• English
Sunday, May 18, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အင်းလျားဘေးက စစ်အာဏာသိမ်းခေါင်းဆောင်၏ အိမ်ကြီးများ

by ပေါ်ထွန်း
15 January 2022
in ဆောင်းပါး
A A
၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

၂၀၂၀ နိုဝင်ဘာ လပြည့်ည အင်းလျားကန်ဘောင်ပေါ်တွင် အပန်းဖြေနေကြသူများ / ဧရာဝတီ

53.1k
VIEWS
Share on FacebookShare on Twitter

မြန်မာ့နိုင်ငံရေးသည် အင်းလျားနှင့် ခွဲမရ။ ရန်ကုန်တက္ကသိုလ်မှသည် နေအိမ်များအထိ ပါသည်။ ကွယ်လွန်သူ စစ်အာဏာရှင် ဦးနေဝင်း အိမ်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိမ်တို့သည်လည်း အင်းလျားကို မေးတင်ရင်း ကမ္ဘာကျော်ခဲ့သည်။

ထိုသို့ ရန်ကုန်မြို့ရှိ မြေဈေးအလွန်ကြီးမားသော အင်းလျားကန်ဘေး နေရာတွင် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း အိမ်ပိုင်သည်။ သူပိုင်သောနေရာက သူ အကျိုးအမြတ်ခံစားနေရသည့် ကန်သာယာဆေးရုံနှင့် မနီးမဝေး၊ Lotte လို အဆင့်မြင့်ဟိုတယ်ကြီးနှင့်လည်း ကပ်လျက်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
546
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.5k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
485

သူများနှင့် မတူသည်က သူသည် ထိုအိမ်သာမက နောက်တအိမ်လည်း ပိုင်ဆိုင်ထားသည်။ မင်းအောင်လှိုင်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်လာသည့် ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့ရှိ အထင်ကရနေရာများတွင် ကိုယ်ပိုင်လုံးချင်းအိမ် မရှိသေးပေ။ သို့သော်လည်း ကာကွယ် ရေးဦးစီးချုပ် ဖြစ်လာပြီး ၅ နှစ်အတွင်း သိန်းပေါင်းသိန်းချီတန်သော မြေနေရာနှစ်ခုတွင် အိမ်ပိုင်နှစ်လုံး ရှိလာခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မိသားစု

ပထမအိမ်မှာ ဖော်တင်းအင်းလျားဟု ခေါ်ကြသော အင်းလျားလမ်းပေါ်ရှိ အိမ်နံပတ် ၁၄ ဖြစ်သည်။ နောက်တလုံးမှာ ခြောက်မိုင်ခွဲတွင်ရှိသော Lotte Hotel ဘေးမှဝင်ရသည့် မြက်ခင်းရိပ်သာလမ်းတွင် ရှိသည့် ခြံကျယ်ကြီးနှင့် အိမ်ကြီးဖြစ်ပါသည်။

သူသည် ၂၀၁၄ ခုနှစ် အထိ ရန်ကုန်ကိုလာသည့်အခါ အင်းလျားလမ်းရှိ အိမ်အမှတ် ၁၄ အိမ်တွင်သာ နေထိုင်သော်လည်း ၂၀၁၅ ခုနှစ် နောက်ပိုင်းမှစပြီး ရန်ကုန်ကိုလာသည့်အခါ မြက်ခင်းရိပ်သာလမ်းရှိအိမ်တွင် နေထိုင်သည်ဟု CDM စစ်သည်အချို့က ဆိုသည်။

ရန်ကုန်မှာ နေစရာအိမ်

မင်းအောင်လှိုင် ပိုင်ဆိုင်သည့် အင်းလျားလမ်း အိမ်အမှတ် ၁၄ သည် တပ်မတော်ပိုင် ရိပ်သာတခုဖြစ်ခဲ့သည်။ ထောက်လှမ်းရေးရိပ်သာဟုလည်း လူသိများကြသည်။ ယခင်က နိုင်ငံတကာမှ လာရောက်ကြသော သံတမန်များနှင့် တိုင်းရင်းသားခေါင်းဆောင်များအား အမှတ် ၁၄ အင်းလျားလမ်း ရိပ်သာတွင် တပ်မတော်ခေါင်းဆောင်များက လက်ခံတွေ့ဆုံခဲ့ကြသည်။

ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မြအား အဆိုပါရိပ်သာတွင် ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန်က လက်ခံတွေ့ဆုံခဲ့သေးသည်ဟုလည်း တပ်မတော် ထောက်လှမ်းရေးအရာရှိဟောင်း တဦးက ဆိုသည်။

မင်းအောင်လှိုင် ပိုင်သောနေရာက ယခုအခါ သူ အကျိုးအမြတ်ခံစားနေရသည့် ကန်သာယာဆေးရုံနှင့် မနီးမဝေး

ဗိုလ်ချုပ်ခင်ညွန့်သြဇာကြီးမားချိန် သင်္ကြန်ကာလရောက်တိုင်း ထောက်လှမ်းရေးသင်္ကြန်အား အဆိုပါရိပ်သာတွင် ကျင်းပ လေ့ရှိပြီး တပ်မတော်အကြီးအကဲများနှင့် အနုပညာရှင်များ လာရောက် ရေကစားလေ့ရှိသည်ဟု အဆိုပါ စစ်ထောက်လှမ်းရေးဟောင်းတဦးက ပြန်ပြောပြသည်။

သို့သော်လည်း ၂၀၁၁ နောက်ပိုင်းမှစကာ အဆိုပါအိမ်မှာ တပ်မတော်ပိုင်ရိပ်သာမဟုတ်တော့ပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အိမ်ဖြစ်သွားခဲ့ပြီး သူ ရန်ကုန်ကိုလာရောက်သည့်အခါတိုင်း အဆိုပါအိမ်တွင် နေထိုင်ခဲ့သည်။

“ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူဆင်းခါနီးမှာ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို ရန်ကုန်မှာနေစရာ အိမ်ရှိလားမေးတော့ မရှိဘူးပြောလို့ အဲဒီအိမ်ကို ပေးလိုက်တာ” ဟု ဒုတိယဗိုလ်ချုပ်ကြီးအဆင့် တာဝန် ထမ်းဆောင်ခဲ့သူတဦးက ဧရာဝတီကို ပြောဆိုသည်။

အဆိုပါ အိမ်နှင့်ခြံသည် ခေတ်ကာလပေါက်ဈေးနှင့် တွက်ချက်ပါက မြန်မာငွေ သိန်းပေါင်းသိန်းချီတန်သော မြေနေရာဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် သူရရှိသောလစာ ခံစားခွင့်ဖြင့် ဝယ်ယူနိုင်သော အိမ်နေရာမဟုတ်ပါ။ နေစရာအိမ်မရှိဟုပြောဆိုသည့်အတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ်မတော်ပိုင် ရိပ်သာတခုအား ပြင်ပပေါက်ဈေးထက် အဆပေါင်းများစွာ သက်သာသောဈေးဖြင့် မင်းအောင်လှိုင်အား ရောင်းချပေးခဲ့ပြီး တပ်မတော်ပိုင်အဖြစ်မှ ပုဂ္ဂလိကပိုင်အဖြစ်ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်ဟုလည်း အဆိုပါ ဒုတိယ ဗိုလ်ချုပ်ကြီး (ငြိမ်း) တဦးက ဆိုသည်။

ကန်ဘေးက အိမ်လည်း ယူ

စစ်အာဏာသိမ်းခေါင်းဆောင်သည် ဖော်တင်းအင်းလျားဟုခေါ်သော အင်းလျားလမ်း အိမ်အမှတ် ၁၄ ဖြင့်ပင် မတင်းတိမ်နိုင်ဘဲ ခြောက်မိုင်ခွဲ LOTTE Hotel အနီး မြက်ခင်းရိပ်သာ လမ်းပေါ်တွင်ရှိသော အိမ်ကိုလည်း တပ်မတော်ပိုင်မှ သူပိုင်အဖြစ် လက်ပြောင်းလက်လွှဲလုပ်ခဲ့သည်။

လက်ရှိအချိန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရန်ကုန်သို့လာရောက်သည့်အခါ နေထိုင်သော မြက်ခင်းရိပ်သာလမ်း အိမ်သည် ယခင်က မြန်မာ့တပ်မတော်ပိုင် အိမ်ဝိုင်း ၃ ဝိုင်းအား တခြံတည်းအဖြစ် ပေါင်းစည်းထားသောနေရာဖြစ်သည်။

ခြောက်မိုင်ခွဲ LOTTE Hotel အနီး မြက်ခင်းရိပ်သာ လမ်းပေါ်တွင်ရှိသော အိမ်ကို တပ်မတော်ပိုင်မှ မင်းအောင်လှိုင်ပိုင်အဖြစ် လက်ပြောင်းလက်လွှဲလုပ်ခဲ့သည်

အဆိုပါ အိမ်များတွင် ဦးနေဝင်းခေတ်က စ၍ တပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ချုပ်များအား တာဝန်ထမ်းနေချိန်၌ နေထိုင်စေခဲ့သည်။

တပ်မတော်စစ်ရုံးချုပ်အား နေပြည်တော်သို့ မပြောင်းခင်ထိ ဗိုလ်ချုပ် သုံးဦး နေထိုင်ခဲ့သည့် ခြံသုံးခြံနှင့် အိမ်သုံးလုံးရှိသည်။ အဆိုပါ အိမ်သုံးလုံးတွင် နောက်ဆုံးနေထိုင်ခဲ့သူများမှာ ဗိုလ်ချုပ် မောင်ညို (တွဲဖက်စစ်ရေးချုပ်)၊ ဗိုလ်ချုပ် ကျော်ဝင်း (တွဲဖက်စစ်ရေးချုပ်) နှင့် ဗိုလ်ချုပ် ကြည်ဝင်း (ဒုတိယ လေကြောင်းရန် အရာရှိချုပ်) တို့ဖြစ်သည်။

တပ်မတော်စစ်ရုံးချုပ်အား နေပြည်တော်သို့ပြောင်းလဲဖွင့်လှစ်ပြီးသည့်အချိန်ကစပြီး အဆိုပါအိမ်သုံးလုံးတွင် နေထိုင်မည့်သူမရှိတော့ပေ။ ယခင်ကနေထိုင်ခဲ့သော ဗိုလ်ချုပ်သုံးဦးမှာလည်း နေပြည်တော်ရှိ စစ်ရုံးချုပ်ဝန်းအတွင်း အိမ်ယာသို့ပြောင်းလဲနေထိုင်ခဲ့ကြသည်။

တပ်မတော်စစ်ရုံးချုပ်အား နေပြည်တော်သို့ ပြောင်းလဲဖွင့်လှစ်ပြီးနောက်ပိုင်း ရန်ကုန်မြို့တွင်းရှိ တပ်မတော်ပိုင် မြေနေရာအချို့နှင့် အဆောက်အဦးများအား ပုဂ္ဂလိကသို့ ငှါးရမ်းခြင်း သို့မဟုတ် ရောင်းချခြင်းများပြုလုပ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့်လည်း မြက်ခင်းရိပ်သာလမ်းရှိ တပ်မတော်ပိုင် အိမ်ခြံဝင်းသုံးခုအား ပုဂ္ဂလိက အမည်ဖြင့် ဂရန်ဖေါက်ကာ သူနေထိုင်ရန်အတွက် ၂၀၁၄ ခုနှစ်တွင် အိမ်စတင်ဆောက်လုပ်ခဲ့သည်။

မည်သည့်ဈေးနှုန်းဖြင့် အဆိုပါမြေနေရာအား ရောင်းချခဲ့သည်ကို မသိရသော်လည်း မြက်ခင်းရိပ်သာလမ်းရှိ မြေကွက်ဈေးနှုန်းများမှာ သိန်းပေါင်းသိန်းချီတန်သော နေရာများဖြစ်သည် ဟုအိမ်ခြံမြေအကျိုးဆောင် အချို့က ဆိုသည်။

IGE က အိမ်ဆောက်ပေး

အင်းလျားကန်စပ်တွင်ရှိသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မြက်ခင်းရိပ်သာလမ်းအိမ်အား လက်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ( ရေ) ဗိုလ်ချုပ်မိုးအောင်၏ အကိုဖြစ်သူ ဦးနေအောင် ပိုင်ဆိုင်သော IGE ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ပေးခဲ့သည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီးတွင် အစိုးရဝန်ထမ်းလုပ်ခဲ့သူ CDM ဝန်ထမ်းတဦးက ပြောသည်။

ဦးအောင်သောင်း၏သား ဦးနေအောင် ပိုင်ဆိုင်သော IGE ကုမ္ပဏီသည် ၂၀၁၂ ခုနှစ်တွင် Lotte ဟိုတယ် ဆောက်လုပ်ထားသည့် မြေနေရာကို စစ်တပ်ထံမှ ငှားရမ်း အသုံးပြုခွင့်ရခဲ့သည်/ဧရာဝတီ

ယခင် စစ်အုပ်ချုပ်ရေးခေတ်တွင် အကျင့်ပျက်ဆုံးအဖြစ် နာမည်ကြီးခဲ့သော ကွယ်လွန်သူ စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်း၏သား ဦးနေအောင် ပိုင်ဆိုင်သော IGE ကုမ္ပဏီသည် ၂၀၁၂ ခုနှစ်တွင် Lotte ဟိုတယ် ဆောက်လုပ်ထားသည့် မြေနေရာကို စစ်တပ်ထံမှ ငှားရမ်း အသုံးပြုခွင့်ရခဲ့သည်။

You may also like these stories:

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ရှုသဘင်ကျင်းပရန် ပြင်ဆင်နေ

လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးမှ အနားပေးခံရ

ပြုပြင်ပြောင်းလဲရေး အရေခြုံ ဦးစိုးသိန်း

စစ်ထောက်လှမ်းရေးကို တိုးချဲ့ ဖွဲ့စည်းနေ

Your Thoughts …
Tags: Lotte Hotelကန်သာယာဆေးရုံစစ်အာဏာသိမ်းခေါင်းဆောင်တပ်မတော်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အင်းလျားအိမ်ကြီးများ
ပေါ်ထွန်း

ပေါ်ထွန်း

Similar Picks:

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

by ဧရာဝတီ
7 August 2023
14.3k

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၂)

by အောင်သစ်
6 September 2023
10.7k

ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဦးပြည်အောင်နှင့် ဦးနေအောင်တို့က စစ်အာဏာရှင်နှင့် ပူးပေါင်းရေးတွင် သူတို့ ဖခင် ဦးအောင်သောင်းထက်ပင် လက်စောင်းထက်သည်ဟု ပြော၍ရမည် ထင်သည်။

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

၂၀၀၄ ခုနှစ် မတိုင်မီက မြန်မာ့ ထောက်လှမ်းရေး စနစ်

by ဉာဏ်သစ်
17 November 2024
8.2k

၁၉၉၁ ခုနှစ်က တက္ကသိုလ်များတွင် ကျောင်းသား ၂၀ ရှိတိုင်း သူလျှို ၁ ယောက်ကျ ရှိသည်ဟု ခန့်မှန်းထား… လက်နက်ကိုင် တပ်ဖွဲ့များတွင်မူ စစ်သည် ၁၀ ဦး ရှိတိုင်း “သူလျှို” ၁ ဦး...

(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

သိက္ခာမဲ့သော တပ်ချုပ်များ

by ဧရာဝတီ
18 December 2021
22.3k

မြန်မာ့တပ်မတော်ဟာ အာဏာရှင်ကို ကာကွယ်ပေးဖို့ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ဂိုဏ်းအဖြစ်ကို နိမ့်ကျသွားတာ နှစ်ပေါင်းအတော်ကြာပါပြီ။

စွမ်းသေးရဲ့လား

စွမ်းသေးရဲ့လား

by မသီတာ(စမ်းချောင်း)
7 April 2025
3.1k

တပ်ထဲက တပ်မှူး၊ တပ်သား လူစွမ်းကောင်းတွေ လိုနေပါတယ်။

Next Post
ကရင်ပြည်နယ်အတွင်းလှုပ်ရှားနေသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တပ်ဖွဲ့ဝင်များ  / ကျော်ခ၊ ဧရာဝတီ

အပစ်ရပ် DKBA လုံခြုံရေးစခန်းကို စစ်ကောင်စီ ထိုးစစ်ဆင်တိုက်ခိုက်

ဂျီရီဘမ်-အင်ဖာ ရထားလမ်းပေါ်က မက်ကရူမြစ်ကူး တံတား ဖောက်လုပ်နေစဉ် / The Hindu

မြန်မာသို့ ဆက်သွယ်မည့် ရထားလမ်း တည်နေရာစစ်တမ်း အိန္ဒိယ အတည်ပြု

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

7 days ago
3.5k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate