• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာစစ်အရာရှိများကို လေ့ကျင့်ပေးသောကြောင့် ဂျပန် ဝေဖန်ခံနေရ

by ဧရာဝတီ
11 February 2022
in ဆောင်းပါး
A A
ကာနာဂါဝါခရိုင်၊ ယိုကိုဆူကာရှိ ဂျပန် အမျိုးသားစစ်တက္ကသိုလ်တွင် စစ်ရေးပြစဉ်

ကာနာဂါဝါခရိုင်၊ ယိုကိုဆူကာရှိ ဂျပန် အမျိုးသားစစ်တက္ကသိုလ်တွင် စစ်ရေးပြစဉ်

14.1k
VIEWS
Share on FacebookShare on Twitter

ယမန်နှစ်က အာဏာသိမ်းခဲ့သော မြန်မာစစ်ကောင်စီကို အရေးယူရေးနှင့် မြန်မာစစ်အရာရှိများကို ဆက်လက် လေ့ကျင့်ပေးရေးတို့ အကြား ရွေးချယ်ရန် ဂျပန်နိုင်ငံ ပိုမိုဖိအားပေးခံနေရသည်။

လွန်ခဲ့သောနှစ် ဖေ‌ဖော်ဝါရီလက မြန်မာတွင် စစ်အာဏာသိမ်းပြီးနောက် ဂျပန်ပညာရေးနှင့် လေ့ကျင့်ရေး အစီအစဉ်များတွင် မြန်မာတပ်ဖွဲ့ဝင်များကို ပါဝင်ခွင့်ပြုသောကြောင့် ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်သော လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (HRW) အဖွဲ့ဝင်များ၏ ဝေဖန်မှုကို ခံနေရသည်။

RelatedPosts

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

12 July 2025
1.5k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

12 July 2025
1.2k
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
544

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ အစီအစဉ်သည် မြန်မာစစ်ကောင်စီ၏ အကြမ်းဖက်မှုများကို အထောက်အကူ ပြုနေပြီး မြန်မာပြည်သူများ၏ စိတ်ခံစားမှုများကို နင်းချေနေကြောင်း လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ အရာရှိတဦးဖြစ်သူ အသက် ၃၀ အရွယ် တက်ပေ ကာဆိုင်းက ပြောသည်။

သို့သော် ဂျပန်စစ်တပ်အရာရှိတဦးကမူ “မြန်မာစစ်တပ်ရဲ့ လုပ်ရပ်က အရမ်းဆိုးရွားပေမယ့် (ဒီအစီအစဉ်ကနေ ရရှိတဲ့) လူပုဂ္ဂိုလ်ဆက်ဆံရေးက အဖိုးမဖြတ်နိုင်ဘူး” ဟု ပြောသည်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနသည် ဧပြီလတွင် စတင်မည့် လာမည့်ဘဏ္ဍာရေးနှစ်တွင် မြန်မာစစ်တပ်ဖွဲ့ဝင်များကို လက်ခံမည်၊ မခံမည်ဆိုသည့်ကိစ္စနှင့် ပတ်သက်၍ မဆုံးဖြတ်ရသေးကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး နိုဘူအို ကီရှီက ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကျနော်တို့ စနစ်တကျ တုံ့ပြန်ဆောင်ရွက်သွားမှာပါ” ဟု ဝန်ကြီး ကီရှီက ပြောသည်။

ဂျပန်ကာကွယ်ရေးတပ် (SDF) ဥပဒေအရ ကာကွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံပေါင်း ၃၆ နိုင်ငံမှ တပ်ဖွဲ့ဝင်များကို ပညာရေးနှင့် လေ့ကျင့်ရေးများ အထောက်အကူပေးရန် လက်ခံနေသည်။

ထိုအစီအစဉ်သည် အရပ်သားထိန်းချုပ်မှုအောက်မှ ဂျပန်ကာကွယ်ရေးတပ်များကို ပြည်ပတပ်ဖွဲ့များ နားလည်စေရန်၊ ထိုနားလည်မှုကို ၎င်းတို့နိုင်ငံတွင် အသုံးပြုနိုင်စေရန်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ရှင်းလင်းပြောကြားသည်။

ထိုအစီအစဉ်သည် အရပ်သားထိန်းချုပ်မှုအောက်မှ ဂျပန်ကာကွယ်ရေးတပ်များကို ပြည်ပတပ်ဖွဲ့များ နားလည်စေရန်၊ ထိုနားလည်မှုကို ၎င်းတို့နိုင်ငံတွင် အသုံးပြုနိုင်စေရန်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံသည် ဂျပန်အဖို့ တရုတ်နှင့် အိန္ဒိယနိုင်ငံအကြားအတွင် တည်ရှိသော ပထဝီနိုင်ငံရေး အရေးပါသည့် အနေအထားကြောင့် ထိုအစီအစဉ်တွင် ပါဝင်ရန် ထည့်သွင်းထားသည်။

၂၀၁၅ ခုနှစ်တွင် ထိုအစီအစဉ်၌ ပါဝင်ပြီးနောက် ကာကွယ်ရေး ဝန်ကြီးဌာနက အသက် ၂၀ မှ ၃၀ ကျော် မြန်မာစစ်အရာရှိ ၃၀ ဦးကို လက်ခံခဲ့ပြီး ဖြစ်သည်။

၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ တပ်ဖွဲ့ဝင်များသည် ထိုအစီအစဉ်တွင် ပါဝင်ခဲ့သည်။

၂၀၁၆ ခုနှစ်က ဂျပန် စစ်သင်္ဘောတစီးပေါ်သို့ မြန်မာစစ်သင်တန်းသားများ သွားရောက်လေ့လာခဲ့စဉ် / The Nippon Foundation

လက်ရှိအချိန်တွင် အဆင့်မြင့်အရာရှိ ၂ ဦးနှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး လက်ခံထားသည့် အထူးသင်တန်းသား ၂ ဦး အပါအဝင် မြန်မာမှ ၁၀ ဦးသည် ထိုအစီအစဉ်တွင် ပါဝင်နေသည်။

မြန်မာစစ်တပ်နှင့် အဆက်အသွယ်ဖြတ်ရန်နှင့် ပြည်ပလေ့ကျင့်ရေး အစီအစဉ်ကို ချက်ခြင်းဆိုင်းငံ့ရန် ဂျပန်အစိုးရကို တောင်းဆိုသည့် ကြေညာချက်တစောင်ကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနသည် မြန်မာတပ်ဖွဲ့ဝင်များကို ဆက်လက် လက်ခံနေပါက နိုင်ငံသားအများအပြားကို သတ်ဖြတ်နေသည့် စစ်အုပ်စုကို ထိရောက်စွာ ထောက်ခံခြင်းဖြစ်သည်ဟုလည်း ထိုကြေညာချက်က ဆိုသည်။

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနသည် မြန်မာတပ်ဖွဲ့ဝင်များကို ဆက်လက် လက်ခံနေပါက နိုင်ငံသားအများအပြားကို သတ်ဖြတ်နေသည့် စစ်အုပ်စုကို ထိရောက်စွာ ထောက်ခံခြင်းဖြစ်သည်ဟုလည်း ထိုကြေညာချက်က ဆိုသည်။

သြစတြေးလျနိုင်ငံသည် မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ၂၀၂၁ ခုနှစ်၊မတ်လတွင် ဆိုင်းငံ့ခဲ့ကြောင်းလည်း ထိုကြေညာချက်တွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းမှုသည် မြန်မာစစ်တပ် ကျူးလွန်ခဲ့သည့် တခုတည်းသော ရာဇဝတ်မှု မဟုတ်ကြောင်း ကာဆိုင်းက ပြောသည်။ မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာမွတ်ဆလင်များကို ဖြိုခွဲမှုအတွက် ကမ္ဘာက ဝေဖန်နေကြောင်း သူက ထောက်ပြသည်။

“စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုသမိုင်းကို ကြည့်ရင် အဆင့်မြင့် စစ်အရာရှိတွေကို လေ့ကျင့်ပေးပြီး အပြောင်းအလဲကို မျှော်လင့်တယ်ဆိုတာ လက်တွေ့မကျဘူး” ဟု ကာဆိုင်းက ပြောသည်။

“စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု သမိုင်းကို ကြည့်ရင် အဆင့်မြင့် စစ်အရာရှိတွေကို လေ့ကျင့်ပေးပြီး အပြောင်းအလဲ မျှော်လင့်တယ်ဆိုတာ လက်တွေ့မကျဘူး” ဟု ကာဆိုင်းက ပြောသည်။

သင်တန်းကြေး ကင်းလွတ်ခွင့်

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန၏ အစီအစဉ်အရ အဆင့်မြင့်အရာရှိများသည် လက်တွေ့ လုံခြုံရေးဆိုင်ရာ ပညာများကို လများစွာမှ တနှစ်အထိ လေ့လာခွင့် ရကြသည်။ အထူးသင်တန်းသားများသည် ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်ခြင်း အပါအဝင် ၅ နှစ်အထိကြာသော အခြေခံပညာရေးနှင့် လေ့ကျင့်ရေးများကို ရရှိကြသည်။

ကာကွယ်ရေးဆိုင်ရာ လေ့လာရေး အမျိုးသားအင်စတီကျု (National Institute for Defense Studies)၊ ဂျပန်ကာကွယ်ရေးတပ်၏ ကွပ်ကဲမှုနှင့် စစ်ဦးစီးကောလိပ် (Command and Staff College) နှင့် အခြား သင်တန်းကျောင်းများသည် မြန်မာမှ အဆင့်မြင့်အရာရှိ ၁၇ ဦးကို သင်တန်းပေးခဲ့ပြီး အမျိုးသားကာကွယ်ရေး တက္ကသိုလ် (National Defense Academy) က အထူးသင်တန်းသား ၁၃ ဦးကို လက်ခံခဲ့ပြီး ဖြစ်သည်။

၂၀၁၆ ခုနှစ် ဂျပန်-မြန်မာ သင်တန်းသားလဲလှယ်ရေးအစီအစဉ် အထိမ်းအမှတ် အခမ်းအနား/ The Nippon Foundation.

ဥပဒေအရ သင်တန်းသားများထံမှ သင်တန်းကြေး ကောက်ခံခွင့်နှင့် ၎င်းတို့ကို အကျိုးခံစားခွင့် ပေးနိုင်သည်။ သို့သော် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သောကြောင့် မြန်မာတပ်ဖွဲ့ဝင်များသည် နှစ်စဉ်သင်တန်ကြေး ယန်း ၅၅၂,၀၀၀ (အမေရိကန်ဒေါ်လာ ၄,၇၈၈ ဒေါ်လာ) ကင်းလွတ်ခွင့်ရကြသည်။

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနသည် မြန်မာ အဆင့်မြင့်စစ်အရာရှိများကို လစဉ် ယန်း ၁၄၄,၀၀၀ ပေးပြီး အထူးသင်တန်းသားများကို ယန်း ၈၃,၀၀၀ လစဉ်ပေးသည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလအထိ မြန်မာတပ်ဖွဲ့ဝင်များသို့ ယန်း ၅၈ သန်းခန့် အကျိုးခံစားခွင့် ပေးပြီးဖြစ်သည်။

မြန်မာမှ အဆင့်မြင့်အရာရှိများနှင့် အခြားသင်တန်းသားများသည် ပုဂ္ဂလိကဆက်ဆံရေး တည်ဆောက်ပြီး ဂျပန်မှ မြန်မာသို့ ပြန်ရောက်သောအခါ စစ်တပ်အတွင်း အပြောင်းအလဲများကို ဖြစ်စေမည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန၏ လူသားရင်းမြစ်ဖွံ့ဖြိုးရေးဌာနခွဲက ပြောသည်။

မြန်မာမှ အဆင့်မြင့်စစ်အရာရှိများနှင့် အခြားသင်တန်းသားများသည် ပုဂ္ဂလိက ဆက်ဆံရေး တည်ဆောက်ပြီး ဂျပန်မှ မြန်မာသို့ ပြန်ရောက်သောအခါ စစ်တပ်အတွင်း အပြောင်းအလဲများကို ဖြစ်စေမည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန၏ လူသားရင်းမြစ်ဖွံ့ဖြိုးရေးဌာနခွဲက ပြောသည်။

သို့သော် ထိုတပ်ဖွဲ့ဝင်များသည် မြန်မာသို့ ပြန်ရောက်ပြီးနောက် မည်သည့်တာဝန် ထမ်းဆောင်နေသည်၊ ထမ်းဆောင်ရမည်ကို မသိကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ဂျပန်အစိုးရသည် စစ်အာဏာသ်ိမ်းမှုကို အပြင်းအထန်ဆန့်ကျင်သည်။

၂၀၂၁ မတ်လအတွင်းကလည်း ဂျပန်ကာကွယ်ရေးတပ် စစ်ဦးစီးချုပ် ကိုဂျီ ယာမာဇာကီသည် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ စစ်ဘက်အကြီးအကဲများနှင့် ပူးတွဲပြီး အကြမ်းဖက်မှုကို ရှုတ်ချသည့် ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်အာဏာသိမ်းမှုကို ဂျပန်နိုင်ငံ၊ ကိုဘေးတွင် ဆန်းကျင် ဆန္ဒပြစဉ် / Asahi Shimbun

