အာဏာသိမ်း စစ်ကောင်စီသည် ရပ်တန့်နေသော ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား ပြန်လည်အသက်ဝင်ရေးအတွက် နည်းဗျူ ဟာ တရပ်ကို ကျင့်သုံးရန် ကြံစည်နေပြန်သည်။
အဆိုပါ နည်းဗျူဟာမှာ စစ်ကြောင်းကြီး ၅ ကြောင်းဗျူဟာ ဖြစ်ကြောင်း ခေတ်သစ် သတင်းမီဒီယာသို့ ပေါက်ကြားလာသည့် မကွေးတိုင်း စစ်ကောင်စီ၏ အစည်းအဝေး မှတ်တမ်းမှတဆင့် သိရသည်။
ယင်းအစည်းအဝေးတွင် မကွေးတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းက စစ်ကောင်စီ အနေဖြင့် ပြည်သူ့ကာ ကွယ်ရေးတပ် (PDF) များအား တဖက်တွင် အင်အား ချည့်နဲ့သွားရန် ဆောင်ရွက်ရမည်ဖြစ်ပြီး အခြားတဖက်၌ စစ်ကောင်စီ အပေါ် လူထုထောက်ခံမှုရရေး လုပ်ဆောင်ရမည် ဖြစ်ကြောင်း ဆိုသည်။
အစည်းအဝေးတွင် မကွေးတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းက စစ်ကောင်စီ အနေဖြင့် ပြည်သူ့ကာ ကွယ်ရေးတပ် (PDF) များအား တဖက်တွင် အင်အား ချည့်နဲ့သွားရန် ဆောင်ရွက်ရမည်ဖြစ်ပြီး အခြားတဖက်၌ စစ်ကောင်စီ အပေါ် လူထုထောက်ခံမှုရရေး လုပ်ဆောင်ရမည် ဖြစ်ကြောင်း ဆိုသည်။
PDF များသည် လက်ရှိတွင် လူထုထောက်ခံမှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးနေပြီး PDF များကို နှိမ်နင်းရန် တန်ပြန် ပြည်သူ့စစ်မဟာဗျူဟာကို ကျင့်သုံးရမည်ဟုလည်း ၎င်းက ပြောသည်။
ဗိုလ်မှူးကြီး ကျော်ကျော်လင်းက “ဇူလိုင်လကနေစပြီး အခုအချိန်အထိ အစိုးရနဲ့ ပြည်သူ အဆက်ပြတ်နေသလို ဖြစ်နေပါ တယ်။ အဆက်ပြတ်နေတာကြောင့် ပြန်လည် ထိတွေ့ဖို့အတွက် သက်ဆိုင်ရာ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေက သွားလို့ရတဲ့ လုံခြုံရေး အထောက်အပံ့နေရာတွေကို သွားရောက်ပြီး ဒေသခံပြည်သူနဲ့ ပြန်လည် အဆက်အသွယ် ရစေပြီးတော့ အစိုးရရဲ့ အုပ်ချုပ်မှုယန္တရားကို ပြန်လည် တည်ဆောက်ရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ထိုသို့ လူထုကို စည်းရုံးပြီး အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရန် မကွေးတိုင်း စစ်ကောင်စီဘက်က ပြင်ဆင်နေသော် လည်း မြေပြင်အခြေအနေတွင်မူ စစ်ကောင်စီတပ်များသည် ဒေသခံပြည်သူများ၏ နေအိမ်အဆောက်အအုံများအား မီးရှို့ ခြင်း၊ လုယက်ဖျက်ဆီးခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေကြောင်း ဒေသခံများထံမှ သိရသည်။
ထိုသို့သော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီသည် ၎င်းတို့၏ စစ်ကြောင်း ၅ ကြောင်းဗျူဟာဖြင့် လူထုထောက်ခံမှုရရန် စည်းရုံးနိုင်မည်လား ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်နေသည်။
အချိုသတ် စည်းရုံးမည့် ဗျူဟာ
အာဏာသိမ်း စစ်ကောင်စီ၏ စစ်ကြောင်း ၅ ကြောင်း ဗျူဟာဆိုသည်မှာ လူထုနှင့် အဆက်အသွယ် ပြတ်နေပြီး ၎င်းတို့ အုပ်ချုပ်ရေးယန္တရား မတည်ဆောက်နိုင်သည့် ရွာများတွင် လူထုကို ချော့မော့စည်းရုံး၍ ၎င်းတို့၏ အာဏာစက်ကို တည်ဆောက်ရန် လုပ်ဆောင်မည့် အစီအစဉ်တရပ် ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုသည်။
အဆိုပါ ဗျူဟာအရ ကျေးရွာများကို စစ်ကောင်စီ လက်အောက်ခံ စစ်ဘက်အရပ်ဘက် ပူးပေါင်းထားသည့် တပ်ဖွဲ့က ကွင်းဆင်း စည်းရုံးကြမည် ဖြစ်သည်။
စစ်ကြောင်းကြီး ၅ ကြောင်းဗျူဟာ ကျင့်သုံးမည့် အစီအစဉ်နှင့် ပတ်သက်၍ စစ်ကောင်စီခန့် မကွေးတိုင်း ဝန်ကြီးချုပ် ဦးတင့်လွင်က အဆိုပါ အစီအစဉ် လုပ်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယခုကဲ့သို့ ပြောဆိုသည်။
“ကျနော်တို့ အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်ဖို့ ရှိပါတယ်။ အဓိက အရေးကြီးဆုံးက ဂန့်ဂေါခရိုင်ပေါ့။ နံပါတ် ၂ က ပခုက္ကူခရိုင်။ သို့သော်လည်းပဲ ကျနော်တို့က ဂန့်ဂေါခရိုင်ကို အဓိကထားပြီး မဆောင်ရွက်သေးဘဲနဲ့ ပခုက္ကူခရိုင်ကို စပြီး ကွင်းဆင်းဆောင်ရွက်ဖို့ ရှိပါတယ်။ ဒီအတွက် အဖွဲ့တွေ ဖွဲ့ထားတာ ရှိပါတယ်။ ဒီအဖွဲ့တွေနဲ့ သက်ဆိုင်ရာဒေသကို တပတ်၊ ၁၀ ရက် လုပ်ငန်းအရှိန်အဟုန်တွေ ပြန်လည်မြှင့်တင်ဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။
ကွင်းဆင်းမည့် စစ်ကောင်စီအုပ်စုတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့် စည်းရုံးရေးဆိုသည့် အစုအဖွဲ့ ၅ ခု ပါဝင်ပြီး ယင်းအစုအဖွဲ့ ၅ ခုကို အစွဲပြု၍ စစ်ကြောင်းကြီး ၅ ကြောင်းဗျူဟာဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း မကွေးတိုင်း အစိုးရအဖွဲ့ အစည်းအဝေးမှ ပေါက်ကြားလာသည့် အချက်အလက်များအရ သိရသည်။
ကွင်းဆင်းမည့် စစ်ကောင်စီအုပ်စုတွင် အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေးနှင့် စည်းရုံးရေးဆိုသည့် အစုအဖွဲ့ ၅ ခု ပါဝင်ပြီး ယင်းအစုအဖွဲ့ ၅ ခုကို အစွဲပြု၍ စစ်ကြောင်းကြီး ၅ ကြောင်းဗျူဟာဟု ခေါ်ဆိုခြင်းဖြစ်ကြောင်း မကွေးတိုင်း အစိုးရအဖွဲ့ အစည်းအဝေးမှ ပေါက်ကြားလာသည့် အချက်အလက်များအရ သိရသည်။

အုပ်ချုပ်ရေး စစ်ကြောင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်စီမံကိန်းဦးစီးမှူး၊ ရဲ တပ်ဖွဲ့မှ အရာရှိ၊ မြို့နယ်ကျေးလက်ဖွံဖြိုးရေးနှင့် မြို့နယ်ရွေးကောက်ပွဲအရာရှိများ ပါဝင်သည်။
ယင်းစစ်ကြောင်း၏ တာဝန်မှာ ၎င်းတို့ရောက်ရှိသည့် ရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်ထမ်းဆောင်နိုင်ရေး ကူညီ ရန်၊ PDF များ၏ သတင်းများကို တန်ပြန်တိုက်ဖျက်ရန်၊ လူထုအား စစ်ကောင်စီ၏ ဒေသန္တရအမိန့်များ လိုက်နာရေး လုပ်ဆောင်ရန်၊ ရပ်ရွာကာကွယ်ရေးအဖွဲ့ ဖွဲ့ရန်နှင့် ရွေးကောက်ပွဲအကြောင်း ဟောပြောရန်တို့ ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးစစ်ကြောင်းတွင် စစ်တပ်မှအရာရှိ ခေါင်းဆောင်သည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်များ အပါအဝင် မြို့နယ် မီးသတ်ဦးစီးမှူး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးမှ တာဝန်ရှိသူများ၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများအပြင် သစ်တောဌာနနှင့် အမျိုးသမီး အိမ်တွင်းမှု သင်တန်းကျောင်းမှ တာဝန်ရှိ သူများ လိုက်ပါရမည် ဖြစ်ကြောင်း ပေါက်ကြားလာသည့် စာရွက်များတွင် ပါရှိသည်။
နိုင်ငံရေးစစ်ကြောင်း၏ တာဝန်များမှာ စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်အား ဟောပြောရန်၊ PDF များကြောင့် လူထုသေဆုံးပြီး နိုင်ငံပိုင်ပစ္စည်းများ ဆုံးရှုံးနေရသည်ဟု ဝါဒဖြန့်ရန်နှင့် PDF များအား ထောက်ပံ့ပါက အဖမ်းခံ ရနိုင်သည်ဟု ပြောဆိုရန်ဖြစ်ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေး စစ်ကြောင်းတွင် မြို့နယ်ကျေးလက်လမ်းဦးစီးမှ အရာရှိက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီး မြို့နယ်မွေး မြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန် ၁ ဦး၊ မြို့နယ်စိုက်ပျိုးရေး၊ သမဝါယမ၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဝန်ထမ်းနှင့် မြို့နယ်လျှပ်စစ်မှ ဝန်ထမ်းများ ပါဝင်ကြမည်လည်း ဖြစ်သည်။
အဆိုပါ စစ်ကြောင်း၏ တာဝန်မှာ ရွာချင်းဆက်လမ်းများ ဆောင်ရွက်ပေးရန်၊ စိုက်ပျိုးရေးအတွက် မျိုးစေ့နှင့် ချေးငွေများ ကူညီရန်၊ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ ကူညီရန်နှင့် စိုက်ပျိုးရေးချေးငွေများ ရရှိရေး ကူညီရန်တို့ဖြစ်ကြောင်း ပေါက် ကြားလာသည့် စာရွက်များတွင် ရေးသားထားသည်။

လူမှုရေး စစ်ကြောင်းတွင်လည်း မြို့နယ်ကျန်းမာရေးနှင့် ပညာရေးဌာန စသည်တို့မှ ဝန်ထမ်းများ ပါဝင်ပြီး စည်းရုံးရေး စစ် ကြောင်းတွင် မြို့နယ်လဝက၊ စည်ပင်နှင့် ဆက်သွယ်ရေးမှ ဝန်ထမ်းများ ပါဝင်မည်ဖြစ်ကာ အဆိုပါ ဝန်ထမ်းအသီးသီးသည် ၎င်းတို့ တာဝန်ရှိသည့် ကဏ္ဍအလိုက် ဒေသခံများအား ကူညီလုပ်ကိုင်ပြီး စစ်ကောင်စီကို ထောက်ခံရေး စည်းရုံးရမည် ဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် စစ်တပ်၏ အကြမ်းဖက် ဖိနှိပ်မှုများကြောင့် လူထုအာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုတွင် ပါဝင် လာသည့် ဗိုလ်ကြီးထက်အောင်မျိုးကလည်း မကွေးတိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှတ်တမ်း ပေါက်ကြားမှုတွင် စစ်ကောင် စီ၏ အရေးကြီးသည့် မဟာဗျူဟာ အပြောင်းအလဲများ ပါဝင်နေသည်ကို တွေ့ရကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ တွင် ရေးသားသည်။
စစ်ကောင်စီ၏ စစ်ကြောင်း ၅ ကြောင်းဗျူဟာသည် ၎င်းတို့၏ လွဲမှားခဲ့သည့် ဗျူဟာကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းမှု တရပ် ဖြစ်ကြောင်း ဗိုလ်ကြီးထက်အောင်မျိုးက ဆိုသည်။
ဒုချုပ်စိုးဝင်းရဲ့ ခပ်ကြမ်းကြမ်း၊ ရက်ရက်စက်စက် နှိမ်နင်းလိုက်ရင် ပြည်သူတွေ ကြောက်လန့်ပြီး ဆန့်ကျင်နေ တာတွေ ပျောက်သွားလိမ့်မယ်ဆိုတဲ့ ၁၉၈၈ က သုံးခဲ့တဲ့ နည်းဟောင်း လူမိုက်နည်းကို မှားနေရုံသာမက အခြေအနေ ပိုဆိုး သထက် ဆိုးစေလာတယ် ဆိုတာကို စကစ ထိပ်ပိုင်းအရာရှိကြီးတွေက တရားဝင်အစည်းအဝေးမှာ ထုတ်ပြောတဲ့အထိ သူတို့ရဲ့ ဗျူဟာအမှားကို လက်ခံလာကြပါပြီ
“ဒုချုပ်စိုးဝင်းရဲ့ ခပ်ကြမ်းကြမ်း၊ ရက်ရက်စက်စက် နှိမ်နင်းလိုက်ရင် ပြည်သူတွေ ကြောက်လန့်ပြီး ဆန့်ကျင်နေ တာတွေ ပျောက်သွားလိမ့်မယ်ဆိုတဲ့ ၁၉၈၈ က သုံးခဲ့တဲ့ နည်းဟောင်း လူမိုက်နည်းကို မှားနေရုံသာမက အခြေအနေ ပိုဆိုး သထက် ဆိုးစေလာတယ် ဆိုတာကို စကစ ထိပ်ပိုင်းအရာရှိကြီးတွေက တရားဝင်အစည်းအဝေးမှာ ထုတ်ပြောတဲ့အထိ သူတို့ရဲ့ ဗျူဟာအမှားကို လက်ခံလာကြပါပြီ” ဟု ၎င်းက သုံးသပ်သည်။
ဆက်လက်၍ ၎င်းက “ဒီအတိုင်း ဆက်သွားရင် စစ်ရေးအရ ရှုံးနိမ့်မှုတွေ ပိုများလာမယ့်အပြင် တပ်ပြိုကွဲမယ့် အန္တရာယ်ပါ များလာလို့ ပြည်သူကို ကိုင်တွယ်ထိန်းချုပ်ရာမှာ ဗျူဟာပြောင်းဖို့ သူတို့ စကြိုးစားကြပြီလို့ သုံးသပ်မိပါတယ်” ဟု ဆိုသည်။
တနည်းအားဖြင့် စစ်ကောင်စီသည် အကြမ်းနည်းဖြင့် နှိမ်နင်းရန် မလွယ်သည့် လူထုကို အနုနည်းဖြင့် အားပျော့ လမ်းလွှဲ သွားရန် စီစဉ်နေခြင်း ဖြစ်သည်ဟုလည်း ဗိုလ်ကြီးထက်အောင်မျိုးက မှတ်ချက်ပြုသည်။
စစ်ကောင်စီ၏ ဗျူဟာ အောင်မြင်နိုင်မလား
မကွေးတိုင်း ပခုက္ကူခရိုင်တွင် ပါဝင်သည့် မြိုင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကမူ မြိုင်မြို့နယ်ရှိ ကျေးရွာအ များစုသည် PDF များကိုသာ ထောက်ခံနေပြီး စစ်ကောင်စီ၏ စည်းရုံးရေးကို လက်ခံ ယုံကြည်ကြမည် မဟုတ်ဟု ဆိုသည်။
လက်ခံနားထောင်ပါကလည်း လက်နက်အားကိုး ခြိမ်းခြောက်မှုကြောင့် မတတ်သာသည့်အဆုံး လက်ခံနားထောင်ရသည့် အနေအထားသာ ဖြစ်နိုင်ကြောင်း ပြောသည်။
မြိုင်မြို့နယ်သည် မြောက်ဘက်တွင် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး အနောက်ဘက် တွင် ပေါက်မြို့နယ်၊ အရှေ့ဘက်တွင် ရေစကြိုမြို့နယ်များနှင့် ထိစပ်လျက် ရှိသည်။
ကျေးရွာပေါင်း ၃၃၁ ရွာ ရှိပြီး အိမ်ထောင်စုပေါင်း ၄၀,၀၀၀ ကျော်နှင့် လူဦးရေ ၂၆၀,၀၀၀ ကျော် နေထိုင်သည်။

အဆိုပါ ရွာများအနက် ရွာပေါင်း ၂၀ ခန့်သာ စစ်ကောင်စီကို ထောက်ခံပြီး ကျန်ရှိသည့် ရာနှင့်ချီသော ရွာများမှာ PDF အခြေခံရွာများ ဖြစ်နေကြောင်း ဒေသခံ PDF များထံမှ သိရသည်။
မြိုင်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့ တခုဖြစ်သည့် ဂဠုန်ပြောက်ကျားတပ်ဖွဲ့-မြိုင်မှ ပြန်ကြားရေး တာဝန်ရှိသူ တဦးက အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် မြိုင်မြို့နယ်တွင် ၎င်းတို့ စစ်ကြောင်းထိုးသည်နှင့် ကျေးရွာများ အတွင်းရှိ နေအိမ်များအား မီးရှို့ခြင်း၊ မွှေနှောက်၊ လုယက်၊ ဖျက်ဆီးခြင်းများ လုပ်ဆောင်လေ့ ရှိကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “လွန်ခဲ့တဲ့ ၂ ပတ်က ကျနော်တို့ဘက်ကို အင်အား ၆၀၀ လောက်နဲ့ ထိုးစစ်ဆင်မှု ရှိတယ်။ ကျေးရွာ တော်တော် များများ ထိုးစစ်ဆင်မှုမှာ ဖျက်ဆီးမှုတွေ တော်တော်များများ ရှိတယ်။ ကျနော်တို့ နယ်ထဲက ရွာတရွာမှာ အိမ်တွေ မီးရှို့ခံရ တာက အလုံး ၇၀ လောက် ရှိပါတယ်။ ဆိုင်တွေကနေ အဝတ်အထည် အပါအဝင် မိန်းကလေး အလှကုန် ပစ္စည်းတွေပါ ယူသွားတယ်။ အရက်သေစာတွေလည်း ဆိုင်တဆိုင်လုံးမှာ အကုန်စားသောက်၊ အိုးခွက်ပန်းကန်တွေ ဆိုရင်လည်း မှောက် ရက်ပက်လက် ရှုပ်ပွနေအောင် ဖျက်ဆီးသွားတယ်” ဟု ပြောပြသည်။
ထို့ကြောင့် မြိုင်မြို့နယ်ထဲရှိ ကျေးရွာနေ ပြည်သူလူထုသည် ကျီးလန့်စာစား ဖြစ်နေပြီး စစ်တပ်၏ စစ်ကြောင်းဝင်လာသည် နှင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်လေ့ရှိသည်ဟုလည်း ၎င်းက ဆိုသည်။
PDF ရှိတယ်။ ထောက်ပို့ ရှိတယ်။ သတင်းပေးတွေ ရှိတယ်။ အခု လောလောဆယ် မြိုင်ရဲ့ အခြေအနေမှာ PDF အင်အားက ပိုပြီးတော့ များတယ်။ သူတို့က ရွာတိုင်းကို အုပ်ချုပ်ဖို့ မဖြစ်နိုင်ဘူး။ တကယ်လို့ ဒီကောင်တွေ ရွာတရွာကို အင်အားဘယ်လောက်နဲ့ ဝင်တယ်ဆိုရင် ကျနော်တို့က သတင်းရတာနဲ့ ဒီကောင်တွေ အထွက် ကို ပြန်စောင့်ပြီးတော့ ဝိုင်းသမဖို့ရာပဲ ချောင်းကြမှာပဲ
ဆက်လက်၍ ၎င်းက “ကျနော့် အယူအဆအရ သူတို့ မြိုင်တနယ်လုံးက ကျေးရွာတွေကို အုပ်စိုးဖို့က လုံးဝ မဖြစ်နိုင်ဘူးဗျ။ ဘာကြောင့်လဲဆိုတော့ ရွာတိုင်းမှာက PDF ရှိတယ်။ ထောက်ပို့ ရှိတယ်။ သတင်းပေးတွေ ရှိတယ်။ အခု လောလောဆယ် မြိုင်ရဲ့ အခြေအနေမှာ PDF အင်အားက ပိုပြီးတော့ များတယ်။ သူတို့က ရွာတိုင်းကို အုပ်ချုပ်ဖို့ မဖြစ်နိုင်ဘူး။ တကယ်လို့ ဒီကောင်တွေ ရွာတရွာကို အင်အားဘယ်လောက်နဲ့ ဝင်တယ်ဆိုရင် ကျနော်တို့က သတင်းရတာနဲ့ ဒီကောင်တွေ အထွက် ကို ပြန်စောင့်ပြီးတော့ ဝိုင်းသမဖို့ရာပဲ ချောင်းကြမှာပဲ” ဟု ဆိုသည်။
စစ်ကောင်စီဘက်ကမူ မြိုင်မြို့နယ် ပါဝင်သည့် ပခုက္ကူနယ်ထဲတွင် PDF အင်အား ၂၀၀၀ ကျော် ရှိနိုင်ကြောင်း ခန့်မှန်းထား သည်။
ဇန်နဝါရီ တတိယပတ်အထိ စစ်ကောင်စီ၏ စည်းရုံးရေး စစ်ကြောင်းများ မြိုင်မြို့နယ်ထဲရှိ ရွာများသို့ ဝင်ရောက်လာမှု မရှိသေးကြောင်း ဂဠုန်ပြောက်ကျားတပ်ဖွဲ့-မြိုင်မှ ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောသည်။
အကယ်၍ စစ်ကောင်စီ၏ လူထုစည်းရုံးရေးစစ်ကြောင်း ဝင်ရောက်လာပါကလည်း ၎င်းတို့ကို ထောက်ခံသည့် ပျူစောထီး များ ရှိသော ကျေးရွာအချို့တွင်သာ လူထုစည်းရုံးသိမ်းသွင်းသည့် လုပ်ငန်းများ လုပ်နိုင်လိမ့်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူ တဦးကလည်း မကွေးတိုင်း စစ်ကောင်စီ၏ စစ်ကြောင်း ၅ ကြောင်း ဗျူဟာအနက် အုပ်ချုပ်ရေး စစ်ကြောင်းသည် PDF နှင့် လူထုကို အဆက်အသွယ်ဖြတ်ရန် ကြိုးပမ်းမည့် အခြေ အနေ ရှိကြောင်း မှတ်ချက်ပြုသည်။
“ကျန်တာတွေကတော့ ဂန့်ဂေါမြို့နယ်အတွင်းမှာ အများကြီး စိုးရိမ်စရာမရှိဘူးလို့ မြင်တယ်။ ဒီစစ်ကြောင်းတွေက နောက် တခုက စစ်ဆင်ရေးလုပ်မယ့် စစ်ကြောင်းတွေ မဟုတ်ဘူးလို့ မြင်ပါတယ်။ သူတို့ ပြောသလို လူထုနဲ့ PDF တွေကို အဆက် အသွယ် ဖြတ်ဖို့က ထင်သလောက်တော့ လွယ်မှာမဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီဘက်က မည်ကဲ့သို့ပင် စည်းရုံးသည်ဖြစ်စေ လူထုက ၎င်းတို့၏ စည်းရုံးမှုကို ယုံကြည်လိမ့်မည် မဟုတ်ကြောင်း လည်း ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များက အခိုင်အမာ ပြောဆိုကြသည်။
ထို့ပြင် စစ်ကောင်စီ၏ စစ်ကြောင်းကြီး ၅ ကြောင်း အစီအစဉ်သည် ဂန့်ဂေါနှင့် ပခုက္ကူခရိုင်ရှိ ကျေးရွာအားလုံးကို လွှမ်းခြုံ လုပ်ဆောင်နိုင်မည် မဟုတ်ဘဲ ၎င်းတို့ကို ထောက်ခံသည့် ရွာအချို့တွင်သာ လုပ်လာနိုင်လောက်သည်ဟူ၍လည်း ဂန့်ဂေါ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူ တဦးက သုံးသပ်သည်။
၎င်း၏ ပြောပြချက်အရ မကွေးတိုင်းအတွင်း ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ မြိုင်၊ ပေါက်၊ ရေစကြို မြို့များသည် ပြည်သူ့ကာ ကွယ်ရေးတပ်များ အားကောင်းသည့် အနေအထား ဖြစ်ကြောင်း၊ ယင်းဒေသတချို့တွင် စစ်တပ်၏ လူသတ်၊ မီးရှို့မှုများ ခံနေ ရဆဲ ဖြစ်သော်လည်း စစ်တပ်အုပ်ချုပ်ရေးမှာ ၎င်းတို့ ဝန်ခံထားသလိုပင် များစွာသက်ရောက်မှု မရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ စက်တင်ဘာမှ ယခု ဇန်နဝါရီအထိ ဂန့်ဂေါမြို့နယ်ထဲတွင် စစ်တပ်က အိမ်ခြေ ၄၀၀ ကျော် မီးရှို့ထားပြီး စစ်ကောင်စီ တပ်များ၏ ထိုးစစ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁၅,၀၀၀ ကျော် ရှိကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ စက်တင်ဘာမှ ယခု ဇန်နဝါရီအထိ ဂန့်ဂေါမြို့နယ်ထဲတွင် စစ်တပ်က အိမ်ခြေ ၄၀၀ ကျော် မီးရှို့ထားပြီး စစ်ကောင်စီ တပ်များ၏ ထိုးစစ်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၁၅,၀၀၀ ကျော် ရှိကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
စစ်ကောင်စီ၏ စစ်ကြောင်းကြီး ၅ ကြောင်း ဗျူဟာသည် အစီအစဉ် မစခင်ကတည်းက သတင်းကြိုပေါက်နေသည်ဖြစ်ရာ ၎င်းတို့ကို ဆန့်ကျင်နေသည့် လူထုနှင့် PDF များကို တပ်လှန့်လိုက်သလိုလည်း ဖြစ်နေသည်။
သို့ဖြစ်ရာ ၎င်းတို့ အစီအစဉ်သည် ရှေ့တိုးရခက်သလို နောက်ဆုတ်ရန် ဆိုသည်မှာလည်း အစီအစဉ် အားလုံးကို ပြန်ဖျက်ရ မည့်သဘော ဖြစ်နေရာ လက်တွေ့ အခြေအနေအတွင် စစ်ကြောင်းကြီး ၅ ကြောင်းဗျူဟာကို မကွေးတိုင်း စစ်ကောင်စီ အနေဖြင့် အမှန်တကယ် အကောင်အထည်ဖော်မှု ရှိမရှိဆိုသည်အား သတိထား စောင့်ကြည့်ရဖွယ် ရှိနေသည်။
ပြင်ပသို့ ပေါက်ကြားလာသည့် အစည်းအဝေးတွင်တော့ စစ်ကောင်စီခန့် မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က “အခုက ကျေးလက်က လူတွေက ကျနော်တို့ အုပ်ချုပ်ရေးယန္တရားနဲ့ အဆက်ပြတ်နေတဲ့ အခါကျတော့ သူတို့က နီးရာဓား ကို ကြောက်ရတယ်။ ဟိုဘက်က လက်နက်နဲ့လာပြီး ခြိမ်းခြောက်တဲ့ အခါကျတော့ သူတို့ကို ကြောက်နေရတယ်။ ဒါကြောင့် ဒီလူတွေ မလာနိုင်အောင် ဟန့်တားတာလည်း လုပ်ရမယ်။ သူတို့ကလည်း အဲဒီလို ဒီဘက်အစိုးရက ဒီလိုတွေ လုပ်ပေးမယ်ဆိုမှ ဒီဘက်ပါလာမှာ။ အဲဒီလို မဟုတ်ရင် မလွယ်ဘူး” ဟု ညည်းတွားပြောဆိုသည်။
သို့သော် စစ်ကောင်စီ၏ စစ်ကြောင်း ၅ ကြောင်း ဗျူဟာသည် လူထုကို ထိန်းချုပ်နိုင်ရေး ကြိုးစားခြင်း ဖြစ်သော်လည်း စစ်ကြောင်း ထွက်မည့်သူများ အနေဖြင့် လုံခြုံရေး အပြည့်အဝ မရရှိပါက ကျေးရွာများသို့ အရဲစွန့်ပြီး သွားရဲမည် မဟုတ် သလို လူထု ထောက်ခံမှုလည်း မရှိသည့်အတွက် ၎င်းတို့၏ ဗျူဟာမှာ အောင်မြင်နိုင်မည် မဟုတ်ကြောင်း နိုင်ငံရေးလေ့ လာသူများက သုံးသပ်ပြောဆိုသည်။
You may also like these stories:
“တပ်မတော်ဆိုတဲ့ နာမည်က ဂုဏ်သိက္ခာပြုတ်သွားပြီ”
သူတို့ကျနော့်ကို သတ်နိုင်ရင်တောင်မှ ကျနော့်လိုလူတွေ အများကြီးရှိနေပြီ
မြန်မာစစ်တပ်နှင့် ပေါင်းပြီး စီးပွားရေးမလုပ်ရန် အမေရိကန် သတိပေး