ရှမ်းပြည်နယ်၌ လက်နက်ကိုင်ပဋိပက္ခဖြစ်နေသည့် တအောင်းနှင့် ရှမ်းလက်နက်ကိုင်အဖွဲ့တို့က တိုက်ပွဲများ ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရေး ဆောင်ရွက်လိုကြောင်း ပြောလာသည်။
ဇန်နဝါရီ ၁၀ ရက်က တအောင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ် (TNLA) ဗဟိုကော်မတီ၏ ထုတ်ပြန်ချက် တွင် ဒေသခံပြည်သူများ စစ်ဘေးဒဏ် ထပ်မသင့်စေရေး နှစ်ဖက်တပ်များအကြား တိုက်ပွဲများ ရပ်ဆိုင်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရန် အသင့်ရှိသည်ဟု ဆိုထားသည်။
(TNLA) ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင်လည်း ၂ ဖက်တပ်ဖွဲ့များအကြား တိုက်ပွဲများရပ်ဆိုင်းပြီး ဒေသခံပြည်သူများ စစ်ဘေးဒဏ် ထပ်မသင့်စေရန်အတွက် တွေ့ဆုံဆွေးနွေးအဖြေရှာရန် အသင့် ရှိကြောင်းဆိုထားသည်။
အလားတူ ဇန်နဝါရီ ၁၈ ရက်က သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ တတိယအကြိမ်မြောက် ကွန်ဂရက် အပြီး ထုတ်ပြန်ကြေညာချက်တွင်လည်း သျှမ်းပြည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ပြဿနာဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ပါရှိ သည်။
ယင်းအပြင် TNLA နှင့် မဟာမိတ်ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်တွင် အခြေစိုက်သော ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ကလည်း လက်နက်ကိုင်ပဋိပက္ခကို ညှိနှိုင်းဆွေးနွေးလိုသည့် သဘောထား ရှိနေကြောင်း ထံမှသိရသည်။
ထိုကဲ့သို့ RCSS နှင့် SSPP၊ TNLA တို့ကြားထဲ လက်နက်ကိုင်ပဋိပက္ခကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းသည့်နည်းဖြင့် ဖြေရှင်း လိုသည်ဟု ယခုမှပြောလာခြင်းမဟုတ်ဘဲ ပဋိပက္ခစဖြစ်ချိန်ကတည်းက မကြာခဏဆိုသလို ထိုသဘောထားကို ထုတ်ပြော နေခြင်းဖြစ်သည်။
လက်တွေ့အခြေအနေတွင် တွေ့ဆုံဆွေးနွေးရေးသည် တကြိမ်တခါမျှ လောက်လောက်လားလား ဖြစ်လာခြင်းမရှိဘဲ၊ တိုက်ပွဲများသာ တိုးလာပြီး စစ်ဘေးဒုက္ခသည်များသာ ပိုများလာနေသည်။
သို့သော် လက်တွေ့တွင်မူ တကြိမ်တခါမျှ တွေ့ဆုံဆွေးနွေးရေး ကြီးကြီးမားမား ဖြစ်ခဲ့သည်ကို မတွေ့ရဘဲ တိုက်ပွဲများသာ တိုးလာပြီး စစ်ရှောင်ဒုက္ခသည်ပိုများလာသဖြင့် ထိုသို့ပြောဆိုမှုများကို သံသယဖြင့် ဆန်းစစ်ရန် လိုနေသည့် အခြေ အနေဖြစ်သည်။
TNLA မှ ဒုတိယဗိုလ်မှူးကြီးမိုင်းအိုက်ကျော်က RCSS နှင့် တွေ့ဆုံဆွေးနွေးနိုင်မည့် အခြေအနေရှိမရှိနှင့် ပတ်သက်၍ ၎င်းတို့အနေနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း သဘောထားထုတ်ပြန်ထားသော်လည်း RCSS ဘက်သို့ တရားဝင်စာပို့ အကြောင်းကြားထားခြင်းမရှိကြောင်း ဆိုသည်။
“ထုတ်ပြန်ချက်ထဲမှာလည်း ပါပြီးသားဖြစ်တယ်။ ၂၀၁၅ ထဲမှာ ကျနော်တို့ နယ်မြေကို ကျူးကျော် ဝင်ရောက်လာတဲ့ RCSS ကို ကျနော်တို့ နယ်မြေအတွင်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်တယ်။ ဒါကြောင့် RCSS နဲ့ တိုက်ပွဲဖြစ်နေရုံနဲ့ မပြီးဘူး။ တွေ့ဆုံ ဆွေးနွေးဖို့ လိုတယ်ပေါ့။ အဲဒါမှ တိုက်ပွဲတွေရပ်စဲနိုင်မယ်ပေါ့။ တွေ့ဆုံဆွေးနွေးရေးညှိနှိုင်းတာကတော့ မရှိသေးဘူး” ဟု ၎င်းက ဆိုသည်။
မည်သည့် အကြောင်းကြောင့် တွေ့ဆုံဆွေးနွေးနိုင်ရန် တဖွဲ့နှင့်တဖွဲ့ အပြန်အလှန်ချိတ်ဆက်မှု မရှိရသေးသည်နှင့် ပတ်သက်၍မူ ဒုတိယဗိုလ်မှူးကြီးမိုင်းအိုက်ကျော်က ဆက်လက် ပြောကြားခြင်းမရှိပေ။
SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်ကလည်း RCSS နှင့် ဆွေးနွေးနိုင်ရေး SSPP အနေနှင့် ၂၀၁၁ ခုနှစ် ကတည်းက ကြိုးပမ်းခဲ့သော်လည်း မပြေမလည်ဖြစ်မှုများသာရှိနေကြောင်း ဆိုသည်။
“ကျနော်တို့ရဲ့ သဘောထားကတော့ အရင်ကတည်းကပြောထားပြီးဖြစ်တယ်။ တော်လှန်ရေး လုပ်တယ်ဆိုတာက နယ်မြေ ကန့်သတ်ဖို့ လိုတာရှိတယ်။ နယ်မြေပိုင်းခြား သတ်မှတ်မှုကို အရေးမထားဘဲ တခြားဟာကို ဆွေးနွေးတယ်ဆိုတာက အဟန့်အတားဖြစ်တယ်။ အဲဒါကြောင့်မို့ ဒီဟာကို အရင်ဆုံး ဖြေရှင်းမှဖြစ်မယ်ဆိုတာ သဘောထားထုတ်ပြီးသား ဖြစ်ပါ တယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိကာလအထိ SSPP နှင့် RCSS တို့အကြား အလွတ်သဘော ဆက်သွယ်မှုရှိသော်လည်း တရားဝင်တွေ့ဆုံဆွေးနွေးမှု မလုပ်နိုင်သေးကြောင်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ရှင်းပြသည်။ မည်သို့ပင်ဖြစ်စေ အဆုံးသတ်တွင် ရှမ်းလက်နက်ကိုင်အဖွဲ့ များဖြစ်သည့် SSPP နှင့် RCSS တို့အကြား တွေ့ဆုံဆွေးနွေးရေးနှင့်သာ ပြဿနာကို အဆုံးသတ်နိုင်မည်ဟု ယုံကြည် ကြောင်း ၎င်းက ပြောသည်။
“ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးက မရပ်တန့်ပါဘူး။ ဒီဟာ လုပ်ချင်လို့ဖြစ်တာမဟုတ်ပါဘူး။ မလွှဲမရှောင်သာ ဖြစ်နေတဲ့ ပဋိပက္ခဖြစ်ပါတယ်။ မပြေလည်မှုတွေရှိတော့ မလိုလားအပ်တဲ့ ဖြေရှင်းနည်းတွေနဲ့ပဲ ကျနော်တို့ ဖြေရှင်းခဲ့ရတာရှိတယ်။ ဘာပဲပြောပြော ကျနော်တို့ နောက်ဆုံးမှာတော့ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနဲ့ပဲ ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့ ယုံကြည် တယ်” ဟု ဗိုလ်မှူးစိုင်းဖုန်းဟန်က ဆိုသည်။
RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံကလည်း တွေ့ဆုံဆွေးနွေးလိုသည့် သဘောထားကို RCSS အနေဖြင့် ကြိုဆို သော်လည်း လက်ရှိအချိန်အထိ SSPP နှင့် TNLA ဘက်က တရားဝင်စာပို့လာခြင်း၊ ဆက်သွယ်လာခြင်း မရှိသေးကြောင်းဆိုသည်။
တွေ့ဆုံဆွေးနွေးရန်ဆိုသည်မှာ လူကြားကောင်းရုံသာ နိုင်ငံရေးအရ သဘောထားထုတ်ပြန်နေရုံနှင့် မရဘဲ၊ လက်တွေ့ဆွေးနွေးချင်သည့် စိတ်ဆန္ဒရှိရန်လည်း လိုအပ်ကြောင်း ဗိုလ်မှူးခမ်းစံက ထောက်ပြသည်။
“ကျနော်တို့ဘက်ကလည်း လမ်းဖွင့်ထားတယ်။ ကျနော်တို့ဘက်က တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ထုတ်ဖော်ပြော ထားပြီးသား ဖြစ်တယ်။ ဒါပေမယ့် ဆွေးနွေးမှုကတော့ တကြိမ်မှ ဖြစ်မလာဘူးပေါ့။ တိုက်ပွဲပဲ ဖြစ်လာတယ်။ မြေပြင်မှာက အဲဒီလိုပဲဖြစ်နေတာပေါ့” ဟု ၎င်းက ရှင်းပြသည်။
တွေ့ဆုံဆွေးနွေးရန်ဆိုသည်မှာ လူကြားကောင်းရုံသာ နိုင်ငံရေးအရ သဘောထားထုတ်ပြန်နေရုံနှင့် မရဘဲ၊ လက်တွေ့ ဆွေးနွေးချင်သည့် စိတ်ဆန္ဒရှိရန်လည်း လိုအပ်ကြောင်း ဗိုလ်မှူးခမ်းစံက ထောက်ပြသည်။ လက်တွေ့ မြေပြင်အခြေအနေတွင်မူ ထုတ်ပြန်ချက်နှင့် ကွာဟစွာပင် စစ်ရေးတင်းမာမှုများ ဖြစ်နေသည်။
RCSS နှင့် SSPP၊ TNLA တို့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း နယ်မြေအငြင်းပွားမှုကို အခြေခံ၍ နှစ်ဖက်အကြား အကြိမ် ၂၀၀ ကျော် တိုက်ပွဲများ အပြင်းအထန်ဖြစ်ခဲ့ပြီး လက်ရှိ ကာလတိုင်အောင် တိုက်ပွဲများ ဖြစ်နေဆဲဖြစ်ကြောင်း မြေပြင်သတင်းများအရ သိရသည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာမှစ၍ RCSS သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ အခြေစိုက် လှုပ်ရှားသည့် TNLA၊ SSPP တို့နှင့် နမ့်ဆန်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ မြို့နယ်တို့တွင် နယ်မြေ အငြင်းပွားမှုများကြောင့် ပဋိပက္ခများ စတင်ခဲ့သည်။
TNLA နှင့် SSPP မဟာမိတ်တပ်များသည် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ၏ အကူအညီကို ရယူကာ RCSS ကို ပူးပေါင်း တိုက်ခိုက်ခြင်းများ ပြုလုပ်ပြီး တိုက်ပွဲများမှာ RCSS ဘက်က နယ်မြေကျော်လွန် လှုပ်ရှားခြင်းနှင့် တပ်ဖြန့်ကျက်ခြင်းကြောင့် ဖြစ်ရသည်ဟု ပြောဆိုထားသည်။
RCSS ဘက်ကလည်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သဖြင့် ရှမ်းပြည်နယ်အတွင်း မည်သည့် နေရာမဆို လှုပ်ရှားခွင့် ရှိပြီး အချို့နယ်မြေများသည် ၎င်းတို့ ယခင်က လှုပ်ရှားဖူးသည့် နယ်မြေဟောင်းများ ဖြစ်သည်ဟု ပြောဆိုသည်။
၂၀၂၁ ခုနှစ် ဇွန်နှင့် ဇူလိုင်လအတွင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်အတွင်းရှိ လွယ်ဟွန်းတောင်ကြော တလျှောက်တွင် SSPP နှင့် RCSS အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး SSPP ဘက်က UWSA တပ်များ ဝင်တိုက်ပေးခဲ့သည်လည်းရှိသည်။
လတ်တလောတွင်လည်း ယခုနှစ် ဇန်နဝါရီ ဒုတိယပတ်မှစတင်ကာ သီပေါမြို့နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် သီပေါ-ကျောက်မဲ ကားလမ်းတလျှောက် အပါအဝင် မိုင်းကိုင်မြို့နယ်၊ ပန်ကေတု ကျေးရွာနှင့် ဟန်ငိုင်းရွာဘက်တွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
RCSS နှင့် SSPP၊ TNLA တို့အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသော စစ်ဘေးရှောင်များမှာ မိုင်းကိုင်မြို့နယ်ထဲတွင် ၂၅၀၀ ခန့်၊ လဲချားမြို့နယ်ထဲတွင် ၈၀၀ ခန့်နှင့် ကျောက်မဲမြို့နယ်ထဲတွင်လည်း ရာနှင့်ချီ ရှိကြောင်း RCSS ၏ စာရင်းများက ဖော်ပြသည်။
SSPP ဘက်ကမူ မြေပြင်တွင် စစ်ရေးတင်းမာနေသည်မှာ မှန်ကန်သော်လည်း စစ်ဘေးရှောင်ပမာဏမှာ RCSS ဘက်က ပြောသည့် ပမာဏအတိုင်း မများပြားနိုင်ကြောင်းဆိုသည်။
“စာရင်းတွေကလည်း ကြိုတင်ပြီးရှောင်တာတွေလည်း ရှိတယ်။ ဘေးပယောဂကြောင့်လည်း ရှိတယ်။ ဒါပေမယ့် လောလောဆယ် ရှေ့တန်းသတင်းပေးချက်အရတော့ ရွာသားတွေက မပြေးပါဘူး။ သဘောက တိုက်ပွဲဖြစ်တယ်။ ရှောင်သွားလိုက် ပြန်လာလိုက်ဖြစ်နေတယ်။ အတိအကျတော့ ကျနော်တို့လည်း ပြောလို့မရပါဘူး။ ဆိုရှယ်မီဒီယာမှာ ကျတော့ လိုတိုး ပိုလျှော့ သတင်းတွေ ဖြန့်နေတာတွေ့ရတယ်” ဟု SSPP ပြောခွင့်ရ ဗိုလ်မှူးစိုင်းဖုန်းဟန်က မှတ်ချက်ပေးသည်။
ထို့အပြင် SSPP နှင့် RCSS ၂ ဖွဲ့စလုံးက မြေပြင်တွင် အရပ်သားများအား ဖမ်းဆီးမှုများရှိနေသည်ဆိုသည့် သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပြန်သည်။
ဥပမာအားဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ်တွင် မိခင်ဖြစ်သူ၏ ဈာပနသို့ သွားရောက်ပြီးနောက် နေရပ်ပြန်လာသည့် မိုင်းကိုင်မြို့နယ် (တအာင်း) ပလောင်အမျိုးသားပါတီ (TNP) ဥက္ကဋ္ဌ ဦးမိုင်းနုမ်ဟန်သည် ၇ လ အရွယ်သမီး၊ ဇနီးဖြစ်သူတို့နှင့်အတူ မိုင်းကိုင်မြို့နယ် တုံလော့ရွာရှိ RCSS ၏ စစ်ဆေးရေး ဂိတ်ကို ဖြတ်ပြီးနောက်တွင် ပျောက်ဆုံးသွားသည်လည်းရှိသည်။
မိုင်းကိုင်ဒေသခံအများစုကမူ ဦးမိုင်းနုမ်ဟန်တို့ မိသားစုကို RCSS ဘက်က ဖမ်းဆီးသွားခြင်းဖြစ်နိုင်ကြောင်း ယုံကြည်ကြသော်လည်း TNP ပါတီဘက်ကမူ မည်သူဖမ်းသွားမှန်း အတည်မပြုနိုင်ကြောင်းဆိုသည်။
နယ်မြေအငြင်းပွားမှုအပေါ် မူတည်သည့် ပဋိပက္ခများသည် လတ်တလောတွင် စစ်ရေးတင်းမာနေပြီး ပြေလည်ရန် မလွယ်သည့် အနေအထားဖြစ်နေကြောင်း
အလားတူ SSPP တပ်မဟာ (၁) ကလည်း ဇန်နဝါရီလ ၁၂ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဝမ်းပန်ကျေးရွာမှ ရွာသား ၂၀ ကျော်ကို ရိုက်နှက်ဖမ်းဆီးသွားသည်လည်း ရှိကြောင်း မိုင်းရှူးဒေသခံ တချို့က ဆိုသည်။
မြန်မာနိုင်ငံ အခြေစိုက် အမည်မဖော်လိုသည့် နိုင်ငံရေးလေ့လာသူတဦးကမူ SSPP, TNLA နှင့် RCSS တို့အကြား ဖြစ်ပွားနေသော နယ်မြေအငြင်းပွားမှုအပေါ် မူတည်သည့် ပဋိပက္ခများသည် လတ်တလောတွင် စစ်ရေးတင်းမာနေပြီး ပြေလည်ရန် မလွယ်သည့် အနေအထားဖြစ်နေကြောင်းဆိုသည်။
SSPP နှင့် TNLA တို့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ RCSS ဘက်မှ နယ်မြေစိုးမိုးမှု မရနိုင်စေရန် RCSS တပ်ဖွဲ့ဝင်များကို တိုက်စစ်ဆင်နေပြီး RCSS တပ်များဘက်မှ ခွာစစ်ဆင်နေရကြောင်း
မြေပြင်စစ်ရေးအခင်းအကျင်းအရ ဆိုပါက SSPP နှင့် TNLA တို့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၌ RCSS ဘက်မှ နယ်မြေစိုးမိုးမှု မရနိုင်စေရန် RCSS တပ်ဖွဲ့ဝင်များကို တိုက်စစ်ဆင်နေပြီး RCSS တပ်များဘက်မှ ခွာစစ်ဆင်နေရကြောင်း သိရသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ၏ ဒီဇင်ဘာ ၃၁ ရက်ထုတ် “တရုတ်အကျိုးစီးပွားရေချိန်” ဆိုသည့် စာတမ်းတွင်လည်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုုပ်နှံမှုအနေဖြင့် အကောင်အထည် ဖော်မည့် စီးပွားရေးစင်္ကြန်စီမံကိန်းများ၏ ဆုံချက်ဖြစ်သော ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် နီးစပ်သည့် လက်နက်ကိုင်အဖွဲ့များဟု ညွှန်းဆိုခံရသော SSPP ၊ TNLA နှင့် RCSS တို့အကြားက နယ်မြေစိုးမိုးရေး ပဋိပက္ခအခြေအနေတချို့အား ထည့်သွင်းဖော်ပြထားသည်လည်း ရှိသည်။
အဆိုပါစာတမ်းတွင် SSPP၊ TNLA နှင့် UWSA တို့၏ ထိုးစစ်ကြောင့် RCSS သည် ရှမ်းပြည်နယ်မြောက်ပိုင်းမှ သူထိန်းချုပ်ထားသော နယ်မြေအမြောက်အများကို လက်လွှတ်ခဲ့ရကြောင်းသိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တရုတ်နိုင်ငံနှင့် နီးစပ်သည့် လက်နက်ကိုင်အဖွဲ့များဟု ညွှန်းဆိုခံရသော SSPP ၊ TNLA နှင့် RCSS တို့အကြားက နယ်မြေစိုးမိုးရေး ပဋိပက္ခအခြေအနေတချို့အား ထည့်သွင်းဖော်ပြထားသည်
RCSS အဖွဲ့ဆုတ်ပေးလိုက်ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်မှ မန်ဟီးရိုးမြို့နယ်သည် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရန် တရုတ်နိုင်ငံဘက်မှ ပြင်ဆင်ထားသည့် နေရာဖြစ်ပြီး မူဆယ်-မန္တလေး ရထားလမ်းဖြတ်သွားမည့် ကျောက်မဲမြို့နယ်အတွင်းရှိ နယ်မြေများအား RCSS ဘက်က ဆုံးရှုံးခဲ့ရကာ ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့အထိ နယ်မြေဆုတ်ခွာပေးခဲ့ရကြောင်း စာတမ်းတွင်ပါရှိသည်။
ထိုကဲ့သို့သော အခြေအနေကိုကြည့်ပါက တရုတ်နိုင်ငံအတွက် အရေးပါသည့် စီမံကိန်းကြီးများရှိရာ ဒေသများ၌ တရုတ်နိုင်ငံနှင့် နီးစပ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နယ်မြေစိုးမိုးရေး ဆောင်ရွက်လာမှု များသည် မြန်မာ့နိုင်ငံရေးတွင် တရုတ်နိုင်ငံ၏ ပထဝီနိုင်ငံရေး စဉ်းစားချက်အား လျစ်လျူရှု၍ မရနိုင်သည်ကို ဖော်ပြနေခြင်းဖြစ်ကြောင်း စာတမ်းအရသိရသည်။
အချို့သော နိုင်ငံရေးလေ့လာသူများကလည်း RCSS သည် တရုတ်- မြန်မာစီးပွားရေးစင်္ကြန်စီမံကိန်းများ အကောင်အထည်ဖော်မည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၎င်းအတွက်လည်း အကျိုးအမြတ်ဝေစု ရနိုင်ရေးအတွက် နယ်မြေစိုးမိုးရေး ကြိုးပမ်းနေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီက လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နေစဉ်တွင် နယ်မြေစိုးမိုးရေး အခြေခံအပေါ် မူတည်၍ ပဋိပက္ခဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ရှမ်းပြည်နယ်ဒေသခံ လူထုအများစုက အားလျော့စိတ်ပျက်စွာ ဝေဖန်နေသည်။
ရှမ်းအရပ်ဘက်အဖွဲ့တခုမှ အမည်မဖော်လိုသည့် ရှမ်းတိုင်းရင်းသားတဦးကလည်း “အခုက ရှမ်းအချင်းချင်း တိုက်နေတာလောက်ပဲ ဖြစ်နေတာပေါ့။ အဲဒါကျနော်တို့ စိတ်မကောင်းစွာနဲ့ပဲ၊ ဘာမှလည်း မလုပ်နိုင်ဘဲနဲ့ ဒီအတိုင်းပဲ ပြည်သူတွေ ဘယ်လိုထွက်ပြေးရပြန်ပြီ။ ဒီလိုပဲ စိတ်မကောင်းစွာနဲ့ပဲ ကြားနေရပါတယ်” ဟုဆိုသည်။
၎င်းအနေနှင့်လည်း ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ အချင်းချင်းအကြား ပဋိပက္ခမဖြစ်ဘဲ၊ အမြန်ဆုံး ပြဿနာပြေလည်စေချင်ကြောင်း ဧရာဝတီသို့ ဖွင့်ဟသည်။
သို့သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများသည် တွေ့ဆုံဆွေးနွေးချင်သည်ဟု သဘောထားများ ထုတ်နေသော်လည်း နယ်မြေအငြင်းပွားမှုနှင့်ပတ်သက်၍ တဖက်နှင့်တဖက် အလျှော့ပေး ညှိနှိုင်းလိုခြင်းမရှိကြကြောင်း ဆိုသည်။
SSPP ၊ TNLA နှင့် RCSS တို့အကြား ပြဿနာများပြေလည်လိုပါက စိတ်ရင်းအမှန်ဖြင့် ဆက်သွယ် ညှိနှိုင်းဆွေးနွေးကြရန်လိုကြောင်း
ရှမ်းပြည်နယ် အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီတချို့နှင့် သံဃာတော်များက ကြားဝင်ညှိနှိုင်းပေးသော်လည်း ကြားဝင်ညှိနှိုင်းပေးသူတို့၏ ပြောစကားသည် လက်နက်ကိုင်အဖွဲ့များအကြား အထမမြောက်၊ တိုးမပေါက်ဘဲ ဖြစ်နေကြောင်း ရှမ်းအရပ်ဘက်အဖွဲ့တခုမှ အမည်မဖော်လိုသည့် ရှမ်းတိုင်းရင်းသား တဦးက ရှင်းပြသည်။
ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် SSPP ၊ TNLA နှင့် RCSS တို့အကြား ပြဿနာများပြေလည်လိုပါက စိတ်ရင်းအမှန်ဖြင့် ဆက်သွယ် ညှိနှိုင်းဆွေးနွေးကြရန်လိုကြောင်း ၎င်းက ထောက်ပြသည်။
ပြဿနာပြေလည်လိုသည့် စိတ်ရင်းအမှန်ဖြင့် တဖက်နှင့် တဖက်အလျှော့ပေး ဆက်သွယ်ခြင်း မရှိကြသေးသမျှ ကာလပတ်လုံး SSPP ၊ TNLA နှင့် RCSS အကြား တွေ့ဆုံဆွေးနွေးရေးသည် အလှမ်းဝေးနေဦးမည်သာ
“နယ်မြေနဲ့ပတ်သက်တဲ့ ပြဿနာမှာ ၂ ဖက်စလုံးက သည်းခံမှုမရှိဘူးလို့ပဲ ပြောရမှာပေါ့။ သူတို့သာ တကယ်တမ်း ဆန္ဒရှိရင် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဓိကက သူ့နယ်မြေ၊ ငါ့နယ်မြေ။ တဖွဲ့ကလည်း ရှမ်းပြည်တပြည်လုံးက ငါနဲ့ ဆိုင်တယ်။ တဖွဲ့ကလည်း ငါတို့နယ်မြေ အဲဒီလိုမျိုးဆိုတော့ အဲဒီလို ပါးစပ်ကနေ ပြောနေပေမယ့် တကယ်တမ်းမှာတော့ ဆန္ဒမရှိကြဘူးလို့ ထင်ပါတယ်” ဟု အမည်မဖော်လိုသည့် ရှမ်းတိုင်းရင်းသား တဦးက မှတ်ချက်ပေးသည်။
လက်တွေ့ တွင် ပြဿနာပြေလည်လိုသည့် စိတ်ရင်းအမှန်ဖြင့် တဖက်နှင့် တဖက်အလျှော့ပေး ဆက်သွယ်ခြင်း မရှိကြသေးသမျှ ကာလပတ်လုံး SSPP ၊ TNLA နှင့် RCSS အကြား တွေ့ဆုံဆွေးနွေးရေးသည် အလှမ်းဝေးနေဦးမည်သာ ဖြစ်ကြောင်း ရှမ်းအရပ်ဘက်အဖွဲ့ တချို့နှင့် နိုင်ငံရေးလေ့လာသတချို့က ရှုမြင် သုံးသပ်ကြသည်။
You may also like these stories:
UWSA တောင်ပိုင်းတပ် စစ်ရေးပြင်ဆင်နေ
စစ်ကောင်စီ၏ နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်ချက် RCSS ကြိုဆို
စစ်ကောင်စီအောက်က နိုင်ငံရေးဆွေးနွေးပွဲကို RCSS မျှော်လင့်နေသလား
SSPP နှင့် RCSS စစ်ရေး တင်းမာမှုကြား စစ်ဘေးရှောင်ဦးရေ ပိုတိုးလာ
ရှမ်းတိုင်းရင်းသားချင်း တိုက်ပွဲနောက်ကွယ်မှာ တရုတ်လက်တွေ ပါလား
တိုင်းရင်းသား လက်နက်ကိုင်များ၏ နယ်မြေလုတိုက်ပွဲကြောင့် ပြည်သူ ၃၀၀၀ ကျော် ဒုက္ခရောက်နေ
ရှမ်းလက်နက်ကိုင် နှစ်ဖွဲ့ကြားက အဖြေမရှိသေးတဲ့ ပဋိပက္ခ