• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပြည်သူချစ်သော အကျဉ်းစံ မင်းသမီး အိန္ဒြာကျော်ဇင်

by ဧရာဝတီ
30 January 2022
in ဆောင်းပါး
A A
အိန္ဒြာကျော်ဇင်သည် ရုပ်အဆင်းရူပကာ လှပတင့်တယ်ရုံမျှမက အနုပညာ အရည်အသွေးလည်း ပြည့်ဝသူ ဖြစ်သည် / ဧရာဝတီ

အိန္ဒြာကျော်ဇင်သည် ရုပ်အဆင်းရူပကာ လှပတင့်တယ်ရုံမျှမက အနုပညာ အရည်အသွေးလည်း ပြည့်ဝသူ ဖြစ်သည် / ဧရာဝတီ

5.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံရှိ ထိတ်ထိတ်ကြဲ အောင်မြင်သည့် အနုပညာရှင်များထဲတွင် မင်းသမီး အိန္ဒြာကျော်ဇင်သည် တဦးအပါအဝင် ဖြစ်သည်။ သူသည် ရုပ်အဆင်းရူပကာ လှပတင့်တယ်ရုံမျှမက အနုပညာ အရည်အသွေးလည်း ပြည့်ဝသူ ဖြစ်သည်။ အိန္ဒြာကျော်ဇင်သည် မင်းသား ပြေတီဦးနှင့် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် လက်ထပ်ခဲ့ပြီး သမီးနှင့်သားတို့ကို မွေးဖွားခဲ့သည်။

ဥစ္စာဓန ပြည့်စုံ ကြွယ်ဝမှု၊ ဘဝ၏ အောင်မြင်မှု၊ ပျော်ရွှင်ချမ်းမြေ့သော မိသားစုဘဝနှင့် ပရိသတ်၏ ချစ်ခင်အားပေးမှုများ အပြည့်အဝ ရရှိထားသည့် အိန္ဒြာကျော်ဇင်သည် ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ ပြီးခဲ့သည့်နှစ် ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

RelatedPosts

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

9 July 2025
1.7k
စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

9 July 2025
6.4k
ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

7 July 2025
2.5k

အိန္ဒြာကျော်ဇင်သည် ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ ပြီးခဲ့သည့်နှစ် ဧပြီလ ၉ ရက်နေ့က စစ်ကောင်စီ၏ မတရား ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးသည် စစ်အာဏာရှင်ကို ဆန့်ကျင်ခြင်း၊ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခြင်း၊ CDM (အကြမ်းမဖက် အာဏာဖီဆန်ရေး) လှုပ်ရှားမှုများကို လှုံ့ဆော်ခြင်းတို့ကြောင့်ဟုဆိုကာ စစ်ကောင်စီ၏ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံခဲ့ရသည့် အနုပညာရှင်များ ဖြစ်ကြသည်။

စစ်ကောင်စီက ပြေတီဦးတို့ ဇနီးမောင်နှံ နှစ်ဦးကို ဖမ်းဆီးရမိစဉ် ၎င်းတို့ပိုင် မီဒီယာများမှ တဆင့် အနုပညာရှင်များအား ဂုဏ်သိက္ခာကျစေရန် ရည်ရွယ်ချက်ရှိရှိ ဖော်ပြမှုများပြုခဲ့သလို၊ သားသမီး သံယောဇဉ်ကြောင့် လွတ်အောင် မရုန်းနိုင်ခဲ့သည့်အတွက် ၎င်းတို့နှစ်ဦး အဖမ်းခံရခြင်းဖြစ်ကြောင်း နီးစပ်ရာ အသိုင်းအဝိုင်းထံမှလည်း ကြားသိရသည်။

မိသားစုဘဝနှင့် အောင်မြင်မှုကို စွန့်လွှတ်ခဲ့သည့် အိန္ဒြာကျော်ဇင်

ဦးတီနှင့် တီဝဲ (အူဝဲ) ဟု ပရိသတ်က ချစ်စနိုးခေါ်ကြသည့် သူတို့ ဇနီးမောင်နှံ နှစ်ဦးသည် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ စစ်အာဏာသိမ်းမှု စတင်ကတည်းက ပြည်သူနှင့်အတူ တသားတည်း ရပ်တည်ကာ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော် ပြောပြခဲ့ကြသူများ ဖြစ်သည်။

