အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်ချုပ်ရာထူး စတင် တာဝန်ထမ်းဆောင်လာ ချိန်တွင် ရေတပ်နှင့် လေတပ်ကို ခေတ်မီစစ်လက်နက်များ တပ်ဆင်ကာ အဆင့်မြှင့်တင်ခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပြီး အခြားတဖက်တွင် ထိုအရာများက စစ်တပ်နှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များနှင့် ၎င်းတို့၏ ဆွေမျိုးများကို အချိန်တိုအတွင်း ကြီးပွားချမ်းသာစေကုန်သည်။
ထိုသို့ ချမ်းသာသွားသူများထဲတွင် အသက် ၄၀ ကျော်သာရှိသေးသော Sky Aviator ကုမ္ပဏီ ပိုင်ရှင် ဦးကျော်မင်းဦးလည်း ပါဝင်သည်။
သူသည် ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ မြန်မာ့လေတပ်အတွက် ဝယ်ယူခဲ့သော တိုက်ခိုက်ရေး ဂျက်ဖိုက်တာများနှင့် ရဟတ်ယာဉ်များအတွက် လိုအပ်သော အပိုပစ္စည်းများကို အဓိက တင်သွင်းပေးခဲ့ပြီး ၁၀ စုနှစ် တခု ကာလအတွင်းမှာပင် ခရိုနီလက်သစ်တဦး ဖြစ်လာခဲ့ကြောင်း ၎င်းကိုသိသော စီးပွားရေးလုပ်ငန်းရှင်တချို့က ဧရာဝတီသို့ ပြောသည်။
“ရဟတ်ယာဉ်တွေရဲ့ အပိုပစ္စည်းဈေးနှုန်းတွေကို ဆယ်ဆလောက်တင်ပြီး ရိုက်တာ” ဟု မြန်မာစစ်တပ် (လေ) တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိတဦးကလည်း ဆိုသည်။
ထိုသို့ စျေးတင်ပြီး တင်သွင်းပေးခြင်းကို သက်ဆိုင်ရာ အကြီးအကဲများက ခွင့်ပြုပေးထားသည့်အတွက် သူက ဝယ်ယူနေရခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
ဦးကျော်မင်းဦးသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် မဖြစ်ခင် ၂၀၁၁ ခုနှစ်အစောပိုင်း ကာလများတွင် ယခင်စစ်အစိုးရလက်ထက်၌ မြန်မာ့စစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ အဓိက တင်သွင်းပေးနေသော ခရိုနီ သူဌေးကြီး ဦးတေဇ (ထူးအုပ်စု) ၏ Myanmar Avia Export ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဦးတေဇသည် ရုရှားလုပ် MI-17 ရဟတ်ယာဉ်များနှင့် MiG-29 တိုက်လေယာဉ်များ၊ လေယာဉ်အပို ပစ္စည်းများ အပြင် စစ်လက်နက်ပစ္စည်းများကို ၎င်း၏ Myanmar Avia Export ကုမ္ပဏီမှတဆင့် မြန်မာစစ်တပ်သို့ တင်သွင်းပေးသူ ဖြစ်သည်
ဦးတေဇသည် ရုရှားလုပ် MI-17 ရဟတ်ယာဉ်များနှင့် MiG-29 တိုက်လေယာဉ်များ၊ လေယာဉ်အပို ပစ္စည်းများ အပြင် စစ်လက်နက်ပစ္စည်းများကို ၎င်း၏ Myanmar Avia Export ကုမ္ပဏီမှတဆင့် မြန်မာစစ်တပ်သို့ တင်သွင်းပေးသူ ဖြစ်သည်။ ထိုကုမ္ပဏီသည် MAPO ဟုလူသိများသော Russia’s Export Military Industrial Group အတွက် မြန်မာနိုင်ငံ၏ တဦးတည်းသောကိုယ်စားလှယ် ရရှိထားသည်။

