စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုခုခံတော်လှန်စစ်ကြောင့် အုပ်ချုပ်မှုပျက်ပြားပြီး အာဏာသိမ်းမှုအောင်မြင်ရေး ကြိုးပမ်း နေရဆဲဖြစ်တဲ့ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဗဟိုပြုပြီး ဝါဒဖြန့်ဖြိုခွဲဖို့ လုပ်ဆောင်လျှက်ရှိပါတယ်။
မကြာသေးခင်က စစ်ကောင်စီအနေနဲ့ ဖမ်းဆီးတရားစွဲဆိုတာမရှိတဲ့ NLD အမတ်ဟောင်းတချို့ကို ဖိအားပေးစည်းရုံးတဲ့အ နေနဲ့ ပါတီရုံးတွေဖွင့်ပြီး ပြန်လည်ပတ်ဖို့ ပြောဆိုတာတွေရှိခဲ့ပါတယ်။
“ပါတီရုံးတွေ ပြန်ဖွင့်ဖို့ အမတ်တချို့ပြောလာတာရှိတယ်၊ ဘယ်ပြန်ဖွင့်လို့ရမလဲ၊ မဖွင့်ဖို့လဲပြောထားတယ်၊ နောက်ပြီး ပါတီ ကို ကိုယ်စားပြုပြီး ဘယ်သူနဲ့မှ မတွေ့နဲ့လို့လည်း ပြောထားတယ်” လို့ NLD အကြံပေးတဦးက ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နဲ့ ပတ်သက်ပြီး ရှေ့နေတွေက တဆင့် သဘောထားမှတ်ချက် ပေးနိုင်တယ်လို့လည်း ရှေ့နောက်မညီစွာ လမ်းကြောင်းစကားတွေကို ပြောဆိုခဲ့ပြန်ပါတယ်။
တကယ်တမ်း စစ်အုပ်စုကိုယ်တိုင်က ဖမ်းဆီးချုပ်နှောင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် မည်သည့်သတင်းစကားမှ မပေးနိုင်အောင် သူ့ရဲ့ရှေ့နေတွေကို ပုဒ်မတပ်ပြီး ပြောဆိုခွင့်တွေ ပိတ်ထားတာပါ။
ဒါဟာ လူထုထောက်ခံတဲ့ ခုခံတော်လှန်စစ်မှာ အက်ကြောင်းတွေပေါ်လာစေဖို့ ထောင်ချောက်တခုသာဖြစ်ပြီး လက်နက်ကိုင် လမ်းစဉ်ကို မနှစ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NUG၊ လက်နက်ကိုင်တော်လှန်ရေး ဦးဆောင်နေသူတွေ အကြား အယူအဆ ကွဲလွဲစေဖို့ ကြိုးပမ်းနေတာသာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူ တဦးကဆိုပါတယ်။
စစ်ခေါင်းဆောင်ရဲ့ လမ်းကြောင်းပေးမှုနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားဝင်မှတ်ချက်ပေးတာမျိုး မရှိ သေးပါဘူး။
စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့တော့ “ပြည်သူရှိရင် NLD ပါတီရှိနေမယ်၊ ပြည်သူ့ဆန္ဒကို ဘယ်တော့မှ ဆန့်ကျင်မှာမဟုတ်ဘူး” ဆိုတဲ့ သတင်းစကားတွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားဖူးပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဘယ်ပြောမလဲ၊ သူ (စစ်ခေါင်းဆောင်) က ပြောချင်တာလိုက်ပြောနေတာ၊ စကားတွေက တောင်ရောက် မြောက်ရောက်တွေ၊ တကယ့်နိုင်ငံရေး လက်နက်ကိုင်လမ်းစဉ်ကြီးက အရမ်းကိုကြီးကျယ်ပြီးတော့ အရှိန်အဟုန် ကြီးစွာနဲ့ဖြစ်နေပြီ၊ ဘာနဲ့မှ တားလို့ဆီးလို့ မရတော့ဘူး။ တမျိုးသားလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးဖြစ် သွားပြီ။ အဲဒါကို ဘယ်သူမှတားဆီးလို့မရဘူး
“ဒေါ်အောင်ဆန်းစုကြည်က ဘယ်ပြောမလဲ၊ သူ (စစ်ခေါင်းဆောင်) က ပြောချင်တာလိုက်ပြောနေတာ၊ စကားတွေက တောင်ရောက် မြောက်ရောက်တွေ၊ တကယ့်နိုင်ငံရေး လက်နက်ကိုင်လမ်းစဉ်ကြီးက အရမ်းကိုကြီးကျယ်ပြီးတော့ အရှိန်အဟုန် ကြီးစွာနဲ့ဖြစ်နေပြီ၊ ဘာနဲ့မှ တားလို့ဆီးလို့ မရတော့ဘူး။ တမျိုးသားလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးဖြစ် သွားပြီ။ အဲဒါကို ဘယ်သူမှတားဆီးလို့မရဘူး” လို့ အမည်မဖော်လိုတဲ့ NLD အကြံပေးတဦးကဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေအပေါ် လူထုရဲ့ခုခံမှုနဲ့ NUG ရဲ့ လုပ်ဆောင်မှုတွေ၊ အ ပြောင်းအလဲတွေကို ဒေါ်အောင်ဆန်းစုကြည် သိရှိနေမှာကတော့ သံသယဖြစ်စရာမရှိပါဘူး။
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေအပေါ် “ပြည်သူကတော့ စိတ်နာသွားပြီ၊ နောက်ကြောင်းမပြန်တော့ဘူး” ဆိုတဲ့ သတင်းစကား ကိုလည်း ရရှိထားမှာဖြစ်ပါတယ်။
“အပြင်မှာဖြစ်နေတဲ့ အပြောင်းအလဲတွေကို သိသင့်တာသိတယ်၊ အရမ်းမပြောဘူး၊ အရမ်းမသုံးသပ်မဆုံးဖြတ်ဘူး၊ လေး လေးနက်နက်နဲ့ အားလုံးကို သူ (ဒေါ်အောင်ဆန်းစုကြည်) စဉ်းစားတယ်” လို့ NLD နဲ့နီးစပ်သူတဦးက ပြောပါတယ်။
စစ်ကောင်စီဘက်တော့ ဒေါ်အောင်ဆန်းစုကြည် ထုတ်ပြောလာဖို့ ကြိုးပမ်းနေတဲ့ တပြိုင်တည်းမှာပဲ မကြားသေးခင်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါနဲ့ အန္ဒိယနိုင်ငံခြားရေးအတွင်းဝန်တို့ကို NLD ပါတီကိုယ်စားပြုတွေ့ဆုံသယောင်ဖန်တီးပြီး အမတ်ဟောင်းတချို့နဲ့ တွေ့ဆုံခွင့်ကို အသာတကြည်ပဲ ခွင့်ပြုခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးမှုတွေနဲ့ပတ်သက်လို့တော့ ကာယကံရှင်တွေကိုယ်တိုင် မည်သူကမှ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေး ပါဘူး။
“လောလောဆယ် ပါတီထဲကတချို့နဲ့ နိုင်ငံတကာတွေ့တယ်ဆိုတာလည်း လူပုဂ္ဂိုလ်ကိုတွေ့တာပဲဖြစ်မယ်၊ ပါတီကို ကိုယ်စား မပြုဘူး၊ တကယ်ဆိုရင် အဲဒါက တလွဲအသုံးချခြင်းခံရတဲ့အနေအထားပဲရှိတယ်” လို့ ဗဟိုအလုပ်ကော်မတီဝင် ဦးအောင် ကြည်ညွှန့်က PVTV သတင်းကိုပြောထားပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်အများအပြား ဖမ်းဆီးထောင်ချခံတာ၊ တိမ်ရှောင်နေကြရတဲ့ အနေအထားမှာ ပါတီဝင်တချို့နဲ့ အလုပ်အမှုဆောင်အဖွဲ့တရပ်ကို ဖွဲ့စည်းပြီး ပါတီလုပ်ငန်းတွေ လုပ်ကိုင်မယ်ဆိုတဲ့ ဝါဒဖြန့် သတင်းစကားတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျှက်ရှိနေပါတယ်။
ဒီလိုကြံစည်ပြောဆိုမှုနဲ့ပတ်သက်လို့တော့ ပါတီမူဝါဒတွေကို ပြည်သူ့ဆန္ဒနဲ့အညီ ရောက်တဲ့နေရာက ရတဲ့နည်းနဲ့ အလုပ်လုပ် နေကြတဲ့သူတွေကြားမှာ ပြောဆိုလုပ်ဆောင်တာမရှိတဲ့လို့ စစ်အုပ်စုနဲ့ပူးပေါင်းပြီး ဆက်လက် ရပ်တည်မယ်ဆိုတဲ့ သတင်း တွေဟာ မှန်ကန်မှုမရှိဘဲ ဝါဒဖြန့်မှုသာဖြစ်တယ်လို့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကလည်း ပြောပါတယ်။
အမှုဆောင်အသစ်ဖွဲ့ပြီးတော့ စစ်ကောင်စီနဲ့ ညှိနှိုင်းမယ်ဆိုတဲ့ သူတွေပေါ်လာရင်လည်း ပါတီကိုသစ္စာဖောက်တဲ့သူ၊ ပြည် သူ့ဆန္ဒကို သစ္စာဖောက်လိုသူတွေသာ စဉ်းစားကြမှာဖြစ်ပြီး သူတို့တွေဟာလည်း ပါတီကို ကိုယ်စားပြုနိုင်သူတွေ၊ ပါတီလုပ် ငန်းစဉ်ထဲမှာ ရှိနေတဲ့သူတွေမဟုတ်တဲ့အတွက် ပါတီတွင်းစည်းလုံးမှုပြိုကွဲနိုင်စရာ ဘာအကြောင်းမှမရှိပါဘူး
“အမှုဆောင်အသစ်ဖွဲ့ပြီးတော့ စစ်ကောင်စီနဲ့ ညှိနှိုင်းမယ်ဆိုတဲ့ သူတွေပေါ်လာရင်လည်း ပါတီကိုသစ္စာဖောက်တဲ့သူ၊ ပြည် သူ့ဆန္ဒကို သစ္စာဖောက်လိုသူတွေသာ စဉ်းစားကြမှာဖြစ်ပြီး သူတို့တွေဟာလည်း ပါတီကို ကိုယ်စားပြုနိုင်သူတွေ၊ ပါတီလုပ် ငန်းစဉ်ထဲမှာ ရှိနေတဲ့သူတွေမဟုတ်တဲ့အတွက် ပါတီတွင်းစည်းလုံးမှုပြိုကွဲနိုင်စရာ ဘာအကြောင်းမှမရှိပါဘူး”လို့ ၎င်းက ဆိုပါတယ်။
တကယ်တမ်း NLD အပေါ် အငြိုးအတေးကြီးတဲ့ စစ်အာဏာရှင်တွေဟာ အာဏာသိမ်းပြီးကတည်းက ပါတီကိုဖျက်သိမ်း ပစ်ဖို့အထိ ကြံစည်ကြိုးပမ်းခဲ့တာဖြစ်သလို ပါတီရုံးတွေကို စီးနင်းတာ၊ မီးရှို့တာ၊ ဗုံးထောင်ဖောက်ခွဲတာတွေ ပြုလုပ်ခဲ့ကြ တာပါ။
NLD ပါတီရဲ့ တရားဝင်ထုတ်ပြန်ထားချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီဝင် ၅၀၀ ခန့်ကို ဖမ်းဆီးကာ ထောင်ဒဏ်ချမှတ်တာတွေလုပ်နေသလို ပါတီဝင် ၈ ဦးလည်း စစ်ကြောရေးမှာ နှိပ်စက်သတ်ဖြတ်ခံ ခဲ့ရပါတယ်။
ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေက ပါတီရုံးတွေအပါအဝင် နိုင်ငံအနှံ့ ပါတီရုံးများ တိုက်ခိုက်ခံရမှုဟာလည်း ၈၆ ကြိမ်အ ထိရှိပြီး လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေရဲ့ အိမ်တွေကိုလည်း အဓမ္မချိတ်ပိတ်သိမ်းဆည်းတာတွေ လုပ် ဆောင် လျှက်ရှိပါတယ်။
ဒီလိုအကြမ်းဖက်သတ်ဖြတ်တာတွေအထိ လုပ်ဆောင်ခဲ့တဲ့ စစ်ကောင်စီဟာ တရုတ်အစိုးရနဲ့ တရုတ်ကွန်မြူနစ်ပါတီက NLD ပါတီရဲ့ တရားဝင်တည်ရှိမှုကို ထိတွေ့ဆက်ဆံပြသပြီးတဲ့နောက်မှာတော့ ပါတီဖျက်သိမ်းရေးအသံ ထွက်မလာတော့ဘဲ ဖြိုခွဲဖို့ကို ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းမှာဆိုရင်လည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးချန်ဟိုင်းက စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့တွေ့ဆုံရာမှာ စစ်ကောင်စီကို မြန်မာအစိုးရလို့ ခေါ်ခဲ့သလို NLD ပါတီဖျက်သိမ်းရေးကို မလိုလား ကြောင်းလည်း ဆိုခဲ့ပါတယ်။
“ဒီလောက်ဗြောင်းသက်အောင် လုပ်ထားတာ ဘယ်လိုပါတီရပ်တည်အောင်လုပ်လို့ရမလဲ၊ ဒါတွေက သွေးကွဲအောင် ဝါဒဖြန့် တာ၊ NLD ကဒီလောက်ညံ့မလား၊ ညံ့ရင်တော့လည်း ဒလန်ပဲနေမှာပေါ့၊ ဒီပွဲနဲ့တင်နိုင်မှာကို ကိုယ်သွားလုပ်မှ ရှုံးမှာ၊ ဒါတွေက ပြိုကွဲအောင်လုပ်တဲ့ ဆိုက်ဝါးတွေပါ၊ ရိုးနေပါပြီ” လို့ NLD နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီအနေနဲ့ ပါတီဖျက်သိမ်းရေးထက် လူထုခုခံတော်လှန်စစ်ကို ဦးဆောင်နေသူတွေ၊ CRPH၊ NUG၊ PDF တို့နဲ့ တခြားသော NLD ပါတီဝင်တွေအကြား သပ်လျှိုသွေးခွဲဝါဒဖြန့်မှုတွေကို ရှေ့ကစစ်အာဏာရှင်တွေရဲ့ လမ်စဉ်အတိုင်း လုပ်ဆောင်လာတာဖြစ်တယ်လို့ လေ့လာသူတဦးကပြောပါတယ်။
“ဖြိုခွဲဖို့ နည်းလမ်းဟောင်းတွေ သုံးလာတာပေါ့၊ ခေတ်မတူတော့ဘူး၊ အမြင်တွေမတူတော့ဘူး၊ လူငယ်နဲ့ ပြည်သူက အမြင် ပိုကျယ်လာရင် ပါတီမပြောနဲ့ ဘယ်အစိုးရတွေမဆို ပြည်သူကိုကျော်လို့မရပါဘူး၊ ပြည်သူ့သဘောထားနဲ့ပဲ အကုန်လုံး ပြောင်းလဲသွားမှာပါ”
“ဖြိုခွဲဖို့ နည်းလမ်းဟောင်းတွေ သုံးလာတာပေါ့၊ ခေတ်မတူတော့ဘူး၊ အမြင်တွေမတူတော့ဘူး၊ လူငယ်နဲ့ ပြည်သူက အမြင် ပိုကျယ်လာရင် ပါတီမပြောနဲ့ ဘယ်အစိုးရတွေမဆို ပြည်သူကိုကျော်လို့မရပါဘူး၊ ပြည်သူ့သဘောထားနဲ့ပဲ အကုန်လုံး ပြောင်းလဲသွားမှာပါ” လို့ လေ့လာသုံးသပ်သူတဦးက ဆိုပါတယ်။
၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံအပြီး ၁၉၉၀/၉၁ ခုနှစ်ဝန်းကျင်ကာလတွေမှာလည်း စစ်အာဏာရှင်တွေဟာ ဒေါ်အောင် ဆန်းစုကြည်နဲ့ ပါတီဥက္ကဋ္ဌ သူရဦးတင်ဦးတို့ကို ဖမ်းဆီးအကျယ်ချုပ်ချထားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကထုတ် ပယ်မလား၊ ပါတီကိုဖျက်သိမ်းမလားဆိုတဲ့ ဖိအားပေးမှုတွေနဲ့ NLD ကိုဖြိုခွဲခဲ့ပါတယ်။
ထိုစဉ်က ပါတီယာယီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ရွှေနဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးဟောင်း ဦး လွင်တို့ဟာ စစ်တပ်ရဲ့ ရာဇသံကိုလိုက်နာပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးတင်ဦးအပါအဝင် လွှတ်တော်အမတ်တွေကို ပါတီက ထုတ်ပယ်ကြောင်း ကြေညာခဲ့တဲ့အတွက် ပါတီတွင်း အကွဲအပြဲတွေဖြစ်ခဲ့သလို ပါတီဝင်အများအပြားလည်း နှုတ် ထွက်ခဲ့ကြပါတယ်။
၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ပြန်လည်လွတ်မြောက်လာချိန်မှာ ပါတီအတွင်းရေးမှူးတာဝန်ကို ပြန်လည်ထမ်းဆောင် စေခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဦးအောင်ရွှေနဲ့ ဦးလွင်တို့ဟာ ပါတီကိုအာဏာပိုင်များ အပြင်းအထန်ဖိ အားပေးချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆက်လက်ရှင်သန်ရေးအတွက် စောင့်ရှောက်အုပ်ထိန်းခဲ့သူတွေဖြစ်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
ဒီကနေ့ ဦးအောင်ရွှေလို အမုန်းခံပြီး ရပ်ရဲတဲ့သူမရှိဘူး၊ ရပ်မယ့်သူကလည်း ရှားလိမ့်မယ်။ တကယ်လို့ အဲဒီလိုလုပ်ခဲ့ရင် လည်း ပြည်သူက အရင်လိုမဟုတ်ဘူး၊ လူငယ်တွေက အနာဂတ်ကိုတည်ဆောက်တဲ့အခါ အရောင်တွေနဲ့ သွားလို့မရဘူး၊ စိတ်ရင်းစေတနာတွေနဲ့ အပြုသဘောနဲ့ ပေးဆပ်တာတွေနဲ့ တိုးတက်မှုကို ဖန်တီးကြမှာ
“ဒီကနေ့ ဦးအောင်ရွှေလို အမုန်းခံပြီး ရပ်ရဲတဲ့သူမရှိဘူး၊ ရပ်မယ့်သူကလည်း ရှားလိမ့်မယ်။ တကယ်လို့ အဲဒီလိုလုပ်ခဲ့ရင် လည်း ပြည်သူက အရင်လိုမဟုတ်ဘူး၊ လူငယ်တွေက အနာဂတ်ကိုတည်ဆောက်တဲ့အခါ အရောင်တွေနဲ့ သွားလို့မရဘူး၊ စိတ်ရင်းစေတနာတွေနဲ့ အပြုသဘောနဲ့ ပေးဆပ်တာတွေနဲ့ တိုးတက်မှုကို ဖန်တီးကြမှာ” လို့ NLDနဲ့ နီးစပ်သူက ဆိုပါတယ်။
တကယ်တမ်း လူထုခုခံစစ်ကို ဦးဆောင်နေကြတဲ့ လူငယ်တွေဟာ သူတို့ရဲ့ စစ်အာဏာရှင်တော်လှန်ရေးဟာ NLD အတွက်မ ဟုတ်ဘဲ သူတို့ရဲ့ အနာဂတ်ရည်မှန်းချက်တွေအတွက်ဖြစ်တယ်ဆိုတဲ့ သတင်းစကားကို ထုတ်ဖော် ပြောကြားထားတာလည်း ဖြစ်ပါတယ်။
ဒီအတွက် လူထုရဲ့ဆန္ဒမဲတွေကို အသိအမှတ်မပြုဘဲ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီရဲ့ ဖိအားပေးစည်းရုံးမှုတွေနဲ့ ဝါဒဖြန့် ဖြိုခွဲဖို့ ကြံစည်နေတာတွေဟာ NLD ပါတီအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။