန်း သေဆုံးပြီးနောက် တိုက်ရိုက်အကူအညီများ ရပ်ဆိုင်းလိုက်ပြီး ဘေဂျင်းသည် ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒကို တော်လှန်ရေးတင်ပို့ခြင်းမှ အိမ်နီးချင်းများ၊ အခြားနိုင်ငံများနှင့် ကုန်သွယ်မှု မြှင့်တင်ရေးသို့ ပြောင်းလဲလိုက်သည်။ သို့သော် အာသံနှင့် မဏိပူရ သူပုန်များ၏ တရားမဝင် ကိုယ်စားလှယ်များသည် တရုတ်- မြန်မာနယ်စပ် ရွှေလီနှင့် ယူနန်ပြည်နယ်မှ အခြားမြို့များတွင် ရှိနေဆဲဖြစ်သည်။
တချိန်က အင်အားကြီးမားလှသော ညီညွတ်သော အာသံလွတ်မြောက်ရေးတပ်ဦးမှ ထိပ်တန်းခေါင်းဆောင် ပါရက်ရှ် ဘာရူယားသည် ယူနန်တွင် နေထိုင်သကဲ့သို့ ပြည်သူ့တော်လှန်ရေးတပ်ဦး၏ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA/RPF) နှင့် ကန်လိုင်ပက် ပြည်သူ့ တော်လှန်ရေးပါတီမှ လက်နက်ကိုင်များလည်း ယူနန်တွင် နေထိုင်ကြသည်။ ထိုအဖွဲ့နှစ်ခုသည် မဏိပူပြည်နယ်မှ လူများစုဖြစ်သော မယ်တိုင်များအကြားတွင် ထောက်ခံမှုရသော အဖွဲ့ နှစ်ဖွဲ့ဖြစ်သည်။
ထိုပြဿနာသည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအထိ အိန္ဒိယလုံခြုံရေး ဦးစားပေးများတွင် ပါဝင်ခြင်း မရှိပေ။ တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့် အခြားနိုင်ငံများ ကုန်သွယ်ခြင်းကို ပုဂ္ဂလိကအဆင့်ဖြစ်ပါက ပုံမှန်အားဖြင့် ကန့်ကွက်ခြင်းမရှိပေ။ သို့သော် ထိုစဉ်က အိန္ဒိယ- ထိုင်ဝမ် ကုန်သွယ်ရေး သဘောတူစာချုပ် ချုပ်ဆိုတော့မည် ဆိုသည့်သတင်းများ ထွက်လာသောအခါ တရုတ်အာဏာပိုင်များက ၎င်းတို့၏အာဘော် ဂလိုဘယ်တိုင်းမ်မှ မကြုံစဘူး ပြန်လည်တိုက်ခိုက်သည်။
“အိန္ဒိယသည် ထိုင်ဝမ်ခွဲထွက်ရေး အင်အားစုများကို ထောက်ခံပါက တရုတ်နှင့်အိန္ဒိယသည် ရန်ဘက်များဖြစ်ပြီး အထူးသဖြင့် အိန္ဒိယ၏ လုပ်ရပ်များကို တန်ပြန်ရန် အိန္ဒိယ ခွဲထွက်ရေးအင်အားစုများကို တရုတ်က ထောက်ခံရန် ဖိအားပေးနေသည်။ တနိုင်ငံနှင့်တနိုင်ငံသည် အားနည်းချက်များကို အပြန်အလှန်ရှာဖွေ တိုက်ခိုက်မည်ဖြစ်သည်”
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက စီမံသည့် သုတေသန လုပ်ငန်းဖြစ်သော Chengdu Institute of World Affairs ဥက္ကဌ လောင်ရှင်းချွန်က အောက်တိုလာလ ၂၂ ရက်နေ့ထုတ် ထိုသတင်းစာတွင် “နိုင်ငံတနိုင်ငံသည် ထိုင်ဝမ်နှင့် တရားဝင် ကုန်သွယ်လိုသောအခါ မည်သည့် နည်းနှင့်မျှ ကုန်သွယ်ရေးသက်သက် မဖြစ်နိုင်တော့ပေ” ဟု ရေးသားပြီး “အိန္ဒိယသည် ထိုင်ဝမ်ခွဲထွက်ရေး အင်အားစုများကို ထောက်ခံပါက တရုတ်နှင့်အိန္ဒိယသည် ရန်ဘက်များဖြစ်ပြီး အထူးသဖြင့် အိန္ဒိယ၏ လုပ်ရပ်များကို တန်ပြန်ရန် အိန္ဒိယ ခွဲထွက်ရေးအင်အားစုများကို တရုတ်က ထောက်ခံရန် ဖိအားပေးနေသည်။ တနိုင်ငံနှင့်တနိုင်ငံသည် အားနည်းချက်များကို အပြန်အလှန်ရှာဖွေ တိုက်ခိုက်မည်ဖြစ်သည်” ဟုလည်း ဆက်လက်ရေးသားထားသည်။
အိန္ဒိယ အရှေ့မြောက်သူပုန်များသို့ တရုတ်က ထပ်မံ အကူအညီပေးသည့် ခိုင်မာသော အထောက်အထား မရှိသော်လည်း တရုတ်က အိန္ဒိယကို တန်ပြန်လိုလျှင် တန်ပြန်နိုင်သည့် နည်းလမ်းများ ရှိနေသည်။ ထိုနည်းလမ်းများမှာ ယူနန်ရှိ အိန္ဒိယ သူပုန်ဆက်သွယ်ရေး အရာရှိများနှင့် တရုတ်နှင့် အိန္ဒိယကို ချိတ်ဆက်ထားသည့် ထိန်းချုပ်ရန် ခက်ခဲသည့် မြန်မာနိုင်ငံမြောက်ပိုင်း တောတောင်ထူတပ်သည့် ဒေသများပင်ဖြစ်သည်။
မကြာသေးမီလများအတွင်းက မြန်မာစစ်အုပ်စုသည် စစ်ကိုင်းတိုင်းတွင် စခန်းချထားဆဲဖြစ်သည့် အိန္ဒိယ သူပုန်များကို အသုံးချကာ မြန်မာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ် PDF များကို တိုက်ခိုက်ခဲ့သည်။ အပြန်အလှန်အားဖြင့် မဏိပူရမှ အဓိကပါဝင်သော ထိုအိန္ဒိယ သူပုန်များကို မြန်မာတွင်နေခွင့်နှင့် လုပ်ချင်ရာလုပ်ခွင့်ပေးသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့တွင်မူ PLA/RPF သူပုန်အုပ်စုနှင့် ပိုမိုသေးငယ်သော အဖွဲ့ဖြစ်သည့် မဏိပူရ နာဂတပ်ဦး ပူးပေါင်းအဖွဲ့က နယ်စပ်ကို ဖြတ်ကျော်ပြီး အာသံရိုင်ဖယ် အိန္ဒိယတပ်၏ စစ်ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ကာ တပ်မှူး၊ ဇနီး၊ ၎င်းတို့၏ ခြောက်နှစ် အရွယ်သားနှင့်စစ်သား လေးဦး အပါအဝင် လူ ခုနစ်ဦးကို သေဆုံးစေသည်။ ထိုခြုံခိုတိုက်ခိုက်မှုသည် မြန်မာစစ်အုပ်စုနှင့် အိန္ဒိယ စစ်တပ်တို့ ဆက်ဆံရေး မကောင်းမီ ယခင်ဆိုးရွားသော ခေတ်သို့ ပြန်သွားခြင်းဖြစ်သည်။
အိန္ဒိယသည် ရှေ့တိုးထမ်းပိုး နောက်ဆုတ် လှည်းထုပ် အနေအထား ရောက်နေသည်။ မြန်မာစစ်အုပ်စုနှင့် ယခင်ကဲ့သို့ နွေးထွေးသော ဆက်ဆံရေး ပြန်လည် မထိန်းသိမ်းပါက ထုံးစံအရပင် မတည်ငြိမ်သော နယ်စပ်တလျှောက် အန္တရာယ်များသော လုံခြုံရေးအခြေအနေ ရေထိန်းတံခါးကို ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။
အိန္ဒိယသည် ရှေ့တိုးထမ်းပိုး နောက်ဆုတ် လှည်းထုပ် အနေအထား ရောက်နေသည်။ မြန်မာစစ်အုပ်စုနှင့် ယခင်ကဲ့သို့ နွေးထွေးသော ဆက်ဆံရေး ပြန်လည် မထိန်းသိမ်းပါက ထုံးစံအရပင် မတည်ငြိမ်သော နယ်စပ်တလျှောက် အန္တရာယ်များသော လုံခြုံရေးအခြေအနေ ရေထိန်းတံခါးကို ဖွင့်ပေးလိုက်ခြင်းဖြစ်သည်။
သို့သော် မြန်မာစစ်အုပ်စုနှင့် ဆက်ဆံရေး အဆင်ပြေအောင် လုပ်ပါကလည်း မြန်မာနိုင်ငံကို စစ်အာဏာသိမ်းမှုနှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်အုပ်ချုပ်နေသည့် စစ်ကောင်စီအုပ်ချုပ်ရေးကို ထောက်ခံသည်ဟု အမြင်ခံရမည်ဖြစ်သကဲ့သို့ အိန္ဒိယ၏ ပထဝီသေနင်္ဂဗျူဟာ မိတ်ဘက်များဖြစ်သော အမေရိကန်နှင့် မဟာမိတ်များနှင့် ဆက်ဆံရေးကို ထိခိုက်စေမည်ဖြစ်သည်။ အိန္ဒိယ၊ အမေရိကန် ပြည်ထောင်စု၊ သြစတြေးလျနှင့် ဂျပန်တို့သည် အာရှ – ပိစိဖိတ်ဒေသတွင် တရုတ်သြဇာကြီးထွားမှုကို ထိန်းချုပ်ရန် ရည်ရွယ်သည့် စာချုပ်ဖြစ်သော လေးနိုင်ငံလုံခြုံရေးဆွေးနွေးပွဲ (Quad) အဖွဲ့ဝင်များ ဖြစ်သည်။
အရှေ့ပိုင်းနယ်စပ်မှ များပြားလှသော စိန်ခေါ်မှုများကို အိန္ဒိယက မည်သို့ ကိုင်တွယ်မည်ကို ဆက်လက် စောင့်ကြည့် ရမည်ဖြစ်သည်။ သို့သော် အိန္ဒိယနှင့် မြန်မာ ဆက်ဆံရေး ဦးတည်ဘက်ကို ပထမဆုံး ဖော်ပြသည့် လက္ခဏာကို ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ရာ့ဂျ်ပတ်သ်၌ ကျင်းပသည့် ပြည်ပ အထူးဧည့်သည်တော်များ ခန်းမဆောင်တွင် တွေ့ရမည်ဖြစ်သည်။ မြန်မာ စစ်အာဏာသိမ်းခေါင်းဆောင် ထိုအခမ်းအနား တက်ခွင့် ရ မရနှင့် တက်ခွင့်ရလျှင် သို့မဟုတ် မရလျှင် အိန္ဒိယက မည်သည့် တန်ဖိုးပေးဆပ်ရမည်ကို ဆက်လက် စောင့်ကြည်ရမည် ဖြစ်ပေသည်။
You may also like these stories:
စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့် ဦးနှောက်ချို့ယွင်းသော ရောဂါ ခံစားနေရ
တိုက်ပွဲပုံစံသစ်ကို စစ်ကောင်စီ ရင်ဆိုင်နေရ
စစ်ကောင်စီက ASEAN ကို မကြည့်၊ တရုတ်ကိုသာ ကြည့်
စစ်ဗိုလ် နိုင်ငံရေးလုပ်ရင် စကားကောင်းကောင်း မပြောတတ်
မြန်မာစစ်တပ် တိုက်ခိုက်ရေးစွမ်းရည် ကျနေပြီ