နှစ်တနှစ်ရဲ့ ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်အချိန်အခါ ကျရောက်ခဲ့ပါပြီ။ သို့ပေမယ့် စစ်အာဏာရှင် လက်အောက် ကျရောက်နေရတဲ့ မြန်မာပြည်သူတွေ အတွက်တော့ ၂၀၂၁ ခုနှစ် ခရစ္စမတ်ကာလဟာ ကြေကွဲဝမ်းနည်းဖွယ်ရာ၊ နာကျည်း ဒေါသထွက်စရာတွေနဲ့သာ ပြည့်နှက်လို့ နေပါတယ်။
ဖရူဆိုမြို့နယ်အတွင်းက အရပ်သားပြည်သူ ၃၀ ကျော် အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခံရတယ်ဆိုတဲ့ သတင်းဆိုးနဲ့ အတူ နိုးထလာခဲ့ရတဲ့ ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ် နံနက်ခင်းဟာ ဒီဇင်ဘာဆောင်းရဲ့ အအေးဓာတ်ကို ကျော်လွန် ပြီး ပြည်သူတွေရဲ့ရင်ထဲ အပူမီးကူးစက်စေခဲ့ပါတယ်။
“ကျမတို့တွေ ကြောက်နေကြရတယ်။ ပြန်စရာ အိမ်မရှိတော့တဲ့ သူတွေအကြောင်း တွေးလိုက်ရင် ပိုပြီးရင်နာရတယ်။ ဒီမှာဆိုရင် သေနတ်သံတွေ ကြားရတယ်။ နိမိတ်ရှိတာလေးတွေ၊ သတင်းကောင်းလေးတွေ ကြားချင်ပေမယ့် မနက်ခင်း စောစောစီးစီးမှာပဲ ဖရူဆိုဘက်မှာ လူအယောက် ၃၀ ကျော် သတ်ခံရတဲ့ သတင်းကြားရတာဟာ ဝမ်းနည်းစရာ၊ ရင်နာစရာပဲ ပြည့်နေတယ်” လို့ ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင်တဦးက ဝမ်းနည်းစွာ ဆိုပါတယ်။
ဒီဇင်ဘာ ၂၄ ရက်၊ ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ အာဏာသိမ်း စစ်တပ်ဟာ ၎င်းတို့ ဖမ်းမိထားတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၃၅ ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ပါ တယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ အဲဒီပြည်သူ ၃၅ ဦးကို မော်တော် ယာဉ်တွေနဲ့အတူ မီးရှို့ခဲ့တာဖြစ်ပြီး သေဆုံးသွားသူတွေထဲမှာ NGO ဝန်ထမ်းနဲ့ ကျန်းမာရေးဝန်ထမ်းတချို့ ပါဝင်ပြီး အများစုကတော့ ခရစ္စမတ်အချိန်ခါ မိသားစုထံ ပြန်လာကြတဲ့ အရပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၂၄ ရက်၊ ကယား (ကရင်နီ) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးမှာ အာဏာသိမ်း စစ်တပ်ဟာ ၎င်းတို့ ဖမ်းမိထားတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၃၅ ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ခဲ့ပါ တယ်။
ရက်စက်ကြမ်းကြုတ်စွာ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံထားရတဲ့ ပြည်သူတွေရဲ့ ရုပ်အလောင်းပုံတွေကို ခရစ္စမတ် နံနက်ခင်းမှာ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် စို့နင်ကြေကွဲဖွယ် မြင်တွေ့ခဲ့ကြရတာ ဖြစ်ပါတယ်။
“ဒီလုပ်ရပ်ကတော့ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့အမှုပဲ ဖြစ်တယ်။ စစ်ပွဲမှာ နှစ်ဖက်တိုက်ခိုက်တဲ့နေရာမှာ လူထုကိုဖမ်း၊ အမျိုးသမီးတွေကို ဖမ်းပြီးတော့မှ မီးရှို့သတ်တာဟာ လူမျိုးတုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပဲ ဖြစ်တယ်။ ပြီးတော့ ဒီလူတွေ အားလုံးက အရပ်သားတွေပဲ ဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုဝန်ကြီး ခွန်းဘီထူးက ပြောပါတယ်။
ဒီသတ်ဖြတ်မှုဟာ အင်မတန်မှ ဆိုးရွားတဲ့လုပ်ရပ်ဖြစ်လို့ နိုင်ငံတကာအနေနဲ့ မှတ်တမ်းတင်ပြီး အရေးယူဆောင်ရွက် ကြဖို့လည်း ခွန်းဘီထူးက တိုက်တွန်းပါတယ်။
ခရစ်ယာန်ဘာသာဝင် အများစုနေထိုင်ရာ ကယားပြည်နယ်မှာ အခုဆိုရင် စစ်မီးလောင်ကျွမ်းနေတာကြောင့် ဒေသခံ အများစုဟာ စစ်ဘေးရှောင်တွေ ဖြစ်နေရသလို အာဏာသိမ်း စစ်တပ်ရဲ့ ရမ်းကားပစ်ခတ်မှုကြောင့်လည်း ပြည်နယ် အတွင်းက ခရစ်ယာန် ဘာသာရေးအဆောက်အအုံ ၇ လုံး လက်နက်ကြီး ထိမှန်ပြီး ပျက်စီးခဲ့ရပါတယ်။
“ခါတိုင်းဆိုရင်တော့ ခရစ္စမတ်ကာလစတဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး တယောက်နဲ့တယောက် ချစ်ခြင်းမေတ္တာကို ပြတာဟာ ခရစ္စမတ်ရဲ့ အနှစ်သာရပဲ။ ဒီနှစ်မှာတော့ Sweet December ဆိုတာမျိုးလည်း မခံစားရဘူး။ အခုထိလည်း ခရစ္စမတ်ဆိုတာကို နှုတ်ဆက်ရမှာကို မနှုတ်ဆက်ချင်ဘူး။ နွေးထွေးမှုကို မပေးနိုင်ကြတော့ဘူး” လို့ စစ်ဘေးရှောင် တဦးက ကြေကွဲဝမ်းနည်းစွာ ဖွင့်ဟပြောဆိုပါတယ်။
ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချပြီး ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ တဝှမ်း ပေါ်ပေါက်လာတဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေတဲ့ အင်အားစုတွေနဲ့ အာဏာသိမ်း စစ်တပ်တို့ ကြား နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA-Myanmar) ရဲ့ ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ချက် အရဆိုရင် ဖေဖော်ဝါရီ ၁ ရက်ကနေ လက်ရှိအချိန်ထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၉၅,၇၀၀ ခန့် ရှိနေပြီလို့ ဆိုပါတယ်။
တိုက်ပွဲတွေရဲ့ အကျိုးဆက်အဖြစ် ပြည်သူအများဟာ အအေးဒဏ်ကိုအန်တုပြီး စစ်ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA-Myanmar) ရဲ့ ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ချက် အရဆိုရင် ဖေဖော်ဝါရီ ၁ ရက်ကနေ လက်ရှိအချိန်ထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၉၅,၇၀၀ ခန့် ရှိနေပြီလို့ ဆိုပါတယ်။
အချို့က နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံတွေဆီ ထွက်ပြေးတိမ်းရှောင်ရသလို တချို့ကတော့ နီးစပ်ရာ တော၊ တောင်တွေ ထဲမှာ ပုန်းအောင်နေကြရတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကစလို့ နေရပ်စွန့်ခွာ ထွက်ပြေးလာခဲ့ရသူတွေထဲမှာ ကယားက ၈၅,၀၀၀၊ ရှမ်း/တောင်က ၂၂,၂၀၀၊ ကရင်က ၄၉,၆၀၀၊ စစ်ကိုင်းက ၅၉,၀၀၀၊ ချင်းက ၄၀,၀၀၀၊ မကွေးက ၁၂,၀၀၀၊ မွန်က ၇,၄၀၀နဲ့ တနင်္သာရီက ၈,၈၀၀ ဦးတို့ ပါဝင်ပါတယ်။
ဒါ့ပြင် ၂၀၂၁ ဖေဖော်ဝါရီကတည်းက ဘုရားကျောင်းတွေ အပါအဝင် လူနေအိမ် ၁,၂၀၀ ကျော်နဲ့ အခြားအဆောက် အုံတွေ မီးလောင်ဖျက်ဆီးခံခဲ့ရပြီး ချင်းပြည်နယ်မှာ ၆၃၉ ခု၊ စစ်ကိုင်းတိုင်းမှာ ၃၉၀ ခုနဲ့ မကွေးတိုင်းမှာ ၂၀၃ ခုတို့ ဖြစ်ပါတယ်။
ကချင်မှာလည်း လုံခြုံရေး အခြေအနေတွေဟာ မတည်ငြိမ်သေးဘဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး လူပေါင်း ၁၀၀,၀၀၀ ခန့်ဟာ ယာယီစခန်းတွေမှာ နေထိုင်ရဆဲ ဖြစ်ပါတယ်။
ရွာလုံးကျွတ် မီးရှို့ခံရတဲ့ သတင်းတွေ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့ သတင်းတွေ၊ ရဟတ်ယာဉ်နဲ့ ဗုံးကြဲလို့ ညကြီးမိုးချုပ် ထွက်ပြေးပုန်းရှောင်ကြရတဲ့ သတင်းတွေသာ ဒီဇင်ဘာလ တလလုံး ဖုံးလွှမ်းနေခဲ့ပါတယ်။
ဒါကြောင့်လည်း ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းတွေက ဒီနှစ် ခရစ္စမတ်နေ့မှာ ပွဲတော်တွေ၊ ပျော်ပွဲရွှင်ပွဲတွေ မလုပ်ကြဖို့၊ ပွဲတော်မှာ ကုန်ကျမယ့် ငွေကြေးတွေကို နေရပ်စွန့်ခွာနေရတဲ့ စစ်ဘေးရှောင်တွေအတွက် လှူဒါန်းဖို့ ဒီဇင်ဘာ လဆန်းပိုင်းလောက်ကတည်းက မေတ္တာရပ်ခံထားကြပါတယ်။
လွိုင်ကော်အခြေစိုက် ခရစ်ယာန်ဘာသာရေး အဖွဲ့အစည်းတခုမှ ဖာသာ ဖရန်စစ် စိုးနိုင်ကတော့ “ဘုရားကျောင်းတွေ ပျက်စီးကုန်ပြီ။ ပြေးနေရတယ် ဆိုပေမယ့် ကိုယ်ရောက်ရှိတဲ့ နေရာကနေ ဆုတောင်းခြင်းနဲ့ပဲ ပါဝင်လို့ ရပါတယ်။ ဒီနှစ် ခရစ္စမတ်ကို ဆုတောင်းခြင်းနဲ့ပဲ ကျနော်တို့ ဖြတ်ကျော်ကြတာပေါ့” ဟု လို့ဆိုပါတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲ ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းက လေးကေ့ကော်မြို့သစ်ကို အာဏာသိမ်း စစ်တပ်က လေ ယာဉ်နဲ့ ဗုံးကြဲချနေတာကြောင့် အဲဒီဒေသက ရွာသူရွာသား ထောင်ချီဟာ ထိုင်းဘက်ကမ်းကို ဖြတ်ကူးပြီး ခိုလှုံနေကြရ ပါတယ်။
မင်းတပ် CDF မှ ကိုယောမာန်က “ဒီခရစ္စမတ်ကတော့ တခြားခရစ္စမတ်တွေလောက် ပျော်စရာ မကောင်းပေမယ့် ပိုပြီး အဓိပ္ပာယ် ရှိမှာပါ။ ပျော်ပွဲရွှင်ပွဲတွေ ဆိုတာထက် ကျနော်တို့ရဲ့ ပျော်ရွှင်မှုနဲ့ လွတ်လပ်ခွင့်တွေအတွက်၊ ကျနော်တို့ရဲ့ ကယ်တင်ခြင်းအတွက် ကိုယ့်ဟာကိုယ် တိုက်ပွဲဝင် ရယူရမယ့် ခရစ္စမတ်ပဲ ဖြစ်မှာပါ” လို့ ပြောပါတယ်။
အသက်ဘေးအတွက် ပြေးလွှားနေရတဲ့ သူတို့အတွက် ခရစ္စမတ်ရဲ့ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းဆိုတဲ့ အငွေ့အသက် အားလုံး ပျောက်ဆုံးသွားပြီး ချမ်းအေးလှတဲ့ ဒီဇင်ဘာညချမ်းတွေကို တုန်လှုပ်ခြောက်ခြားစွာ ဖြတ်သန်းနေကြရပါ တယ်။
ထို့အတူ ချင်းပြည်နယ်မှာလည်းပဲ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အာဏာသိမ်း စစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ပြည်သူပေါင်းများစွာ အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရပါတယ်။
စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ်တွေ ၁၀ ကြိမ်ထက်မနည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဘုရားရှိခိုးကျောင်း ၁၃ ကျောင်း အပါအဝင် အိမ်ခြေ ၆၀၀ ခန့် မီးလောင်ကျွမ်း ပျက်စီးခဲ့ပါတယ်။
ချင်းပြည်နယ်မှာ လူဦးရေ ၄၀,၀၀၀ ကျော် တိုက်ပွဲရှောင် ထွက်ပြေးနေရပြီး ၎င်းတို့အတွက် အစားအစာ၊ လောင်စာဆီ နဲ့ အခြားသော ဆေးဝါးပစ္စည်းတွေ အရေးပေါ် လိုအပ်နေပါတယ်။ အထူးသဖြင့် ဝေးလံလှတဲ့ မင်းတပ်က ကျေးရွာတွေ ဆီကို အကူညီပေးနိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ OCHA-Myanmar က ဆိုပါတယ်။
မင်းတပ် CDF မှ ကိုယောမာန်က “ဒီခရစ္စမတ်ကတော့ တခြားခရစ္စမတ်တွေလောက် ပျော်စရာ မကောင်းပေမယ့် ပိုပြီး အဓိပ္ပာယ် ရှိမှာပါ။ ပျော်ပွဲရွှင်ပွဲတွေ ဆိုတာထက် ကျနော်တို့ရဲ့ ပျော်ရွှင်မှုနဲ့ လွတ်လပ်ခွင့်တွေအတွက်၊ ကျနော်တို့ရဲ့ ကယ်တင်ခြင်းအတွက် ကိုယ့်ဟာကိုယ် တိုက်ပွဲဝင် ရယူရမယ့် ခရစ္စမတ်ပဲ ဖြစ်မှာပါ” လို့ ပြောပါတယ်။
ခရစ္စမတ် (သို့) ခရစ္စမတ်ပွဲတော်နေ့ဟာ ယေရှုခရစ်တော် ဖွားမြင်တဲ့နေ့ကို အထိမ်းအမှတ်ပြုတဲ့ နေ့ထူးနေ့မြတ် ဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တွေရဲ့ အထွတ်အမြတ် တန်ဖိုးထားတဲ့ ပွဲတော်ဖြစ်ပါတယ်။
နှစ်စဉ် ဒီဇင်ဘာလ ၂၅ ရက်နေ့ကို ပွဲတော်နေ့အဖြစ် သတ်မှတ်ထားပြီး အဲဒီနေ့မှာ မိမိတို့ ချစ်ခင်ရတဲ့ မိတ်ဆွေတွေ၊ ဆွေမျိုးတွေဆီကို လက်ဆောင်တွေ ပေးပို့လေ့ရှိသလို မိမိတို့ရဲ့ လုပ်ငန်းတွေကို ရပ်စဲပြီး ပျော်ပွဲရွှင်ပွဲ၊ စားသောက်ပွဲတွေကို တခမ်းတနား ကျင်းပလေ့ ရှိကြပါတယ်။
မြန်မာနိုင်ငံမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါ မဖြစ်ခင်၊ စစ်အာဏာမသိမ်းခင် ကာလများဆီက အခုလို နေ့ရက်တွေမှာ ဆိုရင် မီးရောင်စုံနဲ့ အလှဆင်ထားတဲ့ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ၊ ခရစ်ယာန်ဘာသာဝင်တိုင်းရဲ့ နေအိမ်တွေမှာ ကြည်နူးပျော်ရွှင်ဖွယ်ရာ တေးဂီသံတွေနဲ့ ပြည့်နှက်နေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခရစ္စမတ်မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ခရစ္စမတ်ပွဲတော်တွေ ကျင်းပဖို့ မဖြစ်နိုင်တော့ပါ။
“ပုံမှန်အတိုင်းဆို သီချင်းတွေဆိုတယ်။ ဘုရားကျောင်းမှာ ပျော်ပွဲရွှင်ပွဲတွေ လုပ်တယ်။ အခုအချိန်မှာ အခြေအနေတွေ ကလည်း မကောင်းဘူးဆိုတော့ မိသားစုဝင်တွေက သူတို့အိမ်တွေမှာ ပွဲလေးတွေ လုပ်ချင်ကြမှာပဲ။ ဒါပေမဲ့ အဆင်မ ပြေကြတော့ဘူး။ ဘုရားကျောင်းမှာလည်း လုပ်ဖို့က အဆင်မပြေတော့ဘူး။ ပုံမှန်အတိုင်းတော့ လုံးဝ မဖြစ်နိုင်တော့ ဘူး” လို့ ဖာသာဖရန်စစ် စိုးနိုင်က ဆိုပါတယ်။
ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘိုနဲ့ တွေ့ဆုံပြီး နောက်တရက်မှာပဲ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တပ်တွေဟာ ခရစ်ယာန် ဘာသာဝင် အများစုနေထိုင်တဲ့ ကယားပြည်နယ် ဖရူဆို မြို့နယ်မှာ အရပ်သားတွေကို မီးရှို့သတ်ဖြတ်ခဲ့သလို ကရင်ပြည်နယ်ဘက်မှာလည်းပဲ ရဟတ်ယာဉ်နဲ့ ထပ်မံဗုံးကြဲ တိုက် ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ဘေးရှောင် စခန်းတွေမှာတော့ ခရစ်ယာန် ဘာသာဝင်တွေ အလေးအမြတ်ထားရာ ခရစ္စမတ် အချိန်အခါသမယကို စစ်ဘေးရှောင် ပြည်သူတွေအတွက် ငြိမ်းချမ်းစွာ တောင်းဆုပြုရင်း အကျဉ်းချုံး ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
“အယောက်တိုင်းကတော့ ငြိမ်းချမ်းတဲ့ကာလကို ရောက်ချင်တာပဲလေ။ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ချင်ကြတာပေါ့။ ခရစ္စမတ်ရဲ့ ငြိမ်သက်ခြင်း၊ ငြိမ်းချမ်းခြင်းက တကယ်ပဲ ကျနော်တို့နိုင်ငံမှာ ရောက်ရှိပါစေလို့” လို့ ဖာသာ ဖရန်စစ် စိုးနိုင်က ဆုတောင်းပေးပါတယ်။
တဖက်မှာတော့ ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘိုရဲ့ ကျောင်းတိုက်မှာ ဒီဇင်ဘာ ၂၃ ရက်က ကျင်းပခဲ့တဲ့ ၂၀၂၁ ခရစ္စမတ်နေ့ အထိမ်းအမှတ် အခမ်းအနားကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင် လှိုင်က တက်ရောက်ခဲ့ပြီး ခရစ္စမတ်ကိတ်ကိုလည်း အတူတူခွဲခဲ့ပါသေးတယ်။
အဲဒီသတင်းဟာ ပြည်သူတွေကြား ဝေဖန်သံတွေ ဆူညံသွားခဲ့ပြီး စစ်ခေါင်းဆောင်ကို လက်ခံတွေ့ဆုံခဲ့ခြင်းနဲ့ ပတ်သက် လို့လည်း Independent Catholics for Justice in Myanmar (ICJM) က ရှုတ်ချခဲ့ပါတယ်။
လက်ခံတွေ့ဆုံမှုအပေါ် ကက်သလစ် ဘာသာဝင်များ အနေနဲ့ အင်မတန် ထိတ်လန့်တုန်လှုပ် ဝမ်းနည်းစိတ်ပျက် ရပါကြောင်းနဲ့ အဲဒီတွေ့ဆုံမှုဟာ မြန်မာပြည် ကက်သလစ် ဘာသာဝင် အားလုံးနီးပါးရဲ့ ဆန္ဒနဲ့ ဆန့်ကျင်တဲ့ အတွက် ကြောင့် ကက်သလစ်ဘာသာဝင်တွေကို ကိုယ်စားမပြုဘူးလို့လည်း ICJM က ဆိုပါတယ်။
အဆိုပါ လုပ်ရပ်ဟာ အာဏာသိမ်းချိန် ကာလကစပြီး ယခုအချိန်အထိ မတရားသတ်ဖြတ် ဖမ်းဆီးခံခဲ့ရတဲ့သူတွေနဲ့ ဘုရားကျောင်းတွေ ဖျက်ဆီးခံခဲ့ရတဲ့အပေါ် မျက်နှာလွှဲကာ စော်ကားခြင်း ဖြစ်တယ်လို့လည်း ICJM ရဲ့ ထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
ရန်ကုန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားစ်ဘိုနဲ့ တွေ့ဆုံပြီး နောက်တရက်မှာပဲ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တပ်တွေဟာ ခရစ်ယာန် ဘာသာဝင် အများစုနေထိုင်တဲ့ ကယားပြည်နယ် ဖရူဆို မြို့နယ်မှာ အရပ်သားတွေကို မီးရှို့သတ်ဖြတ်ခဲ့သလို ကရင်ပြည်နယ်ဘက်မှာလည်းပဲ ရဟတ်ယာဉ်နဲ့ ထပ်မံဗုံးကြဲ တိုက် ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
“ဒီနှစ် ခရစ္စမတ်မှာ စစ်ဘေးရှောင်နေရတဲ့ ခရစ်ယာန်ဘာသာဝင်တွေအပေါ် စိတ်မသက်မသာ ဖြစ်ရပါတယ်။ ဒီနှစ် ခရစ္စမတ်ဟာ ခရစ်ယာန်ဘာသာဝင်တွေမှ မဟုတ်ပါဘူး။ တနိုင်ငံလုံးအတွက် အိမ်မက်ဆိုး မက်နေသလိုပါပဲ။ ဘေး ကင်းလုံခြုံပြီး နေရပ်ပြန်နိုင်ဖို့နဲ့ ရောက်တဲ့နေရာမှာ နွေးထွေးလုံခြုံစေဖို့ ကျမတို့ တတ်နိုင်သလောက် ရှာပေးပါ့မယ်။ အားတင်းထားကြပါလို့” လို့ ရန်ကုန်မြို့မှ ပြည်သူတဦးက အားပေးစကား ပြောပါတယ်။
“ပျော်ရွှင်စရာ ခရစ္စမတ် ဖြစ်ပါစေ” ဆုတောင်းအစား “အသက်ရှင် လုံခြုံခွင့်ရတဲ့ ခရစ္စမတ် ဖြစ်ပါစေ” လို့လည်း သူက ဆုတောင်းပေးပါတယ်။
ကယားပြည်နယ်အတွင်းက စစ်ဘေးရှောင် တဦးကလည်း “ဆုတောင်းခွင့်သာ ရှိမယ်ဆိုရင် ခရစ္စမတ်ကာလလေးမှာ ဆုတောင်းချင်တာကတော့ မြန်မာပြည်သူပြည်သားတွေ လိုလားတောင့်တမှုတွေ အမြန်ဆုံးရဖို့၊ ကျမတို့တွေ လွတ်လွတ်လပ်လပ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အရင်လိုပဲ ကိုယ့်ရဲ့ခံစားခွင့်တွေ၊ ကိုယ်ဆန္ဒရှိတာတွေကို အပြည့်အဝလုပ်ချင်တယ်။ အရိုးရှင်းဆုံးပြောရရင် လုံခြုံခွင့်ရချင်တယ်” လို့ ဆိုပါတယ်။ ။
You may also like these stories :
ရိုဟင်ဂျာအရေး ဖြေရှင်းမှု ပိုမိုအားထုတ်ရန် ကုလသမဂ္ဂ အထူးသံတမန် တောင်းဆို
စစ်ကိုင်းတိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ BBC ထုတ်ဖော်
လေကြောင်း တိုက်ခတ်မှုကြောင့် အရပ်သားများ သေဆုံးပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရ
အာဏာသိမ်း စစ်အုပ်စု လက်ခုပ်ထဲက ဘာသာရေး လွတ်လပ်ခွင့်