ထို့နောက် ဦးကျော်မင်းဦးသည် ၂၀၁၄ ခုနှစ် ဝန်းကျင်၌ Sky Aviator ကုမ္ပဏီကို ထူထောင်ပြီး ဦးတေဇ၏ ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရင်းနှီးခဲ့သည့် ရုရှားနိုင်ငံသား Mr. Alexander Ostrovskiy နှင့် ပူးပေါင်းကာ ရုရှားနိုင်ငံထုတ်တိုက် လေယာဉ်များအတွက် လိုအပ်သော အပိုပစ္စည်းများ ဝယ်ယူပေးသည့် လုပ်ငန်းကို လုပ်ကိုင်လာခဲ့သည်။
ဦးကျော်မင်းဦးသည် ၂၀၁၄ ခုနှစ် ဝန်းကျင်၌ Sky Aviator ကုမ္ပဏီကို ထူထောင်ပြီး ဦးတေဇ၏ ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ရင်းနှီးခဲ့သည့် ရုရှားနိုင်ငံသား Mr. Alexander Ostrovskiy နှင့် ပူးပေါင်းကာ ရုရှားနိုင်ငံထုတ်တိုက် လေယာဉ်များအတွက် လိုအပ်သော အပိုပစ္စည်းများ ဝယ်ယူပေးသည့် လုပ်ငန်းကို လုပ်ကိုင်လာခဲ့သည်
ရုရှားနိုင်ငံသား Mr. Alexander Ostrovskiy သည် မြန်မာစစ်တပ်က ရုရှားနိုင်ငံထုတ်ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များ ဝယ်ယူရာတွင် ဦးတေဇအတွက် အကျိုးဆောင်ပေးခဲ့သူတစ်ဦး ဖြစ်သည်။
မြန်မာ့လေတပ်တွင် ဗိုလ်မှူးထက် အဆင့်မြင့်သော အရာရှိကြီးတဦးနှင့် ဆွေမျိုးတော်စပ်သည့် ဦးကျော်မင်းဦးသည် စစ်သားတပိုင်း-အရပ်သားတပိုင်း ဦးသိန်းစိန်းအစိုးရနှင့် ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်တို့တွင် မြန်မာ့စီးပွားရေးအသိုင်းအဝိုင်းမှ ပျောက်ကွယ်နေခဲ့သော ဦးတေဇ နေရာကို ဆက်ခံကာ မြန်မာ့လေတပ်အတွက် စစ်လက်နက်နှင့် အပိုပစ္စည်းများကို တင်သွင်းပေးရန် အခွင့်အရေးများစွာ ရရှိခဲ့ကြောင်း ဧရာဝတီ၏ စစ်ဖက်သတင်းရင်းမြစ်များထံမှ သိရသည်။

စစ်တပ်က အာဏာ မသိမ်းမီနှင့် အာဏာသိမ်းပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆာဂေရှိုဂုနှင့် ဒုတိယကာကွယ်ရေးဝန်ကြီးတို့ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်များသည် ဦးကျော်မင်းဦး၏ အကျိုး ဆောင်ပေးမှုများဖြစ်ကြောင်း နေပြည်တော်ရှိ စစ်ဖက်အရာရှိကြီးတချို့က ဧရာဝတီသို့ ပြောသည်။
ရန်ကုန်မြို့တွင် အထွေထွေစီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်သည်ဟု မှတ်ပုံတင်ထားသော Sky Aviator ကုမ္ပဏီသည် ရုရှားနိုင်ငံအပြင် Motor Sich ကုမ္ပဏီထံမှ ယူကရိန်းထုတ် လေယာဉ်အစိတ်အပိုင်းများကို ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ တင်သွင်းပေးခဲ့
ရန်ကုန်မြို့တွင် အထွေထွေစီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်သည်ဟု မှတ်ပုံတင်ထားသော Sky Aviator ကုမ္ပဏီသည် ရုရှားနိုင်ငံအပြင် Motor Sich ကုမ္ပဏီထံမှ ယူကရိန်းထုတ် လေယာဉ်အစိတ်အပိုင်းများကို ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအထိ တင်သွင်းပေးခဲ့ကြောင်း မြန်မာ့စစ်တပ်၏ စစ်လက်နက်တင်သွင်းမှုနှင့် စီးပွားရေးလုပ်ငန်းများအကြောင်း ဖော်ထုတ်နေသော အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်သည့် Justice For Myanmar ၏ ထုတ်ပြန်ချက်အရ သိရသည်။

Sky Aviator သည် ရုရှားရဟတ်ယာဉ်များနှင့် ပတ်သက်၍ ကျွမ်းကျင်မှုရှိသည့် ကုမ္ပဏီဖြစ်ပြီး ပေါက်ကြားလာသည့် Sky Aviator မှ လေတပ်ကာကွယ်ရေးဦးစီးချုပ်ရုံးသို့ တင်သွင်းခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ အဆိုပြုလွှာတစောင်တွင် Mi-24P အမျိုးအစား ရဟတ်ယာဉ်များ အဆင့်မြင့်မွန်းမံမှု တစ်ရပ်ကို ကမ်းလှမ်းခဲ့ပြီး ၎င်းတို့သည် JSC Russia Helicopter ၏ မြန်မာနိုင်ငံရှိ တဦးတည်းသော ကိုယ်စားလှယ် ဖြစ်ကြောင်း ဖော်ပြထားခဲ့ကြောင်း သိရသည်။
ပေါက်ကြားလာသည့် ကာကွယ်ရေးဝန်ကြီးဌာန၏ စာရွက်စာတမ်းတခုတွင် Sky Aviator ကုမ္ပဏီသည် T-72S အမျိုးအစား တင့်ကားအစိတ်အပိုင်းများကို စစ်တပ်သို့ ပေးအပ်ခဲ့သည်ကို တွေ့ရကြောင်း Justice For Myanmar က ဆိုထားသေးသည်
ထို့ပြင် ပေါက်ကြားလာသည့် ကာကွယ်ရေးဝန်ကြီးဌာန၏ စာရွက်စာတမ်းတခုတွင် Sky Aviator ကုမ္ပဏီသည် T-72S အမျိုးအစား တင့်ကားအစိတ်အပိုင်းများကို စစ်တပ်သို့ ပေးအပ်ခဲ့သည်ကို တွေ့ရကြောင်း Justice For Myanmar က ဆိုထားသေးသည်။
အာဏာသိမ်းမှု လုပ်ဆောင်ခဲ့သော ဖေဖော်ဝါရီလမှ စတင်ပြီး ရုရှားစစ်လက်နက်ကုမ္ပဏီ Concern Radio-Electronic Technologies (KRET) ထံမှ YAK-130 တိုက်လေယာဉ်များအတွက် ထောက်ပံ့ရေးကရိယာများနှင့် အခြားစစ်လက်နက် ကုမ္ပဏီများထံမှ အင်ဂျင်အစိတ်အပိုင်းများ၊ တာဘိုအင်ဂျင်များ အစရှိသော စစ်လက်နက်တင်ပို့မှု အများအပြားကို Sky Aviator က ဆောင်ရွက်ခဲ့ကြောင်း Justice For Myanmar ထံမှ သိရသည်။
You may also like these stories:
ဂျော်နသန်ကျော်သောင်း (သို့မဟုတ်) စစ်တပ်ကို လျှို့ဝှက်လက်နက်တပ်သူ
လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း (အပိုင်း ၁)
ကုလသမဂ္ဂလက်နက်ပိတ်ဆို့မှု အလုပ်ဖြစ်နိုင်လား
ရုရှား-မြန်မာ ဆက်ဆံရေး ပိုမိုခိုင်မာလာဟု စစ်ကောင်စီပြောခွင့်ရဆို
ရုရှား စစ်ဘက်လေကြောင်း အချက်အခြာနေရာသို့ အာဏာသိမ်းခေါင်းဆောင် သွားရောက်