• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စာလုံးပေါင်းသတ်ပုံ ပြောင်းလဲတာ တိုးတက်ဖြစ်ပေါ်ခြင်းလား ပျက်စီးခြင်းလား

by ငြိမ်းဝေ(ကဗျာ့အိုးဝေ)
2 March 2022
in ဆောင်းပါး
A A
ဘယ်ဘာစာပေမဆို မပြောင်းမလဲ အမြဲတည်တန့်နေ ရပ်တန့်နေတဲ့စာပေရယ်လို့လည်း မရှိပါ 

ဘယ်ဘာစာပေမဆို မပြောင်းမလဲ အမြဲတည်တန့်နေ ရပ်တန့်နေတဲ့စာပေရယ်လို့လည်း မရှိပါ 

6.8k
VIEWS
Share on FacebookShare on Twitter

သက္ကရာဇ် ၂၀၀၀ ဝန်းကျင်ကာလဟာ မြန်မာစာပေ စာလုံးပေါင်းသတ်ပုံများ စိန်ခေါ်မှုအခံရဆုံးကာလလို့ဆိုရင် မှန်နေမလားပဲ။

ဟိုး ၁၉၇၈ ခုနှစ်လောက်ကစပြီး ထင်ရှားတဲ့ စာလုံးပေါင်းသတ်ပုံ စိန်ခေါ်မှုကတော့ အများသိရှိပြီးဖြစ်တဲ့ ” တ ” နဲ့ ” တစ် ” ရေးထုံး အငြင်းပွားမှုပါပဲ။ အခုအထိ ဒါကို ငြင်းခုန်နေကြရတုန်းပါ။ ဒီအငြင်းပွားမှုမှာ သာမာန်အငြင်းပွားမှုမဟုတ်ဘဲ နိုင်ငံရေးစွက်ဖက်မှုဆိုတဲ့အချက်ကြောင့်လည်း ဒီအငြင်းပွားမှုဟာ သာမာန်ထက် အဓိပ္ပါယ်ပိုမိုလေးနက်ရှုပ်ထွေးခဲ့ရသလားပဲ။ ဥပမာ စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းက ” တ “နေရာမှာ ” တစ်” လို့ရေးသင့်တယ်ဆိုပြီးပြောရာက အဲဒီ “တ” နဲ့ “တစ်” ဟာ အခုထက်ထိ သာမာန်စာရေးသူတွေကြား တိကျတည်ငြိမ်မှု မရှိသေးတာ အားလုံးအသိပါပဲ။

RelatedPosts

မြို့ ၅ မြို့  ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

16 May 2025
34
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
13.5k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
3.2k

ဒီနေရာမှာ ကိုယ်က ဘာသာဗေဒပညာရှင်မဟုတ်ပေမယ့် စိတ်ထဲ ခပ်နက်နက်ခံစားမိလို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝင်ရေးမိ ပြောမိတာလည်း ရှိပါတယ်။ ဥပမာ “အရှေ့” နဲ့ “ရှေ့” ၊ “အနောက်” နဲ့ “နောက်” ကို ရောထွေးရေးနေကြတာ မြန်မာစာမှာ သူ့အသံထွက် သူ့အဓိပ္ပါယ်နဲ့သူ ပြည့်စုံပြီးသားစာလုံးကို အောက်ကမြစ်တွေ ဝစ်ဆံနှစ်လုံးပေါက်တွေ ထပ်ထည့်ပြီးရေးနေကြတာမျိုးကျ ကျနော့်မှာ မနေသာပဲ ဝင်ပြောမိ ရေးမိတာမျိုး ရှိပါတယ်။ ဥပမာ “မှု” ကို “မှု့” လို့ ရေးတာမျိုးတွေပါ။

ရွေ့လျားပြောင်းလဲနေသော စာပေ

မြန်မာစာအရေးအသားနှစ်ခု အခြေခံအားဖြင့် ကွဲပြားလာရခြင်းကလည်း စာလုံးပေါင်းသတ်ပုံများ ရွေ့လျားပြောင်းလဲမှုကို တွန်းအားဖြစ်စေတယ်လို့လည်း ကျနော်မြင်ပါတယ်။

စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းက ” တ “နေရာမှာ ” တစ်” လို့ရေးသင့်တယ်ဆိုပြီးပြောရာက အဲဒီ “တ” နဲ့ “တစ်” ဟာ အခုထက်ထိ သာမာန်စာရေးသူတွေကြား တိကျတည်ငြိမ်မှု မရှိသေးတာ အားလုံးအသိပါပဲ။

အားလုံးသိကြတဲ့အတိုင်း မြန်မာစာမှာ စကားပြောဟန်ရေးနည်းနဲ့ စာဟန်ရေးနည်းရယ်လို့ သိသာထင်ရှား ကွဲပြားလာတာ ကြာပါပြီ။

ဒီစာရေးနည်းနှစ်ခုအနက် စကားပြောဟန်နဲ့ရေးတဲ့နည်းက စာဟန်နဲ့ရေးတဲ့နည်းထက် စကားလုံးပေါင်းသတ်ပုံတွေကို ပိုမိုစိန်ခေါ်သလိုအနေအထားမှာ ရှိတယ်လို့ ကျနော်မြင်ပါတယ်။

ဘာကြောင့်လည်းဆိုတော့ စာဟန်နဲ့ရေးတာနဲ့စာရင် စကားပြောဟန်နဲ့ရေးတာက ပိုမိုလွတ်လပ်သလိုဖြစ်နေလို့ပါပဲ။ ဒါလည်း “ကျွန်တော်” “ကျနော်” “ကျွန်နော်” ဆိုပြီး အသားမကျ မတည်ငြိမ်နိုင်သေးတဲ့ စကားပြောဟန်အရေးအသားတွေ အခုထက်အထိ ရှိနေပါသေးတယ်။

တကယ်တော့ စာဆိုတာ စကားပြောကို အခြေခံပြီးမှ ပေါ်ပေါက်လာတာတော့ အမှန်ပါပဲ။ အဲသလိုအခြေခံအပေါ်ကမှ အက္ခရာနဲ့ချရေးတဲ့စာရယ်လို့ ဖြစ်လာတာပါ။ ကြာလာတော့ စကားလုံးပေါင်းသတ်ပုံတွေ ဝါကျအထားအသိုတွေကို ပညာရှင်တွေက စနစ်တကျဖြစ်အောင်၊ ကြစ်လစ်ကြံ့ခိုင်အောင် ပညာရပ်ဆန်ဆန် ပြုစုသတ်မှတ်ရင်းက စာဟန်အရေးအသားဟာ သိသာထင်ရှား တိကျလာရတာပါ။ နောင်ကျပြန်တော့ စကားပြောဟန်နဲ့ရေးတဲ့ စာရေးနည်းပေါ်လာတာဟာ စာရေးနည်း မူလဇစ်မြစ်အခြေခံဆီ ပြန်သွားနေပြန်တာလားလို့ တွေးရမလိုပါပဲ။

စကားပြောဟန်နဲ့ရေးတဲ့နည်းဟာ စာဟန်နဲ့ရေးတဲ့နည်းထက် ပိုမိုလွတ်လပ်ပြီး ပိုမိုညွှတ်ပြောင်းတယ်လို့ ယူဆပါတယ်။ (ဒီလိုပြောတော့ မြန်မာကဗျာမှာ လေးလုံးစပ်ကိုဖြေချပြီး လွတ်လပ်ကာရံ၊ နောက်တော့ ကာရံမဲ့ ဆိုပြီးရေးလာကြတဲ့အခါ ကာရံစနစ်နှစ်သက်သူတချို့က လွတ်လပ်ကာရံရေးချင်သူတွေဟာ တကယ်တော့ ကာရံစနစ်ရဲ့ နက်နဲခက်ခဲမှုကို လိုက်မမီလို့ အလွယ်နည်းသုံးကြရာက ဖြစ်ပေါ်လာတဲ့ ကဗျာရေးနည်းဖြစ်တယ်၊ တကယ်တော့ ကာရံစနစ်ဟာ လက်ထိပ်မဟုတ်ဘူး အဖိုးတန်တဲ့ လက်ကောက်သာဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ကြတာ သွားသတိရမိပါတယ်။)

စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တချက် သွားတွေ့ရပါတယ်။ ဘယ်သာစကား ဘယ်စာပေအရေးအသားမဆို အမြဲတန်း ပုံစံအသေမရှိဘဲ အချိန်အခါကြာလာတာနဲ့အမျှ အသစ်အသစ်သောစကားတွေ အသစ်အသစ်သော စာပေတွေအဖြစ် တစတစ ပြောင်းလဲလာခဲ့ကြရတာချည်းပဲဖြစ်တယ်လို့ ယူဆကြရမှာပါ။ တကယ်တော့ ဒီနေ့ခေတ် လူတွေ ဆက်မသုံးကြတော့တဲ့ ခေတ်ဟောင်းက သေဆုံးသွားကြပြီးဖြစ်တဲ့ စာပေတချို့ဟာ အဲသလို ပိုမိုလွတ်လပ်ပျော့ပြောင်းမှုကို လက်မခံ တင်းခံတွယ်ဖက်ထားတဲ့မူအရ နောက်ဆုံးမှာ လူတွေက အသုံးမပြု ပစ်ချထားခဲ့တဲ့ စာပေများလား။

ဆိုရှယ်မီဒီယာပေါ်က စာလုံးပေါင်းများ

မြန်မာပြည်မှာ အင်တာနက်ကွန်ရက် တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာ ကမ္ဘာနဲ့နှိုင်းယှဉ်ရင် သိတ်မကြာလှသေးပါဘူး။ ဆယ်စုနှစ် တစ်ခုလောက်ပဲ ရှိသေးတယ်လို့ ယေဘုယျယူဆလို့ ရပါတယ်။ ဆိုရှယ်မီဒီယာခေါ်တဲ့ ဖေ့ဘွတ်လည်း တပြိုင်တည်းဆိုသလို ခေတ်စားလာပြီး မြန်မာပြည်က လူတွေဟာ အင်တာနက်ဆိုတာ ဖေ့ဘွတ်ဆိုတာပဲ သိတဲ့အထိပါပဲ။

ဒီအချိန်ကာလအတွင်းမှာ သတင်းစီးဆင်းမှုအရှိန် ပေါက်ကွဲဖြစ်ထွန်းလာတာ၊ လူတွေအချင်းချင်း ချိတ်ဆက် ပြောဆို ဆက်သွယ်နိုင်တာတွေဟာ သိသိသာသာ ထင်သာမြင်သာ ရှိလှပါတယ်။ ဒီအထဲမှာ မြန်မာစာပေ အရေးအသား ဖြစ်ထွန်းမှုလှိုင်းဂယက်တခုဟာလည်း သတိမမူဘဲမရလောက်အောင် ဖြစ်လာပါတယ်။

တကယ်တော့ စာဆိုတာ စကားပြောကို အခြေခံပြီးမှ ပေါ်ပေါက်လာတာတော့ အမှန်ပါပဲ။ အဲသလိုအခြေခံအပေါ်ကမှ အက္ခရာနဲ့ချရေးတဲ့စာရယ်လို့ ဖြစ်လာတာပါ။

လွန်ခဲ့တဲ့ တပတ်လောက်က ကျနော့်ရဲ့ လူမှုစာမျက်နှာပေါ်မှာ ဒီကနေ့ လူငယ်အများအပြားသုံးစွဲရေးသားနေတဲ့ စကားလုံး စကားစုများ ဖော်ပြပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ အင်မတန်များပြားတဲ့ စကားလုံးသစ်တွေ စကားစုသစ်တွေ ကျနော် လက်ခံရယူနိုင်ခဲ့ပါတယ်။ ပေးပို့ကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ရတာကတပိုင်း ကျနော်ထင်ထားတာထက် ပိုမိုများပြားလှတဲ့ စကားလုံးသစ်တွေ လက်ခံရရှိလိုက်လို့ အံ့သြမိတာကလည်း တပိုင်း ရှိခဲ့ပါတယ်။

ဒီစကားလုံးသစ်တွေကို တချို့ကလည်း လမ်းပေါ်က ဘန်းစကားတွေသာဖြစ်တယ်။ စာပေအရာမမြောက်ဘူးလို့ ပြောကြပါတယ်။ ဘယ်ခေတ်မှာမဆို လမ်းဘေးဘန်းစကားဆိုတာရှိခဲ့တာပဲ၊ ဒါတွေက စာပေအရာမရောက်တဲ့ စကားပျက်တွေပဲဖြစ်တယ်ဆိုပြီး စာပေအရာသွင်းဖို့ မလိုဘူးလို့ ပြောကြပါတယ်။

ဒါပေမယ့်လည်း အဲဒီ စာပေအရာမမြောက်ဘူးလို့ ယူဆခံရတဲ့ စကားလုံးသစ်တွေ စကားစုသစ်တွေကို အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ တော်တော်များများ သုံးစွဲပြောဆိုလာကြတဲ့အခါ လူအများ သတိမမူဘဲနေလို့မရအောင် အာရုံစိုက်လာကြရ ပြန်ပါတယ်။ တချို့သော စာပေချစ်သူတွေဆိုရင် မြန်မာစာအရေးအသား ပျက်စီးစေတဲ့အရေးအသားသာဖြစ်တယ်လို့တောင်မှ ယတိပြတ်ရှုမြင်လာကြတဲ့အထိ ယူဆကန့်ကွက်ကြပါတယ်။

ပြောင်းလဲမှုဟာ ထာဝရ

ဒီနေရာမှာ ကျနော်က စာပေဆိုတာ တသမတ်တည်း တပုံစံတည်း အမြဲတန်း ရပ်တန့် တည်ရှိနေတတ်တဲ့ ပညာရပ်တခုလားဆိုတာ စဉ်းစားမိပါတယ်။ ဒီကနေ့ ကျနော်တို့တတွေ အသုံးပြုနေတဲ့ မြန်မာစာပေ နည်းနာတွေ အသုံးအနှုန်းတွေဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာ နှစ်ရာတုန်းက အသုံးပြုခဲ့ကြတဲ့ စာပေနည်းနာတွေ ဟုတ်ရဲ့လားဆိုတာ သွားတွေးမိပါတယ်။

ကျနော် တွေ့ရှိလိုက်တဲ့အဖြေကတော့ ဒီကနေ့မြန်မာစာပေနည်းနာတွေ အသုံးအနှုန်းတွေဟာ နှစ်တွေကြာလာတာနဲ့အမျှ အသစ်အသစ်သော အသုံးအနှုန်းတွေ နည်းနာတွေ ထပ်မံဖြည့်စွက်တာမျိုးနဲ့ လိုအပ်ရင် လိုအပ်သလို ဖြုတ်ချခဲ့ရတာတွေ တည်းဖြတ်ရတာတွေ ရှိခဲ့ပါလားဆိုတဲ့အချက် သွားတွေ့လိုက်ရပါတယ်။

ဥပမာ “အနုပညာ” ဆိုတဲ့စကားလုံး စကားစုဟာ လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်က မရှိခဲ့ပေမယ့် ဆရာ ဒဂုန်တာရာက အသစ်တီထွင်သုံးစွဲ လိုက်တဲ့အခါ ဒီစကားစုသစ်ဟာ နောင်မှာ လူတွေ လက်ခံသုံးစွဲလာတဲ့ စာပေစကားလုံးဖြစ်လာခဲ့ပါတယ်။ နောက်တခါ နေကို တင်စားအသုံးပြုတဲ့ ဒေါင်းမင်းစကြာ် ဆိုတဲ့စကားလုံးကို လူအများစုက အသုံးမပြုတော့ပဲ ချန်ထားရစ်ကြပြီဆိုတဲ့အချက်ပါပဲ။

ဒီစကားလုံးသစ်တွေကို တချို့ကလည်း လမ်းပေါ်က ဘန်းစကားတွေသာဖြစ်တယ်။ စာပေအရာမမြောက်ဘူးလို့ ပြောကြပါတယ်။ ဘယ်ခေတ်မှာမဆို လမ်းဘေးဘန်းစကားဆိုတာရှိခဲ့တာပဲ၊ ဒါတွေက စာပေအရာမရောက်တဲ့ စကားပျက်တွေပဲဖြစ်တယ်ဆိုပြီး စာပေအရာသွင်းဖို့ မလိုဘူးလို့ ပြောကြပါတယ်။

ကျနော်ဆိုလိုရင်းက ဒီကနေ့ အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေမှာ လူငယ်တွေဟာ တဦးနဲ့တဦး စကားလုံးသစ်တွေ စကားစုသစ်တွေ တီထွင်ဖန်တီးလာကြမှုကို အလုံးစုံ ထောက်ခံအတည်ပြုရမယ်ဆိုတဲ့အမြင် မဟုတ်ကြောင်းကိုတော့ အလေးအနက်ထား အစီရင်ခံလိုပါတယ်။ ပြီးတော့လည်း ဒီ ဖန်တီးတီထွင်ရေးသားမှုတွေကို အလုံးစုံဆန့်ကျင်ပြီး တခုမှလက်မခံ အားလုံးပယ်ချရမယ်ဆိုတဲ့အမြင် ကျနော့်မှာ မရှိတဲ့အကြောင်းကိုလည်း ဖြည့်စွက်ပြောလိုပါတယ်။

အဲဒီ လူမှုကွန်ရက်စာမျက်နှာတွေပေါ် အသစ်တီထွင်ရေးသားမှုတွေကြောင့်လည်း မြန်မာစာပေ ပျက်စီးတဲ့အထိ မစိုးရိမ်သင့်ဘူးလို့လည်း မြင်ပါတယ်။ အသုံးမတည့်ရိုးမှန်ရင် လူတွေက ယူသုံးကြမှာမဟုတ်သလို အသုံးတည့်ရင်လည်း တီထွင်မှုတချို့ဟာ တည်တန့်ဝင်ဆန့်သွားမှာပါပဲ။

နောက်တခါ အရေးအသားသစ်တစ်ခု ကျနော်ပြောပါမယ်။ မြန်မာကဗျာဖွဲ့စည်းမှု နည်းနာမှာ လေးလုံးစပ်ကဗျာ နည်းနာဟာ နှစ်ပေါင်း ရာထောင်ချီကြာမြင့်ခဲ့ပေမယ့် အဲဒီလေးလုံးစပ်ကို ပိုမိုလွတ်လပ် ကြွယ်ဝအံဝင်ဖို့အတွက် လွတ်လပ်ကာရံစနစ် နောက်တော့ ကာရံမပါစနစ် စကားလုံးအကန့်အသတ်မဲ့စံနစ် အစရှိသည် နည်းနာသစ်တွေ ပေါ်ပေါက်လာခဲ့ပြီး ဒီကနေ့မြန်မာကဗျာရဲ့ ပင်မကြောရိုးနည်းနာအဖြစ် ဖြစ်ထွန်းလာရတာ ဘာကြာသေးလို့လဲ။

ဒီကနေ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေးသားပြောဆိုနေကြတဲ့ ဝေါဟာအသစ်တွေဟာ အခြေခံအားဖြင့် နောက်ပြောင်ကျီစယ်လိုခြင်းနဲ့ စာရေးနည်း တိုတက်သထက် တိုအောင် တမင်တီထွင်ရေးကြတဲ့အပေါ် အခြေခံနေတာတွေ့ရပါတယ်။ အဲဒီ အခြေခံအချက် နှစ်ချက်အနက်က စာရေးနည်း တိုတက်သထက် တိုအောင် တီထွင်ဖန်တီးရေးသားတဲ့ အခြေခံအချက်ကို ကျနော် စိတ်ဝင်စားပါတယ်။ ဥပမာပေးစရာတွေ အများကြီးရှိပါတယ်။ လွယ်ကူတဲ့ ဥပမာတခု ကျနော်ပြောပါမယ်။

” ခလေး ” ဆိုတဲ့ စကားလုံးဆိုပါတော့ အခုလူငယ်တချို့က ” ခေး ” ဆိုပြီး ရေးပါတယ်။ ဒါက တဦးနဲ့တဦး ချစ်ခင်မှုအခြေခံ နောက်ပြောင်ရေးသားပြောဆိုရာကနေ စကားလုံးအသစ် ထွင်မိသွားတဲ့ သဘောပါပဲ။ အသံအဓိကအားပြုပြီး ” လ ” ကို တမင်ဖြုတ်ချန်ထားလိုက်တာပါပဲ။ နောက်တခါ ” ကိုကြီး ” ဆိုတာ ” အကိုကြီး ” က လာတာဖြစ်ပြီး အခု တီထွင်ပြီးရေးနေတဲ့ ” ကွီး ” ဆိုတာဟာလည်း ” ကိုကြီး ” ကို တီထွင်ပြီးရေးတဲ့သဘောပါပဲ။ ဘာနဲ့သွားပြီးတိုက်ဆိုင်သလဲဆိုတော့ ပေစာ ကျောက်စာတချို့မှာ ” မနဲ့ယ ” ကို တလုံးတည်းဖြစ်အောင် ” မြ ” လို့ ပေါင်းစပ်ရေးလာတာမျိုးနဲ့ သွားတူနေတာ တွေ့ကြရပါတယ်။

ကျနော်ဆိုလိုတာက ဘယ်ဘာသာစကားမဆို နည်းနာအားဖြင့် ပုံသဏ္ဍာန်အားဖြင့် အသေရှိမနေခဲ့ဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ အခြေအနေ အချိန်အခါ ကာလဒေသ ပယောဂအပေါ်အခြေခံပြီး တဖြည်းဖြည်း ဖြစ်ပေါ်တိုးတက်ကြွယ်ဝလာကြရတာဟာ သဘာဝကျတဲ့အချက် ဖြစ်ပါတယ်။

အဲဒီ လူမှုကွန်ရက်စာမျက်နှာတွေပေါ် အသစ်တီထွင်ရေးသားမှုတွေကြောင့်လည်း မြန်မာစာပေ ပျက်စီးတဲ့အထိ မစိုးရိမ်သင့်ဘူးလို့လည်း မြင်ပါတယ်။ အသုံးမတည့်ရိုးမှန်ရင် လူတွေက ယူသုံးကြမှာမဟုတ်သလို အသုံးတည့်ရင်လည်း တီထွင်မှုတချို့ဟာ တည်တန့်ဝင်ဆန့်သွားမှာပါပဲ။

ပြီးတော့ ဘယ်ဘာစာပေမဆို မပြောင်းမလဲ အမြဲတည်တန့်နေ ရပ်တန့်နေတဲ့စာပေရယ်လို့လည်း မရှိပါဘူး။ ပြောင်းလဲမှုဟာ ထာဝရ တည်တန့်မှုဟာ တခဏသဘောပါပဲ။

အသစ်ကို ပိုလေးနက်

ကျနော် နိဂုံးချုပ်ပါမယ်။ ဒီကနေ့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လူငယ်တွေရေးလာနေတဲ့ အရေးအသားသစ် စကားလုံးအသစ်တွေအပေါ် အလုံးစုံဆန့်ကျင်ပယ်ချတဲ့အမြင်နဲ့ အလုံးစုံမှန်တယ်ဆိုပြီး အကုန်လက်ခံရမယ်ဆိုတဲ့အမြင် နှစ်ခုလုံး ကျနော်မှာမရှိပါဘူး။

လူငယ်တွေ ဒီကနေ့ သုံးစွဲနေ တီထွင်နေတဲ့ စကားလုံးအသစ်တွေကြောင့်လည်း မြန်မာစာအရေးအသား ပျက်စီးသွားရလောက်တယ်ဆိုတဲ့အမြင်လည်း ကျနော့်မှာ မရှိပါဘူး။

ကျနော်ကတော့ အသစ်ကို ချစ်ခင်စိတ်မေတ္တာအခြေခံနဲ့သာ ချဉ်းကပ် လက်ခံတာကို ပိုပြီးလေးနက်နေမိပါကြောင်းပါခင်ဗျား။

(ငြိမ်းဝေ(ကဗျာ့အိုးဝေ)သည် ကဗျာဆရာတဦးဖြစ်သည်။)

You may also like these stories:

ပီနိုချေး၊ နေရူဒါနဲ့ ပြည်ပြေးမှတ်စု

ရွှေပြည်တော် မျှော်တိုင်းဝေးနေသေးသည့် လွတ်လပ် ခေတ်မီသော သုတေသန အသိုက်အဝန်း

မြန်မာပြည်၏ ဆာရီရယ်လစ် (သို့မဟုတ်) ပန်းချီစံမင်း

နိုင်ငံရေး သရော်ချက် ကာတွန်းများနဲ့ ဟန်လေး

Your Thoughts …
Tags: စာလုံးပေါင်းသတ်ပုံဆိုရှယ်မီဒီယာတိုးတက်ဖြစ်ပေါ်ခြင်းလားပျက်စီးခြင်းလားမြန်မာစာပေ
ငြိမ်းဝေ(ကဗျာ့အိုးဝေ)

ငြိမ်းဝေ(ကဗျာ့အိုးဝေ)

Similar Picks:

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
11.5k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

နေရီရီ၊ ကျောက်ဖြုံး ကျော်ကြီး နဲ့ အင်္ဂလန်သူ ဒေါ်ခင်ခင်ချော

နေရီရီ၊ ကျောက်ဖြုံး ကျော်ကြီး နဲ့ အင်္ဂလန်သူ ဒေါ်ခင်ခင်ချော

by စိုးအောင်ဆန်း
21 April 2024
2.1k

ဒေါ်ခင်ခင်ချောဟာ ရသစာပေ ဖြစ်တဲ့ မြန်မာ ဝတ္တုတို၊ ဝတ္ထုရှည် နဲ့ မြန်မာစာပေ လောကရဲ့ စာပေဝေဖန်ရေး တွေကို စိတ်ဝင်တစား အထူးပြု လေ့လာခဲ့ခြင်း ဖြစ်တယ်…

ဆိုရှယ်မီဒီယာမှာ လူသိများတဲ့ မြန်မာ Sexy Model များ

အွန်လိုင်းပေါ်မှာ ရေပန်းစားနေတဲ့ မြန်မာ Sexy Model များ

by ယုမွန်ကျော်
30 June 2020
194.8k

နန်းမွေစံရဲ့ Facebook Page က Follower ၉ သိန်းကျော်ပဲ ရှိပေမယ့် အခုဆိုရင် သူတင်တဲ့ ပို့စ်တွေကိုတော့ ပရိသတ်တွေက စောင့်ကြည့်ရလောက်အောင် ဖြစ်လာခဲ့သူပါ။

တယ်လီဂရမ် တည်ထောင်သူကို အရေးယူတဲ့ ပြင်သစ်အပေါ် နားမလည်နိုင်ဟု ပူတင် ပြော

တယ်လီဂရမ် တည်ထောင်သူကို အရေးယူတဲ့ ပြင်သစ်အပေါ် နားမလည်နိုင်ဟု ပူတင် ပြော

by ဧရာဝတီ
7 September 2024
1.2k

ဒီလုပ်ရပ်ဟာ ပြင်သစ် အနေနဲ့ တမင်ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့လည်း ပူတင်က ကြာသပတေး နေ့မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အလင်းရောင်ကို စောင့်ထိန်းသူ (မဟာဆွေ)

အလင်းရောင်ကို စောင့်ထိန်းသူ (မဟာဆွေ)

by ညိုမြ
12 August 2023
633

လမ်းဟောင်းကို မသုံးဘဲ လမ်းသစ်ထွင်သူများဟာ အများအားဖြင့် မြွေကိုက်၊ ကျားကိုက် ခံရတယ်။ မျက်စိလည် လမ်းမှားပြီး ချောက်ကမ်းပါးထဲ ကျဆုံးသူများလည်း ရှိတယ်။

မြန်မာစာကို စိတ်ဝင်စားလာဖို့ ဘက်ပေါင်းစုံက ကြိုးစားနေတယ်

မြန်မာစာကို စိတ်ဝင်စားလာဖို့ ဘက်ပေါင်းစုံက ကြိုးစားနေတယ်

by လဲ့လဲ့
6 August 2019
20.4k

မြန်မာစာ၊ မြန်မာစကား၏ အရေးပါပုံ၊ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာနနှင့် နိုင်ငံခြား တက္ကသိုလ်များ၏ ပူးပေါင်း ဆောင်ရွက်မှု အကြောင်းကို ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၏ ပါမောက္ခ ဌာနမှူး ဒေါက်တာ အောင်မြင့်ဦး ကို ဧရာဝတီ သတင်းထောက်...

Next Post
၁၉၅၈ နှင့် ၁၉၆၂ ခုနှစ်များက အာဏာသိမ်းမှုများတွင် ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာ့ ပထမဆုံး စစ်အာဏာသိမ်းမှု နှစ် ၆၀ ပြည့်တဲ့အခါ

ချင်းအမျိုးသား တပ်ဦး/ ချင်းအမျိုးသား တပ်မတော် (CNF/ CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ

စစ်ကောင်စီအင်အားကို ခွဲဖို့ စစ်မျက်နှာများများ ဖွင့်နိုင်အောင် လုပ်ရပါမယ်

No Result
View All Result

Recommended

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

2 days ago
7.4k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.1k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • ခြိမ်းခြောက်မှုကြားမှ Adidas ဖိနပ်စက်ရုံအလုပ်သမားများ လုပ်အားခတိုးမြှင့်ရေး ဆန္ဒပြ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate