ဆောင်းပါး

မောင်စစ်ဘေးရှောင်

အမည်နာမရယ်လို့ တိတိပပ မပေးရသေးပေမယ့် အများက မောင်စစ်ဘေးရှောင်လို့ အလွယ်တကူ ခေါ်ကြတဲ့ ကလေးငယ်ကို လွန်ခဲ့တဲ့ ၂၀၂၁ ခု ဒီဇင်ဘာ ၂၁ ရက်က ကရင်ပြည်နယ် သောင်ရင်းမြစ် ကမ်းနံဘေးက စစ်ရှောင်စခန်းတခုမှာ မွေးဖွားခဲ့တာပါ။

လက်နက်ကြီးသံ တဂျိန်းဂျိန်း၊ သေနတ်သံ တဖန်းဖန်းနဲ့ စစ်ပွဲကြား ပြေးလွှားရင်း မွေးဖွားခဲ့ရသူမို့ မောင်စစ်ဘေးရှောင်လို့ ဘဝတူတွေက ခေါ်နေကြတာလည်း ဖြစ်ပါတယ်။

မောင်စစ်ဘေးရှောင်ကို ကူညီမွေးဖွားပေးခဲ့တဲ့ ဒေါ်သိန်းကတော့ လက်နက်ကြီးတွေ တဂျိန်းဂျိန်းကျတဲ့ အကြားက ကရင်ပြည်နယ် သောင်ရင်းမြစ်ကမ်းနံဘေး မြန်မာ- ထိုင်းနယ်စပ် ဖလူးလေးကျေးရွာက စစ်ရှောင်စခန်းမှာပဲ မောင်စစ်ဘေးရှောင်ကို ခဲရာခဲဆစ်မွေးဖွားခဲ့ရတာလို့ ဆိုပါတယ်။

သူ မမွေးခင် ၂ ရက်အလို ဒီဇင်ဘာ ၁၉ ရက်နေ့ ညနေပိုင်း ဖလူးကြီးကျေးရွာအနီး စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတွေကြား တိုက်ပွဲ ဖြစ်ခဲ့ရာက လက်နက်ကြီးတွေ အိမ်တွေပေါ် တဝုန်းဝုန်းကျ၊ သေနတ်သံတွေကလည်း တသောသောညံနေခဲ့တာကြောင့် ရွာသားတွေဟာ အိုးအိမ်စွန့်ခွာကာ ဒရော သောပါး ပြေးကြရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၁၅ ရက်နေ့ကတည်းက လေးကေကော်မြို့သစ်ကို ဝင်စီးသလို အနီး တဝိုက်က ကျေးရွာတွေကိုပါ ၆၀ မမ၊ ၁၂၀ မမ စိန်ပြောင်းတွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး၊ အမြောက် တပ်ရှိရာ တောင်ကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ် လေယာဉ်တွေနဲ့လည်း ဗုံးကြဲခဲ့ပါတယ်။

လက်နက်ကြီးတွေ တဂျိန်းဂျိန်း တောက်လျှောက်ပစ်နေတဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ည ၁၁ နာရီကျော်မှာတော့ နော်ကော့ကေးဟာ သူ့ရဲ့ ဒုတိယမြောက်သားကို ခက်ခဲပင်ပန်းစွာ မွေးဖွားခဲ့ရပါတယ်။

ဒီပစ်ခတ်မှုတွေကြောင့် လူနေအိမ်တချို့ ထိမှန်တဲ့အတွက် ထီးမဲဝါးခိ၊ မဲထော်သလေး၊ မင်းလက်ပံ၊ ပဟိ ကလော်၊ ရသေ့ဂူစတဲ့ ရွာအသီးသီးက လူ ထောင်သောင်းချီပြီး ထိုင်းဘက်ခြမ်း ထွက်ပြေးခဲ့သလို၊ တချို့ လည်း သောင်ရင်းမြစ်ကမ်းဘေးက ဖလူးကြီး ဖလူးလေး စတဲ့ ရွာတွေက စစ်ဘေးရှောင် စခန်းတွေကို ရောက်ရှိလာပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့မှာတော့ စစ်မီးဟာ ဖလူကြီးဘက်ကို ကူးလာတာကြောင့် ဖလူးလေးရွာသူ နော်ကော့ကေးခမျာ နေ့စေ့လစေ့ ကိုယ်ဝန်အရင့်အမာကို လွယ်ကာ အဝတ်တထည်ကိုယ်တခုနဲ့ စစ်ဘေးရှောင်ရပါတော့တယ်။

ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းတခုတွင် မောင်ချစ်ကြည်ရေးမွေးဖွားသည့်နေ့မြင်ကွင်း

နော်ကော့ကေးတယောက် ကလေးအတွက် အနှီးကအစ၊ ကလေးအသုံးအဆောင် ပစ္စည်းအားလုံးလည်း နေအိမ်မှာ ချန်ထားခဲ့ရပြီး စစ်ဘေးရှောင်စခန်းကို အများနည်းတူ တိမ်းရှောင်ခဲ့ရပါတယ်။

ဖလူးလေးရွာနဲ့ အနည်းငယ်လှမ်းတဲ့ စစ်ဘေးရှောင်စခန်းတခုကို ထွက်ပြေးရင်းက ကမ္မဇလေ လှုပ်ရှားကာ ဗိုက်နာလာတာကြောင့် ယာယီဆေးခန်းဖွင့်ထားတဲ့ ဖလူးလေးကျေးရွာက စစ်ရှောင်စခန်းကို ဒီဇင်ဘာလ ၂၁ ရက် ညဦးမှာ ရောက်ရှိလာခဲ့ပါတယ်။

“ကျမတို့ဆီမှာက ပစ္စည်းက ဘာမှမရှိဘူးလေ။ အဲဒါနဲ့ ဖလူးလေးက ဒီစခန်းကို ချက်ချင်းခေါ်လာရတာ” လို့ ဒေါ်သိန်းက ဆိုပါတယ်။

အဲဒီနောက် လက်နက်ကြီးတွေ တဂျိန်းဂျိန်း တောက်လျှောက်ပစ်နေတဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ည ၁၁ နာရီကျော်မှာတော့ နော်ကော့ကေးဟာ သူ့ရဲ့ ဒုတိယမြောက်သားကို ခက်ခဲပင်ပန်းစွာ မွေးဖွားခဲ့ရပါတယ်။

စစ်ဘေးက ပြေးရှောင်လာရတာကြောင့် မိခင်ဟာ အားအင်ကုန်ခန်းနေသလို ကလေးကလည်း ထွားလွန်း နေတာရယ် မွေးဖွားဖို့ ပစ္စည်းကိရိယာ မစုံလင်တာတွေကြောင့် ခက်ခက်ခဲခဲ မွေးဖွားခဲ့ရပါတယ်။

သတ်မှတ်ထားတဲ့ မွေးဖွားရက်ကလည်းလွန်၊ ကလေးကလည်းထွား၊ မွေးဖွားချိန်ကလည်း ကြာတာကြောင့် မိခင်ရော ဝိုင်းဝန်းမွေးဖွားပေးသူတွေပါ ဆောင်းညလယ်မှာ ချွေးဒီးဒီးကျရပါတော့တယ်။

သတ်မှတ်ထားတဲ့ မွေးဖွားရက်ကလည်းလွန်၊ ကလေးကလည်းထွား၊ မွေးဖွားချိန်ကလည်း ကြာတာကြောင့် မိခင်ရော ဝိုင်းဝန်းမွေးဖွားပေးသူတွေပါ ဆောင်းညလယ်မှာ ချွေးဒီးဒီးကျရပါတော့တယ်။

ဖလူးကြီး ကျေးရွာနားမှာ စစ်ပွဲစဖြစ်တဲ့ ဒီဇင်ဘာ ၁၉ ရက်ဟာ နော်ကော့ကေးကို ဆရာဝန်က မီးဖွားဖို့ သတ် မှတ်ပေးတဲ့ ရက်ပါ၊ ဒါပေမယ့်လည်း စစ်ဘေးကြား အသည်းအသန် ပြေးလွှားနေရတာကြောင့် မွေးဖွားရက်လွန်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဆရာဝန်၊ ဆရာမတွေလည်း ချွေးပြန်နေကြသလို ကလေးမိခင် နော်ကော့ကေးမှာလည်း ရှိသမျှ အင်အား ကုန် ညှစ်ကာ မွေးဖွားခဲ့ရပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းခဲ့ပေမယ့်လည်း မိခင်ပီပီ သားလေးကိုကြည့်ရင်း နမ်းရင်းနဲ့ နော်ကော့ကေးဟာ ပြုံးရွှင်နေပါတယ်။

“လက်နက်ကြီးသံတော့ ကြားတယ်။ နာလွန်းလို့ ဘာမှ မသိတော့ဘူး။ ဒါပေမယ့် သားလေး ဆိုတာ သိရ တော့ ပင်ပန်းတာ အကုန်လုံး ပျောက်သွားတယ်။ သားပဲ ထပ်လိုချင်တာ” လို့ သူက ရယ်ရယ်မောမောနဲ့ ဆိုပါတယ်။

ဖလူးလေး စစ်ဘေးရှောင်စခန်းမှာ စစ်ကြောင့် ထိခိုက်လာတဲ့ အရေးပေါ်လူနာတွေအတွက် နွေဦးဆေးခန်း ဆိုကာ စေတနာ့ဝန်ထမ်း ဆရာဝန်အချို့က ဖွင်ပြီး ဆေးကု‌ပေးနေခဲ့တာပါ။

ဒဏ်ရာပြင်းသူ၊ ရောဂါသည်းသူတွေနဲ့ မွေးဖွားခါနီး စစ်ဘေးရှောင် အမျိုးသမီးတွေကိုတော့ ဆေးဝါးကိရိယာ စုံလင်တဲ့ ထိုင်းဘက်ခြမ်းကို ပို့ဆောင်လေ့ ရှိပေမယ့် နော်ကော့ကေး ရောက်လာချိန်ဟာ နေ့စေ့လစေ့ ဖြစ် နေတာကြောင့် ထိုင်းဘက်ခြမ်းကို ပို့ဆောင်ဖို့ အချိန်မရတာကြောင့် ဒီဆေးခန်းလေးမှာပဲ မောင်စစ်ဘေးရှောင်လေးကို မွေးဖွားပေးလိုက်ရတာပါ။

“လက်နက်ကြီးသံတော့ ကြားတယ်။ နာလွန်းလို့ ဘာမှ မသိတော့ဘူး။ ဒါပေမယ့် သားလေး ဆိုတာ သိရ တော့ ပင်ပန်းတာ အကုန်လုံး ပျောက်သွားတယ်။ သားပဲ ထပ်လိုချင်တာ” လို့ သူက ရယ်ရယ်မောမောနဲ့ ဆိုပါတယ်။

မောင်စစ်ဘေးရှောင်လေး မွေးဖွားတဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညဦးပိုင်းမှာပဲ ထိုင်းနိုင်ငံဘက်က ဒုက္ခသည် စခန်းတခုမှာတော့ မောင်ချစ်ကြည်ရေးလို့ အမည်ပေးလိုက်တဲ့ ကလေးငယ်တဦး မွေးဖွားခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံဘက်က ယာယီ စစ်ဘေးရှောင်စခန်းမှာ နေ့စေ့လစေ့နဲ့ မွေးဖွားရတော့မယ့် စစ်ရှောင် ကိုယ်ဝန် သယ်တဦးကို မဲဆောက်ဆေးရုံက ဆေးဝန်ထမ်းတွေက အရေးပေါ် မွေးဖွားပေးလိုက်ရတာပါ။

ဒီ ကလေးငယ်ကိုတော့ မွေးဖွားပေးခဲ့တဲ့ သူတွေက ထိုင်းဘာသာစကားနဲ့ မောင်ချစ်ကြည်ရေးလို့ အဓိပ္ပါယ်ရတဲ့ နာမည်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်းက စစ်ဘေးရှောင်စခန်းမှာ မွေးဖွားခဲ့ရတဲ့ နော်ကော့ကေးရဲ့ သားလေးကိုတော့ အများက မောင်စစ်ဘေးရှောင်လို့ အမည်ပေးခဲ့ပါတယ်။

မောင်စစ်ဘေးရှောင်ကို မွေးဖွားချိန်မှာ ဖခင်ဖြစ်သူက အနားမှာ ရှိမနေနိုင်ခဲ့ပါဘူး။

ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်ဖြစ်တဲ့ ဖခင်ဟာ တိုက်ပွဲဖြစ်ရာ ရှေ့တန်းတနေရာကို သွားနေရပါတယ်။

ထိုင်းနိုင်ငံ ဒုက္ခသည် စခန်းတခုတွင် မောင်ချစ်ကြည်ရေးမွေးဖွားသည့်နေ့မြင်ကွင်း

“ကျနော်ကလည်း တာဝန်ထဲမှာဆိုတော့ မအားတော့ မိန်းမကို ထားခဲ့ရတာ” လို့ ဖခင်ဖြစ်သူက ပြောပါ တယ်။

ရှေ့တန်းကို မသွားခင်ကတည်းက တာဝန်အရ သွားရမှာမို့ ဇနီးကို မစောင့်ရှောက်နိုင်ကြောင်း အကြိမ်ကြိမ် မှာကြားခဲ့ပြီး စိတ်မဖြောင့်စွာ ထွက်သွားခဲ့ရတာပါ။ ဇနီးဖြစ်သူ ကလေးမွေးတာကို နံနက်လင်းခါနီးမှ သိခဲ့ရ တာပါ။

“ရှေ့တန်းမှာဆိုတော့ မွေးမွေးချင်းလည်း ဖုန်းဆက်လို့ မဖြစ်ဘူး” လို့ နော်ကော့ကေးက ဆိုပါတယ်။

လက်နက်ကြီးသံတွေ အဆက်မပြတ် ကြားနေရတော့ နော်ကော့ကေး ကလေး မွေးဖွားပြီးလျင် ပြီးချင်း ညတွင်းချင်းပဲ ပိုမိုလုံခြုံစိတ်ချရတဲ့ စခန်းတခုကိုလည်း ထပ်မံပြောင်းရွှေ့ခဲ့ရပါသေးတယ်။

ဒေါ်သိန်းက “ဗိုက်နာလည်း ခဲရာခဲဆစ်နဲ့ မွေးခဲ့ရတယ်။ လက်နက်ကြီးတွေ ပစ်နေလည်း ဆရာမတွေက ကလေးမွေးပြီးမှ အတူတူပြေးကြမယ်ပေါ့။ အဲဒီလိုပဲ အားတင်းမွေးခဲ့ရတာ” လို့ ပြောပါတယ်။

ကလေးကလည်း မွေးပြီးပြီးချင်းမှာ အသက်ရှူရပ်လုနီးပါးဖြစ်နေတာကြောင့် ရှေးဦးသူနာပြုစုနည်း အမျိုး မျိုးနဲ့ ကုသခဲ့ရပြီး ကလေးငိုသံကြားမှသာ သက်ပြင်းချနိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကလေးက မငိုတော့ဘူး။ ပြာနှမ်းနေတာ။ အစက သေပြီတောင် ထင်တာ။ ကလေးကို အောက်ဆီဂျင် ၁၅ မိနစ်လောက် ပေးပြီး နာရီဝက်လောက် နေမှ ကလေးက ငိုတော့မှ အားလုံးလည်း ပြုံးနိုင် ရယ်နိုင်တော့ တယ်” လို့ ဒေါ်သိန်းက ပြောပြပါတယ်။

စစ်ကောင်စီဟာ နေအိမ်နဲ့ စစ်ဘေးရှောင်စခန်းတွေလည်း မရှောင်ဘဲ ပစ်ခတ်လေ့ရှိပြီး ဖလူးကြီး ကျေးရွာ တဝိုက်က တိုက်ပွဲတွေမှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနဲ့ စာသင်ကျောင်းတွေပါမကျန် စစ်ဘေးရှောင် စခန်းတွေ အထိ ကျည်ဆန်တွေ ပလူပျံခဲ့တဲ့ အတွေ့အကြုံကြောင့် မွေးလူနာအတွက် စိတ်တထင့်ထင့်နဲ့ စိုးရိမ်နေကြရတာပါ။

“ကျည်ဆန်တွေဆိုတာ ဝီဝီနဲ့ ခေါင်းပေါ်ပျံနေတာ။ ရှေ့ကနေ ထွက်လို့ မရတော့ နောက်ဘက်ကိုင်း တောက နေတောင် ထွက်ပြေးရတာ။ အောက်ကရေတွေရွှဲပြီး ကိုင်းတောထဲ ဝပ်နေရတာ” လို့ ဖလူးကြီးမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းမှာ ပိတ်မိခဲ့တဲ့ စစ်ဘေးရှောင် အမျိုးသမီးတဦးက ပြောပြပါတယ်။

အဲဒီတိုက်ပွဲကြောင့် နေရပ်ပါ စွန့်ခွာထွက်ပြေးလာတဲ့ ပြည်သူလူထုကို ကာကွယ်ဖို့အတွက် နော်ကော့ကေး ရဲ့ ခင်ပွန်းဟာလည်း ရှေ့တန်းစစ်မျက်နှာကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

နော်ကော့ကေးကတော့ ကလေး မွေးနေတုန်းကတော့ နာကျင်မှုက လွှမ်းမိုးထားလို့ ယောက်ျားကိုရော၊ အားလုံးကိုပါ မေ့နေတယ်၊ အမြန်မွေးဖို့ပဲ ဆုတောင်းတယ်လို့ ဆိုပါတယ်။

လက်နက်ကြီးသံတွေ ကလည်း အဆက်မပြတ် ညံ၊ ယောက်ျားသား အနားမရှိခဲ့ပေမယ့် နော်ကော့ကေးရဲ့ သတ္တိ၊ ဆရာဝန်၊ ဆရာမတွေရဲ့ ဝိုင်းဝန်းပံ့ပိုးမှုတွေကြောင့် မောင်စစ်ဘေးရှောင်လေး လူ့လောကကို ရောက်လာခဲ့ပါပြီ။

မိခင်ဖြစ်သူ နေကော့ကေးကတော့ သားဖြစ်သူ မျက်နှာကို အကြိမ်ပေါင်းများစွာ ငုံ့နမ်းကာ မျက်နှာမှာလည်း အပြုံးတွေက ဝေဆာနေပါတော့တယ်။

Loading