• English
Tuesday, September 26, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

    အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

    အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

    အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

    စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

    စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

    စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

    စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

    စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

    စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

    ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

    ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

    တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

    တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

    စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

    စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

    ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

    ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

        အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

        အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

        အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

        စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

        စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

        စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

        စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

        စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

        စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

        ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

        ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

        တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

        တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

        စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

        စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

        ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

        ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

          NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

          ကုသိုလ်ဆက်

          ကုသိုလ်ဆက်

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

          မြင်းရိုင်းစီးခြင်း

          မြင်းရိုင်းစီးခြင်း

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home ဆောင်းပါး

          စစ်တပ်ထုတ်ကုန်တွေအပေါ် ပြည်သူတွေဒဏ်ခတ်မှု အရှိန်မြင့်လာ

          by ဧရာဝတီ
          1 January 2022
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          လူထုသပိတ်မှောက်ထားသော စစ်တပ်ထုတ်ကုန်များ

          လူထုသပိတ်မှောက်ထားသော စစ်တပ်ထုတ်ကုန်များ

          17.1k
          VIEWS
          Share on FacebookShare on Twitter

          ရွေးကောက်ခံ အရပ်သားအစိုးရကို အာဏာသိမ်း ဖြုတ်ချခဲ့သည့် စစ်တပ်သည် စစ်အာဏာရှင် အုပ်ချုပ်မှုအား လက်မ ခံသော ပြည်သူများ၏ မျိုးစုံသော သပိတ်မှောက်ဆန့်ကျင်မှုများကို ၁၁ လကြာလာသည့် ယနေ့ထိတိုင် ရင်ဆိုင်နေရဆဲ ဖြစ် သည်။

          စစ်အာဏာရှင်ကို ဆန့်ကျင်ရာတွင် မြေပြင်သပိတ်၊ လက်နက်ကိုင် ခုခံတော်လှန်မှု၊ စစ်တပ် ထောက်တိုင်များအား ပြောက် ကျားတိုက်ခိုက်မှုများနှင့်အတူ စစ်တပ်ထုတ်ကုန် သပိတ်မှောက်သည့် လှုပ်ရှားမှုသည်လည်းပဲ အင်တိုက်အားတိုက် ဆက် လက် လုပ်ဆောင်လျက် ရှိသည်။

          RelatedPosts

          အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

          အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

          26 September 2023
          438
          တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

          တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

          25 September 2023
          950
          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          25 September 2023
          16.9k

          “ဈေးတွေက တချို့ပစ္စည်းတွေဆို ထက်ဝက်လောက် ချထားတယ်။ အရင်ကဆို Orange လို ဈေးဝယ်စင်တာတွေက ပစ္စည်းစုံတော့ ဝယ်သူအရမ်းများတာ။ အခုကတော့ လူမရှိဘူး။ စစ်တပ်ပိုင် လုပ်ငန်းမှန်း ကျနော်တို့လို လူတွေက သေချာ မသိဘူး။ သိတဲ့အချိန်ကစပြီး မဝယ်တော့ဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကလေးတွေ ပြန်သတ်သလို ဖြစ်နေမှာ” ဟု Orange ဈေး ဝယ်စင်တာအနီး နေထိုင်သူတဦးက ပြောသည်။

          ရန်ကုန်မြို့ရှိ နာမည်ကြီး စစ်ကြောရေးတခုဖြစ်သော ရွှေပြည်သာစစ်ကြောရေး၏ မလှမ်းမကမ်းတွင် တည်ရှိသည့် စစ်တပ် ပိုင် Orange Supermarket ၏ အခြေအနေကို ၎င်းက ပြောပြနေခြင်း ဖြစ်သည်။

          ဆက်လက်၍ ၎င်းက “များများသိပြီး များများစုပေါင်း တော်လှန်မယ်ဆိုရင်တော့ သူတို့ ကြာရှည်မခံနိုင်ပါဘူး။ အခုတောင် ဈေးဝယ်သူက သူ့လူလောက်ပဲ ရှိတယ်” ဟု ဆိုသည်။

          သပိတ်မှောက်ဆန့်ကျင်မှုများကြောင့် ဝယ်သူနည်းသွားသည့် မြန်မာပလာဇာ

          Orange Supermarket ကဲ့သို့ တခြားသော စစ်တပ်ပိုင် ဈေးဝယ်စင်တာများဖြစ်သည့် Ruby Mart နှင့် Gandamar Wholesale များတွင်လည်း သပိတ်မှောက်မှုကြောင့် ဆိုင်ခန်းများ ဝင်ငွေ အထိုက်အလျောက် လျော့နည်းမှုရှိကြောင်း လုပ်ငန်းရှင်တဦးက ပြောသည်။

          ၎င်းကိုယ်တိုင်သည်လည်း သူ၏ ထုတ်ကုန်ပစ္စည်းများကို Ruby Mart နှင့် Gandamar Wholesale ကဲ့သို့သော ကုန်တိုက် များတွင် ယနေ့အချိန်ထိ တင်သွင်းရောင်းချမှု မရှိတော့သလို ၎င်း၏ ဝန်ထမ်းများကိုလည်း Mytel ဆင်း(မ်)ကတ်များ မသုံး ရန် တားမြစ်ထားသည်ဟု ဆိုသည်။

          ထို့ပြင် ယခုနှစ် နိုဝင်ဘာလထဲ၌ ဖြစ်ပွားခဲ့သော စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြလူငယ်များအား Myanmar Plaza လုံခြုံရေး ဝန်ထမ်းများက အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးမှုကြောင့် ပြည်သူအများက ဈေးဝယ်ခြင်း မပြုဘဲ ပူးပေါင်းပါဝင် သပိတ်မှောက်ခဲ့မှုကလည်း ပြည်သူများ၏ စစ်အာဏာရှင် ဆန့်ကျင်ရေး စိတ်အားထက်သန်မှုကို မီးမောင်းထိုးပြနေသည်။

          သပိတ်မှောက်ဆန့်ကျင်မှုများကြောင့် ဝယ်သူနည်းသွားသည့် မြန်မာပလာဇာ

          Christmas ပွဲတော် အချိန်ခါတွင် ဈေးဝယ်သူ၊ လာရောက်လည်ပတ်သူများနှင့် ပြည့်နေပြီး အလုပ်ရှုပ်နေသည့် Market Places တခုဖြစ်သော Myanmar Plaza တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက် (ခရစ္စမတ်) က Google Analytics အရ Usually Not Busy ပြနေသည်ဟု Way Way Nay အဖွဲ့က ဆိုသည်။

          Way Way Nay အဖွဲ့သည် ဒီမိုကရေစီကို လိုလားသော လူငယ်များ ဖွဲ့စည်းတည်ထောင်ထားသည့် အဖွဲ့တခုဖြစ်ပြီး စစ်တပ် ပိုင် (သို့) ဆက်နွယ် စီးပွားရေး လုပ်ငန်းများကို သပိတ်မှောက်ရန် တိုက်တွန်းလှုံ့ဆော်နေသော အဖွဲ့တခု ဖြစ်သည်။

          ၎င်းတို့ ပြုစုထားသော သပိတ်မှောက်ရမည့် စာရင်းများ (၅၀၀ ကျော်) ကို လူမှုကွန်ရက်စာမျက်နှာတဆင့် မကြာခဏ ထုတ်ပြန်ပေးနေပြီး အများပြည်သူ အလွယ်တကူ သိရှိရှောင်ရှားနိုင်စေရန်အတွက်လည်း Application များကို တီထွင်ထား သည်။

          “ဈေးမဝယ်ခင် စစ်ပါ။ ကျွနု်ပ်တို့ကို တိုက်သတ်မည့်ကားဖိုး၊ ပစ်သတ်မည့်ကျည်ဆံဖိုး၊ မီးရှို့သတ်မည့် အကြမ်းဖက် စစ်တပ် အား မထောက်ပံ့မိရန် အလွန့်အလွန် အရေးကြီးသလို မိမိတို့ ဆိုင်များတွင် တင်မရောင်းမိရန်လည်း စစ်ဆေးပါ။ အကြမ်း ဖက်စစ်တပ်ရဲ့ စီးပွားရေး ထုတ်ကုန်များ ရှိနေရင် ချက်ခြင်းရောင်းချခြင်းကို ရပ်တန့်ပါ၊ ဖျက်စီးပါ” ဟု ၎င်းတို့က တိုက်တွန်း ထားသည်။

          စစ်တပ် ထုတ်ကုန်ပစ္စည်းများဟု ဆိုရာတွင် မြန်မာဘီယာ၊ Mytel၊ ဒဂုံဘီယာ၊ Red ruby ဆေးလိပ် ကဲ့သို့သော ပစ္စည်းများ ကို သပိတ်မှောက်ရမည်ဟူ၍ လူသိများသော်လည်း တခြားသော ဦးပိုင်ကုမ္ပဏီနှင့် ဆက်စပ်ကုမ္ပဏီများက ထုတ်လုပ်သော စားသောက်ကုန်များ၊ မီးဖိုချောင်သုံး ပစ္စည်းများကိုမူ ရှင်းရှင်းလင်းလင်း မသိကြသည်များလည်း ရှိသည်။

          လူထုသပိတ်မှောက်ထားသော စစ်တပ်ထုတ်ကုန်များ

          ထို့ပြင် စစ်တပ် (သို့) ဆက်နွယ် စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်ပစ္စည်း အများစုသည် ဈေးပေါပေါဖြင့် ဝယ်ယူ အသုံးပြု နိုင်ခြင်းနှင့် မကြာခဏ Promotion များပေးခြင်းဖြင့် မက်လုံးပေး ဆွဲဆောင်မှုများကြောင့် ဝယ်ယူသုံးစွဲမှုများကလည်း ရှိနေ ဆဲ ဖြစ်သည်။

          လှိုင်သာယာမြို့နယ်တွင်း နေထိုင်သည့် အိမ်ရှင်မတဦးဖြစ်သူ မဖြူ (အမည်လွှဲ) က “စစ်တပ်ပိုင်ပစ္စည်းတွေ သပိတ်မှောက် နေတာတော့ သိတယ်။ ကျမတို့လည်း အာဏာသိမ်းစစ်တပ် လူသတ်နေတာ သဘောမကျပါဘူး။ ဒါပေမဲ့ စစ်တပ်ထုတ် ကုန်ဆို Mytel နဲ့ မြန်မာ ဘီယာလောက်ပဲသိတော့ အဲဒါမျိုးပဲ ရှောင်ဖြစ်တယ်။ ကျန်တဲ့ပစ္စည်းတွေကျ သေချာလည်း မသိ ဘူးလေ” ဟု ဆိုသည်။

          မဖြူကဲ့သို့ အခြေခံလူတန်းစား အများစုမှာ စစ်တပ်ထုတ်ကုန်များကို အများနည်းတူ သပိတ်မှောက် ရှောင်ရှားချင်သော် လည်း တပ်ထုတ်ကုန်ပစ္စည်းများသည် ဈေးကွက်အတွင်းရှိ တခြားသော ကုန်ပစ္စည်းများထက် ဈေးနှုန်းသက်သာခြင်း တို့ကြောင့် ဆက်လက် သုံးစွဲနေကြသေးသည်ဟုလည်း ၎င်းက ပြောပြသည်။

          “ဆက်သွယ်ရေး အော်ပရေတာတွေမှာ မိုင်တဲလ်က ဒေတာလက်ဆောင်တွေ ရှိတော့ ပိုသုံးဖြစ်တာပေါ့နော်။ ဘီယာတွေ ဘာတွေကျတော့ ကျနော်က ရှောင်တယ်” ဟု Mytel ဆင်း(မ်)ကတ် သုံးစွဲသူတဦးက ပြောသည်။

          Way Way Nay က စစ်တပ်နှင့် ဆက်စပ်သော အာမခံ၊ ဘဏ်လုပ်ငန်းများ၊ ငွေကြေးဝန်ဆောင်မှု၊ အသေးစားချေးငွေ လုပ်ငန်းများ၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ဖျော်ဖြေရေးလုပ်ငန်းများ၊ ပညာရေး၊ ခရီးသွားနှင့် စားသောက်ကုန်လုပ် ငန်းများ၊ စားသောက်ဆိုင်များ စသည်ဖြင့် ခွဲခြားပြီး သပိတ်မှောက်ရမည့် စာရင်းများကို ပြုစုပေးထားသည်။

          စားသောက်ကုန် လုပ်ငန်းများတွင် အဓိကအားဖြင့် နန်းမြိုင်ကော်ဖီ၊ မြန်မာဘီယာ၊ မန္တလေးဘီယာ၊ Andaman Gold Blue၊ Andaman Gold Special၊ Army Rum၊ Black Shield Stout၊ Dagon Dairy Plant ထုတ်ကုန်များ၊ ရွှေဖီဦး၊ Seven 7 တံဆိပ် နို့ဆီများအပြင် အခြားသော နာမည်များနှင့် ထုတ်လုပ်နေသည် စစ်တပ်ထုတ်ကုန်များလည်း ရှိသေးသည်။

          အဆိုပါ စာရင်းများကို လေ့လာကြည့်ပါက စစ်တပ်အနေဖြင့် ပြည်တွင်းဈေးကွက်အတွင်း ဆယ်နှစ်စုနှစ်များစွာ လက်ဝါးကြီး အုပ် စိုးမိုးထားသည်ကို တွေ့ရမည် ဖြစ်သည်။

          နိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသော လူထုအား စစ်ကောင်စီက အကြမ်း ဖက် ပစ်ခတ်ဖြိုခွင်း သတ်ဖြတ်မှုများ ပြုလုပ်ပြီးနောက် စစ်တပ်ပိုင်လုပ်ငန်းများအပေါ် သပိတ်မှောက်ရန် ပြည်သူလူထုကြား လှုံ့ဆော်မှုများ ပိုအားကောင်းလာသလို နိုင်ငံတကာကလည်း စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လာသည်။

          ယခင်ကလည်း စစ်တပ် ထူထောင်ထားသော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့မှ ရရှိ လာသော အကျိုးအမြတ်များအား စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်အနိုင်ကျင့်ရာတွင် အသုံးပြုနေသည်ဟူသော နိုင်ငံ တကာ၏ ဝေဖန်မှုများ ရှိခဲ့သည်။

          အဆိုပါ ဝေဖန်ချက်များနှင့် ပတ်သက်၍ အကျိုးအမြတ်ကို တပ်မိသားစုဝင်များ သက်သာချောင်ချိရေးအတွက် သုံးခြင်းဖြစ် ပြီး နိုင်ငံတကာ အဖွဲ့အစည်းများက ရည်ရွယ်ချက်ရှိရှိ စွပ်စွဲခြင်းသာ ဖြစ်ကြောင်း စစ်တပ်ဘက်က တုံ့ပြန်လေ့ ရှိသည်။

          အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီးပွားရေးနှင့် ကူးသန်းရေးရောင်းဝယ်ရေး ဝန်ကြီးဌာနကလည်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL)၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့နှင့် ဆက်စပ်သည့် စီးပွားရေး လုပ်ငန်းများကို အကြမ်းဖက်စီးပွားရေး လုပ်ငန်းများအဖြစ် သတ်မှတ်ပြီး အမည်ပျက်စာရင်း ထည့်သွင်းကြောင်း ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းက ထုတ်ပြန်ကြေညာခဲ့သည်။

          စစ်အုပ်စု၏ စီးပွားရေးသည် ဈေးကွက်နယ်ပယ်စုံ ထိုးဖောက်နေရာယူပြီး စီးပွားရေး အကျိုးအမြတ်များစွာ နှစ်စဉ် ရရှိနေ သလို နိုင်ငံတော်ပုန်ကန်မှုကို အထောက်ကူပြုခြင်း၊ မလျော်သြဇာဖြင့် စစ်တပ်က လုပ်ပိုင်ခွင့်နှင့် အင်အားကို အသုံးပြုကာ စီးပွားရေး လုပ်ငန်းများစွာကို လုပ်ဆောင်လျက် ရှိခြင်းများကြောင့် MEHL၊ MEC တို့နှင့် ပတ်သက်သည့် ကုန်ပစ္စည်းမှန်သမျှ အသုံးမပြုကြရန် NUG က တိုက်တွန်းထားသည်။

          ထို့ပြင် နိုင်ငံတဝန်း အာဏာသိမ်း စစ်တပ်ကို လက်နက်ကိုင် ခုခံတော်လှန်နေသော ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း စစ်တပ်၏ ဘဏ္ဍာငွေစီးဆင်းမှုကို ဖြတ်တောက်ပစ်ရန် စစ်တပ်ပိုင် ထုတ်ကုန်များကို သယ်ယူ၊ ရောင်း ချခြင်းများ မပြုလုပ်ရန်နှင့် တွေ့ရှိပါက ဖျက်ဆီးပစ်မည် ဖြစ်ကြောင်း သတိပေး ထုတ်ပြန်မှုများ ရှိလာသည်။

          “အဖျော်ယမကာကတော့ အများကြီး လက်ကျန် ရှိတယ်။ ဝယ်တဲ့သူလည်း မရှိဘူး။ လာမေးတဲ့သူလည်း မရှိဘူး။ တင်ထား တာတောင်မှ ဘာလို့ တင်ထားတာလဲဆိုတဲ့မေးခွန်း မေးခံထိတယ်။ ဒါပေမဲ့ ဆပ်ပြာလိုဟာမျိုးတွေ၊ စားသောက်ကုန်ဖြစ်တဲ့ နို့ဆီလို ဟာမျိုးတွေကတော့ ရောင်းနေရသေးတယ်။ မိုင်တဲလ်ဆိုလည်း ကတ်နဲ့ရောင်းလို့ အဆင်မပြေပေမယ့် ဖုန်းနဲ့ အချင်းချင်းလွဲပြီး ဘေလ်ရောင်းရတာမျိုးတော့ ရှိတယ်” ဟု ကုန်စုံဆိုင်ပိုင်ရှင် တဦးက ပြောပြသည်။

          ပြည်တွင်းရှိ ဈေးဝယ်စင်တာများ၊ အဖျော်ယမကာ ရောင်းချသည့် အေးဂျင့်ဆိုင်များ၊ လက်လီမီနီစတိုးဆိုင်နှင့် စားသောက် ဆိုင်များ စသည်တို့တွင် မြန်မာဘီယာ ရောင်းချခြင်း မရှိကြောင်း စာကပ်ထားခြင်းများ ရှိသလို တချို့ဆိုင်များကမူ မြန်မာ ဘီယာတံဆိပ်ပါ ဆိုင်းဘုတ်များကို ဖြုတ်ချထားသော်လည်း မေးသူရှိလျှင် လက်သိပ်ထိုး ရောင်းချပေးခြင်းများ ရှိကြောင်း ဆိုင်ပိုင်ရှင်များထံမှ သိရသည်။

          “စစ်တပ်ပိုင် ပစ္စည်းတွေကို ဝယ်ယူအားပေးနေတာဟာ ပြည်သူတွေကို ဖိနှိပ်ဖို့ စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးနေသလို ဖြစ်တာကြောင့် စစ်တပ်ကုမ္ပဏီ ထုတ်ကုန်တွေကို မသုံးဖို့ ဆုံးဖြတ်ထားတာ။ Mytel ကို သုံးလည်း မသုံးတော့ဘူး။ နောက် ပြီး Mytel ဖုန်းနံပါတ်နဲ့ခေါ်ရင် မကိုင်တော့တာမျိုးတို့၊ ပြောရမယ်ဆိုရင် လုံးဝ သုံးလို့မရတဲ့ အဆင့်အထိပါ လုပ်သွားမယ့် အစီအစဉ် ရှိတယ်” ဟု ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောသည်။

          မြန်မာစစ်ဗိုလ်ချုပ်များသည် Mytel တခုတည်းမှ ၁၀ နှစ်အတွင်း အမြတ်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၀၀ ကျော် ခံစားခွင့်ရရှိသလို တပ်စီးပွားရေး အကျိုးအမြတ်များက ပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်၊ လူ့အခွင့်အရေး ချိုးဖောက် ရန်အတွက် ငွေကြေးထောက်ပံ့ပေးနေခြင်း ဖြစ်သည်ဟု Justice for Myanmar က ပြောဆိုထားသည်။

          လူထုသပိတ်မှောက်ထားသော စစ်တပ်ထုတ်ကုန်များ

          ထို့ကြောင့် စစ်တပ်နှင့် ပတ်သက်သည့် ထုတ်ကုန်များကို မြန်မာစားသုံးသူများ သပိတ်မှောက်မှုက တော်လှန်ရေးအတွက် အထောက်အပံ့တခု ဖြစ်ပြီး စစ်ခေါင်းဆောင်များ၏ ငွေအိတ်ကို တိုက်ရိုက်ထိသည်ဟုလည်း သုံးသပ်ထားသည်။

          Justice for Myanmar အဖွဲ့သည် မြန်မာပြည်သူများ တရားမျှတမှုနှင့် တာဝန်ခံမှု ရရှိ‌စေရန် လှုပ်ရှားနေသည့် အဖွဲ့တဖွဲ့ ဖြစ်ပြီး မြန်မာစစ်တပ်၏ လက်နက်ဝယ်ယူမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို လေ့လာစောင့်ကြည့်နေသည့် အဖွဲ့ လည်း ဖြစ်သည်။

          အာဏာသိမ်း စစ်တပ်သည် လူ့အသုံးအဆောင်ပစ္စည်း အောက်ခြေသုံး ဆပ်ပြာမှစ၍ စားသောက်ကုန်၊ ကျန်းမာရေးနှင့် အလှပရေးရာ၊ လူသုံးကုန်ပစ္စည်းများအလယ် ကျောက်မျက်ရတနာများအဆုံး မြန်မာပြည်၏ ဈေးကွက်ကို သိမ်းပိုက်ထား ပြီး ၎င်းတို့၏ သားစဉ်မြေးဆက် လက်ဆင့်ကမ်း လက်ဝါးကြီး အုပ်နေခြင်းဖြစ်ရာ တော်ရုံအင်အားဖြင့် ဖြိုဖျက်နိုင်မည် မဟုတ်ဟူသော သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။

          သို့သော်လည်း နိုင်ငံသားများ၏ သပိတ်မှောက်ခံရမှုကြောင့် ယခုနှစ် ပထမ ၆ လအတွင်း ရောင်းချရငွေသည် ကျပ် ၁၅၂ ဘီလီယံ (ဒေါ်လာ ၉၂ ဒသမ ၃ သန်း) သို့မဟုတ် ယခင်နှစ်ကထက် ၂၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

          မြန်မာဘီယာလုပ်ငန်းသည် ဒီဇင်ဘာတွင် ကုန်ဆုံးမည့် ယခုနှစ်အတွက် ဝင်ငွေခန့်မှန်းချက်ကို ကျပ် ၄၈၉ ဘီလီယံမှ ကျပ် ၂၉၀ ဘီလီယံသို့ ပြင်ဆင်သတ်မှတ်လိုက်ရပြီး ပုံမှန်လုပ်ငန်း အမြတ်အစွန်းကိုလည်း ကျပ် ၂၀၂ ဘီလီယံမှ ကျပ် ၈၇ ဘီလီယံသို့ ပြင်ဆင်သတ်မှတ်လိုက်ရကြောင်း ဂျပန်ဘီယာကုမ္ပဏီ Kirin Holdings ၏ ထုတ်ပြန်ချက်အရ သိရသည်။

          Kirin သည် ဘီယာကုမ္ပဏီနှစ်ခုဖြစ်သော မြန်မာဘီယာလုပ်ငန်းနှင့် မန္တလေးဘီယာလုပ်ငန်းတို့တွင် ၅၁ ရာခိုင်နှုန်းစီ ပိုင်ပြီး ယင်းကုမ္ပဏီ၏ ကျန်အစိတ်အပိုင်းများကို မြန်မာ့စီးပွားရေးဦးပိုင်က ပိုင်ကာ Kirin သည် မြန်မာ့စီးပွားရေး ဦးပိုင်နှင့် ဖက်စပ် လုပ်ငန်းကို ရပ်စဲလိုက်ရုံမှအပ အခြားရွေးစရာမရှိတော့ကြောင်းလည်း ပြီးခဲ့သည့် သြဂုတ်လပိုင်းက ထုတ်ပြန်ထားသည်။

          “ငါတို့နိုင်ငံ လွတ်မြောက်ဖို့ စစ်တပ်စီးပွား အမြစ်ဖြတ်စို့”၊ “သင့်ကိုပစ်မည့် ကျည်ဆံဖိုးကို သင်ကိုယ်တိုင် ပေးမည်လော” စသည့် တိုက်တွန်း ကြွေးကြော်သံများ၊ စစ်တပ်ထုတ်ကုန်များအား မီးရှို့ဆန္ဒပြမှုများနှင့်အတူ လက်ရှိအချိန်ထိ စစ်အာဏာ ရှင်ကို ဆန့်ကျင်တော်လှန်နေသော ပြည်သူများက စစ်ကောင်စီ၏ ထောက်တိုင် စီးပွားရေးလုပ်ငန်းများအား ဖြိုချရန် နည်းလမ်းမျိုးစုံဖြင့် ကမ်ပိန်းများပြုလုပ်ကာ ဆက်လက်လှုံ့ဆော်နေကြဆဲ ဖြစ်သည်။

          ထို့ပြင် စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်နေသော အင်အားစုများကလည်း ၂၀၂၂ ဇန်နဝါရီ ၁ ရက်မှ စတင်ပြီး အာဏာသိမ်း စစ်တပ်နှင့် ဆက်နွယ်သည့် ထုတ်ကုန်ပစ္စည်းများကို ရောင်းချသုံးစွဲခြင်း မပြုလုပ်ရေး သတိပေးမှုများကို ၎င်း တို့ လှုပ်ရှားရာနယ်မြေ အသီးသီးတွင် လုပ်ဆောင်လျက် ရှိသည်။

          လူထုသပိတ်မှောက်ထားသော စစ်တပ်ထုတ်ကုန်များ

          အာဏာသိမ်းစစ်တပ်မှ ထုတ်လုပ် ဆက်နွယ်သည့် ကုန်ပစ္စည်းများဖြစ်သော Mytel၊ Premium Gold၊ Red Ruby၊ မြန်မာ ဘီယာ၊ Andaman Gold၊ ဒဂုံ၊ မန္တလေးတံဆိပ် ဘီယာများ၊ ဆင်မင်း၊ ကြံ့တံဆိပ်ဘိလပ်မြေ၊ Seven၊ Milky နို့ဆီနှင့် ရွှေဖီ ဦးတီးမစ် စသည့် ထုတ်ကုန်ပစ္စည်းများကို လက်ဝယ်သိုလှောင် ရောင်းချခြင်း နှင့် သယ်ယူပို့ဆောင်ခြင်းများကို လုံးဝ (လုံးဝ) ခွင့်မပြုကြောင်း ၎င်းတို့က အသိပေး ထုတ်ပြန်ထားသည်။

          သတ်မှတ်ထားသည့် နေ့မှစပြီး တားမြစ်ထားသည့်ကြားမှ သယ်ယူ၊ ရောင်းချမှုများ ပြုလုပ်ပါက ထိုက်သင့်သည့် ပြစ် ဒဏ် ပေးဆောင်ခံရမည်ဟုလည်း ဆိုသည်။

          “စစ်တပ် ထုတ်ကုန်တွေကို Boycott လုပ်တာက ထိရောက်တယ်။ ကျနော်တို့ကတော့ အာဏာရှင်ကို ၈၈ ထဲက တော်လှန် ခဲ့တဲ့ မျိုးဆက်ဆိုတော့ ခံယူချက် ပြင်းတယ်။ ဆက်လုပ်သွားမှာ။ ကျနော်တို့က အမှတ်သည်းခြေ ကြီးတယ်။ ကိုယ့်နိုင်ငံနဲ့ လူမျိုးအတွက် စစ်အာဏာရှင် မရှိမှ ဖြစ်မယ်ဆိုတဲ့အတွက် ရတဲ့နည်းနဲ့ ဆန့်ကျင်မယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တဦး က ပြောသည်။

          စစ်တပ်နှင့် ပတ်သက်သည့် ကုန်တိုက်များတွင် မိမိတို့၏ ထုတ်ကုန်ပစ္စည်းများကို မရောင်းချခြင်းကြောင့် ဝင်ငွေအား လျော့ ကျသွားနိုင်သော်လည်း အဆုံးထိ ဆက်လက် သပိတ်မှောက်သွားမည်ဟု ၎င်းက ဆိုသည်။

          တော်လှန်ရေး အင်အားစုများ အနေဖြင့်လည်း စစ်တပ်ထုတ်ကုန်များ ရောင်းချနေသည့် ဆိုင်များအား တင်းတင်းကျပ်ကျပ် ကိုင်တွယ် ဆောင်ရွက်သင့်သည်ဟုလည်း ၎င်းက တိုက်တွန်းအကြံပြုသည်။

          ၎င်းက “မြန်မာဘီယာသောက်ပြီးတော့ မအလ မအလ လို့ ဆဲလို့ မရဘူးပေါ့လေ။ ဒါကြောင့်လည်း နာကျည်းချက်က လိုတယ်။ တဖက်မှာလည်း မြန်မာဘီယာက ၅ ပုလင်းသောက် ၃ ပုလင်းလောက်က ပြန်ပေါက်တာတွေ၊ အလကားနီးပါး ပရိုမိုးရှင်း ပေးတာတွေကြောင့်လည်း ဒီအပေါ်မှာ အမှတ်မရှိတဲ့သူတွေကလည်း သောက်ကြတယ်ပေါ့” ဟု ဆိုသည်။

          အဆိုပါ စီးပွားရေး လုပ်ငန်းရှင်ကဲ့သို့ပင် တချို့သော စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အဆုံးထိတိုင် သပိတ်မှောက် ဆန့်ကျင်ချင်ကြသော်လည်း ၎င်းတို့အပေါ် မှီခိုနေသည့် ဝန်ထမ်းများကြောင့် ငဲ့ညှာနေရမှုများလည်း ရှိကြောင်း သိရသည်။

          မည်သို့ပင်ဆိုစေကာမူ စစ်တပ်ထုတ်ကုန်များသည် ၎င်းတို့၏ အသက်သွေးကြောဖြစ်သဖြင့် ယင်းတို့ကို အမြစ်ဖြတ်ပစ်မှ သာ ရမည်ဖြစ်ပြီး ထိုအချက်ကို မဖြတ်ဘဲ အာဏာရှင်စစ်တပ် အမြစ်ပြတ်ရေး သွားလုပ်၍ မရကြောင်း လုပ်ငန်းရှင်တဦးက သုံးသပ်ပြောဆိုသည်။

          “စစ်အာဏာရှင်ကို ထိုင်မုန်းနေရုံနဲ့ မရဘူး။ သူတို့ရဲ့ ထုတ်ကုန်တွေကိုပါ အမြစ်ဖြတ်ရမယ်။ ဒါမှသာ ပြည်သူကို ပြန်သတ် နေတဲ့ သေနတ်တွေ ကျည်ဆံတွေကို ဖြတ်တောက်နိုင်မယ်” ဟု ၎င်းက ဆိုသည်။

          Your Thoughts …
          Tags: Way Way Nayစစ်တပ်ထုတ်ကုန်သပိတ်မှောက်အာဏာသိမ်း
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          စစ်အာဏာသိမ်းပြီး တလခန့်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လက သီတဂူဆရာတော်နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

          မြန်မာပြည်က သားသုံးသား အယူအဆ အရွေ့

          by အုန်းညို
          20 February 2023
          7.7k

          သားသုံးသားကတော့ ကျောင်းသား၊ စစ်သား၊ ဘုရားသားတို့ပဲ ဖြစ်ပါတယ်။

          စစ်အာဏာသိမ်းမှုများကို ဆန့်ကျင်သည့် လူထုဆန္ဒပြပွဲများသည် တပြည်လုံး အနှံ့အပြား မြို့ရောတောပါ၊ ပြည်မရော တောင်တန်းဒေသပါ တပြည်လုံး အနှံ့အပြား အရှိန်အဟုန်ပြင်းစွာ ဖြစ်ခဲ့သည် / ဧရာဝတီ

          အသွင်သစ် နွေဦးတော်လှန်ရေး၏ ထူးခြားချက် ၁၀ ချက်

          by အေးချမ်းဆု
          5 May 2022
          10.7k

          ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီး ပေါ်ထွက်လာသော နွေဦးတော်လှန်ရေးနှင့် ပတ်သက်ပြီး ကြည့်မြင်သုံးသပ်ကြရာတွင် ယခင်အတွေ့အကြုံများနှင့်ယှဉ်၍ သုံးသပ်ကြည့်မြင်လေ့ရှိကြသည်။

          ဦးပိုင်အမြတ်ငွေ လျော့နည်းကျဆင်းသွားသောကြောင့် တပ်တွင်းနှင့် အငြိမ်းစားများအား ပုံမှန်အမြတ်ငွေ ထုတ်မပေးနိုင်ဆိုသည့်အပေါ် မယုံကြည်သူများ ရှိသည်

          ဦးပိုင်အမြတ်ငွေ တပ်တွင်း ခွဲမပေးနိုင်သေး

          by ဧရာဝတီ
          17 May 2022
          14.4k

          ၂၀၂၁ ခုနှစ် နိုဝင်ဘာလဆန်းတွင် ပေးရမှာဖြစ်သော်လည်း ၂၀၂၂ ခုနှစ်မေလဆန်းအထိ သက်ဆိုင်ရာတာဝန်ရှိသူများက ခွဲမပေးသေး

          ဖေဖော်ဝါရီလ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများအတွင်း စစ်တပ်ပိုင် ထုတ်ကုန်များ သပိတ်မှောက်ရန် နှိုးဆော်ခဲ့ကြသည်

          သပိတ်မှောက်သောကြောင့် စစ်တပ်ယမကာလုပ်ငန်း အရောင်းထက်ဝက်ကျ

          by ဧရာဝတီ
          13 May 2021
          17.2k

          ရောင်းအားကျဆင်းသောကြောင့် ဝင်ငွေနှင့် လုပ်ငန်း အကျိုးအမြတ်နှစ်ခုလုံးသည် ၂၀၂၀ ခုနှစ် ပထမ သုံးလထက် ၄၉.၆ ရာခိုင်နှုန်း ကျဆင်းကြောင်း Kirin ၏ဘဏ္ဍာရေး အစီရင်ခံစာက ဖေါ်ပြသည်။

          စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏ မိသားစု 

          အာဏာသိမ်းခေါင်းဆောင် မိသားစုစီးပွားရေးများကို သပိတ်မှောက်ရန် NUG တိုက်တွန်း

          by ဧရာဝတီ
          21 October 2021
          10.4k

          စစ်အာဏာသိမ်းခေါင်းဆောင် မိသားစုက စီမံသည့် စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းမပြုရန် NUG က ပြည်သူလူထုကို တိုက်တွန်းထားသည်။

          ဒေါ်နန်းရွှေကြာသည် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၏ မဟာမိတ် ဝံသာနု ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဖြစ်သည်

          စစ်တပ်ယိမ်း နိုင်ငံရေးသမားပိုင် “ဖောင်းစိန်”ကို သပိတ်မှောက်

          by ဧရာဝတီ
          28 September 2022
          7k

          ဒေါ်နန်းရွှေကြာသည် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP).၏ မဟာမိတ် ဝံသာနု ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဖြစ်သည်။

          Next Post
          ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းအပြီး ရန်ကုန်မြို့တွင်း ဝင်လာကြသော စစ်သားများ / ဧရာဝတီ

          လျှော့မတွက်သော်လည်း အထင်ကြီးစရာ မရှိသော မြန်မာစစ်တပ် (အပိုင်း ၂)

          ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်ကားတွင် ပါဝင်သည့် သရုပ်ဆောင်ဒေါင်း

          မြန်မာ့ရေမြေမှာ မရိုက်ကူးခဲ့ရလို့ အားမလို အားမရဖြစ်ခဲ့ရတဲ့ သရုပ်ဆောင်ဒေါင်း

          No Result
          View All Result

          Recommended

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          1 day ago
          11.8k
          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          1 week ago
          13.1k

          Most Read

          • စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

            စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

            shares
            Share 0 Tweet 0
          • ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

            shares
            Share 0 Tweet 0
          • ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

            shares
            Share 0 Tweet 0
          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved