နွေရာသီ မရောက်သေးသော်လည်း နိုင်ငံတဝှမ်း လျှပ်စစ်မီး မကြာခဏနှင့် အချိန်ကြာမြင့်စွာ ပြတ်တောက်မှုကြောင့် ညည်းညူသံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။
စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့် အောက်တိုဘာ လကုန်ပိုင်းမှ စတင်ကာ လျှပ်စစ်ဖြန့်ဖြူးရေးဌာနသည် အချိန်ပိုင်း မီးဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။
ယခုအခါ အနည်းဆုံး ၂ ကြိမ်ခန့်မှ ၃ ကြိမ်အထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး တကြိမ်လျှင် ၂ နာရီမှ ၄ နာရီခန့် တခါ တရံ နေ့တပိုင်း၊ တညလုံး ပြတ်လေ့ရှိကာ ၂၄ နာရီ ပြည့်သည်အထိ မီးမရသည့် နေ့ရက်များလည်း ရှိနေသည်။
ထိုအခါ ချက်ပြုတ်ရေးမှစပြီး လျှပ်စစ်မီးကို အရာရာအတွက် အားထားနေရသော ရန်ကုန်မြို့ကဲ့သို့သော မြို့ပြနေ ပြည်သူ များ အနေဖြင့် မီးမရခြင်း၏ နောက်ဆက်တွဲ ပြဿနာများစွာကို ရင်ဆိုင်ကြရတော့သည်။
ယခုအခါ အနည်းဆုံး ၂ ကြိမ်ခန့်မှ ၃ ကြိမ်အထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်ပြီး တကြိမ်လျှင် ၂ နာရီမှ ၄ နာရီခန့် တခါ တရံ နေ့တပိုင်း၊ တညလုံး ပြတ်လေ့ရှိကာ ၂၄ နာရီ ပြည့်သည်အထိ မီးမရသည့် နေ့ရက်များလည်း ရှိနေသည်။
“အရင်လို အကြောင်းမကြား မကြေညာဘဲ မီးပြတ်တဲ့ရက်က တော်တော်များလာပြီ။ ပြတ်ရင်လည်း အကြာကြီးပဲ။ သူတို့က အခုမှ ပြတ်မယ် ပြောတာ။ မကြေညာတော့ ရေဆိုလည်း မတင်မိဘူး။ ကြိုတင်မကြေညာဘဲ ဖြတ်ချင်သလို ဖြတ်တော့ ချက်ရေးပြုတ်ရေးကအစ ခက်ခဲကုန်ရော” ဟု အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အိမ်ရှင်မတဦးဖြစ်သူ မခိုင် (အမည်လွှဲ) က ပြောသည်။
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်ရခြင်း၏ နောက်ဆက်တွဲ ပြဿနာများဖြစ်သည့် သုံးစွဲရေ လိုအပ်ချက်၊ ချက်ပြုတ်ရေးအတွက် သုံးစွဲမည့် လောင်စာဆီ၊ ထင်း၊ မီးသွေး၊ ဘတ်ထရီအိုးများ ပြင်ဆင်ရန် စဉ်းစားလာရပြီဟုလည်း ၎င်းက ဆိုသည်။
မခိုင်ပြောသည့် “သူတို့က အခုမှ ပြတ်မယ် ပြောတာ” ဟူသည်မှာ လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ပတ်သက်ပြီး အာဏာ သိမ်း စစ်ကောင်စီ၏ ဇန်နဝါရီ ၅ ရက်နေ့ ထုတ်ပြန်ချက်ကို ၎င်းက ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတဝန်း နံနက် ၇ နာရီမှ ည ၁၁ နာရီနှင့် ညနေ ၅ နာရီမှ ၇ နာရီအတွင်း အချိန်မရွေး လျှပ်စစ်မီးများ ပြတ်တောက်မည်ဟု ကြေညာထားခြင်းဖြစ်ပြီး ဇန်နဝါရီ ၆ ရက် ည ၈ နာရီ မြဝတီ သတင်းတွင်မူ နံနက် ၇ နာရီမှ နေ့လယ် ၁၁ နာရီအတွင်းနှင့် ညအချိန် ၅ နာရီမှ ၇ နာရီအတွင်းဟု ပြန်လည်ပြင်ဆင် ကြေညာခဲ့သည်။
ယင်းကြေညာချက်တွင် ပြည်နှင့်တိုင်းအသီးသီး၌ လျှပ်စစ်ဓာတ်အား လျော့နည်းထုတ်လုပ်နေရသည့် ပမာဏနှင့်အညီ ဓာတ်အားစနစ် တည်ငြိမ်မှုကို ထိန်းညှိဆောင်ရွက်ရသောကြောင့် ဓာတ်အားသုံးစွဲမှု များပြားသော အချိန်များအတွင်း ဓာတ် အားပြတ်တောက်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ လျှပ်စစ်မီး ဖြတ်တောက်မှုများကြောင့် အကြီးစား စီးပွားရေး လုပ်ငန်းများမှအစ အသေးစား၊ အလတ်စား လုပ်ငန်းများအထိ အခက်အခဲများ ကြုံတွေ့နေရသည်။
ထိုသို့ ကြေညာပြီးသော်လည်း ဇန်နဝါရီ ၇ ရက်တွင် နံနက် ၇ နာရီမထိုးခင် အစောပိုင်းကတည်းက မီးပြတ်သွားခဲ့ပြီး ၄ နာရီကျော် ၅ နာရီခန့် အကြာမှ မီးပြန်လာကြောင်း၊ မီးပြန်ရချိန်တွင်လည်း မည်သည့်အချိန် ပြန်ပြတ်သွားမည်ကို စိတ်ပူရ သဖြင့် ရေတင်၊ ထမင်းဟင်းချက်၊ ဖုန်းအားသွင်း စသည်ဖြင့် အပြေးအလွှား လုပ်ဆောင်ထားရကြောင်း ဒေါပုံမြို့နယ်နေ ပြည်သူတဦးက ပြောပြသည်။
ထို့ပြင် ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ လျှပ်စစ်မီး ဖြတ်တောက်မှုများကြောင့် အကြီးစား စီးပွားရေး လုပ်ငန်းများမှအစ အသေးစား၊ အလတ်စား လုပ်ငန်းများအထိ အခက်အခဲများ ကြုံတွေ့နေရသည်။
ရန်ကုန်မြို့ရှိ ရေသန့်လုပ်ငန်းရှင် တဦးက “လျှပ်စစ်မီးပြတ်တော့ လုပ်ငန်းလည်ပတ်မှု ပုံမှန်အတိုင်း သွားလို့မရဘူး။ မီးလာ တာကိုပဲ စောင့်ပြီးသွားရတယ်။ မီးစက်နဲ့ သွားရမယ်ဆိုရင်လည်း ဒီဇယ်ဈေးက တလီတာ ကျပ် ၁၄၀၀ နား ကပ်နေပြီ ဆိုတော့ အဆင်မပြေဘူး။ မီးက ပြတ်ချင်သလို ပြတ်တော့ ကျနော်တို့ ဝန်ထမ်းတွေ ဆိုရင်လည်း အလုပ်မလုပ်ရဘဲနဲ့ ထိုင် နေရတဲ့ အခြေအနေမျိုးတွေ ရှိလာတယ်။ ဘယ်အချိန် မီးပြန်လာမလဲဆိုတာလည်း မပြောတတ်ဘူး” ဟု ပြောဆိုသည်။
လုပ်ငန်းလည်ပတ်ရန် မီးစက် အသုံးပြုမည်ဆိုပါကလည်း လက်ရှိ ဒီဇယ်ဈေးနှုန်း၊ ကုန်ကြမ်း ဈေးနှုန်းများနှင့် ပြန်ချိန်ပါက တွက်ခြေမကိုက်ကြောင်း၊ မီးပြတ်မည့်အချိန် ကြိုသိရပါက ကြိုတင်ပြင်ဆင်မှုများ လုပ်ထားနိုင်ကြောင်း၊ ယခုလို ပြတ်ချင်သည့်အချိန် ပြတ်ခြင်းကြောင့် လျှပ်စစ်ပစ္စည်းများ ပျက်ဆီးဆုံးရှုံးများလည်း ရှိနေကြောင်း ၎င်းက ဆိုသည်။
စက်မှုဇုန်တခုတွင် အလုပ်ဆင်းနေသည့် အထည်ချုပ် အလုပ်သမား တဦးကလည်း “ညီမတို့က အဆောင်မှာနေပြီး အလုပ် ဆင်းတော့ မနက်ဆို ၇ နာရီ အလုပ်ဝင်ရတယ်။ ညနေဆို ၆ နာရီ ၄၅ မိနစ်မှ ပြန်ရတာ။ မီးက မနက်အလုပ်သွားဖို့ ထမင်း ချိုင့် ပြင်တဲ့အချိန်ဆို ပြတ်ပြီ။ ညပိုင်း အလုပ်ကပြန်လို့ ထမင်းချက်ချိန်ဆို ပြတ်တော့ ဝယ်စားရတယ်။ အခုက ကုန်ဈေးနှုန်း ကလည်းတက်တော့ တယောက်စာ ဗိုက်ဝဖို့ ကျပ် ၁၀၀၀၊ ၂၀၀၀ နဲ့ မရတော့ဘူး။ ရတဲ့လစာနဲ့က ဘယ်လိုမှ အဆင်မပြေ ဘူး” ဟု ပြောပြသည်။
စစ်ကောင်စီ၏ မီးပြတ်မည့် ကြေညာချက် ထွက်လာပြီးနောက်ပိုင်း ဆိုလာသုံး ဆက်စပ်ပစ္စည်းများ၊ ဘတ္ထရီနှင့် မီးစက်များ အရောင်းသွက်လာသလို ဈေးနှုန်းမြင့်တက်မှုများလည်း ရှိလာကြောင်း သိရသည်။
ကိုဗစ်နိုင်တင်း ကပ်ရောဂါ ရိုက်ခတ်မှုအပြင် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲ ဆိုးကျိုးများကိုပါ ခံစားနေရသည့် ပြည်သူ များသည် စီးပွားရေးလုပ်ငန်းများ ရပ်တန့်သွားခြင်း၊ တဦးချင်း ဝင်ငွေလျော့ကျခြင်း၊ အလုပ်လက်မဲ့နှုန်း များလာခြင်း၊ ကုန်ဈေးနှုန်း မြင့်တက်ခြင်းများကြောင့် ဝင်ငွေနှင့်ထွက်ငွေမမျှ ဖြစ်နေရသည်။
ယခုအခါ လျှပ်စစ်မီး ရရှိမှုပါ မမှန်တော့သဖြင့် နောက်ဆက်တွဲ ကုန်ကျစရိတ်များက အခြေခံလူတန်းစား ပြည်သူများ အတွက် အခက်တွေ့စေသည်။
စစ်ကောင်စီ၏ မီးပြတ်မည့် ကြေညာချက် ထွက်လာပြီးနောက်ပိုင်း ဆိုလာသုံး ဆက်စပ်ပစ္စည်းများ၊ ဘတ္ထရီနှင့် မီးစက်များ အရောင်းသွက်လာသလို ဈေးနှုန်းမြင့်တက်မှုများလည်း ရှိလာကြောင်း သိရသည်။
“ခုက အိမ်တိုင်းလိုလို မီးစက် ဆောင်ထားကြကုန်ပြီ။ မီးက ဘယ်အချိန်ပြတ်မှန်းမသိ၊ ဘယ်လောက် ကြာမှန်းမသိ ဆိုတော့လေ။ အိမ်မှာလည်း သွားဝယ်လိုက်ပြီ။ စကစက ကြေညာပြီးနောက်ပိုင်း မကြာခင် ဈေးတက်တော့မှာပဲဆိုပြီး ချက်ချင်းသွားဝယ်တာတောင် အရင်နေ့က ဈေးထက် ၈၀၀၀ ချက်ချင်း တက်သွားတယ်။ ထပ်တက်ဖို့ပဲ ရှိတယ်လို့ ဆိုင်က ပြော လိုက်သေးတယ်” ဟု မအူပင်မြို့ခံတဦးက ပြောသည်။
မီးဖြတ်မည်ဟူသော စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပုံမှန်အမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည် ၄၂၀၀ မဂ္ဂါဝပ် ဖြစ်သော်လည်း လက်ရှိတွင် ပြည်ပမှ မှာယူတင်သွင်းရသော LNG to Power ဓာတ်အားပေးစက်ရုံများ၏ ထုတ်လုပ်မှု ၇၅၀ မဂ္ဂါဝပ်မှာ ဓာတ်ငွေ့ဈေးနှုန်းလေးဆခန့် မြင့်တက်မှုကြောင့် ရပ်နား ထားရသည်ဟု ဖော်ပြထားသည်။
ထို့ပြင် ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်း ပြုပြင်ထိန်းသိမ်းနေခြင်းကြောင့် ၅၄၀ မဂ္ဂါဝပ်မှာ ရပ်နားထားရပြီး ဘီလူး ချောင်း ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံကို ဓာတ်အားပေးပို့သည့် ၂၃၀ ကေဗွီ တာဝါတိုင်များ မိုင်းခွဲခံရခြင်းကြောင့် ၁၈၀ မဂ္ဂါဝပ်တို့မှာ လျော့နည်းနေသည်ဟုလည်း ဆိုသည်။
မြန်မာ့လျှပ်စစ်ကဏ္ဍသည် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဆုတ်ယုတ်သွားသော လုပ်ငန်းကဏ္ဍများထဲ တခု အပါ အဝင်ဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သည့် အစိုးရဝန်ထမ်းပေါင်း ရာနှင့်ချီရှိခဲ့သော ဌာနလည်း ဖြစ်သည်။
အဆိုပါ အခြေအနေများကြောင့် လျှပ်စစ်သုံးစွဲသော ပြည်သူများ အနေဖြင့် LED မီးသီး/မီးချောင်းများ အစားထိုး သုံးစွဲရန် နှင့် မလိုအပ်လျှင် မီးခလုတ်များ ပိတ်ထားရန်လည်း တိုက်တွန်းပြောဆိုထားသည်။
သို့သော် စစ်ကောင်စီ အနေဖြင့် မြို့နယ်အလိုက်ဖြစ်စေ၊ ရပ်ကွက်/ကျေးရွာအလိုက်ဖြစ်စေ မည်သည့်အချိန်တွင် လျှပ်စစ်မီး ပြတ်တောက်၍ မည်သည့်အချိန် ဓာတ်အားပြန်လည် ရရှိမည်ဆိုသည်ကိုမူ တိတိကျကျ ထုတ်ပြန်ထားခြင်း မရှိဘဲ ပြတ်ချင်သည့်အချိန်ကို ပြတ်နေဆဲ ဖြစ်သည်။
“မနေ့ညနေ ၆ နာရီလောက်ကတည်းက ပြတ်တာ ဒီနေ့ နေ့လယ် ၁၂ နာရီထိ ပြန်မလာသေးဘူး။ အွန်လိုင်းကနေ စာသင် နေရတဲ့သူအဖို့ တော်တော်လေး အခက်တွေ့တယ်” ဟု လှိုင်သာယာမြို့နယ်နေ ပြည်သူတဦးက ပြောသည်။
ထိုသို့ လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေသော်လည်း စစ်ကောင်စီ အနေဖြင့် လျှပ်စစ်မီတာခ မပေးဆောင်သူများအား ခြိမ်းခြောက် ဖိအားပေး တောင်းခံမှုများရှိသလို ကျသင့်သည်ထက် မီတာပိုဖတ်ခြင်း၊ တချို့ လူမနေသည့် အိမ်များပင်လျှင် မီတာခများ သောင်းဂဏန်းအထိ ပေးဆောင်ရခြင်းများလည်း ရှိနေသည်။
စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန စာရင်းများအရ ရန်ကုန်မြို့က ၁၄၀၀ မဂ္ဂါဝပ်ကျော်ဖြင့် အများဆုံး လျှပ်စစ် မီး သုံးစွဲနေပြီး မန္တလေးမြို့က ၆၀၀ မဂ္ဂါဝပ်ကျော်အထိ သုံးစွဲကာ နေပြည်တော်က ၁၄၆ မဂ္ဂါဝပ် သုံးစွဲလျက် ရှိကြောင်း သိရ သည်။
မြန်မာ့လျှပ်စစ်ကဏ္ဍသည် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ဆုတ်ယုတ်သွားသော လုပ်ငန်းကဏ္ဍများထဲ တခု အပါ အဝင်ဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်သည့် အစိုးရဝန်ထမ်းပေါင်း ရာနှင့်ချီရှိခဲ့သော ဌာနလည်း ဖြစ်သည်။
လျှပ်စစ်မီး ထုတ်လုပ်ဖြန့်ဖြူးရေး အပါအဝင် အခြေခံအဆောက်အအုံများစွာ လိုအပ်ချက်ရှိသော မြန်မာနိုင်ငံသည် ပြီးခဲ့ သည့် နှစ်များအတွင်းက တိုးတက်မှုကို ရှေးရှှုသည့် အခြေအနေ ရှိခဲ့သော်လည်း စစ်အာဏာသိမ်းမှုအောက်တွင် ယင်း အခြေအနေ အားလုံး ပြန်လည် ဆုတ်ယုတ်သွားပြီ ဖြစ်ကြောင်း လက်ရှိ အခြေအနေများက မီးမောင်းထိုးပြနေသည်။
နိုင်ငံ၏ လိုအပ်ချက်ရှိနေသော လျှပ်စစ်ဓာတ်အား တိုးထုတ်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်က တင်ဒါခေါ်ယူခဲ့ပြီး တရုတ်ကုမ္ပဏီအများစု တင်ဒါအောင်မြင်ခဲ့သော နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ် အား ထုတ်လုပ်ရေး ဆိုလာ စီမံကိန်းများကလည်း စစ်အာဏာသိမ်းပြီးနောက် စီမံကိန်းများ ရပ်ဆိုင်းထားရသည်။
ထို့အတူ စီမံကိန်း စတင်လည်ပတ်နေပြီး သဘာဝဓာတ်ငွေ့ရည် LNG မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် ရန်ကုန်မြို့ သီလဝါနှင့် သာကေတရှိ ဟောင်ကောင်ကုမ္ပဏီ VPower ၏ လျှပ်စစ်ဓာတ်အား စီမံကိန်းများသည်လည်း မြန်မာကျပ်ငွေ တန်ဖိုး မတည်မငြိမ်မှုကြောင့် အမေရိကန်ဒေါ်လာ စံချိန်တင် မြင့်တက်လာပြီး နိုင်ငံခြားမှ တင်သွင်းရမည့် LNG ဈေးနှုန်း နှင့် ဈေးကွက် တွက်ခြေမကိုက်၍ လုပ်ငန်းများ ရပ်နားထားရသည်။
NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ်အတွင်း ထုတ်ပြန်ချက်အရ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ ၃၂ ရာခိုင်နှုန်းနှင့် သဘာဝဓာတ်ငွေ့မှ ၂၀ ရာခိုင်နှုန်း အထိရှိပြီး ကျောက်မီးသွေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် အခြား ထုတ်လုပ်မှုများမှ ၅၀ ရာခိုင်နှုန်း ထုတ်လုပ်လျက်ရှိကာ မြန်မာ့လူဦးရေ၏ ၅၄ ရာခိုင်နှုန်းကိုသာ လျှပ်စစ်မီးပေးနိုင်လျက် ရှိကြောင်း သိရသည်။
ထို့အတွက် လျှပ်စစ်မီး မရရှိသေးသည့် မြို့နယ်၊ ကျေးရွာအလိုက် လျှပ်စစ်မီးလင်းရေး ကော်မတီများ ဖွဲ့စည်းကာ မီးရ ရှိရေး ဆောင်ရွက်ခဲ့သည်။ သို့သော် စစ်တပ်က အာဏာသိမ်းလိုက်ချိန်တွင် ယင်းလုပ်ငန်းများ အားလုံး ရပ်တန့်သွား ကြောင်း သိရသည်။
အာဏာသိမ်း စစ်ကောင်စီကမူ ၎င်းအား ဆန့်ကျင်သည့် အနေဖြင့် မီတာမဆောင်ဘဲ နေသည့် ပြည်သူများအား ဖိအားပေး ခြိမ်းခြောက်ပြီး မီတာခများ အတင်းအကျပ် ကောက်ခံခြင်းနှင့် မီတာမဆောင်သည့် နေအိမ်နှင့် လုပ်ငန်းများအား မီးဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည်။
“NLD အစိုးရ လက်ထက်ကမှ ရွာက လျှပ်စစ်မီးရတာ။ ကျေးလက်မီးလင်းရေး ကော်မတီက ဦးဆောင်ပြီးတော့ လုပ်ခဲ့ရ တာ။ လျှပ်စစ်မီတာခတွေကိုလည်း မီးလင်းရေး ကော်မတီကနေ ဦးဆောင်ပြီး ကောက်တယ်။ ပြီးမှ ကျသလောက် ပြန်ဆောင်ပေါ့။
လက်ရှိမှာတော့ မီတာခတွေကို ပေးတဲ့သူက ပေးတယ်၊ မပေးတဲ့သူက ပိုများလာတယ်။ အချို့ဆိုရင် ချိတ် ထားတဲ့ မီတာတွေကို ဖြုတ်ပြီး အရင်ကလိုပဲ ဆိုလာပြားတွေ ပြန်သုံးလာကြတယ်” ဟု မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ တံ တိုင်းရှည်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာသားတဦးက ပြောသည်။
ထို့ပြင် NLD အစိုးရ လက်ထက်က ကိုဗစ်နိုင်တင်း ကပ်ရောဂါကြောင့် ပြည်သူများ အခက်အခဲ ဖြစ်နေကြချိန် ၂၀၂၀ နှစ်လယ် ပိုင်းမှစတင်ကာ လစဉ်သုံးစွဲသည့် လျှပ်စစ်မီတာ ယူနစ်များကို အတိုင်းအတာတခုထိ ကင်းလွတ်ခွင့် ပြုပေးခဲ့သည်။
အာဏာသိမ်း စစ်ကောင်စီကမူ ၎င်းအား ဆန့်ကျင်သည့် အနေဖြင့် မီတာမဆောင်ဘဲ နေသည့် ပြည်သူများအား ဖိအားပေး ခြိမ်းခြောက်ပြီး မီတာခများ အတင်းအကျပ် ကောက်ခံခြင်းနှင့် မီတာမဆောင်သည့် နေအိမ်နှင့် လုပ်ငန်းများအား မီးဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည်။
သို့သော်လည်း မီတာဆောင်သည်ဖြစ်စေ၊ မဆောင်သည်ဖြစ်စေ မီးပြတ်မှုမှာ ပိုဆိုးလာနေပြီး နွေရာသီရောက်လျှင် လက်ရှိ အခြေအနေထက် ပိုမိုဆိုးရွားလာနိုင်သောကြောင့် မီတာဆောင်မည့် ပိုက်ဆံများအား မီးစက်၊ ဆိုလာများအတွက် အသုံးပြု ရန် ပြည်သူအချင်းချင်းကြား တိုက်တွန်း ပြောဆိုမှုများလည်း ရှိလာသည်။
သာကေတမြို့နယ်တွင် နေထိုင်သူတဦးက “အခုကတော့ မီးမှန်ဖို့လည်း မမျှော်လင့်ထားသလို အာဏာသိမ်း စစ်တပ်ကို လည်း မကြိုက်တာကြောင့် မီတာလည်း မဆောင်ချင်တော့ဘူး။ လိုအပ်လာရင် မီးစက်ဝယ်ပြီး စုသုံးကြတာပေါ့” ဟု ပြော ဆိုသည်။
နှစ်စဉ် လျှပ်စစ်မီး လိုအပ်ချက် ကြီးမားနေဆဲဖြစ်သည့် မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် လူ့စွမ်းအား များ လျော့နည်းခြင်းနှင့် စက်ယန္တရား ချို့ယွင်းမှုများ ဖြစ်ပေါ်နေပြီး ရေရှည်တွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အသစ်များ ဝင်ရောက်ရေးအတွက် စိန်ခေါ်မှုရှိသလို လက်ရှိ ရှိပြီးသား လုပ်ငန်းများပင် အခက်ကြုံနေရပြီ ဖြစ်သည်။
“စက်မှု လုပ်ငန်းတွေက အဓိက လျှပ်စစ်မီးကို အားကိုးနေရတာဆိုတော့ အခုလို မီးဖြတ်တာ အချိန်ကြာတော့ အလုပ်တွေ ကြန့်ကြာကုန်တယ်။ မီးပြတ်၊ မီးဖြတ်တာတွေကြောင့် လုပ်ငန်းတွေ အချိန်မီ မပြီးလို့ တောင်းပန်နေရတာတွေလည်း ရှိလာ တယ်။ အချိန်ဆုံးရှုံးမှုနဲ့ အပိုကုန်ကျမှုတွေ ရှိလာတာပေါ့” ဟု မန္တလေးစက်မှုဇုန် (၁) မှ စက်မှုလက်မှု လုပ်ငန်းရှင်တဦး က ပြောသည်။
မြန်မာနိုင်ငံသည် လျှပ်စစ်မီးကို ရေအားနှင့် သဘာဝဓာတ်ငွေ့မှ အဓိက ထုတ်ယူလျက်ရှိသော်လည်း လက်ရှိတွင် ပြည် တွင်း သဘာဝဓာတ်ငွေ့ မလုံလောက်၍ ပြည်ပမှ LNG တင်သွင်းကာ လိုအပ်ချက် ပြည့်မီစေရန် ထုတ်လုပ်သော စီမံကိန်း များ ရပ်ဆိုင်းနေသလို ဆိုလာပါဝါ စီမံကိန်းများသည်လည်း ရှေ့မဆက်နိုင်သောကြောင့် စစ်ကောင်စီ၏ လျှပ်စစ်မီး ထုတ်လုပ်မှုမှာ တဖြည်းဖြည်း လျော့ကျလာနေသည်။
ထို့ကြောင့် အစည်းအဝေးများတွင် အာဏာသိမ်း စစ်ခေါင်းဆောင် မကြာခဏ ပြောဆိုလေ့ရှိသည့် လျှပ်စစ်ရထားနှင့် လျှပ် စစ်ကားများ ပြေးဆွဲရန် ဆိုခြင်းမှာ လေထဲတွင် တိုက်အိမ်ဆောက်သလို ဖြစ်နေပြီး စိတ်မနှံ့သူတယောက် အရူးချီးပန်း ပြောနေသလိုဖြစ်နေကြောင်း အများပြည်သူက ကဲ့ရဲ့နေကြတော့သည်။
You may also like these stories:
မန္တလေးတွင် ဆိုလာသုံး ဆက်စပ်ပစ္စည်းများ ရောင်းအားသွက်လာ
ငွေရပေါက်ဖြစ်နေသည့် ဧည့်စာရင်း
ကုလသမဂ္ဂနှင့် INGO တွေ စစ်ကောင်စီမှာ လုပ်ငန်းလိုင်စင် လျှောက်တဲ့အခါ
အခွန်တိုးကောက်ပြီး အင်တာနက် အသုံးပြုမှုကို ကန့်သတ်ရန် စစ်ကောင်စီ ကြိုးပမ်း