• English
Sunday, December 3, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      ခေတ် နှင့် မိန်းမ

      ခေတ် နှင့် မိန်းမ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        တကျော့ပြန်တိုက်ပွဲအတွင်း ရခိုင်အရပ်သား ၇၀ ကျော် ဖမ်းဆီးခံရ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ချင်းပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲ များလာ

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ဆန္ဒပြပွဲအပြီး တရုတ်နှင့် ခိုင်မာသော ဆက်ဆံရေး ရှိကြောင်း စစ်ကောင်စီက ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        နေရပ်ပြန်ပို့ခံရသည့် ကရင်နီစစ်ရှောင်များ အခက်အခဲဖြစ်နေ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          “အကြမ်းဖက်စစ်ကောင်စီရဲ့ နိဂုံးဟာ စပြီ”

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          ခေတ် နှင့် မိန်းမ

          ခေတ် နှင့် မိန်းမ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home ဆောင်းပါး

          ကိုဗစ်ကာကွယ်ရေးထက် အာဏာတည်မြဲရေးကိုသာ စစ်ကောင်စီ အာရုံစိုက်နေ

          by ဧရာဝတီ
          12 February 2022
          in ဆောင်းပါး
          Reading Time: 1 min read
          A A
          လူစုလူဝေးဖြင့် စစ်ကောင်စီ ကျင်းပနေသည့် ပြည်ထောင်စုနေ့ အခမ်းအနား

          လူစုလူဝေးဖြင့် စစ်ကောင်စီ ကျင်းပနေသည့် ပြည်ထောင်စုနေ့ အခမ်းအနား

          14k
          VIEWS
          Share on FacebookShare on Twitter

          မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု တကျော့ပြန် မြင့်တက်လာနေပြီး စတုတ္ထလှိုင်း စနေပြီဖြစ်သော်လည်း စစ်ကောင်စီက ရောဂါကာကွယ်ထိန်း ချုပ်ရေးထက် ၎င်းအာဏာ တည်မြဲရေးအတွက်သာ အာရုံစိုက် လုပ်ဆောင်နေကြောင်း ဆရာဝန်များက ပြောသည်။

          ၂၀၂၂ နှစ်ဆန်းပိုင်းကစပြီး ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ကြီးများ အပါအဝင် ပြည်နယ်နှင့်တိုင်း အသီးသီး၌ ကိုဗစ် ကူးစက်မှုနှုန်း တဖြည်းဖြည်း မြင့်တက်လာမှုနှင့်အတူ ကိုဗစ်မျိုးခွဲတခုဖြစ်သည့် အိုမီခရွန်ကူးစက်မှုမှာလည်း ၄၀၀ နီးပါး ရှိလာပြီ ဖြစ်သည်။

          RelatedPosts

          ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          3 December 2023
          6.5k
          အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

          စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

          3 December 2023
          3k
          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          3 December 2023
          1.2k

          သို့သော်လည်း မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာ၏ ဖယ်ကျဉ်မှုကို ခံနေရသည့် စစ်ကောင်စီသည် ကိုဗစ် စည်းကမ်း များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ နေပြည်တော်တွင် ပြည်ထောင်စုနေ့ စိန်ရတု အခမ်းအနားကို ငွေအင်အား အသုံးပြု၍ လူစုလူဝေးပြုလုပ်ကျင်းပခဲ့သည်။

          CDM ဆရာဝန်တဦးက “ပြည်တွင်းမှာ လူတွေ တော်တော်များများ ကူးစက်ခံနေရပြီ။ ရန်ကုန်က ဆေးရုံ၊ ဆေးခန်းတွေမှာ ကိုဗစ်လူနာတွေ တစတစ များလာတယ်။ တဖက်မှာ စစ်ကောင်စီရဲ့ ကျန်းမာရေးစောင့်ရောက်မှုကို ပြည်သူတွေက မယုံ ကြည်တော့ဘူူး။ သူတို့ ထုတ်ပြန်ချက်တွေကလည်း တခုမှ ယုံကြည်စရာ မရှိဘူး။ ဘာကြိုတင်ပြင်ဆင်မှုမျိုးမှလည်း ရှိပုံမရ ဘူး။ ပြည်သူကို လက်ဆေး၊ Mask တပ်ဖို့လောက် ခိုင်းထားရင် တာဝန်ကျေပြီဆိုတဲ့ သဘောမျိုးနဲ့ အာဏာ တည်မြဲဖို့ကိုပဲ အာရုံစိုက်နေတာကို တွေ့ရတယ်” ဟု သုံးသပ်ပြောဆိုသည်။

          လူစုလူဝေးဖြင့် စစ်ကောင်စီ ကျင်းပနေသည့် ပြည်ထောင်စုနေ့ အခမ်းအနား

          စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကမူ ကိုဗစ်ကာကွယ်ဆေးများအား ပြည်နယ်နှင့် တိုင်း အသီးသီးရှိ လူဦးရေ ၂၂ သန်းကျော် (ပထမအကြိမ်ထိုးနှံပြီး လူဦးရေနှင့် ၂ ကြိမ် ထိုးနှံပြီး လူဦးရေ စုစုပေါင်း) ကို ထိုးနှံပေးထားသလို ယခုနှစ် ဇန်နဝါရီ ဒုတိယအပတ်မှ စတင်၍ Booster ဆေးများ ထိုးပေးနေပြီ ဖြစ်ကြောင်း ဧရာဝတီ သို့ ပြောသည်။

          ၎င်းက “ကျနော်တို့ ကျန်မာရေးဝန်ကြီးဌာန အနေနဲ့တော့ ကာကွယ်ဆေး ၂ ကြိမ် ထိုးပြီးသား လူတွေကို Booster ဆေးတွေ စထိုးနေပါပြီ။ ဦးစားပေး အုပ်စုတွေကတော့ နိုင်ငံ့ဝန်ထမ်းပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဝန်ထမ်းတွေ၊ လုံခြုံရေးအရ တာဝန်ရှိတဲ့ ဝန်ထမ်းတွေ၊ အသက် ၆၅ နှစ်အထက် မိဘပြည်သူတွေပေါ့။ သက် ဆိုင်ရာ တိုင်းနဲ့ပြည်နယ်အလိုက် ဆေးရရှိမှုရယ်၊ ပထမအကြိမ်မှာ ကျန်နေခဲ့တဲ့ တိုင်းနဲ့ပြည်နယ်ကို ပထမအကြိမ်ကို ဖိထိုး နေတာပေါ့။ အဲဒီမှာ နည်းနည်း အခြေအနေ ကောင်းလာတဲ့ မွန်တို့၊ ဧရာဝတီတို့မှာဆိုရင် တချို့နေရာတွေမှာ Booster စထိုးနေပြီပေါ့” ဟု ဆိုသည်။

          ပြည်သူအများစု ကာကွယ်ဆေး အပြည့်အဝ မထိုးရသေးသည့်အချိန်တွင် စစ်ကောင်စီက Booster ဆေးများ စတင် ထိုးပေးနေပြီဟု ဆိုသော်လည်း ကာကွယ်ဆေး ရရှိမှု အခြေအနေ၊ ဆေးထိုးပေးသူ အရေအတွက် အပါအဝင် Booster ထိုးပေးမည့် သတင်းအချက်အလက်များနှင့် ပတ်သက်၍ သတင်းတစုံတရာ ထုတ်ပြန်ထားခြင်း မတွေ့ရပေ။

          ထို့ကြောင့် နေပြည်တော်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်အုပ်စုနှင့် လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းအကြီးအကဲများ ကိုသာ လက်သိပ်ထိုးပြီး Booster ထိုးပေးနေသလားဟူသည့် မေးခွန်းများလည်း ရှိနေသည်။

          မွန်ပြည်နယ်၊ ရေးမြို့ဒေသခံ မဟေမာန်က “ကျမတို့ ဒေသမှာတော့ စစ်ကောင်စီက အရင်တုန်း (ဇူလိုင်လပိုင်း) က ဆေး လာထိုးဖို့ ရပ်ကွက်တွေမှာ လိုက်အော်တာလောက်ပဲ ရှိတယ်။ အဲဒီကတည်းက အခုထိတော့ ဆေးထိုးမယ့်ကိစ္စကို ဘာသံမှ မကြားမိဘူး။ Booster ဆိုတာလည်း ကြားတောင် မကြားမိဘူး။ ဒီမှာက ပြည်သူအများစု စစ်ကောင်စီနဲ့ မပတ်သက်ချင် လို့ ဆေးမထိုးဘူး။ လူမှုအဖွဲ့အစည်းတွေကနေတဆင့် တချို့ကတော့ ဆေးထိုးတာ ရှိတယ်။ နေမကောင်း ဖြစ်ရင်လည်း လူမှုအဖွဲ့တွေဆီ အကူအညီ သွားတောင်းတယ်။ အောက်ဆီဂျင် လိုရင်လည်း ဒီမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေဆီ သွားတောင်းပြီး မျှသုံးကြတာ ရှိတယ်” ဟု ပြောသည်။

          လူစုလူဝေးဖြင့် စစ်ကောင်စီ ကျင်းပနေသည့် ပြည်ထောင်စုနေ့ အခမ်းအနား

          အန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း၊ တမူးမြို့တွင်လည်း ကိုဗစ်အစုလိုက်အပြုံလိုက် ကူးစက်မှုကြောင့် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်မှ စတင်ကာ မြို့ကို Lockdown ချထားရသည့် အခြေအနေ ရှိသည်။

          တမူးခရိုင်အတွင်း ကိုဗစ်ကာကွယ်ဆေး ပုံမှန်ထိုးပေးနေသော်လည်း ပြည်သူများ အနေဖြင့် လာရောက် ဆေးထိုးနှံမှု နည်း ပါးကြောင်း၊ လက်ရှိတွင် ကျန်မာရေးဝန်ထမ်းများကို Booster ထိုးပေးထားပြီဖြစ်ကာ ကျန်သည့် သက်မှတ်ချက်ပါ အုပ်စု များကိုလည်း Booster ဆေးထိုးရန် အစီအစဉ် ရေးဆွဲနေကြောင်း တမူးခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသူရ က ပြောသည်။

          တမူးမြို့ ခရိုင်ဆေးရုံတွင် စစ်အာဏာသိမ်းမှုကို လက်မခံသော ကျန်မာရေးဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကြောင့် ဝန်ထမ်း အရေအတွက် နည်းပါးကာ လက်ရှိ ဆရာဝန် ၃ ဦး၊ သူနာပြု ဆရာမ ၃ ဦးဖြင့်သာ လည်ပတ်နေရကြောင်း သိရသည်။

          ထို့အတူ ရန်ကုန်မြို့တွင်လည်း ကိုဗစ်ကူးစက်မှုနှုန်းက နေ့စဉ် မြင့်တက်လျက်ရှိပြီး ရန်ကုန်တိုင်းသည် တနိုင်ငံလုံး စုစုပေါင်း ဖြစ်ပွားမှု၏ ၆၀ ရာခိုင်နှုန်းနီးပါး ရှိနေသည့်အတွက် မလိုအပ်ဘဲ အပြင်မထွက်ကြရန် သတိပေးမှုများလည်း ရှိနေ သည်။

          စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရဆိုလျှင် ဇန်နဝါရီ တတိယပတ်အထိ ကိုဗစ်ကူးစက်မှု ၁၀၀ အောက် ကျဆင်းနေရာမှ တဖြည်းဖြည်း ပြန်လည်မြင့်တက်လာခဲ့ပြီး ယခုရက်ပိုင်းများတွင် တရက်လျှင် ၁၀၀၀ ကျော်ထိ ပိုးတွေ့ရှိမှုနှုန်း ဆက်တိုက် မြင့်တက်လာနေသည်။

          စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရား ပျက်စီးနေမှုနှင့် ကျန်းမာရေးဝန်ထမ်းများ၏ CDM လှုပ်ရှားမှုကြောင့် ဓာတ်ခွဲစစ်ဆေးမှု များ ကျယ်ကျယ်ပြန့်ပြန့် မပြုလုပ်နိုင်သည့်အတွက် စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကိန်းဂဏန်း များထက် မြေပြင်တွင် ကူးစက်မှု ပိုများနိုင်ကြောင်း လူမှုကူညီရေးအသင်းများနှင့် ဆရာဝန်တချို့က သုံးသပ်ပြောဆိုသည်။

          လူစုလူဝေးဖြင့် စစ်ကောင်စီ ကျင်းပနေသည့် ပြည်ထောင်စုနေ့ အခမ်းအနား

          ထို့ပြင် ကိုဗစ်မျိုးရိုးဗီဇ ပြောင်းလဲမှုနှင့်အတူ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်ကာကွယ်ဆေး Booster အဖြစ် တတိယ အကြိမ် ထိုးနှံပေးပြီး ကိုဗစ်ကာကွယ်ရေးကို စနစ်တကျ ကိုင်တွယ်နေသော်လည်း အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ထိရောက်သည့် ပြင်ဆင်မှုများ ဆောင်ရွက်နေသည်ကို မတွေ့ရပေ။

          သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင်သည် ကိုဗစ်ကူးစက်မှုများ တကျော့ပြန် မြင့်တက်လာချိန်တွင် လူစုလူဝေးဖြင့် ပြု လုပ်ရမည့် အခမ်းအနားများ ကျင်းပရေးကိုသာ အာရုံစိုက်နေကြောင်း တွေ့ရသည်။

          ပြီးခဲ့သည့် ဖေဖော်ဝါရီ ၈ ရက်ကပင် စိန်ရတု ပြည်ထောင်စုနေ့တွင် အလေးပြုခံမည့် ပြည်ထောင်စု မြန်မာနိုင်ငံ အလံကို စစ်ကောင်စီက ရန်ကုန်မြို့မှ နေပြည်တော်သို့ လူစုလူဝေးဖြင့် သယ်ဆောင်မှု အခမ်းအနား ပြုလုပ်ခဲ့သည်။
          ကိုဗစ် စတုတ္ထလှိုင်း စနေချိန် စစ်ကောင်စီက ပြည်ထောင်စုနေ့နှင့် ဗိုလ်ရှုသဘင် အခမ်းအနားကို လူစုလူဝေးဖြင့် ကျင်းပရန် စီစဉ်မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အထူးအတိုင်ပင်ခံလည်းဖြစ်၊ မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ်လည်း ဖြစ်သည့် ဒေါက်တာ ခင်မောင်လွင်က ဝေဖန်သည်။

          ဒေါက်တာ ခင်မောင်လွင်က “ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေ က ဆေးရုံ၊ ဆေးခန်းနဲ့ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေမှာ ကိုဗစ်လူနာ များပြားနေတယ်။ ကိုဗစ် စတုတ္ထလှိုင်းကလည်း ဖြစ် နေပြီ။ ဒီလို အခြေအနေမှာ စစ်ကောင်စီက လူထောင်ချီ လူစုလူဝေးလုပ်ပြီး အရိုသေ ခံချင်သေးတယ်။ ပြည်သူလူထုက လည်း ကာကွယ်ဆေးကို အပြည့်အဝ ထိုးနှံထားတာ မရှိတဲ့အတွက် ဒီလို လူစုလူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာကို အမိန့် အာဏာနဲ့ မလွဲမရှောင်သာလို့ လုပ်နေရတဲ့ သူ့ရဲ့ ဝန်ကြီးဌာနက ဝန်ထမ်းတွေကိုလည်း စိုးရိမ်တယ်။ သူတို့ကိုလည်း သတိပေးလိုက်ချင်တယ်။ ကိုဗစ်-၁၉ ရောဂါကို လက်ယပ်ခေါ်သလို ဖြစ်နေတယ်” ဟု မှတ်ချက်ပြုသည်။

          လူစုလူဝေးဖြင့် စစ်ကောင်စီ ကျင်းပနေသည့် ပြည်ထောင်စုနေ့ အခမ်းအနား

          စစ်ကောင်စီက ပြုလုပ်သည့် အစည်းအဝေးတိုင်းလိုလိုတွင် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်သူ များ ကိုဗစ်စည်းကမ်းချက်များကို တိတိကျကျ လိုက်နာရန် တိုက်တွန်းပြောဆိုလေ့ရှိပြီး ကိုဗစ်ကာကွယ်ဆေး၊ ကာ ကွယ်ရေးနှင့် ကုသရေးပိုင်းဆိုင်ရာ ပြင်ဆင်ထားကြောင်း တဖွဖွ ပြောနေသော်လည်း လက်တွေ့နှင့် ကွာဟနေကြောင်း ကိုဗစ်တတိယလှိုင်းဒဏ်ကို အလူးအလဲခံခဲ့ရသည့် ပြည်သူများက ပြောဆိုသည်။

          ရန်ကုန်မြို့နေ အမျိုးသမီးတဦးက “ကျမ ဇန်နဝါရီလကုန်လောက်မှာ လည်ချောင်းနာတယ်။ ဖျားတယ်ပေါ့။ မသင်္ကာလို့ ဆေးစစ်တဲ့အခါ ကိုဗစ်တွေ့တာ။ ဆေးရုံကတော့ ပုဂ္ဂိလိက ဆေးရုံမှာ တက်တာ။ ပြည်သူတော်တော်များများက တတိယ လှိုင်းကတည်းက စကစ ဆေးရုံတွေကို မသွားတော့ဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကုကြတာ။ ကျန်မာရေးဌာနကို မယုံ ကြည်တာလည်း ပါတယ်။ နောက်ပြီး သူတို့ဆေးရုံကိုသွားရင် ဒီအတိုင်း ဘာဝန်ဆောင်မှုမှ မပေးဘဲ ပစ်ထားမှာလည်း စိုးရိမ်မိတယ်။ တကယ်လည်း တတိယလှိုင်းတုန်းက အသက်ကြီးပိုင်းတွေကို ဆေးရုံမှာ ဒီတိုင်း ပစ်ထားလို့ မိသား စုတွေ ဒုက္ခရောက်ကြတာ လက်တွေ့ပဲ ” ဟု ဧရာဝတီသို့ ပြောသည်။

          စစ်ကောင်စီ ဒု-ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကမူ ကိုဗစ်တတိယလှိုင်းအား အကောင်းဆုံး ကိုင်တွယ် ထိန်းချုပ်နိုင်သဖြင့် နိုင်ငံတကာနှင့် INGO များကပင် အံ့သြမင်သက်ခဲ့ရသည်ဟု ကယား (ကရင်နီ) ပြည်နယ်၊ ဘောလခဲမြို့သို့ ဖေဖော်ဝါရီ ၃ ရက်တွင် ရောက် ခဲ့စဉ် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံများအား ကြွားလုံးထုတ်ခဲ့သည်။

          ဒေါက်တာခင်မောင်လွင်က “တတိယလှိုင်းမှာ စစ်ကောင်စီအနေနဲ့ ကိုဗစ်ကို လက်နက်သဖွယ် အသုံးချပြီးတော့ တော် လှန်ရေး အရှိန်လျော့ကျအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာတွေကို တွေ့ရပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်း အားဖြင့် စစ်ကောင်စီအနေနဲ့ ရောဂါထိန်းချုပ်ရေးမှာ အာရုံစိုက်တာ မဟုတ်ဘဲနဲ့ သူတို့ အာဏာတည်မြဲအောင် လုပ်နေ တာ ဖြစ်တဲ့အတွက် ကိုဗစ်စတုတ္ထလှိုင်းကိုလည်းပဲ ဘယ်တော့မှ ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်” ဟု သုံးသပ်ပြောဆိုသည်။

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ကိုဗစ် ပထမလှိုင်း၊ ဒုတိယလှိုင်းများတွင် ပြည်တွင်း ကူးစက်မှု မြင့်မားခဲ့သော်လည်း ကျန်မာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အလှူရှင်များနှင့် ပြည်သူတရပ်လုံးက အင်တိုက် အားတိုက် တက်ညီလက်ညီ ပါဝင်ပူးပေါင်း ဆောင်ရွက်ခဲ့ရာ နိုင်နင်းစွာ ကိုင်တွယ်နိုင်ပြီး အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့ သည်။

          သို့သော် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်တတိယလှိုင်းနှင့် ကြုံလာချိန်တွင် စစ်ကောင်စီ လက်အောက် ကျန်းမာရေး ယန္တရား ပြိုပျက်ကာ အောက်ဆီဂျင် မလောက်ငမှု ပြဿနာများနှင့်အတူ ပြည်သူသောင်းချီ သေဆုံးခဲ့သည်။
          ကိုဗစ်ကြောင့် သေဆုံးသွားရသူများ၏ ရုပ်အလောင်းများကိုပင် ကောင်းမွန်စွာ သဂြိုဟ်ပေးနိုင်ခြင်းမရှိဘဲ သုသာန်များတွင် အလောင်းများ ပုံထပ်နေခဲ့သည့် မြင်ကွင်းက အာဏာသိမ်း စစ်ကောင်စီ၏ ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် ထိန်းချုပ် ကိုင် တွယ်နိုင်ပုံကို မီးမောင်း ထိုးပြနေသည်။ ။

          Your Thoughts …
          Tags: Boosterကိုဗစ်-၁၉စစ်ကောင်စီတကျော့ပြန်အာဏာတည်မြဲရေး
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          by ကိုဦး
          25 September 2023
          51k

          စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          by ဧရာဝတီ
          6 November 2023
          47.1k

          ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

          by ဧရာဝတီ
          21 August 2023
          39.6k

          စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          by အောင်သစ်
          28 August 2023
          36.9k

          ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          by မိုးစက်ငြိမ်းချမ်း
          31 October 2023
          36.5k

          စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          by အုန်းညို
          25 September 2023
          35k

          စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

          Next Post
          ကချင်လွတ် လပ်ရေးတပ် (KIA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွန်ထမ် ဂမ်ရှောင်  / The Kachin Net

          ပင်လုံစာချုပ်ကို NUG က ဦးဆောင်တာဝန်ယူရန် အရေးကြီးဟု KIA စစ်ဦးစီးချုပ်ပြော

          BLACK TV DAY လှုပ်ရှားမှု

          သိန်းသောင်းချီ အကုန်ခံခဲ့သော်လည်း အဖက်လုပ်မခံရသည့် ဗိုလ်ရှုသဘင်

          No Result
          View All Result

          Recommended

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၁)

          6 days ago
          16.2k
          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          ရာဇဝတ်ကွန်ရက် KK-Park တွင် KNU ခေါင်းဆောင်များ ပါဝင်ပတ်သက်နေ အပိုင်း (၂)

          5 days ago
          12.8k

          Most Read

          • ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

            ဗုံးတွေ ကျည်ဆံတွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

            shares
            Share 0 Tweet 0
          • ၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

            shares
            Share 0 Tweet 0
          • စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved