ဖေဖော်ဝါရီလလယ်ပိုင်းက စပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းဆိုးများ ဆက်တိုက်ကြားလာရသည်။
မြန်မာနိုင်ငံ ရဲချုပ်ရုံးအောက်တွင် ရှိသော ရေနံမြေရဲ၊ သစ်တောရဲနှင့် အမြန်လမ်းရဲတပ်ဖွဲ့တို့အား ဖျက်သိမ်းရေး စီစဉ်ဆောင်ရွက်နေသည်။ အဆိုပါ ရဲတပ်ဖွဲ့သုံးခု ဖျက်သိမ်းရေးအတွက် ရဲတပ်ဖွဲ့အကြီးအကဲများ၏ အစည်းအဝေးတွင် သဘောတူထားခဲ့ပြီး ပြည်ထဲရေးဝန်ကြီး လက်မှတ်ထိုးပြီးလျှင် စတင် အကောင် အထည်ဖော်မည်ဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အင်အား သိသိသာသာလျော့နည်းသွားသည့်အတွက် အဆိုပါရဲတပ်ဖွဲ့သုံးဖွဲ့ကို ဖျက်သိမ်းကာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို တာဝန်ယူရသော တခြားရဲဌာနများထံ အင်အား ဖြည့်တင်းလို၍ဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်များထဲမှ CDM ပြုလုပ်သူများစွာ ထွက်ပေါ်ခဲ့ခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များ၏ တိုက်ခိုက်မှုကြောင့်လည်း ထိခိုက်ကျဆုံးမှု ရှိသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ အင်အားကျဆင်းနေမှုကို ကာကွယ်ရန် လုပ်သက်ပြည့်သူများအား အနားယူခွင့်ပင် ပိတ်ပင်လိုက်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်များထဲမှ CDM ပြုလုပ်သူများစွာ ထွက်ပေါ်ခဲ့ခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များ၏ တိုက်ခိုက်မှုကြောင့်လည်း ထိခိုက်ကျဆုံးမှု ရှိသည်။ ထို့ကြောင့် ရဲတပ်ဖွဲ့ အင်အားကျဆင်းနေမှုကို ကာကွယ်ရန် လုပ်သက်ပြည့်သူများအား အနားယူခွင့်ပင် ပိတ်ပင်လိုက်သည်။
ထိုသို့ လုပ်သက်ပြည့်သူများ အနားယူ ထွက်ခွာခွင့် ပိတ်ပင်လိုက်သောကြောင့် ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်ထဲတွင်ရှိ ပျော့ဖတ်စက်ရုံ လုံခြုံရေးတာဝန်ယူထားသည့် ရဲအုပ်တဦး သူ့ကိုယ်သူ သေကြောင်းကြံသွားခဲ့သည်။
ထို့အပြင် ရဲတပ်ဖွဲ့တွင် “အနေကြာ”ဟု ခေါ်သည့် မြို့နယ်တခု၌ နှစ်ပေါင်းများစွာနေထိုင်နေသူများထဲ စစ်ကိုင်းနှင့် ချင်းပြည်နယ်သို့ ပြောင်းရွှေ့တာဝန်ထမ်းရမည့်သူများ ရှိလာနေပြီဖြစ်သည်။
NLD အစိုးရလက်ထက်က ရဲတပ်ဖွဲ့ဝင်များ ရရှိခံစားခွင့်နှင့်အာဏာသိမ်းပြီးနောက် ကြုံလာရသော ခံစားခွင့်များက ဆန့်ကျင်ဖက် ဖြစ်လာနေသည်။ အထူးသဖြင့် အရပ်သားမှ ရဲဖြစ်လာသူများ၏ မျှော်လင့်ချက်များ မှေးမှိန်ပျောက်ကွယ်သွားကုန်ကြသည်။
ထို့အပြင် ရဲတပ်ဖွဲ့တွင်ရှိသော အရေးပါသောနေရာများနှင့် ဝင်ငွေကောင်းသောနေရာများတွင် စစ်တပ်မှ အသွင်ပြောင်းလာသည့် ရဲတပ်ဖွဲ့ဝင်များနှင့်အစား ထိုးလာသည်။ CDM ပြုလုပ်လာသော ရဲအရာရှိဟောင်းများ၏ အဆိုအရ ခရိုင်ရဲတပ်ဖွဲ့မှူးမှစ၍ ရဲချုပ်အဆင့်ထိ ရာထူးများတွင် စစ်ဖက်ကပြောင်းလာသည့် ရဲများသာဖြစ်လာစေရန် စစ်ကောင်စီက စနစ်တကျ စီစဉ်နေသည်ဟု ဆိုကြသည်။
နှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ကြီးမားသည့် အဆိုင်အခဲတခု ရှိသည်။ ထိုအဆိုင်အခဲမှာ နဝတ စစ်အုပ်ချုပ်ရေးခေတ်မှ စတင်လာခဲ့သည်ဟုလည်း ဆိုနိုင်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အရပ်သားရဲနှင့် စစ်ဖက်မှ အသွင်ပြောင်းလာသည့်ရဲ ဟူ၍ အင်အားစုနှစ်ရပ် ရှိပါသည်။ ထိုအင်အားစုနှစ်ရပ်ထဲတွင် စစ်ဖက်မှပြောင်းလာသည့် ရဲများသည် ရာထူးတိုးမြန်ခြင်းနှင့် နေရာကောင်းများ ရရှိကြသည်။
သူတို့သည် ရဲလုပ်ငန်း မကျွမ်းကျင်သော်လည်း ဆရာတပည့်ဆက်ဆံရေးနှင့် အကိုကြီးညီလေးဆက်ဆံရေးတို့ကြောင့် အရပ်သားရဲများထက် ရာထူးတိုးမြန်ခြင်းနှင့်အတူ နေရာကောင်းများလည်း ရကြသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အရပ်သားရဲနှင့် စစ်ဖက်မှ အသွင်ပြောင်းလာသည့်ရဲ ဟူ၍ အင်အားစုနှစ်ရပ် ရှိပါသည်။ ထိုအင်အားစုနှစ်ရပ်ထဲတွင် စစ်ဖက်မှပြောင်းလာသည့် ရဲများသည် ရာထူးတိုးမြန်ခြင်းနှင့် နေရာကောင်းများ ရရှိကြသည်။
ထို့အပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အကြီးအကဲ ရဲချုပ်သည်လည်း စစ်တပ်မှ ပြောင်းလာသူသာဖြစ်ခဲ့သည်။
ထိုအက်ကြောင်းများကို လျော့ပါးစေရန် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်တွင် စတင်လုပ်ဆောင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရသည် ရဲတပ်ဖွဲ့အတွက် ပြုပြင်ပြောင်းလဲရေးများ လုပ်လာခဲ့သည်။ ဒုရဲချုပ်နှစ်ဦး ထားရှိရေးစနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ဒုရဲချုပ်နှစ်ဦးတွင် တဦးမှာ အရပ်သားမှ ရဲဖြစ်လာသူနှင့် အခြားတဦးမှာ ယခင်အတိုင်း စစ်ဘက်မှ အသွင်ပြောင်းရဲ ဖြစ်သည်။
ယခင်က အရပ်သားမှ ရဲဖြစ်လာသူများမှာ ပြည်နယ်/တိုင်း ရဲတပ်ဖွဲ့မှူးသာ အမြင့်ဆုံးရရှိကြပြီး ရဲမှူးချုပ်ဖြစ်သူမှာ အတော်ရှားပါးခဲ့သည်။ သို့သော်လည်း NLD အစိုးရလက်ထက်တွင်ပြောင်းလဲလိုက်သော မူဝါဒ ကြောင့် ရဲမှူးချုပ်များ၏ အထက်တွင်ရှိသော ဒုရဲချုပ်တာဝန်အား အရပ်သားရဲတပ်ဖွဲ့ဝင်တဦး ရရှိလာခဲ့သည်။
ထို့ကြောင့် အရပ်သားစစ်စစ်မှရဲဖြစ်လာသူ ရဲမှူးချုပ်အောင်နိုင်သူမှာ ဒုရဲချုပ်ဖြစ်လာခဲ့ပြီး စစ်ဖက်မှ ရဲတပ်ဖွဲ့သို့ ပြောင်းလာသူ ရဲမှူးချုပ်ဦးမျိုးဆွေဝင်းမှာ ဒုရဲချုပ်ဖြစ်လာခဲ့သည်။ အဆိုပါ ဒုရဲချုပ်နှစ်ဦးထဲကမှ နောက်လာမည့် သမ္မတအနေဖြင့် ကြိုက်နှစ်သက်သူတဦးအား ရဲချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်အစိုးရ တာဝန်ယူလာပြီးနောက်ပိုင်း ရဲတပ်ဖွဲ့တွင် အရာရှိရာထူးဖြေဆိုရာ၌ သက်မှတ်ထားသော အသက်ကန့်သတ်ချက်အား ပယ်ဖျက်ပေးလိုက်သည်။
ယခင်က အရာရှိစာမေးပွဲဖြေဆိုရန် လုပ်သက်နှင့် အသက်ကန့်သတ်ချက်နှစ်ခုရှိသည့်အတွက် အချို့သော ရဲတပ်ဖွဲ့ဝင်များမှာ လုပ်သည့်ပြည့်သည့်အခါ အသက်ကန့်သတ်ချက်ကျော်နေသည့်အတွက် အရာရှိရာထူးဖြေခွင့်မရပဲ အခြားအဆင့်ဖြင့်သာ တသက်လုံး တာဝန် ထမ်းဆောင်ခဲ့ကြရသည်။
အရပ်သားစစ်စစ်မှရဲဖြစ်လာသူ ရဲမှူးချုပ်အောင်နိုင်သူမှာ ဒုရဲချုပ်ဖြစ်လာခဲ့ပြီး စစ်ဖက်မှ ရဲတပ်ဖွဲ့သို့ ပြောင်းလာသူ ရဲမှူးချုပ်ဦးမျိုးဆွေဝင်းမှာ ဒုရဲချုပ်ဖြစ်လာခဲ့သည်။ အဆိုပါ ဒုရဲချုပ်နှစ်ဦးထဲကမှ နောက်လာမည့် သမ္မတအနေဖြင့် ကြိုက်နှစ်သက်သူတဦးအား ရဲချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။
အသက်ကန့်သတ်ချက် ပယ်ဖျက်လိုက်သည့်အတွက် ရဲတပ်ဖွဲ့ဝင်ထဲတွင် အရာရှိဖြေခွင့်ရသူ များလာခဲ့သည်။ အထူးသဖြင့် အရပ်သားမှ ရဲတပ်ဖွဲ့ဝင် ဖြစ်လာသူများအတွက် အရာရှိဖြစ်ခွင့်ပိုမိုရရှိလာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်လက်ထက်တွင် မြန်မာနိုင်ငံအနှံအပြားရှိ ပြိုကျတော့မတတ် ဟောင်းနွမ်းစုတ်ချာလှသည့် ရဲတပ်ဖွဲ့ဝင်များနေထိုင်သော ဝန်ထမ်းအိမ်ရာများအားလည်း နှစ်စဉ်ဘတ်ဂျက်ချထားပေးကာ ကောင်းကောင်းမွန်မွန်ဆောက်လုပ်ပေးခဲ့သည်။
ထို့အပြင် ပြည်ထဲရေးဝန်ကြီးနှင့် ရဲချုပ်တို့က ဒေါ်အောင်ဆန်းစုအား တလေးတစားဆက်ဆံသည်ကိုမြင်ရသည့်အခါ ရဲတပ်ဖွဲ့အပေါ် ပြည်သူလူထု၏ အမြင်မှာ များစွာ ပြောင်းလဲလာ သည်။
NLD အစိုးရလက်ထက် ရဲတပ်ဖွဲ့သို့ ဝင်ရောက်သည့် အမျိုးသမီးအရေအတွက်မှာ သမိုင်းတလျောက် အများဆုံးဖြစ်လာခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေးကြောင့် ရဲတပ်ဖွဲ့ဝင်များ ဘဝ သက်သာချောင်ချိလာပြီး အများပြည်သူ၏ ယုံကြည်လေးစားမှု ပြန်ရလာသောကြောင့် အပြန်အလှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိတွေ့ဆက်ဆံရသော ရဲချုပ်များကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားခင်မင်လာခဲ့သည်။
ရဲချုပ် ရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၏ ဇနီးဖြစ်သူမှာ အဆင့်အတန်းမခွဲခြားသော ဆက်ဆံရေးကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ခင်မင်လေးစားခဲ့သည်။ ပြည်ထဲရေးဝန်ကြီး တာဝန်ယူခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် ဇနီးမှာ သီတင်းကျွတ်ကာလရောက်တိုင်း ဒေါ်အောင်ဆန်းစုကြည်အိမ်သို့ သွားရောက်ကန်တော့လေ့ရှိသည်။
အာဏာသိမ်းသည့်ညတွင် ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးရန် အိမ်သို့သွားသည့်အဖွဲ့တွင် ရဲချုပ် ဖြစ်သူ ရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး လိုက်သွားရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမိန့်ပေးခဲ့သည်။ သို့သော် ရဲချုပ်က လိုက်မသွားသည့်အတွက် နောက်နေ့တွင် ရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးအား မြန်မာနိုင်ငံရဲချုပ် ရာထူးမှ အနားပေးလိုက်သည်။ စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်အား ရဲချုပ်အဖြစ် ခန့်အပ်လိုက်သည့် နောက်မှစ၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အိမ်မက်ဆိုးများသာ ကြုံလာရတော့သည်။
ဆန္ဒပြသူများအား နှိမ်နှင်းရန် စစ်သားများအား ရဲတပ်ဖွဲ့ယူနီဖေါင်းဝတ်ကာ လက်နက်မပါပဲ ဆန္ဒပြနေသူများအား ပစ်ခတ်သတ်ဖြတ်ခြင်းများ လုပ်လာခဲ့သည်။ ဥပဒေနှင့်မညီသော လုပ်ရပ်များအား အမိန့်ဟူသော ခေါင်းစဉ်အောက်တွင် လုပ်လာကြရသည်။ ပြုပြင်ပြောင်းလဲရေးကာလ အဖတ်ဆယ်ထားသမျှ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ပုံရိပ်မှာ တမဟုတ်ချင်း ပြန်ဆိုးရွားသွားခဲ့သည်။
ရဲတပ်ဖွဲ့သို့ ဝင်ရောက်သူလည်း မရှိသလောက်ပင် လျော့ကျသွားသည်။
လေ့လာစောင့်ကြည့်သူများက စစ်အာဏာသိမ်းပြီး တနှစ်အကြာ ရဲတပ်ဖွဲ့မှ CDM လုပ်သူနှင့် သေဆုံး ဒဏ်ရာရသူပေါင်းပါက ရဲတပ်ဖွဲ့ဝင်အင်အားမှာ အာဏာမသိမ်းခင်ကနှင့် နှိုင်းယှဉ်ပါက သုံးပုံတပုံခန့် လျော့ကျသွားပြီဟု ဆိုကြသည်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား ရက်စက်ကြမ်းကြုတ်စွာ ပစ်ခတ်သတ်ဖြတ်မှုကို လက်မခံသော ရဲတပ်ဖွဲ့ဝင်များလည်း ရှိပါသည်။ သူတို့က အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM တွင် ဝင်ပါကြသည်။ CDM ပြုလုပ်လာသော ရဲတပ်ဖွဲ့ဝင်များအား ကူညီပေးနေသည့်အဖွဲ့အစည်းများ၏ အဆိုအရ အာဏာသိမ်းပြီး သုံးလအတွင်းမှာပင် CDM လုပ်သူ ရဲတပ်ဖွဲ့ဝင် ၆၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။
လေ့လာစောင့်ကြည့်သူများက စစ်အာဏာသိမ်းပြီး တနှစ်အကြာ ရဲတပ်ဖွဲ့မှ CDM လုပ်သူနှင့် သေဆုံး ဒဏ်ရာရသူပေါင်းပါက ရဲတပ်ဖွဲ့ဝင်အင်အားမှာ အာဏာမသိမ်းခင်ကနှင့် နှိုင်းယှဉ်ပါက သုံးပုံတပုံခန့် လျော့ကျသွားပြီဟု ဆိုကြသည်။
စစ်အာဏာသိမ်းပြီး နောက်ပိုင်း အရပ်သားမှ ရဲဖြစ်လာသူများ၏ အနာဂတ်မှာမှေးမှိန်လာခဲ့သလို ရဲတပ်ဖွဲ့ဝင်များသာမက မိသားစုဝင်များ၏ ဂုဏ်သိက္ခာနှင့် လုံခြုံရေးပါ ထိခိုက်လာခဲ့ရသည်။
ထို့ကြောင့်လည်း ဖေဖော်ဝါရီလဆန်းက စပြီး လုပ်သူ ရဲတပ်ဖွဲ့ဝင်များ၏ သတင်းများ ခပ်စိတ်စိတ် ကြားလာရသည်။ အထူးသဖြင့် ပြည်နယ်များတွင် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေးကြောင့် ရဲတပ်ဖွဲ့ဝင်များ ဘဝ သက်သာချောင်ချိလာပြီး အများပြည်သူ၏ ယုံကြည်လေးစားမှု ပြန်ရလာသောကြောင့် အပြန်အလှန်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိတွေ့ဆက်ဆံရသော ရဲချုပ်များကလည်း ဒေါ်အောင်ဆန်းစုကြည်ကို လေးစားခင်မင်လာခဲ့သည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် စုစုပေါင်းအင်အား သုံးသောင်းခန့်ရှိပြီး လက်ရှိ ရဲတပ်ဖွဲ့အင်အား၏ ၁၀ ရာခိုင်နှုန်းသာ စွန့်ခွာမည်ဆိုပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြိုလဲသွားနိုင်သည်ဟု CDM ရဲအရာကြီးအချို့နှင့်လေ့လာသူများက ခန့်မှန်းသုံးသပ်နေကြသည်။
တကယ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ ပြိုလဲသွားနိုင်မည်လားက စိတ်ဝင်တစား စောင့်ကြည့်ရဦးမည်။
You may also like these stories:
CID ဒုရဲမှူးကြီးဇော်ဝင်းကို နေပြည်တော်တွင် ရုံးထုတ်
ဒုဗိုလ်ချုပ်ကြီးသန်းလှိုင် ကစထမှူး ရာထူးမှ ဖယ်ရှားခံရ
လုပ်သက်ပြည့် ရဲတပ်ဖွဲ့ဝင်များ နုတ်ထွက်ခွင့်မပေး
စစ်အာဏာကို အဆုံးထိ ဖီဆန်ကြသူများ