စစ်ရေးစွမ်းရည် မြှင့်တင်ပေးခြင်းကို ရှောင်ရှားရန် ကာကွယ်ရေးဝန်ကြီးဌာနသည် ဂျပန်ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို မြန်မာသို့စေလွှတ်ကာ ဆေးဘက်ဆိုင်ရာနှင့် မိုးလေဝသပညာ သင်တန်းပေးခြင်း၊ ဂျပန်ဘာသာစကား သင်ကြားပေးသည့် အစီအစဉ်များကို ဆိုင်းငံ့ထားသည်။

သို့သော် ကာကွယ်ရေးဝန်ကြီးဌာနသည် မြန်မာစစ်သင်တန်းသားများကို ဆက်လက် လက်ခံနေပြီး နည်းပြဆရာများ ပျိုးထောင်ခြင်းကို ဆက်လက်ထောက်ပံ့နေသည်။

“ကျနော်တို့ လက်ရှိအချိန်အထိ တည်ဆောက်ထားတဲ့ လမ်းကြောင်းအားလုံး ဖြတ်လိုက်တာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး” ဟု ဂျပန်အစိုးရ ရင်းမြစ်တခုက ပြောသည်။

“ကျနော်တို့ လက်ရှိအချိန်အထိ တည်ဆောက်ထားတဲ့ လမ်းကြောင်းအားလုံး ဖြတ်လိုက်တာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး” ဟု ဂျပန်အစိုးရ ရင်းမြစ်တခုက ပြောသည်။ ထိုအစီအစဉ်သည် ဂျပန်လိုလားသော မြန်မာတပ်ဖွဲ့ဝင်များ ပေါ်ပေါက်လာစေသည်ဟုလည်း ဆိုသည်။

ဂျပန် အမျိုးသားကာကွယ်ရေး တက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခ ဟီရိုမီ တာနာကာက မြန်မာသည် တရုတ်နှင့် အခိုင်အမာ ဆက်ဆံနေကြောင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာနသည် မြန်မာအနေဖြင့် ဂျပန်ကို အနည်းငယ်မျှပင်ဖြစ်စေ ထည့်သွင်းစဉ်းစားနေစေလိုကြောင်း ပြောသည်။

မြန်မာနှင့် ဂျပန်အကြား သင်တန်းသားဖလှယ်ရေး အစီအစဉ်ကို ဦးဆောင်သူ မူကိုဂါဝါ အမျိုးသမီးတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခ ကိုဂျီ မီယာကီကမူ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုအချိန်တွင် မြန်မာပြည်သူများကိုသာ ဦးစားပေးသင့်ကြောင်းနှင့် ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် မည်သို့ပါဝင်မည်ကို စဉ်းစားရန်သာ ဦးစားပေးသင့်ကြောင်း ပြောကြားသည်။

(Asahi Shimbun ပါ Kaigo Naraisawa ၏ Japan under fire for training military officers from Myanmar ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဂျပန်စီးပွားရေး လော်ဘီက မြန်မာအာဏာသိမ်းမှုကို ထောက်ခံ

ဂျပန်-မြန်မာ စီးပွားရေးအကျိုးဆောင် (သို့) မစ္စတာ ဝါတာနာဘေး

Cobra Gold စစ်လေ့ကျင့်မှု မြန်မာစစ်တပ်ကို လေ့လာသူအဖြစ် တက်ခွင့်မပြုတော့

စစ်သားတွေ ပျော်ဖို့ ငွေဖြုန်းပြီး လက်နက်တွေ တပ်ဆင်

အဝိုင်းခံ ကယားပြည်နယ်ကို စစ်ကောင်စီ ဒုဥက္ကဋ္ဌ သွားအားပေး

Your Thoughts …
Tags: Command and Staff CollegeHRWNational Defense AcademyNational Institute for Defense StudiesSDFဂျပန်ဂျပန်-မြန်မာဆက်ဆံရေးဂျပန်ကာကွယ်ရေးတပ်ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနစစ်ကောင်စီစစ်သင်တန်းအာဏာသိမ်းမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကိုဗစ် စတုတ္ထလှိုင်း ကာကွယ်ရေး စစ်ကောင်စီကလည်း တိကျရေရာသည့် ထုတ်ပြန်ခြင်းများ ပြုလုပ်ခြင်း မရှိ / ဧရာဝတီ

တချို့က ဖြဲခြောက်တယ်၊ တချို့က လျှော့ပေါ့ပြောနေကြတယ်

စင်္ကာပူဝန်ကြီးချုပ်နှင့် အတူတွေ့ရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပုံဟောင်း

ဒေါ်အောင်ဆန်းစုကြည် အဂတိမှု ရဲ ၅ ဦးကို စစ်ဆေး

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate