• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပြည်သူ့အလှူငွေဖြင့် စစ်ကောင်စီ ဆန့်ကျင်ရေးလှုပ်ရှားမှု ရပ်တည်နေ

by ဧရာဝတီ
21 December 2021
in ဆောင်းပါး
A A
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က စစ်အာဏာသိမ်းမှုကို ရန်ကုန်တွင် ဆန့်ကျင်ဆန္ဒပြနေစဉ် / STR / AFP

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့က စစ်အာဏာသိမ်းမှုကို ရန်ကုန်တွင် ဆန့်ကျင်ဆန္ဒပြနေစဉ် / STR / AFP

8.7k
VIEWS
Share on FacebookShare on Twitter

BBC ၏ You’re Dead to Me ကဲ့သို့သော Podcast များကို နားထောင်ရင်း iPad ပေါ်တွင် အလုပ်လုပ်ကာ အသက် ၃၀ ကျော်အတွင်း ရောက်နေပြီဖြစ်သော ထို တွဲဘက် ပါမောက္ခသည် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုအတွက် သူလှူဒါန်းမည့်ငွေ ရရှိရန် ပုံတူဆွဲပေးသော ကမ်းလှမ်းမှုများကို ပြုလုပ်ပြီး လူမှုကွန်ရက်တွင် ရန်ပုံငွေရှာသော လှုပ်ရှားမှုကို ပြုလုပ်သည်။

“ဒီမှာက တိတ်ဆိတ်၊ ငြိမ်းချမ်းပြီး အန္တရာယ်ကင်းတယ်။ အဲဒါတွေက မြန်မာမှာ အခုချိန် မရနိုင်တဲ့ အရာတွေပဲ” ဟု အမည်နှင့် တည်နေရာကို ထုတ်ဖော် မပြောကြားလိုသော ထိုအမျိုးသမီးက Al Jazeera သတင်းဌာနသို့ ပြောသည်။

RelatedPosts

မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
549
တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

14 May 2025
7.7k
ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

14 May 2025
1.8k

လွန်ခဲ့သော ဆယ်စုနှစ်တခုကပင် မြန်မာနိုင်ငံမှထွက်ခွာခဲ့သော Burmese Beast သည် လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်သားများ၊ သပိတ်မှောက်နေသော ပြည်သူ့ဝန်ထမ်းများနှင့် မကြာသေးမီကဆိုလျှင် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့သို့ ရန်ပုံငွေများ ပေးပို့နေသည်။

“ရန်ပုံငွေရှာတဲ့သူတယောက် အနေနဲ့ ကျမက PDF အဖွဲ့ဝင် လူငယ်အများအပြားနဲ့ ထိတွေ့ရပြီး သူတို့တွေက သွေးဆာလို့၊ အကြမ်းဖက်ချင်လို့ ဒီလိုလုပ်နေတာ မဟုတ်ဘဲ သူတို့အနာဂတ်အတွက် မျှော်လင့်ချက်ကင်းမဲ့လို့ လုပ်ရမယ်လို့ သူတို့ ခံစားကြတယ်” ဟု Burmese Beast က ပြောသည်။ စစ်အာဏာသိမ်း ခေါင်းဆောင်များနှင့် ၎င်းတို့ကို ထောက်ခံသောတပ်များကို လက်နက်ကိုင် တိုက်ခိုက်ရန်မှအပ သူတို့တွင် အခြားရွေးစရာမရှိတော့ဟု သူက ပြောသည်။

“ကျမက အကြမ်းဖက်တာကို လက်မခံသလို စစ်ကောင်စီစစ်သားတွေ သေတဲ့သတင်းဖတ်ရလို့လည်း ပျော်တာ မဟုတ်ဘူး” ဟုလည်း သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖြုတ်ချလိုက်သည့်အတွက် ကနဦး ဆန့်ကျင်မှုသည် ငြိမ်းချမ်းစွာ ဆန့်ကျင်မှုဖြစ်ပြီး သန်းပေါင်းများစွာသော ပြည်သူများ လမ်းမများပေါ် ထွက်လာကာ အစိုးရဌာနများမှ ဝန်ထမ်းများ သပိတ်မှောက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖြုတ်ချလိုက်သည့်အတွက် ကနဦး ဆန့်ကျင်မှုသည် ငြိမ်းချမ်းစွာ ဆန့်ကျင်မှုဖြစ်ပြီး သန်းပေါင်းများစွာသော ပြည်သူများ လမ်းမများပေါ် ထွက်လာကာ အစိုးရဌာနများမှ ဝန်ထမ်းများ သပိတ်မှောက်ကြသည်။

ဆန္ဒပြသူများကို စစ်အုပ်စုက အကြမ်းဖက် နှိမ်နင်းသောနည်းဖြင့် တုံ့ပြန်လိုက်ပြီး အရပ်သား ၁၃၀၀ ကျော်ကို သတ်ဖြတ်လိုက်သောအခါ ခုခံရေးလှုပ်ရှားမှုသည် လက်နက်ကိုင်ပုန်ကန်ခြင်းကို လက်ခံလိုက်ကြသည်။

လအတန်ကြာ တိုက်ပွဲငယ်များ ဖြစ်ပွားပြီးနောက် စက်တင်ဘာလတွင် NUG က စစ်ကောင်စီကို ဖြုတ်ချရန် ပြည်သူ့ခုခံစစ်ကို ကြေညာလိုက်သည်။ သို့သော် ပြည်တွင်းစစ်တခုကို ဆင်နွှဲခြင်းနှင့် စင်ပြိုင်အစိုးရတခုကို ထူထောင်ခြင်းသည် ဘဏ္ဍာငွေ ရရှိရေးနှင့် ကျင့်ဝတ် ဥပဒေ ပြဿနာများဆိုင်ရာ မေးခွန်းများကို ပေါ်ပေါက်စေသည်။

စင်ပြိုင်အစိုးရသည် သပိတ်မှောက် ပြည်သူ့ဝန်ထမ်း ၂ သိန်းခန့်အတွက် တဦးလျှင် ဒေါ်လာ ၆၀ ထောက်ပံ့ရန် ကတိပြုထားသော်လည်း သြဂုတ်လက ခန့်မှန်းတွက်ချက်မှုများအရ စစ်အစိုးရအောက်တွင် အလုပ်ဆင်းရန် ငြင်းဆန်သူ အရေအတွက်မှာ ၄ သိန်း ၁ သောင်းကျော် ဖြစ်နေသည်။

NUG ၏ တော်လှန်ရေးအတွက် ဘဏ္ဍာရေး လိုအပ်ချက်များသည် ကြီးမားလှသည်။ စင်ပြိုင်အစိုးရသည် သပိတ်မှောက် ပြည်သူ့ဝန်ထမ်း ၂ သိန်းခန့်အတွက် တဦးလျှင် ဒေါ်လာ ၆၀ ထောက်ပံ့ရန် ကတိပြုထားသော်လည်း သြဂုတ်လက ခန့်မှန်းတွက်ချက်မှုများအရ စစ်အစိုးရအောက်တွင် အလုပ်ဆင်းရန် ငြင်းဆန်သူ အရေအတွက်မှာ ၄ သိန်း ၁ သောင်းကျော် ဖြစ်နေသည်။

NUG သည် ကာကွယ်ရေး အသုံးစရိတ်မပါဘဲ ဒေါ်လာ သန်း ၈၀၀ အသုံးစရိတ် လျာထားသော်လည်း စစ်သုံးစရိတ် မည်သို့ထောက်ပံ့မည်ကို ပြောဆိုရန် စိတ်အားထက်သန်ခြင်း မရှိပေ။ ဝေဖန်ပြောကြားပေးရန် တောင်းဆိုသည်ကိုလည်း အကြောင်းပြန်ခြင်း မရှိပေ။

သို့သော် တရားဝင်ရန်ပုံငွေရှာရန် အားထုတ်မှုများသည် ပြည်သူများအကြား လွန်စွာ လူကြိုက်များကြောင်း ပြသနေသည်။

NUG အပေါ် လူထုထောက်ခံမှုရှိကြောင်း ပြသသည့် နောက်ထပ် လက္ခဏာတခုမှာ ထီပေါက်သူ ၇၈ ဦးအနက် ၅၅ ဦးက ထီပေါက်ငွေများကို NUG အစိုးရသို့ ပြန်လည်လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

စက်တင်ဘာလအတွင်းက NUG သည် သပိတ်မှောက်နေသော ပြည်သူ့ဝန်ထမ်းများကို ကူညီရန် နွေဦးထီကို စတင်ရောင်းချသည်။ ရှေ့ပြေးစမ်းသပ်မှု အစီအစဉ်သည် ဒေါ်လာ ၈ သန်းရကြောင်း NUG ကိုယ်စားလှယ်များထံမှ သိရပြီး အစီအစဉ် တိုးချဲ့လိုက်သောအခါ ဒေါ်လာ ၁၁ သန်း လစဉ် ရနိုင်ကြောင်း ၎င်းတို့က ပြောသည်။ NUG အပေါ် လူထုထောက်ခံမှုရှိကြောင်း ပြသသည့် နောက်ထပ် လက္ခဏာတခုမှာ ထီပေါက်သူ ၇၈ ဦးအနက် ၅၅ ဦးက ထီပေါက်ငွေများကို NUG အစိုးရသို့ ပြန်လည်လှူဒါန်းလိုက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် NUG က စစ်ကောင်စီကို ဖြုတ်ချရန် ပြည်သူ့ခုခံစစ်ကို ကြေညာလိုက်သည် / STR / AFP

နောက်ထပ် လူထုထောက်ခံမှုရှိသော လှုပ်ရှားမှုတခုမှာ အတိုးမရဘဲ စစ်အစိုးရကို မဖြုတ်ချနိုင်လျှင် အဆုံးခံရမည့် ငွေတိုက်စာချုပ် ရောင်းချခြင်း ဖြစ်သည်။ ထိုငွေတိုက်စာချုပ် စတင်ရောင်းချပြီး ၂ နာရီအတွင်း ဒေါ်လာ ၂ သန်းဖိုး ရောင်းရကြောင်း၊ စုစုပေါင်း ဒေါ်လာသန်း ၂၀၀ ဖိုးအထိရောင်းရန် ရည်ရွယ်ထားကြောင်း NUG က ကြေညာသည်။

“နွေဦးထီ၊ ကံစမ်းမဲနဲ့ အခု ငွေတိုက်စာချုပ် ရောင်းချမှုအတွက် NUG ကပေးတဲ့ ကိန်းဂဏန်းတွေက အဲဒါတွေ တော်တော် အောင်မြင်ကြောင်း ပြသနေပြီး တခုတခုကို ဒေါ်လာသန်းချီ ရနေတယ်”

“နွေဦးထီ၊ ကံစမ်းမဲနဲ့ အခု ငွေတိုက်စာချုပ် ရောင်းချမှုအတွက် NUG ကပေးတဲ့ ကိန်းဂဏန်းတွေက အဲဒါတွေ တော်တော် အောင်မြင်ကြောင်း ပြသနေပြီး တခု တခုကို ဒေါ်လာသန်းချီ ရနေတယ်” ဟု နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအုပ်စု (ICG) မှ မြန်မာနိုင်ငံဆိုင်ရာ အကြံပေး မစ္စတာ ရစ်ချတ် ဟိုဆေးက Al Jazeera သို့ ပြောသည်။

“ဒါတွေက ခုခံရေးလှုပ်ရှားမှုကို အဝေးရောက် မြန်မာအများအပြားက အကြီးအကျယ်လှူဒါန်းဖို့ စိတ်အားထက်သန်နေကြောင်း ပြသနေတယ်” ဟုလည်း သူက ပြောသည်။

ငွေတိုက်စာချုပ် ဒေါ်လာ ၂၀၀၀ ဖိုးဝယ်ထားသော ဥရောပအခြေစိုက် NUG ထောက်ခံသူတဦးက ထိုငွေကို အချိန်တိုအတွင်း ပြန်ရမည်ဟု မမျှော်လင့်ကြောင်း Al Jazeera သို့ ပြောသည်။

“တခုတည်းသော တွန်းအားကတော့ ကျနော်ဟာ ကိုယ့်အတွက်ကိုယ်ပဲ မစဉ်းစားရဘူး၊ ပြည်သူအများစုအတွက် စဉ်းစားရမယ်ဆိုတဲ့အသိနဲ့ NUG ကို ငွေကြေးထောက်ပံ့ဖို့ပဲ။ ပြည်သူတွေကလည်း NUG ကသာ အောင်ပွဲကို ခေါ်ဆောင်သွားမယ့် တခုတည်းသော ယန္တရားလို့ ယုံကြည်နေတယ်” ဟု အမည် မဖော်လိုသော ထို NUG ထောက်ခံသူက ပြောသည်။ “အဲဒီငွေတိုက်စာချုပ်က ဝယ်ယူသူတွေကို ငွေကြေးအရ ဘာမက်လုံးမှ ပေးမထားဘူး” ဟုလည်း သူက ပြောသည်။

ဘဏ္ဍာရေးကဏ္ဍကို ဖြိုခွဲခြင်း

စစ်ကောင်စီကလည်း ဘဏ္ဍာရေးကဏ္ဍကို ဖိနှိပ်မှုများဖြင့် တုံ့ပြန်ပြီး ငွေထုတ်စက်များမှ ထုတ်ပေးငွေကို ကန့်သတ်ကာ အွန်လိုင်းရောင်းဝယ်မှုများကို စောင့်ကြည့်ပြီး ဥပဒေအရ အရေးယူမှုများဖြင့် ခြိမ်းခြောက်သည်။ ငွေတိုက်စာချုပ်များကို ရောင်းချပြီး မကြာမီမှာပင် စစ်ကောင်စီ ပြောခွင့်ရသူက ထိုအကြမ်းဖက်အုပ်စုများသို့ ငွေကြေးထောက်ပံ့သူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ပြောသည်။

Janes စစ်ရေးစာစောင်၏ ဒေသဆိုင်ရာသုတေသီ မစ္စတာ အန်ထော်နီ ဒေးဗစ်က ထိုသို့ ရန်ပုံငွေရှာသည့် လှုပ်ရှားမှုသည် မည်မျှ ထိရောက်မည်ကို ခန့်မှန်းရန် လွန်စွာခက်ခဲကြောင်း ပြောသော်လည်း စစ်တပ်က ATM စက်များမှ ငွေထုတ်ယူမှု ကန့်သတ်ခြင်းသည် အထင်အရှား စိုးရိမ်မှူ ဖြစ်ကြောင်း ပြောသည်။

“သို့သော် ထိုသို့ဖြစ်နေခြင်းသည် NUG ၏ လေ့ကျင့်မှု၊ ဖွဲ့စည်းမှုနှင့် လက်နက်ဝယ်ယူမှု အချို့အပေါ် ငွေကြေး ထောက်ပံ့နိုင်မည့် စွမ်းရည်အတွက် အပြုသဘောဆောင်သော လက္ခဏာရှိသည်” ဟု မစ္စတာ ဒေးဗစ်က ပြောသည်။ “ဒီရန်ပုံငွေကို ရေရှည်ရပ်တည် နိုင်အောင် NUG အနေနဲ့ ခုခံရေးလှုပ်ရှားမှုတွေကို ညှိနှိုင်းလုပ်ဆောင်နိုင်ပြီး အမျိုးမျိုးသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပေါ် ကွပ်ကဲထိန်းချုပ်နိုင်တဲ့ စွမ်းရည် လိုအပ်တယ်” ဟုလည်း သူက ပြောသည်။

NUG ၏ လစ်ဟာလိုအပ်မှု အများအပြားကို ဖြည့်ဆည်းရန်အတွက် Burmese Beast ကဲ့သို့သော အောက်ခြေမှ ရန်ပုံငွေ ရှာဖွေပေးသူများကို လိုအပ်နေသည်။ ပုံတူတပုံ ရေးဆွဲရန်အတွက် Burmese Beast က ဒေါ်လာ ၁၀၀ တောင်းသော်လည်း သူ့ထံ ပုံဆွဲရန်အပ်နှံသူများသည် ရက်ရောပြီး ထိုထက်မကပေးကြောင်း သူက ပြောသည်။ အလှူငွေတောင်းခံသည့် လှုပ်ရှားမှုများတွင် ပျှမ်းမျှအားဖြင့် ဒေါ်လာ ၈၀၀ မှ ၁၀၀၀ အထိ ရန်ပုံငွေရှာနိုင်ကြောင်း အများဆုံရသော လှုပ်ရှားမှုတခုတွင် ဒေါ်လာ ၇၀၀၀ အထိ ရခဲ့ကြောင်း သူက ပြောသည်။

အခြားလွတ်လပ်သော ရန်ပုံငွေရှာသည့်အဖွဲ့မှာ နွေဦးတက္ကသိုလ်မြန်မာ (SUM) ဖြစ်ပြီး ထိုအဖွဲ့သည် အခကြေးငွေ ယူသည့် သင်တန်းများပို့ချကာ ရရှိသောငွေကို သပိတ်မှောက် ကျောင်းဆရာ၊ ဆရာမများနှင့် ပြည်သူ့ဝန်ထမ်းများကို ထောက်ပံ့သည်။ မြန်မာနိုင်ငံရှိ ကျောင်းအများအစုသည် ကိုဗစ်နိုင်တင်းကြောင့် ပိတ်ထားရသည်မှာ ၂ နှစ်ကြာပြီဖြစ်ပြီး ဆရာ၊ ဆရာမနှင့် ကျောင်းသူကျောင်းသား အများစုကလည်း စစ်ကောင်ကောင်စီ မကြာသေးမီက လုပ်နေသည့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အားထုတ်မှုများကို သပိတ်မှောက်နေကြသည်။

ကျောင်း ၉ ကျောင်းကို စီမံနေသော နွေဦးတက္ကသိုလ် ကိုယ်စားလှယ်များက ၎င်းတို့အဖွဲ့အစည်းသည် လက်ရှိ အချိန်အထိ ရန်ပုံငွေ ဒေါ်လာ ၇၀၀၀၀ ရှာပေးပြီးဖြစ်ကြောင်း Al Jazeera သတင်းဌာနသို့ ပြောသည်။

“လက်နက်ကိုင် အဖွဲ့အစည်းတွေထဲ ဝင်ရောက်ပြီး လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတဲ့ ကျောင်းသား အများအပြား ရှိတယ်” ဟု အမည်မဖော်လိုသော ကိုယ်စားလှယ်တဦးက ပြောသည်။ “အဲဒါကြောင့် ကျနော့်အတွက် စိတ်ဓာတ်ခွန်အားကိုဖြစ်စေပြီး ကျနော် ပိုပိုကြိုးစားဖို့ နေ့စဉ်သတိပေးနေတယ်” ဟုလည်း သူကပြောသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာတွင် ကချင်တိုင်းရင်းသား တက်ကြွလှုပ်ရှားသူ ဇော်တူးခေါင်သည် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသော ကလေးများအတွက် ပန်းချီသင်တန်းကို ထောက်ပံ့ရန် ရန်ပုံငွေရှာပေးသည်။ KIA သည် ကချင်ပြည်နယ်တွင် နိုင်ငံရေးအခွင့်အရေး ပိုမိုရရှိရေးအတွက် တိုက်ခိုက်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်တွင် ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုကို ထောက်ခံသည်။

“ကျနော် ဒီကိုလာတော့ ထောင်ပေါင်းများစွာသော စစ်ဘေးရှောင် ကလေးတွေကိုတွေ့ပြီး တခုခု လုပ်ပေးချင်လာတယ်” ဟု ဇော်တူးခေါင်က Al Jazeera သို့ ပြောသည်။

လိုင်ဇာတွင် KIA ကို ထောက်ခံသော ရန်ပုံငွေရှာသည့် လှုပ်ရှားမှုများ အမြဲတမ်းရှိကြောင်းလည်း ဇော်တူးခေါင် ပြောသည်။

“ကျနော်တို့က ခြင်ထောင်တို့၊ မိုးကာတို့၊ စားစရာတို့လိုမျိုး လှူကြတာ” ဟုလည်း သူကပြောသည်။

ထိုသို့လွတ်လပ်သော ရန်ပုံငွေရှာသူများ အားလုံးသည် အကြမ်းဖက်ဝါဒကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ စစ်ကောင်စီက တရားစွဲမည်ကို စိုးရိမ်နေကြကြောင်း ဝန်ခံကြသည်။

“ကျနော့်မှာ စိုးရိမ်ပူပန်မှုတွေ ရှိတယ်။ ဒါပေမယ့် စစ်ကောင်စီက ဘာမှ အစွမ်းအစ မရှိတော့ဘူးလို့လည်း ကျနော် ယုံကြည်နေတယ်” ဟုလည်း သူက ပြောသည်။

ရခိုင်ပြည်နယ်တွင် ပိုမိုကျယ်ပြန့်သည့် လွတ်လွပ်ခွင့်အတွက် တိုက်ပွဲဝင်နေပြီး ထိုစဉ်က မြန်မာအစိုးရက အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာထားသည့် ရက္ခိုင့်တပ်တော် (AA) ကို ရန်ပုံငွေကူညီရှာဖွေပေးသည်ဟု စွပ်စွဲခံရကာ ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံသား ၆ ဦးကို စင်ကာပူက ပြည်နှင်ဒဏ်ပေးခဲ့သည်။

ထိုသတ်မှတ်ချက်ကို နောင်တွင် ရုတ်သိမ်းခဲ့သော်လည်း အမြဲတမ်း အငြင်းပွားဖွယ်ဖြစ်ရသည်။ AA တွင် နိုင်ငံရေးအရ စစ်မှန်သော ထိခိုက်နစ်နာမှုများရှိကြောင်း လေ့လာသူ အများအပြားက ပြောကြားပြီး မြန်မာစစ်တပ်သည် ရခိုင်ပြည်နယ်တွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ လုပ်ခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူက စွပ်စွဲထားသည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကို နိုင်ငံတကာက ဝိုင်းကျဉ်ခြင်းကြောင့် ယခုတကြိမ်တွင် ထိုသို့ ဖြစ်ဖွယ်မရှိကြောင်း နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့မှ အကြံပေး ဟိုဆေး ပြောသည်။

“အကြမ်းဖက်မှု ငွေကြေးထောက်ပံ့ရေး ဥပဒေအရ မြန်မာနိုင်ငံပြင်ပက အလှူရှင်တွေအတွက် အန္တရာယ် မရှိဘူး။ စစ်ကောင်စီက တောင်းဆိုလာရင် နိုင်ငံအများစုက ဘာမှလုပ်ပေးမှာ မဟုတ်ဘူး” ဟု ဒေးဗစ်က ပြောသည်။

“အကြမ်းဖက်မှု ငွေကြေးထောက်ပံ့ရေး ဥပဒေအရ မြန်မာနိုင်ငံပြင်ပက အလှူရှင်တွေအတွက် အန္တရာယ် မရှိဘူး။ စစ်ကောင်စီက တောင်းဆိုလာရင် နိုင်ငံအများစုက ဘာမှလုပ်ပေးမှာ မဟုတ်ဘူး” ဟု ဒေးဗစ်က ပြောသည်။

AA ကို ထောက်ခံသူများသည် ယခုလက်ရှိ ခုခံမှုအတွက် ရန်ပုံငွေရှာသူများထက် များစွာ ပိုမိုလူသိရှင်ကြား ရပ်တည်ကြောင်း Janes စာစောင်၏ သုတေသီဖြစ်သော ဒေးဗစ်က ထောက်ပြပြီး ရန်ပုံငွေရှာသော နည်းလမ်းသည် စစ်အစိုးရလိုလားသည့် ထိုင်းကဲ့သို့သော နိုင်ငံများတွင်ပင် အနှောက်အယှက်ကင်းကြောင်း သူကပြောသည်။

ရန်ပုံငွေရှာခြင်းကို ပြည်ပနိုင်ငံများက မသိကျိုးကျွံပြုနေသော်လည်း ၎င်းအစိုးရတို့သည် လက်နက်ကိုင် တော်လှန်ရေးကို ငွေကြေးထောက်ပံ့ရန် စိတ်ထက်သန်ခြင်း မရှိကြပေ။ အမေရိကန်ကဲ့သို့သော နိုင်ငံများသည် လူသားချင်းစာနာမှုအတွက် သုံးရန် ငွေကြေးလှုဒါန်းကြသော်လည်း စစ်ကောင်စီက အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်နေစေကာမူ အကြမ်းမဖက်သော ဖြေရှင်းမှုကိုသာ ဆက်လက် တောင်းဆိုနေသည်။

လက်နက်ထောက်ပံ့ခြင်းသည် ဆီးရီးယား သို့မဟုတ် အာဖဂန်နစ္စတန် ကဲ့သို့သော အခြေအနေများ ဖြစ်စေမည်ကို စိုးရိမ်ကြောင်း သံတမန်တဦးက ပြောသည်ဟု မြန်မာနိုင်ငံတွင် ဆယ်စုတခုကြာ လုပ်ကိုင်ခဲ့ဖူးသော အငြိမ်းစား ကုလသမဂ္ဂ လူသားချင်းစာနာမှု ဝန်ထမ်းတဦးက ပြောသည်။ သို့သော် မြန်မာပြည်သူများသည် စစ်အာဏာသိမ်း ခေါင်းဆောင်များကို ဆန့်ကျင်ရာတွင် လုံးဝနီးပါး ညီညွတ်ပြီး မြန်မာနိုင်ငံ အခြေအနေသည် ထိုနိုင်ငံများနှင့် လွန်စွာကွဲလွဲကြောင်း အမည်မဖော်လိုသည့် ထိုအကူအညီပေးရေး ဝန်ထမ်းဟောင်းက ပြောသည်။

“သူတို့တွေက စစ်ကောင်စီကို ခုခံမှုအပေါ် ထောက်ခံကြောင်း ဂျင်တွေ၊ တော်နစ်တွေသောက်ပြီး ပြောနေပေမယ့် သူတို့ထောက်ခံတယ်လို့ ပြောနေတဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတာကို ကူညီပြီး လက်နက်တပ်ဆင်ပေးတာ မလုပ်ဘူး” ဟုလည်း သူက ပြောသည်။ ခုခံရေးတပ်များ သတ်ဖြတ်ခံရပြီးနောက်မှသာ နိုင်ငံတကာ အသိုက်အဝန်းသည် မျက်ရည်တစက် သုတ်လိုက်ပြီး ၎င်းတို့ တားဆီးလိုလျှင် တားဆီးနိုင်စွမ်း ရှိခဲ့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် လူသားချင်းစာနာမှု အကူအညီများ ပေးကြောင်းလည်း သူက ဆက်လက်ပြောကြားခဲ့သည်။

မည်သို့ဆိုစေကာမူ ပဋိပက္ခကို ငွေကြေးထောက်ပံ့ရေးတွင် ကျင့်ဝတ်ဆိုင်ရာ ပြဿနာများ ရှိနေသည်။ မြန်မာနိုင်ငံ အနောက်ပိုင်း စစ်ကိုင်းတိုင်းသည် ရေရှည် လက်နက်ကိုင်တော်လှန်ရေးကို ပထမဆုံးတွေ့ရသည့် နေရာများအနက် တခုဖြစ်ပြီး တိုက်ပွဲများ အဓိကဖြစ်ပွားရာ နေရာဖြစ်သည်။

မြန်မာစစ်တပ်သည် အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ အများအပြား ပြုလုပ်ပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ဒလန်များလည်း လုပ်ကြံသတ်ဖြတ်ခံရသည်။ စက်တင်ဘာလအတွင်းက လက်နက်ကိုင်များသည် စစ်အုပ်စုနှင့် ပူးပေါင်းဆောင်ရွက်သည့် မိသားစုတခုကို ပစ်မှတ်ထားကာ ထိုသူ၊ ထိုသူ၏ဇနီးနှင့် ၁၂ နှစ်အရွယ်ထိ ငယ်သော အငယ်ဆုံးကလေး အပါအဝင် ကလေး ၃ ဦးကို သတ်လိုက်သည်။

NUG သို့မဟုတ် ၎င်းထိန်းချုပ်ထားသော ပြည်သူ့ကာကွယ်ရေးတပ်သည် ထိုသို့သော ရက်စက်မှုတွင် ပါဝင်သည့် အထောက်အထားမရှိဘဲ NUG က ခုခံရေးတပ်များအနေဖြင့် အရပ်သားများ အထူးသဖြင့် ကလေးများကို ပစ်မှတ်မထားရန်နှင့် နိုင်ငံတကာ စစ်ဥပဒေကို လိုက်နာရန် တိုက်တွန်းထားသည်။

သူ့ထံမှ ရန်ပုံငွေလက်ခံရရှိမည့် အဖွဲ့များကို ဂရုတစိုက် စစ်ဆေးကြောင်း၊ ဂျနီဗာကွန်ဗင်းရှင်းကို လိုက်နာသည့် အုပ်စုများနှင့်သာ လုပ်ကိုင်သည့် မယုံနိုင်လောက်အောင် ရှုပ်ထွေးသော ကွန်ရက်အလွှာလွှာကို ဖြတ်သန်းကာ လက်ခံရရှိသူကို အတည်ပြုကြောင်း Burmese Beast က ပြောသည်။

“ကျမအသိုက်အဝန်းက လူတွေကလည်း ကျမနဲ့တူတယ်ဆိုတာ ကျမ သေသေချာချာသိတယ်။ ဘယ်သူကမှ အကြမ်းဖက်တာကို မကြိုက်ကြဘူး” ဟုလည်း သူက ပြောသည်။ “ကျမက ရန်ပုံငွေရှာတိုင်း ဒီငွေတွေက ကျမတို့ ပြည်သူတွေရဲ့ အသက်တွေကို ဒီငွေက ဘယ်လိုကူညီနိုင်တယ်ဆိုတာပဲ စဉ်းစားတယ်” ဟုလည်း သူက ပြောသည်။

(AL JAZEERA သတင်းဌာနတွင် ဖော်ပြထားသည့် Cost of war: Myanmar rebels crowdfund resistance to military coup ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

NUG အသိအမှတ်ပြု ဒစ်ဂျစ်တယ်ငွေကြေး USD Tether အကြောင်း

စစ်တပ်ကို ဒဏ်ခတ်ပိတ်ဆို့ရေး မြန်မာ့ကျောက်မျက်လုပ်ငန်း ပစ်မှတ်ဖြစ်လာ

မြန်မာ့နိုင်ငံရေးသစ် ရုပ်လုံးပေါ်လာနေ

သိက္ခာမဲ့သော တပ်ချုပ်များ

Your Thoughts …
Tags: Burmese BeastCDMNUGPDFငွေတိုက်စာချုပ်စစ်ကောင်စီနွေဦးထီရန်ပုံငွေကောက်ခံမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် / ဇော်ဇော် / / ဧရာဝတီ

ပြည်သူဘက်ရပ်တဲ့ သံတိုင်ကြားက Smart City ပဲ့ကိုင်ရှင် ဒေါက်တာ ရဲလွင်

ဂျပန် - မြန်မာအသင်း (JMA) ဥက္ကဋ္ဌ မစ္စတာ ဟိုက်ဒေယို ဝါတာနာဘေနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဂျပန်စီးပွားရေး လော်ဘီက မြန်မာအာဏာသိမ်းမှုကို ထောက်ခံ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate