ဆောင်းပါး

နေ့စဉ်နှင့်အမျှ မြန်မာစစ်တပ် အကျအဆုံးများလာ

စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်သည် နိုင်ငံတဝန်း၌ အကျယ်ပြန့်ဆုံးသော စစ်ပွဲတခုကို ရင်ဆိုင်နေရလျှက်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တချို့၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များ (PDFs) တို့နှင့် ဖြစ်ပွားသော တိုက်ပွဲများအတွင်းတွင် နေ့စဉ်နှင့်အမျှ အကျအဆုံးများနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ထားသော စာရင်းအရ ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စစ်တပ်ဘက်က သေဆုံးမှု ၇၉၅၁ ဦးနှင့် ဒဏ်ရာရရှိမှု ၂၇၈၆ ဦး အထိရှိကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ထုတ်ပြန်ထားသော စာရင်းအရ ၂၀၂၁ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စစ်တပ်ဘက်က သေဆုံးမှု ၇၉၅၁ ဦးနှင့် ဒဏ်ရာရရှိမှု ၂၇၈၆ ဦး အထိရှိကြောင်း သိရသည်။

အဆိုပါ အရေအတွက်ကို EAOs၊ PDFs နှင့် သတင်းမီဒီယာများက ဖော်ပြထားသော အချက်အလက်များနှင့် မြေပြင်မှ တိုက်ရိုက်ရရှိထားသော သတင်းအချက်အလက်များကို ဆန်းစစ်ပြီး စာရင်းပြုစုထားခြင်း ဖြစ်ကြောင်း NUG က ဆိုထားသည်။

ထို့အပြင် စစ်တပ်မှ စွန့်ခွာပြီး CDM ပြုလုပ်လာသည့် စစ်သားအရေအတွက်သည်လည်း ၂ ထောင် ကျော်အထိ ရှိလာနေကြောင်း CDM စစ်သားများကို ကူညီပေးနေသည့် ပြည်သူ့စစ်သား အဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာစစ်တပ်က အာဏာသိမ်းပြီး ၈ လကျော်အတွင်း၌ အကျအဆုံးနှင့် ဒဏ်ရာရ အရေအတွက်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာစစ်တပ်၏ အကျအဆုံးများသည့် အခြေအနေဖြစ်ကြောင်း စစ်ရေး လေ့လာသုံးသပ်သူများနှင့် CDM စစ်သားတချို့က ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်တပ်တွင် တိုက်ခိုက်ရေး ခြေလျင်ခြေမြန် တပ်မ ၁၀ ခု နှင့် တိုင်းစစ်ဌာနချုပ်များ လက်အောက်တွင် တပ်ရင်း ပေါင်း ၅၀၀ ကျော်ရှိပြီး အမှန်တကယ် တိုက်ခိုက်နိုင်သော အရာရှိနှင့် စစ်သည် အင်အားသည် ၁ သိန်း ကျော်အထိ ရှိ၍ ယခုကျဆုံးထိခိုက်မှုသည် ထိုအရေအတွက်၏ ၁၀ ရာခိုင်နှုန်းအထိ ရှိလာနေသည်။

ယခု အကျအဆုံးအရေအတွက်အရ မြန်မာစစ်တပ်၏ ခြေလျင်ခြေမြန် တပ်မ ၂ မ ခွဲခန့် ဆုံးရှုံးမှု ဖြစ်သွားပြီ ဖြစ်ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်က ဧရာဝတီသို့ ပြောသည်။

ယခု အကျအဆုံးအရေအတွက်အရ မြန်မာစစ်တပ်၏ ခြေလျင်ခြေမြန် တပ်မ ၂ မ ခွဲခန့် ဆုံးရှုံးမှု ဖြစ်သွားပြီ ဖြစ်ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်က ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “မြန်မာနိုင်ငံအနှံ့က သူတို့အင်အားတွေကို ထိခိုက်သွားတာ။ နေရာပေါင်းစုံက ထိခိုက်တဲ့အတွက် သူတို့ အတွက် စိတ်ပိုင်းဆိုင်ရာ၊ အုပ်ချုပ်ရေးဆိုင်ရာ၊ စစ်ရေး ဆိုင်ရာလှုပ်ရှားမှုတွေ အထိပါ အများကြီး ထိခိုက်သွားတယ်” ဟု ဆိုသည်။

သူသည် ရှမ်းပြည်နယ် အရှေ့ပိုင်း တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ ခြေမြန်တပ်ရင်း အမှတ် ၅၂၈ တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းတွင် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ ရဲစခန်းနှင့် ရဲကင်း ၃ ခု ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFs များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရင်ဆိုင်ခုခံခြင်းထက် လက်နက်နှင့် မိသားစုများကို ထားခဲ့ကာ ထွက်ပြေးသွားခဲ့ကြသည်။

မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အနောက်မြောက်ဒေသဖြစ်သော စစ်ကိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ် များသို့ ပို့ဆောင်ခံရသည့် စစ်ကြောင်းများသည်လည်း လမ်းခရီးမှာပင် မိုင်းဆွဲခံရခြင်းနှင့် ပြောက်ကျား တိုက်ခိုက်ခံရခြင်းတို့ကြောင့် ၎င်းတို့ စစ်ကြောင်းသွားရာ အနီးရှိ အရပ်သား ပြည်သူများ နေထိုင်ရာ ကျေးရွာများကို မီးတင်ရှို့ခြင်းနှင့် အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်းကိုသာ ပိုမိုလုပ်ဆောင်လာနေသည်။

မကြာသေးမီရက်ပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်ဘက်က ဗိုလ်မှူးအဆင့် အပါအဝင် တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များပြားခဲ့ပြီး တချို့မှာ အဖမ်းခံခဲ့ရသည်။

လေကြောင်းပစ်ကူမပါဘဲ စစ်မတိုက်ရဲတော့သည့် မြန်မာစစ်တပ်၏ ထိုသို့သော စွမ်းရည်ကျဆင်းနေမှု အပြင်၊ ယခုကဲ့သို့ အကျအဆုံး များပြားလာခြင်းကလည်း မြန်မာစစ်တပ်၏ ရှေ့တန်းတပ်များ အတွက် ခေါင်းခဲစရာ ဖြစ်လာနေသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “အရင် အပစ်အခတ်ရပ်စဲရေး မလုပ်ခင်တုန်းက KNU နဲ့ တိုက်ပွဲတွေဖြစ်တုန်းက စစ်တပ်က ၁ ထောင်၊ ၂ ထောင်ကျော် သေဆုံးတာရှိတယ်။ အဲဒီကတည်းက အဖိတ်အစင်များခဲ့တာ။ အခုအခြေအနေက အဲဒီလိုမျိုး ပြန်ရောက်သွားပြီ” ဟု ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက “အရင် အပစ်အခတ်ရပ်စဲရေး မလုပ်ခင်တုန်းက KNU နဲ့ တိုက်ပွဲတွေဖြစ်တုန်းက စစ်တပ်က ၁ ထောင်၊ ၂ ထောင်ကျော် သေဆုံးတာရှိတယ်။ အဲဒီကတည်းက အဖိတ်အစင်များခဲ့တာ။ အခုအခြေအနေက အဲဒီလိုမျိုး ပြန်ရောက်သွားပြီ” ဟု ပြောသည်။

KNU နှင့် မြန်မာစစ်တပ်အကြား အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်မထိုးရသေးသော ၁၉၉၅ ခုနှစ် ဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က အကျအဆုံး များခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ လတည်းမှာပင် KNU နယ်မြေအတွင်း စစ်တပ်နှင့် တိုက်ပွဲပေါင်း ၄၃၅ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ၏ကျဆုံးမှုသည် ၃၉၉ ဦးရှိခဲ့ကာ ဒဏ်ရာသူ ၃၀၀ ကျော်အထိ ရှိခြင်းကြောင့် လက်ရှိတနိုင်ငံလုံးတွင် ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ယခုကဲ့သို့ အများအပြားကျဆုံးခြင်းနှင့် ဒဏ်ရာရရှိမှုအရေအတွက်သည် မဖြစ်နိုင်စရာ မရှိကြောင်း ၎င်းက ဆိုသည်။

ပဒိုစောတောနီးက “ကျနော်တို့ဆီမှာတင် ဒီလောက်အထိဖြစ်နေတယ်ဆိုရင် တပြည်လုံးမှာတော့ မဖြစ်စရာ အကြောင်းကို မရှိဘူး။ အခုကလည်း နေရာတိုင်းမှာ ဝုန်းဒိုင်းကြဲနေတာပဲလေ” ဟု ထပ်ပြောသည်။

စစ်တပ်အနေဖြင့် ကျဆုံး၊ ဒဏ်ရာရ၊ CDM ပြုလုပ်ခြင်း အစရှိသည့် စစ်သားပြုန်းတီးမှုများအပြင်၊ တပ်သားအသစ် ဝင်ရောက်မှုသည် ယခုနောက်ပိုင်းနှစ်များတွင် ကျဆင်းနေခဲ့သလို၊ အာဏာသိမ်းပြီးနောက် စစ်တပ်၏ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့်လည်း ပို၍ ဆိုးရွားသွားခဲ့သည်

စစ်တပ်အနေဖြင့် ကျဆုံး၊ ဒဏ်ရာရ၊ CDM ပြုလုပ်ခြင်း အစရှိသည့် စစ်သားပြုန်းတီးမှုများအပြင်၊ တပ်သားအသစ် ဝင်ရောက်မှုသည် ယခုနောက်ပိုင်းနှစ်များတွင် ကျဆင်းနေခဲ့သလို၊ အာဏာသိမ်းပြီးနောက် စစ်တပ်၏ ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့်လည်း ပို၍ ဆိုးရွားသွားခဲ့သည်။

လွန်ခဲ့သည့် လအနည်းငယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ၃ လအတွင်း အပြတ်ရှင်းမည်ဟု ကြွေးကြော်ထားခဲ့သော မြန်မာစစ်တပ်သည် ယခုတွင်မူ ထိုးစစ်ပြုလုပ်ခြင်းထက် တပ်များကို အထိုင်ချထားပြီး လေကြောင်းစစ်ဆင်ရေး အကြီးအကျယ် အသုံးပြုလာခြင်းမှာ စစ်တပ်ဘက်က အကျအဆုံး များနေသည်ကို ဝန်ခံချက်တခုပင် ဖြစ်ကြောင်း ပြည်တွင်းရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးက မှတ်ချက်ပြုသည်။

“တကယ် တိုက်ရည်ခိုက်ရည် ကောင်းတဲ့ KIA (ကချင်လွတ်မြောက်ရေးတပ်မတော်) တို့၊ AA တို့နဲ့ဆို မြေပြင်အရာရှိ တော်တော်များများက မတိုက်ချင်တော့တဲ့ အနေအထားရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

ယခုလပိုင်းများအတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အားကောင်းလာနေသော ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းရှိ မြို့နယ်တချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်များ ကြေညာလာခဲ့ရာ ထိုအခြေအနေက ပြန့်ကျဲနေသော စစ်မျက်နှာများကို ထိန်းချုပ်ရန်အတွက် အကျဆုံးများနေသည့် စစ်တပ်အတွက် အကျပ်ရိုက်နေသည့် လက္ခဏာပင် ဖြစ်သည်။

“တိုင်းစစ်ဌာနချုပ်တွေ၊ စစ်ဆင်ရေးကွပ်ကဲရေး ဌာနချုပ်တွေမှာပဲ အရှိန်မပျက်လည်ပတ်နေတာ။ တကယ်တမ်း မြေပြင်တပ်တွေမှာ အုပ်ချုပ်မှုပုံစံတွေ၊ အမိန့်ပေးစနစ်တွေက ပျက်နေပြီ” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောသည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေဖြင့် နယ်မြေနှင့် အင်အားသာလွန်ခြင်း၊ ကိုယ်ပိုင်လက်နက် တီထွင်လာနိုင်မှုနှင့် စုဖွဲ့မှု အားကောင်းလာခြင်းတို့ကြောင့် ရှေ့အနာဂတ်တွင် စစ်တပ်ဘက်က လေကြောင်း စစ်ဆင်ရေးများ လုပ်ဆောင်လာသည့်တိုင် မြေပြင်တပ်ဖွဲ့ဘက်တွင် ယခုထက် ပိုပြီး အထိအခိုက် အကျအဆုံး များပြားလာမည်ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။

You may also like these stories:

ဒုဗိုလ်ချုပ်ကြီးသန်းလှိုင် ကစထမှူး ရာထူးမှ ဖယ်ရှားခံရ

စစ်ကောင်စီရဲ့ မြေလှန်မီးတိုက်စစ်ဆင်ရေးနဲ့ ပြာပုံထဲက ပြည်သူ့ စိတ်ဓာတ်

CID ဒုရဲမှူးကြီး အဖမ်းခံရ

မုံရွာတွင် စစ်တပ်ထုတ်ကုန်များ ရောင်းချခြင်းအပေါ် အရေးယူမှု စတော့မည်

တကျော့ပြန် ရခိုင်တိုက်ပွဲ ဗိုလ်မှူးအဆင့် အပါအဝင် စစ်တပ်အကျအဆုံးများ

Loading