အာဏာသိမ်းစစ်ကောင်စီသည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုပြုလုပ်ခြင်း၊ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးနှင့် စစ်အုပ်ချုပ်ရေးကို လက်နက်ကိုင်ခုခံမှုကို ဆက်လက်ဖိနှိပ်ရသည်ကို ကျေနပ်နေပုံရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းချိန်မှ စတင်ပြီး စစ်ကောင်စီသည် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို အကြိမ်ကြိမ်ကျူးလွန်နေသည်။
အာဏာသိမ်းမှုနောက်ပိုင်း ဖြိုခွဲမှုများ၊ စီးနင်းတိုက်ခိုက်မှုများ၊ ဖမ်းဆီးမှုများ၊ စစ်မေးမှုများအတွင်း အနည်းဆုံး လူ ၁၃၈၂ ဦးကို သတ်ဖြတ်သည်။ ထိုသို့ သတ်ဖြတ်ခံရသူများတွင် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားသူများမှသည် လမ်းဘေးမှ ရပ်ကြည့်နေသူများ၊ ကလေးများနှင့် ကျောင်းသားများအထိ ပါဝင်သည်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံထားသည့် အစိုးရခေါင်းဆောင်များအပါအဝင် လူပေါင်း ၁၁၂၅၀ ကျော်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားသည်။
လက်လုပ်တူမီးသေနတ်များနှင့် လေးခွများ ကိုင်ဆောင်ထားသော ကျေးရွာသားများကို စစ်ကောင်စီက အမြောက်ဖြင့်ပစ်သည်။
စစ်ကောင်စီသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ဆူပူသူများဟု တံဆိပ်ကပ်ပြီး ကျည်ဆံအစစ်များ၊ လက်ပစ်ဗုံးများနှင့် အော်တိုမက်တစ်လက်နက်များဖြင့် ပစ်ခတ်သည်။ ယခုအခါတွင် အရပ်သား လက်နက်ကိုင်ခုခံရေး အုပ်စုများဖြစ်သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို အကြမ်းဖက်များ၊ အစွန်းရောက်များဟု သတ်မှတ်ကာ တိုက်ခိုက်ရေး ရဟတ်ယာဉ်များ၊ ဂျက်တိုက်လေယာဉ်များ၊ အမြောက်ကြီးများ၊ စစ်သင်္ဘောများ၊ မောင်းသူမဲ့ လေယာဉ်များနှင့် တင့်ကားများသုံးကာ တိုက်ခိုက်နေသည်။
စစ်ကောင်စီ တပ်များသည် PDF များကို တိုက်ခိုက်ရာတွင် အရပ်သားများကို ရမ်းသမ်းသတ်ဖြတ်ပြီး လူ အစုလိုက်အပြုံလိုက်သတ်ခြင်း၊ အရှင်လတ်လတ်မီးရှို့ခြင်း၊ လူသားဒိုင်းအဖြစ် သုံးခြင်း၊ လူနေရပ်ကွက်များကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ လုယက်ခြင်းနှင့် နေအိမ်များကို မီးရှို့ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်နေသည်။
လွန်ခဲ့သော ၁၁ လအတွင်း စစ်ကောင်စီကကျူးလွန်ခဲ့သည့် အဆိုးရွားဆုံးသော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၄ ခုကို ဧရာဝတီ သတင်းဌာနက ဖော်ပြလိုက်သည်။
မြောက်ဥက္ကလာပ သတ်ဖြတ်မှု
မတ်လ ၃ ရက်နေ့တွင် ရန်ကုန်တိုင်း မြောက်ဥက္ကလာပမှ ဆန္ဒပြသူ လူအုပ်အတွင်းသို့ စစ်ကောင်စီတပ်များက ပစ်ခတ်သောအခါ လမ်းသွားလမ်းလာတဦး အပါအဝင် ဆန္ဒပြသူ ၁၅ ဦး ပစ်သတ်ခံရသည်။
၎င်းတို့၏ ရဲဘော်ရဲဘက်များ ဆုတ်ခွာရသောအခါ ဒဏ်ရာရကျန်ခဲ့သည့် အရပ်သားခုခံရေး တပ်ဖွဲ့ဝင် ၆ ဦးကို စစ်ကောင်စီတပ်များက ဦးခေါင်းတွင်ပစ်ခတ်သတ်ဖြတ်သည်။
စစ်ကောင်စီတပ်များသည် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူများကို စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းများနှင့် မွန်ပြည်နယ်တွင်လည်း သတ်ဖြတ်နှိမ်နင်းသည်။
မတ်လ ၃ ရက်နေ့တရက်တည်းတွင် အနည်းဆုံး လူ ၂၉ ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်။
လှိုင်သာယာ သတ်ဖြတ်မှု
မတ်လ ၁၄ ရက်နေ့က ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်ကောင်စီတပ်များက သွေးအေးအေးဖြင့် ဖြိုခွဲသောအခါ ဆန္ဒပြသူ ၅၀ ခန့် သေဆုံးပြီး ဒါဇင်ပေါင်းများစွာ ဒဏ်ရာရသည်။ သေနတ်မောင်း ဆွဲရသည်ကို ကျေနပ်နေသော စစ်ကောင်စီတပ်များသည် ထိုမြို့နယ်အတွင်းမှ ဆန္ဒပြသူများကိုသာမက ရပ်ကြည့်သူနှင့် လမ်းသွားလမ်းလာများကိုပါ ပစ်ခတ်ခဲ့သည်။
မတ်လ ၁၄ ရက်နေ့တွင် စစ်ကောင်စီက စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူများကို သတ်ဖြတ် နှိမ်နင်းသောကြောင့် ရန်ကုန်ရှိ အခြားမြို့နယ်များနှင့် ပဲခူး၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်မှ လူ ၈၀ ခန့် သတ်ဖြတ်ခံရသည်။
အာဏာသိမ်းပြီးနောက်ပိုင်း သွေးထွက်သံယိုအများဆုံးနေ့
မြန်မာစစ်ကောင်စီသည် မတ်လ ၂၇ ရက်နေ့တွင်ကျရောက်သည့် တော်လှန်ရေးနေ့တွင် နိုင်ငံတဝှမ်းမှ စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြသူ ၁၁၀ ခန့်ကို သတ်ဖြတ်ကျင်းပလိုက်သောကြောင့် ထိုနေ့သည် အာဏာသိမ်းမှုနောက် သွေးချောင်းအစီးဆုံးနေ့ ဖြစ်သွားသည်။
မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် ၁၀ ခုမှ နေရာပေါင်း ၄၁ နေရာတွင် သတ်ဖြတ်ခံရသူ ၁၁၀ ခန့်တွင် အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ်ကြားရှိ ကလေး အနည်းဆုံး ၄ ဦး ပါဝင်သည်။
သတ်ဖြတ်ခံရသူအများစုကို စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများကို နှိမ်နင်းစဉ်အတွင်း သေနတ်မောင်း ဆွဲရသည်ကို ကျေနပ်နေသည့် စစ်သားများနှင့် ရဲများက ပစ်သတ်ခြင်းဖြစ်သည်။
ပဲခူး သတ်ဖြတ်မှု
ပဲခူးမှ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူများ၏ စခန်းများကို စစ်ကောင်စီတပ်များက ဧပြီလ ၉ ရက်နေ့တွင် တိုက်ခိုက်သောအခါ ကျောင်းသားများ အပါအဝင် အရပ်သား ၈၀ ခန့် သတ်ဖြတ်ခံရသည်။
ဧပြီလ ၉ ရက်နေ့ နံနက် ၄ နာရီတွင် စစ်ကောင်စီတပ်သား ၂၅၀ ခန့်က စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားနေသည့် ပဲခူးရှိ လူနေရပ်ကွက် ၄ ခု ဖြစ်သော ရှင်စောပု၊ နန်းတော်ရာ၊ မှော်ကန်နှင့် ပုဏ္ဏားစုတို့ကို စီးနင်း တိုက်ခိုက်သည်။
စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူများက ပြုလုပ်ထားသည့် လမ်းအတားအဆီးများကို ဖယ်ရှားပြီး စစ်ကောင်စီတပ်များသည် မိမိတို့ကိုယ်ကိုယ် လေးခွများ၊ ဗျောက်အိုးများနှင့် အိမ်လုပ် လေသေနတ်များဖြင့် ကာကွယ်နေသည့် အရပ်သားများနှင့် ဆန္ဒပြသူများကို အော်တိုမက်တစ် သေနတ်များဖြင့် ပစ်ခတ်သည်။
ထိုသို့ စီးနင်းတိုက်ခိုက်မှုများပြီးနောက် စစ်ကောင်စီသည် ဒဏ်ရာရသူများ ဆေးမကုနိုင်စေရန်နှင့် သေဆုံးသူ အလောင်းများကို မဖယ်ရှားနိုင်စေရန် ထိုနေရာများကို ရက်အတန်ကြာ ပိတ်ဆို့ထားသည်။
ထို စီးနင်းတိုက်ခိုက်မှုများအတွင်း လူပေါင်း ၈၂ ဦး အသတ်ခံရကြောင်း စစ်ကောင်စီ၏ သတ်ဖြတ် ဖမ်းဆီးမှုများကို မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း၏ အဆိုအရသိရသည်။
ယင်းမာပင် သတ်ဖြတ်မှု
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှ ကျေးရွာများကို စစ်ကောင်စီတပ်များက ဧပြီလ ၂၀ ရက်နေ့တွင် ဝင်ရောက်စီးနင်းသောအခါ ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်နေသော ကျေးရွာသား ၁၀ ဦးကျော်ကို သတ်ဖြတ်ခဲ့သည်။
လက်လုပ်တူမီးသေနတ်များနှင့် လေးခွများ ကိုင်ဆောင်ထားသော ကျေးရွာသားများကို စစ်ကောင်စီက အမြောက်ဖြင့်ပစ်သည်။
မကွေးတိုင်းဂန့်ဂေါမြို့နယ်မှ ရွာတရွာကို စစ်ကောင်စီက စီးနင်းစဉ် ကာကွယ်ရန်ကြိုးစားနေသည့် ဆယ်ကျော်သက်အရွယ် ၁၈ ဦးမှာ စက်တင်ဘာလ ၉ ရက်နေ့တွင်သတ်ဖြတ်ခံရသည်။
တိုက်ပွဲပြီးသောအခါ စစ်ကောင်စီတပ်များက ဝင်းကုန်းကျေးရွာမှ ကျေးရွာသား ၅၀ ခန့်ကို ဖမ်းဆီးသည်။ ထို့နောက် ခြိမ်းခြောက်ငွေတောင်းပြီး ရရှိသောအခါ ပြန်လွှတ်ပေးသည်။
ဒီပဲယင်း သတ်ဖြတ်မှု
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အနောက်ဘက် ကျေးရွာများကို ဇူလိုင်လအစောပိုင်းက စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်များက ကလေးအများအပြားအပါအဝင် အရပ်သား ၄၀ ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သား ၁၅၀ ခန့် အမြောက်ပစ်ကူခေါ်ယူပြီး အရပ်သားပစ်မှတ်များကို အမြောက်ဆန် ၄၀ ခန့်ပစ်သည်။ ရှည်ကြာသော တိုက်ပွဲအတွင်း ကလေး ၆ ဦးနှင့် တက္ကသိုလ်ကျောင်းသား ၅ ဦး အပါအဝင် ကျေးရွာသား အနည်းဆုံး ၁၈ ဦး သေဆုံးသည်။
၎င်းတို့၏ ရဲဘော်ရဲဘက်များ ဆုတ်ခွာရသောအခါ ဒဏ်ရာရကျန်ခဲ့သည့် အရပ်သားခုခံရေး တပ်ဖွဲ့ဝင် ၆ ဦးကို စစ်ကောင်စီတပ်များက ဦးခေါင်းတွင်ပစ်ခတ်သတ်ဖြတ်သည်။ နောက်တရက်တွင် သေဆုံး ဒဏ်ရာရသူများကို သွားရောက်ရှာဖွေသည့် PDF တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသားများကိုလည်း စစ်ကောင်စီက ပစ်သတ်သည်။
ကနီ သတ်ဖြတ်မှု
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှ ခုခံရေးအင်အားစု စခန်းတွင် စစ်ကောင်စီတပ်က သတ်ဖြတ်ထားသည့် ကလေးတဦး၊ မသန်စွမ်းသူ တဦးနှင့် သက်ကြီးရွယ်အိုတဦး အပါအဝင် အလောင်း ၄၀ ကို ဇူလိုင်လတွင် တွေ့ရသည်။
ဇူလိုင်လ ၃၀ ရက်နေ့တွင် အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတဦး အပါအဝင် အဖမ်းအဆီးခံ အရပ်သား ၁၂ ဦး၏ အလောင်းများကို ကနီမြို့နယ် တောင်ပေါက်ကျေးရွာတွင် တွေ့ရသည်။
ဇူလိုင်လ ၈ ရက်နေ့တွင် ကျေးရွာများကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီးနောက် ဇူလိုင်လ ၁၁ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ယင်းရွာပတ်ဝန်းကျင်မှ တောများအတွင်း ပျံ့ကြဲနေသော အရပ်သား အလောင်း ၁၆ လောင်း တွေ့ရသည်။ ထိုသူများကို နောက်မှလိုက်လာသည့် စစ်ကောင်စီတပ်များက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောသည်။
စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ်တွင် အသက် ၁၄ နှစ်မှ ၁၇ နှစ်အကြား ဆယ်ကျော်သက် ၅ ဦး အပါအဝင် ကျေးရွာသား ၁၀ ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၇ ရက်နေ့တွင် ညှဉ်းပန်းနှိပ်စက် မီးရှို့သတ်သည်။
ဇူလိုင်လ ၂၈ ရက်နေ့တွင် နောက်ထပ်အလောင်း ၇ လောင်းကိုတွေ့ရပြီး နောက်တနေ့တွင် ဇီးပင်တွင်းရွာ အနီး လယ်တောများတွင် နောက်ထပ်အလောင်း ၅ လောင်း ထပ်မံတွေ့ရှိသည်။
ဂန့်ဂေါ သတ်ဖြတ်မှု
မကွေးတိုင်းဂန့်ဂေါမြို့နယ်မှ ရွာတရွာကို စစ်ကောင်စီက စီးနင်းစဉ် ကာကွယ်ရန်ကြိုးစားနေသည့် ဆယ်ကျော်သက်အရွယ် ၁၈ ဦးမှာ စက်တင်ဘာလ ၉ ရက်နေ့တွင်သတ်ဖြတ်ခံရသည်။
လုပ်သေနတ်များသာ ကိုင်ဆောင်ထားသည့် မြင်သာကျေးရွာမှ ထိုဆယ်ကျော်သက်များသည် လက်နက်ကြီး ထိမှန်သေဆုံးခြင်းဖြစ်သည်။ ထိုစီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်များသည် ရွာမှနေအိမ် ၂၀ ကျော်ကိုလည်း မီးရှို့ခဲ့သည်။
ဂန့်ဂေါ စစ်ဘေးရှောင် သတ်ဖြတ်မှု
မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှ ကျေးရွာများနှင့် ဒုက္ခသည်စခန်းများကို နိုဝင်ဘာလ နှောင်းပိုင်းက တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်များသည် စစ်ဘေးရှောင် အရပ်သား ၅ ဦးကို သတ်ဖြတ်ခဲ့သည်။
နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်သည် ဂန့်ဂေါရှိ မောက်လင်ကျေးရွာပြင်တွင် နွားကျောင်းနေသော ရွာသား ၅ ဦးကို ဖမ်းဆီးပြီး ထိုရွာကိုသိမ်းပိုက်သည်။ ထိုဖမ်းဆီးခံရသူများအနက် အသက် ၂၁ နှစ်အရွယ် နွားကျောင်းသားတဦး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သတ်ဖြတ်ခံရသည်။
ထိုနေ့တွင်ပင် စစ်ကောင်စီတပ်များသည် လူ ၄ ဦးကိုဖမ်းဆီးခဲ့ပြီး လူသားဒိုင်းနှင့်လမ်းပြများအဖြစ် သုံးကာ တောတွင်းရှိ ဒုက္ခသည်စခန်းများကို စီးနင်းတိုက်ခိုက်၍ စစ်ရှောင်ရွာသား ၅ ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးထားသူ ၄ ဦးကိုနောင်တွင်ပြန်လွှတ်ပေးသော်လည်း ဖမ်းဆီးခံခဲ့ရသည့် စစ်ရှောင် ၅ ဦးအနက် ၄ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သည်။ ဒေသခံများက ၎င်းတို့၏အလောင်းများကို တောတွင်းတွင်တွေ့ပြီး မီးသင်္ဂြိုဟ်ပေးခဲ့သည်။
ဆားလင်းကြီး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှု
စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ်တွင် အသက် ၁၄ နှစ်မှ ၁၇ နှစ်အကြား ဆယ်ကျော်သက် ၅ ဦး အပါအဝင် ကျေးရွာသား ၁၀ ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၇ ရက်နေ့တွင် ညှဉ်းပန်းနှိပ်စက် မီးရှို့သတ်သည်။
စစ်ယာဉ်တန်းတခု မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ဒေါသထွက်နေသော စစ်ကောင်စီတပ်များက လယ်သမားများကို ပစ်ခတ်ပြီး အနီးရှိ ဒုန်းတောရွာကို စီးနင်းကာ ဒေသခံ ၁၀ ဦးကို ဖမ်းဆီးသည်။
နောင်တွင် ရွာသားများသည် ရွာပြင်တွင် မီးကျွမ်းနေသည့် အလောင်း ၁၀ လောင်းကို တွေ့ခဲ့ကြသည်။
ထိုသတ်ဖြတ်ခံရသူ ၁၀ ဦးလုံးကို လက်ကိုကြိုးဖြင့်ချည်ပြီး ဒူးထောက်ခိုင်းကာ သေနတ်ဖြင့်ပစ်ခတ်၊ ဓားဖြင့် ထိုးထားကြောင်းသိရသည်။ ၎င်းတို့ကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
ဒေသခံများသည် လယ်တောတခုတွင်လည်း ဒုန်းတောမှ အမျိုးသမီးတဦး၏ အလောင်းကိုတွေ့သည်။ စီးနင်းတိုက်ခိုက်စဉ်အတွင်း ထိုအမျိုးသမီးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ယူဆရသည်။
ဒီပဲယင်း ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှု
ဒီဇင်ဘာလ ဒုတိယပတ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှ ကျေးရွာတခုကို စီးနင်းတိုက်ခိုက်စဉ် စစ်ကောင်စီတပ်များက ကျေးရွာသား ၆ ဦးကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သည်။
PDF များ၏ ပြင်းထန်သော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရပြီး လေကြောင်းအကူတိုက်ခိုက်ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၀ ခန့်သည် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ဒီပဲယင်းမြို့နယ် အနောက်ဘက် နဂါးတွင်းကျေးရွာကို ဝင်ရောက်စီးနင်းသည်။
စစ်ကောင်စီ တပ်စွဲထားစဉ် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံထားရသည်ဟု ယူဆရသည့် နဂါးတွင်းကျေးရွာသား ၆ ဦး၏ အလောင်းများကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဒေသခံများ တွေ့ကြရသည်။
သေဆုံးသူ ၆ ဦးအနက် ၃ ဦးကို ကြိုးဖြင့်ချည်ထားသည်။ ထိုသတ်ဖြတ်ခံရသူများသည် နေအိမ်သို့ အပြန်တွင် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက မီဒီယာသို့ ပြောသည်။ ကျန်သူများမှာ မပြေးနိုင်လောက်အောင် အင်အားချိနဲ့သောကြောင့် တခြားရွာသားများထွက်ပြေးစဉ် ကျန်ခဲ့သူများ ဖြစ်သည်။
နှမ်းခါး လေကြောင်းတိုက်ခိုက်မှု
မကွေးတိုင်း ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာကို စစ်ကောင်စီက လေယာဉ် ၅ စီးဖြင့် ဒီဇင်ဘာလ ၁၇ ရက်နေ့က တိုက်ခိုက်သောအခါ ခုခံတိုက်ခိုက်ရေးအဖွဲ့ဝင် နှစ်ဦးအပါအဝင် အရပ်သား ၉ ဦး သေဆုံးသည်။
တိုက်ခိုက်ရေး ရဟတ်ယာဉ်နှစ်စီးက ရွာကိုစက်သေနတ်ဖြင့်ပစ်ပြီး တခြား ရဟတ်ယာဉ် နှစ်စင်းက စစ်ကောင်စီတပ်သား ၁၀၀ ခန့်ကို ရွာအတွင်းသို့ပို့ပေးသည်။ တချိန်တည်းတွင် စစ်ကောင်စီ ဂျက်တိုက်လေယာဉ် တစီးက ရွာပေါ်တွင် ပျံဝဲနေသည်။
စစ်ကောင်စီတပ်များက ထိုကျေးရွာတွင် အစည်းအဝေးလုပ်နေသော ဒေသခံ PDF ခေါင်းဆောင်များကို ဖမ်းဆီးရန် သို့မဟုတ် သတ်ဖြတ်ရန် ထိုလေကြောင်းတိုက်ခ်ိုက်မှုကို ပြုလုပ်ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုအတွင်း PDF အဖွဲ့ဝင် ၂ ဦး သေဆုံးသည်။ ကျေးရွာကို မော်တော်ယာဉ် တစီးဖြင့် ဖြတ်သန်းသွားသော အရပ်သား ၅ ဦးလည်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့်သေဆုံးသည်။
ရွာပြင်တွင် လယ်စ်ိုက်၊ နွားကျောင်းနေသော နှမ်းခါး ရွာသားနှစ်ဦးကိုလည် ဖမ်းဆီးကြိုးတုပ်ပြီး စစ်ကောင်စီတပ်က ပစ်သတ်လိုက်သည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်များက ကလေးများ၊ အမျိုးသမီးများနှင့် နိုင်ငံတကာ အကူအညီပေးရေး Save the Children အဖွဲ့ဝင် ၂ ဦး အပါအဝင် အရပ်သား ၃၅ ဦးကို ကား ၇ စီးအတွင်း အရှင်လတ်လတ် မီးရှို့သတ်သည်။
နတ်ချောင်း လေကြောင်းတိုက်ခိုက်မှု
ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် စစ်ကောင်စီ၏တိုက်ခိုက်ရေး ရဟတ်ယာဉ် နှစ်စီးက စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှ ကျေးရွာတရွာကို စက်သေနတ်ဖြင့် သိမ်းကြုံးပစ်ခတ်တိုက်ခိုက်သောအခါ ကျေးရွာသား ၁၀ ဦး သေဆုံးသည်။
ချင်းပြည်ကာကွယ်ရေးတပ် (ကလေး) နှင့် ဒေသခံ PDF များ ပူးပေါင်းပြီး ကလေးမြို့တောင်ဘက် ၂၄ ကီလိုမီတာရှိ နတ်ချောင်းရွာတွင် ချထားသော စစ်ကောင်စီတပ်များကို တိုက်ခိုက်ပြီးနောက် ထိုလေကြောင်း တိုက်ခိုက်မှုကို ပြုလုပ်ခြင်းဖြစ်သည်။
ဖရူဆို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှု
ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်များက ကလေးများ၊ အမျိုးသမီးများနှင့် နိုင်ငံတကာ အကူအညီပေးရေး Save the Children အဖွဲ့ဝင် ၂ ဦး အပါအဝင် အရပ်သား ၃၅ ဦးကို ကား ၇ စီးအတွင်း အရှင်လတ်လတ် မီးရှို့သတ်သည်။
စစ်ကောင်စီတပ်များနှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ် အကြား နာရီအတန်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ထိုအစုလ်ိုက် အပြုံလိုက်သတ်ဖြတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်။ ထိုအရပ်သား ၃၅ ဦးသည် မိုဆိုကျေးရွာမှ ထွက်ပြေးလာသူများဖြစ်ပြီး ၎င်းတို့ကို ကားအတွင်း ကြိုးဖြင့်တုပ်ပြီး အရှင်လတ်လတ်မီးရှို့သတ်ခြင်းဖြစ်သည်။
ကရင်နီ အမျိုးသားများ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးမှ အဖွဲ့ဝင် ၄ ဦးမှာလည်း ထိုကျေးရွာသား ၃၅ ဦး လွတ်မြောက်စေရေးအတွက် ညှိနှိုင်းနေစဉ် စစ်ကောင်စီတပ်က ဖမ်းဆီးကာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။
ထိုအဖွဲ့သည် ၁၉၉၄ ခုနှစ်က ယခင် စစ်အုပ်စုနှင့် အပစ်အခတ်ရပ်စဲထားသော အဖွဲ့ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားသော အဖွဲ့ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင်ပါရှိသော Myanmar Junta’s Worst Massacres of 2021 ကို ဆီလျော်အောင် ဘာသာပြန်သည်။)
You may also like these stories :
ဖရူဆိုတွင် အစုလိုက်အပြုံလိုက် မီးရှို့အသတ်ခံရမှု ၄၉ ဦးခန့်ထိ ရှိလာနိုင်
ရိုဟင်ဂျာအရေး ဖြေရှင်းမှု ပိုမိုအားထုတ်ရန် ကုလသမဂ္ဂ အထူးသံတမန် တောင်းဆို
အလွတ်တန်းသတင်းထောက် ကိုစိုးနိုင် စစ်ကြောရေး၌ သေဆုံးမှုအပေါ် သူတို့အမြင်