စွမ်းအင်လုပ်ငန်းကြီးများဖြစ်သော TotalEnergies နှင့် Chevron တို့ ထွက်ခွာသွားခြင်းသည် မြန်မာစွမ်းအင်ဝန်ကြီးဌာန၏ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) သို့ ငွေကြေးစီးဆင်းမှုများ ရပ်တန့်အောင် ပိတ်ဆို့ရေးကို အမေရိကန်နှင့် ဥရောပသမဂ္ဂက ချမှတ်ဆောင်ရွက်ရန် လမ်းဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရကို လွန်ခဲ့သောနှစ်က ဖြုတ်ချခဲ့ပြီး၊ လူ့အခွင့်အရေးအဖွဲ့တခု၏ အဆိုအရ ထိုအချိန်မှစတင်သည့် အတိုက်အခံများကို ဖြိုခွဲမှုများအတွင်း လူပေါင်း ၁,၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည့် စစ်ကောင်စီနှင့် ဘဏ္ဍာရေး အဆက်အသွယ်ဖြတ်ရန် ထိုလုပ်ငန်းနှစ်ခုလုံး ဖိအားပေးခံနေရသည်။
ပြင်သစ် ကုမ္ပဏီ Total နှင့် အမေရိကန် ရေနံလုပ်ငန်းကြီး Chevron တို့သည် ထိုင်းနှင့်မြန်မာအတွက် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်သည့် အဓိက ရင်းမြစ်ဖြစ်သော အန်ဒမန်ပင်လယ်ရှိ ရတနာ သဘာဝဓာတ်ငွေ့ လုပ်ကွက်မှ ဆုတ်ခွာမည့် အစီအစဉ်ကို ပြီးခဲ့သည့် သောကြာနေ့က ကြေညာခဲ့သည်။
ပြင်သစ် ကုမ္ပဏီ Total နှင့် အမေရိကန် ရေနံလုပ်ငန်းကြီး Chevron တို့သည် ထိုင်းနှင့်မြန်မာအတွက် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်သည့် အဓိက ရင်းမြစ်ဖြစ်သော အန်ဒမန်ပင်လယ်ရှိ ရတနာ သဘာဝဓာတ်ငွေ့ လုပ်ကွက်မှ ဆုတ်ခွာမည့် အစီအစဉ်ကို ပြီးခဲ့သည့် သောကြာနေ့က ကြေညာခဲ့သည်။
Total သည် ရတနာစီမံကိန်းတွင် အဓိကရှယ်ယာရှင်နှင့် စီမံခန့်ခွဲသူဖြစ်ပြီး ရှယ်ယာများ၏ ၃၁ ဒသမ ၂၄ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကာ Chevron က ၂၈ ရာခိုင်နှုန်း၊ PTT ထိုင်းနိုင်ငံ ရှာဖွေရေးနှင့် ထုတ်လုပ်ရေး (PTTEP) က ၂၅ ဒသမ ၅ ရာခိုငှ်ုန်းနှင့် နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ကျန် ၁၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကြသည်။
Total နှင့် MOGE တို့သည် ရတနာလုပ်ကွက်နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့် ပိုက်လိုင်းကို ပိုင်ဆိုင်သော မုတ္တမ ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (MGTC) တွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ကြသည်။
Total သည် “မည်သည့်ဘဏ္ဍာရေးလျှော်ကြေးမျှမပါဘဲ လုပ်ငန်းစီမံဆောင်ရွက်သူအဖြစ်မှသာမက ရှယ်ယာရှင်အဖြစ်မှပါ ထွက်ခွာရေး” ပဋိညာဉ် စာချုပ်လုပ်ငန်းစဉ်ကို စတင်လုပ်ကိုင်ရန် ဆုံးဖြတ်လိုက်သည်။ ပြဋ္ဌာန်းထားချက်မှာ လုပ်ငန်းမှဆုတ်ခွာသောအခါ Total ၏ အကျိုးစီးပွားများကို “လက်ရှိစီးပွာဘက်များက မကန့်ကွက်ပါက ၎င်းတို့အကြား ခွဲဝေရမည်၊ လုပ်ငန်းစီမံဆောင်ရွက်သူ အခန်းကဏ္ဍကို စီးပွားဖက်များအနက်တဦးက တာဝန်ယူရမည်” ဖြစ်သည်။
ထို့ကြောင့် ထိုင်း PTTEP နှင့် မြန်မာ MOGE တို့က Total နှင့် Chevron တို့၏ ရှယ်ယာများကို ခွဲဝေရရှိကြမည်ဖြစ်သည်။MOGE မှ ရရှိသောဝင်ငွေသည် မြန်မာစစ်ကောင်စီအတွက် အကြီးမားဆုံး ဝင်ငွေရင်းမြစ်များအနက် တခုဖြစ်သည်။
အနောက်နိုင်ငံ ကုမ္ပဏီနှစ်ခု၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို လေ့လာသုံးသပ်နေကြောင်း PTTEP က ကြေညာချက်တစောင်တွင် ပြောကြားပြီး မြန်မာနှင့် ထိုင်းနိုင်ငံအတွက် စွမ်းအင်ဖူလုံမှုသည် ၎င်းတို့အတွက် အဓိကထားသော ကိစ္စဖြစ်ကြောင်း ဖော်ပြသည်။
အနောက်နိုင်ငံ ကုမ္ပဏီနှစ်ခု၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာမည့် သက်ရောက်မှုများကို လေ့လာသုံးသပ်နေကြောင်း PTTEP က ကြေညာချက်တစောင်တွင် ပြောကြားပြီး မြန်မာနှင့် ထိုင်းနိုင်ငံအတွက် စွမ်းအင်ဖူလုံမှုသည် ၎င်းတို့အတွက် အဓိကထားသော ကိစ္စဖြစ်ကြောင်း ဖော်ပြသည်။
ရတနာလုပ်ကွက်မှ ထွက်သော ဓာတ်ငွေ့များ၏ ၃၀ ရာခိုင်နှုန်းကို MOGE သို့ ပြည်တွင်းသုံးရန် ရောင်းချပြီး ကျန်ဓာတ်ငွေ့များကို ပိုက်လိုင်းမှတဆင့် ထိုင်းနိုင်ငံသို့ PTTEP က တင်ပို့သည်။
တနှစ်လျှင် ဒေါ်လာ ၁ ဘီလီယံ ရှာဖွေပေးသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ပြောသော မြန်မာ့ဓာတ်ငွေ့လုပ်ငန်းသည် ယခုအချိန်အထိ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ (EU) က ချမှတ်ထားသည့် အကျိုးအမြတ်များသော စစ်တပ်ပိုင် သစ်နှင့်ကျောက်စိမ်း လုပ်ငန်းများအပေါ် အရေးယူပိတ်ဆို့မှုများကဲ့သို့မှ လွတ်မြောက်နေဆဲဖြစ်သည်။
သောကြာနေ့က ကြေညာချက်သည် အသေအချာ ထူးခြားကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) မှ မြန်မာ သုတေသီ မန်နီမောင်က AFP သတင်းဌာနသို့ ပြောသည်။
“ဒါပေမယ့် ဒီစစ်ကောင်စီကို အပြီးတိုင် ချေမှုန်းဖို့ ဖိအားတွေ နောက်ထပ် အများကြီးလိုသေးတယ်” ဟု လည်း သူကပြောသည်။
“အစိုးရတွေအနေနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေကို အရေးယူဖို့ နှောင့်နှေးရတဲ့ အကြောင်းပြချက် မရှိတော့ဘဲ အခြားမသမာတဲ့ အဖွဲ့အစည်းတွေ ဈေးကွက်ထဲဝင်တာကို တားဆီးနိုင်ပြီ” ဟုလည်း သူကပြောသည်။
စစ်ကောင်စီက ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများသည် မတည်ငြိမ်မှု လပေါင်းများစွာနှင့် သပိတ်မှောက်ခြင်းများကြောင့် ကျဆုံးနေချိန်တွင် Total နှင့် Chevron တို့ မြန်မာမှ ထွက်ခွာသွားသောကြောင့် စစ်ကောင်စီသည် နိုင်ငံခြားငွေ ဒေါ်လာ သန်းပေါင်း ရာချီ နှစ်စဉ်ဆုံးရှုံးစေမည် ဖြစ်သည်။
စစ်ကောင်စီက ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများသည် မတည်ငြိမ်မှု လပေါင်းများစွာနှင့် သပိတ်မှောက်ခြင်းများကြောင့် ကျဆုံးနေချိန်တွင် Total နှင့် Chevron တို့ မြန်မာမှ ထွက်ခွာသွားသောကြောင့် စစ်ကောင်စီသည် နိုင်ငံခြားငွေ ဒေါ်လာ သန်းပေါင်း ရာချီ နှစ်စဉ်ဆုံးရှုံးစေမည် ဖြစ်သည်။
Total တခုတည်းကပင် မြန်မာအာဏာပိုင်များကို ၂၀၂၀ ပြည့်နှစ်က ဒေါ်လာ ၁၇၆ သန်း နီးပါး အခွန်နှင့် ထုတ်လုပ်ခွင့်အတွက် ပေးရကြောင်း ထိုကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းများအရ သိရသည်။
စစ်ကောင်စီကို ဖြုတ်ချရန် ကြိုးစားနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ လွှမ်းမိုးသော စင်ပြိုင်အစိုးရဝန်ကြီး နော်ဆူဇန်နာ လှလှစိုးက ထိုသတင်းသည် စစ်ကောင်စီကို ပြင်းထန်သည့် သတင်းစကား ပေးပို့လိုက်ခြင်းပင်ဖြစ်ကြောင်း ပြောသည်။
“တခြားကုမ္ပဏီတွေလည်း ဗိုလ်ချုပ်တွေကို ပိုမိုဖိအားပေးဖို့ Total ရဲ့ ဥပမာအတိုင်း လုပ်ဆောင်ရမယ်” ဟုလည်း သူက ပြောသည်။
ပြင်သစ်နှင့် အမေရိကန် ကုမ္ပဏီများသည် နောက်ကျစွာဖြင့် လူ့အခွင့်အရေးအဖွဲ့များနှင့် တက်ကြွသူများ၏ ဖိအားကို အရှုံးပေးရန် စိတ်အားထက်သန်သည်ဆိုလျှင်ပင် စစ်ကောင်စီ အုပ်ချုပ်နေသော မြန်မာတွင် ငွေရှာရန် စိုးရိမ်ပူပန်မှု မရှိသော အခြားလုပ်ငန်းများ ရှိနေသည်။
“အာရှရင်းနှီမြှုပ်နှံသူတွေက လူ့အခွင့်အရေးအပေါ် ကတိကဝတ်နဲ့ ရှယ်ယာရှင်တွေရဲ့ ဖိအား ပိုနည်းတဲ့အတွက် သူတို့ကို တားဆီးရတာ ပိုမိုခက်ခဲတယ်” ဟု သြစတြေးလျနိုင်ငံ၊ ကာတင်တက္ကသိုလ်မှ ဒေါက်တာ ထွေးထွေးသိန်းက AFP သတင်းဌာနသို့ ပြောသည်။
ပိုင်ဆိုင်မှု အပြောင်းအလဲ လုပ်သောကြောင့် စစ်ကောင်စီအတွက် ရေတို အကျိုးအမြတ် ရစေနိုင်ကြောင်းလည်း အခြားသူများက ပြောသည်။
Total ထွက်ခွာသွားခြင်းသည် စစ်ကောင်စီအပေါ် အယုံအကြည်ကင်းမဲ့ကြောင်း အကြီးအကျယ် ပြသလိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံတကာ အကျပ်အတည်း လေ့လာရေးအဖွဲ့ (ICG) မှ မြန်မာနိုင်ငံဆိုင်ရာ ဝါရင့်အကြံပေး ရစ်ချတ်ဟိုဆေးက ပြောသည်။
သို့သော် စစ်ကောင်စီသည် ရှယ်ယာများ ပိုမို ပိုင်ဆိုင်လာပြီး အနောက်နိုင်ငံ အရေးယူပိတ်ဆို့မှုများ၏ နယ်ပယ်ထက်ကျော်သော တရားစီရင်ခွင့်အတွင်း ရတနာလုပ်ကွက်ကို စီမံသူထံမှ ၎င်းတို့လိုလားသော စည်းကမ်းချက်များနှင့် လက်မှတ်ထိုးခများ ရနိုင်မည်ဖြစ်သည်။
သို့သော် စစ်ကောင်စီသည် ရှယ်ယာများ ပိုမို ပိုင်ဆိုင်လာပြီး အနောက်နိုင်ငံ အရေးယူပိတ်ဆို့မှုများ၏ နယ်ပယ်ထက်ကျော်သော တရားစီရင်ခွင့်အတွင်း ရတနာလုပ်ကွက်ကို စီမံသူထံမှ ၎င်းတို့လိုလားသော စည်းကမ်းချက်များနှင့် လက်မှတ်ထိုးခများ ရနိုင်မည်ဖြစ်ကြောင်းလည်း သူကပြောသည်။
ဗိုလ်ချုပ်များ၏ စီးပွားရေး လုပ်ငန်းများသည် ဓာတ်ငွေ့လုပ်ငန်းသာမက သတ္တုနှင့် ကျောက်မျက်တူးဖော်ရေး၊ ဘဏ်များ၊ စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းများအထိ ကျယ်ပြန့်သောကြောင့် စစ်အုပ်စုသည် များပြားလှသော ဝင်ငွေများရရှိနေပြီး ထိုလုပ်ငန်းများကို အနီးကပ် ကြီးကြပ်ထားသည်။
စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းက လွှမ်းမိုးထားသည့် ကျောက်စိမ်းလုပ်ငန်း တခုတည်းသည်ပင် စစ်အုပ်စုအတွက် စာရင်းပြင်ပဝင်ငွေ နှစ်စဉ် ဒေါ်လာ ဘီလီယံပေါင်းများစွာ ရရှိစေကြောင်း သုတေသီများက ပြောသည်။
Total သည် မြန်မာမှ ချက်ခြင်းထွက်ခွာမည် မဟုတ်ပေ။ ပဋိညာဉ်အရ သတ်မှတ်ထားသော ကာလ ၆ လအထိ ထိုလုပ်ငန်းကို ဆက်လက်စီမံမည်ဖြစ်ကြောင်း ၎င်းတို့၏ ကြေညာချက်တစောင်က ဆိုသည်။
သို့သော် စစ်အာဏာသိမ်းထားသော မြန်မာမှ Total နှင့် Chevron ထွက်ခွာရန် မည်မျှ လွယ်ကူမည်ကို ဆက်လက် စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ဒေါက်တာ ထွေးထွေးသိန်းက ပြောကြားပြီး ဇူလိုင်လကတည်းက မြန်မာမှ ထွက်ခွာတော့မည်ဟု ကြေညာထားသည့် တယ်လီနော၏ ထွက်ခွာမှုကို စစ်အုပ်စုက အချိန်ဆွဲထားကြောင်း သူက ထောက်ပြသည်။
“Total လည်း အလားတူ အခြေအနေကို ရင်ဆိုင်ရမှာပဲ” ဟု သူက ပြောသည်။
ကိုးကား။ ။ ဘန်ကောက်ပို့စ် သတင်းစာပါ Impact of oil firms’ exit from Myanmar limited
You may also like these stories:
MOGE ကို အရေးယူပိတ်ဆို့ရန် ဂျိုးဘိုင်ဒင်ကို အမေရိကန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း
ဓာတ်ငွေ့ပိုက်လိုင်း အကျိုးအမြတ် MOGE ကို ထုတ်မပေးရန် Total နှင့် Chevron သဘောတူ
အာဏာသိမ်းမှုက စစ်တပ်အသိုင်းအဝိုင်း စီးပွားရေးများကိုပါ ထိခိုက်ဆုံးရှုံးစေသည်
MOGE နှင့် စာချုပ်ချုပ်ဆိုမှုများအား NUG က အမိန့်ထုတ်ပြန် ကန့်သတ်