ဖေဖော်ဝါရီလအတွင်းက ၎င်းတို့ ဇနီးမောင်နှံ နှစ်ဦးသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လမ်းမပေါ်ထွက်ကာ ပြည်သူနှင့်အတူ ဆန္ဒပြမှုများ ရှိခဲ့သလို၊ ရုပ်ရှင်အစည်းအရုံးနှင့်အတူ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင်လည်း ငြိမ်းချမ်းစွာ ပါဝင်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အိန္ဒြာကျော်ဇင်နှင့် ခင်ပွန်းပြေတီဦးတို့ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြနေကြစဉ်

သား၊ သမီး နှစ်ယောက်၏ မိခင်ဖြစ်သော အိန္ဒြာကျော်ဇင်သည် မိခင်တာဝန်ကို ကျေပွန်သည့် အမျိုးသမီးတဦးလည်း ဖြစ်သည်။ သားနှင့်သမီးကို အနီးကပ် စောင့်ရှောက်ချင်သောကြောင့် ၎င်းလျှမ်းလျှမ်းတောက် အောင်မြင်နေချိန်တွင် အနုပညာအလုပ်များကို ခေတ္တရပ်နား၍ မိခင်တာဝန်ကို အပြည့်အဝ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

တော်လှန်ရေး၏အစ စစ်အာဏာရှင်အား ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒဖော်ထုတ်ခြင်းကို ဓမ္မဘက်က ပြတ်ပြတ်သားသား ရပ်တည်ကာ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

သို့သော်လည်း မိခင်စိတ်ပြည့်ဝသည့် သူသည် မြန်မာနိုင်ငံ၌ မတရားသည့် စစ်အာဏာသိမ်းမှုအား ကြုံရသည့်အခါ အများနည်းတူ မိခင်ဘဝ၊ မိသားစုဘဝနှင့် အောင်မြင်မှုတို့ကို စွန့်ကာ တော်လှန်ရေး၏အစ စစ်အာဏာရှင်အား ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒဖော်ထုတ်ခြင်းကို ဓမ္မဘက်က ပြတ်ပြတ်သားသား ရပ်တည်ကာ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ခင်ပွန်း ပြေတီဦးနှင့် သူ ရွေးချယ်ခဲ့သော လမ်းကြောင်း မှန်ကန်သည်ဟု ယုံကြည်ကာ စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြပြီး ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက အနုပညာရှင်တချို့ ခံဝန်ကတိဖြင့် ဖမ်းဝရမ်းများ ရုပ်သိမ်းခံရခြင်း၊ ဖမ်းဆီးခံရသူတချို့ ပြန်လည် လွတ်မြောက်လာခြင်းများ ရှိခဲ့သော်လည်း ၎င်းတို့ ဇနီးမောင်နှံ နှစ်ဦး ပါဝင်ခြင်း မရှိခဲ့ပေ။

အိန္ဒြာကျော်ဇင်၏ တူမဖြစ်သူ သရုပ်ဆောင် မေတိုးခိုင်သည်လည်း ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးခံခဲ့ရပြီး ဇွန်လအတွင်းက ပြန်လည် လွတ်မြောက်လာခဲ့သည်။ ၎င်းကိုယ်တိုင်လည်း အင်းစိန်ထောင်တွင်း ဖြတ်သန်း ကြုံတွေ့ခဲ့ရသည့် စိတ်ဒဏ်ရာများကို မိသားစုနှင့်အတူ အချိန်ပေးကာ ပြန်လည် ကုစားခဲ့ရကြောင်း လူမှုကွန်ရက်ကတဆင့် ဖွင့်ဟ ပြောဆိုခဲ့သည်။

ထောင်ကျနေစဉ် နိုင်ငံတကာ အသိအမှတ်ပြု ဆုရရှိခဲ့သည့် အိန္ဒြာကျော်ဇင်

အိန္ဒြာကျော်ဇင်သည် ထောင်တွင်း၌ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် အာဏာသိမ်းမှု မတိုင်ခင်က ရိုက်ကူးထားသည့် သရုပ်ဆောင် ပိုင်ဖြိုးသုနှင့်အတူ ပါဝင်ထားသော “What Happened To The Wolf?” ရုပ်ရှင်ကားကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွင် ပြသခွင့်ရခဲ့သည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း ဂျာမနီနိုင်ငံတွင် ပြုလုပ်ခဲ့သော အဆိုပါ ရုပ်ရှင်ပွဲတော်တွင် အိန္ဒြာကျော်ဇင်က ယင်းရုပ်ရှင်ဇာတ်ကားဖြင့် “Seymour Cassel Award For Best Performance” ဆု ရရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလအတွင်း ဂျာမနီနိုင်ငံတွင် ပြုလုပ်ခဲ့သော အဆိုပါ ရုပ်ရှင်ပွဲတော်တွင် အိန္ဒြာကျော်ဇင်က ယင်းရုပ်ရှင်ဇာတ်ကားဖြင့် “Seymour Cassel Award For Best Performance” ဆု ရရှိခဲ့သည်။

“ကျမတို့ဟာ ဒီသရုပ်ဆောင်ရဲ့ ရိုးရှင်းလှပမှု၊ ပင်ကိုယ်စိတ်ထား၊ တန်ဖိုးဖြတ်မရတဲ့ ရုပ်ရှင်လောကအတွက် သူ့ရဲ့ ပါရမီကို အသိအမှတ်ပြုတဲ့အနေနဲ့ “What Happened To The Wolf?” ရုပ်ရှင်က အိန္ဒြာကျော်ဇင်ကို ဆုချီးမြှင့်လိုက်ပါတယ်” ဟု အဆိုပါ ဆုကို ကြေညာစဉ် အကြံပေးဘုတ်အဖွဲ့၏ ဂျူရီအဖွဲ့ဝင်တဦးက ဂုဏ်ပြုစကား ထည့်သွင်း ပြောကြားခဲ့သည်။

ဂျာမနီရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင်လည်း အိန္ဒြာကျော်ဇင်၏ နာမည်စာတန်းပါ တီရှပ်များအား နိုင်ငံတကာ အနုပညာရှင် တချို့က ဝတ်ဆင်ကာ သူ့အတွက် ဂုဏ်ပြုခဲ့ကြသည်။

အဆိုပါ ဂျာမနီရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင်လည်း အိန္ဒြာကျော်ဇင်၏ နာမည်စာတန်းပါ တီရှပ်များအား နိုင်ငံတကာ အနုပညာရှင် တချို့က ဝတ်ဆင်ကာ သူ့အတွက် ဂုဏ်ပြုခဲ့ကြသည်။

“What happened to the wolf?” ရုပ်ရှင်ကားကို ဖန်တီး ရိုက်ကူးသူသည် စစ်ကောင်စီ၏ ပုဒ်မ ၅၀၅-က ဖြင့် ဝရမ်းထုတ်ခံထားရသော ဒါရိုက်တာ ဏကြီးပင်ဖြစ်သည်။ ဏကြီးနှင့် ပိုင်ဖြိုးသုတို့ ဇနီးမောင်နှံ နှစ်ဦးသည်လည်း စစ်အာဏာရှင်ကို ပြတ်သားစွာ ဆန့်ကျင်ခဲ့ကြသည့် အနုပညာရှင်များ ဖြစ်သည်။

အိန္ဒြာကျော်ဇင်နှင့် ပိုင်ဖြိုးသုနှင့်အတူ ပါဝင်ထားသော “What Happened To The Wolf?” ရုပ်ရှင်ကား

အဆိုပါ “What happened to the wolf?” ရုပ်ရှင်ကားတွင် သရုပ်ဆောင်များအဖြစ် အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ လွင်မိုး၊ အောင်မြင့်မြတ်တို့ အဓိက ပါဝင်ထားကြပြီး ဧည့်သည်သရုပ်ဆောင်များအဖြစ် ကျော်ထက်အောင်၊ ထူးသာ၊ သီရိစိုး၊ အားကိုးရာတို့ ပါဝင်သည်။

အိန္ဒြာကျော်ဇင်သည် ၂၀၁၈ ခုနှစ်အတွင်းကလည်း နယ်ပယ် ပေါင်းစုံမှ ထူးချွန်ထက်မြတ်သူများအား ရွေးချယ် ချီးမြှင့်သည့် ”Pride of Myanmar Awards 2018″ ပွဲတွင် ဖျော်ဖြေရေးကဏ္ဍအတွက် ဆုချီးမြှင့်ခံရသည့် အနုပညာရှင်တဦး ဖြစ်သည်။

အိန္ဒြာကျော်ဇင်၏ အနုပညာဘဝ အစနှင့် အောင်မြင်မှု မှတ်တိုင်များ

အိန္ဒြာကျော်ဇင်သည် ၎င်းအသက် ၁၈ နှစ်အရွယ်၊ ၁၉၉၆ ခုနှစ်တွင် Miss Christmas နှင့် Miss Kokkine ပြိုင်ပွဲများ၌ ပထမဆု ရရှိခဲ့ပြီး အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူ ဖြစ်သည်။

အနုပညာလောကတွင် ၂၆ နှစ်ကျော်ကြာ ရပ်တည်ခဲ့သည့် မင်းသမီး အိန္ဒြာကျော်ဇင်သည် သူ၏ အနုပညာသက်တမ်း တလျှောက် ရုပ်ရှင်ဇာတ်ကားပေါင်း ၈၀ နီးပါး ရိုက်ကူးခဲ့ပြီး ဗီဒီယို ဇာတ်ကားပေါင်း မြောက်မြားစွာ ရိုက်ကူးခဲ့သည်။

အိန္ဒြာကျော်ဇင်သည် ၂၀၀၄ ခုနှစ်တွင် “မျက်နှာများတဲ့ ကောင်းကင်” ရုပ်ရှင်ကားဖြင့် ပထမဆုံး အကယ်ဒမီဆု ရရှိခဲ့သည်။

၁၉၉၉ ခုနှစ်မှ စတင်ကာ “အဖြူရောင်အတ္တ” ၊ “ကျွန်တော် ကျွန်မတို့သည်” ၊ “နှလုံးသား လျှို့ဝှက်ခန်း” စသည့် ရုပ်ရှင်ကားများဖြင့် ပွဲဦးထွက်ခဲ့သည့် အိန္ဒြာကျော်ဇင်သည် ၂၀၀၄ ခုနှစ်တွင် “မျက်နှာများတဲ့ ကောင်းကင်” ရုပ်ရှင်ကားဖြင့် ပထမဆုံး အကယ်ဒမီဆု ရရှိခဲ့သည်။ ယင်းနောက် ၂၀၁၇ ခုနှစ်၊ အချိန် ၁၃ နှစ်ကြာမှ ဒုတိယအကြိမ် အကယ်ဒမီဆုကို “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ကားဖြင့် ရရှိခဲ့သည်။

“ရင်ဘတ်ထဲကဓား” ရုပ်ရှင်ကားကို ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားပြီး၊ ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ အိန္ဒြာကျော်ဇင် ပါဝင် သရုပ်ဆောင်ထားသော ဇာတ်ကားဖြစ်သည်။

အဆိုပါ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်ကားကို ဒါရိုက်တာ ဝိုင်း ရိုက်ကူးထားပြီး၊ ခင်ပွန်းဖြစ်သူ ပြေတီဦးနှင့်အတူ အိန္ဒြာကျော်ဇင် ပါဝင် သရုပ်ဆောင်ထားသော ဇာတ်ကားဖြစ်သည်။ ယင်းကဲ့သို့ အချိန် ၁၃ နှစ်ကြာမှ အကယ်ဒမီဆု ဒုတိယအကြိမ် ရရှိခဲ့သည့်အတွက် အတိုင်းမသိ ဝမ်းသာ ပီတိ ဖြစ်မိကြောင်းလည်း အိန္ဒြာကျော်ဇင်က ဆိုခဲ့သည်။

ဂျာမနီရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင်လည်း အိန္ဒြာကျော်ဇင်၏ နာမည်စာတန်းပါ တီရှပ်များအား နိုင်ငံတကာ အနုပညာရှင် တချို့က ဝတ်ဆင်ကာ ဂုဏ်ပြုခဲ့ကြသည်

အိန္ဒြာကျော်ဇင်သည် Fashion Queen ဟု ဆိုရလောက်အောင် ၂၀၀၄ ခုနှစ်နောက်ပိုင်း သူ၏ ဆံပင်ပုံစံ၊ သူ၏ ဖက်ရှင်များ ရေပန်းစား ပေါက်ခဲ့သည်။ ယခုထိတိုင်လည်း အိန္ဒြာကျော်ဇင်၏ ဖက်ရှင်၊ နေထိုင်မှု Lifestyle ပုံစံများသည် ပရိသတ်ထံ လွှမ်းမိုးမှုများစွာ ရှိနေသေးသည်။

အိန္ဒြာကျော်ဇင် အပါအဝင် အနုပညာရှင်များ ထောင်ဒဏ် ၃ နှစ် ချခံရ

စစ်ကောင်စီသည် ရည်ရွယ်ချက်ရှိရှိဖြင့် ပရိသတ်အပေါ် လွှမ်းမိုးမှု ပါဝါအားကြီးသော နာမည်ကြီး ထိတ်ထိတ်ကြဲ အနုပညာရှင်များကို နိုင်ငံရေးတွင် မပါဝင်စေရန်၊ လှုံ့ဆော်မှုများ မပြုလုပ်နိုင်စေရန် ဖေဖော်ဝါရီလအလယ်က စကာ တက်ကြွ လှုပ်ရှားသည့် နာမည်ကြီး အနုပညာရှင်များကို ဖမ်းဝရမ်း ထုတ်၍ ဖမ်းဆီး တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။

ဖေဖော်ဝါရီလအလယ်က စကာ တက်ကြွ လှုပ်ရှားသည့် နာမည်ကြီး အနုပညာရှင်များကို ဖမ်းဝရမ်း ထုတ်၍ ဖမ်းဆီး တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။

သရုပ်ဆောင် လူမင်း အပါအဝင် ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ကိုပေါက်၊ ဏကြီး၊ အဆိုတော် အနဂ္ဂ စသည့် အနုပညာရှင် ၆ ဦးကို ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီ၏ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံခဲ့ရသော အနုပညာရှင်ပေါင်း ၁၀၀ ဦးထက် မနည်း ရှိခဲ့သည်။

အိန္ဒြာကျော်ဇင်နှင့် သူ၏ မိသားစု

၂၀၂၁ ခုနှစ်သည် စစ်အာဏာသိမ်းမှုနှင့်အတူ မြန်မာနိုင်ငံတွင် တန်ဖိုးရှိသော၊ အရည်အသွေးရှိသော၊ ပြည်သူချစ်သော အနုပညာ ဖန်တီးမှုများ ဆိတ်သုဉ်းသွားသည့် နှစ်ဟု ဆိုနိုင်ပေသည်။ ထို့အတူ ပြည်သူများ တန်ဖိုးထား ချစ်ခင်ရသည့် အနုပညာရှင်များလည်း သူတို့၏ အောင်မြင်မှု ဘဝများကို စတေးကာ ထောင်တွင်း၌ ပေးဆပ် ကျခံနေကြရသည်။

လက်ရှိတွင် ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံ အပါအဝင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ လူမင်း၊ အဆိုတော် စောဖိုးခွား၊ ရဲတိုက်၊ ပိုင်တံခွန်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်းတို့သည် အင်းစိန်ထောင်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချမှတ်ခံထားရသည်။

မကြာခင် စစ်အာဏာသိမ်းမှု တနှစ်ပြည့်တော့မည် ဖြစ်ပြီး မတရား ဖမ်းဆီးခံထားရသည့် ပြည်သူများ၊ နိုင်ငံရေးသမားများနှင့် ပြည်သူချစ် အနုပညာရှင်များ ပြန်လည် လွတ်မြောက်လာမည့်နေ့ကို တတိုင်းပြည်လုံးက စောင့်မျှော်နေကြရသည်။

Your Thoughts …
Tags: CDMဂျာမနီရုပ်ရှင်ပွဲတော်စစ်ကောင်စီဒါရိုက်တာဏကြီးပုဒ်မ ၅၀၅ (က)ပြေတီဦးဖမ်းဝရမ်းရုပ်ရှင်အစည်းအရုံးသရုပ်ဆောင်အကယ်ဒမီအနုပညာအိန္ဒြာကျော်ဇင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကမ္ဘာကျော်ခဲ့တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်” မြန်မာ့ CDM လူပ်ရှားမှု

ကမ္ဘာကျော်ခဲ့တဲ့ “ရုံးမတက်နဲ့ ရုန်းထွက်” မြန်မာ့ CDM လူပ်ရှားမှု

အကြမ်းမဖက်ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ခဲ့ကြတဲ့အတွက် စစ်ကောင်စီရဲ့ယန္တရားတွေ ရပ်ဆိုင်းလုနီးပါးဖြစ်ခဲ့ပါတယ် / ဧရာဝတီ 

စစ်အာဏာကို အဆုံးထိ ဖီဆန်ကြသူများ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0
  • ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate